← Chapters

အခန်း (၂၇-၂၈)

Vol. 3 Ch. 27-28

အခန်း (၂၇-၂၈)

Vol. 3 Ch. 27-28

အခန်း ၂၇ ရေပူစမ်းဥယျာဉ် (အပိုင်း ၂)

  ကျွော့ချင်း၏နားထဲတွင် သစ်ရွက်များအား လေတိုးသံ၊ တုံ့ဆိုင်းနေသည့် ရေစီးသံများကို ကြားနေရပြီး သစ်ပင်သစ်တော၏အနံ့လေးကလည်း သင်းပျံနေသည်။ အနီးနားတစ်ဝိုက်တွင် မြူခိုးတွေ လွင့်ပျံနေပြီး စိုစိုစွတ်စွတ် ဖြစ်နေသောကြောင့် အလွန်သက်တောင့်သက်သာ ရှိစေသည်။ နွေဦးရာသီတွင် သစ်ပင်များက လန်းဆန်းနေပြီး နေရာတိုင်းတွင် စိမ်းလန်းသော အပင်ပေါက်များ ရှိနေလေသည်။ ကျွော့ချင်းက အသက်ပြင်းပြင်းရှူလိုက်သည်။ ဤနေရာက အမှန်ပင် နေရာကောင်းတစ်ခုဖြစ်ပြီး တိတ်ဆိတ်ငြိမ်သက်သော နေရာတစ်ခုဖြစ်သည်။ သစ်သားအိမ်ငယ်လေးက ဤနေရာနှင့် အံဝင်ခွင်ကျဖြစ်နေပြီး ရိုးရှင်းသော်လည်း ရှေးရိုးဆန်နေပြန်သည်။ ထို့အပြင် ထူးထူးခြားခြား အလှဆင်ထားသော ခြံဝင်းအလွတ်လေးတစ်ခုလည်း ရှိနေသေးသည်။ ထူးခြားချက်က အဆောက်အဦးကို အုတ်ခဲ သို့မဟုတ် အုတ်ကြွပ်များနှင့် မဟုတ်ဘဲ သစ်သားဖြင့်တည်ဆောက်ထားခြင်းဖြစ်ပြီး သူမ အကြိုက်ဆုံးစတိုင်လည်း ဖြစ်နေသေးသည်။

  ဝင်းငယ်တစ်ခုစီ၏အနောက်ဘက်မှ လမ်းက ရေပူစမ်ဆီသို့ တိုက်ရိုက်ရောက်နိုင်သည်ကို ကြားလိုက်ရသဖြင့် ကျွော့ချင်း အနည်းငယ် စိတ်လှုပ်ရှားနေခဲ့သည်။ ဤသရဲသဘက်လို ခေတ်ဆိုးကြီးကို ရောက်လာပြီးကတည်းက သူမ အေးအေးဆေးဆေး အနားမယူရသည်မှာ အချိန်အတော်ကြာခဲ့ပြီ ဖြစ်သည်။ ကျွော့ချင်းက ခုတင်၏ အစွန်းတွင် ချိတ်ထားသည့် ရိုးရိုးအဖြူရောင်ပိုးပဝါ အပိုင်းအစတစ်ခုကို ဆွဲယူလိုက်ပြီး ပဝါကို သူမလည်ပင်းတွင် ပတ်ကာ အိမ်ငယ်ထဲမှ ထွက်လာချိန်ထဲတွင် မရပ်မနား လမ်းလျှောက်နေသည့် လို့ရှီးဝူကို ရွှင်မြူးစွာဖြင့် တစ်ချက်လှမ်းကြည့်လိုက်သေးသည်။

  ဝန်ခံရုံပဲ မဟုတ်ဘူးလား? အဲ့လောက် စိတ်ပူနေစရာ မလိုဘူးလေ၊ ဟုတ်တယ်မလား?!

ကျွော့ချင်းက အိမ်နောက်ဘက်တံခါးကို တွန်းဖွင့်ပြီး အပြင်ထွက်ရန် ပြင်လိုက်ကာ "ငါ အခု ရေပူစမ်းကို သွားတော့မယ်၊ နင့်ရဲ့အချစ်ကို အောင်အောင်မြင်မြင် မဝန်ခံနိုင်ခဲ့ဘူးဆိုရင် ငါ ပြန်လာရင် ငါ့အလှည့်နော်"

  လို့ရှီးဝူက ရုတ်တရက် ခေါင်းမော့ပြီး ကျွော့ချင်း၏နောက်ကျောကို စိုက်ကြည့်လိုက်ကာ "အဲဒါကို စဉ်းတောင် မစဥ်းစားနဲ့!!"

  ကျွော့ချင်းက နောက်သို့ ပြန်လှည့်လိုက်ပြီး လို့ရှီးဝူ၏နီမြန်းနေသော မျက်နှာကို စိုက်ကြည့်ကာ မောက်မာစွာ ပြန်ပြောလိုက်သည်။ "ဒါဆို ငါ နင့်ကို စောင့်ကြည့်နေမယ်"

တစ်ခါတရံ သင့်လျော်တဲ့ လှုံ့ဆော်မှုက အားပေးတာထက် ပိုထိရောက်တယ်။

 သူမ၏နောက်မှ လူကို သေစေနိုင်လောက်အောင် တောက်လောင်နေသည့် မျက်လုံးများ၏အကြည့်ကို ခံစားရင်း ကျွော့ချင်းက သူမ၏ နှုတ်ခမ်းထောင့်များကို ညင်သာစွာ ပင့်လိုက်ကာ ဝမ်းသာအားရ လျှောက်လှမ်းသွားတော့သည်။

  အပြာရောင်ကျောက်ခင်းလမ်းက အကွေ့အကောက်များ ရှိနေပြီး သစ်ပင်ရှည်များ၊ ပန်းပင်ပုလေးများနှင့် ဝန်းရံထားသည်။ နေရောင်၏ နွေးထွေးသော အလင်းရောင်က မြေပြင်အနှံ့ ကျရောက်နေပြီး စိုစွတ်သော ရေငွေ့ကြောင့် ပန်းများ၏ ရနံ့များက ထွက်ပေါ်နေသည်။ ကျွော့ချင်းက ပေါ့ပေါ့ပါးပါး လျောက်လာရင်း ကျောက်ဆောင်များ၏နောက်ကွယ်မှ ကျောက်တုံးပေါင်းများစွာဖြင့် ဝန်းရံထားသော ရေပူစမ်းရေကန်တစ်ခုဆီသို့ ရောက်သွားသည်။ ကျောက်တုံးများ၊ ချုံပုတ်များဖြင့် ဝန်းရံထားသည့် ရေပူစမ်းက တိတ်ဆိတ်ငြိမ်သက်နေပြီး ကျွော့ချင်းက အလွန်ကျေနပ်နေခဲ့သည်။

 ရေကန်၏လေးဘက်စလုံးကို ဝန်းရံရန် ကျောက်တုံးများကို အသုံးပြုထားပြီး ကန်ရေက အရမ်းမနက်ပေ။ လပြည့်ဝန်းပုံရေကန်ကို လခြမ်းပုံသဏ္ဍာန် ရေကန်နှစ်ခုအဖြစ် နှစ်ခြမ်းခွဲထားပြီး ရေကန်၏ အလယ်တွင် လခြမ်းပုံသဏ္ဍာန် ရေကန်နှစ်ခုအတွက် အပိုင်းပိုင်းအဖြစ် အသုံးပြုထားသည့် ကျောက်တုံးသေးသေးလေးများ ရှိနေသည်။ မူလက လပြည့်ဝန်းပုံသဏ္ဍာန် ရေကန်ဖြစ်ခဲ့သော်လည်း ရေကန်၏ တစ်ဖက်ခြမ်းကို မည်သူမျှ ကြည်လင်ပြတ်သားစွာ မမြင်နိုင်အောင် စီစဥ်ထားပုံက အလွန်ပညာသားပါလှသည်။  

ကျွော့ချင်းက သူမ၏ ပါးလွှာသော စကတ်ရှည်ကို ချွတ်ကာ ပိုးဖြူပဝါကို ရေချိုးပုဝါအဖြစ် ခန္ဓာကိုယ်အနှံ့ ရစ်ပတ်လိုက်သည်။ သူမက သူမ၏ ခြေထောက်ဖြင့် ရေ၏အပူချိန်ကို စမ်းသပ်ကြည့်လိုက်ရာ သင့်တော်ကြောင်း တွေ့ရှိခဲ့ရသည်။ ပတ်ပတ်လည်ကို ကြည့်လိုက်ပြီးနောက် နောက်ဆုံးတွင် သူမက ပိုးပဝါကို မချွတ်ဘဲ ပူနွေးသော ရေပူစမ်းထဲသို့ ဆင်းလာခဲ့သည်။

  ပူနွေးသောရေက ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံသွားပြီး မြူမှုန်များက သူမခန္ဓာကိုယ်ဘေးတွင် လည်ပတ်နေကာ၊ ပန်းပွင့်များ၏ ရနံ့က ခန္ဓာကိုယ်ကို ဝန်းရံထားသည်။ ငှက်ကလေးများက မြူးကြွစွာ တေးဆိုနေကြပြီး နေရောင်က မီးကဲ့သို့ တောက်ပနေသည်။ ဤနေဝင်ချိန်ကို ကြည့်နေရခြင်းက အရာရာ ပြီးပြည့်စုံနေသည်ဟု ခံစားရစေသည်။

  ကျွော့ချင်းက သက်ပြင်းရှည်ကြီးကို မှုတ်ထုတ်လိုက်ပြီး သူမ၏မျက်လုံးများကို ဖြည်းညှင်းစွာ မှိတ်လိုက်သည်။

"ဟမ်~ အရမ်းအဆင်ပြေတယ်"

ပျင်းပျင်းရိရိ လေးလေးတွဲတွဲ ယောက်ျားအသံတစ်ခုက သူမနား နားတွင် ကပ်သွားပြောနေသလို ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

  "ဘယ်သူလဲ!" ကျွော့ချင်းက ရုတ်တရက် မျက်လုံးဖွင့်လိုက်ပြီး ထိတ်လန့်တကြား လှည့်ပတ်ကြည့်လိုက်သည်။

  ‌ရေပူစမ်းကန်တွင် စိမ်းလန်းသောသစ်ပင်များနှင့် သူမမှလွဲ၍ အခြား မည်သူမျှမရှိပေ!

  ကျွော့ချင်းက မျက်မှောင်ကြုတ်လိုက်သည်။

သူမ အရမ်း ပင်ပန်းနွမ်းနယ်နေတာကြောင့် ထင်ယောင်ထင်မှားတွေ ဖြစ်နေတာ ဖြစ်နိုင်လား?!

  ကျွော့ချင်း အံ့သြနေချိန်မှာပင် ယောက်ျားသံတစ်သံ ထွက်ပေါ်လာပြန်သည်။ "ငါ အရင်က သိခဲ့ရင် ဒီကို နှစ်တိုင်း ရက်အနည်းငယ်လောက် အနားယူဖို့ လာခဲ့မိမှာပဲ"

  ဒီအသံ...

ကျွော့ချင်းက အံကြိတ်ကာ "လို့-ရှီး-ယန်!"

  "တိုက်ဆိုင်လိုက်တာ" ရေပူစမ်းရေကန်ကို ပိုင်းခြားထားသည့် ကျောက်ဆောင်နောက်မှ အံ့သြဟန်ဆောင်နေသည့် အသံတစ်သံ ထွက်ပေါ်လာပြန်သည်။

  လို့ရှီးယန်က ဟိုဘက်ခြမ်းက ရေပူစမ်းမှာ ရေချိုးနေတာလား?! သူ ဘယ်တုန်းက ဝင်လာတာလဲ? သူမ လုံးဝသတိမထားမိခဲ့ဘူး။ ဒါမှမဟုတ် အခုလေးတင် သူမ အဝတ်အစားလဲနေတဲ့အချိန်က သူ ရောက်နေပြီးသား ဖြစ်နေတာလား? သူ ဒီကိုရောက်နေတာကြာပြီလို့တော့ မပြောနဲ့နော်။

ကျွော့ချင်းက စိတ်မငြိမ်မသက်ဖြစ်နေချိန်မှာ လို့ရှီးယန်၏ ပြတ်သားသောအသံ ထွက်ပေါ်လာပြီး "စိတ်မပူပါနဲ့ ငါ,လို့ရှီးယန်က တစ်စုံတစ်ယောက်ရဲ့မျက်နှာကို ချောင်းကြည့်တာမျိုး ဒါမှမဟုတ် တခြားသူတွေရဲ့အနေအထားကို အခွင့်ကောင်းယူတာမျိုး ဘယ်တော့မှ လုပ်မှာမဟုတ်ဘူး"

  ကျွော့ချင်းက ကျောက်တုံးကို ကျောမှီရင်း ခဏလောက် စဉ်းစားလိုက်သည်။

လို့ရှီးယန်က အဲ့လိုလူ ဟုတ် မဟုတ် မသေချာပေမယ့် အရေးကြီးဆုံးအချက်က သူမတို့ကြားမှာ ရှိနေတဲ့ ကျောက်တုံးတွေက နိမ့်နိမ့်လေးဆိုပေမယ့် ရေစိမ်နေတဲ့အချိန်မှာ အချင်းချင်း မမြင်နိုင်ဘူး။ ဒါပေမယ့် အဝတ်အစားဝတ်ဖို့ မတ်တပ်ရပ်ရင်တော့ သေချာမြင်နိုင်လောက်တယ်။ ဘာပဲဖြစ်ဖြစ် သူမ ပိုးဖြူပဝါကို လွှမ်းခြုံထားတာကြောင့် သူမက လုံးဝ အ၀တ်အစား မပါတာတော့ မဟုတ်ဘူးလေ၊ သူမက ဂျပန်မှာရှိတဲ့ အမျိုးသား၊ အမျိုးသမီး ခွဲခြားမှုမရှိတဲ့ ရေပူစမ်းတွေကိုတောင် ရောက်ဖူးတာကြောင့် အခုဘာကို ကြောက်နေရမှာလဲ?

  အချိန်အတော်ကြာအောင် ရေစိမ်ပြီးနောက် တစ်ဖက်မှ တဟုန်းဟုန်းမြည်နေသည့်ရေသံများ ထွက်ပေါ်လာခဲ့သည်။ လို့ရှီးယန်က စကားမပြောတော့သောကြောင့် ကျွော့ချင်းက အသံတိုးတိုးဖြင့် "ရှင့်ရဲ့ ရုပ်ပိုင်းဆိုင်ရာ အခြေအနေက ပူပြင်းတဲ့ စမ်းရေချိုးဖို့ မသင့်တော်ဘူး။ ရှင် အလွယ်တကူ ဖျားနိုင်တယ်။ မြန်မြန်ပြန်သွားရင် ပိုကောင်းမယ်”

သူ မြန်မြန်ထွက်သွားရင် ပိုကောင်းမယ်။ အကြာကြီး ရေစိမ်နေရင် သူ အသက်ရှူမဝဖြစ်လာနိုင်တယ်။

  အချိန်အတော်ကြာပြီးနောက် ကျွော့ချင်းက သူ ထွက်သွားလောက်ပြီဟု တွေးနေချိန်မှာပင် လို့ရှီးယန်၏လေးနက်သည့်အသံကို ကြားလိုက်ရပြန်သည်။

"ကိုယ့်ရောဂါအကြောင်း မင်း ဘာတွေသိထားသေးလဲ?"

  အသံထွက်လာတယ်ဆိုတော့ သူ ရှိနေတုန်းပေါ့။

ကျွော့ချင်းက သူမ၏ခန္ဓာကိုယ်အပေါ်ပိုင်းကို ပိုးဖြူပဝါဖြင့် ပတ်ထားသောကြောင့် အနည်းငယ် ထထိုင်ကာ ပေါ့ပေါ့ပါးပါး အသံဖြင့် "အဲ့ဒါက ပန်းနာရင်ကျပ်ဖြစ်မယ် ထင်တယ်၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတစ်မျိုးပေါ့"

လက္ခဏာတွေက အရမ်းဆင်တူနေပေမယ့် တိကျတဲ့စမ်းသပ်စစ်ဆေးမှုမရှိဘဲ သူမ သေချာတော့ မပြောနိုင်သေးဘူး။

  အမှန်တကယ်တွင် တစ်ဘက်ခြမ်းမှ လို့ရှီးယန်က ပူပြင်းသည့်ရေထဲတွင် ရေစိမ်နေခြင်း မဟုတ်ပေ။ သူက ရေစပ်မှ ကျောက်ဆောင်များပေါ်မှာ ထိုင်နေပြီး သူ့ခြေဖဝါးကို ရေထဲ၌ စိမ်ထားခဲ့ခြင်းသာဖြစ်သည်။ ကျွော့ချင်း၏ စကားကို ကြားလိုက်ရချိန်တွင် သူက ရေဆော့နေခြင်းကို ခဏရပ်လိုက်ပြီး ရယ်မောလိုက်ကာ ပေါ့ပေါ့ပါးပါး ပြန်မေးလိုက်သည်။

"မင်း ကုသပေးနိုင်လား?"

  "ကျွန်မ မလုပ်နိုင်ဘူး၊ ကျွန်မ အဲဒါကို ကြားဖူးပြီး ကြိုတင်ကာကွယ်မှုတချို့ကိုပဲ သိတယ်"

သူမက မှုခင်းဆေးပညာကို လေ့လာခဲ့ပါနော်၊ ဟုတ်ပြီလား?!

  လို့ရှီးယန်၏မျက်လုံးများထဲတွင် စိတ်ရှုပ်သွားသော အရိပ်အယောင်များ ပေါ်လာခဲ့သော်လည်း ပြန်ပျောက်သွားသည်က မြန်ဆန်လွန်းလှသည်။ လို့ရှီးယန်က ရေကန်ထဲရှိ ရေများကို လက်ဖြင့် ဆော့ကစားနေပြီး ရေပက်သည့်အသံများ ထွက်ပေါ်နေခဲ့သည်။ သူက အပြုံးဖျော့ဖျော့ဖြင့် "ချင်းအာက တကယ်ကို ကောင်းကောင်းသိထားတာပဲ"

  ကျွော့ချင်း အံ့အားသင့်သွားပြီး "ရှင် ကျွန်မကို ဘယ်လိုခေါ်လိုက်တာလဲ?!"

ချင်းအာတဲ့လား? ငါ ပိုင်စုကျန်းရဲ့ညီမလား? (မြွေဖြူပုံပြင်ထဲက မြေဖြူမလေး ပိုင်စုကျန်းရဲ့ညီမ မြွေစိမ်းရှောင်ချင်းကို ချင်းအာလို့ခေါ်တယ်တဲ့၊ ပြီးတော့ အစိမ်းရောင်ရဲ့အသံထွက်ကလည်း ‘ချင်း” ပါတဲ့)

  "မင်း မကြိုက်ဘူးလား?" လို့ရှီးယန်က ခဏလောက် စဉ်းစားဟန်ဆောင်နေပြီးမှ "ဒါဆို...ဖုန့်အာဆို အဆင်ပြေလား?"

  ဖုန့်အာ. . . .?? ငါ ရူးချင်တယ်လို့ . . . .

  ရှေးခေတ်ကလူတွေက “အာ” ဆိုတဲ့ စကားလုံးကို နာမည်နောက်မှာ မထည့်ဘဲ ဘယ်လို စကားပြောရမယ်ဆိုတာကို မသိခဲ့ကြဘူးလား?

“ကျွန်မကို ချင်းဖုန့်လို့ပဲ ခေါ်!" ကျွော့ချင်းက ဒေါသတကြီး ပြန်အော်လိုက်သည်။

  လို့ရှီးယန်က ကျေနပ်အားရစွာ ပြုံးနေခဲ့သည်။

သူမက စိတ်လှုပ်ရှားနေတယ်ပေါ့၊ ကောင်းလိုက်တာ?

သူက ဆက်ပြောလာပြန်သည်။ "ဖုန့်အာ၊ မင်းက ဟောင်ယွဲ့ကနေ ချုံယွဲ့ကို လာဖူးသေးတာလား? ဖုန့်အာက ကဗျာ၊ သီချင်း၊ ရိုးရာအနုပညာနဲ့ သီဆိုကခုန်မှုတွေမှာ အရမ်းကျွမ်းကျင်တယ်လို့ ကိုယ် ကြားဖူးတယ်။ တစ်ခုခုလိုအပ်ရင် မင်းရဲ့အစေခံတွေကို ပြင်ဆင်ခိုင်းလိုက်ပါ"

ဤနေရာတွင် ကျွော့ချင်းက သူမ၏မျက်လုံးများကို မှိတ်ချလိုက်သည်။

သူမက ကဗျာ၊ သီချင်းနဲ့ ရိုးရာအနုပညာအကြောင်းတွေကို ဘာမှ မသိဘူး။ လို့ရှီးယန်က သူမရဲ့အော်သံကို အလေးအနက် မထားခဲ့တာ သိသာထင်ရှားနေတယ်။

ကျွော့ချင်းက "ရှင့်အတွက်တောင် လူတွေရဲ့ စကားတွေကို ယုံလို့ မရဘူး၊ ကျွန်မ ကြားဖူးတာက လို့လူကြီးမင်းက နူးညံ့သိမ်မွေ့ပြီး ဖြောင့်မတ်တယ်တဲ့၊ ပြတ်သားပြီး နှိမ့်ချတက်တဲ့ လူကြီးလူကောင်းတစ်ယောက်တဲ့၊ လူတွေက အဲ့လိုပြောကြပေမယ့် အခုတော့ သူက လူဆိုးတစ်ယောက်နဲ့ ပိုတူနေပုံရတယ်”

  လူဆိုးတစ်ယောက်လား?

လို့ရှီးယန်က သူ့မျက်ခုံးကို အနည်းငယ် ပင့်တင်လိုက်ပြီး သူ၏ မျက်လုံးများထဲတွင် လှည့်ဖျားချင်နေပုံရသည့် အပြုံးရိပ်တစ်ခု ပေါ်လာခဲ့သည်။

ကောင်းပြီ၊ ဒါဆို သူက တကယ့်လူဆိုးရဲ့အပြုအမူကို ပြပေးရမှာပေါ့ . . . . .

အခန်း ၂၈ အထောက်အထား စိစစ်ခြင်း

  လူဆိုးတစ်ယောက်လား?

လို့ရှီးယန်က သူ့မျက်ခုံးကို အနည်းငယ် ပင့်တင်လိုက်ပြီး သူ၏ မျက်လုံးများထဲတွင် လှည့်ဖျားချင်နေပုံရသည့် အပြုံးရိပ်တစ်ခု ပေါ်လာခဲ့သည်။

ကောင်းပြီ၊ ဒါဆို သူက တကယ့်လူဆိုးရဲ့အပြုအမူကို ပြပေးရမှာပေါ့ . . . . .

  ကျွော့ချင်းက လို့ရှီးယန်၏တုံ့ပြန်မှုကို စောင့်ဆိုင်းနေခဲ့သော်လည်း တစ်ဖက်မှ ဘာသံမှ မထွက်လာသည့်အပြင် ရေသံကိုပင် မကြားရတော့ပေ။

  "ဟမ်~" ရုတ်​တရက်​ အသံတိုးတိုး​လေးတစ်ခု ထွက်လာပြီး​နောက်​တွင်​ ​ရေ​သံများ ထွက်ပေါ်လာပြန်သည်​။

  ဘာဖြစ်တာလဲ?

ကျွော့ချင်းက ကျောက်တုံးများကို မှီထားရင်း ဂရုတစိုက် နားထောင်လိုက်သည်။ ဆန့်ကျင်ဘက်အခြမ်းမှ စမ်းရေစီးသံနှင့်အတူ အသက်ရှုသံများ ထွက်ပေါ်လာသည်။ ကျွော့ချင်းက တိကျစွာ မကြားနိုင်သောကြောင့် ချီတုံချတုံဖြစ်နေကာ "လို့ရှီးယန်?"

  "ကိုယ်... အဆင်ပြေပါတယ်..." သူက ပြတ်တောင်းပြတ်တောင်း ပြန်ဖြေလာပြီး ကျွော့ချင်းက သူ အသံကို ရှင်းရှင်းလင်းလင်း မကြားနိုင်သော်လည်း သူ စကား‌ပြောရ ခက်ခဲနေသည်ကို နားလည်နိုင်ဆဲဖြစ်သည်။

သူမက "လို့ရှီးယန်၊ ရှင် ဘာတွေဖြစ်နေတာလဲ?!"

သူ ပန်းနာရင်ကျပ်ပြန်ထနေတာတော့ မဟုတ်ဘူးမလား?

  "လို့ရှီးယန်၊ လို့ရှီးယန်၊ ကျေးဇူးပြု၍ စကားပြန်ပြောစမ်းပါ"

ကျွော့ချင်း အကြိမ်ပေါင်းများစွာ အော်ခေါ်နေသော်လည်း တစ်ဖက်က သူ့၏အသက်ရှုသံကိုသာ တုံ့ပြန်နေခဲ့သည်။ သူ့၏ပတ်ဝန်းကျင်တွင် စီးဆင်းနေသည့် ရေပူများကို တွေးမိသွားချိန်တွင် ကျွော့ချင်းက ပို၍ပင် စိတ်ပူလာခဲ့သည်။ မနေ့ညက ရောဂါခံစားနေရသည့် သူ၏အသွင်အပြင်ကိုလည်း ပြန်တွေးလိုက်မိသောကြောင့် ကျွော့ချင်းက စိုးရိမ်လာကာ "မျက်လုံးပြာ! မျက်လုံးပြာ...ရှင် ရှိနေလား?"

  "မော့ပိုင်... မော့ပိုင်..." သူမ၏ အော်သံက ပူနွေးသော ရေပူစမ်းရေကန်တွင် ပဲ့တင်ထပ်နေသော်လည်း သူမ မျှော်လင့်ထားသည့် တုံ့ပြန်မှုက ထွက်ပေါ်လာခြင်း မရှိပေ။ တစ်ဖက်မှ လေးလံသော အသက်ရှုသံကလည်း ပို၍ မြန်လာသည်။

  "ဟင့်အင်း!!

ကျွော့ချင်းက ကျောက်ဆောင်များကို ကိုင်ထားရင်း သိပ်ဂရုမစိုက်နိုင်တော့ဘဲ သူ့ကို ကြည့်ရန် ရေစပ်နားသို့ လျောက်သွားလိုက်ပြီး အဝတ်အစားများကို ပြန်၀တ်ရန် စဥ်းစားလိုက်သည်။ ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက် ကျွော့ချင်းက သူမအဝတ်အစားများကို တချက်ငုံကြည့်လိုက်ပြန်သည်။

ဒီအဝင်ဝက ကျောက်ဆောင်ကြီးပေါ်တွင် သူမ အဝတ်တွေကို တင်ထားခဲ့တယ်လေ၊ အခု ဘာလို့ ပျောက်ဆုံးသွားတာလဲ?!

  "အား~~"

နာကျင်စွာ အော်ဟစ်သံနှင့်အတူ ရေစီးသံများ ထွက်ပေါ်လာသည်။

သူ ရေနစ်နေတာလား?! အသက်မရှူနိုင်ဖြစ်နေရာကနေ ရေနစ်နေပြီလား?

ကျွော့ချင်းက အံကြိတ်ထားရင်း သူမ၏ ခန္ဓာကိုယ်တစ်ဝိုက်တွင် စိုစွတ်နေသော ပိုးဖြူပဝါကိုသာ သေချာချာ ပြန်ပတ်လိုက်ကာ ခြေဖျားထောက်ပြီး မတ်တပ်ထရပ်လိုက်သည်။ ထိုအချိန်တွင် ကျွော့ချင်းက ရေကန်၏ အခြားဘက်ခြမ်းသို့ ရှင်းရှင်းလင်းလင်း မြင်လိုက်ရပြီး လို့ရှီးယန်၏ ခန္ဓာကိုယ်တစ်ဝက်က ရေထဲတွင် နစ်မြုပ်နေပြီဖြစ်ကာ လက်တစ်ဖက်က သူ့ရင်ဘတ်ကို အုပ်ကိုင်ထားသည်။ သူ့၏တခြားလက်တစ်ဖက်က ကမ်းပေါ်ရှိ ကျောက်ဆောင်များကို ကိုင်ထားရင်း အသက်ရှူရခက်သောကြောင့် သူ့ပခုံးများက ပြင်းပြင်းထန်ထန် လှုပ်ခါနေခဲ့သည်။ သူက ရေကန်ဘေးတွင် ကိုယ်တဝက်မြုပ်လုနီးပါး လဲလျောင်းနေခဲ့သည်။ သူ့မျက်နှာကို မမြင်နိုင်သော်လည်း သူ အသက်ရှုရခက်နေကြောင်း ကျွော့ချင်းက အသေအချာ နားလည်နိုင်ခဲ့သည်။

  "လို့ရှီးယန်!"

ကျွော့ချင်း အော်ခေါ်လိုက်သော်လည်း လို့ရှီးယန်က မတုံ့ပြန်ဘဲ ကျောက်တုံးကို ကိုင်ထားသည့် သူ့လက်က ဖြည်းညှင်းစွာ လျောကျသွားသည်။ ကျွော့ချင်းက သူမ ​​စိုစွတ်နေသည့် ပိုးဖြူတစ်ထည်သာ ပတ်ထားသည်ကို ဂရုမစိုက်နိုင်တော့ပေ။ သူမ ရေပူစမ်းထဲမှ အမြန်ထွက်လိုက်ပြီး သူမဘေးမှ ကျောက်တုံးလေးများကို ခုန်ကျော်ကာ လို့ရှီးယန်ဆီကို အမြန်ပြေးသွားလိုက်သည်။

  သူမက လို့ရှီးယန်၏ပခုံးကို လှမ်းကိုင်လိုက်ချိန်တွင် သူက မူးမေ့လဲလုနီးပါး ဖြစ်နေသည်ကို သူမ ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ ကျွော့ချင်းက လန့်ဖျပ်သွားပြီး သူ့မျက်နှာကို ပွတ်သပ်ကာ " ထ... မြန်မြန် ထတော့!"

  ကျွော့ချင်း၏ တစ်ကိုယ်လုံးကလည်း စိုစွတ်နေပြီး သူမ၏ ခန္ဓာကိုယ်တစ်ဝိုက်ရှိ ပိုးဖြူပဝါက သူမ၏ အရေပြားပေါ်တွင် လုံးဝ အတိုင်းသား ကပ်နေခဲ့သည်။ ပိုးဖြူပဝါ ပတ်ထားသော သူမခန္ဓာကိုယ်၏ အကွေ့အကောက်များက ထင်ရှားနေပြီး လက်ရာမြောက်စွာ လှပနေလေသည်။ လို့ရှီးယန်က သူမကို တစ်ချက်ကြည့်လိုက်ရုံဖြင့် သူ့၏သွေးများ ဆူပွက်လာသလို ခံစားလိုက်ရသည်။

“ဒီမှာ တစ်ယောက်ယောက်ရှိလား အမြန်လာပါ!”

သူက အရမ်းလေးလံနေပြီး သူမ သူ့ကို မ,မနိုင်ဘူး။ ဘယ်လိုလုပ်ရမလဲ!?

ထိုအခိုက်အတန့်တွင် လို့ရှီးယန်က ရေထဲသို့ လျှောကျသွားပြန်သည်။ ကျွော့ချင်းက ရေကန်ထဲသို့ ခုန်ဆင်းရုံသာမက သူ့ရင်ဘတ်ကို သူမ၏လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်ပြီး သူ့ကို အပေါ်သို့ ပြန်တွန်းနေရင်း "တစ်ယောက်ယောက် ရှိလား၊ မြန်မြန် လာပါ!"

  ယခုအချိန်တွင်  ကျွော့ချင်းသာ လို့ရှီးယန်ကို ဂရုတစိုက် သတိထားကြည့်ရှု့ခဲ့လျှင် သူ့မျက်နှာက ဖြူဖျော့မနေဘဲ အသက်ရှုသံမြန်နေခြင်းက ပုံမှန်မဟုတ်ကြောင်း သူမ အမှန်အတိုင်း သိမြင်နိုင်မည်ဖြစ်သည်။ သို့သော်  ကျွော့ချင်းက မနေ့ညက သူ နေမကောင်းဖြစ်ခဲ့သည်ကိုသာ ပြန်တွေးနေမိပြီး ယခုလည်း သူ့ခန္ဓာကိုယ်အများစုက စိုစွတ်နေသည်ကို အာရုံစိုက်နေခဲ့သည်။ တို့အပြင် သူမက သူ့ကို ရေထဲမှ ဆွဲထုတ်ရန်သာ စိတ်စောနေခဲ့ပြီး နီရဲနေသည့် သူ့မျက်နှာကို ဂရုမစိုက်မိပေ။

  ကျွော့ချင်းက သူ့ကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားပြီး သူ့၏စိုစွတ်နေသောဆံပင်များက သူမ၏ပုခုံးကို လာရစ်ပတ်နေခဲ့သည်။ သူမတို့နှစ်ယောက် တစ်ယောက်ကို တစ်ယောက် ထိလုနီးပါး ဖြစ်နေကြပြီး သူမ၏ နူးညံ့သည့်ရင်ဘတ်က သူ့ကို ရံဖန်ရံခါ ပွတ်သပ်နေခဲ့သည်။ လို့ရှီးယန်က သက်ပြင်းချလိုက်ပြီး သူ့၏ခန္ဓာကိုယ်ကိုကလည်း အနည်းငယ် တောင့်တင်းသွားခဲ့သည်။ ယခုအချိန်တွင် သူ့၏အသက်ရှုသံက တကယ့်ကို ဖရိုဖရဲ ဖြစ်လာတော့သည်။

  သူ့ခန္ဓာကိုယ်​က ဘာလို့ အရမ်းပူ​နေရတာလဲ?!!

ကျွော့ချင်းက စိတ်ပူနေပြီး သူ အသက်ရှုရန် မေ့နေမည်ကို စိုးရိမ်နေကာ သူ့ကို ရေပေါ်မှ ဆွဲတင်ရန် ရုန်းကန်နေရင်း “လို့ရှီးယန်၊ စိတ်မပူပါနဲ့ အသက်ကို ပြင်းပြင်းရှုပါ”

  မိုးနတ်မင်းကြီးရေ! သူမ သူ့ကို ဒီလို ပွတ်သပ်နေရင်တော့ သူ တကယ်ကို အသက်ရှုမဝသလောက် ဖြစ်သွားလိမ့်မယ်။

  "တစ်ယောက်ယောက်--!"

  လို့ရှီးယန်ကို အပေါ်ဘက်သို့ ဆွဲတင်ရန် အဆက်မပြတ် အားစိုက်ထုတ်နေရသောကြောင့် ကျွော့ချင်း၏ခန္ဓာကိုယ် တစ်ဝက်ခန့်က ပူနွေးသော စမ်းရေထဲတွင် ရှိနေပြီး သူမ၏ မျက်နှာနှင့် လည်ပင်းတွင် ချွေးပုတီးလေးများ ဖုံးအုပ်လာခဲ့သည်။ သူမ၏ ညာဘက်ရင်သား အရေပြားက အနည်းငယ် ဖောင်းကြွလာပြီး နီရဲလာသောကြောင့် လို့ရှီးယန်၏ မျက်လုံးများက တဖျပ်ဖျပ်တောက်ပသွားပြီး သူက သူ့ခေါင်းကို အနည်းငယ် ထပ်ငုံ့ကာ သူ့၏မှေးကျဉ်းသော မျက်လုံးများက သူမ၏နူးညံ့သော အရေပြားကို အနီးကပ် စိုက်ကြည့်နေခဲ့သည်။ သူမ၏အရေပြားပေါ်တွင် အနီရောင် အမှတ်အသားများ ထွက်ပေါ်လာပြီးနောက် သွေးကဲ့သို့ အနီရောင်မျဉ်းကြောင်းတစ်ခု တဖြည်းဖြည်း ပေါ်လာကာ ပိုသိသာလာပြီး စာတန်းတစ်ခု ဖျတ်ခနဲ ပေါ်လာခဲ့သည်။ ထိုစကားလုံးကို သူ သေချာမမြင်ရသေးခင်မှာပင် လို့ရှီးယန်က သစ်သားကြမ်းပြင် လှုပ်ရမ်းသွားသည်ကို ပြင်းပြင်းထန်ထန် ခံစားလိုက်ရပြီး အပြာရောင် အရိပ်တစ်ခုက သူတို့ဘက်ခြမ်းသို့ ခုန်ဆင်းလာခဲ့သည်။ လို့ရှီးယန်၏မျက်လုံးများက မည်းမှောင်သွားပြီး လက်တစ်ဖက်က ကျွော့ချင်း၏ ခါးကို ဖက်ထားလိုက်ကာ အခြားလက်တစ်ဖက်ကို မြှောက်တင်လိုက်သည်။ ခရမ်းရောင်ရင်ရင့် ဝတ်ရုံတစ်ခုက ဘေးဘက်မှ ပြုတ်ကျလာပြီး ကျွော့ချင်း၏ လက်ရာမြောက်လှသော အကွေးအကောက်များကို ဖုံးအုပ်ပေးလိုက်ချိန်တွင် သူမရင်ဘတ်ပေါ်ရှိ ပိုမိုရှင်းလင်းလာသော စကားလုံးများကိုလည်း ဖုံးအုပ်မိသွားသည်။

  ကျွော့ချင်းက လို့ရှီးယန်ကို ကမ်းပေါ်သို့ တွန်းပို့ရန် အတတ်နိုင်ဆုံး ကြိုးစားနေခဲ့သည်။ ရုတ်တရက် လို့ရှီးယန်၏ လေးလံသော ခန္ဓာကိုယ်က သူမ၏ ခွန်အားကြောင့် ကမ်းပေါ်သို့ ‌ပြန်ရောက်သွားခဲ့သည်။ သူတို့နှစ်ယောက်၏ ခြေထောက်များက ရေထဲတွင်သာ ရှိနေသေးသော်လည်း သူတို့၏ခန္ဓာကိုယ်များက ကျောက်စရစ်ခဲများပေါ်တွင် တစ်ဝက်နီးပါး လဲကျသွားခဲ့သည်။ ရေထဲတွင် ခနကြာနေပြီးနောက် သူမ၏ခန္ဓာကိုယ်က နောက်ဆုံးတွင် ရေထဲမှ ထွက်လာနိုင်ခဲ့ပြီ ဖြစ်သည်။

  ကျွော့ချင်းက သူမ၏ ခန္ဓာကိုယ်ပေါ်သို့ အင်္ကျီတစ်ထည်ပြုတ်ကျလာသည်ကို ခံစားမိလိုက်ပြီး အံ့သြနေမိသည်။ သူမ၏နောက်မှ ပေါ့ပါးသော ခြေသံများကိုလည်း သတိထားမိလိုက်သောကြောင့် ကျွော့ချင်းက အံ့သြစွာဖြင့် နောက်ပြန် လှည့်ကြည့်လိုက်မိသည်။

  ဝင်လာသူ၏မျက်နှာကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရချိန်တွင် ကျွော့ချင်းက "ရှင်ပဲလား?!"

သူက သူမကို ဒဏ်ရာကို ဖြစ်စေခဲ့တဲ့ ချမ်ကျင်းလေ။

အခု သူမက လို့ရှီးယန်ရဲ့ဝတ်ရုံကို ဝတ်ထားမိတာလား?!

  ချမ်ကျင်းကလည်း ကျွော့ချင်း၏မျက်နှာကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသောကြောင့် အံ့အားသင့်သွားပြီး "မင်းပဲလား?!"

သူက တစ်စုံတစ်ယောက်ရဲ့ အော်သံကို ကြားလိုက်တာကြောင့် တစ်ချက်ဝင်ကြည့်လိုက်တော့ သူမ ဖြစ်နေတယ်လား?

  သူမ၏နောက်ကွယ်တွင် အေးစက်သည့်အကြည့်တစ်ခု ရှိနေပြီး သူ ဝင်လာကတည်းက ထိုလူက သူ့ကို စိုက်ကြည့်နေခဲ့သည်။ ချမ်ကျင်းက သူ့ကို စူးစူးရဲရဲ ကြည့်နေသော ချောမောခန့်ညားသည့် လူချောလေး၏မျက်လုံးကျဉ်းကျဉ်းလေးများထဲမှ အေးစက်သည့်အလင်းရောင်များ တောက်ပနေသည်ကိုပင် တွေ့နေရသည်။ သူက သူ့မျက်ခုံးကို အနည်းငယ် ပင့်တင်လိုက်ပြီး သူ တခြားသူ၏အချိန်ကောင်းကို အနှောက်အယှက်ဖြစ်စေခဲ့သည်ဟု တွေးလိုက်မိသည်။

ရေပူစမ်းရေကန်မှာ လူနှစ်ယောက်ရဲ့အဝတ်အစားတွေ စိုစွတ်နေပြီး တစ်ယောက်ကိုတစ်ယောက် ပွေ့ဖက်ထားရင်း ဘေးတစ်ဖက်တစ်ချက်ကို လဲကျနေတယ်။

ချမ်ကျင်းက သူ့လျှာကို ကိုက်လိုက်ပြီး "အရမ်းကို ကြည်းနူးဖို့ကောင်းတာပဲ!"

  တစ္ဆေကောင်!

ချမ်ကျင်းက သူ့ပါးစပ်ကို ဖွင့်လိုက်သော်လည်း ထွက်လာသည့် စကားကတော့ ကျေနပ်ဖွယ် မရှိပေ။ ကျွော့ချင်းက သူ့ကို စိုက်ကြည့်ကာ ကျိန်ဆဲလိုက်သည်။

"ဘာတွေ ပေါက်ကရပြောနေတာလဲ!! သူ ပြန်သက်သာလာအောင် မြန်မြန်လာကူညီပါ"

  ပြန်သက်သာလာအောင်လား? ဘာရောဂါ ဖောက်နေလို့လဲ?

ချမ်ကျင်းက လက်ပိုက်ထားပြီး မြေကြီးပေါ်တွင် တစ်ဝက်လှဲနေသော အမျိုးသားကို တစ်ချက်ကြည့်လိုက်သည်။ ချမ်ကျင်းက လေသံ ခပ်တင်းတင်းဖြင့် “မင်းက ငါ့ကို ဘယ်လိုကူညီစေချင်တာလဲ?”

  "အခြား ဘယ်လိုကူညီရမှာလဲ?! သူ့ကို ကူမပေး"

  သူ့ကို ကူမရမယ်လား?! ဒီလူရဲ့မျက်လုံးတွေက ကြည်လင်နေတယ်လေ... အခုန သူ့ကို ကြည့်လိုက်တော့ သူ့မျက်လုံးထဲမှာ တပ်မက်မှုတွေ လင်းလက်နေတာကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရတယ်လေ။ သူက အသည်းအသန် နေမကောင်းဖြစ်နေပုံ ပေါ်လို့လား?!

  ချမ်ကျင်းက လို့ရှီးယန်ကို အချိန်အကြာကြီး မလှုပ်မယှက် စိုက်ကြည့်နေခဲ့ပြီး ကျွော့ချင်းက သည်းမခံနိုင်တော့ဘဲ "မြန်မြန်လုပ်!"

  ချမ်ကျင်းက သူ့လက်ကို ဝှေ့ယမ်းပြီး ရယ်မောသံထွက်လာကာ "အဲ့တာဆို မင်း အရင် ဖယ်ပေးလေ၊ လမ်းပိတ်မနေနဲ့တော့"

  ကျွော့ချင်းက နှုတ်​ခမ်း​လေးကို တွန့်​ကွေးလိုက်သော်လည်း​ ဘာမှပြန်​မ​ပြော​တော့ဘဲ သူမ၏ဝတ်ရုံကိုသာ တင်းတင်းကြပ်​ကြပ် ဆွဲစေ့လိုက်​သည်​။

သူမမှာ ပြောဖို့တောင် အင်အားတောင်​ မရှိ‌တော့ဘူး။

  သူ့ကို ကူမပေး... ဟုတ်လား? အခု ငါ သူ့ကို ကူညီပေးမယ်။

ချမ်ကျင်းက သူ့လက်ကို ဆန့်ထုတ်လိုက်ပြီး လို့ရှီးယန်၏ လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်သည်။ မူလက သူက အားကုန်သုံးကာ လို့ရှီးယန်ကို ကမ်းပေါ်ပစ်တင်ချရန် ကြံစည်ခဲ့သော်လည်း ချမ်ကျင်း အားစိုက်ထုတ်နေချိန်မှာ ပိန်လှီနေပုံပေါ်သော လို့ရှီးယန်က သူ့လက်ကောက်ဝတ်ကို ရုတ်တရက် ဆုပ်ကိုင်ကာ နောက်ပြန်ဆွဲလိုက်သည်။ ချမ်ကျင်း အံ့အားသင့်သွားပြီး မော့ကြည့်လိုက်ချိန်တွင် နက်နဲသော မျက်လုံးတစ်စုံကို ရင်ဆိုင်လိုက်ရသည်။

  လို့ရှီးယန်က ချမ်ကျင်း၏ခွန်အားကို အားကိုးပြီး နှစ်ယောက်သား ကမ်းစပ်သို့ ရောက်သွားခဲ့သည်။ တွန်းခြင်းနှင့် ဆွဲခြင်းကြောင့် လူနှစ်ယောက်ကြားတွင် ရုန်းကန်ခြင်းနှင့် မျက်လုံးများကြားတွင် ပြိုင်ဆိုင်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး ရေများက ဘောင်ဘင်ခတ်နေပြန်သည်။ ကံမကောင်းစွာဖြင့် ကျွော့ချင်းက ၎င်းကို မမြင်နိုင်ပေ။ ချမ်ကျင်းက လို့ရှီးယန်ကို ကမ်းပေါ်ရောက်အောင် "ကူညီနေခြင်း"ကိုသာ သူမ မြင်နေရသည်။ .

  ကျွော့ချင်းက လို့ရှီးယန်နံဘေးတွင် ထိုင်ချလိုက်ပြီး "ရှင် နေလို့ အဆင်ပြေရဲ့လား"

  အနည်းငယ် မောဟိုက်နေသော လို့ရှီးယန်က သူ့ခေါင်းကို ညင်သာစွာ ခါယမ်းလိုက်သည်။

  ချမ်ကျင်းကတော့ တိတ်တိတ်လေး ကျိန်ဆဲလိုက်သည်။

ဒီလူက ဘယ်လိုဟန်ဆောင်ရမှန်း သိနိုင်လွန်းတယ်။ အခုန သူ့လက်ကောက်ဝတ်ကို သေလုနီးပါး ဆုပ်ကိုင်ထားတဲ့ ဒီလူက အခုတော့ မျက်နှာကြီး နီရဲနေပြီး အသက်ရှုမဝတော့ဘူးပေါ့လေ။

လို့ရှီးယန်၏တစ်ကိုယ်လုံးက စိုစွတ်နေသောကြောင့် ကျွော့ချင်းက ချမ်ကျင်းကို လှည့်ကြည့်လိုက်ပြီး ရုတ်တရက် အေးစက်သော အသံတိုးတိုးဖြင့် လှမ်းပြောလိုက်သည်။

"ရှင့်အဝတ်တွေကို ချွတ်လိုက်!"

ချွတ်လိုက်တဲ့လား?

ချမ်ကျင်းက နောက်သို့ ခုန်ဆုတ်သွားပြီး "ဘာလို့ ငါ့အဝတ်တွေကို ချွတ်ရမှာလဲ?"

  ကျွော့ချင်းက စိတ်မရှည်စွာဖြင့် "ဘာလို့ ဒီလောက် အထူအပါး နားမလည်နိုင်ရတာလဲ? မြန်မြန်လုပ်!"

  သူမက ခရမ်းရောင်ဝတ်ရုံကို ရေစိုဖြင့် ပက်ထားခဲ့သောကြောင့် ခရမ်းရောင်ဝတ်ရုံက သူမခန္ဓာကိုယ်တွင် တွယ်ကပ်နေသည်။ သူမ၏ရှည်လျားသော ဆံပင်များက ရေများဖြင့် ရွှဲစိုနေပြီး မြေပြင်ပေါ်တွင် ဒူးတဝက်ခန့်ထောက်ထိုင်နေသော သူမ၏ပုံစံက ပိန်ပိန်ပါးပါး ဖြစ်နေသည်။ အကြောင်းတစ်ခုခုကြောင့် ချမ်ကျင်း၏နှလုံးသားက ပျော့ခွေသွားသလို ခံစားလိုက်ရပြီး ချမ်ကျင်းက သူ့အင်္ကျီကို ချွတ်ကာ ကျွော့ချင်းဆီကို ပစ်ပေးလိုက်သည်။

  ကျွော့ချင်းက သူ့အဝတ်အစားတွေကို ယူပြီးနောက် သူမကိုယ်ပေါ်သို့ မဝတ်ဘဲ လို့ရှီးယန်ကို ဝတ်ပေးလိုက်သည်။

သူမတို့ ရေပူစမ်းရေကန်က ထွက်တဲ့အချိန်မှာ ညက ပိုမှောင်လာတာကြောင့် လေကလည်း ပိုပြင်းနေလိမ့်မယ်။

သူ အအေးမိသွားတယ်ဆိုရင် သူ့ရဲ့ပြင်းထန်တဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါက...

ကျွော့ချင်းက ဆရာဝန်တစ်ဦး၏အမြင်ဖြင့်သာ ပြဿနာကို လုံးလုံးလျားလျား တွေးတောနေသောကြောင့် လို့ရှီးယန်ကို အဝတ်အစားများ ဝတ်ပေးရခြင်းက ပုံမှန်မဟုတ်ဟု သူမ မထင်ခဲ့ပေ။ သို့သော် ချမ်ကျင်းက ကျွော့ချင်း၏ အတွေးများကို နားမလည်ခဲ့ပေ။ ထို့ကြောင့် သူက သူမကို အရူးတစ်ယောက်ဟုသာ ထင်နေတော့သည်။

သူမက သူမအပေါ် မကောင်းတဲ့ အကြံအစည်တွေ ရှိနေတဲ့သူကို အဝတ်အစားတွေ ဝတ်ပေးနေတယ်ပေါ့။

သူကလည်း အရမ်းတုံးလွန်းတော့ သူ့အဝတ်တွေကို ချွတ်ပေးလိုက်တယ်လေ၊ အဲ့အဝတ်အစားတွေကို သူမက အဲ့လူကို ပေးလိုက်တယ်ပေါ့!

   လို့ရှီးယန် အဝတ်အစားများ ၀တ်ဆင်နိုင်ရန် ကူညီပေးပြီးနောက် ကျွော့ချင်းက သက်ပြင်းတစ်ချက်ချကာ "ရှင် အဆင်ပြေရဲ့လား?!"

   ချမ်ကျင်းက ကျွော့ချင်း၏ လုပ်ရပ်ကြောင့် စိတ်ဆိုးနေရုံသာမက လို့ရှီးယန်ကလည်း သူမက သူ့ကို အဝတ်အစားများ ဝတ်ပေးလာမည်ဟု မမျှော်လင့်ခဲ့ပေ။ ထူးဆန်းသော ခံစားချက်တစ်ခုက သူ့နှလုံးသား၏တစ်နေရာသို့ ပျံ့နှံ့သွားပြီး နွေးထွေးသွားခဲ့သည်။ လို့ရှီးယန်က အခိုက်အတန့်တစ်ခုအထိ တွေဝေနေခဲ့ပြီး ကျွော့ချင်း၏မေးမြန်းသံတိုးတိုးကို ကြားလိုက်ရတော့မှ သတိပြန်ဝင်လာကာ "အင်း"ဟု တိုးတိုးလေး ပြန်ဖြေလိုက်သည်။

   "ကျွန်မ တစ်ယောက်ယောက်ကို ခေါ်လိုက်မယ်" ကျွော့ချင်း မတ်တပ်ထရပ်လိုက်သော်လည်း သူက သူမ၏ လက်ကောက်ဝတ်ကို သူ့လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ထားခဲ့သည်။

   "မင်း အဝတ်အစားတွေ အရင်ဝတ်လိုက်ပါ" လို့ရှီးယန်က သူမလက်ကို ညင်သာစွာ ပြန်မလွှတ်ပေးခင် သူမဝတ်ရုံကို သေသေချာချာ ချည်ရန် ကူညီပေးခဲ့သည်။

  ကျွော့ချင်းကတော့ အနည်းငယ် စိတ်ရှုပ်သွားခဲ့သည်။

ရိုးရိုးသားသား ပြောရရင် လို့ရှီးယန်ရဲ့ နူးညံ့တဲ့ အကြည့်က လူတွေရဲ့ နှလုံးခုန်နူန်းကို ပိုမြန်စေတယ်။ သူမအတွက်တော့ မုန်းတီးဖွယ်ကောင်းတဲ့ အကြည့်ကတောင် သွေးဆူစေတယ်။

ကျွော့ချင်းက သူမ၏ဝတ်ရုံကို ဆုပ်ကိုင်လိုက်ပြီး အလျင်အမြန် ထရပ်လိုက်ကာ လမ်းကျဥ်းလေးအတိုင်း အမြန်ထွက်လာခဲ့သည်။

   ကျွော့ချင်း ထွက်ခွာသွားပြီးနောက် ရေပူစမ်းရေကန်က ကြောက်စရာကောင်းလောက်အောင် တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။

အချိန်အတော်ကြာအောင် ငြိမ်သက်နေပြီးမှ ချမ်ကျင်းက မျက်လုံးများကို မှေးကျဥ်းလိုက်ပြီး မထီမဲ့မြင်ပြုကာ "မင်းက မိန်းမတွေကို လှည့်စားဖို့ ဒီနည်းလမ်းကို သုံးနေတာလား? မင်းက စက်ဆုပ်ဖွယ်ကောင်းတယ်လို့ မင်း မထင်ဘူးလား?"

သူ့ရဲ့ အသွင်အပြင်ကို ကြည့်ပြီး အကဲဖြတ်ကြည့်ရင်တော့ သူက အရှက်ကင်းမဲ့သူလည်း ဖြစ်နိုင်တယ်၊ ညစ်ပတ်တဲ့ကောင်!

  လို့ရှီးယန်၏မျက်နှာက ပြုံးနေဆဲဖြစ်သော်လည်း ချမ်ကျင်းကတော့ ထိုမျက်နှာပေါ်မှ ကြင်နာမှုကို လုံးဝ မခံစားရပေ။ လို့ရှီးယန်က အေးစက်စက် လှောင်ရယ်လိုက်ပြီး "ငါနဲ့ ငါ့ဇနီးကြားက ဇနီးမောင်နှံချစ်ခြင်းမေတ္တာကို ဂရုစိုက်ဖို့က အပြင်လူရဲ့အလုပ်မဟုတ်ဘူး!"

အပြင်လူရဲ့မဟုတ်ဘူး.... ဇနီး?! အဲဒီရုပ်ဆိုးတဲ့မိန်းမက သူ့ရဲ့ဇနီး?!

ချမ်ကျင်းက သူ အလွန်မိုက်မဲသော တစ်ခုခုကို လုပ်လိုက်ကြောင်း ရုတ်တရက် နားလည်သွားခဲ့သည်။

သူက သူများကိစ္စတွေကို ဘာလို့ ဂရုစိုက်ရမှာလဲ! သူမကို လှည့်စားနေတာက ဘယ်သူဖြစ်ဖြစ် သူနဲ့ ဘာဆိုင်လို့လဲ?! သူ ရူးသွားတာလား ဒါမှမဟုတ် သူ ကံမကောင်းခဲ့တာလား?! ဒီအကြောင်းကို ပိုတွေးလေလေ သူ စိတ်မသက်မသာဖြစ်လာလေလေပဲ။

လို့ရှီးယန်၏အေးစက်နေသည့် စူးစူးရဲရဲ အကြည့်များကို ရင်ဆိုင်နေရာမှ ချမ်ကျင်းက မသိမသာ အကြည့်လွှဲသွားခဲ့သည်။

  အုံ့ဆိုင်းနေသောညတွင် ရေပူစမ်းကန်၏ဘေး၌ လူနှစ်ယောက်ရှိနေပြီး တစ်ယောက်က အေးစက်နေကာ တစ်ယောက်က ဂနာမငြိမ်ဖြစ်နေပြီး တစ်ယောက်နှင့်တစ်ယောက် ရန်ငြိုးဖွဲ့ကာ ပြိုင်ဆိုင်နေကြသည်။

All Chapters