← Chapters

အခန်း (၅-၆)

Vol. 1 Ch. 5-6

အခန်း (၅-၆)

Vol. 1 Ch. 5-6

အခန်း ၅ နျိုကျားရွာ

စာရွက်ကို လှန်ကြည့်လိုက်ချိန်တွင် ကျွော့ချင်းတစ်ယောက် အလွန်အမင်း အံသြသွားရသည်။

  သူမ၏အမေက တရုတ်စာပေဌာနမှ ပါမောက္ခတစ်ဦး ဖြစ်သောကြောင့် ကျွော့ချင်းက စာရွက်ပေါ်မှ ရှေးဟောင်းတရုတ်ရိုးရာအက္ခရာ အနည်းငယ်ကို နားလည်နိုင်သည်။

ဒါပေမယ့် ဒီစက်ဝိုင်းနဲ့ ဒီအစက်တွေက ဘာကို ဆိုလိုတာလဲ? ဒီစာသားက တရုတ်အက္ခရာ၊ သင်္ကေတတွေနဲ့ ဖွဲ့စည်းထားတာ ဖြစ်နိုင်လို့လား?

ထိုအရာက သူမ ဖတ်နိုင်ရန်အတွက် ခက်ခဲလွန်းလှသည်။

  "အ... အဟမ်း..." ကျွော့ချင်းက အကြိမ်အနည်းငယ် ချောင်းဆိုးပြီးနောက် လူငယ်လျိုယွိကို ကြည့်ကာ "ခွင့်လွှတ်ပါ၊ ငါ အကြံဉာဏ်နည်းနည်းလောက် တောင်းလို့ရမလား?"

  လျိုယွိက မအူမလည်ဖြင့် ခေါင်းပြန်ညိတ်ပြလာခဲ့သည်။

  "ဒီစက်ဝိုင်းနဲ့ ကြက်ခြေခက်တွေက ဘာကို ဆိုလိုတာလဲ?"

  “အိုး…” လျိုယွိ၏မျက်နှာက နီရဲလာပြီး သူက သူ့ဆံပင်များကို ပြန်ကုတ်ဖွနေကာ “ဒါက ငါတို့ရဲ့ကျေးဇူးရှင်က ငါတို့ရွာကို ပေးခဲ့တဲ့ အစားအစာနဲ့ စောင်တွေကို ဆိုလိုတာပါ”

သူက အက္ခရာစာလုံးများကို နှစ်နှစ်သာ သင်ယူခဲ့ပြီး သူ မသိသည့် စာလုံးများကို ပုံနှင့် အစားထိုးရေးပေးထားခြင်း ဖြစ်သည်။

  အဲလိုလား?! ဆိုတော့ သူက သူ မသိတဲ့ စာလုံးတွေအစား ပုံတွေကို အသုံးပြုထားတာပေါ့။ တော်သေးပါရဲ့ ဒီနေရာရဲ့ စာအရေးအသားက တရုတ်ရိုးရာ အက္ခရာတွေ ဖြစ်နေတုန်းပဲ။

 သို့သော်လည်း စာကို ဆက်ဖတ်နေသည့် ကျွော့ချင်းက မျက်မှောင်ကြုတ်လာပြန်ကာ "ဒါဆို ဒီအစက်က ဘာအဓိပ္ပာယ်လဲ?"

  လျိုယွိက ရှက်ကိုးရှက်ကန်း ရယ်မောနေပြီး “အဲဒါက မတရားမှုကို လက်စားချေတဲ့ အဓိပ္ပာယ်”

သူ့အဖေက အရင်တုန်းက သူ့ကို စာသင်ပေခဲ့ပေမယ့် ရေးတတ်ဖတ်တတ်ရုံသာ ဖြစ်ပြီး သေချာရေးတတ်အောင် မသင်ပေးနိုင်ခဲ့တာက စိတ်မကောင်းစရာပါပဲ။

  ကျွော့ချင်း၏နှုတ်ခမ်းထောင့်များက အေးခဲသွားခဲ့ပြန်သည်။

​​ဒီအစက်တွေက နှင်းတွေလို့ ဆိုလိုတာလား?

တီထွင်ဖန်တီးမှုအသစ်ဟ! တီထွင်ဖန်တီးနိုင်လွန်းတယ်။

သူမ၏သည်းခံစိတ်ကလည်း အမှန်တကယ် မြင့်တက်လာတော့သည်။ စာကို ဆက်ဖတ်ပြီးနောက် ခဏအကြာတွင် စာရွက်ပေါ်မှ အကွက်နှင့်တူသော အရာတစ်ခုကို တွေ့လိုက်ရပြန်သည်။

"ဒီအကွက်..."

ကျွော့ချင်းက သူ့၏အတွေးပုံစံကို ခဏလောက်စဉ်းစားလိုက်ပြီး "ငါ သိပြီ၊ ငါးမျှားပိုက်ကို ဆိုလိုတာမလား?!"

  "မဟုတ်ဘူး" လျိုယွိက "ဒါက အကျဉ်းခန်းကို ပြောချင်တာပါ"

  ဒါက အကျဉ်းခန်းလား?!

  "ငါ တကယ်ကို..."

စိတ်မဆိုးနဲ့ စိတ်မဆိုးနဲ့....

ကျွော့ချင်းက အသက်ကို ပြင်းပြင်းရှူလိုက်ပြီး စာကို ဝူစစ်ဆီ ပြန်ပေးလိုက်သည်။ ထိုအချိန်မှာပင် သူမ၏ပါးစပ်မှ စကားအနည်းငယ် ထွက်လာခဲ့သည်။

“ငါ မင်းကို အရမ်းလေးစားတယ်၊ ငါးထောင်....တစ်ထောင်....မြေကြီး"

ဒါကို အိမ်ရှေ့မင်းသားရဲ့စာအဖြစ် သတ်မှတ်လို့ရမလား?! ဒီစာကို တွေ့တဲ့အခါ ဝန်ကြီးချုပ်ရဲ့ဖြစ်သွားမယ့် မျက်နှာကိုတောင် သူမ ရုတ်တရက် မြင်ချင်လာပြီ။

သူတို့၏အမေးအဖြေများကို နားထောင်ပြီးနောက် ရှောင်ဝူဇီက လျိုယွိ၏ခေါင်းကို ပြင်းပြင်းထန်ထန် ရိုက်လိုက်ပြီး "မင်း... လျိုယွိ! အစ်ကိုဝူက မင်းကို အသနားခံစာ ရေးခိုင်းတာလေ၊ ဒါပေမယ့် မင်း ကမ္ပည်းတွေဆွဲဖို့ ကြိုးစားနေတာလား?"

  "ဟေး၊ ရိုက်နေတာကို ရပ်လိုက်" လျိုယွိကလည်း သူ့ခေါင်းကို ကာကွယ်နေရင်း မကျေမနပ်ဖြစ်နေကာ "အရင်က ဘယ်လိုရေးရမှန်း မသိလို့ မင်း ငါ့ကို စာရေးခိုင်းတာလေ"

  "မင်းက ပြန်ပြောနေသေးတာလား!" သူတို့နှစ်ယောက် ရန်ဖြစ်တော့မည့်အခြေအနေသို့ ရောက်လာခဲ့သည်။

  "ငြင်းခုံနေတာကို ရပ်လိုက်ကြစမ်း!" ဝူစစ်က စိတ်ပျက်လက်ပျက်ဖြင့် မြေပြင်ပေါ် ထိုင်ချလိုက်ပြီး သူ့၏ရိုးသားသောမျက်နှာပေါ်တွင် စိတ်ပျက်မှုများ ပြည့်လာခဲ့သည်။ သူက သူ့လက်ထဲမှ ရုပ်ပုံများ ပါဝင်နေသည့်စာကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်သောကြောင့် စာက အလုံးစုံ တွန့်ကြေသွားခဲ့သည်။

"အယူခံမဝင်နိုင်ရင် ငါတို့ရဲ့ကျေးဇူးရှင်အတွက် သူ့ရဲ့ မကျေနပ်ချက်တွေကို ရှင်းပေးနိုင်အောင် ဘယ်လိုလုပ်ကြမလဲ!"

 အားလုံးက မင်းအပြစ်ပဲ!

ရှောင်ဝူဇီက လျိုယွိကို စိုက်ကြည့်နေရင်း ဝူစစ်၏နံဘေးတွင် ဒူးထောက်လိုက်ကာ "အစ်ကိုဝူ၊ ဝန်ကြီးချုပ် လာမယ်ဆိုရင် ငါတို့ သူ့ရှေ့မှာ ဒူးထောက်တောင်းပန်ကြမယ်။ ငါတို့ စာမရေးနိုင်ပေမယ့် ဒီအကြောင်းတွေကို ပါးစပ်နဲ့ မပြောနိုင်တာမှ မဟုတ်တာ”

  "ငါတို့က လူကြမ်းကောင်တွေလေ၊ ခဏလောက်နဲ့ ရှင်းပြလို့မရနိုင်မှာကို ငါ ကြောက်တယ်။ ဝန်ကြီးချုပ်က စိတ်မရှည်ဘဲ ထွက်သွားရင် ငါတို့ ဘယ်လိုလုပ်မှာလဲ?"

အစိုးရအရာရှိကို သူတို့ သွားပြောခဲ့ဖူးပြီး ထိုအရာရှိ၏လက်အောက်ငယ်သားများက သူတို့ကို အလေးအနက်မထားဘဲ သူတို့ နှင်ထုတ်ခံခဲ့ရသည်။

အရာရှိကိုတောင် မတွေ့ခဲ့ရဘူး! မဟုတ်ရင် ဝန်ကြီးချုပ်အိမ်တော်က အမျိုးသမီးကို ဘာကြောင့် လုယူနေမှာလဲ?

  "ဒါဆို..." ရှောင်ဝူဇီက ကျွော့ချင်းကို လက်ညှိုးထိုးပြပြီး "သူ(မ) စာတတ်တယ်မလား? သူ(မ) ရေးပါစေ!"

  ကျွော့ချင်းက အေးစက်စွာ လှည့်ထွက်သွားပြီး သူ့ကို မျက်ကွယ်ပြုနေခဲ့သည်။ ဤလူအုပ်စုတွင် စိတ်အားထက်သန်မှုရှိသော်လည်း ဦးနှောက်မရှိသဖြင့် သူမ ပြောလျှင်ပင် အသုံးမဝင်ပေ။

  ကျွော့ချင်းက သူတို့ကိုမကြည့်ဘဲ မျက်စိမှိတ်ထားခဲ့သည်။ ဝူစစ်က ရုတ်တရက် ထရပ်လိုက်ပြီး သူမထံသို့ လှမ်းလာကာ သူမရှေ့တွင် ဒူးထောက်ထိုင်ချလိုက်သည်။ သူက အသက်သုံးဆယ်ကျော်ခန့်သာ ရှိသေးသော်လည်း ရာသီဥတုဒဏ်နှင့် နှင်းခဲများ ဖုံးလွှမ်းနေသော သူ့၏အိုမင်းနေသည့်မျက်နှာတွင် တောင်းပန်မှုများ ပြည့်နှက်နေလေသည်။

“မိန်းခလေး၊ ငါတို့ မင်းကို ဖမ်းခေါ်ထားတာက ငါတို့ အမှားပါ၊ ငါတို့ တကယ်ကူကယ်ရာမဲ့နေတာကြောင့် လုပ်မိလုပ်ရာ လုပ်ခဲ့ကြတာပါ၊ ကျေးဇူးပြုပြီး ငါတို့အတွက် အသနားခံစာရေးပေးပါ!"

  ကျွော့ချင်းက အံ့အားသင့်သွားခဲ့သည်။

၂၁ ရာစုမှာ နေထိုင်တဲ့ သူမအတွက် ဒူးထောက်တာက တကယ်ကို အဆင်မပြေဘူး။

ကျွော့ချင်းက မတ်တပ်ရပ်ပြီး ခြေတစ်လှမ်းဆုတ်လိုက်သည်။ ကျွော့ချင်း၏အသံက အေးစက်နေသေးသော်လည်း သူမ၏နှလုံးသားကတော့ လှုပ်ရှားသွားခဲ့ပြီ ဖြစ်သည်။

"ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ်၊ အင်အားသုံးပြီး ပြန်ပေးဆွဲတာက ရာဇဝတ်မှုတစ်ခုပဲ၊ ဝန်ကြီးချုပ် တကယ်ရောက်လာရင်တောင် မင်းရဲ့နစ်နာမှုတွေကို လျစ်လျူမရှုရင်တောင် ဥပဒေကို ချိုးဖောက်တဲ့အတွက် မင်းတို့က ရွာကို ဒုက္ခပေးလိုက်တာပဲ”

ဝူစစ်က ထိုအရာကို လျစ်လျူရှုပြီး   သူ့ကိုယ့်ကို တည့်တည့်မတ်မတ် ပြန်ပြင်ကာ "ဒီပြန်ပေးဆွဲမှုက ငါ့အကြံပါ၊ ငါ တာဝန်ယူမယ်။ လို့သခင်ကြီးက ငါတို့ကျေးဇူးရှင်အတွက် အမှုကိစ္စကို နောက်ပြန်လှည့်နိုင်သရွေ့တော့ ငါဆိုတဲ့ ဝူစစ်က ငါ့အသက်ကိုတောင် အဆုံးရှုံးခံနိုင်တယ်။ ငါ ဒါကို လုပ်ဖို့ ဆန္ဒရှိတယ်!"

မည်သို့ပင်ဖြစ်စေ သူ့ဇနီးနှင့်သားသမီးများအားလုံးက ရောဂါကူးစက်မှုတွင် သေဆုံးသွားခဲ့ပြီး သူက အသက်ရှင်လျက်နှင့် သေဆုံးနေသူသာ ဖြစ်သည်။

  ဝူစစ် ထိုစကားကို ပြောလိုက်သည်နှင့် တပြိုင်နက် ငြိမ်သက်နေသော ရွာသူရွာသားများက စိတ်လှုပ်ရှားစွာ အော်ဟစ်လာကြသည်။

  "မဟုတ်ဘူး၊ လူကို ပြန်ပေးဆွဲဖို့ စိတ်ကူးက ငါက စတာပါ"

  "အဲ့ဒါ ငါ့အကြံပါ!"

  "ငါတို့ရဲ့ကျေးဇူးရှင်အတွက် စီရင်ချက်ကို ပြန်လှန်ဖို့ ငါ ကူညီနိုင်ရင် သေရကျိုးနပ်တယ်!"

  "မှန်တယ်!"

  အော်ဟစ်သံများက တစ်ယောက်ထက်တစ်ယောက် ပိုမိုကျယ်လောင်လာပြီး ရိုးရှင်းသော မျက်နှာတစ်ခုစီတွင် သူရဲကောင်းဆန်ဆန် သေခြင်းတရား၏ အရိပ်အယောင်များကိုပင် ပြသနေသည်။

  ကျွော့ချင်း၏ခေါင်းက နာကျင်လာပြန်သည်။

  "ပါးစပ်ပိတ်ထားကြ!" အေးစက်စက် အမျိုးသမီးအသံက ထွက်ပေါ်လာပြီး ရွာသူရွာသားများက ချက်ချင်း ပါးစပ်ပိတ်သွားကာ မျှော်လင့်ချက်ကင်းမဲ့နေသည့် မျက်လုံးများဖြင့် သူမကို စိုက်ကြည့်နေကြသည်။ ကျွော့ချင်းက ဝူစစ်၏အင်္ကျီလက်ကို ဆွဲကိုင်လိုက်ပြီး ကူကယ်ရာမဲ့ သက်ပြင်းချကာ "မင်းတို့ ငါ့ကို တိုင်ကြားစာ ရေးပေးစေချင်ရင် မင်းတို့ ငါ့ကို ဇာတ်လမ်းတစ်ခုလုံး ပြောပြရမယ်"

  ရိုးသားသော ဤလူများက သူမ၏နှလုံးသားကို လှုံ့ဆော်ပေးနိုင်ခဲ့ကြောင်း  ကျွော့ချင်းက ဝန်ခံရပေတော့မည်။ သူတို့က တစ်စုံတစ်ဦး၏ကြင်နာမှုကို ပြန်လည်ပေးဆပ်ရန် ဝန်ကြီးချုပ်အိမ်တော်ကြီးမှ လူကို လုယူရန်ပင် မတွန့်ဆုတ်ခဲ့ပေ။ သူတို့လက်ထဲတွင် ဆုပ်ကိုင်ထားသည့်အရာမှာ ရိုးရိုးဝါးလုံးနှင့် ပေါက်ပြားများသာဖြစ်သည်။ စားပွဲပေါ်တွင် လဲလျောင်းနေရင်း သူတို့ စာရေးတံကို ကောင်းကောင်းမကိုင်နိုင်သဖြင့် စာတစ်မျက်နှာပြင်လုံး အစက်များ၊ အဝိုင်းများ ပြည့်နေသည်ကို တွေးမိသောအခါ ကျွော့ချင်းက မနေနိုင်ဘဲ ပြုံးလိုက်မိတော့သည်။

  "သခင်မလေးက သဘောတူတယ်၊ အရမ်းကောင်းတယ်!" ရွာသားများက အော်ဟစ်နေကြပြီး နျိုကြားရွာအဝင်ဝမှာ လူတစ်စုက ကျွော့ချင်းကို ဝိုင်းထားကာ နေရာအနှံ့မှ စကားပြောနေကြသည်။

"ဒါက ဘာဖြစ်တာလဲ..."

  "ငါ့ရဲ့ကျေးဇူးရှင်က လူကောင်းပဲ..."

  "ငါ မင်းကိုပြောပြမယ် အစိုးရအရာရှိတွေက..."

  …

  စာကြည့်ခန်းကျယ်ကြီးကို နီလာရောင်ခန်းစီးဖြင့် နှစ်ပိုင်းခွဲထားသည်။ ဘယ်ဘက်တွင် ရိုးရိုးနှင်းဆီသစ်သားစားပွဲနှင့် မှင်ပန်းချီကားများစွာ ရှိနေပြီး ပိုင်ရှင်၏ ပြေပြစ်ကောင်းမွန်သော စိတ်နေစရိုက်ကို ပြသထားသည်။ ညာဘက်တွင် ပြတင်းပေါက်အနီးမှ သေးငယ်ပုသေးသော စာပွဲတွင် လူချောနှစ်ယောက် မျက်နှာချင်းဆိုင်ထိုင်နေပြီး စားပွဲပေါ်ရှိ အမှတ်အသားတစ်ခုကို စူးစိုက်ကြည့်နေကြသည်။

  ခဏအကြာတွင် လို့ရှီးယန်က နှုတ်ခမ်းကို အနည်းငယ်ပင့်ကာ ပြုံးပြုံးလေးနဲ့ "မင်း ရှုံးပြီ"

  နှစ်ခါ၊ သုံးခါ၊ လေးခါ.... ကိုးခါ။ သူ ရှုံးပြန်ပြီ!

ချီထျန်းယုက အန်စာတုံးခွက်ကို ပျင်းရိစွာ တွန်းထုတ်လိုက်ရင်း "ကစားတာကို ရပ်လိုက်တော့။ ငါ မင်းကို ဆက်ရှုံးနေရင် ချီမိသားစုကတစ်ခုလုံး မင်းဆီမှာ ဆုံးရှုံးသွားလိမ့်မယ်!"

  လို့ရှီးယန်က အမှုမဲ့အမှတ်မဲ့ ပြုံးလိုက်ပြီး "ချီသခင်ကြီးက နောက်နေပြန်ပါပြီ၊ ဒီသေးငယ်တဲ့အရာလေးက ချီမိသားစုအတွက် အစက်ကလေးတစ်စက်တောင် မရှိတာဘဲ!"

  ရေပုံးတစ်ပုံးလုံး ရေထဲ ပြုတ်ကျသွားမှန်ပေမယ့် သူက မယုံနိုင်သေးပေ။ သူ့မိသားစုက လောင်းကစားရုံဖွင့်ထားခဲ့ပြီး သူက ငယ်ငယ်လေးကတည်းက အန်စာတုံး ကော်းကောင်းဆော့နိုင်ခဲ့တယ်။ ဒါပေမယ့် ရှီးယန်နဲ့ အန်စာတုံးကစားတိုင်း ဘာအကြောင်းပြချက်မှ မရှိဘဲ သူ အမြဲရှုံးတယ်ခဲ့တာ မဟုတ်ဘူးလား?! သူ လှည့်စားခံနေရတာပဲ နေမှာ....

ချီထျန်းယုက သူ့စိတ်တွင် ကျိန်ဆဲနေခဲ့သော်လည်း သူထံတွင် လို့ရှီးယန်၏ခန္ဓာကိုယ်ကို ရှာဖွေရန် သတ္တိတော့ မရှိခဲ့ပေ။

  ပြတင်းပေါက်မှ လှမ်းကြည့်လိုက်ချိန်တွင် လက မြင့်တက်လာပြီ ဖြစ်သောကြောင့် ချီထျန်းယုက လှောင်သံဖြင့် "မှောင်တောင်မှ မှောင်နေပြီ၊ မင်းရဲ့ အလှလေးက ဘာလို့ ရောက်မလာသေးတာလဲ? မင်း ငါ့ကို ဖုံးကွယ်ထားတာလား?"

သူ အလှလေးကို မမြင်နိုင်ဘဲ ငွေထောင်ပေါင်းများစွာ ဆုံးရှုံးခဲ့ပြီလား?

  သူ့၏ သောကရောက်နေသည့် အကြည့်များကို မြင်လိုက်ရချိန်တွင် လို့ရှီးယန်က "မင်း ကြိုက်ရင် ငါ သူ(မ)ကို နောက်မှ မင်းမိသားစုဆီကို လွှဲပေးလိုက်မယ်"

သူက မိန်းမတွေကို မထီမဲ့မြင်ပြုတက်တဲ့ စစ်သူကြီးစုနဲ့ မတူပေမယ့် သူလည်း ကာမဂုဏ်ကို မကြိုက်ဘူး။

  "မင်းက ငါ့ကို သတ်ချင်နေတာပဲ!" ချီထျန်းယုက ကြောက်ရွံ့ဟန်ဆောင်လိုက်ပြီး "ဧကရာဇ်က မင်းကို ပေးခဲ့တဲ့ လက်ဆောင်ကို ဘယ်သူက လုယူဝံ့မှာလဲ? နောက်ပြီး မင်းရဲ့အလှလေးကို မင်း တစ်ခါမှ မမြင်ဖူးသေးဘူးလေ။ အဲဒါကြောင့် ခွဲခွာလို့ မရဘူး။ ချင်းမိသားစုရဲ့ ဒုတိယမိန်းကလေးက အရမ်းလှတယ်လို့ ငါ ကြားထားတယ်၊ တစ်တိုင်းပြည်လုံးမှာ သူ(မ)က အလှဆုံးဖြစ်ပြီး သူမရဲ့ကဗျာတွေနဲ့ သီချင်းတွေကလည်း ထူးထူးခြားခြား ကောင်းမွန်တယ်တဲ့၊ သူ(မ)က ထူးချွန်ထက်မြက်ပြီး လှပတဲ့သူ ဖြစ်ရမယ်..."

 ထိုအချိန်တွင်  တံခါးခေါက်သံ ထွက်ပေါ်လာပြီး ချီထျန်းယုက ပျော်ရွှင်စွာ စကားပြန်ပြောလိုက်သည်။

  "အထဲဝင်ခဲ့"

  တံခါးကို တွန်းဝင်လာသော အမျိုးသားက ကျောက်တုံးနက်ကြီးဖြင့် ထွင်းထုထားသကဲ့သို့ နက်မှောင်သော အသားအရေနှင့် ပြတ်သားသော မျက်နှာထားရှိသည်။ သူက အလွန်အေးစက်နေပြီး မျက်နှာအမူအရာ ကင်းမဲ့နေသည်။ ထျန်းယုက အလောတကြီးဖြင့် "ကျင်းစ၊ အလှလေးကို ပြန်ခေါ်လာပြီလား?"

ကျင်းစက အေးစက်သော မျက်နှာဖြင့် လို့ရှီးယန်ကို မဝံ့မရဲ ကြည့်နေလေသည်။

လို့ရှီးယန်က ကျင်းစ၏စရိုက်ကို ကောင်းကောင်းသိထားပြီး အပြောင်းအလဲဖြစ်နေသည့်တိုင် သူ့မျက်နှာက ထိုပုံစံအတိုင်း ရှိနေတတ်သည်ကို သူ့စိတ်ထဲတွင် နားလည်နေပြီ ဖြစ်သည်။ ထို့ကြောင့် လို့ရှီးယန်က ပေါ့ပေါ့ပါးပါး ပြုံးလိုက်ပြီး "ပြောပါ"

ကျင်းစကတော့ အေးစက်စက်ဖြင့်သာ ပြန်ပြောလာခဲ့သည်။ "ချင်းသခင်မလေးရဲ့ ရထားလုံးက မြို့တော်ရဲ့အနီးမှာ လုယက်ခံခဲ့ရပါတယ်"

  "လုယက်သွားတာလား?" ချီထျန်းယု အံ့အားသင့်သွားသည်။

တစ်စုံတစ်ယောက်က လို့ရှီးယန်ရဲ့မိန်းမကို ပြန်ပေးဆွဲဖို့ သတ္တိရှိနေတာလား? သူတို့က အသက်ရှင် နေထိုင်ရတာကြာနေလို့ ပင်ပန်းနေကြပြီလား?!

  "အဲ့နေရာမှာ ရွာသားတစ်ရာကျော်က ချင်းသခင်မလေးရဲ့ရထားလုံးကို ဝိုင်းထားပြီး လုယူသွားခဲ့ကြတယ်။ သူတို့က သခင်ကိုယ်တိုင် နျိုကျားရွာကို လာရမယ်လို့ ခြိမ်းခြောက်သွားကြတယ်။ ကျွန်တော့်ရဲ့ လက်အောက်ငယ်သားတွေကို စုံစမ်းဖို့ လွှတ်ထားပြီးပါပြီ။ နျိုကျားရွာက မြို့တော်ကနေပြီးတော့ လီသုံးဆယ်လောက်ဝေးတဲ့ ရွာလေးတစ်ရွာပါ၊ အဲ့ရွာမှာနေထိုင်တဲ့ ဆင်းရဲသားတချို့ရှိပြီး အဲဒီရွာမှာ လူအိုရော လူငယ်ပါအပါမှ လူ ၂၀၀ လောက်ပဲ ရှိပါတယ်”

(လီ- ရှေ့ခတ်အကွာအဝေး အတိုင်းအတာ)

  ချီထျန်းယုက စိတ်အားထက်သန်စွာ ရယ်မောလိုက်ပြီး "စုစုပေါင်း လူ ၂၀၀ လောက်ပဲ ရှိတယ်၊ ဒါပေမယ့် မင်းဆီက မင်းမိန်းမကို လုယူဖို့ လူ ၁၀၀ ကျော် စေလွှတ်လိုက်တယ်လား?"

  "နျိုကျားရွာကို ရှာဖွေဖို့ စေလွှတ်ထားတဲ့ အစောင့်တွေက ချင်းသခင်မလေးရဲ့ခြေရာကို မတွေ့ဘူးလို့ ပြန်အကြောင်းကြားပါတယ်။ သူတို့က သခင်ကို မတွေ့မချင်း သူ(မ)ကို လွှတ်ပေးမှာ မဟုတ်ပါဘူး"

ထိုစကားကို ပြောနေချိန်တွင် ကျင်းစကလည်း အတွေးများနေခဲ့သည်။

နေ့ခင်းတုန်းက ချင်းဖုန့် လုယူခံလိုက်ရတယ်လို့ သူ ကြားခဲ့ပြီး မူလက ရိုးရိုး လုယက်မှုတစ်ခုလို့ပဲ သူ ထင်ထားခဲ့တယ်။ ရွာသားတွေ ရုန်းရင်းဆန်ခတ်ဖြစ်နေချိန်မှာ လူကို ပြန်လုယူဖို့ သူ လူတွေ လွှတ်ထားပြီးပြီ။ ဒါပေမယ့် ဒီရွာသားတွေက လုံးဝမရိုးရှင်းလို့ ဘယ်သူက မျှော်လင့်ထားပါ့မလဲ? သူတို့က ရည်ရွယ်ချက်နဲ့ အချိန်အတော်ကြာ ကြံစည်ထားပုံရပြီး အရမ်းခိုင်မာတဲ့ သဘောထားလည် ရှိနေခဲ့တယ်။

  လို့ရှီးယန်၏ မျက်လုံးများက အနည်းငယ် တောက်ပလာပြီး သူ၏ နှုတ်ခမ်းထောင့်များက အနည်းငယ် ကြွတက်လာကာ သူက ရယ်မောလိုက်သည်။ "ဒါဆို ငါ သွားကြည့်ဖို့ကလွဲပြီး မတတ်နိုင်တော့ဘူးပေါ့!"

  ရှီးယန်ရဲ့ ဒီအမူအရာက...

လို့ရှီးယန်၏အမူအရာကို မြင်လိုက်ရသည့် ချီထျန်းယုက အကြောင်းပြချက်မရှိ ရင်ဖိုသွားခဲ့သည်။

အခန်း ၆ လို့ရှီးယန်(အပိုင်း ၁)

  ရိုးရှင်းသော တဲအိမ်က ခပ်စုတ်စုတ်ဖြစ်ပြီး ဟိုဘက်ဒီဘက် ယိမ်းနွဲ့နေသည့် စားပွဲများနှင့် ကုလားထိုင်များကြောင့် ရံဖန်ရံခါ အော်မြည်သံများ ထွက်ပေါ်နေသည်။ ဆီမီးခွက်သေးသေးလေးတစ်ခွက်ကို စားပွဲပေါ်တွင် တင်ထားခဲ့သော်လည်း မီးတောက်လေးက လရောင်လောက်ပင် တောက်ပနိုင်ခြင်း မရှိပေ။

ယာဂုဖြူပန်းကန်လုံးတစ်လုံး၊ မုန်လာဥချဉ် ပန်းကန်သေးသေးလေးတစ်လုံး၊ ရက်စက်တက်ပုံရတဲ့ လူတစ်ယောက်နဲ့ အံကြိတ်ထားတဲ့ ရွာသားတစ်စု....

  "သခင်မလေးကျွော့~" ဝူစစ်က ပန်းကန်လုံးအလွတ်ကို တစ်ချက်ကြည့်လိုက်ပြီး တံတွေးမျိုချလိုက်ကာ "မင်း နောက်ထပ်တစ်ပန်းကန် လိုချင်သေးလား?"

  ကျွော့ချင်းက ပန်းကန်လုံးကို ပြန်ချလိုက်ကာ အေးစက်စက်အသံဖြင့် "ငါ့ကို ကျွော့ချင်းလို့ ခေါ်၊ ငါ ဗိုက်ပြည့်ပြီ"

  "အိုး" ဝူစစ်က သက်ပြင်းရှည်ကြီး ချလိုက်သည်။

နောက်ဆုံးတော့ သူမက ဗိုက်ပြည့်သွားပြီပေါ့။ ယာဂုအိုးကလည်း အောက်ခြေအထိ နိမ့်ဆင်းသွားပြီလေ။ သခင်မလေးတွေက ဖြည်းဖြည်းချင်းစားသောက်ပြီး သိမ်သိမ်မွေ့မွေ့ စားတတ်ကြတယ်လို့ လူတွေက ပြောကြတာ မဟုတ်ဘူးလား? သူတို့ တကယ်ပဲ လူမှားပြီး ပြန်ပေးဆွဲလာတာ ဖြစ်နိုင်လား?

ထိုအတွေးကို ဝူစစ်တစ်ယောက်တည်း တွေးနေခြင်း မဟုတ်ဘဲ တစ်ရွာလုံးရှိ လူတိုင်းက ထိုသို့တွေးနေကြခြင်း ဖြစ်သည်။

  သူတို့၏မျက်လုံးများက သူတို့မျက်နှာပေါ်မှ ကျွတ်ထွက်လာလုမတက် ပြူးကျယ်နေပြီး ကျွော့ချင်းက သူတို့ကို မကြည့်ဘဲနှင့် သူတို့ဘာတွေးနေသည်ကို သူမ သိနိုင်လေသည်။ သူမကတော့ အစားမစားသည်မှာ သုံးလေးရက်ရှိနေပြီ ဖြစ်သောကြောင့် ဟန်ဆောင်ဖို့ပင် စိတ်မဝင်စားနိုင်ခဲ့ပေ။

  ရွာသားများကလည်း စိတ်ထဲတွင်သာ ငြီးတွားဝံ့ကြပြီး မည်သူမျှ စကားမပြောရဲကြပေ။ အထူးသဖြင့် မြှားကဲ့သို့ ထိုးဖောက်နိုင်သော သူမ၏မျက်လုံးများက အေးစက်နေသောကြောင့် သူမကို စိုက်မကြည့်ဝံ့ကြပေ။

  သေခြင်းတရားကို မကြောက်တက်သည့် ရှောင်ဝူဇီပင်လျှင် သူမအနားသို့ ချဉ်းကပ်သွားသော်လည်း သိပ်အနီးကပ် မနေဝံ့ဘဲ သူမ၏ဘေးတွင်သာ ငုတ်တုတ်ထိုင်နေခဲ့ပြီး "ကံကောင်းလိုက်တာ၊ မင်းက ရွာသားတစ်ယောက်လို ၀တ်ဆင်ထားလို့ပေါ့၊ မဟုတ်ရင် သူတို့ တွေ့သွားလိမ့်မယ်၊ ဒါပေမယ့် မင်းက ဘယ်လိုဖြစ်တာလဲ? ဝန်ကြီးချုပ်အိမ်တော်တော်အကြောင်း သိတယ်လား?"

  ကျွော့ချင်းက သူမ၏ကိုယ်ပေါ်မှ ပိတ်ကြမ်းအဝတ်အစားများကို ဆွဲကိုင်နေရင်း ဒေါသတကြီး ကျိန်ဆဲလိုက်သည်။ "စစ်သားတွေမဟုတ်ဘဲ အိမ်တော်ကကျွန်တွေပဲ ရောက်လာခဲ့လို့ မင်းတို့ရဲ့ကံကောင်းမှု့အတွက် မင်းတို့ကိုယ်မင်းတို့ ကျေးဇူးတင်သင့်တယ်၊ မင်းတို့ မှန်ကန်တဲ့သူကို ရွေးချယ်ခဲ့တာပဲ"

အဲ့ဒီဝန်ကြီးချုပ်က အမှားအမှန်ကို သိပြီး ပြည်သူကို ထောက်ထားစာနာတတ်တဲ့သူဖြစ်နိုင်တယ်!

မဟုတ်ရင် တပ်တွေလွှတ်လိုက်မှာကိုတောင် သူမ စိုးရိမ်မိသေးတယ်။

  သူမ၏ ငြင်းဆန်မှုကြောင့် ရှောင်ဝူဇီက စိတ်ပျက်သွားပြီး သူ့နှုတ်ခမ်းများကို ကောက်ကွေးလိုက်သော်လည်း မေးတော့မေးလိုက်သေးသည်။

“ဒါဆို လို့သခင်ကြီးက တကယ်လာမယ်လို့ မင်း ထင်လား?”

  ကျွော့ချင်းက ခပ်ဖျော့ဖျော့ပြုံးကာ "သေချာပေါက် ရောက်လာလိမ့်မယ်"

  ရှောင်ဝူဇီက သူမ၏ နှုတ်ခမ်းပေါ်မှ အပြုံးအနည်းငယ်ကြောင့် အနည်းငယ် မှင်တက်သွားသည်။ သူမကို အချိန်အကြာကြီး ကြည့်နေပြီးနောက် သူမက တကယ်ကို လှပပုံရသည်ဟု သူ တွေးနေမိပြန်သည်။

  ကျွော့ချင်း၏စကားမဆုံးခင်မှာပင် ရွာအဝင်ဝမှ စိတ်လှုပ်ရှားပြီး အလျင်လိုနေပုံရသည့် အမျိုးသားတစ်ယောက်၏အသံ ထွက်ပေါ်လာခဲ့သည်။

"အစ်ကိုဝူ! အစ်ကိုဝူ..."

  နောက်ဆုံးတွင် လျိုယွိက အိမ်ထဲသို့ အမြန်ပြေးဝင်လာပြီး သူ့မျက်နှာတွင် ချွေးများ ထွက်နေကာ မျက်နှာတစ်ခုလုံး နီရဲနေလေသည်။ သူ အလျင်လိုနေပုံရသော်လည်း အသက်ရှုမဝ ဖြစ်နေသောကြောင့် စကားမပြောနိုင်သေးပေ။

ဝူစစ်က သူ့ကို ကူညီသည့်အနေဖြင့် သူ့ကျောကို ပုတ်ပေးလိုက်ကာ “မင်းက ဘာတွေ အရေးကြီးလာတာလဲ?”

လျိုယွိက အပြင်သို့ ညွှန်ပြလိုက်ရင်း စိတ်လှုပ်ရှားစွာဖြင့် "လို့... ၀န်ကြီးချုပ်လို့ ရောက်နေပြီ!"

  ဝူစစ်၏မျက်လုံးများလည်း ပြူးကျယ်သွားကာ လျိုယွိ၏အင်္ကျီလည်ပင်းစကို ကိုင်လိုက်ပြီး စိုးရိမ်တကြီးဖြင့် "တကယ်လား? သူ ဘယ်မှာလဲ?"

  စိတ်လှုပ်ရှားနေသော လျိုယွိက သူ့အင်္ကျီလည်ပင်းစ အဆွဲခံထားရသည်ကိုပင် ဂရုမစိုက်နိုင်ဘဲ “တကယ်... ရွာအဝင်ဝမှာ တကယ်ကို ရောက်လာပြီ”

  တစ်ခဏမျှ တိတ်ဆိတ်သွားပြီးနောက် တဲအိမ်အတွင်း ရွှင်မြူးသော အော်သံများ ထွက်ပေါ်လာသည်။

  "ဝန်ကြီးချုပ်လို့ တကယ်ရောက်နေပြီ!" ဝူစစ်က မယုံကြည်နိုင်စွာ ရေရွတ်နေပြီးမှ အသိပြန်ဝင်လာကာ "မြန်မြန်... မြန်မြန်... မြန်မြန်ထွက်ပြီး နှုတ်ဆက်ရအောင်!"

ဝူစစ်က တံခါးဝကို အမြန်ပြေးသွားပြီးမှ ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားကာ အိမ်ထဲသို့ ပြန်ပြေးဝင်လာပြီး လှည့်ပတ်ကြည့်နေကာ စိုးရိမ်တကြီးဖြင့် "အသနားခံစာ...အသနားခံစာ ဘယ်မှာလဲ?"

  ကျွော့ချင်းက ခုံတန်းရှည်ပေါ်တွင် ရုပ်ထုတစ်ခုလို ထိုင်နေပြီး ခေါင်းမပါသည့် ယင်ကောင်တစ်ကောင်လို လှည့်ပတ်ကြည့်နေသော လူကို အေးစက်နေသော မျက်လုံးများဖြင့် စိုက်ကြည့်နေသည်။ နောက်ဆုံးတွင် သူမ သည်းမခံနိုင်တော့ဘဲ သူမ၏မျက်လုံးကို မှေးကျဥ်းလိုက်ကာ သူမ၏လက်ထဲမှ စာလိပ်ကို လှုပ်ယမ်းလိုက်ပြီး စိတ်မရှည်စွာ ပြောလိုက်သည်။

“ဒီမှာ”

 ဝူစစ်က သူမလက်ထဲမှ အသနားခံစာကို ဂရုတစိုက် လှမ်းယူလိုက်ရင်း ဝမ်းသာအားရ ပြုံးနေကာ "ကျွော့ချင်း၊ ငါတို့နဲ့အတူ ရွာအဝင်ဝကို လိုက်ခဲ့ပါ၊ ဝန်ကြီးချုပ်က ဒီကို ရောက်နေပြီ၊ ငါတို့ရဲ့ နစ်နာမှုတွေကို ပြောပြပြီးရင် မင်း သူနဲ့ ပြန်လိုက်သွားနိုင်တယ်"

  "မလိုက်ဘူး!" ကျွော့ချင်းက စိုးရိမ်တကြီး ပြောလိုက်သည်။

  "ဘာလို့လဲ" ဝူစစ်က အံ့ဩသွားသည်။

သူမက မူလထဲက ၀န်ကြီးချုပ်ရဲ့လူလေ၊ ဘာကြောင့် ပြန်သွားဖို့ အရမ်းဝန်လေးနေရတာလဲ?

ကျွော့ချင်းထံတွင်လည်း သူမ၏သီးသန့်အတွေးများ ရှိနေခဲ့သည်။

  သူမက ကျွော့ချင်းလေ... သူမက လက်ဆောင်ပဏ္ဍာ မဟုတ်ဘူး၊ ပြီးတော့ သူမက တစ်စုံတစ်ယောက်ရဲ့ အသုံးအဆောင်လည်း အဖြစ်ခံမှာ မဟုတ်ဘူး။ ဟုတ်တာပေါ့... ဒါတွေကို သူမ သူတို့ကို ရှင်းပြနေစရာ မလိုဘူးလေ။

ကျွော့ချင်းက သူမ၏မျက်လုံးများကို လှန်လိုက်ပြီး ရှားရှားပါးပါး ညင်သာသည့် လေသံဖြင့် ပြန်ပြောလိုက်သည်။

"ငါ သူနဲ့ အတူ ပြန်လိုက်သွားပြီး သူက မင်းတို့ရဲ့ နစ်နာမှုတွေကို မဖြေရှင်းပေးရင် ဘယ်လိုလုပ်မှာလဲ? ဒီမှာပဲ နေမယ်"

သူတို့အားလုံး ပြန်ထွက်ခွာသွားပြီးလျှင် သူမက တိတ်တဆိတ် ထွက်ပြေးမည်ဖြစ်သည်။

  "ဒါက အလုပ်မဖြစ်ဘူး" ဝူစစ်က သူ့ခေါင်းကို ကမန်းကတန်း ခါလိုက်ပြီး "မင်းက အဖိုးတန်တဲ့ မိန်းမငယ်လေးလေ၊ မင်းကို ပြန်ပေးဆွဲတာတောင် ငါတို့ မင်းကို တော်တော်ကို ဒုက္ခပေးမိနေပြီ။ မင်းက ငါတို့ကို အသနားခံစာရေးဖို့ ကူညီပေးပြီးတာတောင် ငါတို့ရဲ့ နစ်နာမှုတွေကို ဖြေရှင်းပေးချင်နေသေးတယ်။ ငါတို့ မင်းကို ဒုက္ခတွေ ထပ်မပေးသင့်တော့ဘူး၊ မင်း ဝန်ကြီးချုပ်နဲ့ ပြန်လိုက်သွားပါတော့၊ ဝန်ကြီးချုပ်လို့က ဒီကို ရောက်လာပြီဆိုကတည်းက သူက ပြည်သူတွေအတွက် သေချာပေါက် ဆုံးဖြတ်ချက်တွေ ချပေးလိမ့်မယ်လို့ ငါ ယုံကြည်တယ်"

  ထိုအမျိုးသမီးက တချိန်လုံး အေးစက်သော ရုပ်သွင်ဖြင့် သူ့ကို ပြောဆိုဆက်ဆံနေခဲ့သော်လည်း သူမက စိတ်နှလုံးကောင်းရှိသောကြောင့် သူမကို မနှောင့်နှေးစေချင်တော့ပေ။ မိန်းကလေးတစ်ဦး ရက်အနည်းငယ်ကြာ ပြန်ပေးဆွဲခံရပါက သူမ၏ဂုဏ်သတင်းပျက်ဆီးသွားမေလိမ့်မည်။

"ဟုတ်တယ်! သခင်မကျွော့ ကျေးဇူးပြုပြီး ပြန်သွားပါ"

"ဟုတ်တယ်၊ ငါတို့ မင်းကို မနှောင့်နှေးစေချင်ဘူး"

  ရိုးရှင်းသော နှစ်သိမ့်စကားများက ကျွော့ချင်းကို စိတ်မကောင်းဖြစ်စေခဲ့သည်။

သူမ တိတ်တိတ်လေး ထွက်သွားခဲ့ရင် ဒီရွာသားတွေ ဘာဖြစ်ကုန်မလဲ?

  ကျွော့ချင်းက ရွာသားများကို ပါဝင်ပတ်သက်မှု မရှိစေချင်သော်လည်း သူမကိုယ်တိုင်လည်း လက်ဆောင်ပဏ္ဍာအဖြစ် မခံယူချင်ပေ။ ကျွော့ချင်းက အကျပ်ရိုက်နေစဥ်တွင် ဝန်ကြီးချုပ်က ရွာအဝင်ပေါက်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ကျွော့ချင်းက တစ်ကြိမ်လျှင် ခြေတစ်လှမ်းသာ လှမ်းနိုင်ပြီး သူမထံတွင် တခြားဘာမှ ရွေးချယ်စရာ မရှိတော့ပေ။

 ကျွော့ချင်းက သူမ၏လက်နှစ်ဘက်ကို သူမ၏ရင်ဘတ်ရှေ့တွင် ပိုက်ထားရင်း လေးလေးနက်နက် သေသေချာချာ မေးလိုက်သည်။

"ရှင်တို့က လင်းပါ့ခန်းအတွက် တရားမျှတမှုရှာဖို့ အယူခံဝင်ချင်တာ မဟုတ်ဘူးလား!"

  "ဟုတ်တယ်”

ဒါက မေးစရာလိုသေးလို့လား?!

  ကောင်းပြီလေ!

ကျွော့ချင်းက သူမခေါင်းကို အနည်းငယ်မော့ကာ အခန်းတွင်းရှိ လူတိုင်းကို အေးဆေးတည်ငြိမ်သော မျက်လုံးများဖြင့် ဖြည်းညှင်းစွာ လိုက်ကြည့်လိုက်ပြီးမှ "မင်းတို့ အဲ့လိုလုပ်ချင်ရင် ငါ့စကားကို နားထောင်။ မင်းတို့ရဲ့ နစ်နာမှုတွေကို ပြန်ရအောင် လုပ်ပေးနိုင်တဲ့ နည်းလမ်း ငါ့မှာ ရှိတယ်၊ ငါ လုပ်ပေးမယ်။ နောက်မှ ငါ သူနဲ့ အတူတူ ပြန်လိုက်သွားမယ်။ လင်းပါ့ခန်းရဲ့အမှုမပြီးခင်မှာ ဝန်ကြီးချုပ်က ငါ့အထောက်အထားကို မသိစေချင်ဘူး။ အခု ငါက မင်းတို့ရွာက ရွာသားပဲ၊ ငါ့နာမည်က ကျွော့ချင်း မှတ်မိလား?"

  ရွာသားများက တစ်ယောက်ကို တစ်ယောက်ကြည့်နေကြပြီး အများစုက သူမ၏အတွေးကို နားမလည်နိုင်ကြပေ။ သို့သော်လည်း ထိုငြိမ်သက်အေးစက်သော မျက်လုံးများနှင့် ရင်ဆိုင်ရတိုင်း ဘာကြောင့်မှန်းမသိ သူတို့ နာခံရုံသာတက်နိုင်ကြပြီး အဆုံးတွင် ခေါင်းတညိတ်ညိတ်ဖြင့်သာ တုန့်ပြန်လိုက်ကြရတော့သည်။

"ငါတို့ မှတ်ထားပါ့မယ်!“

  "သွားရအောင်" ကျွော့ချင်းက တိတ်တိတ်လေး သက်ပြင်းချလိုက်ပြီး နံရံတွင် ချိတ်ထားသည့် အ၀တ်ဦးထုပ်တစ်လုံးကို လှမ်းယူလိုက်ကာ သူမခေါင်းပေါ်တင်လိုက်သည်။ သူမ၏အလွန်ရှည်နေသည့်ဆံပင်များကို ဆံထုံး ထုံးကာ သေသေချာချာ ဖုံးအုပ်ပြီးနောက် ကျွော့ချင်းက ​​ခပ်ကြမ်းကြမ်းပုံစံဖြင့် အိမ်ထဲမှ ထွက်လာခဲ့သည်။ သူမက ရွာသားများနှင့်အတူ လူများစုဝေးနေကြသော ရွာအဝင်ပေါက်ဆီသို့ လျှောက်သွားလိုက်သည်။

  ဒီဝန်ကြီးချုပ်နဲ့ ဆက်ဆံရတာက သိပ်မခက်ခဲ့ဖို့ သူမ မျှော်လင့်နေမိတယ်။

  လူအုပ်စုက ရွာအဝင်ဝသို့ လျင်မြန်စွာ ပြေးသွားကြသည်။ ကျွော့ချင်းက ရှေ့သို့ မသွားဘဲ သူမကို လူအုပ်ကြားတွင် မမြင်နိုင်စေရန်နှင့် သူမ ရှေ့မှ ဖြစ်ပျက်နေသည်အရာများကို ရှင်းရှင်းလင်းလင်း မြင်နိုင်စေရန် မှန်ကန်သော အနေအထားတွင် ပုန်းနေခဲ့သည်။

  သူမတို့ နီးကပ်လာသည်နှင့်အမျှ အ‌‌ရှေ့သို့ စူးစူးဝါးဝါး စိုက်ကြည့်ရင်း ကျွော့ချင်းက သူမ၏နှလုံးသားထဲတွင် လျှို့ဝှက်သော အော်မြည်သံများကို ထုတ်လွှတ်နေသလို ခံစားနေရသည်။ အစပိုင်းတွင် သူမက ဝန်ကြီးချုပ်အိမ်တော်မှ ထွက်ခွာနိုင်တော့မည်ဟု ထင်ထားခဲ့သော်လည်း မဆင်မခြင်လုပ်တတ်သော ရွာသားတစ်စုကို ရင်ဆိုင်နေရဆဲဖြစ်သည်။ သူတို့၏စုဝေးမှုက သေးငယ်သည် မဟုတ်သောကြောင့် အိမ်တော်မှ ထွက်လာသည့် ဝန်ကြီးချုပ်ကို အန္တရာယ် ဖြစ်စေနိုင်သည်။ သူနှင့်အတူ ရာနှင့်ချီသော အစောင့်များ ပါလာနိုင်သည်ဟု သူမ တွေးနေခဲ့သည်။

အနည်းဆုံးတော့ ဒါဇင်နဲ့ချီတဲ့ လက်ရွေးစင် စစ်သားတွေပေါ့။ ဒါပေမယ့် အခုလို ဖြစ်နေလိမ့်မယ်လို့တော့ ဘယ်သူက ထင်ခဲ့မိမှာလဲ?

All Chapters