← Chapters

အခန်း (၂၃-၂၄)

Vol. 3 Ch. 23-24

အခန်း (၂၃-၂၄)

Vol. 3 Ch. 23-24

အခန်း ၂၃ ထူးဆန်းသောရောဂါ (အပိုင်း ၂)

  သမားတော်ရန်က တုံ့ဆိုင်းနေပြီး ဘာလုပ်ရမှန်း မသိဖြစ်နေသည်ကို မြင်လိုက်ရချိန်တွင် ကျွော့ချင်းက ခိုကိုးရာမဲ့ ခေါင်းယမ်းလိုက်တော့သည်။ အားလုံး၏ အံ့အားသင့်နေသော မျက်လုံးများအောက်တွင် ကျွော့ချင်းက သူမ၏ ခြေထောက်ကို မြှောက်ကာ ခုတင်ပေါ်သို့ တိုက်ရိုက် လှမ်းတက်သွားခဲ့သည်။

သူမက ခုတင်အတွင်းဘက်သို့ တက်သွားကာ လို့ရှီးယန်ဘေးနားတွင် ဒူးထောက်တစ်ဝက်အနေအထားဖြင့် ဝင်ထိုင်လိုက်ပြီး သူ့၏ပုခုံးများကို ဆုပ်ကိုင်ကာ သူ့ကို ကူညီ‌ပေးရန် ကြိုးစားလိုက်သော်လည်း မထင်မှတ်ပဲ လို့ရှီးယန်က ပိန်ပိန်လေးနှင့် သူ၏ကြွက်သားများက အလွန်သန်မာကာ လေးလံလွန်းနေခဲ့သည်။

  သူမ၏ခွန်အားကို အသုံးမချနိုင်တော့သည့် ကျွော့ချင်းက မော့ပိုင်ကို ပြန်မော့ကြည့်လိုက်ကာ "မျက်လုံးပြာ၊ သူ ထထိုင်နိုင်အောင် ကူညီပေးပါ"

  မော့ပိုင်က မသေချာ မရေရာသောအရိပ်အမြွက်ဖြင့် သူမကို အေးစက်စွာ စူးစူးရဲရဲ စိုက်ကြည့်နေကြောင့် ကျွော့ချင်းက စိတ်မရှည်စွာ အော်ဟစ်လိုက်တော့သည်။

"နင် သူ့ကို မသေစေချင်ရင် မြန်မြန်လုပ်!"

  မော့ပိုင်က ခဏတာမျှ တုံ့ဆိုင်းနေပြီးမှ လို့ရှီးယန် ထိုင်နိုင်ရန် ကူညီပေးလိုက်သောကြောင့် လို့ရှီးယန် ထိုင်နိုင်သွားခဲ့သည်။ ကျွော့ချင်းက သူ ဝတ်ထားသောအဝတ်အစားများကို ဆုတ်ဖြဲကာ သူမ၏လက်တစ်ဖက်ဖြင့် သူ့ကျောကို ခပ်ဖွဖွ ပုတ်ပေးနေရင်း အခြားတစ်ဖက်က သူ့ရင်ဘတ်ကို တိုက်ရိုက် ထိလိုက်သည်။ လို့ရှီးယန်က ကျွော့ချင်း၏ လက်ကောက်ဝတ်ကို ရုတ်တရက် ဆုပ်ကိုင်လိုက်ပြီး သူ၏ သွယ်လျသော မျက်လုံးများ ရုတ်တရက် ပွင့်လာခဲ့သည်။ သူတို့ နှစ်ယောက် တစ်ယောက်ကို တစ်ယောက် ကြည့်နေရင်း ကျွော့ချင်းက တခဏတာမျှ မှင်တက်သွားခဲ့သည်။ ထိုမျက်လုံးများက တစ်ခါတစ်ရံ နွေဦးလေညင်းကဲ့သို့ ဖြစ်နေတက်ပြီး၊ တစ်ခါတစ်ရံ ကောက်ကျစ်စဉ်းလဲပြီး တွက်ချက်တတ်သည့် အရိပ်အယောင်များ ရှိနေတက်သည်။ သူ့မျက်လုံးများအတွင်းမှ နက်နဲမှုက သူမကို ထိတ်လန့်စေခဲ့သည်။ သူ့နဖူးမှ စီးကျလာသော ချွေးများက သူ့ပါးပြင်တလျောက် လျှောကျလာပြီး ကျွော့ချင်း၏လက်မောင်းပေါ်ကို စိုရွှဲသွားစေသည်။ သူမ၏လက်က တုန်ခါနေကာ သူ့လက်မောင်းကို တင်းကြပ်စွာ ဆုပ်ကိုင်ထားသည်။ သူ့လက်က နေ့လည်တုန်းက နူးညံ့အေးမြသောလက်များနှင့် မတူတော့ဘဲ ထိုလက်များက အလွန်သန်မာနေပြီး လက်ဖဝါးများကလည်း မီးကဲ့သို့ ပူလောင်နေခဲ့သည်။

  လို့ရှီးယန်၏ရင်ဘတ်ပေါ်မှ ကျွော့ချင်း၏လက်ကို မြင်လိုက်ရချိန်တွင် လို့ရှီးဝူက သည်းမခံနိုင်တော့ပေ။ ကျွော့ချင်းက သူမအစ်ကို၏ရင်ဘတ်ပေါ်တွင် အထက်အောက် လှုပ်ခါနေသောကြောင့် “နင် ဘာလုပ်တာလဲ? ရုပ်ဆိုးတဲ့မိန်းမ? လွှတ် လွှတ်စမ်း!!"

  ကျွော့ချင်းက လို့ရှီးဝူ၏အော်သံကို လျစ်လျူရှုလိုက်ပြီး လို့ရှီးယန်၏ နက်နဲသော မျက်လုံးများကို ပြန်ကြည့်ကာ တိုးတိုးလေး ပြောလိုက်သည်။

"လို့ရှီးယန်၊ ကျွန်မရဲ့စည်းချက်အတိုင်း အနားယူပြီး အသက်ရှူပါ"

  "အသက်ရှူ... ရှူသွင်း... ရှူထုတ်... ရှူသွင်း..."

  လို့ရှီးယန်က မျက်မှောင်ကြုတ်လိုက်သည်။

သူမ ဘာတွေလုပ်နေတာလဲ?! ဒါပေမယ့် သူမက သူ့ကို ထထိုင်စေပြီးတဲ့နောက်မှာ သူ့ရင်ဘတ်ထဲက မွန်းကြပ်နေမှုက ပိုသက်သာလာပုံရတယ်။

သူမက သူနှင့်အတူ စိတ်အားထက်သန်စွာ အသက်ရှုနေသည်ကိုကြည့်ရင်း လို့ရှီးယန်က သူ့၏နှလုံးသားထဲမှ နွေးထွေးလာသလို ခံစားလိုက်ရသည်။ နောက်ဆုံးတွင် သူက သူ့စိတ်ကို ဖြေလျှော့ကာ သူမ လမ်းညွှန်ပေးနေသော စည်းချက်အတိုင်း ဖြည်းဖြည်းချင်း အသက်ရှုလိုက်သည်။ သူမ၏လက်ကို ကိုင်ထားသော သူ့လက်ကိုလည်း တချိန်လုံး လွှတ်မပေးခဲ့ပေ။

ကျွော့ချင်းက လို့ရှီးယန်အား ရှူသွင်း၊ ရှူထုတ် လုပ်ခိုင်းနေသည်ကို   အားလုံးက စူးစူးဝါးဝါး စိုက်ကြည့်နေကြသည်။ သူတို့ ထိုကုသမှုမျိုးကို တစ်ခါမှ မမြင်ဖူးခဲ့သော်လည်း ထူးဆန်းစွာဖြင့် ထထိုင်ပြီးနောက် လို့ရှီးယန်က အကြိမ်ပေါင်းများစွာ အသက်ပြင်းပြင်းရှူနိုင်လာခဲ့သည်။ သူက မောနေသေးပုံရသော်လည်း ယခုနလောက် ခက်ခက်ခဲခဲ အသက်မရှုရတော့ပေ။ လွန်ခဲ့သော အခိုက်အတန့်တွင် သူက သူ့၏ထွက်သက်ဝင်သက်တိုင်းအတွက် ခန္ဓာကိုယ်ရှိခွန်အား အားလုံးကို အသုံးချနေခဲ့ရသည်။

  အသက်အနည်းငယ်ရှူပြီးနောက် ကျွော့ချင်းက သူမ၏ခေါင်းကို မော့ကာ သမားတော်ရန်ကို စိုက်ကြည့်လိုက်ပြီး အေးစက်သောလေသံဖြင့် ကြိမ်းမောင်းလိုက်သည်။

"ရှင် ကုစရာရှိတာကို ဆက်ကုလေ၊ ကျွန်မကို ကြည့်နေပြီး ဘာလုပ်မှာလဲ?!"

  နောက်ဆုံးတွင် သမားတော်ရန်က အသိစိတ်ပြန်ဝင်လာခဲ့သော်လည်း "အိုး~"ဟုသာ ထပ်ခါထပ်ခါ ပြောနေခဲ့သည်။ သူ့လက်အောက်ငယ်သားများကလည်း အပ်ကို ပေါ့ပေါ့ဆဆ မကိုင်ဝံ့ကြပေ။

အမွှေးတိုင်တစ်တိုင်ကုန်စာလောက် ကြာပြီးနောက်တွင်....

  တော်ဝင်သမားတော်နှင့် ကျွော့ချင်းတို့၏ ကြိုးစားအားထုတ်မှုဖြင့် လို့ရှီးယန်က ပိုအဆင်ပြေလာပုံရပြီး သူ၏အသက်ရှူသံများ ချောမွေ့လာသော်လည်း သူ့မျက်နှာက ဖြူဖျော့နေဆဲဖြစ်သည်။

  သမားတော်ရန်က အပ်ကို ပြန်ယူလိုက်ပြီး သူ့ခေါင်းပေါ်ရှိ ချွေးပုတီးစေ့များကို သူ့အင်္ကျီလက်ဖြင့် သုတ်လိုက်ကာ သက်ပြင်းရှည်ကြီးတစ်ခုကို တိတ်တဆိတ် မှုတ်ထုတ်လိုက်သည်။ ယခုအချိန်က အမှန်တကယ် အန္တရာယ်များလှသော်လည်း ကံကောင်းထောက်မစွာဖြင့် မိန်းမငယ်လေးက ထူးဆန်းသော လှုပ်ရှားမှုကို အသုံးပြုခဲ့သည်။ ထိုသို့မဟုတ်ပါက နောက်ဆက်တွဲ ဖြစ်လာနိုင်သည့် အကျိုးဆက်များကို သူ တွေးတောင် မတွေးရဲတော့ပေ။

  “သမားတော်ကြီး၊ ဆေးရလာပါပြီ” လက်ထောက်သမားတော်လေးက ဆေးအနက်ရောင်များ ထည့်ထားသော ပန်းကန်လုံးသန့်သန့်တစ်လုံးကို ကိုင်ဆောင်လာကာ သတိကြီးကြီးဖြင့် လှမ်းကြည့်နေလိုက်သည်။

  သူမ မျက်နှာ‌‌ရှေ့သို့ ဆေးမရောက်လာမီ ကျွော့ချင်းက တရုတ်တိုင်းရင်းဆေး၏ အနံ့ပြင်းသော အနံ့ကို ရရှိနေခဲ့သည်။

ကံကောင်းတာက ငါ အနောက်တိုင်းဆေးပညာကိုသာ ရွေးချယ်ခဲ့လို့ပေါ။ ဒီသရဲတစ္ဆေလို အနံ့က ငါ့ကို နေမကောင်းဖြစ်စေလောက်အောင်ပဲ။

သူမက သူမ၏နှာခေါင်းကို ဖုံးအုပ်ရန်ပြင်လိုက်ပြီးမှ သူမ၏လက်ကောက်ဝတ်ကို တင်းတင်းဆုပ်ကိုင်ထားသည့် လို့ရှီးယန်၏လက်ကို သတိထားမိသွားပြီး သူမ သူ့ကို ပြန်ကြည့်လိုက်ရာ သူ့မျက်လုံးကျဉ်းကျဉ်းလေးများထဲတွင် အေးစက်သောအလင်းရောင်တစ်ခု ဖျတ်ခနဲ လင်းလက်သွားသည်ကို တွေ့လိုက်ရသည်။ သူမ မဝင်လာခင်က သူ ဆေးပန်းကန်ကို တစ်ကြိမ် ပေါက်ခွဲခဲ့သေးသည်ကို သူမ ပြန်တွေးမိလိုက်သည်။

သူလည်း တရုတ်တိုင်းရင်းဆေးကို မုန်းတယ်လား?!

သမားတော်ရန်က ဆေးပန်းကန်ကိုယူကာ အိပ်ရာဆီသို့ လျှောက်လာခဲ့သည်။ မော့ပိုင်က ရှေ့သို့ ခြေတစ်လှမ်းတိုးလာပြီး "တော်ဝင်သမားတော်ရန်၊ ကျွန်တော်ကို ပေးပါ"

  “ဒါ…”

နောက်တစ်ခါ အမှားလုပ်မိမည်ကို ကြောက်နေပုံရသော သမားတော်ရန်က လို့ရှီးယန်ကို ကိုယ်တိုင်ကိုယ်ကျ ဆေးတိုက်ချင်နေပုံရပြီး တွန့်ဆုတ်နေလေသည်။ ထိုမတင်မကျ အခြေအနေတွင် ကျွော့ချင်းက ကြည်လင်လှပတဲ့ အပြုံးလေးဖြင့် ဝင်ပြောလိုက်သည်။

“တော်ဝင်သမားတော်၊ ရှင်လဲ တစ်ညလုံး ပင်ပန်းနေပြီမလား? ခဏလောက် အနားယူဖို့ မသွားချင်ဘူးလား? ခနနေရင် တခြား တော်ဝင်သမားတော်တွေ ရောက်တော့လာမယ်။ ရှင်မှာ လုပ်စရာရှိနေသေးရင် ဒီနေရာကို ဂရုစိုက်ဖို့ ကျွန်မတို့ကို ထားခဲ့လိုက်ပါ"

  စကားလုံးများက အလွန်ငဲ့ညှာပေးလွန်းနေပြီး ခုခံနိုင်စွမ်းမရှိသော အင်အားကို သယ်ဆောင်လာခဲ့သည်။ သမားတော်ရန် မော့ကြည့်လိုက်ချိန်တွင် ဟန်ဆောင်မှုမရှိဘဲ ခုတင်ပေါ်တွင် အေးအေးဆေးဆေးထိုင်နေသော မိန်းမငယ်လေးကိုသာ တွေ့လိုက်ရသည်။ သူမ၏လက်တစ်ဖက်ကို ဝန်ကြီးချုပ်က တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားပြီး ဝန်ကြီးချုပ်က သူမကို ကျောထောက်နောက်ခံပြုပေးနေပုံ ရသည်။ သမားတော်ရန်က မျက်လွှာအမြန်ပြန်ချလိုက်ပြီး သူ့လက်ထဲမှ ဆေးပန်းကန်လုံးကို မော့ပိုင်အား လှမ်းပေးကာ ဦးညွှတ်လိုက်သည်။

"ကောင်းပါပြီ၊ သခင်မ၊ ဒီကျွန်အိုကြီးက ဘေးခန်းမှာ ရှိနေပါ့မယ်။ တစ်ခုခုလိုရင် ချက်ချင်း ခေါ်လိုက်ပါ“

  "ကောင်းပြီ" ကျွော့ချင်းက သခင်မဟူသော ခေါင်းစဉ်ကို လုံးဝသတိမထားမိဘဲ လို့ရှီးယန်၏နှုတ်ခမ်းထောင့်များက အနည်းငယ် မြှင့်တက်သွားသည်ကိုလည်း သူမ သတိမထားမိပေ။

  “အစ်ကို…” လို့ရှီးဝူက သူမ၏နှုတ်ခမ်းကို ကိုက်ထားရင်း ခုတင်ရှေ့တွင် ဒူးထောက်ထိုင်နေကာ သူမ မငိုချင်သော်လည်း မျက်ရည်များက အထိန်းအကွပ်မရှိ ကျဆင်းလာသည်။

  လို့ရှီးယန်က သူ့လက်ကိုမြှောက်ကာ လို့ရှီးဝူ၏ မျက်လုံးထောင့်များမှ မျက်ရည်များကို အသာအယာ သုတ်ပေးလိုက်ပြီး "အစ်ကို အဆင်ပြေပါတယ်... ရှီးဝူ၊ အစ်ကို ချင်းသခင်မလေးကို ပြောစရာရှိတယ်၊ မင်း အရင်ထွက်သွားလိုက်တော့နော်"

  "ဟုတ်ကဲ့" လို့ရှီးဝူက ကျွော့ချင်းကို တစ်ချက်စိုက်ကြည့်ပြီးနောက် ဘာမှ မပြောဘဲ နာခံစွာ ထွက်သွားခဲ့သည်။

  မော့ပိုင်က ခန်းဆီးအပြင်ဘက်သို့ ဆုတ်ခွာသွားပြီး လို့ရှီးယန်နှင့် ကျွော့ချင်းတို့ကိုသာ ချန်ထားခဲ့သည်။ ကျယ်ဝန်းသောအတွင်းခန်းထဲတွင် နှစ်ယောက်သား မျက်နှာချင်းဆိုင်ထိုင်နေကြပြီး လို့ရှီးယန်၏ အသက်ရှူသံများက ထင်ထင်ရှားရှား မြင့်တက်လာသည်။ သူ့အဝတ်အစားများက အနည်းငယ် လျော့ရဲနေပြီး တောင့်တင်းသော ရင်ဘတ်နှင့် ဝမ်းဗိုက်ကြွက်သားများကို ယောင်ဝါးဝါးမြင်ရနေသည်။ သူ့၏အနက်ရောင်ဆံပင်များကိုလည်း တစ်ဝက်လောက်သာ ချည်နှောင်ထားသည်။ ကျွော့ချင်းက သူမရှေ့မှ မြင်ကွင်းကို ကြည့်နေပြီး ထိုမြင်ကွင်းက အလွန်ကောင်းမွန်နေသည်ဟု ဝန်ခံနိုင်သော်လည်း သူတပါးကို ယခုကဲ့သို့ စိုက်ကြည့်နေမိခြင်းက လွန်နေပြီလားဟု သူမ တွေးနေခဲ့သည်။

ဒါပေမယ့် ဒီလိုမျိုး မကြည့်ရင်လည်း ငါ့ကိုယ်ငါ့ လေးစားမှုကို ထိခိုက်စေလိမ့်မယ်။

ကျွော့ချင်းက သူကို မရိုးသားစွာ ကြည့်နေပြီး အနည်းငယ်ကျဉ်းသော မျက်လုံးများက သူမ ပြန်ကြည့်နေတာကို တွေ့လိုက်ရသောကြောင့် ကျွော့ချင်းက ရှက်ရွံ့စွာ ချောင်းဟန့်လိုက်ပြီး "ရှင် အခု စကားကို လျှော့ပြောပြီး များများ အနားယူလိုက်တာက ပိုကောင်းမယ်။ ရှင် ပြောစရာတွေ ရှိရင် သက်သာလာတဲ့ အထိ စောင့်ပါ၊ အခုက နောက်ကျနေပြီ"

  "ကိုယ် တစ်ခုလောက် ပြောချင်တယ်"

  ကျွော့ချင်းက လို့ရှီးယန်ကိုင်ထားသည့် သူမလက်ကို မြှောက်လိုက်ပြီး ရွှင်မြူးစွာဖြင့် "အဲ့ဒါဆိုလည်း ပြောပါ၊ ဒါပေမယ့် ကျွန်မကို အရင်ဆင်းခွင့်ပြုပေးနိုင်မလား?!"

  ဒါက ဘယ်လောက်ရှက်ဖို့ကောင်းလဲ? သူ မသိဘူးလား?

လို့ရှီးယန်က အလွန်ရယ်ချင်နေခဲ့သည်။

သူမလိုမျိုး ယောက်ျားတစ်ယောက်ကို စိုက်ကြည့်နေတဲ့ မိန်းခလေးကို သူ တစ်ခါမှ မမြင်ဖူးဘူး။

နောက်ဆုံးတွင် လို့ရှီးယန်က သူမကို အရှက်မခွဲချင်တော့ဘဲ သူမလက်ကို ညင်သာစွာ လွှတ်ပေးလိုက်သည်။ ကျွော့ချင်းက အမြန်ထရပ်ကာ ခုတင်ပေါ်မှ ခုန်ဆင်းလိုက်သည်။ သူမက အနီးနားရှိ ခေါင်းအုံးအနည်းငယ်ကို ယူရန် မမေ့ဘဲ လို့ရှီးယန်၏ခါးအောက်တွင် ထားပေးကာ ၎င်းတို့ကို မှီထိုင်စေခဲ့သည်။

  သူ့ဘေးနားမှ အလုပ်ရှုပ်နေသည့် အသွင်အပြင်လေးကို ကြည့်နေရင်း လို့ရှီးယန်က ရုတ်တရက် သူ့အသံကို လျှော့ချလိုက်ကာ "ကိုယ် ဒီရောဂါကို ခံစားခဲ့ရတာ နှစ်အတော်ကြာနေပြီ၊ တော်ဝင်သမားတော်တွေက ကိုယ့်ကို ကုသပေးခဲ့တာလည်း ကြာပါပြီ၊ ဒါပေမယ့် တိုးတက်မှု မရှိခဲ့ဘူး။ အခုန မင်းရဲ့နည်းလမ်းက အရမ်းထိရောက်တယ်လို့ ထင်တာပဲ၊ မင်းကိုယ့်ရဲ့အနားမှာနေပြီး ကိုယ့်ကို ဂရုစိုက်ပေးနိုင်မယ်လို့ မျှော်လင့်တယ်"

  "အခုန ကျွန်မလုပ်ပေးခဲ့တာက ရှေးဦးသူနာပြုနည်းပဲ၊ တိကျတဲ့ကုသမှုကို ကျွန်မ မသိဘူး"

သူမက အနောက်တိုင်းဆေးပညာကို လေ့လာခဲ့ပြီး အလောင်းခွဲစိတ်မှုပြုလုပ်ရန် ‌ရွေးချယ်ခဲ့သော်လည်း အခြေခံဆေးပညာကို တက်ကျွမ်းနေသောကြောင့် ဆေးကုပေးရမည်ဆိုလျှင်လည်း ပြဿနာ မရှိပေ။ သို့သော်လည်း အထူးသဖြင့် ဆေးဘက်ဆိုင်ရာကိရိယာများ မရှိသည့်အခါတွင် ရောဂါများကို ကုသခြင်းက သူမတက်နိုင်သော အရာမဟုတ်ပေ။

  "ကိစ္စမရှိပါဘူး၊ ကိုယ် အနာကျင်ဆုံးအချိန်မှာ မင်း ကိုယ့်ကို ကူညီပေးနိုင်ရင် လုံလောက်ပြီ"

  ကျွော့ချင်းက သက်ပြင်းချလိုက်ပြီး အကြောင်းပြချက်မရှိ စိတ်မသက်မသာ ဖြစ်နေခဲ့သည်။

သူက ဒီလို စိတ်အားထက်သန်နေတဲ့ အမူအရာနဲ့ ပိုသင့်တော်တယ်။ ဒါပေမယ့် လို့ရှီးယန်က သူ နေမကောင်းဟန်ဆောင်နေတယ်လို့ ပြောနေပြီး တကယ်ကို ထူးဆန်းနေတယ်။ မဖြစ်နိုင်ဘူးလေ။ သူ နေမကောင်းချင်ယောင်ဆောင်လို့ မရဘူးလေ။ တကယ်နေမကောင်းရင် ဘာလို့ ဆေးမသောက်တာလဲ?

ဒီနေရာမှာ သူမ မသိတဲ့ လျှို့ဝှက်ချက်အချို့ ရှိနိုင်တာလည်း ဖြစ်နိုင်ပေမယ့် သူမက အဲ့ဒါကို သိရဖို့ စိတ်မဝင်စားဘူး။ သူမက ကုယွင်ကို ရှာချင်ရုံလေးပဲ။

 ကျွော့ချင်းက သူမစိတ်ထဲမှ အတွေးကြောင့် လို့ရှီးယန်၏ ရည်ရွယ်ချက်ကို မငြင်းဆန်တော့ဘဲ တည်ငြိမ်စွာဖြင့် "ကောင်းပြီ ကျွန်မ ဒီမှာနေနိုင်ပေမယ့် တစ်လအတွင်း ကျွန်မရဲ့ညီအစ်မတွေကို တွေ့ချင်တယ်"

  "ကောင်းပြီ"

သူ့အတွက်တော့ ဒါက ကိစ္စသေးသေးလေးပဲလေ။

  "ကောင်းပြီ၊ ကျွန်မတို့ သဘောတူညီမှုတစ်ခု ရသွားပုံရတယ်"

ကျွော့ချင်းက မော့ပိုင်ချန်ထားခဲ့သည့် ဆေးရည်ပန်းကန်ကို ကောက်ကိုင်လိုက်ပြီး လို့ရှီးယန်ဆီကို မသွားဘဲ ပြတင်းပေါက်ဆီသို့ လျှောက်သွားကာ နှမြောနေသည့်မျက်နှာလေးဖြင့် "အို... ဒီဆေးတွေက အေးသွားပြီ၊ အဲ့ဒါဆိုရင် ဆေးက ထိရောက်မှုနည်းသွားမှာ စိုးရိမ်ရတယ်၊ တော်ဝင်သမားတော်က ဆေးအသစ် ညွှန်းတဲ့အထိ စောင့်တာ ပိုကောင်းပါတယ်လေ”

သူမက ပြောနေရင်းဖြင့် ဆေးအားလုံးကို ပြတင်းပေါက်ရှေ့မှ အိုးထဲသို့ မဆိုင်းမတွ လောင်းထည့်လိုက်သည်။

  သူမက အိုးထဲမှ အပင်လေးများကို ကျေနပ်စွာ ကစားနေပြီးမှ သူ့ဘက်သို့ ပြန်လှည့်လာခဲ့သည်။ လို့ရှီးယန်က သူမ၏မျက်လုံးများကို စူးစူးရဲရဲ စိုက်ကြည့်နေခဲ့ပြီး သူမက သူမျှော်လင့်ထားတာထက် ပိုထက်မြက်နေသည်ကို သူ နားလည်လိုက်ရသည်။ သူမ အပင်များကို ထားခဲ့ပြီး ပြန်လှည့်လာချိန်တွင် အိမ်အပြင်ဘက်မှ ကျင်းစ၏ အေးစက်စက်အသံကို ရုတ်တရက် ကြားလိုက်ရသည်။

"သခင်၊ ဧကရာဇ်မင်း ကြွရောက်လာပါတယ်"

  ဧကရာဇ်က ဒီကိုရောက်လာတာလား!?

"မော့ပိုင်"

လို့ရှီးယန်က အသံနိမ့်နိမ့်ဖြင့် ခေါ်လိုက်ပြီး  မော့ပိုင်က အတွင်းခန်းထဲသို့ ဝင်လာခဲ့သည်။ လို့ရှီးယန်က သူ့နားထဲသို့ စကားအနည်းငယ်ပြောပြီးနောက် သူက ရုတ်တရက် ထရပ်လိုက်ကာ ကျွော့ချင်းကို ဆွဲခေါ်သွားသောကြောင့် ကျွော့ချင်း စိတ်ရှုပ်သွားရသည်။

ဘာတွေလုပ်နေကြတာလဲ?! ဧကရာဇ် ဒီကို ရောက်လာတာက သူမနဲ့ ဘာဆိုင်လို့လဲ? သူတို့က ဘာကြောင့် အရမ်းစိတ်လှုပ်ရှားနေကြတာလဲ? သူမက အရှက်မရှိတဲ့သူလား?

  နှစ်ယောက်သား မြင်ကွင်းမှ ပျောက်သွားချိန်တွင် အိမ်အပြင်ဘက်တွင် နှုတ်ဆက်သံများ ထွက်ပေါ်လာသည်။

"ဧကရာဇ်မင်းမြတ် သက်တော်ရာကျော်ရှည်ပါစေ"

  ဧကရာဇ် ခြံအပြင်ဘက်တွင် ရှိနေသည်မှာ ထင်ရှားနေသောကြောင့် မော့ပိုင်က သူမကို အိမ်ထဲသို့သာ ပြန်ခေါ်လာနိုင်ခဲ့သည်။

  "ကြိုဆိုနေစရာ မလိုပါဘူး!" စိတ်မရှည်မှုနှင့် မောက်မာမှုများ ပါဝင်နေသည့် အမျိုးသားအသံတစ်ခု ထွက်ပေါ်လာပြီး တံခါးက ပြင်းထန်စွာ တွန်းဖွင့်ခံလိုက်ရသည်။

အခန်း ၂၄ ဧကရာဇ် ကြွချီလာပြီ

  "ကြိုဆိုနေစရာ မလိုပါဘူး!" စိတ်မရှည်မှုနှင့် မောက်မာမှုများ ပါဝင်နေသည့် အမျိုးသားအသံတစ်ခု ထွက်ပေါ်လာပြီး တံခါးက ပြင်းထန်စွာ တွန်းဖွင့်ခံလိုက်ရသည်။ .

တစ်ချိန်တည်းမှာပင် ဖယောင်းတိုင်မီးများ တောက်ပနေသော အတွင်းခန်းထဲတွင် မော့ပိုင်က သူ့၏အင်္ကျီလက်စများ ဖြည်းညှင်းစွာ လှုပ်ခတ်လိုက်ရာ အားနည်းသော ဖယောင်းတိုင်မီးလေးတစ်ခုသာ ကျန်နေခဲ့ပြီး ကျန်သည့်ဖယောင်းတိုင်များအားလုံး ငြိမ်းသွားခဲ့သည်။

  မော့ပိုင်က ကျွော့ချင်းကိုလည်း ခန်းဆီးနှင့်ကပ်နေအောင် တွန်းပို့လိုက်သည်။ သူမ မတုံ့ပြန်နိုင်ခင်မှာပင် သူမ၏ လက်ထဲသို့ လင်ဗန်းတစ်ချပ် ရောက်လာပြီး ကတိုက်ကရိုက်လျောက်လှမ်းနေပုံရသော ခြေသံများလည်း ထွက်ပေါ်လာခဲ့သည်။ ကျွော့ချင်း မော့ကြည့်လိုက်ရာ အရပ်မြင့်မြင့် ပုံရိပ်တစ်ခု မြန်မြန်ဆန်ဆန် လျှောက်လှမ်းလာသည်ကို သူမ တွေ့လိုက်ရသည်။ ထိုလူက ကျွော့ချင်းဘက်ကို ကျောပေးထားသောကြောင့် သူမက သူ့၏အသွင်အပြင်ကို မမြင်ရပေ။ ထိုလူက မီးခိုးရောင်နှင့် အနက်ရောင်ပါသော ဝတ်ရုံကို ၀တ်ဆင်ထားပြီး အင်္ကျီလက်ပေါ်တွင် ရွှေချည်ဖြင့် ထိုးထားသော တိမ်ပုံစံပန်းထိုးနှင့် အနက်ရောင် နဂါးကို မြင်နေရသည်။ သူ့အဝတ်အစားများက သာမာန်မဟုတ်ကြောင်းပြသနေသလို အကန့်အသတ်မရှိ ဇိမ်ခံသည့်အသွင်အပြင်ကို ဖော်ပြနေခဲ့သည်။ တချိန်တည်းမှာပင် သူ့၏မြင့်မြတ်မှု၊ ခန့်ညားမှုနှင့် မောက်မာပုံရသော သွင်ပြင်ကိုလည်း အပြည့်အဝ ဖော်ပြနေခဲ့သည်။

  ထိုလူက တံခါးထဲဝင်သွားသည်နှင့် တပြိုင်နက် ခုတင်ပေါ်တွင် ကျောတစ်ဝက်မှီကာ ထိုင်နေသော လို့ရှီးယန်ကို လှမ်းကြည့်လိုက်သည်။ သူ့မျက်နှာက ချက်ချင်း မည်းမှောင်လာပြီး "မင်း အိပ်နေလေ၊ ထိုင်ပြီး ဘာလုပ်နေတာလဲ?!"

  "တော်ဝင်သမားတော်က ဘယ်မှာလဲ?" အခန်းကျယ်ကြီးထဲတွင် မော့ပိုင်နှင့် အစေခံတစ်ယောက်ကိုသာ တွေ့လိုက်ရသောကြောင် ထိုလူက ချက်ချင်း ဒေါသဖြစ်သွားပုံရကာ "သူက သူ့အသက်ကို မလိုချင်တော့ဘူးလား? အခု ဘယ်သွားနေတာလဲ?!"

  ကျွော့ချင်းက သူမ၏ နားရွက်များကို ညင်သာစွာ ကုတ်ချလိုက်သည်။

ဒါက ဘုရင့်ရဲ့ဂုဏ်ကျက်သရေနဲ့ တော်ဝင်ကျင့်ဝတ်လို့ ခေါ်တဲ့အရာလား?!

ထိုဧကရာဇ်က စိတ်နေသဘောထား မကောင်းကြောင်း သိသာနေသောကြောင့် သူမ ငြိမ်သက်စွာ နေလိုက်ခြင်းက ပိုမိုကောင်းမွန်နိုင်သည်ဟု တွေးလိုက်မိချိန်တွင် ကျွော့ချင်းက သူမ၏ခေါင်းကို ငုံ့လိုက်ကာ သူမ၏မျက်လုံးများကိုပါ မှိတ်ချထားလိုက်သည်။

  လို့ရှီးယန်က သူ၏နဖူးကို ညင်သာစွာ ပွတ်သပ်နေပြီး ခပ်ဖျော့ဖျော့ အပြုံးဖြင့် "ငါ ဆေးသောက်ပြီးလို့ နည်းနည်းသက်သာ လာပါပြီ။ အခုတော့ မင်း အော်နေလို့ ခေါင်းကိုက်လာပြီ!"

သူက ဒေါသကြီးရုံတင်မကဘူး၊ အသံကလည်း ကျယ်သေးတယ်!

  ယန်းဟုန်ထျန်းက သူ့ကို စိုက်ကြည့်ရင်း အေးစက်စွာ နှာမှုတ်လိုက်သည်။ "ကျေးဇူးကန်းတဲ့ အကောင်၊ ငါက မင်း နေမကောင်းဘူးလို့ ကြားတာနဲ့ မရပ်မနား ဒီကို အမြန်ပြေးလာခဲ့တယ်၊ မင်းကတော့ တော်တော်ကောင်းတာပဲ!"

ချုံယွဲ့ ဒါမဟုတ် တိုင်းပြည်ခြောက်ခုလုံးမှာ သူ့ကို ဒီလိုမျိုး ပြောဆိုဝံ့တဲ့သူက ဒီလူတစ်ယောက်တည်းပဲ ရှိတာလေ။

  လို့ရှီးယန်က ချက်ချင်းပင် မတ်မတ်ထထိုင်ကာ လက်နှစ်ဘက်လုံးကို လက်ခုပ်တင်းတင်းဆုပ်လိုက်ပြီး လေးနက်သောအမူအရာဖြင့် "ဒီအရာရှိက ဧကရာဇ်ကို နှောက်ယှက်မိလို့ စိုးရွံမိပါတယ်"

  "လို့...ရှီး...ယန်!"

  လို့ရှီးယန်က မျက်ခုံးပင့်လိုက်ပြီး ယန်းဟုန်ထျန်း၏ အေးစက်သောမျက်လုံးများက အနည်းငယ် ကျဥ်းမြောင်းသွားကာ နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် စိုက်ကြည့်နေကြသည်။ သူတို့နှစ်ယောက်ကြားမှ ဆက်ဆံရေးက ထူးဆန်းနေသည်ကို မြင်နေရသောကြောင့် ကျွော့ချင်းက လျှို့ဝှက်စွာ မှန်းဆနေခဲ့သည်။

ဒီလူနှစ်ယောက်... အရှင်သခင်နဲ့ သူ့ဝန်ကြီးကြားက ဆက်ဆံရေးက သမရိုးကျ မဟုတ်ဘူးပဲ၊ ပြီးတော့ အခု သူတို့နှစ်ယောက် ရန်ဖြစ်ကြ‌တော့မှာ မဟုတ်ဘူးလား?

ကံမကောင်းစွာဖြင့် သူတို့က သူမကို စိတ်ပျက်သွားစေခဲ့ပြီး ယန်းဟုန်ထျန်းက ခုတင်ပေါ်သို့ ရုတ်တရက် ဝင်ထိုင်လိုက်သည်။ လို့ရှီးယန်၏မျက်နှာက အမှန်တကယ် အဆင်ပြေနေသည်ကို တွေ့လိုက်ရသောကြောင့် သူက စိတ်ကျေနပ်သွားပြီး အသံတိုးတိုးဖြင့် "ဒီလက်ဆောင်ကို ကျေနပ်ရဲ့လား

  "ဘာလက်ဆောင်လဲ?"

လို့ရှီးယန်က အံ့သြသွားပုံရသည်။

  "ချင်းဖုန့်"

  "သူ(မ)..." လို့ရှီးယန်က သူ့မျက်လုံးများကို ညင်သာစွာ မော့လိုက်ပြီး ယန်းဟုန်ထျန်း၏ ပခုံးကို ကျော်ကာ နောက်တွင် နာခံမှုရှိရှိ ရပ်နေသော ကျွော့ချင်းကို တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် သူက အနည်းငယ် ပြုံးလိုက်ပြီး "အရမ်းကောင်းတယ်"

  အရမ်းကောင်းတယ်တဲ့လား? ရှီးယန်က အမျိုးသမီးတွေအပေါ် ဒီလိုမှတ်ချက်ပေးဖို့ ခဲယဥ်းလွန်းလှတယ်။

"အရသာတွေ့ရဲ့လား?"

  ဘာ... ဘာကို... အရသာတွေ့ရဲ့လားလဲ!?  သူမက ဝက်နံရိုးထမင်းလား?! သူက မိန်းမတွေကို ဘယ်လို ထင်နေတာလဲ?!

ကျွော့ချင်း၏ ဦးခေါင်းတွင် အနက်ရောင်လိုင်းများ ဖုံးလွှမ်းလာပြန်သည်။ ကျွော့ချင်း၏ စိတ်ဓာတ်ကျနေပုံရသော အကြည့်ကြောင့် လို့ရှီးယန်က ရယ်ချင်သွားပြီး ရုတ်တရက် ပြင်းထန်စွာ ချောင်းဆိုးလိုက်သည်။

" အဟွတ်... အဟွတ်... အဟွတ်...."

  "မင်း ဘာလို့ ထပ်ပြီး ချောင်းဆိုးနေတာလဲ!?" ယန်းဟုန်ထျန်းက မျက်မှောင်ကြုတ်ကာ သူ့နောက်ကျောကို ပုတ်ပေးနေရင်း ပြောလိုက်သည်။

"မင်းလည်း အသက်မငယ်တော့ဘူး၊ မင်းမှာ တကယ်ကို ဇနီးတစ်ယောက် ရှိသင့်နေပြီ၊ ဒါကြောင့် မင်းရဲ့လို့မိသားစုအတွက် နာမည်ကောင်းတစ်ခု ထားနိုင်စေဖို့ မင်းနဲ့ ရွှယ်အာကိစ္စ..."

  ယန်းဟုန်ထျန်း၏စကား မဆုံးခင်မှာပင် လို့ရှီးယန်က သက်ပြင်းချလိုက်ပြီး "ငါက သေတော့မယ်လူလေ၊ ငါ့နောက်လိုက်တဲ့သူတိုင်းက ဒုက္ခရောက်လိမ့်မယ်။ ပထမဇနီးနေရာကို လွှတ်ထားလိုက်ကြရအောင်"

  လို့ရှီးယန်က ပေါ့ပေါ့ပါးပါး ပြောနေခဲ့သော်လည်း ယန်းဟုန်ထျန်းက အနည်းငယ် ဒေါသထွက်သွားပုံရသည်။

"မင်း ဘာတွေ ပေါက်ကရပြောနေတာလဲ? ရွှယ်အာ မင်းနောက်ကို လိုက်နိုင်ရင် အဲ့တာက သူ(မ)အတွက် ကောင်းချီးပဲ။ မင်း ရွှယ်အာကို မကြိုက်ရင် နောက်တစ်ယောက် ရွေးလိုက်"

  လို့ရှီးယန်က ထိုအရာကို လက်မခံဘဲ အကြောင်းအရာပြောင်းရန် ဆင်ခြေတစ်ခု ရှာလိုက်ကာ "မြောက်ပိုင်းချီနဲ့ တိနိုတို့က တစ်နှစ်ပတ်လုံး အချင်းချင်း ရန်ဖြစ်နေတာ၊ ဒီတစ်ကြိမ်မှာ မြောက်ပိုင်းချီက ချုံယွဲ့ကို အားကိုးဖို့ ရောက်လာတယ်။ သူတို့ အကူအညီတောင်းဖို့လာတာလို့ ငါ ထင်တယ်“

  "ဘယ်လောက်ကောင်းတဲ့ အကြံလဲ! မြောက်ပိုင်းချီက ချုံယွဲ့ကို တာဝန်ယူစေချင်ရင် သူတို့ ပေးချင်တဲ့ဈေးပေါ် မူတည်တယ်။ ဒီကိစ္စအတွက် စိတ်မပူနဲ့”

လို့ရှီးယန်က ရွှယ်အာနှင့် အိမ်ထောင်ရေးအကြောင်း မပြောချင်သည်ကို သိလိုက်သောကြောင့် ယန်းဟုန်ထျန်းက သူ့ကို အတင်းအကျပ် မပြောတော့ပေ။

ရှီးယန်ကလွဲရင် ကမ္ဘာပေါ်က ဘယ်သူကိုမဆို သူ အတင်းအကျပ် လုပ်နိုင်တယ်။

သူက လို့ရှီးယန်၏ ပုခုံးကို ပုတ်လိုက်ကာ မတ်တပ်ရပ်လိုက်ပြီး "ကောင်းကောင်းအနားယူပြီး ကိုယ့်ကိုကိုယ် ဂရုစိုက်ပါ။ ငါ အရင် ပြန်တော့မယ်။ နောက်ရက်အနည်းငယ်ကြာတဲ့အထိ ညီလာခံကို မလာနဲ့"

  "အမ်း"

  ယန်းဟုန်ထျန်းက မတ်တပ်ထရပ်ပြီး ခန်းဆီးဆီသို့ လျှောက်သွားနေရင်းမှ ရုတ်တရက် ရပ်လိုက်ပြီး အခန်းထောင့်ရှိ အစေခံကို လှမ်းကြည့်လိုက်သည်။

ရှီးယန်က အမြဲတမ်း မော့ပိုင်ကိုပဲ သူ့ဘေးနာမှာ ထားလေ့ရှိတယ်။ အခု ဘာလို့ အစေခံတစ်ယောက် ရှိနေတာတာလဲ?

ထိုအစေခံအမျိုးသမီးက ခေါင်းငုံ့ထားသောကြောင့် ယန်းဟုန်ထျန်းက သူမကို အနီးကပ် မကြည့်တော့ဘဲ ပြန်ထွက်သွားခဲ့သည်။

  ကျွော့ချင်းက တိတ်တဆိတ် သက်ပြင်းချလိုက်သည်။

ဒီလူက အရမ်းရက်စက်ကြမ်းတမ်းပုံပဲ။ သူ သူမကို တစ်ချက်ပဲ လှမ်းကြည့်လိုက်ပေမယ့် အဲဒီမျက်ဝန်းနက်တွေရဲ့ ရက်စက်မှုကို သူမခံစားနိုင်သေးတယ်။

  ယန်းဟုန်ထျန်း ထွက်ခွာသွားကြောင်း အတည်ပြုပြီးနောက် ကျွော့ချင်းက သူမလက်ထဲမှ လင်ဗန်းကို ချက်ခြင်း ပြန်ချလိုက်သည်။ အနည်းဆုံးအနေဖြင့် သူမ တစ်ခုခု မေးလာခဲ့မည်ဟု လို့ရှီးယန် ထင်ထားခဲ့သော်လည်း သူမက ဘာမှ မမေးတော့ဘဲ တံခါးဆီသို့ အလျင်အမြန် ထွက်သွားခဲ့သည်။

လို့ရှီးယန်က အလောတကြီး လှမ်းမေးလိုက်သည်။

"ဘယ်သွားမလို့လဲ?"

  ကျွော့ချင်းက နောက်ပြန်လှည့်မကြည့်ဘဲ အသံတိုးတိုးဖြင့် "စားဖို့ တစ်ခုခု သွားရှာမလို့"

  လို့ရှီးယန်က ခဏတာ အံ့အားသင့်နေခဲ့ပြီး သူ့အသိများ ပြန်ရောက်လာရန် အချိန်အတော်ယူလိုက်ရသည်။

သူ ရယ်ရမလား ငိုရမလားတောင် မသိတော့ဘူး။ သူမက စားဖို့ တစ်ခုခုရှာဖို့ အရမ်းစိတ်စောနေတာလား?!

  ကျွော့ချင်း ထွက်သွားပြီး ခဏအကြာတွင် ကျင်းစက သူ့လက်ထဲတွင် စာလိပ်တစ်လိပ် ကိုင်ဆောင်ရင်း တံခါးကို ညင်သာစွာဖွင့်ကာ ဝင်လာခဲ့သည်။ သူက ခန်းဆီးအပြင်ဘက်တွင် ရပ်နေကာ အသံတိုးတိုးဖြင့် "သခင်၊ ကျွန်တော်တို့ ရှာတွေ့ပါပြီ"

  အတွင်းခန်းမှ အသံတိုးတိုးက ပျင်းတိပျင်းတွဲ ထွက်ပေါ်လာခဲ့သည်။

"ဝင်လာပြီး ပြော"

ကျင်းစက အတွင်းခန်းထဲသို့ ဝင်လာကာ သူ့လက်ထဲတွင်ရှိနေသော စာလိပ်ကို ဖွင့်လိုက်ပြီး "ချင်းမိသားစုရဲ့ ညီအစ်မတွေက နှစ်ရှည်လများ နာမည်ကောင်းရှိကြပါတယ်၊ မြို့တော်မှာရှိတဲ့ လူအများအပြားက သူမတို့ရဲ့ပုံတူတွေကို စုဆောင်းထားကြတယ်။ ဒါကို ပညာရှင် ကျန်းဟန်ရှီက ရေးဆွဲခဲ့တာပါ၊ မနှစ်က ချင်းမိသားစုက သခင်မလေးတွေက ဟောင်ယွဲ့ကဗျာခန်းမမှာ ကဗျာတွေ ရေးနေခဲ့တယ်။ အဲ့တုန်းက ဆွဲထားတဲ့ ပန်းချီပါ”

စာလိပ်ထဲတွင် အမျိုးသမီး သုံးဦးက စားပွဲခုံပုလေးတစ်ခုရှေ့တွင် ရပ်နေသည်။ အပြာရင့်ရောင် အမျိုးသမီးက သူမ၏လက်တစ်ဖက်ဖြင့် ကြက်သွန်ရွက်ပုံယပ်တောင်ကို ညင်သာစွာ ကိုင်ထားပြီး သူမကိုယ်ဟန်အနေအထားက ပေါ့ပါးနေကာ အပြုံးကတောင် ပြေပြစ်နေခဲ့သည်။ အလယ်ရှိ ခရမ်းရောင်ဝတ် အမျိုးသမီးက စုတ်တံကို ကိုင်ထားပြီး တစ်ခုခု ရေးနေပုံရကာ သူမလက်က လေထဲတွင် ပျံဝဲနေသည်။ သူမ၏မျက်လုံးများက ယုံကြည်မှု အပြည့်ရှိနေပုံရပြီး သူမ၏နောက်တွင် သေးငယ်သော အစိမ်းရောင်ဝတ်အမျိုးသမီးတစ်ဦး ရှိနေကာ သူမက ပိုးသားလက်ကိုင်ပုဝါကို ကိုင်ပြီး မတ်တပ်ရပ်နေခဲ့သည်။ သူမ၏မျက်နှာပေါ်တွင် နူးညံ့သော အပြုံးလေးရှိနေပြီး ချစ်စရာကောင်းနေပြန်သည်။ သူမတို့သုံးယောက်က မတူညီသည့် ပုံစံသုံးမျိုးရှိပြီး အားလုံးက လှပသည့်အသွင်အပြင် ရှိနေကြသည်။ ထိုအရာက ပန်းချီကားတစ်ချပ် ဖြစ်နေလျှင်ပင် စွဲလမ်းရန် လုံလောက်နေပြီးသား ဖြစ်သည်။

  သူမတို့၏အသွင်အပြင်ကို ကြည့်ရလျှင် အလယ်မှ အမျိုးသမီးက ချင်းဖုန့် ဖြစ်နိုင်ပြီး ပန်းချီကားထဲမှာပင် သူမကိုယ်သူမ ဂုဏ်ယူနေဟန် ချောမောလှပသည့် မျက်နှာလေးကို ပိုင်ဆိုင်ထားသည်။

အပြင်မှာတော့ သူမက ရက်စက်တယ်၊ အေးစက်ပြီး မာနကြီးတယ်။

ပန်းချီကားထဲမှ ပြုံးနေသည့် အမျိုးသမီးကို ကြည့်နေရင်း လို့ရှီးယန်၏မျက်နှာက အေးစက်ပြီးရင်း အေးစက်လာကာ အေးစက်နေသည့်အသံဖြင့်ပင် “သူ(မ)မျက်နှာကို ဘယ်သူက ဒဏ်ရာရစေခဲ့တာလဲ?”

ကျင်းစနှင့် မော့ပိုင်က တစ်ယောက်ကို တစ်ယောက်ကြည့်ကာ တစ်ဖက်သား၏မျက်လုံးများတွင် အံ့သြမှု အနည်းငယ်ကို ပြန်တွေ့လိုက်ကြရသည်။ စိတ်ခံစားမှုများ၊ ဒေါသများနှင့် အမြဲဝေးကွာနေခဲ့သော သူတို့သခင်က ယနေ့ညတွင် စိတ်လှုပ်ရှားနေပုံရပြီး သူတို့၏စိတ်ထဲတွင် အနည်းငယ် ရှင်းလင်းသွားခဲ့သည်။ ကျင်းစက ခေါင်းကို အနည်းငယ် ပြန်ငုံ့လိုက်ပြီး အမှန်အတိုင်း ပြောပြလိုက်သည်။

"သူ(မ)တို့ကိုယ်တိုင်ပါပဲ။ ချင်းမိသားစုရဲ့ညီအစ်မသုံးယောက်က သူတို့ကိုယ်သူတို့ ချုံယွဲ့ကို လက်ဆောင်ပဏ္ဍအဖြစ် ပေးအပ်ဖို့ ဆန္ဒမရှိခဲ့ကြပါဘူး။ ‌ဟောင်ယွဲ့ဘုရင်က သူ(မ)တို့ရဲ့မိဘတွေကို ဖမ်းဆီးပြီး ခြိမ်းခြောက်ခဲ့ပါတယ်။ ချင်းမိဘတွေက ထောင်ထဲမှာ သေဆုံးသွားပြီး သူ(မ)တို့က ခရီးစ မထွက်ခင်မှာ သူတို့ကိုယ်သူတို့ ရုပ်ပျက်ဆင်းပျက်ဖြစ်အောင် လုပ်ခဲ့တာပါ၊ လမ်းမှာလည်း ကြိုးဆွဲချသေဖို့ ကြိုးစားခဲ့ကြပေမယ့် မအောင်မြင်ဘဲ ကယ်တင်ခံရပြီး ချုံယွဲ့ဆီကို တိုက်ရိုက် ပို့ဆောင်ခံလိုက်ရတာပါ"

  သေကြောင်းကြံတာလား? ချင်းဖုန့်က သူမကိုယ်သူမ သတ်သေမယ်လို့ သူ လုံးဝ မယုံနိုင်ဘူး။ အနည်းဆုံးတော့ သူ မြင်ဖူးသမျှ တည်ငြိမ်ပြီး မာနကြီးတဲ့ အမျိုးသမီးက ဒီလိုအခြေအနေမျိုးကြုံလာရတဲ့အခါ သတ်သေဖို့ ဘယ်တော့မှ ရွေးချယ်မှာ မဟုတ်ပါဘူး။

ထိုအရာကို စဉ်းစားပြီးနောက် လို့ရှီးယန်က "ချင်းညီအစ်မတွေမှာ တခြားထူးခြားချက်တွေက ဘယ်လိုရှိလဲ?"

  "ချင်းသခင်မက ဟောင်ယွဲ့မှာ နာမည်ကြီး ဆေးမှင်ကြောင်ရေးဆွဲသူတစ်ဦးပါ။ ‌ဟောင်ယွဲ့ပြည်ထောင်ရဲ့မြင့်မြတ်တဲ့ မိသားစုက သမီးပျိုတွေ အားလုံးနီးပါးက သူတို့ရဲ့မျက်ခုံးမွှေးတွေမှာ သူတို့အကြီုက်ဆုံးပန်းပွင့်အဆင်တန်ဆာတွေ ရေးထိုးဖို့ ချင်းသခင်မကို ဖိတ်ခေါ်ကြတယ်။ ချင်းသခင်မက သူ(မ)ကလေးတွေ အသက်တစ်လအရွယ်မှာ ကလေးတွေရဲ့ခန္ဓာကိုယ်ပေါ်မှာ နံမည်နောက်ဆုံးစာလုံးကို တက်တူးထိုးထားတာကြောင့် သူ(မ)က တကယ်ကို ချင်းဖုန့်ဖြစ်နေရင် သူမခန္ဓာကိုယ်ပေါ်မှာ “ဖုန့်” ဆိုတဲ့ တက်တူးရှိသင့်တယ်"

  "ခန္ဓာကိုယ်ပေါ်မှာ “ဖုန့်” စာလုံးရှိနေတာက ရိုးရှင်းတဲ့ကိစ္စပဲ မဟုတ်လား?"

မော့ပိုင်က မျက်မှောင်ကြုတ်နေခဲ့သည်။

ဒါက ဘယ်လို လက္ခဏာမျိုးမလို့လဲ? ကျင်းစ စစ်ဆေးနိုင်သလို တခြားသူတွေလည်း အလွယ်တကူ စစ်ဆေးနိုင်တယ်။

ကျင်းစက ခေါင်းခါလိုက်ပြီး “ချင်းညီအစ်မတွေမှာပဲ ဒီအင်္ဂါရပ်တွေ ရှိတယ်။ ချင်းသခင်မက သာမန်အချိန်တွေမှာ ခန္ဓာကိုယ်ပေါ်က တက်တူးထိုးထားတဲ့ စကားလုံးတွေကို မမြင်ရအောင် လုပ်နိုင်တဲ့ အထူးကျွမ်းကျင်မှုရှိတယ်လို့ ပြောကြတယ်။ စိတ်လှုပ်ရှားနေတဲ့အချိန် ဒါမှမဟုတ် ခန္ဓာကိုယ်က ပူနေတဲ့အချိန်မှ ပေါ်လာလိမ့်မယ်၊ အဲ့နည်းလမ်းကို သူ(မ)သမီးတွေအတွက်ပဲ သုံးခဲ့တယ်"

  "သူ(မ)ခန္ဓာကိုယ်မှာ "ဖုန့်" ဆိုတဲ့ စကားလုံးရှိ မရှိ စစ်ဆေးဖို့ အခွင့်အရေး ရှာလိုက်၊ ဒီမိန်းခလေးရဲ့ အပြုအမူက သာမန်လူတွေနဲ့ မတူဘူး။ အနည်းဆုံးတော့ သူ(မ)က ချင်းဖုန့် ဟုတ်မဟုတ် အတည်ပြုချင်တယ်”

ကျင်းစ၏မျက်နှာက အေးခဲသွားပြီး သူက အချိန်အတော်ကြာ စကားပြန်မဖြေတော့ပေ။ လို့ရှီးယန်က ကျင်းစအကြောင်းကို သိနေပြီး ထူးထူးခြားခြား တစ်ခုခုကို ခံစားလိုက်ရသောကြောင့် အသံတိုးတိုးဖြင့် ထပ်မေးလိုက်သည်။

"တက်တူးက ဘယ်မှာလဲ"

  "ရင်ဘတ်...."

All Chapters