← Chapters

အနီရောင်နတ်ဆိုး ရောက်ရှိလာခြင်း

Vol. 23 Ch. 230

အနီရောင်နတ်ဆိုး ရောက်ရှိလာခြင်း

Vol. 23 Ch. 230

မြောက်ဘက်အစွန်အဖျားဒေသ...

ဤနေရာကို အလွန်အေးစက်သော မြောက်ပိုင်းဒေသဟုလည်း ခေါ်ဆိုကြသည်။

ပိုင်လင်းနှင့်စာခြောက်ရုပ်သည် ခရီးဆက်နေကြပြီး မျက်စိမဖွင့်နိုင်လောက်အောင် ပြင်းထန်စွာ ကျဆင်းနေသော နှင်းမုန်တိုင်းဒဏ်ကို ခံစားနေကြရသည်။

"ဝုန်း..."

မြေပြင်ပေါ်တွင် တုန်ခါသံများ အဆက်မပြတ် ပဲ့တင်ထပ်လာပြီး တောင်ကြီးတစ်လုံးသည် မြင်းကောင်ရေတစ်သောင်း ဒုန်းစိုင်းပြေးနေသကဲ့သို့ ပြင်းပြင်းထန်ထန် ကျဆင်းလာပေ၏။

ဧရာမတောင်ကြီးတစ်လုံး စတင်၍ ပြိုကျလာလေပြီ။

နှင်းများက ပေတစ်ထောင်ခန့်အထိ ဖြာထွက်လာပြီး ပင်လယ်လှိုင်းများအလား မြင့်တက်လာကာ အချိန်တခဏအတွင်းမှာပင် သူတို့နှစ်ဦးကို လွှမ်းခြုံသွားတော့သည်။

သူတို့သည် နှင်းတောင်ပြိုကျခြင်းနှင့် ကြုံတွေ့လိုက်ရခြင်းပင်။

ပိုင်လင်းသည် လေပြင်းကဲ့သို့ လျင်မြန်စွာ ပြေးလွှားနေပေ၏။

စာခြောက်ရုပ်ကလည်း သူမ၏နောက်မှ ခြေတစ်လှမ်းချင်း ထပ်ချပ်မကွာ လိုက်ပါလာသည်။

သူ၏လမ်းလျှောက်ပုံမှာ ယိမ်းထိုးနေသော်လည်း အရှိန်သည် မနှေးကွေးဘဲ ပိုင်လင်းနှင့် ခန္ဓာကိုယ်တစ်ကိုယ်စာ အကွာအဝေးကို အစဥ်အမြဲ ထိန်းသိမ်းထားနိုင်သည်။

ဤအချက်က ပိုင်လင်းကို အလွန်အမင်း အံ့အားသင့်သွားစေသည်။

ဤကာလအတွင်း သူမသည် လမ်းခရီးတလျှောက်တွင် ကံကောင်းသော အခွင့်အရေးများစွာ ရရှိခဲ့ပြီး ရှားပါးရတနာအမြောက်အများကို ရှာဖွေတွေ့ရှိခဲ့သည်။

မြောက်ပိုင်းဒေသသို့ ရောက်ရှိခဲ့စဥ်က သူမသည် ဒဏ်ရာရရှိခဲ့ပြီး ကြယ်တာရာနက်နဲသိမ်မွေ့နယ်ပယ်တွင်ရှိသော နတ်ဆိုးသားရဲများပင်လျှင် သူမကို အနိုင်ကျင့်နိုင်ခဲ့သည်။

သို့သော် ဤကာလအတွင်း သူမ၏ဒဏ်ရာများ လုံးလုံးလျားလျားပျောက်ကင်းသွားခဲ့ပြီး သူမ၏စွမ်းအားသည် အထွတ်အထိပ်သို့ ပြန်ရောက်လာရုံသာမက...

နောက်ထပ်အဆင့်သစ်တစ်ခုသို့ပင် တက်လှမ်းနိုင်ခဲ့လေပြီ။

သူမသည် ကောင်းကင်နက်နဲသိမ်မွေ့နယ်ပယ် အလယ်အလတ်အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်လာခဲ့ပေ၏။

သူမထံတွင် ဘိုးဘေးသွေးမျိုးဆက် နိုးထလာခဲ့ကာ အစစ်အမှန် နတ်ဆိုးသွေးမျိုးတက်ကို အသက်ဝင်စေခဲ့ခြင်းပင်။

အစစ်အမှန် နတ်ဆိုးဆိုသည်မှာ နတ်ဘုရားတစ်ပါးနှင့်တူညီသော တည်ရှိမှုတစ်ခုပင်။

သဘောတရားအရ ပြောဆိုရလျှင် သူမ၏ ပါရမီသည် ပြန်လည်ဝင်စားသော နတ်ဘုရားတစ်ပါးနှင့် များစွာကွာခြားမှု မရှိချေ။

သူမသည် အစစ်အမှန် နတ်ဆိုးအမွေအနှစ်ကို အပြည့်အဝ မရရှိသေးသော်လည်း တခြားသူများ အိပ်မက်သာ မက်နိုင်သည့် ကျင့်ကြံခြင်း အရှိန်နှုန်းကို ပြသနေလေပြီ။

သို့သော် သူမ၏စွမ်းအားကို အပြည့်အဝ ထုတ်လွှတ်လိုက်သည့်တိုင် စာခြောက်ရုပ်က သူမ၏နောက်သို့ ထပ်ချပ်မကွာ လိုက်ပါနိုင်လိမ့်မည်ဟု သူမ မျှော်လင့်မထားခဲ့မိချေ။

"နင်... နင်က တကယ့်ကို အံ့အားသင့်ဖို့ ကောင်းတာပဲ..."

ကောင်းကင်နက်နဲသိမ်မွေ့နယ်ပယ် ကျင့်ကြံသူတစ်ဦးသည် တောင်များကို ရွှေ့ပြောင်းနိုင်ပြီး မြစ်များကို ကျော်လွှားနိုင်သော စွမ်းအားကြီးမားမှုကို ပိုင်ဆိုင်ထားပြီးဖြစ်သည်။

သာမန်သဘာဝဘေးအန္တရာယ်များသည် ပိုင်လင်းကို အနည်းငယ်မျှပင် ထိခိုက်စေနိုင်မည် မဟုတ်ချေ။

နှင်းတောင်ပြိုကျမှုမှ လွတ်မြောက်ပြီးနောက် သူမက စာခြောက်ရုပ်ကိုကြည့်ပြီး သက်ပြင်းချလိုက်သည်။

သူမ များစွာမတွေးတော့ချေ။ လမ်းတလျှောက်တွင် စာခြောက်ရုပ်သည် ဤထူးခြားမှုလေး တစ်ခုတည်းကိုသာ ပြသခဲ့ခြင်း မဟုတ်ပေ။

သို့သော် အကြောင်းအရင်းတစ်ခုခုကြောင့်...

စာခြောက်ရုပ်သည် ပို၍ထူးခြားလာလေလေ သူမ၏နှလုံးသားထဲရှိ ပုံရိပ်တစ်ခုက ပို၍နက်ရှိုင်းလာလေလေပင်။

သူမသည် အရှင့်ကို ပထမဆုံး တွေ့ဆုံခဲ့ချိန်၌ တိုက်ဆိုင်မှုတစ်ခုသာ ဖြစ်သည်။

အရှင့်၏ဖြောင့်မတ်သော လုပ်ရပ်က သူမကို ကျေးဇူးတင်ရှိမှုများဖြင့် ပြည့်နှက်စေခဲ့သည်။

နောက်ပိုင်းတွင် အတူတကွ ရှိနေစဉ်ကာလ၌ အရှင့်၏အကျင့်စရိုက်က သူမ၏စိတ်နှလုံးသားထဲတွင် လှိုင်းဂယက်များကို ဖြစ်ပေါ်စေခဲ့ပေ၏။

သူမကို ကာကွယ်ရန် စာခြောက်ရုပ်ကို ဤနေရာအထိ စေလွှတ်လိုက်ခြင်းက...

ဤခရီးတလျှောက်လုံးတွင် သူမနှင့်အတူ စာခြောက်ရုပ်သာ ပါလာသည် မဟုတ်ဘဲ အရှင်၏ လေးနက်သော စိုးရိမ်ပူပန်မှုနှင့် သတိရခြင်းများလည်း ပါဝင်နေသည်ဟု သူမ ခံစားလိုက်ရသည်။

"အရှင်က အခု ဘယ်ရောက်နေမလဲ..."

ပိုင်လင်းက သူမ၏ခန္ဓာကိုယ်ပေါ်မှ နှင်းများကို ပုတ်ချလိုက်သည်။

နေဝင်ရီတရောအချိန်သို့ ရောက်နေပြီဖြစ်ကာ....

နှင်းမုန်တိုင်းသည် အလွန်ပြင်းထန်လွန်းသဖြင့် ခရီးဆက်ရန် မသင့်လျော်ချေ။

သူမသည် ပုန်းခိုရန်နေရာတစ်ခုကို အမြန်ဆုံး ရှာဖွေရပေမည်။

ဤနေရာသည် သာမန်လူများအတွက် သေမင်း၏အနမ်းကို ခံရသော နေရာဟု တင်စားပြောဆိုနိုင်သည်။

ဤနေရာ၌ ကြမ်းတမ်းသော ပတ်ဝန်းကျင် ပြင်းထန်သော နှင်းမုန်တိုင်းများနှင့် အရိုးခိုက်အောင် အေးစက်သော လေပြင်းများ ရှိနေပေ၏။

သာမန်လူများအနက် အများစုသည် ဤကဲ့သို့ ပတ်ဝန်းကျင်မျိုးတွင် တစ်ရက်ထက်ပို၍ အသက်ရှင်သန်နိုင်မည် မဟုတ်ချေ။

ကံကောင်းထောက်မစွာဖြင့် ပိုင်လင်း၏ ကျင့်ကြံခြင်းမှာ အတော်အသင့် မြင့်မားနေလေပြီ။

သူမသည် ထိုအခက်အခဲများအားလုံးကို ကျော်လွှားနိုင်ခဲ့ကာ စာခြောက်ရုပ်ကို ခေါ်ဆောင်ပြီး နှင်းမုန်တိုင်းကို ဖြတ်ကျော်၍ နောက်ဆုံးတွင် ကျောက်တောင်တစ်လုံး၏နံဘေးသို့ ရောက်ရှိလာခဲ့သည်။

သူမသည် လက်ကိုဝှေ့ယမ်းလိုက်ရာ ဓားရှည်တစ်လက်က သူမ၏လက်ထဲတွင် ထွက်ပေါ်လာပေ၏။

ထိုဓားကို ဝှေ့ယမ်းလိုက်သည်နှင့် ဓားချီအရှိန်အဝါများ ယှက်သန်းသွားပြီး အချိန်တခဏအတွင်းမှာပင် ရှစ်ပေခန့်မြင့်ပြီး ဆယ်ပေခန့် ကျယ်ဝန်းသော အင်မော်တယ်လှိုဏ်ဂူတစ်ဂူကို ဖွင့်လှစ်လိုက်နိုင်ခဲ့သည်။

"ကဲ... ဒီနေ့တော့ ဒီမှာပဲ ညအိပ် နားကြတာပေါ့..."

ပိုင်လင်းသည် သူမ၏သိုလှောင်အိတ်ထဲမှ ထင်းပုံတစ်ပုံကို ဆွဲထုတ်လိုက်ကာ အအေးဒဏ်ကို ကာကွယ်ရန်အတွက် ကျွမ်းကျင်စွာ မီးမွှေးလိုက်သည်။

နောက်ဆုံးတွင် သူမသည် စာခြောက်ရုပ်၏ခန္ဓာကိုယ်ပေါ်မှ နှင်းများကို ပုတ်ချပေးလိုက်၏။

စာခြောက်ရုပ်ကို မီးဖို၏နံဘေးတွင် ထိုင်စေပြီးနောက် သူမကိုယ်တိုင်လည်း မီးပုံဘေးတွင် ထိုင်ကာ မြေပုံတစ်ခုကို ထုတ်ယူပြီး သေချာစွာ လေ့လာလိုက်၏။

ထိုမြေပုံပေါ်တွင် မြောက်ပိုင်းဒေသတစ်ခုလုံး၏ မြေမျက်နှာသွင်ပြင်ကို ရှင်းလင်းစွာ မှတ်သားထားသည်။

သူမသည် ဤခရီးကို အချိန်ကြာမြင့်စွာ လျှောက်လှမ်းခဲ့သော်လည်း အမှန်အားဖြင့် ခရီးတစ်ဝက်ခန့်သာ ရောက်ရှိသေးသည်။

သူမ၏ ဦးတည်ရာသို့ ရောက်ရှိရန် အလွန်ဝေးကွာသော ခရီးလမ်း ကျန်ရှိနေဆဲပင်။

ကံကောင်းသည်မှာ ဤခရီးစဉ်သည် သူမအတွက် အလွန်ဘေးကင်းလုံခြုံခဲ့သည်။

ပိုင်လင်း စဉ်းစားတွေးတောနေစဉ်...

တခြားတစ်ဖက်တွင် မဖိတ်ခေါ်ထားသော ဧည့်သည်တချို့သည် သူမရှိသော နေရာသို့ အလျင်အမြန် ချဉ်းကပ်လာကြသည်။

ဤလူများသည် အနီရောင်နတ်ဆိုးမျိုးဆက်မှ ချီယာနှင့်အစောင့်အရှောက်ခုနစ်ဦးတို့ ဖြစ်ကြသည်။

လေဟာနယ်ထဲတွင်...

ချီယာသည် လေထုထဲတွင် ပျံသန်းလာပေ၏။

သူသည် ကြီးမားကျယ်ပြန့်သော နှင်းမုန်တိုင်းကို ပျင်းရိငြီးငွေ့စွာ ကြည့်ရှုလိုက်ပြီး သူ၏မျက်နှာပေါ်တွင် စိတ်မရှည်သော အမူအယာတစ်ရပ် ရှိနေသည်။

သို့သော် သူ၏ ကြောက်မက်ဖွယ်ကောင်းသော သွားစွယ်များကြောင့် မည်သူ့ကမျှ သူ့ကို လျှော့တွက်ရဲခြင်း မရှိချေ။

ဂိုဏ်းတူများဖြစ်သော အစောင့်အရှောက် ခုနစ်ဦးပင်လျှင် ရေခဲပြင်ပါးပါးပေါ်တွင် လမ်းလျှောက်နေရသကဲ့သို့ အလွန်သတိကြီးစွာထားပြီး ချီယာ၏နောက်မှ လိုက်ပါလာကြသည်။

ဤအရှင်သခင်ကို ဒေါသထွက်စေမိပြီး အစားခံရမည်ကို သူတို့ ကြောက်ရွံ့နေကြခြင်းပင်။

သူတို့ အမှန်တကယ်ကို အစားခံရမည် ဖြစ်ပေ၏။

လူသိများကျော်ကြားသည့်အတိုင်း မြောက်ပိုင်းနတ်ဆိုးလှိုဏ်ဂူကို နတ်ဆိုးများစုဝေးသော နေရာဟု ခေါ်ဆိုကြသည်။

သို့သော် ထိုလူများအနက် အများစုသည် နတ်ဆိုးသွေးမျိုးဆက် အနည်းငယ်သာ ပိုင်ဆိုင်ထားကြသည်။

သူတို့၏လုပ်ရပ်များသည် ထင်ရှားပေါ်လွင်ပြီး ရက်စက်ကြမ်းကြုတ်သော်လည်း...

လူသားသဘာဝနှင့် ဆက်နွယ်နေဆဲပင်။

သို့သော် သူတို့ရှေ့မှ ဤအရှင်သခင်ကမူ ရက်စက်ကြမ်းကြုတ်မှု၏ ပြယုဂ်အစစ်အမှန် ဖြစ်ပေ၏။

သူ ပျော်ရွှင်လျှင် ဝမ်းသာမှုကို မြှင့်တင်ရန် လူတစ်ယောက်ကို စားတတ်ပြီး မပျော်ရွှင်လျှင်လည်း ဒေါသဖြေရန် လူတစ်ယောက်ကို စားတတ်သည်။

ဂိုဏ်းတူအချင်းချင်း စားသောက်သည့် ဖြစ်ရပ်များပင် မကြာခဏ ဖြစ်ပွားလေ့ရှိသည်။

ထို့ပြင် အစားခံရသူ၏ ကျင့်ကြံခြင်း မြင့်မားလေလေ သူ ပို၍စိတ်လှုပ်ရှားလေလေပင်။

သူသည် ပြန်လည်ဝင်စားလာသော နတ်ဆိုးခေါင်းဆောင်ဖြစ်ပြီး လုံးလုံးလျားလျား ရူးသွပ်နေသူတစ်ဦးပင်။

အစောင့်အရှောက်ခုနစ်ဦးသည် အနီရောင်နတ်ဆိုးမျိုးဆက်အတွင်း၌ လေးစားဖွယ်ရာ အဆင့်အတန်း ရှိသော်လည်း...

ချီယာ၏အဆင့်အတန်းမှာ သူတို့ထက်ပို၍ သာလွန်မြင့်မြတ်နေသည်။

အကယ်၍ သူတို့သည် ဤအရှင်သခင်ကို စိတ်အနှောက်အယှက်ဖြစ်စေပြီး အသတ်ခံရကာ အစားခံလိုက်ရလျှင် မည်သူမျှ သူတို့ဘက်မှ ရပ်တည်ပေးမည် မဟုတ်ချေ။

"ပစ်မှတ်နဲ့ ငါတို့နဲ့ ဘယ်လောက်ဝေးသေးလဲ..."

ချီယာက သူ၏နောက်မှ လူများကို ပျင်းရိငြီးငွေ့သောလေသံဖြင့် မေးမြန်းလိုက်သည်။

"သခင်လေးကို သတင်းပါရစေ... ပိုင်လင်း ချန်ထားခဲ့တဲ့ အငွေ့အသက်အရဆိုရင် သူက ဒီနေရာနဲ့ မိုင်ရှစ်ရာအောက်မှာပဲ ရှိပါတော့တယ်..."

မဟာအစောင့်အရှောက်က အချိန်တခဏကြာမျှ သေချာအာရုံခံလိုက်ပြီးနောက် ရိုသေလေးစားစွာ ပြန်ဖြေလိုက်၏။

ဤအစောင့်အရှောက်များသည် ခြေရာခံခြင်းနှင့် စုံစမ်းစစ်ဆေးခြင်းတို့တွင် အလွန်အတွေ့အကြုံ ရှိကြသည်။

မိုင်တစ်ထောင်အတွင်း ပစ်မှတ်၏အငွေ့အသက်ကို ချိတ်ပိတ်ထားနိုင်သမျှ ကာလပတ်လုံး သူတို့ ရှာမတွေ့နိုင်သောသူ မရှိချေ။

ထို့ကြောင့် ပိုင်လင်းသည် မြောက်ပိုင်းဒေသသို့ ဝင်ရောက်ပြီးနောက် အထူးသတိထားနေသော်လည်း လိုက်လံဖမ်းဆီးသူများ အဆက်မပြတ် ရောက်ရှိလာခြင်း ဖြစ်သည်။

အကယ်၍ စာခြောက်ရုပ်ကသာ သူမကို တိတ်တဆိတ် ကာကွယ်မပေးခဲ့ပါက သူမတွင် အသက်တစ်ရာ ရှိလျှင်ပင် အသတ်ခံရရန် လုံလောက်မည် မဟုတ်ချေ။

ချီယာသည် သူ လိုချင်သော သတင်းအချက်အလက်ကို ရရှိသွားပေ၏။

သူက ဖော်ရွေသော မျက်နှာထားဖြင့် မဟာအစောင့်အရှောက်၏ပခုံးကို ပုတ်လိုက်သည်။

"မဆိုးဘူးပဲ..."

"စကားပုံတစ်ခုက တကယ် မှန်တာပဲ... လူတစ်ယောက်က ဘယ်လောက်ပဲ အသုံးမကျပါစေ... သူ့မှာ အသုံးဝင်တဲ့နေရာတော့ ရှိတာပဲ..."

ထိုစကားများက အစောင့်အရှောက်ခုနစ်ဦး၏ နှုတ်ခမ်းများကို ရှုံမဲ့သွားစေသည်။

သူတို့ခုနစ်ဦးသည် နက်ရှိုင်းသော ကျင့်ကြံဆင့်နှင့် အစွမ်းထက်သောစွမ်းအားကို ပိုင်ဆိုင်ထားကြပြီး အနီရောင်နတ်ဆိုးမျိုးဆက်တစ်ခုလုံး၏ အဓိကထောက်တိုင်ကြီးများပင်။

သို့သော် ဤအချိန်တွင် သူတို့သည် 'အသုံးမကျတဲ့လူကို အသုံးချခြင်း' ဟု မှတ်ချက်ပေးခံနေရသည်။

ပတ်ဝန်းကျင်အခြေအနေသည် အချိန်တခဏကြာမျှ တိတ်ဆိတ်သွားပေ၏။

ဒေါသထွက်တာလား...

အမှန်တကယ်ကို သူတို့ ဒေါသထွက်နေကြသည်။

သို့သော် အားနည်းသူများ၏ဒေါသမှာ အကြွင်းမဲ့ စွမ်းအားကြီးမားမှု၏ရှေ့မှောက်တွင် အရေးမပါချေ။

သူတို့သည် ဒေါသထွက်သော အမူအယာကိုပင် မပြသရဲကြပေ။

သူတို့အားလုံး တိတ်ဆိတ်ခြင်းဖြင့်သာ တုံ့ပြန်နိုင်ကြသည်။

ချီယာ၏ အေးစက်စက် အသံသာလျှင် မိုးကောင်းကင်အတွင်းတွင် ပဲ့တင်ထပ်သွားပေ၏။

"အရှိန်ကုန်မြှင့်ပြီး ဆက်သွားမယ်..."

"အဲ့ဒီကောင်မလေးကို ဘယ်သူကပဲ ကာကွယ်ပေးနေပါစေ... ဒီညပြီးရင် သူ့ကို ဒီလောကကြီးထဲကနေ အပြီးပိုင် ဖျောက်ဖျက်ပစ်ချင်တယ်..."

အေးစက်သော အသံသည် လူသူကင်းမဲ့သော တောင်တန်းများကြားတွင် ပျံ့လွင့်သွားပြီးနောက် နှင်းမုန်တိုင်း၏ ဝါးမြိုခြင်းကို ခံလိုက်ရသည်။

သတ်ဖြတ်လိုသော စိတ်ဆန္ဒတစ်ရပ်သည် ချီယာ၏မျက်လုံးများတွင် ဖြတ်သန်းသွားပေ၏။

ဤသည်က အစောင့်အရှောက်ခုနစ်ဦးကို တပြိုင်နက်တည်း ထိတ်လန့်တုန်လှုပ်သွားစေသည်။

သူတို့သည် ဤအရှင်သခင်၏စွမ်းအားကို ကောင်းစွာသိရှိထားကြသည်။

သူသည် ယန်သုံးပါးနယ်ပယ်၏ တိုက်ခိုက်ရေးစွမ်းအားကို ပိုင်ဆိုင်ထားရုံသာမက အနီရောင်နတ်ဆိုးမျိုးဆက်၏ ဂုဏ်သတင်းကိုလည်း ကိုယ်စားပြုသည်။

ဤတစ်ကြိမ်တွင်မူ ထိုမိန်းကလေး သေလမ်းရောက်ပြီဟု တွေးထင်ရသည်။

သူတို့အဖွဲ့ အလျင်အမြန် ရှေ့ဆက်သွားသည်နှင့်...

မကြာမီမှာပင် ထိုနေရာသို့ တခြားလူတစ်စု ရောက်ရှိလာခဲ့သည်။

ဤသည်မှာ အစိမ်းရောင်နတ်ဆိုးမျိုးဆက်၏ တမန်တော်နှစ်ဦးပင်။

ထို့ပြင် သူတို့ကို လမ်းပြနေသော အစောင့်အရှောက်တစ်ဦးလည်း ပါဝင်ပေ၏။

All Chapters