← Chapters

အခန်း (၁၂-၁၃)

Vol. 2 Ch. 12-13

အခန်း (၁၂-၁၃)

Vol. 2 Ch. 12-13

အခန်း ၁၂ အလောင်းစစ်ဆေးခြင်း (အပိုင်း ၂)

  ကျွော့ချင်း ပြောလိုက်သည့်စကားကြောင့် အားလုံးက အလောင်းကို ချက်ချင်း လှမ်းကြည့်လိုက်ကြသည်။ အမှန်တကယ်ပင် သူ့အဝတ်အစားများက သန့်ရှင်းသပ်ရပ်နေပြီး သူ့ဖိနပ်ကပင် အညစ်အကြေးကင်းစင်နေလေသည်။ နှိုင်းယှဥ်ကြည့်လျှင် သူ့ဆံပင်များက ဖရိုဖရဲဖြစ်နေပြီး ချည်နှောင်ထားသည့် ပုံစံကလည်း အနည်းငယ် ရှုပ်ပွနေခဲ့သည်။

ထောင်ထဲမှာ နှစ်လလောက်နေခဲ့ရတဲ့ အကျဉ်းသားတစ်ယောက်က အဝတ်အစားအသစ်တွေ ဘယ်လိုရနိုင်ခဲ့တာလဲ?

  ဝူကျစ်ကန်းက "မနေ့ညက စောင့်ကြည့်တဲ့သူ ဘယ်မှာလဲ?"

  အရပ်အမောင်းမြင့်သော ရုံးတော်အစောင့်ငယ်လေးက ရှေ့သို့ တိတ်တဆိတ် လာရပ်ကာ အသံတိုးတိုးနဲ့ “ဒီလက်အောက်ငယ်သားနဲ့ လျိုဝူပါ”

  "ဘာတွေ ဖြစ်နေတာလဲ? သူက ဘာလို့အဝတ်အစားအသစ်တွေ လဲထားတာလဲ?"

  ရုံးတော်အစေခံလေးက မဝံ့မရဲပြန်ဖြေလာခဲ့သည်။ "မနေ့ညက လင်းမိသားစုရဲ့အိမ်ထိန်း လီမင်က လင်းပါ့ခန်းဆီကို ရောက်လာခဲ့ပါတယ်၊ လင်းပါ့ခန်းက သူ ရေမချိုးရတာ ရက်တော်တော်ကြာနေပြီလို့ ပြောပြီး အဝတ်သစ်တစ်စုံပို့ပေးနိုင်မယ်လို့ မျှော်လင့်ထားတယ်၊ သူတို့သခင်နဲ့ ကျွန်ဆက်ဆံရေးက အရမ်းနက်ရှိုင်းပြီး သူက သန့်ရှင်းတဲ့ အဝတ်အစားတချို့ကို ယူလာတဲ့အတွက် ကျွန်တော်မျိုးတို့ သူ့ကို ဝင်ခွင့်ပြုလိုက်တယ်။ ဒါပေမယ့် သူက အမွှေးတိုင်တစ်ချောင်းကုန်ချိန်‌လောက်မှာ ပြန်ထွက်သွားခဲ့တာပါ" (အမွှေးတိုင်တစ်ချောင်းကုန်ချိန်‌- ၁၅မိနစ်ခန့်)

  အမွှေးတိုင်တစ်ချောင်းကုန်ချိန်? အဲ့အချိန်အတွင်း လူသတ်ဖို့က နည်းနည်းတော့ ခက်ခဲတယ်။

တစ်ချိန်လုံး နှုတ်ဆိတ်နေခဲ့သည့် လို့ရှီးယန်က "လီမင် ထွက်သွားပြီးတဲ့ နောက်မှာ မင်းတို့ လင်းပါ့ခန်းကို စစ်ဆေးဖို့ ဝင်ခဲ့သေးလား? သူ အသက်ရှင်သေးလား?"

  လို့ရှီးယန်က ဒေါသထွက်မနေသော်လည်း ရုံးတော်အစေခံလေးက သူ့ကို မော့ပင်မကြည့်ရဲခဲ့ပေ။ သူက သူ့မျက်လုံးများကို အောက်စိုက်ထားပြီး မနေ့ညက ဖြစ်ပျက်ခဲ့သည့်အရာများကို ပြန်ပြောပြနေခဲ့သည်။

"ဝန်ကြီးချုပ်ကို တင်ပြပါတယ်။ လီမင် ရောက်လာတဲ့အချိန်က မိုးသက်မုန်တိုင်းတွေ အပြင်းထန်ဆုံး အချိန်ဖြစ်နေပြီး သစ်ပင်ရဲ့ အကိုင်းအခက်တွေ ကျိုးပဲ့ပြီး အချုပ်ခန်း တံခါး အပြင်ဘက်ကို ထိမှန်လာပါတယ်။ ကျွန်တော်မျိုးတို့က အကိုင်းအခက်တွေကို အဝေးကို ရွှေ့ဖို့ အလုပ်များနေခဲ့ပါတယ်။ ​​ခဏကြာတော့ လီမင်က ပြန်ထွက်လာပြီး ကျွန်တော်တို့ကို ကူညီပြီး ရွှေ့ပေးတယ်။ ပြီးတော့ သူ ပြန်ထွက်သွားတယ်။ အဲဒီတုန်းက အဝတ်တွေ ရေစိုလို့ အဝတ်ပြန်လဲခဲ့ကြပါတယ်။ ပြီးသွားတဲ့အချိန်မှာ ညဉ့်နက်နေတာကြောင့် အခန်းတွေကို လိုက်မစစ်ဆေးမိပါဘူး။ မကြာခင်က လူကြီးမင်းက အကျဉ်းသားကို ခေါ်ဖို့စေလွှတ်တဲ့အချိန်မှ ကျွန်တော်မျိုးတို့ သိလိုက်တာက… အဲဒီလူက၊ သေနေပြီ..."

“မင်းတို့.... လူမိုက်တစ်စု!"

ဝူကျစ်ကန်းက ထိုအစောင့်လေး၏ဦးထုပ်ကို သူ့လက်ဖဝါးဖြင့် ရိုက်ချလိုက်သည်။

ဒီလူယုတ်မာတွေက ဝန်ကြီးချုပ်ရှေ့မှာ သူ့ကို အရူးဖြစ်စေခဲ့တာ အမှန်ပဲ။ ဝန်ကြီးချုပ်က သူကို့ ဒီလို ထောင်ကြီးကြပ်ရေးမှူးတစ်ယောက်လို့ ထင်သွားခဲ့မယ်ဆိုရင် သူ့ရဲ့အရာရှိဦးထုပ်ကို သူ ဘယ်လို ထိန်းထားနိုင်တော့မှာလဲ?

  လို့ရှီးယန်က သူ့အမူအရာကို လုံးဝမကြည့်တော့ဘဲ "လီမင်ကို ခေါ်လိုက်"

လီမင်က လင်းပါ့ခန်းကို လာတွေ့တဲ့ နောက်ဆုံးလူဖြစ်ပြီး တခြားအရာတွေကိုလည်း သိထားနိုင်တယ်။

  "ဟုတ်ကဲ့​" ရုံးတော်အစေခံငယ်လေး​က အမြန် ပြေး​ထွက်​သွားခဲ့သည်​။

  မြေပြင်ပေါ်ရှိ အလောင်းက ထိုပုံစံအတိုင်း ဆန့်ဆန့်ကြီး လဲလျောင်းနေပြီး အနည်းငယ် ကြောက်စရာကောင်းသည့်ပုံပေါ်နေသည်။ ဝူကျစ်ကန်းက လို့ရှီးယန်ကို အလျင်အမြန် ချော့မော့ပြောဆိုလိုက်သည်။

"ဝန်ကြီးချုပ်လူကြီးမင်း၊ ဒီအလောင်းစစ်ဆေးတဲ့ ဖြစ်စဉ်က ပြီးသွားပါပြီ၊ အကျဥ်းထောင်ထဲမှာ မှောင်မဲနေတာကြောင့် သခင်ကြီးက အနားယူဖို့ ဧည့်ခန်းကို အရင်သွားသင့်ပါတယ်၊ ကံဆိုးမှုတွေကြောင့် မညစ်ညမ်းပါစေနဲ့”

  လို့ရှီးယန်က နောက်သို့ ပြန်လှည့်လိုက်ပြီး အလောင်းကို စိုက်ကြည့်နေဆဲဖြစ်သည့် ကျွော့ချင်းကို တွေ့သွားခဲ့သည်။ အချုပ်ခန်းထဲမှ ထွက်ခွာရန် ပြင်နေသည့် သူ့ခြေလှမ်းများက ရပ်တန့်သွားကာ သူက ရုတ်တရက် မေးမြန်းလိုက်သည်။

"မင်း ဘာပြောချင်သေးလဲ?"

လူငယ်တစ်ယောက်ကို ထိုသို့မေးနေခြင်းက အနည်းငယ် ရယ်စရာကောင်းသည်ဟု သတ်မှတ်နိုင်သော်လည်း လို့ရှီးယန်က ဤလူငယ်လေးထံတွင် သူ့အတွက် ကွဲပြားသည့် အဖြေတစ်ခု ရှိနေကြောင်း အလိုလို သိနေခဲ့သည်။

  "ကျွန်တော်..." ကျွော့ချင်းက ခဏတာမျှ တုံ့ဆိုင်းသွားခဲ့သည်။ သို့သော်လည်း သေဆုံးသူ၏ သေဆုံးသွားရသည့်အကြောင်းရင်းက သံသယဖြစ်စရာဖြစ်နေသဖြင့် သူမက သူမ၏ပရော်ဖက်ရှင်နယ်ကျင့်ဝတ်နှင့် ကျင့်ဝတ်စည်းကမ်းကို မဆန့်ကျင်နိုင်ပေ။ ထို့ကြောင့် သူမ မတ်တပ်ထရပ်ကာ စောင့်ကြည့်နေခဲ့ခြင်းဖြစ်သည်။

သူမက “ကျွန်တော် ဝင်ကြည့်ချင်တယ်”

  "ရိုင်းစိုင်းလိုက်တာ!" ဒီကောင်လေးက ထူးဆန်းနေတယ်။ သူက အခုလေးတင် ခန်းမထဲမှာ ဇာတ်ကွက်တစ်ခုကို လုပ်ဆောင်ထားပြီး အခုလည်း ဒီကိုတောင် လိုက်လာရဲသေးတယ်။

ဝူကျစ်ကန်းက သူ့ကို မောင်းထုတ်ပစ်ခါနီးမှာပင် လို့ရှီးယန်က စိတ်ကောင်းနှလုံးကောင်းရှိပုံဖြင့် ပြုံးလိုက်ပြီး "သူ့ကို အထဲ ဝင်ပါစေ.."

  လို့ရှီးယန် ပြောလိုက်သောကြောင့် ဝူကျစ်ကန်း မကျေနပ်လျှင်ပင် မကန့်ကွက်ရဲပေ။ နှစ်အတော်ကြာအောင် ဤရာထူးတွင် နေခဲ့ပြီးနောက် သူလည်း သဲလွန်စအချို့ကို မြင်နိုင်သေးသည်။

ဝန်ကြီးချူပ်က ဒီလူငယ်လေးကို မျက်နှာသာပေးနေတယ်...

ကျွော့ချင်းက အချုပ်ခန်းထဲသို့ ဝင်ကာ အလောင်းဘေးတွင် ငုတ်တုတ်ထိုင်ချလိုက်ပြီး လည်ပင်းညှစ်ခံထားရသည့် အမှတ်အသားများကိုသာ ကြည့်နေလိုက်သည်။ ကျွော့ချင်းက သေဆုံးသူ၏ဆံပင်ထဲသို့ သူမ၏လက်ဆယ်ချောင်းကို ထိုးထည့်ကာ ဦးခေါင်းခွံကို သေသေချာချာ စစ်ဆေးလိုက်သည်။ ခဏအကြာတွင် သေဆုံးသွားသူ၏လည်ပင်းကို မတင်ကာ လည်ပင်း၏နောက်ဘက်သို့ ကြည့်လိုက်ပြန်သည်။ ၎င်းကို ကြည့်ပြီးနောက် ကျွော့ချင်းက ခေတ္တရပ်ပြီး သေဆုံးသွားသူ၏ ပါးစပ်ထောင့်ကို ဖိလိုက်ရာ သူ့နှုတ်ခမ်းထောင့်များမှ တံတွေးမျှင်များ ဖျတ်ခနဲ ထွက်လာသည်။

  သေချာပြီ... သူမ ထင်ထားသလိုပဲ..

ကျွော့ချင်းက သေဆုံးသူရဲ့လက်ကို ခပ်တင်းတင်း ဆုပ်ကိုင်လိုက်သော်လည်း ထိုလက်များက လုံးဝမကွေးနိုင်တော့ဘဲ ဒဏ်ရာဒဏ်ချက်များရှိနေခဲ့ကြောင်း သိသာထင်ရှားလာသည်။ အင်္ကျီလက်များကို ဆွဲလှန်လိုက်ရာ လက်မောင်းများတွင် အလောင်းအစက်အပြောက်များအပြင် ပြန့်ကျဲနေသော ပွန်းပဲ့ရာများနှင့် အမာရွတ်အချို့ရှိသော်လည်း ၎င်းတို့မှာ ဒဏ်ရာဟောင်းများကဲ့သို့ ဖြစ်နေသောကြောင့် နှိပ်စက်ညှဉ်းပန်းမှု အထောက်အထားများက မှန်ကန်နေပြီ ဖြစ်သည်။

  ကျွော့ချင်းက သေသေချာချာ ကြည့်ရှု့စစ်ဆေးနေခဲ့သော်လည်း ဝူကျစ်ကန်း၏မျက်လုံးထဲတွင်မှု လူငယ်လေးက ယုတ္တိကင်းမဲ့စွာ ပြသနာရှာနေပြီး မလိုအပ်ဘဲ ရှုပ်ထွေးစေရန် လျှို့ဝှက်ဆန်းကြယ်သော အရာများကို ဖန်းတီးနေသည်ဟု ထင်နေခဲ့သည်။

သူက ထိုလူငယ်လေးကို စောင့်ကြည့်ရန် စိတ်မဝင်စားတော့ဘဲ ”ဝန်ကြီးချုပ်၊ ကျွန်တော်မျိုးရဲ့အမြင်အရတော့ ဒါက ကိုယ့်ကိုယ်ကို သတ်သေကြောင်း သက်သေပြပြီးပြီမို့ လင်းပါ့ခန်းက ဒါကို ကြိုတင်ပြင်ဆင်ထားပြီး လီမင်ကို အဝတ်သန့်သန့်လေး ပို့ပေးဖို့ တောင်းဆိုခဲ့တာ ဖြစ်ပါနိုင်တယ်။ သတ်သေဖို့ အဝတ်အစား.."

  လို့ရှီးယန်က ပေါ့ပေါ့ပါးပါး ပြုံးနေပြီး ဘာမှပြန်မပြောဘဲ သူ့မျက်လုံးများက ဝူကျစ်ကန်း၏စကားများကို ငြီးငွေ့‌နေပုံရကာ ကျွော့ချင်းကိုသာ အာရုံစိုက်နေခဲ့သည်။

  ကျွော့ချင်းက သူ့ကို စိတ်မပျက်စေဘဲ ပေါ့ပေါ့ပါးပါးဖြင့် "သတ်သေတာမဟုတ်ရင် ဘယ်လိုလုပ်မလဲ"

  သတ်သေတာ မဟုတ်ဘူးလား?

  လို့ရှီးယန်၏အပြုံးက ပို၍ပင် ကြီးမားလာသည်။

  ဝူကျစ်ကန်းက အံ့အားသင့်သွားပြီး ဝမ့်ပမ်ရှန့်က အော်ဟစ်လိုက်သည်။ "ရိုင်းစိုင်းလိုက်တာ!"

ဒီကောင်လေးက ဘယ်ကလာတာလဲ? သူ့ရဲ့စစ်ဆေးမှု့ရလဒ်ကို မေးခွန်းထုတ်ရဲပြီး လူကြီးမင်းတွေနဲ့ ဝန်ကြီးချုပ်တွေရှေ့မှာ ဘာလို့ သူ့ကို အပြစ်တင်နေတာလဲ?!

  ဝမ့်ပမ်ရှန့်က အလောင်းဆီသို့ လျှောက်သွားကာ အလောင်း၏လည်ပင်းကို ညွှန်ပြလိုက်ရင်း ကျွော့ချင်းကို စိုက်ကြည့်ကာ အခိုင်အမာ ပြောလိုက်သည်။

"လူတွေက သေပြီးမှ ကြိုးဆွဲချခံရရင် လည်ပင်းမှာ ခရမ်းရောင်အမှတ်အသားတွေအစား အဖြူရောင်တွေ ပေါ်လာလိမ့်မယ်။ အခု သေဆုံးသူရဲ့ ခြေလက်တွေက သဘာဝအတိုင်း ယိုယွင်းနေတယ်၊ သူ့ခြေဖဝါးမှာ မီးလောင်သလိုလို ကုတ်ကွေးရာတွေ ပေါ်နေတယ်၊ ဒါက သူ့ကိုယ်သူ ကြိုးဆွဲချတာဆိုတဲ့ အကောင်းဆုံး သက်သေပဲ။ နားမလည်ရင် မိုက်မဲတဲ့ စကားတွေလာ မပြောနဲ့”

  ကျွော့ချင်းက သူ့အော်သံကို လုံးဝ လျစ်လျူရှုလိုက်ပြီး ခေါင်းကို အနည်းငယ်ငုံ့ကာ "မျက်လုံးပြာနဲ့လူ လာဦး၊ ကျွန်တော့်ကို ကူညီပါ"

လက်ထောက်မရှိတဲ့ ဘဝကြီးက တကယ်ကို ဒုက္ခများလွန်းတယ်။

  မျက်လုံးပြာနဲ့လူ?

မော့ပိုင်က ခဏလောက် မှင်သက်သွားသော်လည်း နောက်ဆုံးတွင် အသိဝင်သွားပြီး ကျွော့ချင်းအနားတွင် ငုတ်တုတ်ထိုင်ချလိုက်ကာ ခန္ဓာကိုယ်ကို ညင်သာစွာ လှန်ပေးရန် သူမ၏ ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ပေးနေခဲ့သည်။

  လို့ရှီးယန်က မော့ပိုင် ထိုကောင်လေးကို အမှန်တကယ် ကူညီပေးလိမ့်မယ်ဟု မမျှော်လင့်ထားခဲ့ပေ။

ကျင်းစရဲ့အေးစက်တဲ့အသွင်အပြင်နဲ့ မတူတာက မော့ပိုင်ရဲ့အေးစက်မှုက သူ့ရဲ့နှလုံးသားထဲက ထွက်လာတာပါ။

  လို့ရှီးယန်က ကျွော့ချင်း၏ နောက်ကျောကို အာရုံစိုက်မှုအပြည့်ဖြင့် အေးအေးဆေးဆေး ကြည့်နေရင်း အချိန်ပေးထားသည်။

ဒီကောင်လေး ပြသလာမယ့်အရာကို သူ စောင့်မျှော်နေမိတယ်။

  အခြားသူများ၏ လျစ်လျူရှုခြင်းကို ခံနေရသော်လည်း သူက အမည်မသိလူတစ်ယောက် ဖြစ်နေဆဲပင်။

ဝမ့်ပမ်ရှန့်က ထိုအခြေအနေကို မည်သို့မျှသည်းမခံနိုင်ပေ။ သူက အသက်ကို ပြင်းပြင်းရှုလိုက်ပြီး အပြစ်တင်တော့မည့်အချိန်တွင် ကျွော့ချင်းက သေဆုံးသူရဲ့ နောက်ကျောကို ကြည့်ပြီး အေးအေးဆေးဆေး ပြန်မေးလိုက်သည်။

"တစ်ယောက်ယောက်က သတိမေ့သွားအောင် လည်ပင်းညှစ်ပြီးမှ ကြိုးနဲ့ဆွဲထားရင် ခန္ဓာကိုယ်မှာ တူညီတဲ့ လက်ရာခြေရာတွေ ရှိမှာလား?"

  “ဒါ…” ဝမ့်ပမ်ရှန့် စကားမပြောနိုင်တော့ပေ။ ကျွော့ချင်းက သူ့ကို အကြာကြီး စဥ်းစားခွင့်မပေးဘဲ သူမက ခေါင်းကို အနည်းငယ်မော့လာပြီး အေးစက်စွာ ပြောလိုက်သည်။

"ကျွန်တော် ခင်ဗျားကို မေးနေတာလေ ဟုတ်လား၊ မဟုတ်ဘူးလား!?"

  ဦးထုပ်အောက်မှ စူးရှသောအကြည့်တစ်ချက် ထွက်ပေါ်လာပြီး ဝမ့်ပမ်ရှန့်ကို အထိတ်တလန့် ဖြစ်သွားစေခဲ့သည်။ ထို့နောက် တစ်ဖက်လူက ငယ်ရွယ်သူသာ ဖြစ်နေသည်ကို တွေးမိသွားသောကြောင့် သူ ဘာကို ထိတ်လန့်ရမလဲဟု တွေးလိုက်မိပြန်သည်။ သူက သူ့၏ထိတ်လန့်မှုကို ဖုံးကွယ်ရန် ချောင်းဟန့်လိုက်ပြီး ကျယ်လောင်စွာဖြင့် "အင်း၊ ဖြစ်နိုင်တယ်၊ ဒါပေမယ့် ဒါတွေက မင်းရဲ့ ခန့်မှန်းချက်တွေပဲလေ၊ သူ အရင်ဆုံး လည်ပင်းညှစ်သတ်ခံရပြီးမှ ကြိုးဆွဲချခံရတယ်ဆိုတာ သက်သေပြဖို့ ဘာအထောက်အထားတွေ ရှိလဲ!"

  သက်သေအထောက်အထားတဲ့လား?

ကျွော့ချင်းက ရယ်မောလိုက်ပြီး ရုတ်တရက် ထရပ်လိုက်သည်။

အခန်း ၁၃ အလောင်းစစ်ဆေးခြင်း (အပိုင်း ၃)

  သက်သေအထောက်အထားတဲ့လား?

ကျွော့ချင်းက ရယ်မောလိုက်ပြီး ရုတ်တရက် ထရပ်လိုက်သည်။

"သက်သေအထောက်အထားက ဘယ်မှာရှိတယ်ဆိုတာ ပြောပြဖို့ သူ့ကို မေးလို့ရတယ်!"

  သူကိုလား?

လူတိုင်းက ကျွော့ချင်း၏အကြည့်နောက်သို့ လိုက်ကြည့်ကာ ကြမ်းပြင်ပေါ်တွင် လဲလျောင်းနေသော လင်းပါ့ခန်းကို တွေ့လိုက်ရသည်။

အတိအကျပြောရရင် တောင့်တင်းနေတဲ့ အလောင်းတစ်လောင်းပေါ့။ လူသေကောင်က အထောက်အထားတွေ ဘယ်မှာရှိတယ်ဆိုတာ ဘယ်လို ပြောနိုင်မှာလဲ?!

ထိုနေရာမှ လူများအားလုံးက အေးစက်သည့်လေကို ရှုရှိုက်လိုက်ရသလို ခံစားလိုက်ပြီး သက်တောင့်သက်သာဖြစ်နေသည့် လို့ရှီးယန်မှလွဲ၍ အားလုံးက မလိုလားအပ်ဘဲ နောက်ပြန်ဆုတ်သွားကြသည်။

  "သေဆုံးရတဲ့အကြောင်းရင်းကို အရင်ပြောရအောင်"

ကျွော့ချင်းက အလောင်း၏လည်ပင်းကို ညွှန်ပြလိုက်ပြီး မော့ပိုင်ကို ပြောလိုက်သည်။ "လည်ပင်းကို ကြွလိုက်"

  ငါပဲဖြစ်ပြန်ပြီလား?!

မော့ပိုင်က သူ့စိတ်ထဲတွင် တိတ်တဆိတ် ရေရွတ်နေသော်လည်း သူ့လက်များက ကျွော့ချင်း၏ ညွှန်ကြားချက်ကို မငြင်းဆန်ဘဲ လိုက်နာနေကာ လင်းပါ့ခန်း၏လည်ပင်းကို ညင်သာစွာ မြှောက်လိုက်သည်။ အလောင်း၏လည်ပင်းပေါ်ရှိ အရေးအကြောင်းများက ပြေလျော့သွားကာ သေဆုံးသူ၏ လည်ပင်းတွင် လည်ပင်းညှစ်ထားသည့် ကြိုးအရာများကို ရှင်းရှင်းလင်းလင်း မြင်တွေ့ရသည်။

  "သေဆုံးသူမှာ ထိခိုက်ဒဏ်ရာ ဒါမှမဟုတ် အဆိပ်ခတ်ခံရတဲ့လက္ခဏာတွေလို တခြားထင်ရှားတဲ့ လက္ခဏာတွေ မတွေ့ခဲ့ရဘူး။ အသက်ရှူကြပ်တဲ့ လက္ခဏာတွေက ထင်ရှားနေတယ်။ သေဆုံးရတဲ့ အကြောင်းရင်းကတော့ လည်ပင်းကို ခါးစည်းကြိုးနဲ့ ချည်ခံရကြောင့် အသက်ရှူကျပ်ပြီး သေဆုံးတာပါ"

ကျွော့ချင်းက ထိုသို့ပြောပြီးသည်နှင့် ဝမ့်ပမ်ရှန့်က ချက်ချင်း နှာမှုတ်လိုက်သည်။

ဒါက သူပြောခဲ့တဲ့စကားတွေနဲ့ ဘာကွာခြားလို့လဲ? မလိုအပ်ပဲ တမင်တကာ ရှုပ်ထွေးအောင် လုပ်နေတာပဲ။

  ကျွော့ချင်းက သူနှင့် ထပ်မံငြင်းခုံခြင်းမပြုတော့ဘဲ ဒူးထောက်ထိုင်ချလိုက်ပြီး သေဆုံးသူ၏လည်ပင်းတွင် လည်ပင်းညှစ်သတ်ထားသည့် ကြိုးအမှတ်အသားများကို ညွှန်ပြကာ အေးစက်စွာ ပြောလိုက်သည်။

"သေဆုံးသူရဲ့လည်ပင်းမှာ မတူညီတဲ့ ဒဏ်ရာနှစ်ခုရှိနေတယ်။ ကြိုးဆွဲချသေဆုံးသူတွေမှာ ယေဘူယျအားဖြင့် လည်ပင်းကို ညှစ်ခံထားရတဲ့ အမှတ်အသားတွေက အနားနေရာတွေမှာ သပ်သပ်ရပ်ရပ်ဖြစ်နေတက်ပြီး hyoid အရိုးနဲ့ လည်မျိုအရိုးတွေက ကျိုးကြေဖို့ ခက်ခဲတယ်။ ဒါပေမယ့် အခုသေဆုံးတဲ့သူရဲ့ အမှတ်အသားရာနှစ်ခုက လုံးဝကွဲပြားနေတယ်။ တစ်ခုက ခန္ဓာကိုယ်နဲ့အပြိုင် သိုင်းရွိုက်အရိုးနုအောက်မှာ ရှိနေတယ်။ လည်ပင်းညှစ်သတ်ခံထားရတဲ့သေသူရဲ့ အမှတ်အသားက ပြင်းထန်စွာ ရုန်းကန်ထားရတာကြောင့် လည်ပင်းညှစ်ခံရတဲ့နေရာမှာ အရေခွံတွေ ကျွတ်ထွက်နေပြီး အရေပြားအောက်မှာ သွေးထွက်နေမယ်။ ဒီကြိုးရာအမှတ်အသားက လူသတ်သမားက သေသူကို သတိမေ့သွားတဲ့အထိ တိုက်ခိုက်တုန်းက ရခဲ့တဲ့ဒဏ်ရာ အတိအကျပဲ။ သေသူက ရုန်းကုန်ခဲ့လို့ အရေပြားတွေ ပွန်းပဲ့ပြီး သွေးတွေထွက်ခဲ့တယ်၊ ပြီးတော့ ကြိုးရာက နက်ပြီး အမဲရောင်ပေါ်လာတယ်၊ နောက်ထပ်ကြိုးရာတစ်ခုက လူသတ်သမားက သေဆုံးသူကို မျက်နှာကျက်ပေါ်မှာ ချိတ်ဆွဲထားလို့ ပေါ်လာတာ၊ အဲ့အချိန်မှာ သေဆုံးသူက သတိမေ့နေပြီ၊ ခု သေဆုံးသူရဲ့hyoid အရိုးက ကျိုးနေပြီ၊ ဘာကြောင့်လဲဆိုတော့ ပြင်းထန်တဲ့အားနဲ့ လည်ပင်းညှစ်ခံရလို့ပါ”

[(hyoid bone) ဆိုတာက သေးငယ်သော U-shaped (မြင်းခွာပုံသဏ္ဍာန်) အရိုးဖြစ်ပြီး၊ လည်ပင်း၏အလယ်တွင် ရှေ့ပိုင်းနှင့် နောက်ဘက်တွင်ရှိသည်။ ၎င်း၏ ခန္ဓာဗေဒ အနေအထားက သိုင်းရွိုက်အရိုးနုထက်သာလွန်သည်။ Sources: Wikipedia]

  လို့ရှီးယန်က အကျဥ်းထောင်ထဲကို ၀င်သွားပြီး သေဆုံးသူ၏လည်ပင်းမှ ဒဏ်ရာများကို အနီးကပ်ကြည့်ရှုနေသည်။ ကျွော့ချင်းပြောသည့်အတိုင်း လည်ပင်းညှစ်ခံထားရသည့် အမှတ်အသားနှစ်ခုရှိနေပြီး တစ်ခုက နက်ကာ တစ်ခုက အနည်းငယ် တိမ်နေပေမယ့် အလွန်ထင်ရှားနေသည်။

  ဝူကျစ်ကန်းက အလွန်တွန့်ဆုတ်နေပြီး ဒေါသတကြီး လိုက်ကြည့်ရုံမှတပါး ရွေးချယ်စရာမရှိတော့ပေ။ သူက ဝမ့်ပမ်ရှန့်ကို ပြင်းထန်စွာ စိုက်ကြည့်နေသည်။

  ဝူကျစ်ကန်း၏ အကြည့်စူးစူးကို လက်ခံရရှိပြီးနောက် ဝမ့်ပမ်ရှန့်က ရုတ်တရက် သတိပြန်ဝင်လာခဲ့သည်။

ဒီကလေး အခုန မာနကြီးလွန်းနေတာ အံ့ဩစရာ မဟုတ်တော့ဘူး။ သူ့မှာ ကျွမ်းကျင်မှုအချို့ရှိနေတာ မြင်သာနေပြီပဲ။

ဝမ့်ပမ်ရှန့်က ပြင်းပြင်းထန်ထန် တွေးတောပြီးနောက် ပြန်ပြောလိုက်သည်။ "သူ လည်ပင်းညှစ်ခံရတာဆိုရင် သေဆုံးသူရဲ့လည်ပင်းနောက်ဘက်မှာ လည်ပင်းညှစ်ခံထားရသည့် လက္ခဏာတွေ ရှိသင့်ပေမယ့် သူ့လည်ပင်းနောက်ဘက်မှာ လုံးဝမရှိတာ သိသာပါတယ်၊ သူ မသေခင် ရုန်းကန်ခဲ့တာကြောင့် ကြိုးရာနှစ်ခုပေါ်လာတာလဲ ဖြစ်နိုင်ပါတယ်!"

  "သူ့အင်္ကျီကို ချွတ်လိုက်ပါ" ကျွော့ချင်းက တိုးတိုးလေး ပြောနေသော်လည်း သူမက တစ်စုံတစ်ခုကို ဆုပ်ကိုင်ထားနိုင်ပုံပေါ်နေသည်။ မော့ပိုင်က သူ့ခေါင်းကို ဖြည်းညှင်းစွာ မြှောက်လိုက်ပြီး ကျွော့ချင်းက အလောင်း၏လက်များကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်ရာ ထိုလက်များက ပြန်လျော့ကျသွားသည်ကို တွေ့လိုက်ရသည်။ ခဏကြာပြီးနောက် ကျွော့ချင်းက မတ်တပ်ထရပ်လိုက်ပြီး ဒေါသထွက်နေပုံပေါက်သည့် ဝမ့်ပမ်ရှန့်ကို အေးစက်စွာ ထပ်ပြောလိုက်သည်။

"ခင်ဗျားက အလောင်းစစ်ဆေးဖို့ လုံးဝ မထိုက်တန်ဘူး!"

  ဝမ့်ပမ်ရှန့်က ဒေါသတကြီးဖြင့် "မင်း ဘာပြောလိုက်တာလဲ!"

သူ ယင်းထျန်းရုံးတော်မှာ စုံစမ်းရေးမှူးအဖြစ် နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့ပြီး မရေမတွက်နိုင်တဲ့ အလောင်းစစ်ဆေးမှုတွေကို ပြုလုပ်ခဲ့ဖူးတယ်။ ခုတော့ မထိုက်တန်ဘူးတဲ့လား!

  "တရားရုံးက စစ်ဆေးရေးမှူးအနေနဲ့ ခင်ဗျားက ကွယ်လွန်သူအတွက် စကားပြောပေးနိုင်တဲ့ တစ်ဦးတည်းသောသူပဲ၊ သူ သေသွားပုံကို ပြောပြဖို့ သူ့ခန္ဓာကိုယ်ကို အသုံးပြုနိုင်တယ်၊ အခု ​​သူ သေဆုံးရတဲ့ဖြစ်စဉ်မှာ သူ ကြုံတွေ့ခဲ့ရတာတွေကို ခင်ဗျားက လုံးဝ လျစ်လျူရှုခဲ့တယ်၊ သူ့ခန္ဓာကိုယ်ပေါ်က ဒဏ်ရာတိုင်းနဲ့ အသေးစိတ်အချက်အလတ်တိုင်းကို သေသေချာချာ မစစ်ဆေးဘဲ နိုင်ထက်စီးနင်း ကောက်ချက်ချခဲ့တယ်၊ ခင်ဗျားရဲ့စကားတစ်ခွန်းကြောင့် ဘယ်သူကမှ ဘာမှ မသိလိုက်ရဘဲ သေသွားနိုင်သလို လူသတ်သမားကလည်း လွတ်မြောက်သွားနိုင်တယ်"

အသိပညာနဲ့ အတွေ့အကြုံတွေ အားလုံးက အချိန်အကြာပြီး သင်ယူစုဆောင်းမှ ရလာနိုင်တဲ့အရာတွေ ဖြစ်တာကြောင့် စုံစမ်းရေးမှူးတစ်ယောက်ရဲ့ ပညာအရည်အချင်းမပြည့်ဝသေးမှုကို သူမ သည်းခံပေးနိုင်တယ်။ ဒါပေမယ့် သူမ သည်းမခံနိုင်တဲ့အရာက မှုခင်းဆေးပညာ စုံစမ်းရေးမှူးတစ်ယောက်အနေနဲ့ စည်းကမ်းမဲ့ သဘောထားရှိပြီး ပေါ့ပေါ့ဆဆနဲ့ ညစ်ပတ်တဲ့ အလုပ်ကို လုပ်ဆောင်တာရယ်၊ ခေါင်းမာမာနဲ့ တုံ့ပြန်ပြောဆိုတာရယ်ပဲ။

  အကျဥ်းထောင်ထဲတွင် အေးစက်သည့်အသံတစ်ခုသာ ထွက်ပေါ်နေခဲ့ပြီး ဝမ့်ပမ်ရှန့် အရှက်ရနေရုံတင်မကဘဲ လို့ရှီးယန်ပင်လျှင် မှင်သက်နေခဲ့သည်။

ဒီကောင်လေးက သူနဲ့ ပထမဆုံးစတွေ့တုန်းက အချိန်နဲ့လုံးဝကို မတူတော့ဘူး။ သူတို့ ပထမဆုံးစတွေ့တုန်းကတော့ ကောင်းလေးက နည်းနည်းအေးစက်ပြီး မာနကြီးပုံပေါ်တယ်။ သူက အနည်းငယ် လှည့်စားတက်ပုံလဲပေါ်နေပေမယ့် အခုတော့ သူက တည်တည်ငြိမ်ငြိမ်နဲ့ လေးလေးနက်နက် ဖြစ်နေပြန်တယ်။ ဒါက စိတ်ဓာတ်မာကြော ကြံခိုင်တဲ့ လူတစ်ယောက်ရဲ့အသွင်အပြင်ပဲ။ ဒါ သူ အရင်က တွေ့ဖူးခဲ့တဲ့ ဆယ်ကျော်သက်ကောင်လေးရော တကယ်ဟုတ်ရဲ့လား?

လို့ရှီးယန်လည်း စိတ်ရှုပ်ထွေးနေခဲ့သည်။

  “ယောကျာ်း…” ဝမ်းနည်းငိုကြွေးသံကြောင့် လူတိုင်း အသိစိတ်ပြန်ဝင်လာသည်အထိ အကျဉ်းခန်းက ငြိမ်သက်နေခဲ့သည်။ မော့ပိုင်က လင်းပါ့ခန်း၏အဝတ်အစားများကို ချွတ်လိုက်ပြီး သူ၏ရင်ဘတ်ပေါ်တွင် ဒဏ်ရာတိမ်တိမ်၊နက်နက်များစွာ ရှိနေခဲ့သည်။ တစ်ချို့က အနာကျက်နေပြီဖြစ်ကာ တစ်ချို့က အရာများ ထင်းနေဆဲပင်။ ထိုဒဏ်ရာများအားလုံးက ဒဏ်ရာဟောင်းများ ဖြစ်နေသည်ဆိုသော်လည်း အရင်အချိန်က ဆိုးဆိုးဝါးဝါး ဖြစ်ခဲ့ကြောင်း သက်သေများပင် ဖြစ်သည်။

  သခင်မလင်းက သေဆုံးသွားသူ၏ ခန္ဓာကိုယ်ပေါ်သို့ သူမကိုယ်ကို လှဲချလုနီးပါး ငိုရှိုက်ပြီးရင်း ငိုယိုနေခဲ့သည်။

ကျွော့ချင်းက "ဝူစစ်၊ သူ(မ)ကို ဘေးနားကို ပို့ပေးဖို့ ကူညီပေး၊ ငါ့ကို လာမရှုပ်စေနဲ့"

  "အိုး!" ဝူစစ်က မြန်မြန်ထပြီး သခင်မလင်းကို သူ့ဘေးသို့ ခေါ်ထားလိုက်သည်။

လက်ရှိ သခင်မလေးကျွော့က နည်းနည်းတော့ ကွဲပြားနေပေမယ့် ဘာထူးခြားတာလဲဆိုတာ သူလည်း ပြောဖို့ ခက်နေတယ်။ သူ့အတွက်ကတော့ သူမ ပြောသမျှကို မနာခံပဲနေဖို့ ခက်ခဲလွန်းလွန်းတယ်။

  ကျွော့ချင်းက ဘေးနားတွင် ရှက်စိတ်ဖြင့် ရပ်နေသည့် ဝမ့်ပမ်ရှန့်ကို ဂရုမစိုက်တော့ဘဲ သူမဘာသာ ဒူးထောက်ထိုင်ချကာ လူသေ၏ပခုံးကို ညင်သာစွာ တွန်းလိုက်သည်။

မော့ပိုင်က သူမ လူသေကို လှည့်ပတ်ကြည့်နိုင််ရန် ရှင်းရှင်းလင်းလင်း ကူညီပေးနေခဲ့သည်။ ကျွော့ချင်းက သူမ၏မျက်ခုံးကို အနည်းငယ် ပင့်တင်လိုက်သည်။

တော်တယ်၊ လိမ္မာပါးနပ်တယ်၊ လက်ထောက်ဖြစ်ဖို့ သင့်တော်တယ်။

  “လည်ပင်းမှာ အစက်အပြောက်တွေ မတည်မငြိမ်ဖြစ်ရတဲ့ အကြောင်းရင်းကတော့ ခါးစည်းကြိုးကို မာကျောတဲ့ အရာဝတ္ထုနဲ့ ဖိထားတာကြောင့်ပါ၊ ခါးစည်းကြိုးက တင်းကျပ်လွန်းတာကြောင့် အသက်ရှူကျပ်တဲ့အထိ ဖြစ်သွားပြီး သေဆုံးသွားတာပါ"

  လင်းပါ့ခန်း၏နောက်ကျောတွင် ခရမ်းရောင်အညိုအမည်းနှစ်ခု ရုတ်တရက်ပေါ်လာသည်။ ဒဏ်ရာဟောင်းများနှင့်မတူဘဲ ဤအမာရွတ်နှစ်ခုက အရောင်ညိုမဲနေပြီး အရေပြားများပျက်စီးနေကာ ၎င်းတို့က အသစ်ဖြစ်ပုံရသည်။

  ဒါက ဘာဖြစ်သွားတာလဲ/! ဘယ်လိုအရာဝတ္ထုက အဲ့လိုဖြစ်အောင် ဖန်တီးခဲ့တာလဲ? လူတိုင်းက အလားတူ လူသတ်လက်နက်များကို လှည့်ပတ်ကြည့်ရှုနေကြသည်။

လို့ရှီးယန်က ဦးဆောင်နေပြီး အချုပ်ခန်းတံခါးဆီသို့ လျောက်သွားကာ သူက ဘာကို ရှာနေမှန်းမသိ ငုံလျက် လမ်းလျှောက်နေလေသည်။

ဝန်ကြီးချုပ်၏အပြုအမူကို နားမလည်နိုင်သည့် ဝူကျစ်ကန်းကလည်း အချိန်အတော်ကြာ စစ်ဆေးနေခဲ့ပြီး နောက်ဆုံးတွင် သေဆုံးသူ၏ကျောပေါ်မှ ဒဏ်ရာနှစ်ခုက ဘယ်လောက်ပဲသေးသေး ဘယ်လောက်ပဲကြီးကြီး သစ်သားအရာများ ဖြစ်နေသည်ကို သူ နားလည်လိုက်သည်။

အကျဉ်းထောင်တံခါးရဲ့ သစ်သားတိုင်တွေ.... သူက အံ့သြတကြီးဖြင့် "တွေ့ပြီ၊ အကျဥ်းထောင်တံခါးရဲ့ သစ်သားတိုင်တွေပဲ!"

  သစ်သားတိုင်များကို အချိန်အတော်ကြာ စစ်ဆေးပြီးနောက် လို့ရှီးယန်က သူ၏ နှုတ်ခမ်းထောင့်များကို ညင်သာစွာ ပင့်တင်လိုက်ပြီး ဖြည်းညှင်းစွာ ထရပ်လိုက်သည်။

  ကျွော့ချင်းက သူ့ကို စောင့်နေသလိုပုံစံမျိုးဖြင့် ပြန်လှည့်ကြည့်ပြီးနောက် သေဆုံးသူ၏လက်ညှိုးကို မြှောက်လိုက်ပြီး "သေဆုံးသူက တံခါးအပြင်ဘက်ကနေ တစ်ယောက်ယောက်က လည်ပင်းညှစ်လို့ သတိလစ်သွားခဲ့တယ်။ ရုန်းကန်မှုကြောင့် သူ့လက်ချောင်းထိပ်မှာ သွေးရာတွေ ကျန်နေသေးတယ်။ သစ်သားစတွေရောပဲ"

  သူတို့ မျက်လုံးချင်းဆုံပြီး ကျွော့ချင်းက သူမ၏ ဦးထုပ်အစွန်းကို ဆွဲချလိုက်ပြီး လို့ရှီးယန်၏ စူးစမ်းလိုသော မျက်လုံးများကို ပိတ်ဆို့လိုက်ပြန်သည်။

  ဝူကျစ်ကန်းက ပြတ်ပြတ်သားသား နားလည်မှုဖြင့် ခေါင်းညိတ်လိုက်ပြီး "ဒါဆို လင်းပါ့ခန်းက တကယ်အသတ်ခံရတာပေါ့!!"

သူက ပြန်လှည့်လာပြီး ရုံးတော်အရာရှိငယ်ကို စိုက်ကြည့်ကာ "ဒီနေ့ အချုပ်ခန်းထဲကို ဘယ်သူဝင်သွားသေးလဲ!"

  ထပ်ခါတလဲလဲ ပြင်းပြင်းထန်ထန် တွေးတောပြီးသောအခါ ရုံးတော်အရာရှိငယ်က ညှိုးငယ်သော မျက်နှာဖြင့် “အခုန အကျဥ်းသားကို သွားခေါ်တဲ့ လူတွေက လွဲပြီး ဘယ်သူမှ မဝင်ဘူး”

  "ငတုံးတွေ!" ဝူကျစ်ကန်းက "ဘယ်သူမှ ဝင်မလာရင် သူ ဘာလို့ အသတ်ခံလိုက်ရတာလဲ"

  တကယ်မဝင်ဘူးလေ!

ရုံးတော်အစေခံငယ်လေးက သူ၏အကျပ်အတည်းကို မဖော်ပြနိုင်ဘဲ ခေါင်းကိုသာ ငုံ့ထားပြီး ဆဲဆိုကြိမ်းမောင်းခြင်းကို လက်ခံနေခဲ့သည်။

  "သေဆုံးသူက မနေ့ညက သေဆုံးသွားလို့ပဲ!" ကျွော့ချင်းက စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းခါလိုက်သည်။

သူတို့က ဒီအမှုကို ပြန်မစုံစမ်းခင် သူမ ပြောတာကို အရင်ပြီးအောင် နားမထောင်နိုင်ကြဘူးလား? ဒီအလေ့အထက တကယ်ကို စိတ်အနှောင့်အယှက် ဖြစ်စေတယ်။

  "မနေ့ညကလား?"

All Chapters