← Chapters

အခန်း (၃၈-၃၉)

Vol. 4 Ch. 38-39

အခန်း (၃၈-၃၉)

Vol. 4 Ch. 38-39

အခန်း ၃၈ နန်းတော်ဧည့်ခံပွဲ (အပိုင်း ၂)

  နန်းတော်ခန်းမထဲသို့ ဝင်လိုက်သည်နှင့်တပြိုင်နက် ကျွော့ချင်း၏မျက်လုံးများက အမှန်တကယ် ပွင့်သွားခဲ့သည်။ နန်းတော်ခန်းမက ဘောလုံးကွင်းလောက်နီးပါး ကျယ်ဝန်းနေပြီး သစ်သားဖြင့် ပြုလုပ်ထားသည့် အမိုးတန်းတစ်ခုစီကပင် အချင်းတစ်မီတာထက်မနည်း ရှိနေလေသည်။ ခန်းမကို အထပ်သုံးထပ်ခွဲထားပြီး ခန်းမအလယ်တွင် ဆယ်မီတာခန့်ကျယ်သော ရွှေရောင်ကော်ဇောကို ခန်းမဝင်ပေါက်မှ အမြင့်ဆုံးထပ်အထိ တိုက်ရိုက် ခင်းထားသည်။ ထိုရွှေရောင်ကောဇောက သာမာန်အနီရောင်ကော်ဇောများထက် အဆများစွာ ပိုခံ့ညားနေပြီး ဇိမ်ရှိမည့်ပုံပေါ်နေသည်။

အမြင့်ဆုံးအထပ်တွင် နဂါးခေါင်းများ ပါသော ကုလားထိုင်တစ်လုံး ရှိနေပြီး တစ်ချက်ကြည့်ရုံဖြင့် ဧကရာဇ်၏နေရာဖြစ်ကြောင်း သိနိုင်သည်။ ဒုတိယထပ်တွင် စန္ဒကူးနီဖြင့် ထွင်းထားသော စားပွဲရှည် ဆယ်လုံးရှိသည်။ လို့ရှီးယန်နှင့် စုလင်းတို့ နှစ်ယောက်စလုံးက ထိုနေရာသို့ လျှောက်သွားကြသည်။ ထိုလူနှစ်ယောက်က ဒုတိယထပ်မှ နဂါးပုလ္လင်နှင့် အနီးဆုံးဘယ်နှင့် ညာတွင် ဝင်ထိုင်လိုက်ကြပြီး ယခုတစ်ကြိမ်၏အစီအစဥ်ကို ကြည့်ရုံဖြင့် လူတိုင်း၏အဆင့်အတန်းကို သိနိုင်ပေလိမ့်မည်။ တတိယထပ်တွင် စားပွဲပေါင်း တစ်ရာကျော်ခန့် ရှိနေသည်၊၊ သို့သေည် အစွန်ဆုံးတွင် ထိုင်ရမည့်သူက ဧကရာဇ်က မည်သို့သော ပုံစံဆိုသည်ကို မမြင်ရလောက်ဘူးဟု ကျွော့ချင်း တွေးနေခဲ့သည်။

လို့ရှီးယန်က ဝင်ထိုင်လိုက်ပြီး ကျွော့ချင်းက သူ့နောက်တွင် ရပ်နေခဲ့သည်။ သူတို့ကြားမှာ မီတာနှစ်ဆယ်နီးပါး အကွာအဝေးရှိနေသောကြောင့် နောက်ဆုံးတွင် ကျွော့ချင်းက သူမ၏ဘေးမှ ထက်မြက်ပြီး အန္တရာယ်များပုံရသည့် စစ်သူကြီးစုကို နောက်တစ်ကြိမ် ထပ်ကြည့်ရန် သတ္တိရှိလာခဲ့သည်။ ရှေးခေတ်က စစ်သူကြီးတစ်ဦးနှင့် တွေ့ဆုံနိုင်ရန်က ရှားပါးသော အခွင့်အရေးတစ်ခုသာ ဖြစ်သည်။ ကျွော့ချင်းက အသံတိုးတိုးဖြင့် "ဒီရှေးခေတ်စစ်သူကြီးစုက အမှန်တကယ်ကို သူရဲ့ဂုဏ်သတင်းနဲ့ ထိုက်တန်ပါပေတယ်"

  လို့ရှီးယန်က နောက်ပြန်လှည့်မကြည့်ဘဲ သူ့မျက်ခုံးကို ပင့်တင်လိုက်ကာ "ဘာလို့ အဲ့လိုမြင်တာလဲ?"

  "သူ့မှာ မြဲမြံခိုင်မြဲတဲ့ မျက်လုံးတစ်စုံရှိတယ်၊ ရှေ့တိုးနိုင်၊ နောက်ဆုတ်နိုင်တဲ့ ကိုယ်ဟန်အနေအထားနဲ့ အရာအားလုံးကို အနိုင်ယူနိုင်တဲ့ ကျက်သရေရောင်ဝါရှိတယ်"

‘ဒါက ဒီခေတ်က ပေးနိုင်တဲ့ ကျက်သရေလည်း ဖြစ်နိုင်တယ်” ကျွော့ချင်းက နောက်ဆုံးစာကြောင်းကိုတော့ ထုတ်မပြောတော့ပေ။

  လို့ရှီးယန်က စားပွဲပေါ်ရှိ သေရည်ခွက်ကို ဖြည်းညှင်းစွာ ကောက်ယူလိုက်ပြီး အေးအေးဆေးဆေး သောက်နေကာ "ဒါဆို မင်းက ဒီခဲအိုကို အရမ်းကျေနပ်နေတာလား?"

  ခဲအို?

ကျွော့ချင်းက အသိပြန်ဝင်လာပြီး "မဟုတ်ဘူး၊ ကျွန်မ အကဲဖြတ်နေတာက စစ်သူကြီးတစ်ယောက်ရဲ့ အဆင့်အတန်းပဲ။ သူက ခဲအိုတစ်ယောက်၊ ခင်ပွန်းတစ်ယောက်အနေနဲ့ အရည်အချင်းပြည့်လား မပြည့်ဘူးလားဆိုတာကို ကျွန်မ အကဲဖြတ်ပိုင်ခွင့် မရှိဘူး"

သူမက အရမ်းအစွမ်းထက်နေတာ မဟုတ်ဘူးလေ။ တစ်ချက်လောက်ကြည့်ရုံနဲ့ ယောကျာ်းကောင်း ဟုတ် မဟုတ် မပြောနိုင်ပါဘူး။ သူ့ရဲ့ ကြံ့ခိုင်တဲ့ ကိုယ်လုံးကိုယ်ပေါက်ကတော့ နည်းနည်း ကြောက်စရာကောင်းနေပြီး အင်အားတစ်ခုတည်းနဲ့ နှိပ်စက်နိုင်သလို ခံစားရနိုင်တယ်။

  ခဲအို??

ဟောင်ယွဲ့ရဲ့ဒေသိယစကားက ခဲအိုကို အဲ့လို ပြောကြတာလား?

လို့ရှီးယန်က ထိုစကားလုံး၏ အဓိပ္ပါယ်ကို ယောင်ဝါးဝါး ခန့်မှန်းနေခဲ့သည်။ သူက သူ့လက်ထဲမှ သေရည်ခွက်ကို ကိုင်ထားရင်း ကျွော့ချင်းကို ဘေးတိုက်ကြည့်ကာ စိတ်ဝင်တစား ထပ်မေးလိုက်သည်။

"ဒါဆို ကိုယ်ကရော..."

(အဲ့နားမှာ ကျွော့ချင်းက ခဲအိုကို ခုခေတ်အသုံးနဲ့ပြောလိုက်ပြီး ရှီးယန်က ဟောင်ယွဲ့ကအသုံးလို့ ထင်သွားတာပါ)

  "ရှင်က ဘာဖြစ်နေလို့လဲ?" သူ့မျက်လုံးထဲမှ အလင်းရောင်က အနည်းငယ် ထူးဆန်းနေသောကြောင့် တစ်ခုခုမှားနေသည်ဟု ကျွော့ချင်း ခံစားလိုက်ရသည်။

သူမ တွေးလိုက်မိသည့်အတိုင်း သူက လက်ထဲမှ အရက်ခွက်ကို လှည့်ပတ် ကစားရင်း အပြုံးတစ်ဝက်ဖြင့် "ကိုယ်က ဝန်ကြီးချုပ်တစ်ယောက်အနေနဲ့ အရည်အချင်းပြည့်မီရဲ့လား...? ဒါမှမဟုတ် ခင်ပွန်းတစ်ယောက်အနေနဲ့ရော အရည်အချင်းပြည့်မီရဲ့လား?"

  လို့ရှီးယန်က ပေါ့ပေါ့ပါးပါး မေးနေခဲ့သော်လည်း သူ့မျက်လုံးများက သူမကို တည့်တည့်စိုက်ကြည့်နေလေသည်။ ကျွော့ချင်း၏ အနည်းငယ်ကျဉ်းမြောင်းသော မျက်လုံးများထဲတွင် မခန့်မှန်းရဲသော သို့မဟုတ် မခန့်မှန်းချင်သည့် ခံစားချက်တစ်ခု ရှိနေခဲ့သည်။ သူမ၏ မျက်နှာက အနည်းငယ် ပူလောင်နေပြီး အမြဲတမ်း မာနကြီးကာ ဉာဏ်ကောင်းလွန်းသော သူမက ခေတ္တမျှ ပြန်မဖြေနိုင်ခဲ့ပေ။

အမြဲတမ်း စိတ်ရှည်ခြင်းက လို့ရှီးယန်၏ အရေးကြီးသော အားသာချက်များထဲမှ တစ်ခုဖြစ်သည်။ သူမ သူ့ကို မပြောပါက သူက သူမကို မေးခွန်းထုတ်ရန် မည်သည့်အခါမျှ အလျင်စလိုလုပ်မည် မဟုတ်သော်လည်း ထိုသို့သော စူးရှသောအကြည့်က ယခုအချိန်တွင် ကျွော့ချင်းအတွက် နှိပ်စက်မှုတစ်မျိုး ဖြစ်နေသည်။ ကံကောင်းထောက်မစွာဖြင့် မိုးကောင်းကင်က သူမ၏တောင်းဆိုမှုကို ကြားသွားခဲ့သည်။ နန်းတွင်းအစေခံတစ်ဦးက သူမ၏လက်ထဲတွင် လင်ဗန်းတစ်ချပ်ကို ကိုင်ကာ ဖြည်းညှင်းစွာ ရောက်လာပြီး လို့ရှီးယန်၏စားပွဲရှည်ရှေ့တွင် ဒူးထောက်တစ်ဝက်ထောက် ထိုင်ချလိုက်သည်။

  လို့ရှီးယန်က သူ့လက်ကို ညင်သာစွာ မြှောက်လိုက်ပြီး "မင်း ငါ့ကို ခစားစရာ မလိုဘူး၊ ထွက်သွား"

နန်းတော်၏ဧည့်ခံပွဲအတွင်း နန်းတော်မှ အစေခံတစ်ယောက်စီက စားပွဲတစ်ခုစီတွင် အရက်နှင့် ဟင်းလျာများ ထည့်ပေးနေခဲ့သော်လည်း သူက ယနေ့ ဤနေရာတွင် စားဖြစ်မည် မဟုတ်ပေ။ ထို့ကြောင့် သူက အနှောက်အယှက် အဖြစ်မခံချင်တော့ပေ။

  မထင်မှတ်ဘဲ ထိုနန်းတွင်းအစေခံက ထွက်မသွားရုံသာမက လို့ရှီးယန်အတွက် အရက်နောက်တစ်ခွက်ကို အေးအေးဆေးဆေး လောင်းထည့်ကာ အရက်ခွက်ကို လို့ရှီးယန်ထံသို့ ညင်သာစွာ လှမ်းပေးလာခဲ့သည်။ ထို့နောက်တွင် ထိုနန်းတွင်းအစေခံက သူမ၏ခေါင်းကို ဖြည်းညှင်းစွာ မော့လာပြီး စိုးရိမ်နေဟန်ဖြင့် မေးလာခဲ့သည်။

"နေကောင်းသွားပြီလား??"

  နူးညံ့သိမ်မွေ့သော အမျိုးသမီး၏အသံက တိုးညှင်းစွာ ထွက်ပေါ်လာပြီး လို့ရှီးယန်က အမှတ်တမဲ့ မျက်မှောင်ကြုတ်ကာ သူ့အနားရှိ နန်းတွင်းအစေခံကဲ့သို့ ၀တ်ဆင်ထားသော အမျိုးသမီးကို တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် သူက လေးနက်သောအသံဖြင့် "မင်းသမီး၊ မင်းသမီး ဒီနေရာမှာ ရှိမနေသင့်ဘူး"

  လို့ရှီးယန်၏ ရှက်ရွံ့စရာမေးခွန်းများကို ရင်ဆိုင်နေခဲ့ရသည့်အတွက် ရောက်လာသူကို ကျေးဇူးတင်နေမိသော ကျွော့ချင်းလည်း ရုတ်တရက် လန့်ဖျပ်သွားသလို ခံစားလိုက်ရသည်။ သူမက မသိစိတ်ဖြင့် ရှေ့သို့ ခြေတစ်လှမ်းတိုးကာ ထိုအမျိုးသမီး၏ အသွင်အပြင်ကို အနီးကပ်ကြည့်လိုက်သည်။ သူမထံတွင် မိုးမခပုံမျက်ခုံးနှင့် ကြယ်ရောင်မျက်လုံးလေးများ ရှိနေပြီး ပန်းရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူမ၏မျက်နှာပေါ်တွင် အပြုံးတစ်ခု ရှိနေသော်လည်း သူမ၏နှုတ်ခမ်းများက အနည်းငယ် တင်းတင်းကျပ်ကျပ် စေ့ပိတ်ခံထားရသည်။ သူမ၏တိတ်ဆိတ်သောပုံရသော စိတ်နေစိတ်ထားက သူမကို အလွန်သက်တောင့်သက်သာဖြစ်စေသည်။ ကျွော့ချင်းက သူမ၏မျက်ခုံးများကို အနည်းငယ် ပင့်တင်လိုက်သည်။

ဒီနေ့ည အစေခံ၀တ်စုံကို ဝတ်လာတဲ့သူက သူမ တစ်ဦးတည်းမဟုတ်ဘူးပဲ။ လို့ရှီးယန်ရဲ့ အရှိန်အဝါကလည်း မသေးဘူးဟ။

  ဤနေရာတွင် ရပ်နေပြီး တခြားသူများ၏ပြောစကားများကို ခိုးနားထောင်ရခြင်းက ငြီးငွေ့စရာကောင်းသည်ဟု ခံစားမိသောကြောင့် ကျွော့ချင်းက တစ်ဘက်ကို လှည့်လိုက်ပြီး မော့ပိုင်နားသို့ ပြန်ဆုတ်လာခဲ့သည်။ သူ့၏အရပ်မြင့်မြင့်ကြီး သူမ၏ခန္ဓာကိုယ်ကို ပိတ်ဆို့ပေးထားခြင်အား အခွင့်ကောင်းယူလိုက်ပြီး ကျွော့ချင်းက သူမဘေးမှ တိုင်ကို ပျင်းရိစွာ မှီနေကာ သမ်းဝေချင်နေသည့် မျက်လုံးများက အဆောက်အဦးအနှံ လျောက်ကြည့်နေခဲ့သည်။ ခန်းမထဲတွင် လူတော်တော်များများ ရှိနေခဲ့သော်လည်း ဒုတိယထပ်သို့ တက်လာနိုင်သည့်လူက အနည်းငယ်သာ ရှိနေ‌လေသည်။ စုလင်း၏ဘေးမှ ထိုင်ခုံသုံးလုံးက လွတ်နေပြီး နောက်ဆုံးခုံရှိလူက တိတ်တိတ်ဆိတ်ဆိတ် ထိုင်နေကြကာ အခြားအရာရှိများနှင့် နှုတ်ဆက်စကားပင် မဖလှယ်ပေ။ ကျွော့ချင်းက စူးစမ်းလိုစိတ်ဖြင့် ကြည့်နေပြီး ဤလူကို ကြည့်ရသည်မှာ ရင်းနှီးနေပုံရသည်ဟု တွေးနေမိပြန်သည်။ ခဏအကြာတွင် ထိုလူ သူမတွေ့ခဲ့ဖူးသော တရားသူကြီး ရှန်ယုလန် ဖြစ်ဟန်တူကြောင်း သူမ မှတ်မိသွားခဲ့သည်။

သူ့ရဲ့တရားဝင်ရာထူးကလည်း မသေးဘူးပဲ။

  လို့ရှီးယန်၏ လျစ်လျူရှုသောအသံက ယန်းရူရွှယ်၏နှလုံးသားကို နာကျင်စေခဲ့သည်။ သူမက သူမ၏နှလုံးသားထဲမှ နာကျည်းမှုကို မျိုသိပ်ပြီး "ရှင် နေမကောင်းထပ်ဖြစ်တယ်ဆိုတာ ကျွန်မ ကြားတယ်။ ကျွန်မ အရမ်းစိတ်ပူပြီး ရှင့်ဆီကို လာလည်ချင်ပေမယ့် ကျွန်မအမေက ကျွန်မကို ခွင့်မပြုဘူး။ နန်းတော်အပြင်ကို ခဏခဏ မထွက်ရဘူးတဲ့"

  "ကျွန်တော်မျိုး အခု နေကောင်းပါတယ်။ မင်းသမီး၊ သိပ်စိတ်မပူပါနဲ့" ကျွော့ချင်းက မော့ပိုင်ဘက်သို့ ပြန်ဆုတ်သွားသည်ကို မြင်လိုက်ရချိန်တွင် လို့ရှီးယန်က သူ့စိတ်ထဲမှ ခံစားလိုက်ရသော ခံစားချက်ကို နားမလည်နိုင်တော့ပေ။

သူ ဘာလို့ နေလို့ အဆင်မပြေ ဖြစ်နေတာလဲ? သူမက တစ်ခုခုလုပ်ပေးဖို့ သူ မျှော်လင့်နေတာလား?!

သူ့စိတ်ထဲတွင် အနည်းငယ် တုန်လှုပ်နေသော်လည်း မည်သူကမျှ ဘယ်သောအခါမှ သူ့အတွေးတွေကို အလွယ်တကူ ခန့်မှန်းရန် မဖြစ်နိုင်ပေ။

  ယန်းရူရွှယ်က သူမလက်ကို ညင်သာစွာ မြှောက်လိုက်သည်နှင့် တောက်ပကြည်လင်သော ကျောက်စိမ်းလက်ကောက်လေးက သူမ၏လက်ကောက်ဝတ်တွင် ပြိုးပြိုးပြက်ပြက်ပြက် လက်လာသည်။ ယန်းရူရွှယ်၏နှလုံးသားက ဗုံသေးသေးလေးတစ်လုံးကဲ့သို့ ခုန်နေပြီး မျှော်လင့်ချက်များဖြင့် မေးလာပြန်သည်။

"ဒီလက်ကောက်ကို ရှင် ကိုယ်တိုင် ရွေးချယ်ခဲ့တာလား?

မနှစ်ကလည်း သူပို့ပေးတဲ့ ခရမ်းရောင်ရွှေဆံထိုးကို သူမ နေ့တိုင်းဝတ်ဆင်ခဲ့ပြီး အရမ်းပျော်နေခဲ့သေးတယ်။ နောက်တော့ သူက သူ့အိမ်တော်ရဲ့ဘဏ္ဍာထိန်းကို သူ့ကိုယ်စား ရွေးခိုင်းခဲ့တာကို သူမ ပြန်သိခဲ့ရလို့ အဲဒီဆံထိုးကို ဘယ်တော့မှ ထပ်မဝတ်တော့ဘူး။

လို့ရှီးယန်၏အတွေးထဲတွင် ကျင်းစက သူ့ကို ပြခဲ့သည့် လက်ကောက်တစ်ဖက် ပေါ်လာခဲ့သည်။ သူက ယန်းရူရွှယ်၏ မျှော်လင့်နေသော မျက်လုံးများကို ကြည့်လိုက်ပြီး သူမကို ပြုံးပြလိုက်ကာ "မင်းသမီး ကြိုက်ရဲ့လား?"

  "ရှင် ပေးခဲ့တဲ့အရာအားလုံးကို ကျွန်မ ကြိုက်တယ်"

သူပေးခဲ့တဲ့အရာကို သူမ လုံးဝ ဂရုမစိုက်ပေမယ့် သူမအတွက် ပြင်ဆင်ဖို့ သူ ကြိုးစားခဲ့သလားဆိုတာကိုတော့ သူမ ဂရုစိုက်ခဲ့တယ်။

  "မင်းသမီး ကြိုက်တာကောင်းပါတယ်။ နန်းတော်ဧည့်ခံပွဲက စတော့မယ်။ မင်းသမီး၊ ကျေးဇူးပြုပြီး အရင်ပြန်သွားပါ"

  လို့ရှီးယန်၏ ပြောင်မြောက်သော အဖြေက ယန်းရူရွှယ်၏ မျက်နှာကို မည်းမှောင်သွားစေသည်။ သူမက ထက်မြက်ပြီး ဤလက်ကောက်ကို သူ ကိုယ်တိုင် ရွေးချယ်ခဲ့ခြင်း မဟုတ်ကြောင်း သူမ မသိဘဲ မနေပေ။

သူမ ဘာကို တောင်းဆိုနေမိတာလဲ?

သူမက ရယ်စရာကောင်းနေမှန်း ရုတ်တရက် သိလိုက်ရသောကြောင့် ယန်းရူရွှယ်က ဖြူဖပ်ဖြူရော်မျက်နှာဖြင့် စိတ်ပျက်လက်ပျက် မတ်တပ်ထရပ်လိုက်သည်။ ထိုအခိုက်အတန့်တွင် အဝေးမှ စူးစူးရှရှ အသံများက ဆက်တိုက်ထွက်ပေါ်လာခဲ့သည်။

"ဧကရာဇ်မင်းမြတ် ကြွချီလာပါပြီ”

“ဧကရီ ကြွလာပါပြီ!"

  ဆူညံရှုပ်ထွေးနေသော ပင်မခန်းမကြီးက ခေတ္တခဏတိတ်ဆိတ်သွားပြီး လူတိုင်းက ဒူးထောက်ကာ ဦးညွှတ်နေကြသည်။ ဒုတိယအလွှာမှ အရာရှိများက ဒူးထောက်နေကာ ကျန်လူများ အားလုံးက ကြမ်းပြင်ပေါ်တွင် ဝပ်တွားနေကြသည်။ ကျွော့ချင်း မတုံ့ပြန်နိုင်မီမှာပင် မော့ပိုင်က သူမကို ဆွဲချပြီး ဒူးထောက်စေခဲ့သည်။ နန်းတော်ခန်းမထဲတွင် ရပ်နေသော တစ်ဦးတည်းသောလူမှာ ယန်းရူရွှယ်ဖြစ်ပြီး သူမက တွေဝေနေပုံရသည်။

  လို့ရှီးယန်၏ မျက်လုံးများက မှေးမှိန်သွားပြီး ယန်းရူရွှယ်၏လက်ကို ကိုင်ကာ သူ့နံဘေးသို့ ဆွဲချလိုက်သည်။ တစ်ချိန်တည်းမှာပင် ဧကရာဇ်နှင့် ဧကရီတို့က ခန်းမတံခါးဝတွင် ပေါ်လာခဲ့သည်။

အခန်း ၃၉၊ နန်းတော်ဧည့်ခံပွဲ (အပိုင်း ၃)

  "ဧကရာဇ်မင်းမြတ် သက်တော်ရာကျော် ရှည်ပါစေ!"

"ဧကရီမယ်မယ် ကျမ်းမာ ချမ်းသာပါစေ!"

  ဧကရာဇ်နှင့် သူ့၏မိဖုရားများ ခန်းမထဲသို့ ဝင်လာစဉ် အော်ဟစ်နှုတ်ဆက်သံများ ထွက်ပေါ်လာခဲ့သည်။ ကျွော့ချင်းက သူမ၏ ခေါင်းကို အနည်းငယ် မြှောက်လိုက်ပြီး ယန်းဟုန်ထျန်းက တောက်ပသော အဝါရောင် ပိုးသား၀တ်စုံ၊ အဖြူရောင် ကျောက်စိမ်း ခါးပတ်နှင့် ခေါင်းပေါ်တွင် ရွှေရောင်နှင့်အနက်ရောင်ပါသော ကျောက်စိမ်းသရဖူအား ၀တ်ဆင်ထားသည်ကို သူမ တွေ့လိုက်ရသည်။ အေးစက်သောမျက်လုံးများက လူအများကို ခြိမ်းခြောက်နိုင်သော်လည်း စွဲမက်ဖွယ်ကောင်းနေသေးသည်။ သူက ဤအဝတ်အစားများနှင့် လိုက်ဖက်လွန်းနေသော်လည်း လူအများ သူ့ကို တိုက်ရိုက်မကြည့်ရဲစေလောက်သည့် အရှိန်အဝါတစ်ခု ရှိနေပြန်သည်။ အမှန်တကယ်တွင်လည်း ကျွော့ချင်းမှ လွဲပြီး သူ့ကို မော့ကြည့်ဝံ့သူ မည်သူမျှ မရှိပေ။ ဧကရီက အသက်နှစ်ဆယ်ကျော်အရွယ်တွင်သာ ရှိသေးပြီး သူမ ဝတ်ဆင်ထားသည့် ရွှေဆံထိုးနှင့် ကျောက်စိမ်းဆွဲသီးက သူမကို ပိုပြီး ငယ်ရွယ်နုပျိုစေပုံရသည်။ သူမက အနီရင့်ရောင်ဝတ်စုံကို ၀တ်ဆင်ထားပြီး ကြမ်းပြင်အထိ တွဲလောင်းကျနေသော စကတ်ရှည်တွင် ပျိုနီပန်းများ ပန်းထိုးထားသောကြောင့် ဂုဏ်ကျက်သရေများနှင့် ပြည့်နှက်နေသော်လည်း သူမကဲ့သို့ မြင့်မြတ်သောသူပင် ဧကရာဇ်၏နောက်မှသာ လိုက်ပါနိုင်ပြီး သူနှင့် ဘယ်တော့မှ ဘေးချင်းမယှဥ်နိုင်ပေ။

  ကျွော့ချင်းက တိတ်တိတ်လေး သက်ပြင်းချလိုက်သည်။

နောက်ဆုံးတော့ ရှေးခေတ်က ဘုရင်တွေ ဘာလို့ သူတို့ကိုယ်သူတို့ ကောင်းကင်သားတော်လို့ သတ်မှတ်သလဲဆိုတာ သူမ သိလာပြီ။ အဆုံးမှာတော့ သူရဲဘောကြောင်တဲ့ လူတွေက ဧကရာဇ်ဖြစ်မလာနိုင်ဘူးဆိုတာကို သူမ နားလည်လာခဲ့ရတယ်။

  ယန်းရူရွှယ်က သူမ၏လက်များကို ကြောင်တောင်တောင် စိုက်ကြည့်နေခဲ့သည်။ သူမ၏မျက်နှာက အပူလောင်လုနီးပါးဖြစ်နေပြီး သူမ၏နှလုံးခုန်သံက မိုးခြိမ်းသံကဲ့သို့ဖြစ်နေကာ သူမ၏နားထဲသို့ မည်သည့်အသံမျှ မဝင်ရောက်နိုင်တော့ပေ။ သူမ၏ရင်ခုန်နေသော နှလုံးခုန်သံများကိုသာ သူမ ကြားနေရတော့သည်။

အခုန သူက တကယ်ပဲ သူမလက်ကို ဆုပ်ကိုင်ထားခဲ့တယ်။ အဲ့တာက ခဏတာလေးပြ ဆိုပေမယ့် သူမရဲ့လက်ကောက်ဝတ်က သူရဲ့အေးမြတဲ့ လက်ချောင်းထိပ်တွေက နူးညံ့တဲ့အင်အားကို ခံစားနေရတုန်းပဲ။

ယန်းရူရွှယ်က သူမ၏လက်ကောက်ဝတ်ကို အနည်းငယ်မြှောက်လိုက်ပြီး သူ့၏ချောမောခန့်ညားသောမျက်နှာကို ကြည့်လိုက်ပြန်သည်။ ယန်းရူရွှယ်က သူမ မည်မျှပင် စိတ်ဆင်းရဲစေကာမူ၊ မည်မျှပင် အသည်းကွဲနေစေကာမူ သူမ သူ့ကို မလွှတ်ချနိုင်သည်ကို သိနေတာကြာပြီ ဖြစ်ကာ သူမ၏နှလုံးသားနှင့် မျက်လုံးများက သူမှလွဲပြီး မည်သည့်ယောက်ျားကိုမျှ လက်မခံနိုင်တော့ကြောင်းလည်း သူမ သိနေခဲ့သည်။

  စုလင်းက သူ့မျက်လုံးများ၏စူးရှမူကြောင့် ထိုနန်းတော်အစေခံက ချောင်ယွမ်မင်းသမီးဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း သိမြင်နိုင်သည်။ စုလင်း၏မျက်လုံးများတွင် ရွံရှာနေသလိုအရိပ်အယောင်များ ထွက်ပေါ်လာခဲ့သည်။

အမျိုးသမီးတွေက အမှန်တကယ် ဒုက္ခပေးလွန်းတယ်။ အဲ့အမျိုးသမီးတွေက အခြေအနေတစ်ခုကို ရှင်းရှင်းလင်းလင်း သဘောမပေါက်သလို ဘယ်တော့မှ နားလည်သဘောပေါက်လာမှာလည်း မဟုတ်ဘူး။

   သူတို့ အတွေးကိုယ်စီနှင့် သူတို့ဘာသာ ရုပ်ထွေးနေကြချိန်တွင် ယန်းဟုန်ထျန်းက အပေါ်ထပ်စင်မြင့်ပေါ်သို့ တက်သွားပြီး နဂါးပုလ္လင်ပေါ်တွင် ထိုင်နေပြီ ဖြစ်သည်။ ဧကရီကတော့ သူ့၏ညာဖက်တွင် ထိုင်နေခဲ့သည်။ ယန်းဟုန်ထျန်းက သူ့လက်ကို မြှောက်ပြီး “အရာရှိအားလုံး သက်တောင့်သက်သာနေပါ”

  “ကျေးဇူးကြီးမြတ်လှပါတယ် အရှင်မင်းကြီး”

မရေမတွက်နိုင်သော တုံ့ပြန်မှုများ တစ်ဖန်ထွက်ပေါ်လာပြီး မှူးမတ်များက လေ့ကျင့်ထားကြသလို တညီတညွတ်တည်း ပြန်ထိုင်လိုက်ကြသည်။

  နောက်ဆုံး တည့်တည့်မတ်မတ် ပြန်ရပ်နိုင်သွားချိန်တွင် ကျွော့ချင်းက စိတ်အားထက်သန်စွာဖြင့် သူမဒူးကို ပွတ်သပ်နေခဲ့သည်။

အခုန မော့ပိုင်က သူမကို ရုတ်တရက် ဆွဲချလိုက်တာကြောင့် သူမရဲ့ဒူးတွေ ပွန်းပဲ့သွားတယ်လေ။

သူမ ထိုအကြောင်းကို စဉ်းစားနေတုန်းမှာပင် မော့ပိုင်၏ အေးစက်သော မျက်လုံးများက သူမလက်ပေါ်သို့ ကျရောက်လာသောကြောင့် ကျွော့ချင်းက သူမ၏နှုတ်ခမ်းကို ကော့ကာ ခေါင်းငုံပြီး မတ်တပ်ရပ်နေလိုက်သည်။

  "မြောက်ပိုင်းချီမင်းဆက်ရဲ့သံတမန်တွေ ဝင်ခွင့်တောင်းပါတယ်"

  အခမ်းအနားမှူးက ကျယ်လောင်စွာ ထပ်အော်လိုက်ပြီး လူသုံးယောက်၊ အမျိုးသား နှစ်ယောက်နှင့် အမျိုးသမီးတစ်ယောက်က ရွှေကော်ဇောအဆုံးမှ ဖြည်းညှင်းစွာ လျှောက်လာကြသည်။

   သူတို့ သုံးယောက်လုံး ခမ်းနားထည်ဝါသည့် အဝတ်အစားများကို ၀တ်ဆင်ထားကြသည်။ အရပ်ရှည်ပြီး ပိန်လှီသော အမျိုးသားက ရှေ့တည့်တည့်တွင် ရပ်နေပြီး သန်မာသော အမျိုးသားက သူ့နောက်တွင် ရပ်နေလေသည်။ ကျွော့ချင်း၏ အာရုံကို ဖမ်းစားနိုင်သူမှာ မိန်းကလေး ဖြစ်သည်။ သူမ၏လက်ရာမြောက်လွန်းသော အလှတရားနှင့် အသွင်အပြင်က လူအများ လျစ်လျူမရှုနိုင်အောင် ဖြစ်စေပြီး သူမ၏ထက်မြက်သောအသွင်အပြင်က ကိန်းကြီးခန်းကြီး ချိတ်ဆွဲပြသထားသည့် ပန်းချီကားတစ်ချပ်ကဲ့သို့ ဖြစ်နေလေသည်။ သူမ၏မျက်လုံးများက ဆေးခြယ်သထားကဲ့သို့ ဖြစ်နေကာ ဆောင်းဦးရေကဲ့သို့ လူများကို စူးစမ်းလေ့လာရန် ဖိတ်ခေါ်နေကြသည်။

  “ကောင်းကင်ဘုံရဲ့သားတော် ဧကရာဇ်မင်းမြတ်ကို နှုတ်ခွန်းဆက်သတော်မူပါတယ်” ဟုဆိုကာ သုံးယောက်သား ဒူးထောက်ကာ ဦးညွှတ်လိုက်ကြသည်။

  ယန်းဟုန်ထျန်းက ကျယ်လောင်စွာ ပြန်ပြောလိုက်သည်။

"မင်းတို့ ထိုင်နိုင်ပြီ"

  " ကျေးဇူးကြီးမြတ်လှပါတယ်၊ ဧကရာဇ်မင်းမြတ်"

  လူသုံးယောက်က စုလင်းဘေးမှ လွတ်နေသည့် စားပွဲရှည်သုံးလုံးတွင် ဝင်ထိုင်လိုက်ကြသည်။ ပိန်ရှည်ရှည်လူက စုလင်း၏ဘက်သို့ လက်ခုပ်အုပ် နူတ်ဆက်လိုက်သော်လည်း စုလင်းက အေးစက်သည့်မျက်နှာနှင့်သာ ခေါင်းညိတ်တုန့်ပြန်လိုက်သည်။ စုလင်း၏တုန့်ပြန်မှုက အနည်းငယ် ရိုင်းပျပုံရသော်လည်း ထိုလူက ဂရုမစိုက်ဘဲ သပ်ရပ်စွာ ထိုင်နေခဲ့သည်။

ယန်းဟုန်ထျန်း၏ ကျယ်လောင်သော အသံက တစ်ဖန် ပဲ့တင်ထပ်လာပြန်သည်။ “အဝေးက လာတဲ့လူတွေကို ချုံယွဲ့ရဲ့ ထူးခြားတဲ့ ရှားစောင်းသေရည် မြည်းစမ်းဖို့ ပေးလိုက်”

  "ဧကရာဇ်မင်းမြတ်ကို ကျေးဇူးတင်ပါတယ်"

  အပြာရောင်နန်းတွင်းဝတ်စုံကို ဝတ်ထားသော နန်းတွင်းအစေခံသုံးယောက်က အရက်အိုးများကို လက်ထဲတွင် ကိုင်ထားပြီး စားပွဲရှည်ကြီးများဆီသို့ လျှောက်သွားကာ ဒူးတဝက်လောက် အနေအထားဖြင့် သေရည်များ ငဲ့ပေးနေကြသည်။

  သေချာတာကတော့ ရှေးခေတ်ပဲဖြစ်ဖြစ် ယခုခေတ်ပဲဖြစ်ဖြစ် ပွဲလမ်းသဘင်ပွဲတွေက အမြဲတမ်း ပျင်းရိငြီးငွေ့ဖွယ်ကောင်းတယ်။ ကွာခြားချက်က အရင်က အနည်းဆုံးတော့ သူမ ထိုင်ချင်သလို ထိုင်နိုင်ပြီး စားချင်သလို စားနိုင်တယ်။ ထွက်သွားချင်ရင်လည်း ထွက်သွားနိုင်သေးတယ်။ အခုတော့ မတ်တပ်ပဲရပ်နေရတယ်။

ကျွော့ချင်းက ပျင်းရိငြီးငွေ့နေပြီး ထိုနန်းတွင်းအစေခံများကို တစ်ချက်ကြည့်လိုက်မိသည်။ ထိုအချိန်တွင် သူမ အသက်ကို ပြင်းပြင်းရှူလိုက်မိစေသည့် မြင်ကွင်းကို သူမ တွေ့လိုက်ရသည်။ မင်းသမီးအတွက် သေရည် ထည့်ပေးနေသည့် အမျိုးသမီး၏ ညာဖက်ပါးပြင်တွင် ထင်ရှားသော အမာရွတ် နှစ်ခုရှိနေခြင်းပင်။

ချင်းလင်များ ဖြစ်နေမလား?!

  ထိုနန်းတွင်းအစေခံကို ကျွော့ချင်း သတိပြုမိရုံမျှမက လို့ရှီးယန်လည်း သတိပြုမိသွားသည်မှာ ပုံမှန်သာ ဖြစ်သည်။ ထိုအခိုက်အတန့်တွင် သူ့၏မျက်လုံးများထဲမှ အံ့သြမှုများ တစ်ဖျပ်ဖျပ်ပေါ်လာဲ့သည်။

ဒီအမျိုးသမီးက ချင်းလင် ဖြစ်နိုင်တယ်။ သူမနဲ့ ဖုန့်အာက ခန္ဓာကိုယ်ပုံစံရော ရုပ်ရည်ပါ အရမ်းဆင်တူနေတယ်။ ဖုန့်အာရဲ့မျက်လုံးတွေက ပြတ်သားပြီး ဂုဏ်ယူစရာကောင်းတဲ့ ထက်မြက်မှုတွေ ရှိနေပေမယ့် သူမရဲ့မျက်လုံးတွေကတော့ အလွန်အမင်း အေးစက်မှုနဲ့ ထုံမွှမ်းထားတဲ့ ဥပေက္ခာတွေ ပြည့်နှက်နေတယ်။

  ဒါပေမယ့် ဘာလို့ သူမကို ဒီပွဲမှာ မြောက်ဘက်ချီရဲ့မင်းသမီးကို ခစားခိုင်းတာလဲ? ဧကရာဇ်က သူမကို အရှက်ခွဲချင်တာကြောင့်လား?

လို့ရှီးယန်က သဲလွန်စရှာရန် ယန်းဟုန်ထျန်းကို တစ်ချက်ကြည့်လိုက်သည်။ ယန်းဟုန်ထျန်း၏မျက်လုံးများတွင်လည်း သူ့ကဲ့သို့ အံ့အားသင့်နေသော အရိပ်အမြွက်များ ရှိနေသည်ကို လို့ရှီးယန် တွေ့လိုက်ရသည်။ သူ စီစဉ်ပုံမပေါ်သောကြောင့် ထိုသို့စီစဉ်ပေးမည့်သူတစ်ဦးတည်းမှာ ဧကရီသာ ဖြစ်နိုင်တော့သည်။

  မောင်းမဆောင်၏အရေးကိစ္စများက သူ စိုးရိမ်သင့်သည့်အရာ မဟုတ်သလို သူ့နောက်မှ ချင်းဖုန့်ကလည်း ကြီးကြီးမားမား လှုပ်ရှားမှု မရှိသောကြောင့် လို့ရှီးယန်က သူ့မျက်လုံးများထဲမှ အံသြရိပ်များကို ညင်ညင်သာသာ ဖုံးကွယ်လိုက်ပြီး ပြောင်းလဲမှုများကို စောင့်ကြည့်နေသည်။

  ကျွော့ချင်း၏မျက်လုံးများက ပြင်းထန်လွန်းသောကြောင့် ဖြစ်ကောင်းဖြစ်နိုင်သလို သို့မဟုတ် စိတ်ချင်းဆက်သွယ်မှုဟုလည်း ပြောနိုင်ပုံရကာ ထိုနန်းတွင်းအစေခံက ရုတ်တရက် ခေါင်းမော့ကာ ကျွော့ချင်း၏မျက်လုံးများကို ကြည့်လာခဲ့သည်။

  ကျွော့ချင်း၏မျက်နှာကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရချိန်တွင် ထိုမိန်းကလေး၏မျက်လုံးများက ရုတ်တရက်ပြူးကျယ်လာပြီး သူမလက်ထဲတွင် ဆုပ်ကိုင်ထားသော အရက်အိုးကို လွတ်ချလုနီးပါး ဖြစ်သွားခဲ့သည်။ သူမ၏အမူအရာကို မြင်လိုက်ချိန်တွင် ကျွော့ချင်း၏စိတ်နှလုံးက ကျဆင်းသွားခဲ့ရသည်။

သူမက ချင်းလင်ဖြစ်နိုင်ပေမယ့် ကုယွင်တော့ မဟုတ်ဘူး။ အကယ်၍ သူမသာ ကုယွင် ဖြစ်နေခဲ့ရင် သူမကို မှတ်မိနေတဲ့ အခြေအနေမျိုး ရှိလာမှာ မဟုတ်သလို သူမရဲ့အတွေးတွေကို လူအများကို မြင်ခွင့်ပေးရလောက်တဲ့အထိ စိတ်လှုပ်ရှားနေမှာလည်း မဟုတ်ဘူး။

(T/n: ကုယွင်ဆိုရင် ကျွော့ချင်းရဲ့လက်ရှိသွင်ပြင်ကို မှတ်မိမှာ မဟုတ်ပါဘူးလို့ ပြောချင်တာပါ)

  ကျွော့ချင်းက စိတ်ပျက်လက်ပျက်ဖြင့် အဝေးသို့ အကြည့်လွှဲလိုက်ပြီး ထိုမိန်းကလေးကလည်း ဣန္ဒြေပြန်ဆယ်နိုင်သွားပြီး သူမ၏ခေါင်းကို ငုံ့ထားလိုက်ကြောင်း သူမ၏မျက်လုံးထောင့်မှ လှမ်းမြင်လိုက်ရသည်။ သို့သော်လည်း အနည်းငယ် လှုပ်ယမ်းနေသော သူမ၏ ပုခုံးများက သူမ မည်မျှ စိတ်လှုပ်ရှားနေသည်ကို ပြောပြနိုင်သေးသည်။

  လူသုံးယောက်က သေရည်ခွက်ကို ကိုင်ကာ တစ်ကျိုက်တည်း မော့သောက်လိုက်ကြသည်။ မြောက်ပိုင်းချီမင်းဆက်၏ တတိယမင်းသားဖြစ်သော ရှရွှင်းစစ်က လေးလေးစားစားပုံစံဖြင့် ပြုံးလိုက်ကာ "ဒါက တကယ်ကို ကောင်းတဲ့ သေရည်ပဲ၊ မွှေးပျံ့တဲ့ ရနံ့က ကြွယ်ဝပြီး ပါးစပ်ထဲမှာ အရသာရှိစေပါတယ်၊ ဒီတစ်ခါတော့.... မြောက်ပိုင်းချီမင်းဆက်ကိုယ်စား ချုံယွဲ့ကို လာခဲ့ပြီး ချုံယွဲ့ရဲ့ ဘုန်းတန်းခိုးအာနုဘော်ကို မြင်နိုင်ခဲ့တယ်။ ကျွန်တော်တို့က ချုံယွဲ့ရဲ့အပြုအမူကို ကျွန်တော်တို့ရဲ့ စိတ်ရင်းမှန်နဲ့ ယုံကြည်ပြီး ဒီအခွင့်အရေးကနေ ချုံယွဲ့က ကျွန်တော်တို့ရဲ့ လက်နက်ချမှုကို ယုံကြည်ဖို့ မျှော်လင့်ပါတယ်”

  ယန်းဟုန်ထျန်းက နားလည်မှုရှိသော အကြည့်ဖြင့် ဖြည်းညင်းစွာ ခေါင်းညိတ်ပြနေခဲ့ပြီး "မြောက်ပိုင်းချီက ချုံယွဲ့ရဲ့အိမ်နီးချင်းတိုင်းပြည်ဖြစ်ခဲ့တာ အချိန်တွေ ကြာနေပြီ၊ တိုင်းပြည်နှစ်ခုကြားမှာလည်း သံတမန်ဖလှယ်မှုတွေ ရှိခဲ့ကြတယ်၊ အပြန်အလှန် ဖလှယ်မှုတွေ ပိုများလာတာက တကယ်ကို ကောင်းပါတယ်။ တတိယမင်းသား ရောက်လာပြီဆိုမှတော့ ချုံယွဲအနှံ ခရီးသွားပြီး ချုံယွဲ့ရဲ့ လှပတဲ့ ရှုခင်းတွေကို ခံစားနိုင်တယ်"

  ယန်းဟုန်ထျန်းက ရှရွှင်းစစ်၏စကားကို လုံးဝ တိုက်ရိုက်မဖြေပေ။ ရှရွှင်းစစ်က  ယန်းဟုန်ထျန်းအနေဖြင့် မဟာမိတ်ဖွဲ့ရန် စိတ်အားထက်သန်မှုမရှိကြောင်း သူ့စိတ်ထဲမှ သိထားပြီးသား ဖြစ်သည်။ သို့သော်လည်း ရှရွှင်းစစ်က ပြုံးနေခဲ့ပြီး "အရှင့်ရဲ့ကြင်နာမှုအတွက် ဧကရာဇ်မင်းမြတ်ကို ကျေးဇူးတင်ပါတယ်။ ချုံယွဲ့ရဲ့ ကျယ်ပြောလှတဲ့ နယ်မြေနဲ့ ရိုးရာသီချင်းတွေက သဘာဝအတိုင်း လှပပါတယ်။ ဒီတစ်ခါမှာတော့ ကျွန်တော်တို့ မြောက်ပိုင်းချီက ချုံယွဲ့ကြီးပွားချမ်းသာပါစေလို့ ဆုတောင်းပြီး နှစ်နိုင်ငံ ထာဝရမိတ်ဆွေဖြစ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်"

  "အိုး?" ပျားရည်ထောင်ချောက်ကို သုံးနေတာ အရမ်းမြန်နေတာလား?

ယန်းဟုန်ထျန်းက သူ့မျက်လုံးကို အနည်းငယ်ပင့်တင်လိုက်ပြီး ရယ်မောလိုက်ကာ "သတ္တမမင်းသမီးရဲ့အကစွမ်းရည်က အရမ်းကောင်းတယ်လို့ ငါကိုယ်တော် အမြဲကြားနေရတယ်။ ဒီနေ့ သူ(မ)ကို ဂုဏ်ပြုချင်တယ်"

  "ယွင်ယွင်က အရည်အချင်း အများကြီးမရှိလို့ အရှင့်ကို စိတ်ပျက်အောင်လုပ်မိရင် ခွင့်လွှတ်ပေးပါ"

မိန်းကလေးက ကြော့မော့စွာ မတ်တပ်ထရပ်လိုက်ပြီး အလယ်ရှိ ရွှေရောင်ကော်ဇောဆီသို့ လျှောက်သွားကာ ယန်းဟုန်ထျန်းကို ကြည့်ရင်း ချစ်စဖွယ် စကားစလိုက်သည်။ သူမ ကခုန်တော့မည်မှာ အမှန်ပင်ဖြစ်ပြီး သူမက သူမ၏ခါးစည်းကြိုးကို ဖြည်းညှင်းစွာ ဆွဲဖြုတ်လိုက်သည်။

ကျွော့ချင်းကတော့ အလွန်အမင်း အံ့ဩနေခဲ့သည်။

မင်းက လူတိုင်းရှေ့မှာ မင်းရဲ့အဝတ်အစားတွေကို ချွတ်တယ်ပေါ့လေ။

သူမ ကမယ့်အကက Sexy အကတော့ မဟုတ်ဘူးမလား????!!!!!

All Chapters