← Chapters

အခန်း (၃၄-၃၅)

Vol. 4 Ch. 34-35

အခန်း (၃၄-၃၅)

Vol. 4 Ch. 34-35

  အခန်း ၃၄ ၊ နောက်ဆုံးတော့ ကယ်တင်ခံရပြီ

  ရေပူစမ်းဥယျာဉ်၏ အဓိကခန်းမတွင်....

  "ရှီးယန်"

  လို့ရှီးယန်က တွေဝေနေရာမှ တစ်ချက် မော့လှမ်းကြည့်လိုက်သော်လည်း သူ့မျက်နှာက မည်းမှောင်နေကာ သူ့လက်ထဲမှ လက်ဖက်ရည်က ဖိတ်စင်လုနီးပါး ဖြစ်နေသည်။ ချီထျန်းယုက အော်ခေါ်လိုက်သော်လည်း သူက လုံးဝ သတိမမူမိပုံရသည်။

ချီထျန်းယုက မျက်မှောင်ကြုတ်လိုက်ပြီး "ရှီးယန်?"

  လို့ရှီးယန်က သတိပြန်ဝင်လာပြီး ချီထျန်းယုကို ကြည့်ကာ "သတင်းထူး ရှိလို့လား?"

  အဲ့လို သတိလွတ်နေတဲ့ ရှီးယန်ကို သူ ဘယ်တုန်းက မြင်ဖူးလို့လဲ? သူက ချင်းဖုန့်ကို စိတ်ပူနေတာလား?!

လို့ရှီးယန် ဘာတွေးနေသည်ကို သူ မှန်းဆ၍ မရနိုင်သောကြောင့် ချီထျန်းယုက ဘာမှ မပြောတော့ဘဲ သူ့ခေါင်းကို ခါယမ်းလိုက်ကာ "မဟုတ်ဘူး၊ မင်းလက်ဖက်ရည်က အေးနေပြီ"

  လို့ရှီးယန်က သူ့လက်ကို ဖြည်းညှင်းစွာ မြှောက်လိုက်ပြီး သူ့လက်ထဲမှ လက်ဖက်ရည်ခွက်ကို စားပွဲပေါ် ပြန်တင်လိုက်ကာ အရှက်အကြောက်မရှိဘဲ ဘာမှ မဖြစ်သလို အေးအေးဆေးဆေး ရှိနေခဲ့သည်။ လွန်ခဲ့သော အခိုက်အတန့်မှ သူ့၏ သတိလွတ်နေသော အရိပ်အယောင်က မရှိခဲ့သလိုဖြစ်နေပြီး ချီထျန်းယု၏ မျက်လုံးများကသာ မ‌ရေမရာဖြစ်နေသကဲ့သို့ပင်။

  "သခင်" ကျင်းစက ပင်မခန်းမထဲသို့ ဝင်လာပြီး "မြောက်ပိုင်း ချီတိုင်းပြည်က သံတမန်တွေ ဟွမ်းယန်မြို့အပြင်ဘက် ဆယ်လီ(အကွာအဝေးအတိုင်းအတာ)ကို ရောက်ရှိနေပါပြီ။ သူတို့က အနားယူဖို့ ဒီနေ့ အဲ့နေရာမှာ စခန်းချနေပါတယ်။ မနက်ဖြန် နေ့လည်မှာ ဧကရာဇ်မင်းက သူတို့ကို ချင်းယန်ခန်းမမှာ လက်ခံတွေ့ဆုံမှာပါ။ မနက်ဖန်ညမှာ ညစာ တည်ခင်းဧည့်ခံပါမယ်။ မြောက်ပိုင်းချီမင်းဆက်ရဲ့ သံတမန်တွေကို ဧည့်ခံဖို့အတွက် သခင်ရဲ့ ကျန်းမာရေး ကောင်းမွန်ရင် တက်ရောက်နိုင်လားမေးဖို့ နန်းတော်က မိန်းမစိုးကောင်း ရောက်လာပါတယ်”

  လို့ရှီးယန်က ခဏလောက် စဉ်းစားနေခဲ့ပြီး "သံတမန်က ဘယ်သူတွေလဲ?"

  "မြောက်ပိုင်းချီရဲ့တတိယမင်းသား ရှရွှင်းစစ်၊ သတ္တမမင်းသမီး ရှယွင်ယွင်နဲ့ စစ်သူကြီးချုပ် ဟူကျန်းယုရဲ့အကြီးဆုံးသား ဟူရှီအန်း"

  တတိယမင်းသား၊ သတ္တမမင်းသမီးနဲ့ စစ်သူကြီးချုပ်ရဲ့အကြီးဆုံးသား...

လို့ရှီးယန်က သူ့မျက်ခုံးကို အနည်းငယ် ပင့်တင်လိုက်သည်။ ယခုတကြိမ်တွင် မြောက်ပိုင်းချီမှ စေလွှတ်သော သံတမန်က အမှန်တကယ်ကို စိတ်ရင်းမှန်ဖြစ်ကြောင်း ပြသနေသည်။ မှန်းဆကြည့်မည်ဆိုလျှင် ယခုတစ်ကြိမ်ပါလာသော သတ္တမမင်းသမီးက အထူးသံတမန် ဖြစ်နိုင်သည်။ မြောက်ပိုင်းချီ၏ သတ္တမမင်းသမီးက ရုပ်ရည်လှပရုံသာမက အကအခုန် ကျွမ်းကျင်သည်ဟုလည်း ပြောကြသည်။ ကြည့်ရှုဖူးသူများ၏ အဆိုအရ သူမ၏အကစွမ်းရည်က အလွန်မြင့်မားပြီး ဖော်မပြနိုင်လောက်အောင် အံ့သြစရာကောင်းသည်ဟု ဆိုကြသည်။ မြောက်ပိုင်းချီက အလွန်ထင်ရှားသော ရည်ရွယ်ချက်ဖြင့် သူမကို ဤနေရာသို့ စေလွှတ်ခဲ့ပုံရသည်။

ဒါပေမယ့် ဟုန်ထျန်းလို ဧကရာဇ်မျိုးကို ရှုပ်ထွေးအောင်လုပ်ဖို့က လွယ်ပါ့မလား?

လို့ရှီးယန်က ပြုံးလိုက်ပြီး "ပြန်သွားပြီး မနက်ဖြန်ည ငါ ရောက်လာမယ်လို့ ကောင်းကျင်းကို ပြောလိုက်ပါ"

  "ဟုတ်ကဲ့" ကျင်းစက ဦးညွှတ်ပြီး ပြန်ထွက်ခွာသွားခဲ့သည်။

  ချီထျန်းယုက ကောင်းကင်ကို မော့ကြည့်လိုက်ပြီး "သန်းခေါင်ကျော်ခါနီးနေပြီ၊ ဘာလို့ ခဏလောက် အနားမယူတာလဲ? မင်း မနက်မိုးလင်းရင် အိမ်တော်ကို ပြန်ပြီး ညနေနန်းတော်ဧည့်ခံပွဲအတွက် ပြင်ဆင်ရမယ်။ ချင်းဖုန်းကို ဆက်ရှာဖို့ ငါ ကူညီပါ့မယ်"

  လို့ရှီးယန်က သူ့ခေါင်းကို ညင်သာစွာ ခါယမ်းလိုက်ပြီး တည်ငြိမ်စွာဖြင့် "ခဏစောင့်မယ်"

  လို့ရှီးယန်က အသစ်ထည့်ထားသော လက်ဖက်ရည်ကို ကောက်ယူလိုက်ပြီး ခွက်အဖုံးကို ကိုင်ကာ လက်ဖက်ရွက်များကို အေးအေးဆေးဆေး လှုပ်ခါကာ ခွက်နှုတ်ခမ်းကို ညင်သာစွာ ပွတ်သပ်နေခဲ့သည်။

သူ့အမူအရာက ခါတိုင်းကဲ့သို့ ဖြစ်နေပြီး ချီထျန်းယုက ယခု သူ စိတ်လှုပ်ရှားနေလား မလှုပ်ရှားနေဘူးလားဟု တိတ်တဆိတ် တွေးနေခဲ့သည်။

အခုန သူ အမြင်မှားသွားခဲ့တာလား?

  "သခင်" မော့ပိုင်က ပင်မခန်းမထဲသို့ ခပ်မှန်မှန်ဝင်လာပြီး လို့ရှီးယန်ဆီသို့ လျှောက်လာနေခဲ့သည်။ သူက သူ့လက်ထဲမှ ပစ္စည်းများကို ကမ်းပေးရင်း "ရေပူစမ်းက နေရာတွေကို အကုန်လုံးနှံ့အောင် လိုက်ရှာပြီးပါပြီ၊ ချင်းဖုန့်ကို ရှာမတွေ့သေးပေမယ့် တစ်စုံတစ်ခုကို တွေ့လိုက်ရတယ်၊ တောင်အနောက်က တောအုပ်ထဲမှာ တိုက်ပွဲဖြစ်ထားတဲ့ ခြေရာလက်ရာတွေ တွေ့လို့ အခုအနောက်ဘက် တောင်တန်းတွေမှာ ရှာဖွေနေပါတယ်"

  လို့ရှီးယန်က လက်ဖက်ရည်ခွက်ကို ချလိုက်ပြီး မော့ပိုင်၏ လက်ထဲမှ အရာကို လှမ်းယူလိုက်သည်။ လို့ရှီးယန်က သူ့မျက်လုံးများကို အနည်းငယ် မှေးကျဥ်းထားပြီး "ဒါက... ချမ်ကျင်းရဲ့လက်နက်ပဲ"

ထိုအချိန်တွင် ချမ်ကျင်းက ၎င်းကို သူ့လက်ထဲတွင် ဆော့ကစားနေခဲ့သည်။ ဓါးက လခြမ်းပုံသဏ္ဍာန်ရှိပြီး ထက်မြက်ကာ သေးငယ်သော ဓားပျံမျိုးဖြစ်သည်။ ထိုဓားမျိုးကို အသုံးပြုနိုင်သူက ရှားပါးလွန်းလှသည်။

နောက်ကွယ်ကလူက ချမ်ကျင်းဆိုရင် သူ ဘယ်သူနဲ့ တိုက်ခိုက်နေတာလဲ? ချင်းဖုန့်ပျောက်နေတာက သုံးရှိချန်လောက် ရှိနေပြီ။

လို့ရှီးယန်က ရုတ်​တရက် ​ထရပ်လိုက်ပြီး ချီထျန်းယုက စိုးရိမ်​တကြီးဖြင့် "ရှီးယန်...မင်း ဘယ်​သွားမလို့လဲ?"

လို့ရှီးယန်က သူ့၏ အပြင်ဘက်၀တ်ရုံကို ထပ်၀တ်နေရင်း အပြင်သို့ ထွက်သွားကာ "အနောက်ဘက် တောင်ပေါ်ကို သွားကြည့်မလို့"

  ချီထျန်းယုက စိုးရိမ်တကြီးဖြင့် "ဒါပေမယ့် အခုက အရမ်းနောက်ကျနေပြီ၊ မင်းရဲ့ခန္ဓာကိုယ်..."

ရှီးယန်က အဲ့အမျိုးသမီးကို ဂရုစိုက်တယ်ဆိုတာ သူ သေချာသွားပြီ။ ချင်းဖုန့်မှာ ဘယ်လို မှော်စွမ်းအားတွေ ရှိနေတာလဲ? ရှီးယန်က ဘာလို့ သူမကို အရမ်းဂရုစိုက်နေတာလား?!

  "ငါ အဆင်ပြေပါတယ်၊ အနောက်ဘက်က တောင်တန်းမှာ သူ(မ)ကို ရှာမတွေ့ရင် အိမ်ပြန်မယ်"

လို့ရှီးယန်၏ ခြေလှမ်းများက တုံ့ဆိုင်းမနေဘဲ ပုံမှန်အတိုင်း ဆက်သွားနေခဲ့သည်။

  ရှီးယန်က သူ့ရဲ့ဆုံးဖြတ်ချက်ကို ဘယ်သူကြောင့်မှ ဘယ်တော့မှ ပြောင်းလဲမှာ မဟုတ်ဘူး။

ချီထျန်းယုက "ကောင်းပြီ၊ အတူတူသွားကြရအောင်"

  လူတစ်စုက ရေပူစမ်းဥယျာဉ်မှ ထွက်ခွာကာ အနောက်ဘက်တောင်ပေါ်သို့ တက်လာခဲ့ကြသည်။

.......။.....။.....

  ခြေသံများ နီးကပ်လာသည်နှင့်အမျှ ကျွော့ချင်းက ပုံမှန်မဟုတ်သော အသံအနည်းငယ်ကို ကြားလိုက်ရသည်။ သူမ၏ အာရုံကြောများက တင်းမာလာပြန်သည်။

ကျွော့ချင်းက ပတ်ပတ်လည်ကို လျှင်မြန်စွာ ကြည့်လိုက်ပြီး သူမတို့တွင် ပုန်းစရာနေရာ မရှိသလောက်ပင်။ ရှိလျှင်ပင် လူသုံးယောက်အတွက် နေရာ မရှိပေ!

အခုထွက်သွားလျှင်လည်း ထောင်ချောက်ထဲသို့ ကျသွားရန်မှတပါး တခြားနည်းလမ်း မရှိတော့သောကြောင့် ကျွော့ချင်းတစ်ယောက် သက်ပြင်းချနေမိသည်။

အခုတော့ ရောက်လာတဲ့သူတွေက လူဆိုးမဟုတ်ဖို့ပဲ ဆုတောင်းနိုင်တော့တယ်။

  ကျွော့ချင်းက ဂူပေါက်ဝကို ထိတ်လန့်တကြား စိုက်ကြည့်နေရင်း သူမ၏ လက်ကောက်ဝတ်များ ရုတ်တရက် တင်းကြပ်သွားသလို ခံစားလိုက်ရသောကြောင့် ငုံ့ကြည့်လိုက်ရာ ချမ်ကျင်းက မြေပြင်ပေါ်တွင် လဲလျောင်းနေရာမှ ကိုယ်တစ်ဝက်ကို ဆန့်ကာ သူမ လက်တစ်ဖက်ကို ကိုင်ထားပြီး သူမအား စကားပြောလိုက်သည်ကို သူမ တွေ့လိုက်ရသည်။

"ထိုင်ဖို့...ကူညီပေး"

  ကျွော့ချင်းက ချမ်ကျင်း၏အနားသို့ ပြန်ဆုတ်သွားပြီး သူ့ပခုံးနှစ်ဖက်ကို သူမ၏လက်နှစ်ဖက်ဖြင့် ညင်သာစွာ တွန်းကာ ထိုင်ခိုင်းလိုက်သည်။ ချမ်ကျင်းက မြေပြင်ပေါ်ရှိ ဓားပျံနှစ်ချောင်းကို ကောက်ကိုင်လိုက်ပြီး သူ့လက်ချောင်းများကြားတွင် ညှပ်ထားကာ ကျွော့ချင်းကို အသံတိုးတိုးဖြင့် ပြောလိုက်သည်။

"ခနနေ ... အခွင့်အရေးရရင် ပြေးတော့..နားလည်လား?!"

  ကျွော့ချင်းက ထိတ်လန့်သွားပြီး မျက်မှောင်ကြုတ်လိုက်သည်။ သို့သော် သူမက ခဏလောက် ထပ်စဉ်းစားပြီး ခေါင်းညိတ်လိုက်ကာ "အင်း"

တစ်ယောက်ယောက်က ထွက်ပြေးနိုင်သရွေ့ မျှော်လင့်ချက်ရှိမှာပါပဲ။

  သူမ၏အဖြေကို ကြားပြီးနောက် ချမ်ကျင်းက အနည်းငယ် စိတ်သက်သာရာရသွားပုံပေါ်သည်။ ရှုအာက သူမ၏ အောက်နှုတ်ခမ်းကို ညင်သာစွာ ကိုက်လိုက်ပြီး သူမ၏ လက်များက တုန်ယင်နေသော်လည်း သူမလက်ထဲမှ သစ်သားချောင်းကို မြဲမြဲဆုပ်ကိုင်ထားဆဲဖြစ်သည်။

  ခြေသံများ ထပ်မကြားရသော်လည်း ဂူအဝင်ဝတွင် အရိပ်ဖျော့ဖျော့တစ်ခု ပေါ်လာခဲ့သည်။ ချမ်ကျင်း၏မျက်နှာက လုံးဝ တင်းမာသွားတော့သည်။ ရောက်လာသူက ကိုယ်ခံပညာ အားနည်းသူ မဟုတ်ပေ။ သူက အမှန်တကယ် ရန်လို ဖြစ်နေခဲ့လျှင် သူတို့ထဲမှ မည်သူမျှ လွတ်မြောက်နိုင်တော့မည် မဟုတ်ပေ။ ချမ်ကျင်းက သူ့လက်ထဲမှ ဓားပျံပါးပါးလေးကို ဆုပ်ကိုင်ထားရင်း စောင့်ကြည့်နေခဲ့သည်။ ဝင်လာသူ၏လက်ထဲမှ အေးစက်သော ဓားရှည်၏ရောင်ပြန်ဟပ်နေသည့် အလင်းတန်းကို မြင်လိုက်ရပြီးနောက် သူက ဓားပျံကို ဝင်ပေါက်နားရှိ အရိပ်ဆီသို့ သူ့အစွမ်းရှိသမျှ ပစ်သွင်းလိုက်သည်။

  ဓားပါးလေးက ပျံထွက်သွားပြီး ဝင်လာသူက ဓားဖြင့် ဘေးတိုက်ရိုက်ချလိုက်ရာ လက်နက်အချင်းချင်းတိုက်မိသော "ဒင်း!"ဟူသော အသံသာ ထွက်လာပြီး ဓားပျံက ဘေးနားရှိ ကျောက်နံရံထဲသို့ တည့်တည့် မြုပ်ဝင်သွားသည်။ ဓားပျံက တစ်စိတ်တစ်ပိုင်း လှုပ်ရှားနေပြီး ဆူညံသံများထွက်နေသည်။ ဤကဲ့သို့ သေးငယ်သော ဓားပျံကို ဓားအသုံးပြုပြီး ကျောက်နံရံအတွင်းသို့ ဝင်ရောက်စေနိုင်ခြင်းက ဝင်လာသူ၏ ကြီးမားသော ခွန်အားကို ရှင်းရှင်းလင်းလင်း မြင်နိုင်စေသည်။

  ကျွော့ချင်းနှင့် ချမ်ကျင်း နှစ်ယောက်လုံး တုန်လှုပ်သွားကြပြီး တစ်ချိန်တည်းမှာပင် ဂူထဲသို့ လူတစ်ယောက် ဝင်လာခဲ့သည်။

  အရပ်ရှည်ရှည်နှင့် ဖြောင့်မတ်သော ရုပ်သွင်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရချိန်တွင် ကျွော့ချင်းက အံ့အားသင့်စွာဖြင့် "မျက်လုံးပြာ?"

  ဝူး.....ဝူး....ဝူးးး.... ဘုရားသခင်က တကယ်ကို မျက်လုံးတွေ ပွင့်သွားပြီပဲ။

ကျွော့ချင်းတစ်ယောက် မျက်ရည်များ ကျလုမတတ်ဖြစ်နေခဲ့သည်။ မော့ပိုင်က ဂူအတွင်းမှ အခြေအနေကို တစ်ချက်ကြည့်လိုက်ပြီး ဘေးဘက်သို့ အနည်းငယ် တိမ်းရှောင်ပေးလိုက်ရာ ဂူဝတွင် လို့ရှီးယန်၏ပိန်ပိန်ပါးပါးပုံစံ ပေါ်လာပြန်သည်။

  မီးရောင်အောက်မှာ ကျွော့ချင်း၏နှလုံးသားက ခုန်ပေါက်နေတော့သည်။

သူက အမြဲတမ်း နူးညံ့သိမ်မွေ့နေပေမယ့် အခုချိန်မှာတော့ နက်နဲပြီး မှန်းဆလို့ မရတဲ့ပုံပေါက်နေတယ်။

ဘယ်လိုဖြစ်ပြီး? သူက...

  အခန်း ၃၅ တကယ်ကို ကျွမ်းကျင်သူပဲ

  လို့ရှီးယန်က သူမဆီသို့ တည့်တည့် လျှောက်လာသောကြောင့်် ကျွော့ချင်းက မတ်တပ်ထရပ်လိုက်ပြီး "ဘာလို့ ဒီကို ရောက်လာတာလဲ?"

သူ့ခန္ဓာကိုယ်က အပြင်းအထန် လှုပ်ရှားဖို့ မသင့်တော်သလို အခု ရာသီဥတုက အရမ်းဆိုးနေတာလေ။

  လို့ရှီးယန်က သူမ၏မေးခွန်းကို ပြန်မဖြေခဲ့ပေ။ သူမ၏ခြေတံရှည်များကို မြင်လိုက်ရချိန်တွင် လို့ရှီးယန်၏မျက်လုံးများက မဲမှောင်သွားပြန်သည်။ ကျွော့ချင်း သူမ၏ခန္ဓာကိုယ်ပေါ်မှ နွေးထွေးမှုကို ခံစားလိုက်ရချိန်တွင် လို့ရှီးယန်၏ဝတ်ရုံရှည်ကြီးက သူမကို တင်းတင်းကြပ်ကြပ် ရစ်ပတ်ထားပြီးသား ဖြစ်နေခဲ့သည်။ သူက သူမ၏မေးစေ့ကို ညင်သာစွာ မော့ယူလိုက်ပြီး သူ၏ အေးမြသော လက်ချောင်းထိပ်များက သူမ၏လည်ပင်းရှိ ဒဏ်ရာများကို ညင်သာစွာ ပွတ်သပ်နေခဲ့သည်။ ကျွော့ချင်းက ရှက်ရွံ့စွာဖြင့် သူမ၏လည်ပင်းကို ကိုင်ကာ တုန်န်ယင်ယင် ပြန်ဖြေလိုက်သည်။

"ကျွန်မ အဆင်ပြေပါတယ်၊ သူတို့ဒဏ်ရာတွေက ကျွန်မထက် ပိုဆိုးတယ်"

လို့ရှီးယန်ရဲ့အပြုံးမဲ့တဲ့ အကြည့်ကို သူမ အသားမကျနိုင်သေးဘူး။ အခု သူမရဲ့နှလုံးသားတစ်ခုလုံး တုန်လှုပ်ချောက်ချားနေတယ်။

ချီထျန်းယုကလည်း ဂူထဲသို့ ဝင်လာခဲ့ပြီး ဂူအတွင်းမှ အခြေအနေကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရချိန်တွင် သူက တုန်လှုပ်ခြောက်ခြားစွာဖြင့် "ရှုအာ မင်းက ဘာလို့ ဒီကို ရောက်နေတာလဲ?"

သူမ၏ကိုယ်လုံးတီးနီးပါး ပုံသဏ္ဍာန်ကို မြင်လိုက်ရချိန်တွင် ချီထျန်းယု၏မျက်နှာက ညိုမဲလာပြီး သူ့အဝတ်အစားများကို ချက်ချင်း ချွတ်လိုက်ကာ သူ့ဝတ်ရုံရှည်ကို ရူ့အာကိုယ်ပေါ်သို့ တင်ပေးလိုက်သည်။

  "သခင်လေး!" ကြောက်ရွံ့မှုနှင့် အကြပ်အတည်းများကို ရက်အတော်ကြာ သည်းခံပြီးနောက် ချီထျန်းယုကို မြင်လိုက်ရသောကြောင့် နောက်ဆုံးတွင် ရှုအာက သူမ၏ခံစားချက်များကို ဖုံးကွယ်မထားတော့ပေ။

  ချီထျန်းယုက သူမ၏ပခုံးကို ကိုင်ထားပြီး သူမကို ကူညီပေးရန် ပြင်လိုက်သည်။ သို့သော်လည်း သူ ဆွဲထူလိုက်သည်နှင့် ရှုအာက ချက်ချင်း နာကျင်စွာ တုန်ယင်လာမည်ကို သူ မည်သို့မျှ ကြိုမသိနိုင်ခဲ့ပေ။

ကျွော့ချင်းက စိုးရိမ်တကြီးဖြင့် "သတိထားပါ၊ သူ့(မ)ရဲ့ခြေထောက်က ကျိုးသွားပြီ၊ မလှုပ်တာ အကောင်းဆုံးပဲ"

  သူမ ပြောလိုက်မှ ချီထျန်းယုက ရှုအာ၏ခြေထောက်များကို ရှည်လျားသောအထည်အမြှောင်းများဖြင့် ပတ်ထားသည်ကို သတိပြုမိပြီး သူမကို ပိုဂရုတစိုက် ကောက်ပွေ့လိုက်သည်။ သို့သော် ရှုအာက မထချင်သေးဘဲ ကျွော့ချင်းကို မေးလိုက်သည်။

"မိန်းကလေး၊ မင်းရဲ့နာမည်ကို မမေးရသေးဘူး”

   "ငါ့နာမည်... ချင်းဖုန့်"

   "ငါ့နာမည်က ဖေးရှုပါ။ ငါ့ကို ကယ်တင်ခဲ့တဲ့ ချင်းသခင်မလေးကို ကျေးဇူးတင်ပါတယ်"

ထိုစကားကို ပြောပြီးသည်နှင့် ဖေးရှုက ချီထျန်းယု၏ကူညီမှုဖြင့် မြေပြင်ပေါ်တွင် ဒူးတစ်ဝက်ထောက်အနေအထားဖြင့် ထိုင်ချလိုက်သည်။

  အခြားသူများက သူမကို ဦးညွှတ်မှုအား ကျင့်သားမရသော ကျွော့ချင်းက နောက်သို့ ခြေတစ်လှမ်းဆုတ်ကာ ချမ်ကျင်းကို လက်ညှိုးထိုးပြပြီး "ဒီလိုမလုပ်ပါနဲ့၊ ကျေးဇူးတင်ချင်ရင် သူ့ကိုပဲ ကျေးဇူးတင်လိုက်ပါ"

  ရှုအာက ခေါင်းမာမာဖြင့် ကျွော့ချင်းကို ဆက်ဦးညွှတ်လိုက်ပြီးမှ ချမ်ကျင်းကို ဦးညွှတ်လိုက်သည်။ ချမ်ကျင်းက သူ့လက်ကို ဝှေ့ယမ်းပြီး ဒဏ်ရာကို လက်ဖြင့်အုပ်ကာ အပြုံးဖြင့် ပြန်ပြောလိုက်သည်။

“ရပြီ၊ ငါ သိပြီ၊ ငါက အရမ်း အစွမ်းထက်တဲ့အတွက် မင်း ငါ့ကို ကျေးဇူးတင်နေဖို့ မလိုပါဘူး၊ ငါ့အတွက်က အားထုတ်မှု နည်းနည်းပဲလိုတာပါ”

  အကြပ်အတည်းမှ လွတ်မြောက်သွားခြင်းကြောင့် ဖြစ်ကောင်းဖြစ်နိုင်သလို  ချမ်ကျင်းက စိတ်အခြေအနေ ပိုကောင်းလာပုံရသည်။ သူ၏ ကျေနပ်နေသောအကြည့်ကို မြင်နိုင်ပြီး ကျွော့ချင်းက သူမ၏ ရင်ဘတ်ရှေ့တွင် လက်နှစ်ဖက်ကို ပိုက်ထားကာ သူ့ကို တချက်စွေကြည့်လိုက်ပြီး "အဲ့တာက သေးငယ်တဲ့ အားထုတ်မှုလား? ဟုတ်ပ! ရှင်က ဓားပျံနဲ့ ပေါက်တာကလွဲရင် တခြားဘာမှ မလုပ်တတ်ဘူး! အဲ့တာကို ကြေးစားမုဆိုး ဖြစ်နေသေးတယ်၊ အခုအချိန်အထိ အသက်ရှင်နေရတာကိုက မိုးကောင်းကင်က ရှင့်ကို တကယ် ကောင်းချီးပေးနေလို့ပဲ"

  ချမ်ကျင်း၏ပါးစပ်က အေးခဲသွားပြီး "ရုပ်ဆိုးတဲ့မိန်းမ၊ မင်းက ဘာသိလဲ? ဓားနဲ့ပေါက်တာအပြင် ငါ့ရဲ့ ကိုယ်ဖော့သိုင်းက လောကမှာ ယှဉ်နိုင်တဲ့သူ မရှိဘူး။ ငါ့ရဲ့ ဆရာတူအစ်ကိုကြီးနဲ့ အစ်မကြီးလို ဆရာကြီးတွေတောင် ငါ့ကို မယှဉ်နိုင်ဘူး။ ဒါကြောင့် ငါက သူတို့ထက် သာလွန်တဲ့သူပဲ"

ကြေးစားမုဆိုးတွေ!

  လို့ရှီးယန်၏ မျက်လုံးများက အနည်းငယ် အရောင်တောက်လာသော်လည်း သူက ငြိမ်သက်နေခဲ့သည်။ ကျွော့ချင်းက သိပ်နားမလည်သောကြောင့် ရယ်မောလိုက်ပြီး "ထွက်ပြေးတာက ရှင့်ရဲ့အကြီးမားဆုံးစွမ်းရည်လို့ ကျွန်မကို ပြောနေတာလား?!"

ချမ်ကျင်းက သူ့နှုတ်ခမ်းများကို တွန့်ကာ ညည်းညူလိုက်ရင်း "အဲ့တာ ဘာဖြစ်လဲ၊ မင်း နိုင်အောင် မတိုက်နိုင်ရင် မင်း ပြေးရမှာ ထုံးစံပဲ။ အဲ့တာကြောင့် ပြေးတဲ့နေရာမှာ ကျွန်းကျင်တဲ့သူက ဆရာကြီးပဲ၊ ငါ ဓားပျံကို ဘာလို့ ရွေးချယ်ခဲ့တာလဲ သိလား? ပထမတစ်ချက်က ဆော့ရတာ အရမ်းလွယ်တာကြောင့်... ဒုတိယကတော့ တခြားသူကို အနိုင်မယူနိုင်ရင် ထွက်ပြေးဖို့ ပိုလွယ်လို့... အီး!”

ရယ်မောပြောဆိုနေရင်း တစ်ချိန်တည်းမှာပင် ဒဏ်ရာက နာကျင်လာသောကြောင့် ချမ်ကျင်းက ရွံတွနေသေးသည်။

  ကျွော့ချင်းက လျင်မြန်စွာ ခေါင်းငုံလိုက်ကာ စိုးရိမ်တကြီးဖြင့် "ရှင် အဆင်ပြေရဲ့လား?! ရှင် နာနေတာကို ဖုန်းကွယ်မထားနဲ့နော်!"

ဒီလူက တကယ်ကို ထူးဆန်းတဲ့လူပါ။ သိုင်းလောကလို့ ပြောတဲ့လူတွေက သူတို့ ထွက်ပြေးသွားတယ်လို့ အပြောခံရမှာကို ရှက်ကြတယ် မဟုတ်ဘူးလား? သူက တော်တော် ကောင်းမွန်တယ်၊ ဖြောင့်မတ်ပြီး တရားမျှတစွာပြောဆိုတတ်တဲ့အပြင် တိကျမှန်ကန်ပြီး ရိုးသားတာကြောင့် သူမ သူ့ကို သဘောကျသွားပြီ။

  ချမ်ကျင်းက နာကျင်ကိုက်ခဲနေသော ဒဏ်ရာကို ကိုင်ထားရင်း ကျွော့ချင်းကို စိုက်ကြည့်နေကာ "မင်းသာ လမ်းလျှောက်ဖို့ မရောက်လာခဲ့ရင် ငါက ဘာလို့ ဒီလောက်သနားစရာကောင်းနေရမှာလဲ?!"

  သူ့၏စိတ်တိုဒေါသထွက်နေသည့်အကြည့်ကို မြင်လိုက်ရသော်လည်း ကျွော့ချင်းက စိတ်မဆိုးနိုင်ဘဲ တိုးတိုးလေး ရယ်မောလိုက်သည်။ သူမ ရယ်လေလေ ချမ်ကျင်းက ပိုပြင်းထန်သည့် စူးစူးရဲရဲ အကြည့်များနှင့် ကြည့်လာလေလေဖြစ်ကာ ကျွော့ချင်း၏ရယ်သံကလည်း ပိုကျယ်လောင်လာလေလေ ဖြစ်နေခဲ့သည်။ လူနှစ်ယောက်က တစ်ဖက်ကို တစ်ဖက်စိုက်ကြည့်ကာ အားပြိုင်နေကြပြီး ဘေးနားရှိ အခြားလူများကို လျစ်လျူရှုထားသည်။ ချီထျန်းယုက လို့ရှီးယန်ကို တိတ်တဆိတ် ကြည့်လိုက်ရာ သူ့မျက်နှာတွင် အမူအရာ များများစားစား မရှိသည်ကို တွေ့ရရုံမျှမက သူ့မျက်လုံးများက အမှတ်တမဲ့ အနည်းငယ် မှေးကျဉ်းသွားသည်ကို သူ တွေ့လိုက်ရသည်။ ထိုအပြင် သူ့လက်ညိုးကိုလည်း အနည်းငယ် ပွတ်သပ်နေတာကြောင့် လောလောဆယ် သူ စိတ်အခြေအနေ မကောင်းကြောင်း ပြသနေသည်။

  ချီထျန်းယုက အနည်းငယ် ချောင်းဟန့်လိုက်ပြီး ရှုအာကို သူ့ဘေးနားရှိ အစောင့်လက်ထဲသို့ အမြန်အပ်လိုက်ကာ ချမ်ကျင်းထံသို့ လှမ်းသွားလိုက်ပြီး "အစ်ကို ချမ်ကျင်း၊ မင်းရဲ့ဒဏ်ရာက မပေါ့ပါးဘူးလို့ ငါ ထင်တယ်၊ မင်း ဘာလို့ ငါတို့နဲ့ ပြန်မလိုက်တာလဲ? အရင်ဆုံး ရေပူစမ်းဥယာဥ်မှာ မင်းအတွက် သမားတော်ခေါ်ပေးပြီး ကုသခိုင်းလိုက်မယ်"

  ချမ်ကျင်းက ကျွော့ချင်းထံမှ အကြည့်လွှဲလိုက်ပြီး ဝမ်းသာအားရ ခေါင်းညိတ်လိုက်ကာ "ကောင်းပြီ၊ အဲ့ဒါက အဆင်အပြေဆုံးပဲ!"

သူ ဒီမှာ သမားတော်နဲ့ ပြနိုင်ရင် ပိုက်ဆံစုလို့ ရတယ်လေ ~~~

  "လာ ဒီကိုလာကြ!" ချီထျန်းယုက သူ့ကို ကူညီဖို့ အစောင့်နှစ်ယောက်ကို ထပ်ခေါ်လိုက်သည်။

   ကျွော့ချင်းက သူမ၏ခါးကို ဆန့်ကာ ရေပူစမ်းဥယျာဉ်သို့ ပြန်သွားရန် ပြင်ဆင်နေခဲ့သည်။ ထိုအချိန်တွင် အေးစက်သောလက်တစ်ဖက်က သူမ၏လက်ကောက်ဝတ်ကို ညင်သာစွာ ဆုပ်ကိုင်လာသောကြောင့် ကျွော့ချင်းက သူမဘေးနားရှိ လို့ရှီးယန်ကို စိတ်ရှုပ်ထွေးစွာ လှည့်ကြည့်လိုက်သည်။ လို့ရှီးယန်က သူမအတွက် ဝတ်ရုံကို အသေအချာ ဆွဲတင်ပေးလိုက်ပြီး ပေါ့ပါးသောလေသံဖြင့် "ကိုယ် အခု ၀န်ကြီးချုပ်အိမ်တော်ကို အပြေးအလွှား ပြန်သွားရတော့မယ်။ မြောက်ပိုင်းချီက သံတမန်တွေက ချုံယွဲ့ကို ကြိုပြီး ရောက်လာတယ်။ မနက်ဖြန်ည နန်းတော်မှာ ဧည့်ခံပွဲတက်ရမယ်။ အဲ့တာကို အခွင့်အရေးယူပြီး မင်းညီမနဲ့တွေ့နိုင်ဖို့ စီစဉ်ထားတယ်။ နန်းတော်ဧည့်ခံပွဲပြီးရင် ကိုယ် မင်းကို ဒီကို ပြန်ခေါ်လာပေးမယ်။ မင်း အခု ကိုယ်နဲ့ ပြန်လိုက်ချင်လား? ဒါမှမဟုတ် ကောင်းကောင်းကစားဖို့ ရေပူစမ်းမှာ နေခဲ့ချင်လား? အခု အနားယူပြီး နောက်တစ်ကြိမ်မှ ညီမတွေနဲ့ သွားတွေ့မလား?"

  ကျွော့ချင်းက ခဏလောက် စဉ်းစားလိုက်ပြီး "ကျွန်မ... ရှင်နဲ့ပြန်လိုက်မယ်"

ဒီအခွင့်အရေးက အခုတစ်ခါ လွတ်သွားရင် ဘယ်အချိန်ပြန်စီစဉ်နိုင်မလဲဆိုတာ သူမ မသိနိုင်ဘူးလေ။

  လို့ရှီးယန်က ကျွော့ချင်းကို ညင်သာစွာ ကူတွဲပေးကာ ဂူထဲမှ ထွက်လာခဲ့သည်။ လူနှစ်ယောက် အတူတူ လမ်းလျှောက်သွားသည်ကို ကြည့်ရင်း ချီထျန်းယုက အပြုံးဖြင့် ခေါင်းခါလိုက်သည်။

ရှီးယန်ရဲ့ ဒီလှည့်စားမှုက အံ့ဩစရာ ကောင်းလွန်းတယ်။ အခုတော့ ရှီးယန်ရဲ့ချင်းဖုန့်အပေါ် ထားတဲ့ သဘောထားကို သူ နားလည်သွားပြီ။ ချင်းဖုန့်က ဆန္ဒရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ရှီးယန်က သူမကို သေချာပေါက် ခေါ်ဆောင်သွားမှာပဲ။ အခု သူမက တလိုတလား ထွက်ခွာသွားရုံသာမက သူ့ကိုလည်း ကျေးဇူးတင်ရတော့မယ်။ မြေခွေးကောင်ကတော့ မြေခွေးကောင်ပါပဲ။

ဂူပေါက်ဝသို့ ရောက်သောအခါ လို့ရှီးယန်က အနောက်ဘက်တောင်မှ ၀န်ကြီးချုပ်အိမ်တော်သို့ တိုက်ရိုက်ပြန်သွားမည်ဖြစ်ကာ ချီထျန်းယုက တောင်ပေါ်မှဆင်းပြီး အနောက်ဘက်တံခါးမှတဆင့် ရေပူစမ်းဥယျာဉ်သို့ တိုက်ရိုက်ပြန်သွားရမည် ဖြစ်သည်။ ထို့ကြောင့် သီးခြားလမ်းက သွားရတော့မည် ဖြစ်သည်။

  ကျွော့ချင်းက ချမ်ကျင်းကို ကြည့်ပြီး ပြုံးလိုက်ကာ "ကျေးဇူးတင်ပါတယ် ချမ်ကျင်း၊ ကိုယ့်ကိုကိုယ် ဂရုစိုက်ပါ"

  ချမ်ကျင်းက ခေါင်းညိတ်ပြီး ကျယ်လောင်စွာ ပြန်ပြောလာခဲ့သည်။ " ဒီတစ်ခါ ငါ မင်းကို တင်ထားတဲ့ အကြွေးတွေကို အခွင့်အရေးရရင် ပြန်ဆပ်ပါ့မယ်"

  ဘယ်သူက ဘယ်သူ့ကို အကြွေးတင်တာလဲ? သူမအတွက်သာ မဟုတ်ရင် သူ နာကျင်မှာ မဟုတ်ပါဘူး။

ကျွော့ချင်းက သူ့ကို သူမ၏နှလုံးသားထဲမှ ကျေးဇူးတင်နေခဲ့သော်လည်း သူမက တမင်ပြုံးလိုက်ပြီး ထပ်ပြောလိုက်သေးသည်။

"ရှင် ကျွန်မကို ဘာအကြွေးမှ မတင်ပါဘူး။ ဒါပေမယ့် ရှင် ကျွန်မကို လျန်တစ်ရာ အကြွေးတင်နေတုန်းပဲ။ ရှင့်ကျန်းမာရေးကို ဂရုစိုက်ပြီး ပိုက်ဆံကို တတ်နိုင်သမျှ အမြန်ဆုံး ပြန်ဆပ်ပါ!"

  ချမ်ကျင်းက ခဏလောက် အံ့အားသင့်နေပြီးမှ သူက ဒေါသတကြီးဖြင့် "မင်းက ပိုက်ဆံလိုချင်ပေမယ့် ငါ့မှာ မရှိဘူး၊ ငါ့မှာ အသက်ပဲရှိတယ်"

  ကျွော့ချင်းတစ်ယောက် ရယ်ရမလား ငိုရမလားတောင် မသိတော့ပေ။

"ရှင်က တကယ်ကို ပိုက်ဆံမက်တဲ့ဝိဥာဏ်ပဲ!!"

ကျွော့ချင်းက သည်းမခံနိုင်တော့ဘဲ ခေါင်းကို ခါယမ်းလိုက်သည်။ ထို့နောက် သူမက သူမဘေးနားရှိ လို့ရှီးယန်ကို ညင်သာစွာ ပြုံးပြကာ လှမ်းပြောလိုက်သည်။

"သွားကြရအောင်"

သူ့မှာ သူမကို အော်ငေါက်ဖို့ စွမ်းအားတွေရှိနေသေးတာကြောင့် သူမအနေနဲ့ ချမ်ကျင်းကို စိတ်ပူနေစရာ မလိုတော့ဘူး။

  လို့ရှီးယန်က သူ့ကို ခေါင်းကိုက်စေခဲ့သည့် လို့ရှီးဝူအကြောင်း စဉ်းစားရင်း ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် သူက ခဏလောက် စဉ်းစားလိုက်ပြီး ချီထျန်းယုကို ထပ်ပြောလိုက်သည်။

"ထျန်းယု၊ ရှီးဝူကို ရက်အနည်းငယ်လောက် ထားခဲ့မယ်။ မင်း သူ့(မ)ကို ဂရုစိုက်ပေးပါ၊ ငါ သူ့(မ)ကို ပြန်ခေါ်ဖို့ တစ်ယောက်ယောက်ကို လွှတ်ပေးမယ်"

  "ကောင်းပြီလေ" ချီထျန်းယုက ခပ်မြန်မြန် သဘောတူလိုက်သည်။

  သူမတို့နှစ်​​ယောက်​က ​တောင်​​အောက်​​သို့ ဘေးချင်းကပ် ​လျှောက်နေရင်း ကျွော့ချင်းက "ရှီးဝူကို ​တွေ့ပြီလား?"

  တောင်ပေါ်က လမ်းက အနည်းငယ် ကြမ်းတမ်းသောကြောင့် လို့ရှီးယန်က ကျွော့ချင်း၏ပခုံးကို ကိုင်ထားရင်း ပေါ့ပေါ့ပါးပါး ပြန်ဖြေလာခဲ့သည်။

"တွေ့ပြီ"

   တောင်တက်လမ်းက အမှန်တကယ် သွားလာရခက်ခဲသောကြောင့် ကျွော့ချင်းက လို့ရှီးယန်၏ ပံ့ပိုးကူညီမှုကို ဂရုမစိုက်ဘဲ ထပ်စပ်စုလိုက်သည်။

"ဘယ်သူ ရှာတွေ့ခဲ့တာလဲ?"

   "ကျင်းစ"

   "ဘယ်လိုတောင် တိုက်ဆိုင်လိုက်တာလဲ?" ကျွော့ချင်းက ရယ်မောလိုက်ပြီး "ဒီကောင်မလေးက ရည်ရွယ်ချက်ရှိရှိ လုပ်တာ မဟုတ်ဘူးလား?"

  လို့ရှီးယန်က မျက်ခုံးပင့်ကာ အနည်းငယ် ပြုံးလိုက်ပြီး "မင်းရော ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာလား"

  "ကျွန်မ?" ကျွော့ချင်းက မျက်ရည်မကျဘဲ ငိုချင်နေပြီး "ကျွန်မက လမ်းမှားသွားတာ၊ အဲ့တော့ ဘာဖြစ်လဲ..."

  စကားသံများက တိတ်ဆိတ်ပြီးရင်း တိတ်ဆိတ်လာကာ သူတို့ပြောနေသည်ကို မကြားရသလောက်ပင်။ သို့သော် သူတို့နှစ်ယောက် ကျောခိုင်းထွက်သွားသည့်နောက်ကျောပုံရိပ်များကို လူတိုင်းက ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။

ချမ်ကျင်းက သူအကြည့်ကို ပြန်ရုပ်သိမ်းလိုက်ပြီး သူ ဘာတွေကြည့်နေတာမိတာလဲဟု အံ့သြတကြီး တွေးကာ မျက်မှောင်ကြုတ်လိုက်မိသည်။

အဲ့ရုပ်ဆိုးတဲ့ မိန်းခ‌လေးက အရင်ထဲက လို့ရှီးယန်ရဲ့အမျိုးသမီးလေ။ သူ အခု စိုးရိမ်သင့်တာက ချီထျန်းယုက သူ့အတွက် လုပ်အားခ ဘယ်လောက်ပေးမှာလဲ? လျန်သုံးရာလား? လျန်လေးရာလား? ဟုတ်တယ် ပိုက်ဆံက ပိုလှတယ်လေ...

All Chapters