← Chapters

ကြက် ဝက်ရူးများ

Vol. 23 Ch. 225

ကြက် ဝက်ရူးများ

Vol. 23 Ch. 225

ယွဲ့ကျီ ဦးနှောက်ခြောက်အောင် စဉ်းစားနေစဉ်မှာပင် ကျုံးချင်သည် နတ်ဆိုးစစ်သူကြီး ဆယ့်နှစ်ဦးနှင့်အတူ နတ်ဆိုးသင်္ချိုင်းနယ်မြေမှ ထွက်ခွာသွားခဲ့လေပြီ။

ဒီတစ်ကြိမ်တွင် သူ ရရှိခဲ့သော အကျိုးအမြတ်များ အလွန်များပြားသည်ဟု ပြောရပေမည်။

သူသည် အစစ်အမှန် နတ်ဆိုးအမွေအနှစ်ကို ရရှိခဲ့ရုံသာမက ကောင်းကင်ဘုံကို အာခံနိုင်သော စွမ်းအားရှိသည့် လက်အောက်ငယ်သားဆယ့်နှစ်ဦးကိုလည်း ရရှိခဲ့သည်။

ဤနတ်ဆိုးစစ်သူကြီးဆယ့်နှစ်ဦးသည် သူ၏နံဘေးတွင် ရှိနေသဖြင့် မြောက်ပိုင်းဒေသ၏ ထိပ်သီးအင်အားစုဟု သတ်မှတ်ခံထားရသော မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူနှင့် တွေ့ဆုံခဲ့လျှင်ပင် သူ ဖြတ်ကျော်နိုင်မည်ဟု ယုံကြည်ထားခဲ့သည်။

သို့သော် စိတ်ကူးများက လှပသော်လည်း...

လက်တွေ့နှင့် စိတ်ကူးကြားတွင် အနည်းငယ် ကွာခြားမှု ရှိနေသည်။

နတ်ဆိုးစစ်သူကြီး ဆယ့်နှစ်ဦးသည် နတ်ဆိုးသင်္ချိုင်းနယ်မြေမှ ထွက်ခွာလာသည်နှင့် သူတို့ထံတွင် ထူးဆန်းသော ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လာခဲ့ပေ၏။

"ဒုက္ခပဲ..."

"နတ်ဆိုးချီရင်းမြစ်ရဲ့ ထောက်ပံ့မှု မရှိတော့တာနဲ့ ကျွန်တော်တို့ရဲ့စိတ်ဝိညာဉ်ခန္ဓာကိုယ်တွေက စပြီးပျောက်ကွယ်တော့မယ်..."

နတ်ဆိုးစစ်သူကြီးတစ်ဦးက ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

သူတို့၏စိတ်ဝိညာဉ်များ အရည်ပျော်ကျနေသည်ကို မြင်တွေ့နေရပေ၏။

ကျုံးချင်သည် ဤအခြေအနေကို မြင်တွေ့ချိန်၌ မျက်မှောင်ကြုတ်လိုက်မိသည်။

"ဘာဖြစ်တာလဲ..."

"နတ်ဆိုးသခင်... အရှင့်ရဲ့မှတ်ဉာဏ်ပျောက်ဆုံးမှုက ပြန်မကောင်းသေးတော့ တိတိကျကျ ပြောရရင် လွန်ခဲ့တဲ့ နတ်ဘုရားနဲ့ နတ်ဆိုး စစ်ပွဲတုန်းက ကျွန်တော်တို့ သေဆုံးခဲ့ပြီးပြီဆိုတာကို မှတ်မိမှာ မဟုတ်ဘူး..."

"အခု အရှင် မြင်နေရတာတွေက ကျွန်တော်တို့ ချန်ထားခဲ့တဲ့ အကြွင်းအကျန်စိတ်ဝိညာဉ်တွေပဲ..."

"အခု ကျွန်တော်တို့က နတ်ဆိုးမျိုးနွယ်စုရဲ့ ပင်မအခြေစိုက်စခန်းကနေ ထွက်လာပြီဆိုတော့ ရုပ်ခန္ဓာကိုယ်တစ်ခုကို အရေးတကြီး လိုအပ်နေပြီ... အဲ့ဒီလိုမဟုတ်ရင် နာရီဝက်လောက်အတွင်းမှာ ကျွန်တော်တို့ဆယ့်နှစ်ယောက်လုံး စိတ်ဝိညာဉ်လွင့်ပါးပြီး ပျောက်ကွယ်သွားလိမ့်မယ်..."

မော့ရီက စိုးရိမ်ပူပန်သော မျက်နှာထားဖြင့် ပြောဆိုလိုက်သည်။

"ကျွန်တော်တို့ကို ရုပ်ခန္ဓာကိုယ်တစ်ခုခု သန့်စင်ပြီး ပေးသနားဖို့ နတ်ဆိုးသခင်ကို တောင်းဆိုပါတယ်..."

ဤတောင်းဆိုမှုက ကျုံးချင်ကို ခေါင်းကိုက်သွားစေသည်။ ဤကဲ့သို့ လူသူကင်းမဲ့သော နေရာမျိုးတွင် သူသည် ရုပ်ခန္ဓာကိုယ်များကို မည်သည့်နေရာမှ သွားရှာပေးရမည်နည်း။

သို့သော် သူတို့၏စိတ်ဝိညာဉ်ခန္ဓာကိုယ်များ မတည်မငြိမ် ဖြစ်နေသည်ကို မြင်ရသဖြင့် အကယ်၍ သူသာ ဖြေရှင်းနည်းတစ်ခုကို အလျင်အမြန် မရှာဖွေပါက သူတို့သည် တိုက်ရိုက်ပျောက်ကွယ်သွားပေလိမ့်မည်။

ဤနတ်ဆိုးစစ်သူကြီးများသည် သူတို့၏ အထွတ်အထိပ်အချိန်တွင် ယန်သုံးပါးနယ်ပယ်ထက် သာလွန်သော တည်ရှိမှုများပင်။

သူသည် သူတို့ကို ဤအတိုင်း သေဆုံးသွားခွင့် မပြုနိုင်ချေ။

"မင်းတို့ရဲ့ရုပ်ခန္ဓာကိုယ်အတွက် လိုအပ်ချက်တွေ ရှိလား..."

ကျုံးချင်က အလျင်အမြန် မေးမြန်းလိုက်၏။

"နတ်ဆိုးသခင်ကို ပြန်အဖြေပေးပါရစေ... ကျွန်တော်တို့ရဲ့ အကြွင်းအကျန်စိတ်ဝိညာဉ်တွေကို ယာယီခိုလှုံခွင့်ပေးနိုင်မယ့် သက်ရှိသတ္တဝါ တစ်ကောင်ဆိုရင် ရပါပြီ..."

ထိုစကားကို ကြားသည်နှင့် ကျုံးချင် အကြံတစ်ခု ရသွားပေ၏။

သူသည် နတ်ဘုရားစိတ်အာရုံကို ဖြန့်ကျက်လိုက်ရာ မိုင်သုံးရာအကွာတွင် လယ်တောအိမ်လေးတစ်လုံးကို တွေ့ရှိလိုက်ရသည်။

ထိုနေရာတွင် ကြက် ဘဲအမြောက်အများကို မွေးမြူထားသည်။

"ငါ့ရဲ့နောက်ကို လိုက်ခဲ့..."

အချိန်သည် အရေးကြီးနေသဖြင့် ကျုံးချင်က သူ၏လက်ကို ဝှေ့ယမ်းလိုက်ပြီး နတ်ဆိုးစစ်သူကြီးဆယ့်နှစ်ဦးနှင့်အတူ လေဟာနယ်ကို ဆုတ်ဖြဲကာ ထိုလယ်တောအိမ်လေးဆီသို့ ဦးတည်သွားလိုက်၏။

လရောင်မှာ ရေကဲ့သို့ ကြည်လင်နေပြီး....

တောက်ပသောလရောင်သည် ခြံဝင်းထဲသို့ ဖြာကျနေပေ၏။

ဤသည်မှာ တိရစ္ဆာန်များ မွေးမြူထားသော ခြံငယ်နှစ်ခု သုံးခု ပါဝင်သည့် သာမန်အရပ်သားနေအိမ်တစ်လုံးပင်။

ထိုခြံငယ်လေးများထဲတွင် နွားနှစ်ကောင် ဝက်သုံးကောင်နှင့် ကြက်ဆယ်ကောင်ကျော် ရှိနေသည်။

မြောက်ပိုင်းဒေသတွင် အချိန်ကြာရှည်စွာ ရှိနေခဲ့သော်လည်း ဤသည်မှာ သာမန်လယ်သမားအိမ်တစ်လုံးကို ကျုံးချင် ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်းပင်။

သို့သော် ယခုအချိန်၌ ထိုအရာများကို သူ စဥ်းစားတွေးတောနေရမည့်အချိန် မဟုတ်ချေ။

သူသည် နတ်ဆိုးစစ်သူကြီးဆယ့်နှစ်ဦးကိုကြည့်ပြီး ပြောဆိုလိုက်၏။

"မင်းတို့ဘာသာ ရုပ်ခန္ဓာကိုယ်တစ်ခုကို ရွေးကြတော့..."

ဤနတ်ဆိုးစစ်သူကြီးဆယ့်နှစ်ဦး၏ ဂုဏ်ပုဒ်နှင့်ဆိုလျှင် ပုံမှန်အချိန်များတွင် ဤကဲ့သို့ သာမန် လယ်တောတိရစ္ဆာန်များကို တစ်ချက်ကလေးမျှပင် လှည့်ကြည့်မည်မဟုတ်ဟု ပြောနိုင်သည်။

သို့သော် ယခုအချိန်တွင်မူ သေရေးရှင်ရေး ဖြစ်နေသဖြင့် ရွေးချယ်စရာ အခွင့်အရေး မရှိတော့ပေ။

စိတ်ဝိညာဉ်ပုံရိပ်ဆယ့်နှစ်ခုသည် အနက်ရောင်အလင်းတန်းများအဖြစ် ပြောင်းလဲသွားပြီး တိရစ္ဆာန်များ၏ခန္ဓာကိုယ်ထဲသို့ အသီးသီး ဝင်ရောက်သွားကြသည်။

ဤလှုပ်ရှားမှုကြောင့် ကြွင်းကျန်သော တိရစ္ဆာန်များသည် ဝရုန်းသုန်းကားဖြင့် ဆူညံပွက်လောရိုက်ကာ ထွက်ပြေးကြတော့သည်။

တစ်ချိန်တည်းမှာပင် ထိုကိစ္စသည် လယ်တောအိမ်ပိုင်ရှင်၏စိတ်အာရုံကို ဖမ်းစားမိသွားပေ၏။

အဘွားအိုတစ်ဦးက ထမ်းပိုးတစ်ခုကို ကိုင်ဆောင်ကာ ပြေးထွက်လာသည်။

သူမ၏မွေးမြူရေးခြံရှေ့တွင် ကျုံးချင် မတ်တတ်ရပ်နေသည်ကို မြင်တွေ့ချိန်၌ သူမ၏ မျက်လုံးများ ချက်ချင်းဆိုသလိုပင် နီမြန်းသွားသည်။

"နင့်ကို အသေရိုက်သတ်မယ်... သူခိုးကောင်..."

ကျုံးချင် ချွေးပြန်သွားတော့သည်။

သူ မတော်တဆ သူခိုး ဖြစ်သွားလေပြီ။

"အဘွား... ကျွန်တော် ရှင်းပြတာကို နားထောင်ပါအုံး...ဒီတိရစ္ဆာန်တွေကို ကျွန်တော် ဝယ်လိုက်ရင်ရော ဘယ်လိုလဲ..."

သူ၏စွမ်းအားနှင့်ဆိုလျှင် တစ်ဖက်လူက ထမ်းပိုးနှင့် တစ်ညလုံး ရိုက်နှက်သည့်တိုင် သူ၏ အရေပြားကိုပင် ပွန်းပဲ့အောင် လုပ်နိုင်မည် မဟုတ်ချေ။

သို့သော် သူသည် သူတစ်ပါးကို အနိုင်ကျင့်တတ်သူ မဟုတ်ချေ။

သူဘက်က အရင်မှားခဲ့မိသဖြင့် အင်အားသုံးရန် အကြောင်းမရှိပေ။

အဘွားအို မယုံကြည်မည်ကို စိုးရိမ်သဖြင့်...

ကျုံးချင်သည် ရွှေဒင်္ဂါးပြား လက်တစ်ဆုပ်စာကို အလျင်အမြန် ထုတ်ယူလိုက်၏။

ဤအရာသည် သာမန်သေမျိုးလူသားများကြားတွင် အလွန်ရေပန်းစားသည်။

ကျုံးချင်သည် တောင်အောက်သို့ ဆင်းသည့်အခါတိုင်း ရွှေဒင်္ဂါးတချို့ကို အမြဲတစေ ဆောင်ထားလေ့ရှိသည်။

ယခု၌မူ နောက်ဆုံးတွင် ထိုအရာများ အသုံးဝင်လာခဲ့လေပြီ။

ငွေကြေး၏စွမ်းအားသည် သံသယဖြစ်ဖွယ်မရှိလောက်အောင် အလွန်ကြီးမားသည်။

လွန်ခဲ့သော အချိန်တခဏက ကျုံးချင်ကို ရိုက်နှက်ရန် ဟန်ပြင်နေသော အဘွားအိုသည် ရွှေဒင်္ဂါးပြားများကို မြင်တွေ့ချိန်၌ သူမ၏သဘောထား ချက်ချင်းပြောင်းလဲသွားသည်။

"ဒါတွေက တကယ်ပဲ ငါ့အတွက်လား..."

သူမသည် ထမ်းပိုးကို လက်နှစ်ဖက်ဖြင့် ကိုင်ထားပြီး ဘာလုပ်ရမှန်းမသိ ဖြစ်နေသည်။

"ဟုတ်ပါတယ်..."

ကျုံးချင်က လက်တစ်ဖက် ဆန့်တန်းပြီး ရွှေဒင်္ဂါးပြားများကို အဘွားအို၏အိတ်ကပ်ထဲသို့ တိုက်ရိုက်ထည့်ပေးလိုက်သည်။

"အဘွား... ဒီနေ့ ဖြစ်ပျက်ခဲ့တာတွေက ကျွန်တော့်ရဲ့ မဆင်မခြင် လုပ်ရပ်ကြောင့်ပါ..."

"စိတ်မရှိပါနဲ့နော်..."

"ဒါတွေက ဒီတိရစ္ဆာန်တွေကို ဝယ်ဖို့ လုံလောက်လား..."

"လောက်တာပေါ့... လောက်တာပေါ့...ဒီတိရစ္ဆာန်တွေကို မပြောနဲ့.. ဒီအဘွားကြီးကို ဝယ်မယ်ဆိုရင်တောင် ပိုနေသေးတယ်..."

သူမက စကားပြောဆိုရင်း ရွှေဒင်္ဂါးပြား အနည်းငယ်ကို ထုတ်ကာ နေကြာစေ့ခွာသကဲ့သို့ တစ်ပြားချင်း ကိုက်ကြည့်နေပေ၏။

ထိုအရာများသည် အစစ်အမှန် ဖြစ်ကြောင်း အတည်ပြုပြီးနောက် သူမက ပြုံးရွှင်စွာဖြင့် နံဘေးသို့ ဖယ်ပေးလိုက်သည်။ သူမ၏မျက်လုံးများထဲတွင် မျှော်လင့်ချက်အရိပ်အယောင်များဖြင့် ပြည့်နှက်နေပြီး ကျုံးချင်က သူမကိုလည်း ဝယ်ယူသွားရန်ကို အမှန်တကယ် မျှော်လင့်နေပုံရပေသည်။

ကျုံးချင်၏ခန္ဓာကိုယ်၌ ချွေးစေးများ ပြန်သွားတော့သည်။

"အဘွား... အဲ့ဒီလိုလုပ်ဖို့ မလိုပါဘူး...အိမ်ထဲဝင်ပြီး ပြန်အိပ်လိုက်ပါ...ကျွန်တော်က တိရစ္ဆာန်ဆယ့်နှစ်ကောင် ရွေးပြီးရင် ပြန်တော့မှာပါ..."

"ကောင်းပါပြီ... ကောင်းပါပြီ..."

အဘွားအိုက လွယ်လင့်တကူ သဘောတူလိုက်၏။

ကျုံးချင် ပေးလိုက်သော ရွှေဒင်္ဂါးပြားများသည် သူမ၏မိသားစုကို သာမန်မြို့တစ်မြို့တွင် ချမ်းသာကြွယ်ဝစွာ နေထိုင်နိုင်စေရန် လုံလောက်သည်။

သူမ၏ဘဝတလျှောက်လုံးတွင် ဤမျှထိ ရက်ရောသော ဧည့်သည်မျိုးကို မမြင်ဖူးခဲ့ချေ။

ထိုကြောင့် သူမသည် ကျုံးချင်၏ဆန္ဒကို မဆန့်ကျင်လိုပေ။

အဘွားအို ထွက်သွားသည်နှင့် ကျုံးချင်က နောက်ဆုံးတွင် သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်မိသည်။

သူသည် ခြံများကို ကြည့်လိုက်သော်လည်း မည်သူက မည်သူဖြစ်ကြောင်း အမှန်တကယ် မခွဲခြားနိုင်ချေ။

"နတ်ဆိုးစစ်သူကြီးဆယ့်နှစ်ယောက် ဘယ်မှာလဲ..."

"ရုပ်ခန္ဓာကိုယ် ပြောင်းလဲပြီးတဲ့သူတွေ အမြန် ထွက်ခဲ့ကြစမ်း..."

ယခုအချိန်၌ သူသည် အစစ်အမှန် နတ်ဆိုးအမွေအနှစ်ကို ရရှိထားပြီးဖြစ်သဖြင့် အချိန်မဆွဲချင်တော့ပေ။

အမွေအနှစ်ကို သူ၏ အနာဂတ်တပည့်ထံသို့ မြန်မြန်ပို့ပေးနိုင်လေလေ သူ၏အနာဂတ်တပည့်လေး ရင်ဆိုင်ရမည့်အန္တရာယ် နည်းပါးလေလေပင်။

ကျုံးချင်၏စကားသံဆုံးသည်နှင့်...

နတ်ဆိုးစစ်သူကြီးဆယ့်နှစ်ဦးလုံး တစ်ပြိုင်နက်တည်း ထွက်လာကြ၏။

သူတို့ထဲတွင် နွားနှစ်ကောင် ဝက်သုံးကောင်နှင့် ကြက်ခုနစ်ကောင် ပါဝင်သည်။

သူတို့သည် ခြံများထဲမှ စီတန်း၍ လမ်းလျှောက်ထွက်လာကြသည်။

" ကျွန်တော်တို့ကို ရုပ်ခန္ဓာကိုယ် ရှာပေးတဲ့အတွက် နတ်ဆိုးသခင်ကို ကျေးဇူးတင်ပါတယ်..."

ကြက်ပေါက်လေးအဖြစ် ပြောင်းလဲသွားသော မော့ရီက ကျုံးချင်ကို ကျေးဇူးတင်စကား ပြောဆိုလိုက်သည်။

သူသည် ဦးညွှတ်ရန် ကြိုးစားသော်လည်း ကြက်ခန္ဓာကိုယ်နှင့် ဖြစ်နေသဖြင့် အသားမကျဘဲ ယိုင်လဲသွားပေ၏။

တခြားနတ်ဆိုးစစ်သူကြီးများကလည်း လိုက်လုပ်ကြရာ အချိနိတခဏအတွင်းမှာပင် ကမောက်ကမမြင်ကွင်းတစ်ခု ဖြစ်သွားတော့သည်။

ဤသည်မှာ ကြီးမားသော ကပ်ဘေးသင့် မြင်ကွင်းတစ်ခုအလားပင်။

"ကဲ... ယဉ်ကျေးပြနေစရာ မလိုပါဘူး...အမွေအနှစ်က စိတ်ချရရဲ့လား..."

ကျုံးချင်က မေးမြန်းသည်။

"နတ်ဆိုးသခင်ကို ပြန်အဖြေပေးပါရစေ... အမွေအနှစ်က ကျွန်တော့်ရဲ့ဗိုက်ထဲမှာပါ... လုံးဝ စိတ်ချရပါတယ်..."

နွားဝါကြီးတစ်ကောင်က ပြောဆိုလိုက်ရာ သူ၏အသံသည် အက်ရှရှဖြစ်နေပေ၏။

"ဒါဆိုရင်လည်း ကောင်းပြီလေ... ငါ သွားစရာ ရှိသေးတယ်...အခု မင်းတို့ရဲ့အခြေအနေနဲ့ ကောင်းကင်ပေါ်ကနေ ပျံသန်းနိုင်ပါ့မလား..."

"နတ်ဆိုးသခင်ကို ပြန်အဖြေပေးပါရစေ... ပြဿနာမရှိပါဘူး..."

နတ်ဆိုးစစ်သူကြီးဆယ့်နှစ်ယောက်က တစ်ယောက်ပြီးတစ်ယောက် ပြန်ဖြေကြသည်။

မိုးကောင်းကင်ယံကို မော့ကြည့်ရင်း သူတို့သည် စိတ်လှုပ်ရှားမှု အရိပ်အယောင်များကို ပြသနေကြ၏။

မည်သို့ပင်ဆိုစေကာမူ သူတို့သည် ထိုအစစ်အမှန် နတ်ဆိုးအမွေအနှစ် နယ်မြေထဲတွင် မရေမတွက်နိုင်သော နှစ်ပေါင်းများစွာကြာအောင် နေထိုင်ခဲ့ရသည်။

ယခုအချိန်၌ သူတို့ ထွက်လာနိုင်ခဲ့ပြီဖြစ်သဖြင့် လေထုထဲတွင် လွတ်လပ်မှုရနံ့များ ပြည့်နှက်နေသည်ကို ခံစားနေရသည်။

ကျုံးချင်သည် ဤအရာကို မြင်တွေ့ချိန်၌ ခေါင်းညိတ်ပြပြီးနောက် နတ်ဆိုးစစ်သူကြီး ဆယ့်နှစ်ဦးကို ခေါ်ဆောင်ကာ မိုးကောင်းကင်သို့ ပျံသန်းသွားလိုက်၏။

ထို့နောက် ကောင်းကင်နှင့်မြေပြင်ကြားတွင် ထူးဆန်းသော မြင်ကွင်းတစ်ခု ထွက်ပေါ်လာခဲ့သည်။

လူတစ်ယောက်က ရှေ့မှ သွားနေပြီး နောက်မှ တိရစ္ဆာန်တစ်အုပ်က လိုက်ပါနေကြခြင်းပင်။

သူတို့၏ပုံစံသည် အတော်လေး ဖရိုဖရဲဖြစ်နေပြီး သူတို့၏အရှိန်နှုန်းမှာ အလွန်အမင်း မြန်ဆန်လှ၏။

သူတို့သည် မိုးကုပ်စက်ဝိုင်းဆီသို့ လျှပ်စီးလက်သည့်အလား ပြေးထွက်သွားကြတော့သည်။

All Chapters