အခန်း (၁၆-၁၇)
Vol. 2 Ch. 16-17
အခန်း ၁၆ ကျားရဲတွင်းမှသည်...
ဟွမ်းယန်က အမှန်တကယ် မြို့တော်ဖြစ်ရန် ထိုက်တန်လှပေသည်။ ညနေစောင်းအချိန်တွင်ပင် လမ်းမကြီးများ မဟုတ်သည့် လမ်းသွယ်များပေါ်၌ လူများ သွားလာနေကြသည်။ လမ်းတစ်လျှောက်တွင် ဈေးဆိုင်များစွာ ရှိနေပြီး ကျွော့ချင်းက ရှေးဟောင်းမြို့တော်ပုံသဏ္ဍာန်ကို ကောင်းစွာတန်ဖိုးထားတတ်သူ ဖြစ်သည်။
သေချာတာတစ်ခုက သူမရဲ့ခြေလှမ်းတိုင်းကို နောက်ယောင်ခံလိုက်နေတဲ့သူ မရှိဘူးဆိုရင် အရာအားလုံးက ပိုပြီးပြည့်စုံနေမှာပေါ့လေ။
သူမ၏ပုံရိပ်ကို လုံးဝ ဂရုမစိုက်သည့် ကျွော့ချင်းက ထောင့်မှာ ထိုင်ချလိုက်ပြီး အသက်ကို ခပ်ပြင်းပြင်းရှုသွင်းလိုက်သည်။ သူမ လှမ်းကြည့်လိုက်ချိန်တွင် သူမနှင့် ခြေဆယ်လှမ်းလောက်အကွာတွင် ရှိနေသည့် မျက်နှာဖြူဖျော့ဖျော့လူ၏မျက်နှာကတော့ နီပင်မလာဘဲ ဖြူဖွေးနေဆဲဖြစ်ကာ အသက်ကို ခပ်အေးအေးသာ ရူနေလေသည်။ သို့သော်လည်း သူ့၏ကောင်းကင်ပြာရောင်မျက်လုံးများက ဘာကိုမှ ဂရုမစိုက်ဘဲ ကျွော့ချင်းကိုသာ စိုက်ကြည့်နေခဲ့သည်။ သူက ရှေ့တိုးမလာသော်လည်း သူမနှင့် ခပ်ဝေးဝေးကိုလည်း ထွက်မသွားခဲ့ပေ။
ကျွော့ချင်းက စိတ်တိုနေပြီဖြစ်သည်။
နင် ငါ့နောက်ကို လိုက်နေတာ လမ်းသွယ် လေးခု ကျော်ဖြတ်ပြီးလို့ ငါးခုမြောက်ကို ရောက်နေပြီဟ....
ငါက ဘာလို့ ခွေးတစ်ကောင်လို ပင်ပန်းနေရတာလဲ? ဒါပေမယ့် တခြားသူကတော့ ဘာလို့ ဆံပင်မွေးတောင် မထောင်နေရတာလဲ?
နောက်ဆုံးတွင် စိတ်တည်ငြိမ်မှုကို ပြန်လည်ရရှိသွားသော ကျွော့ချင်းက ပြေးနေခြင်းကို ရပ်တန့်လိုက်ကာ မော့ပိုင်ဆီသို့ လျှောက်သွားလိုက်ပြီး "ဟေ့ မျက်လုံးပြာ၊ မင်းက ဘာလိုချင်တာလဲ?"
မော့ပိုင်၏ လျစ်လျူရှုသောမျက်နှာက ဘာအမူအရာမှ မရှိသလို တုံ့ပြန်မှုလည်း မရှိပေ။
ကျွော့ချင်းက စိတ်ထဲမှ ကျိန်ဆဲလိုက်ပြန်သည်။
ငတုံးကောင်!
ငါက အဲ့လိုအေးစက်တဲ့ ငတုံးတွေကို အမုန်းဆုံးပဲ!
ကျွော့ချင်းက မော့ပိုင်အနီးသို့ ရုတ်တရက် သွားရပ်လိုက်ပြီး စိတ်ကောင်းဝင်နေပုံဖြင့် "မင်း ငါနဲ့ အတူမလိုက်ချင်ဘူးလား? မင်း ငါ့နောက်ကနေ လိုက်နေလို့ ငါ ပျောက်သွားရင် ခက်ပြီပဲ"
ကျွော့ချင်း၏ ရုတ်တရတ်ပြောင်းလဲမှုကြောင့် မော့ပိုင်က အနည်းငယ် အံ့အားသင့်သွားသော်လည်း အမူအရာကို ထုတ်ဖော်မပြသော မျက်နှာမှ သူ့ခံစားချက်များကို မြင်ရန် ခက်ခဲလှသည်။
လမ်းဘေးရှိ ဆိုင်များကြားတွင် ပိုးထည်များနှင့် အလွန်အမင်း ခမ်းနားစွာ အလှဆင်ထားသည့် ပိုးထည်ဆိုင်တစ်ဆိုင် ရှိသည်။ ကျွော့ချင်း၏ မျက်လုံးများက တောင်ပြောင်လာသော အရိပ်အမြွက်ကို ပြနေကာ သူမက အပြုံးဖြင့် ပြောလိုက်သည်။ "ဒီအဝတ်ဟောင်းတွေက နံစော်နေပြီ၊ အသစ်သွား ဝယ်လိုက်ဦးမယ်”
ကျွော့ချင်းက မော့ပိုင်၏အင်္ကျီလက်ကိုဆွဲကာ သူ့ကို ပိုးထည်ဆိုင်ဆီသို့ ဆွဲခေါ်သွားသည်။ မော့ပိုင်က သူ့အင်္ကျီလက်ကို အေးတိအေးစက် ပြန်ဆွဲလိုက်သော်လည်း သူမနောက်သို့ လိုက်လာနေဆဲပင်။
တံခါးဝသို့ ဖောက်သည်တစ်ယောက် လာနေသည်ကို တွေ့သည်နှင့် ဆိုင်ရှင်က ချက်ချင်း နှုတ်ဆက်လာခဲ့သည်။
"သခင်လေး နှစ်ယောက်ကို..."
မော့ပိုင်၏ နှင်းကဲ့သို့ မျက်နှာဖြူဖြူနှင့် အပြာရောင်မျက်လုံးများကို မြင်လိုက်ရတာကြောင့် ဆိုင်ရှင်က ထိတ်လန့်သွားပြီး နောက်သို့ အမြန် ခြေတစ်လှမ်း ဆုတ်သွားခဲ့သည်။ မော့ပိုင်က ကျင့်သားရနေပုံပေါ်ပြီး သူ့၏အေးစက်သောမျက်နှာထားက ပုံမှန်အတိုင်း ဖြစ်နေဆဲပင်။
ကျွော့ချင်းက အဝတ်ဟောင်းများကို တစ်ကိုယ်လုံး လုံနေအောင် ဝတ်ဆင်ထားပြီး အနည်းငယ် ထူးဆန်းနေပုံသော်လည်း ဆိုင်ပိုင်ရှင်က သူမကို မော့ပိုင်ထက်ပိုပြီး စကားပြောလို စိတ်ပိုပြင်းပြနေသည်။ ဆိုင်ပိုင်ရှင်က ကျွော့ချင်း၏နောက်မှ လိုက်လာပြီး “ငါတို့ရဲ့ပိုးထည်က ချုံယွဲ့မှာ အရမ်းနာမည်ကြီးတယ်၊ မင်း ကြိုက်တာရွေးလို့ရပါတယ်.. ဒီမှာ စာသင်သားတွေအတွက် ဝတ်စုံကောင်းတွေလဲရှိတယ်။ မင်း ကြိုက်တဲ့ပုံစံ မတွေ့ရင်လည်း အရေးမကြီးဘူး။ ဆိုင်မှာလည်း စိတ်ကြိုက်ပုံစံကို ပြောပြီး ချုပ်လို့ရပါတယ်"
ကျွော့ချင်းက ဆိုင်၏ဘေးမှ အခန်းကျဉ်းလေးဆီသို့ လျှောက်သွားလိုက်ပြီး အသံကျယ်ကျယ်ဖြင့် "ငါ အဝတ်အစားလဲတာကို ကူညီဖို့ လူနှစ်ယောက် ရှာချင်တယ်"
ဆိုင်ရှင်က ထပ်ခါတလဲလဲ ခေါင်းငြိမ့်ရင်း ပြန်ဖြေလိုက်သည်။
“ရပါတယ်... ကျေးဇူးပြုပြီး....”
ကျွော့ချင်းက လက်ပိုက်ထားသည့် မော့ပိုင်နှင့် ပခုံးချင်းယှဉ်ရပ်လိုက်ကာ ထေ့ငေါ့ချင်သည့် အရိပ်အယောင်ဖြင့် ပြုံးနေရင်း "မျက်လုံးပြာ၊ မင်းရော ငါတို့နဲ့ အတူလိုက်ချင်လား?"
မော့ပိုင်က သူမကို ရိုးရှင်းစွာ လျစ်လျူရှု ထားပြီး အေးစက်နေမြဲဖြစ်ကာ သူမဘက်သို့ ကျောခိုင်းလိုက်ပြီး လမ်းဘက်သို့ ပြန်စိုက်ကြည့်နေလေသည်။ ကျွော့ချင်းက တိတ်တဆိတ် သက်ပြင်းချလိုက်သည်။
သူသာ တကယ် လိုက်လာရင် ငါတော့ ဒုက္ခရောက်ပြီ။
အမွှေးတိုင်တစ်ချောင်းကုန်သွားပြီးသော အချိန်တွင်...
"အား"
ရုတ်တရက် အခန်းထဲမှ ကျယ်လောင်သော အမျိုးသမီး အသံတစ်ခု ထွက်ပေါ်လာပြီး စူးရှသော ဆူညံသံများ ထွက်ပေါ်လာသည်။ မော့ပိုင်၏မျက်လုံးပြာများက ဖြူဖျော့သွားပြီး ထိုကောင်လေးက အမှန်ပင် လှည့်ကွက်များ ဆော့ကစားနေသည်ဟု တွေးကာ အခန်းထဲသို့ အလျင်အမြန် ပြေးဝင်သွားခဲ့သည်။ သေးငယ်သော နေရာက ရှုပ်ပွနေသော အဝတ်များ ပြန့်ကျဲရှုပ်ထွေးနေသည်။ ကြမ်းပြင်ပေါ်တွင် အစေခံကဲ့သို့ ၀တ်ဆင်ထားကာ မိန်းခလေးငယ်တစ်ဦးက ပက်လက်အနေအထားဖြင့် လဲလျောင်းနေပြီး သူမ၏မျက်နှာနှင့် နဖူးက အောက်ဘက်ကို စောင်းကျနေသည်။ မော့ပိုင် လှည့်ပတ်ကြည့်လိုက်ရာ မျက်စိဖြင့် မြင်ရသလောက် ထိုနေရာတွင် ပုန်းစရာ နေရာမရှိပေ။ .
ပိတ်ထားသော ပြတင်းပေါက်သေးသေးလေး၏အောက်တွင် ခြေနင်းခုံပါသည့် သစ်သားကုလားထိုင်တစ်လုံး ရှိနေပြီး ပြတင်းပေါက်ကို ဖွင့်လိုက်သည်နှင့် ဆိုင်၏နောက်ဖေးလမ်းကြားကို လှမ်းမြင်လိုက်ရသည်။ မော့ပိုင်က အခန်းကျဉ်းလေးထဲမှ အမြန်ခုန်ဆင်းပြီး နောက်ဖေးလမ်းကြားဆီသို့ ပြေးထွက်သွားခဲ့သည်။
ဆိုင်ပိုင်ရှင်ကလည်း အထဲသို့ ပြေးဝင်လာပြီး အခန်းအတွင်းမှ အရှုပ်အထွေးများကြောင့် လန့်ဖျပ်သွားခဲ့သည်။ သူ လှမ်းကြည့်လိုက်ရာ မော့ပိုင်က ပြတင်းပေါက်မှ ခုန်ထွက်သွားပြီး အနောက်ဖေးလမ်းကြားသို့ ပြေးသွားသည်ကို တွေ့လိုက်သဖြင့် သူက “ဒီဟာ၊ ဒါ... ဒါက ဘာလဲ?”
ဘာတွေ ဖြစ်နေတာလဲ?!
ဆိုင်ရှင်က တစ်စုံတစ်ယောက်ကို ခေါ်ရန် အလောတကြီး ကြိုးစားနေချိန်တွင် ကြမ်းပြင်ပေါ်၌ လဲလျောင်းနေသည့် အစိမ်းရောင်အဝတ်အစားများ ဝတ်ဆင်ထားသောအမျိုးသမီးက ရုတ်တရက် ထထိုင်လိုက်သည်။
သူ့ဆိုင်မှာ ဘာတွေဖြစ်နေတာလဲ? သူ့ဆိုင်မှာ ဒီလိုမိန်းမချောလေးတစ်ယောက်ပေါ်လာလိမ့်မယ်လို့ သူ တွေးတောင် မတွေးဖူးဘူး။ သူက ယောက်ျားလေးတစ်ယောက် အဝတ်အစားတွေ လဲဝတ်ဖို့ ကူညီပေးဖို့ ကောင်လေးတစ်ယောက်ကိုပဲ လွှတ်ပေးခဲ့တာလေ။
ဆိုင်ပိုင်ရှင်၏အတွေးမဆုံးခင်မှာပင် အမျိုးသမီးက ထရပ်ပြီးနေပြီ ဖြစ်ကာ ဆိုင်ပိုင်ရှင်နှင့် ဆန့်ကျင်ဘက်မှာ မတ်တပ်ရပ်လိုက်သည်။ ဆိုင်ပိုင်ရှင်က ထပ်ပြီး အံ့သြသွားပြန်သည်။
မိုးနတ်မင်းကြီးရေ... ဒီလို လှပတဲ့ ကောင်မလေးရဲ့ မျက်နှာတစ်ဖက်က ပျက်ဆီးနေတာ သနားစရာကောင်းလိုက်တာ! စိတ်မကောင်းစရာပဲ!!
ဆိုင်ရှင်က သူမအကြောင်းကို တွေးရင်း ရင်ဘတ်ကို ဖိချင်နေသော်လည်း ကျွော့ချင်းက အခွင့်အရေးကို ဆုပ်ကိုင်ရန် စိတ်အားထက်သန်နေပြီး မြေပြင်ပေါ်ကျနေသည့် သူမ၏စကတ်ကို မြှောက်ကာ အခန်းထဲမှ အမြန်ပြေးထွက်လာခဲ့သည်။ ဆိုင်ရှင်က အစိမ်းရောင်အရိပ်ကိုသာ မြင်လိုက်ရပြီး ဘာဖြစ်နေသည်ကို နားမလည်နိုင်ဘဲ တွေဝေနေဆဲပင်။ သူ သတိဝင်လာချိန်တွင်မှ ထိုမိန်းခလေး ဝတ်ဆင်ထားသည့် အဝတ်များက သူ့ဆိုင်မှ အဝတ်များဖြစ်သည်ကို သူ တွေးမိသွားခဲ့သည်။ ထိုအချိန်တွင် ကျွော့ချင်းက ဆိုင်ထဲမှ အလောတကြီး ပြန်ထွက်သွားပြီ ဖြစ်သည်။
ခဏအကြာတွင် ပိုးထည်ဆိုင်အတွင်းမှ ဆိုင်ပိုင်ရှင်၏ထိတ်လန့်တကြား အော်ဟစ်သံများ ထွက်လာပြီး ဆူညံပွတ်လောရိုက်လာတော့သည်။
“သူခိုးကို ဖမ်း… အဲ့ဒါက သူခိုးပဲ!!”
ကျွော့ချင်းက လမ်းကို ဖြတ်ကူးပြီး လူနည်းသည့်လမ်းကြားလေးတစ်ခုထဲသို့ ပြေးဝင်သွားခဲ့သည်။ လမ်းများက ကွေ့ကောက်နေပြီး ရှုပ်ထွေးလွန်းနေကာ သူမထံတွင် ထူးခြားသည့် မှတ်ဥာဏ်မျိုးမရှိလျှင် လမ်းပျောက်သွားတော့မည် ဖြစ်သည်။
အခုတော့ မျက်လုံးပြာက ငါ့ကို လွယ်လွယ်နဲ့ ရှာတွေ့နိုင်မှာ မဟုတ်တော့ဘူး။
ကျွော့ချင်းတစ်ယောက် ရွှင်မြူးနေလို့မှ မပြီးဆုံးခင် သူမနောက်မှ ရှုပ်ထွေးသောခြေသံများစွာ ထွက်ပေါ်လာသည်။ သူမက စူးစမ်းရန် လှည့်ကြည့်တော့မည်ဖြစ်သော်လည်း သူမမျက်လုံးများရှေ့တွင် အနက်ရောင်အရိပ်တစ်ခုကို မြင်လိုက်ရပြီး အေးစက်သော ဓားတစ်ချောင်းက သူမလည်ပင်းပေါ် ရောက်နေပြီးသား ဖြစ်နေတော့သည်။
သူမ ကံဆိုးနေတာ မဟုတ်ဘူးလား... နောက်ဆုံးမှ အမြီးလေးကို ဖြုတ်ချချန်ခဲ့နိုင်တာကို စွန့်စားခန်းမှာ ပြန်ဝင်ပါရတော့မယ်!
သူမရှေ့မှ လူက မုတ်ဆိတ်မွေးများ ရှိနေပြီး သူမ သူ့အသက်အရွယ်ကို လုံးဝမခန့်မှန်းနိုင်သော်လည်း သူ့မျက်လုံးများတွင် ကြောက်လန့်စရာ ရူးသွပ်မှုများ ပြည့်နှက်နေသည်ကို သူမ တွေ့လိုက်ရသည်။ ထို့အပြင် သူ ထပ်ခါထပ်ခါ ရေရွတ်နေသေးသည်။
"မင်း၊ မင်း... မင်း ရူးရူးမိုက်မိုက်တွေ မလုပ်နဲ့!"
ရူးရူးမိုက်မိုက်တွေ မလုပ်ရဘူးလား!
ကျွော့ချင်းက စိတ်ရှုပ်ထွေးသွားကာ တစ်ချိန်တည်းမှာပင် ထိတ်လန့်သွားခဲ့သည်။ ထိုအချိန်တွင် လှောင်ပြောင်သယောင်ယောင်နှင့် ဈေးသည်ဖြစ်နိုင်သည့် အရိပ်အမြွက်အသံများပါဝင်နေသည့် ယောက်ျားအသံတစ်ခုက သူမတို့နောက်မှ ထွက်ပေါ်လာပြန်သည်။
"မင်း ငါ့လက်ကနေ ဘယ်လိုမှ မလွတ်နိုင်ဘူး၊ ဒါကြောင့် ငါ ဘာမှ မလုပ်မိအောင် မင်း နာခံသင့်တယ်!"
မုတ်ဆိတ်နှင့်ယောက်ျားကြီးက ပို၍ပင် ထိတ်လန့်သွားပုံရသည်။ သူက ကျွော့ချင်း၏ ပခုံးကို လက်တစ်ဖက်ဖြင့် ဆုပ်ကိုင်ကာ သူ့ရှေ့တွင် ပိတ်ကွယ်ထားလိုက်သည်။
ကျွော့ချင်းလည်း မလှုပ်ဝံ့ပေ။ သူမလည်ပင်းမှ ဓါးက လှုပ်ယမ်းနေသည်ကို သူမ ရှင်းရှင်းလင်းလင်း ခံစားနေရသည်။ ထို့ကြောင့် သူမတကိုယ်လုံး တောင့်တင်းလာပြီး "မင်း လှုပ်နေတာကို ရပ်ပေးနိုင်မလား?"
မုတ်ဆိတ်မွေးနှင့်ယောက်ျားကြီးက အသက်ကို ပြင်းပြင်းရှုနေပြီး ကျွော့ချင်း ပြောနေသည်ကိုပင် သတိမထားနိုင်ပေ။ သွေးများ ပေါက်ထွက်လာလုနီးပါး နီရဲနေသည့် သူ့၏မျက်လုံးတစ်စုံက ထိတ်လန့်တကြားဖြင့် ရှေ့ကို စိုက်ကြည့်နေပြီး ခပ်တိုးတိုး လှောင်ပြောင်သံက အရှေ့မှ ထွက်ပေါ်လာပြန်သည်။
ကျွော့ချင်း မော့ကြည့်လိုက်ချိန်တွင် မလှမ်းမကမ်း လမ်းအဝင်ဝ၌ အမျိုးသားတစ်ဦး ပျင်းတိပျင်းတွဲ လက်ပိုက်ရပ်နေသည်ကို သူမ တွေ့လိုက်ရသည်။ သူက အပြာရောင်အင်္ကျီကို ၀တ်ဆင်ထားပြီး ပေါ့ပေါ့ပါးပါးဖြင့် သူ့ခြေချောင်းများဖြင့် မြေပြင်ကို ပုတ်ခတ်ဆော့ကစားနေခဲ့သည်။ ထိုလူက အသက်နှစ်ဆယ်ကျော်အရွယ်ခန့်ရှိပြီး ငယ်ရွယ်ပုံပေါက်နေကာ သူ့၏ရုပ်ရည်က ပြေပြစ်ချောမောသည့်အပြင် သူ့နဖူးအောက်တွင် ချွန်ထက်သော မျက်ခုံးများ ရှိနေသည်။ အနည်းငယ်ကျဉ်းမြောင်းသော ဖီးနစ်မျက်လုံးများက ဘာကိုမှ ဂရုမစိုက်တက်သည့် ပေါ့ပေါ့ပါးပါး သဘောထားကို ပြသနေသည်။
ထိုလူက မတ်မတ် ပြန်ရပ်လိုက်သည်နှင့် တပြိုင်နက် မုတ်ဆိတ်နှင့်လူက ထိတ်လန့်နေသော ယုန်တစ်ကောင်ကဲ့သို့ ချက်ချင်းပင် "ဒီကို မလာနဲ့၊ မဟုတ်ရင် ငါ... သူ့ကို သတ်ပစ်မယ်!"
ထိုလူက ကျွော့ချင်း၏မျက်နှာကို တစ်ချက်ကြည့်လိုက်ပြီး သူ၏ဖီးနစ်မျက်လုံးများက အနည်းငယ်မှိတ်တုတ်မှိတ်တုတ်ဖြစ်သွားကာ မျက်နှာပေါ်တွင် ရိုင်းစိုင်းသော အပြုံးတစ်ခု ပေါ်လာသည်။
"သူက ငါနဲ့ ဘာဆိုင်လို့လဲ။ မင်း ကြိုက်သလိုလုပ်၊ ဘာပဲဖြစ်ဖြစ် ငါ့ရည်ရွယ်ချက်က မင်းပဲ။ မင်းသတ်ခဲ့တာ ငါးယောက်ရှိပြီ နောက်တစ်ယောက်ထပ်ပိုလာလည်း မဆိုးပါဘူး၊ အဲ့ဒါဆို ငါ ငွေတစ်ရာလောက် ထပ်ရနိုင်မယ်!"
ဟုတ်တယ်! ဒီလူက ပိုက်ဆံနောက်ကို လိုက်နေတဲ့ ကြေးစားပဲ မဟုတ်လား။
မုတ်ဆိတ်နှင့်ယောက်ျားကြီးက ရှင်သန်ရန် မျှော်လင့်ချက်ကို တွေ့သွားပုံရပြီး စိတ်အားထက်သန်စွာဖြင့် "ကျေးဇူးပြုပြီး ငါ့ကို လွှတ်ပေးပါ၊ မင်း လိုချင်တဲ့ ငွေပမာဏကို ငါ ပေးမယ်။ အဲဒါက အစိုးရပေးတဲ့ ဆုကြေးထက် နှစ်ဆ၊ မဟုတ်ဘူး၊ မဟုတ်ဘူး၊ သုံးဆ!"
အပြာရောင်ဝတ်လူက စိတ်မရှည်သောအကြည့်ဖြင့် သူ့နားရွက်ကို ပွတ်သပ်နေပြီး "ငါ့ကို မိုက်မဲတဲ့စကားတွေ ပြောနေတာကို ရပ်လိုက်တော့၊ မင်းသတ်ချင်ရင် မြန်မြန်သတ်လိုက်။ ငါ ဗိုက်ဆာနေသေးတယ်! ဆုလာဘ်ကို မြန်မြန်သွားထုတ်ရမယ်“
သူ၏သွေးဆောင်မှု မအောင်မြင်သည်ကို နားလည်သွားသည့် မုတ်ဆိတ်နှင့် ယောက်ျားကြီးက ဓားကို ကျွော့ချင်း၏လည်ပင်းဆီသို့ ပိုကပ်လိုက်ပြီး "မင်း...မင်း ထပ်တိုးလာရင် ငါ... တကယ်သတ်မှာနော်!"
ကျွော့ချင်းက ထိုလူ သူမကို မကယ်တင်သော်လည်း အမှန်တကယ် မသေစေချင်ကြောင်း ခံစားနိုင်သေးသည်။ သို့မဟုတ်ပါက သူက သူမ၏အသက်နှင့်သေခြင်းကို လျစ်လျူရှုပြီး ထိုလူကို ဖမ်းဆီးရန် ခြေလှမ်းပြင်လိုက်မည် ဖြစ်သည်။ သူက ထိုလူကို ရက်ရက်စက်စက် ရန်စနေခြင်းပင်။
"ကျစ်" ကျွော့ချင်းက သူမ၏လည်ပင်းမှ နာကျင်မှုကို ခံစားလိုက်ရသည်။ ဓားရာက နက်ရှိုင်းခြင်းမရှိသော်လည်း သွေးများက တဖြည်းဖြည်း စိမ့်ထွက်လာပြီး သွေးနံ့သင်းသင်းလေးက လေထဲတွင် လွင့်နေသည်။ ကျွော့ချင်းက အသက်ကို ပြင်းပြင်းရှုလိုက်သည်။
အိုးးးး...နာတယ်ဟ!
လူမိုက်အစ်ကိုကြီးရေ... ကျေးဇူးပြုပြီး ညှိနှိုင်းလို့ရမလား? မဟုတ်ရင်လည်း ညှိနှိုင်းပေးနိုင်မယ့်သူကို လွှတ်ပေးနိုင်မလား?!
အခန်း ၁၇ ဝံပုလွေဂူထဲသို့
သွေးနံ့က မုတ်ဆိတ်နှင့်လူကို စိတ်ပျက်အားငယ်လုနီးပါး ဖြစ်အောင်လှုံ့ဆော်ပေးနေခဲ့သည်။ သူ့နဖူးရှိ သွေးကြောများက ထောင်လာပြီး သူ့မျက်လုံးများက ပိုနီရဲလာကာ သူ့ရှေ့မှ လူကို စိုက်ကြည့်နေရင်း "မင်းက ငါ့ကို လူသတ်ဖို့ ဖိအားပေးနေတာပဲ၊ မင်းက ငါ့ကို လူသတ်ဖို့ တွန်းအားပေးနေတာ”
သူက အော်ဟစ်နေရင်း ကျွော့ချင်း၏ဖြူဖွေးနုနယ်သောလည်ပင်းပေါ်သို့ ဓားကို အပေါ်သို့မြှောက်တင်လိုက်သည်။ ကျွော့ချင်း၏နှလုံးသားက တင်းကျပ်သွားသော်လည်း မုတ်ဆိတ်နှင့်လူက သူမ၏ပခုံးကို အခြားလက်ဖြင့် တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားတာကြောင့် ကျွော့ချင်း မလှုပ်ရှားနိုင်သေးပေ။
သူမ သေဖို့ပဲ စောင့်နေရတော့မယ်။
မုတ်ဆိတ်နှင့်လူက ဓားကို မြှောက်ပြီး ပြန်ချလိုက်ချိန်မှာ အပြာရောင် ဝတ်အမျိုးသားက သူ့၏ဖီးနစ်မျက်လုံးများဖြင့် မော့ကြည့်လိုက်သည်။ သူ့က သူ့လက်ကို မြှောက်လိုက်ပြီး သစ်ရွက်ရှည်ရှည်အရွယ်အစားလောက်သာရှိသည့် ဓားပျံတစ်စင်းက ပုစဉ်းရင်ကွဲများ အတောင်ခတ်သလို ပျံသန်းရင်း မြန်မြန်ဆန်ဆန် ပြေးထွက်လာခဲ့သည်။ ကျွော့ချင်းက အလွန်ပြင်းထန်သော လေတိုးမှုကို ခံစားလိုက်ရပြီး သူမ၏လည်ပင်းကလည်း ရုတ်တရက် ပူလာကာ သူမ၏လည်ပင်းပေါ်သို့ သွေးများ စီးကျလာသည်။
"အား!" ဝက်တစ်ကောင်အသတ်ခံလိုက်ရသလို အော်ဟစ်သံနှင့်အတူ မုတ်ဆိတ်နှင့်လူ၏လက်ထဲမှ ဓားက မြေပြင်ပေါ်သို့ ကျသွားသော်လည်း သူ၏လက်တစ်ဖက်က ကျွော့ချင်းကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားဆဲဖြစ်ပြီး လုံးဝ မလွှတ်ပေးခဲ့ပေ။
တောက်!
ဓါး၏ခြိမ်းခြောက်မှု မရှိတော့သောကြောင့် ကျွော့ချင်းက ထိုအခွင့်အရေးကို အမိအရ ဆုပ်ကိုင်လိုက်သည်။
သူမက သူမ၏ညာတံတောင်ဆစ်ကို ဘယ်လက်ဖြင့် ဆုပ်ကိုင်လိုက်ပြီး ညာလက်နှင့် ဘယ်ဘက်ပခုံးကို အုပ်လိုက်ကာ သူမ၏ဟန်ချက်ကို တည်ငြိမ်စေပြီး သူမ၏အင်အားကို သူမခန္ဓာကိုယ်အလယ်သို့ စုစည်းလိုက်သည်။ ထို့နောက် သူမက သူမ၏ ညာဘက်ပခုံးကို လျှော့ချလိုက်ပြီး ခါး၏ဘယ်ဘက်ခြမ်းကို လိမ်ထားကာ သူမအား ဖမ်းချုပ်ထားသည့်လူကို သူမ၏ခန္ဓာကိုယ်ဖြင့် တွန်းထုတ်လိုက်သည်။ တဖက်လူက ဒေါင်လိုက် တွန်းထုတ်ခံလိုက်ရပြီး အောက်ကို လဲကျသွားသည်။ ကျွော့ချင်းက သူမ၏မျက်လုံးများကို မှိတ်ထားရင်း ကုယွင်သင်ပေးထားဖူးသည့် နပန်းသတ်နည်းများထဲမှ တစ်ခုကို တိတ်တိတ်လေး ရွတ်ဆိုနေရင်း မုတ်ဆိတ်နှင့်လူကို ပြင်းပြင်းထန်ထန် တွန်းထုတ်ရန် သူမ၏ ခွန်အားရှိသမျှကို အသုံးပြုခဲ့သည်။
လဲပြိုသံတစ်ခု ထွက်ပေါ်လာပြီး မုတ်ဆိတ်မွေးနှင့်ယောက်ျားကြီးက သူမ၏ပုခုံးပေါ်မှ လှလှပပ ပစ်ချခံလိုက်ရသည်။ သူ့၏ခန္ဓာကိုယ်က ပေါ့ပါးသွားသလိုမျိုး အထိအတွေ့ကို သူ ခံစားလိုက်ရပြီး ကမ္ဘာကြီးက လည်ပတ်နေတော့သည်။ သူ ဘာမှ မသိလိုက်ခင်မှာပင် သူ မြေပြင်ပေါ်သို့ ပြန်ကျသွားပြီး လမ်းပေါ်ရှိကျောက်တုံးများက သူ့နောက်ကျောကို အတိုင်းအဆမရှိ အပြင်းအထန် နာကျင်စေခဲ့သည်။
ကျွော့ချင်းလည်း အဆင်မပြေနေခဲ့ပေ။ ယခုန သူမ စိတ်အားထက်သန်စွာ အားထုတ်မှုကြောင့် သူမ၏ခါးကို အလွန်အကျွံ လိမ်မိလိုက်ပုံရပြီး သူမလည်း နာကျင်စွာ ရှုံ့တွနေလေသည်။ သို့သော်လည်း နောက်ဆုံးတွင် သူမ အချုပ်အနှောင်မှ လွတ်မြောက်နိုင်ခဲ့သည်။ သူမ နာကျင်နေသည့်တိုင် ကျွော့ချင်းက တုန်တုန်ယင်ယင်ဖြင့် အပြာရောင်ဝတ်လူဆီ ပြေးသွားလိုက်သည်။
ထိုလူက သူမကို ပခုံးတွန့်ပြလာခဲ့ပြီး သူ့ခေါင်းကို အနည်းငယ် ခါယမ်းနေရင်း အလွန်ကြီးကျယ်သော အမူအရာဖြင့် “မြစ်တွေ၊ အင်းအိုင်တွေက အန္တရာယ်များတယ်၊ သိုင်းလောကကပိုပြီး အရမ်း အန္တရာယ်များတယ်…”
အိုး... ကမ္ဘာပေါ်မှာ အန္တရာယ်အရှိဆုံးနဲ့ ကြောက်စရာအကောင်းဆုံးလူတွေက အမျိုးသမီးတွေလို့ အဘိုးကြီး ပြောခဲ့တာ အံ့သြစရာ မဟုတ်တော့ဘူးပဲ။
ပိန်ပိန်ပါးပါး လက်နှစ်ဖက်နဲ့ ခြေသလုံးသေးသေးလေးတွေရှိနေတဲ့ မိန်းခလေးက သူမထက် နှစ်ဆလောက် သန်မာတဲ့ လူတစ်ယောက်ကို တကယ်ပဲ ပစ်ချလိုက်နိုင်တယ်~~~
အဘိုးကြီးက အရမ်းဥာဏ်ကောင်းတယ်... အဲ့လူက နည်းနည်းတော့ လှည့်စားတက်ပေမယ့်ပေါ့လေ! !
ကျွော့ချင်းက သူ့ကို စူးစူးရဲရဲ စိုက်ကြည့်နေသည်။
ထိုအချိန်တွင် မြေပြင်ပေါ်ရှိ မုတ်ဆိတ်မွေးနှင့်လူက မြေပြင်မှ ခက်ခက်ခဲခဲ ခုန်ထကာ ထိတ်လန့်တကြားဖြင့် ရှေ့သို့ ပြေးသွားတော့သည်။ မြေပြင်ပေါ်တွင် သွေးပါးပါးလေးများ ကျဆင်းနေကာ ဓားပျံက သူ့၏အရေးကြီးသော အစိတ်အပိုင်းကို ထိမှန်သွားကြောင်း ပြသနေသည်။
"မင်းက ထွက်ပြေးချင်သေးတယ်ပေါ့!" အင်္ကျီအပြာရောင်ဝတ်လူက အော်ဟစ်လိုက်ပြီး လက်မလုံးအရွယ်လောက်ရှိသည့် ကောက်ရိုးကြိုးကို သူ့ခါးမှ ဖြုတ်ကာ ကြိုးကွင်းပစ်လိုက်ပြီး မုတ်ဆိတ်နှင့်လူကို လွယ်လွယ်ပြန်ဆွဲယူကာ မြေပြင်ပေါ်သို့ ပြန်ကျသွားစေခဲ့သည်။ သူ့၏ဒဏ်ရာက ပြင်းထန်လွန်းသောကြောင့် မုတ်ဆိတ်နှင့်လူက ပြန်မထနိုင်တော့ပေ။
အပြာရောင်လူက ကြိုး၏တစ်ဖက်ကို သူ့ခါးတွင် ချည်လိုက်ပြီး ဂုဏ်ယူစွာ ပြုံးနေကာ "ဒီတစ်ခါ မင်းဘယ်ကို ပြေးမလဲ ကြည့်ရအောင်!"
ဒီလူက ငွေ ငါးရာတန်တယ်။ သုံးလကြာ လိုက်ဖမ်းခဲ့တာဆိုတော့ ထွက်ပြေးသွားရင် လုပ်ငန်းက ကြီးကြီးမားမား ဆုံးရှုံးရလိမ့်မယ်။
မုတ်ဆိတ်နှင့်လူက အနောက်သို့ ပြန်ခေါ်ခံလိုက်ရပြီး အပြာရောင်ဝတ်လူက အလွန်ဆိုးရွားသောအမူအရာဖြင့် ရေရွတ်နေကာ ကျောက်နံရံကို မှီနေသေးသည့် ကျွော့ချင်းကို လှမ်းကြည့်လိုက်သည်။
သူက သူမဘက်သို့ လှမ်းလာကာ ယဉ်ကျေးသောလေသံဖြင့် "ဟေး မင်း အဆင်ပြေရဲ့လား"
"တစ်ခုခုတော့ အဆင်မပြေဘူး" ကျွော့ချင်းက နာကျင်နေသေးသည့် သူမ၏ခါးကြွက်သားများကို ပွတ်သပ်နေရင်း ချွေးများ ထွက်နေလေသည်။ သူမ၏မျက်နှာက အလွန် ဖြူဖျော့နေပြီး သူမ၏လည်ပင်းတွင် သွေးစွန်းထင်းနေသည့်အရာများကြောင့် အထူးပင် ဖမ်းစားနိုင်ခဲ့သည်။
သူမက မိန်းကလေးတစ်ယောက်ဖြစ်ပြီး သူ့ကြောင့် ထိခိုက်ဒဏ်ရာရခဲ့သည်ဟု တွေးမိသောကြောင့် ထိုလူက သူ့မှာ တာဝန်နည်းနည်းရှိသည်ဟု ခံစားမိသွားပုံရသည်။
သူမကို တစ်ယောက်တည်းထားခဲ့တာမျိုးက မဖြစ်သင့်ဘူး မဟုတ်လား!
သူ့ကိုယ်သူ ယုံကြည်စေရန် မရေမတွက်နိုင်သည့် အကြောင်းပြချက်များကို ရှာတွေ့သွားပြီးနောက် ထိုအမျိုးသားက ကြီးမားသည့်ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်နိုင်ပုံပေါ်သည်။ သူက သူ့လက်ထဲမှ ပုလင်းသေးသေးလေးကို ဂရုတစိုက် ထုတ်ကာ အချိန်အတော်ကြာအောင် လှည့်ပတ်ကစားနေပြီးမှ ပြန်လှည့်လာကာ “ဒီမှာ မင်းအတွက်."
ကျွော့ချင်းက မော့ကြည့်လိုက်သည်။ ထိုလူက သူမလက်ကို ဆုပ်ကိုင်လိုက်ပြီး အနက်ရောင် မြေပဲစေ့အရွယ် ဆေးလုံးကို သူမလက်ဖဝါးထဲ ထည့်လိုက်ပြီးမှ တွန့်ဆုတ်နေသည့် အကြည့်ဖြင့် ပြန်ကြည့်နေသည်ကို သူမ တွေ့လိုက်ရသည်။
ကျွော့ချင်းက "ဒါကဘာလဲ?"
ထိုလူက စိတ်အားထက်သန်စွာဖြင့် "ငါ ပြောချင်တာလည်း ဒါပဲ၊ ဒီအရာက သွေးတိတ်စေတဲ့ ဆေးတစ်မျိုးဖြစ်လေ၊ ထိတ်လန့်တာကိုလည်း သက်သာစေတယ်၊ ဒါက အသက်ကယ်ဆေးပဲ မြန်မြန်သောက်လိုက်"
"အသက်ကယ်ဆေး...?" ကျွော့ချင်းက ခေါင်းငုံ့လိုက်ပြီး ထူးဆန်းသည့် အနံ့များထွက်နေသည့် သူမ၏လက်ထဲမှ အမဲရောင်ဆေးပြားကို တစ်ချက်ကြည့် လိုက်သည်။
ငါက ဒီပစ္စည်းကို မစားချင်ပါဘူးနော်။
ကျွော့ချင်းက မထေမဲ့မြင် နှာမှုတ်လိုက်သောကြောင့် ထိုယောက်ျားက စိတ်ဆိုးသွားပုံရသည်။ သူက သူ့လက်ကို ဆန့်ထုတ်လိုက်ပြီး "မင်း မစားချင်ရင် ငါ့ဆီကို ပြန်ပေး။ မင်းက မိန်းကလေးမဟုတ်ရင် ငါ ပေးတောင်မပေးဘူး။ မင်းက တခြားသူရဲ့ရည်ရွယ်ချက်ကောင်းကို နားမလည်ဘူး! ဒီဆေးပြားက လျန်ငါးဆယ်တန်တယ်"
သူမ မစားချင်သော်လည်း ထိုယောက်ျားက သူ့အသက်ထက် ပိုက်ဆံကို ချစ်မြတ်နိုးကြောင်း ကျွော့ချင်း နားလည်သွားပြီး သူမက ရုတ်တရက် ဆေးကို သူမ၏လက်ဖဝါးထဲတွင် ဆုပ်ကိုင်ကာ လက်ကို နောက်သို့ ဖွတ်ထားလိုက်သည်။ ထိုလူက ရှေ့သို့ တိုးကာ လုယူရန် ပြန်လိုက်သော်လည်း ကျွော့ချင်းက ဆိုးသွမ်းသော အပြုံးကို ထုတ်ဖော်ပြသလိုက်ပြီး ဆေးကို အဝေးသို့ လွှင့်ပစ်လိုက်သည်။ သူမ၏အလှပဆုံးအမူအရာနှင့်အတူ ဆေးလုံးက အမှိုက်များကြားထဲသို့ ကျသွားကာ ပျောက်ကွယ်သွားတော့သည်။
သူမ တကယ်လွှင့်ပစ်ခဲ့တာလား?!
ထိုလူက နာကျင်မှုများအပြည့်ရှိသော မျက်နှာဖြင့် ကျွော့ချင်းကို စိုက်ကြည့်နေသည်။
လျန်ငါးဆယ်... မင်းက လူကောင်းမဖြစ်နိုင်ဘူးလို့ ငါ ပြောနိုင်တယ်။
သူမလည်ပင်းမှ ဓားမြှောင်ရာတွင် သွေးအနည်းငယ်ထွက်နေသည်မှ လွဲ၍ သူမထံတွင် ဘာမှ ကြီးကြီးမားမား ထိခိုက်မရှိသောကြောင့် သူက သူမနှင့် ပြိုင်ဆိုင်ရန် စိတ်ဝင်စားခြင်း မရှိတော့ဘဲ သူမကို လုံးဝမနှောင့်ယှက်တော့ပေ။
သူက မုတ်ဆိတ်နှင့်လူ ဆီသို့ ပြန်သွားလိုက်ပြီး ဒေါသတကြီးဖြင့် နှစ်ကြိမ်လောက် ပြင်းပြင်းထန်ထန် ကန်ကျောက်လိုက်သည်။ ထို့နောက် ထိုလူက မုတ်ဆိတ်နှင့်လူကို ဆွဲထူလိုက်ပြီး ကျွော့ချင်းကို ထပ်မံမကြည့်ဘဲ လမ်းကြားမှ ထွက်သွားသည်။
ဒီလူက တကယ်ကို စိတ်ဝင်စားဖို့ကောင်းတယ်။
ကျွော့ချင်းက သူမလက်တစ်ဖက်ကို ဖြည်းညှင်းစွာ ဖွင့်ကြည့်လိုက်ပြီး မည်းနက်နေသည့် ဆေးလုံးက သူမလက်ဖဝါးပေါ်တွင် ရှိနေဆဲဖြစ်သည်။
ဆေးလုံးကို သူမ လက်လွှဲယူပြီးတာနဲ့ တခြားလက်တစ်ဖက်ထဲကို ပြောင်းထားပြီးသားလေ။
ကျွော့ချင်းက ဆေးလုံးကို သူမ၏ခါးပတ်ကြိုးပြားပေါ်မှ လျှို့ဝှက်အိတ်ကပ်ထဲသို့ ထည့်လိုက်သည်။ ထို့နောက် သူမက ထိုလူ၏ ယိမ်းနွဲ့နေသော နောက်ကျောကို လှမ်းကြည့်နေရင်း "ဟေး ရှင့်နာမည် ဘယ်လိုခေါ်လဲ?"
"ချမ်ကျင်း--(ချမ်မျိုးရိုးနဲ့ ဆေးဘက်ဝင်သစ်ပင်က ကျင်းပါ)"
လမ်းကြားထဲမှ ကွေ့ထွက်ရန် ပြန်နေသည့် ထိုလူက အဝေးမှ ပြန်အော်ပြောလိုက်သည်။
"ချမ်ကျင်း?!(ပိုက်ဆံရဲ့ချန်နဲ့ တွယ်ကပ်တယ်က ကျင်းပါ"
ကျွော့ချင်းက အံ့အားသင့်သွားပြီး သူမ၏ခေါင်းပေါ်တွင် အနက်ရောင်လိုင်းများ ဖုံးအုပ်သွားတော့သည်။
သူက ငွေကို အဲ့လောက်တောင် ချစ်တာလား...?
သူက အခုန ငွေအကြောင်း ခနခန ပြောနေခြင်းကို သတိရကာ ကျွော့ချင်းကို သူ့မိဘများကို ချီးကျူးမိသွားသည်။
သူ့မိဘတွေက အရမ်းအရမ်း အမြော်အမြင် ရှိလွန်းတယ်။
ကျွော့ချင်းက ထောင့်တစ်ထောင့်တွင် အချိန်အတော်ကြာ ထိုင်နေပြီးနောက် နောက်ဆုံးတွင် တည်ငြိမ်မှု ပြန်ရလာခဲ့သည်။ ကျွော့ချင်းတစ်ယောက် ခါးခါးသီးသီး ပြုံးနေခဲ့ပြီး သူမ ကံမကောင်းလွန်းလှသည်ကို တွေးနေမိသည်။ သို့သော်လည်း အနှစ်နှစ်ဆယ်ကျော်နေထိုင်ပြီးနောက်တွင် ဤနှစ်ရက်က သူမအတွက် စိတ်လှုပ်ရှားစရာအကောင်းဆုံး ဖြစ်သည်။
ကျွော့ချင်းက သူမ၏ခါးကို ကိုင်ထားရင်း လမ်းကြားဆီသို့ ခြေလှမ်းတစ်လှမ်းချင်း ရွေ့လာခဲ့သည်။ ရုတ်တရက်ပင် အနက်ရောင် ရထားလုံးတစ်စီး လမ်းကျဉ်းလေးထဲတွင် ပေါ်လာပြီး ရထားလုံး၏ကျယ်ပြန့်သော ကိုယ်ထည်ကြီးက လမ်းကို ပိတ်ဆို့လုမတတ် ဖြစ်နေလေသည်။ ကျစ်လျစ်ပြေပြစ်သော ရထားလုံး၏ခေါင်မိုးနှင့် နက်မှောင်ပြီး အရပ်ရှည်သော မြင်းများက ဤရထားလုံး၏တန်ဖိုးကို ပြသနေသည်။
ကျွော့ချင်း လှည့်ကြည့်လိုက်ချိန်တွင် ရထားထိန်း မရှိသလို အခြားမည်သူကိုမျှလည်း မတွေ့ရပေ။ မည်သို့ပင်ဖြစ်စေ ထိုရထားလုံးက သူမ၏လမ်းပိတ်ကို ပိတ်ဆို့ထားပြီး သူမ ဆက်လျှောက်ရန် မဖြစ်နိုင်တော့ပေ။ သူမ၏နောက်ကျောကလည်း ဆိုးဆိုးရွားရွား နာကျင်လာပြန်သည်။
ဘာမှ မဖြစ်ဘူး။ ခနနေရင် ပိုကောင်းလာမှာပါလေ။ ဆက်လျောက်မယ်။
ချက်ချင်းဆိုသလိုပင် ကျွော့ချင်းက သူမ၏စကတ်ရှည်ကို သူမ၏ခါးတွင် ချည်လိုက်ပြီး ရထားလုံး၏ဘောင်ကို လက်တစ်ဖက်ဖြင့် ဆွဲကိုင်ကာ ရထားခုံကို သူမ၏အခြားလက်တစ်ဖက်ဖြင့် ထောက်လိုက်သည်။ သူမ၏ခြေထောက်ကို အားယူပြီးနောက်တွင် ကျွော့ချင်းက နောက်ဆုံး အပေါ်သို့ မြှောက်တက်သွားခဲ့သည်။ ကျွော့ချင်းတစ်ယောက် ရထားခုံပေါ်သို့ ခက်ခက်ခဲခဲ တက်နိုင်သွားချိန်တွင် ရထားလုံး၏ကန့်လန့်ကာက ရုတ်တရတ် ပွင့်သွားပြီး ပြုံးနေသည့်မျက်လုံးတစ်စုံကို သူမ ရင်ဆိုင်လိုက်ရသည်။
ရထားလုံးပေါ်မှာ တစ်ယောက်ယောက် ရှိနေတာလား?
ဤလူ၏အသွင်အပြင်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရချိန်တွင် ကျွော့ချင်း စိတ်မကောင်းဖြစ်သွားရသည်။ မူလကတည်းက သူမ မကြိုက်ခဲ့သည့် သွယ်လျသော မျက်လုံးတစ်စုံက အပြုံးအရိပ်အယောင်များဖြင့် တောက်ပနေပြီး သူ၏ နှုတ်ခမ်းထောင့်များက ပို၍ပင် စိတ်အနှောင့်အယှက်ဖြစ်စရာ ကောင်းနေတော့သည်။
သူမ ဖယ်ရှားပစ်ရန် စိတ်အားထက်သန်စွာ ကြိုးစားခဲ့သော လို့ရှီးယန်က ယခုအခိုက်အတန့်တွင် ငြိမ်သက်နေပြီး သူမကို အေးအေးဆေးဆေး ကြည့်နေလေသည်။ အခြားတစ်ဖက်တွင်တော့ သူမက စက်ဝိုင်းကြီးတစ်ခုထဲတွင် ပြေးလွှားနေခဲ့ပြီး သနားစရာကောင်းလောက်အောင် ဖြစ်နေခဲ့သည်။ ယခုအခါတွင် သူမက သူမကိုယ်တိုင် ထောင်ချောက်ထဲသို့ ပြေးဝင်လာခဲ့မိပြီ ဖြစ်သည်။
"တိုက်ဆိုင်လိုက်တာ၊ ကိုယ်တို့ ပြန်တွေ့ကြပြီပေါ့"
ကြည်လင်ပြတ်သားသော ယောက်ျားသံက ခပ်ပါးပါးပြုံးနေသော အရိပ်အမြွက်ကိုတောင် ကြားယောင်လာစေသည်။
တိုက်ဆိုင်တာတဲ့လား ~~
ကျွော့ချင်းက မျက်ရည်မကျဘဲ ငိုချင်နေခဲ့သည်။
ငါ ဒီလို မကစားချင်ဘူးလို့...