← Chapters

အခန်း (၄၇-၄၈)

Vol. 5 Ch. 47-48

အခန်း (၄၇-၄၈)

Vol. 5 Ch. 47-48

အခန်း ၄၇ အမှန်တရားက တစ်ခုပဲ ရှိတယ်

   မြင့်မြတ်သော ရာထူးမှ အဆင့်အတန်းမြင့်သော ပုဂ္ဂိုလ်က ကြီးကျယ်ခမ်းနားသော အရှိန်အဝါဖြင့် ကျွော့ချင်းဆီသို့ တန်းတန်းမတ်မတ် လျှောက်လာနေခဲ့သည်။ ကျွော့ချင်းက သူ၏ နက်မှောင်သော မျက်လုံးများကို တွေ့လိုက်ရပြီး ရှောင်ဖယ်၍ မရတော့သောကြောင့် ရင်ဆိုင်လိုက်ရသည်။

သူက ချင်းဖုန့်ဆီသို့ လာနေတာလား? သူက ချင်းမိသားစုက ညီအစ်မသုံးယောက်လုံးကို သဘောကျရင် ဘာလို့ သူ့ဘာသာသူ မသိမ်းထားဘဲ သူများတွေကို ပေးပစ်တာလဲ? အခုတော့ သူမတို့ ညီမတွေက သူ့ကို ယွမ် ၈၀,၀၀၀ ကနေ ၂,၅၀၀,၀၀၀ လောက် အကြွေးတင်နေပုံနဲ့ လာဆက်ဆံနေတယ်။ အဲဒါက ဘာကိုဆိုလိုတာလဲ?

   အခု သူမက သူ့ကို ဘယ်လိုတောင် စိုက်ကြည့်နေရဲတာလဲ?! ကောင်းတယ်... အရမ်းကောင်းတယ်။ မတွေ့ရတဲ့ သုံးနှစ်အတွင်းမှာ သူမက ပိုပြီး သတ္တိရှိလာတယ်လို့ သူ ခံစားနေရတယ်။

  ယန်းဟုန်ထျန်းက ကျွော့ချင်းရှေ့သို့ လမ်းလျှောက်လာနေရင်း ရုတ်တရက် ပြောလိုက်သည်။

"မင်းက ခွဲစိတ်ဖို့ အဆိုပြုခဲ့တယ်၊ ဒါကြောင့် ကျန်းက ချင်းမိသားစုကို ခွဲစိပ်မှု ပေးလုပ်မယ်၊ အရာရှိရှန်က ကူညီရုံပဲ ကူညီပေးလိုက်"

ဒီနှစ်တွေအတွင်း သူမ ဘာတွေတိုးတက်ခဲ့လဲဆိုတာကို သူလည်း သိချင်နေမိတယ်။

  ရှန်ယုလန်က ကျွော့ချင်းကို စိုးရိမ်တကြီး တချက်လှမ်းကြည့်လိုက်သော်လည်း သူမက ဘာမှမထူးခြားသလို မြင်နေသည်ကို သူ မြင်လိုက်ရသောကြောင့် အမိန့်ကိုသာ နာခံလိုက်ရသည်။

"ဒီလက်အောက်ငယ်သားက အမိန့်တော်ကို နာခံပါတယ်"

ယန်းဟုန်ထျန်းနှင့် ကျွော့ချင်းတို့ တစ်ယောက်နှင့်တစ်ယောက် အကြည့်ချင်းပြိုင်နေစဥ်မှာပင် လို့ရှီးယန်၏ နူးညံ့သိမ်မွေ့သော အသံက အချိန်ကိုက် ထွက်ပေါ်လာခဲ့သည်။

"အရှင်မင်းကြီး၊ သူ(မ) စိတ်လှုပ်ရှားနေမှာကို ကျွန်တော်မျိုး စိတ်ပူပါတယ်။ အတူတူ လာကြည့်ခွင့်ရမလားလို့ တွေးမိပါတယ်"

  ယန်းဟုန်ထျန်း၏ မျက်လုံးများတွင် မကျေမနပ် အရိပ်အယောင်များ ထွက်ပေါ်လာပြီး သူ စကားမပြောရသေးမီတွင် "အလောင်းခွဲစိတ်တယ်ဆိုတာက ဘာလိုလဲဆိုတာ ဒီလူလည်း တစ်ခါမှ မမြင်ဖူးဘူး၊ ဒီလူလည်း ကြည့်ချင်တယ်၊ အဆင်ပြေရဲ့လား" ဟူသော စကားသံထွက်လာပြန်သည်။

ထိုအသံ ထွက်လာချိန်တွင်တော့ လူအားလုံး ပြုံးမိကြပြန်သည်။

ဟေ့ ဒီနေ့ ဘာတွေဖြစ်တာလဲကွ? အမြဲတမ်း အေးစက်စက်နဲ့ တိတ်တိတ်ဆိတ်ဆိတ်နေတဲ့ စစ်သူကြီးစုက ဘာကြောင့် ပျော်ရွှင်ဖို့ ပါဝင်လာရတာတုန်း။

   စုလင်း၏ လင်းယုန်မျက်လုံးများဖြင့် အေးစက်စွာ စိုက်ကြည့်ခံနေရသောကြောင့် ရှရွှင်းစစ်က ပို၍ ဖိအား တိုးလာသလို ခံစားနေရသည်။ စစ်မြေပြင်တွင် အောင်ပွဲခံခဲ့သည့် စစ်သူကြီး၏ထူးထူးခြားခြား အရှိန်အဟုန်ကြောင့် မည်သို့ ငြင်းဆန်ရမည်ကို သူ စဉ်းစားနေချိန်မှာပင် သူ့နောက်တွင်ရှိနေသည့် ဟူရှီအန်းက ဦးစွာ ဝင်ပြောလာသည်။

"စစ်သူကြီးစု... မင်းသမီးလေးက ဆုံးပါးသွားပြီဆိုပေမယ့် အလေးအနက်ထားပြီး ပြောရမယ်ဆိုရင် သူ(မ)က မိန်းခလေးဖြစ်နေသေးတာမို့ သိပ်အဆင်မပြေမှာကို ကြောက်မိပါတယ်"

  ကျွော့ချင်းတစ်ယောက်ကတော့ သူမ၏မျက်လုံးများကို လှိမ့်နေမိတော့သည်။

အလောင်းခွဲစိပ်စစ်ဆေးတာက ပြပွဲမဟုတ်ဘူးဟ။ နင်တို့က ဘာကို ကြည့်ချင်နေတာလဲ?!

သူမက ကြည့်ရှုရန် စိတ်အားထက်သန်နေသည့် လူနှစ်ယောက်ကို လက်ညှိုးညွှန်ပြလိုက်ပြီး "ရှင်တို့နှစ်ယောက်ကို အထဲဝင်ခွင့်မပေးဘူး။ ကြည့်ချင်ရင် အပြင်ကနေ စောင့်ကြည့်"

  "မြန်မြန်စလိုက်ကြရအောင်" ပြောပြီးသည်နှင့်တပြိုင်နက် ကျွော့ချင်းက ပိတ်စကန့်လန့်ကာကို ဖွင့်ပြီး အထဲသို့ ဝင်သွားတော့သည်။

  ရှန်ယုလန်က ပိတ်စကန့်လန့်ကာကို ဖြည်းညှင်းစွာ ရုတ်‌သိမ်းပေးလိုက်ပြီး ယန်းဟုန်ထျန်းလည်း လိုက်ဝင်သွားခဲ့သည်။ ရှရွှင်းစစ်က နောက်မှ လိုက်သွားခဲ့ပြီး ဟူရှီအန်းကလည်း လိုက်ဝင်ရန် ပြင်ဆင်လိုက်သည်။ သို့သော် ရှန်ယုလန်က သူ့ကို တားဆီးထားခဲ့ပြီး သူ့နှုတ်ခမ်းများကိုပင် တွန့်ကွေးထားလိုက်သေးသည်။ ဟူရှီအန်းက ကန့်လန့်ကာအနီးတွင် ရပ်လိုက်ပြီး ကြမ်းပြင်ပေါ်မှ မှုန်ဝါးဝါး မြင်နေရသေးသည့် အလောင်းကို စိုက်ကြည့်နေလေသည်။

  လို့ရှီးယန်က သူ့ဘေးနားမှ စုလင်းကို တစ်ချက်ကြည့်လိုက်သည်။ စုလင်းက သူ့ထိုင်ခုံဆီသို့ ပြန်သွားမည်ဟု လို့ရှီးယန် ထင်ထားခဲ့သော်လည်း သူက ကန့်လန့်ကာအပြင်တွင် စိတ်ဝင်တစား မတ်တပ်ရပ်နေမည်ဟု သူ မထင်ခဲ့မိပေ။

 ကျွော့ချင်းက သူတို့သုံးယောက် မတ်တပ်ရပ်နေကြတာကို တစ်ချက်ကြည့်လိုက်ပြီး သူမ၏ လက်အိတ်များကို ဝတ်ဆင်ကာ ခွဲစိတ်ကိရိယာများကို စစ်ဆေးနေရင်း "ကျွန်မတို့ စလို့ ရပြီလား?"

  ကြမ်းပြင်ပေါ်တွင် လဲလျောင်းနေသော အလောင်းက တောင့်တင်းနေပြီး အသားအရည်က ပြာနှမ်းနေကာ မျက်လုံးများက ပြူးကျယ်နေပြီး အလှတရား ကင်းမဲ့နေလေသည်။ ထိုကဲ့သို့သော အလောင်းကို မြင်ပြီးနောက် အခြားမည်သူကမှ ဘာမှ ထပ်မတွေးဘဲ ထိတ်လန့်ခြင်းနှင့် ရက်စက်ခြင်းသာ ခံစားရပေလိမ့်မည်။ သူမကတော့ မေးခွန်းတွေကို အေးအေးဆေးဆေး မေးနေနိုင်သေးသည်။ ယန်းဟုန်ထျန်းက သူ့နှလုံးသားထဲကမှ သူမကို တကယ် သဘောကျနေမိသည်။

  ယန်းဟုန်ထျန်းက ဖြည်းညှင်းစွာ ခေါင်းညိတ်လိုက်ရင်း "ကောင်းပြီ၊ စတော့"

  ကျွော့ချင်းက သေဆုံးသွားသူ၏လည်ချောင်းအောက်နေရာကို ဓား တင်လိုက်ပြီး ရင်ဘတ်အထိ ဖြည်းညှင်းစွာ ဆွဲချလိုက်သည်။ သွေးထွက်နှုန်းက သိပ်မကြီးမားသော်လည်း သွေးနံ့က ခန်းမတစ်ခုလုံး ချက်ချင်း ပြည့်လျှံသွားသည်။ လူတစ်ယောက်၏ ရင်ဘတ်အပွင့်ကြီးကို မြင်လိုက်ရသဖြင့် ရှရွှင်းစစ်၏ ပျို့အန်ချင်စိတ်က ထိန်းမနိုင်သိမ်းမရလောက်အောင် တဟုန်ထိုး ထိုးတက်လာခဲ့သည်။

တကယ်ဆိုရင် ကြမ်းပြင်ပေါ်မှာ လဲလျောင်းနေတဲ့သူက သူ့ညီမ‌လေး ဖြစ်ပြီး တခြားသူ မဟုတ်ဘူး။ ဒါပေမယ့် သူ ဆက်ကြည့်ဖို့ သည်းမခံနိုင်တော့လို့ အကြိမ်ပေါင်းများစွာ အဝေးကို လှမ်းကြည့်နေရတယ်။

  ကျွော့ချင်းကတော့ အစမှ အဆုံးအထိ သူမလုပ်ရမည့်အရာကိုသာ အာရုံစိုက်နေပြီး ခွဲစိတ်စစ်ဆေးမှုကို မှတ်တမ်းတင်နိုင်ရန် ကျိုးကြောင်းဆီလျော်စွာ ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား ပြောပြနေခဲ့သည်။ သူမပုံစံက ယခင်က အလောင်းခွဲစိတ်မှုကို အကြိမ်ရေပေါင်းများစွာ မရေမတွက်နိုင်အောင် လုပ်ထားဖူးသကဲ့သို့ ဖြစ်နေလေသည်။

  "သေဆုံးသူရဲ့ ရင်ဘတ်ထဲမှာ အနက်ရောင်နဲ့ အနီရောင်အရည် အနည်းငယ်ရှိနေတယ်၊ pleura(အဆုတ်ကို ဝန်းရံထားသော အရည်များပြည့်နေသော နေရာ) နှစ်ခုလုံးရဲ့ မျက်နှာပြင်တွေက ရင်ဘတ်နံရံနှင့် ကပ်နေပြီး thymus တွေက ရောင်ရမ်းနေတယ်၊ ရင်ဘတ်ထဲက ကိုယ်တွင်းအင်္ဂါတွေရဲ့ အနေအထားက နှလုံးက ပုံမှန်ထက် သိသိသာသာ ကျယ်နေပြီး နှလုံးနံရံရဲ့အလယ်နဲ့ အထူဆုံးအလွှာရဲ့ အရောင်က အနက်ရောင် ဖြစ်နေတယ်၊ အဲ့တာကြောင့် သွေးကြောပေါက်နေတာ ထင်ရှားတယ်၊ aortic နံရံက ချောမွေ့နေတယ်။ သွေးလွတ်ကြောတွေက အရမ်းမာကျောလာပြီး endocardiumမှာ သွေးကွက်အနည်းငယ်ရှိနေတယ်၊ myocardiumက တောင့်တင်းနေပြီး၊ ကျောက်ကပ်က ပြာနှမ်းပြီး အနက်ရောင်တွေလည်းရှိနေတယ်၊ အဆုတ်နှစ်ဖက်စလုံးက ကျုံသွားပြီး မျက်နှာပြင်ပေါ်မှာရှိတဲ့ သွေးနီအစက်တွေက တချို့က နီညိုရောင်၊ တချို့က မဲနေပြီ"

(ကျွော့ချင်းကတော့ Englishလို မပြောလောက်ဘူးထင်ပါတယ်၊ ကိုယ်ကတော့ မသိတော့လို့ Englishလိုပဲရေးလိုက်ပြီ၊ ဆောရီးပါလို့ )

   ခန်းမထဲတွင် အေးစက်သော အမျိုးသမီးအသံတစ်ခု ထွက်ပေါ်နေပြီး သွေးနံ့နှင့် ပေါင်းစပ်လိုက်သောအခါ အနည်းငယ် ကြောက်စရာကောင်းနေသည်။ မမျှော်လင့်ပဲ ကျွော့ချင်းက သိသိသာသာ အန်လိုက်သည့် အသံများစွာကိုပင် ကြားလိုက်ရသည်။

တကယ်တော့ ဒါက သာမန်လူတိုင်း သည်းခံနိုင်တဲ့ အရာမဟုတ်ဘူးလေ။

  မွေးညင်းပေါက်များနှင့် ရိုးတွင်းချင်ဆီများ၏ပြောင်းလဲမှု အတိုင်းအတာကို သိရှိနိုင်ရန် ကျောရိုးနှင့် ဆဲလ်စမ်းသပ်မှုများ ပြုလုပ်နိုင်လျှင် ပိုကောင်းမည် ဖြစ်သည်။ ကျွော့ချင်းကတော့ စက်ကိရိယာမပါဘဲ စစ်ဆေးရခြင်းက အမှန်တကယ် အဆင်မပြေကြောင်း စိတ်ထဲမှ ထပ်လောင်း မြည်တမ်းနေခဲ့သည်။ ထို့နောက် သူမ စိတ်ထဲကနေ ကျိန်ဆဲနေမိပြန်သည်။ သူမ အသက်ရှူလမ်းကြောင်းကို စစ်ဆေးခါနီးတွင် အဖြူရောင်လက်အိတ်တစ်စုံက သူမရှေ့သို့ ရောက်လာခဲ့သည်။ "နောက်တစ်စုံ ပြောင်းဝတ်လိုက်ပါ၊ သွေးထဲကအဆိပ်ကို သတိထား"

  ကျွော့ချင်း မော့ကြည့်လိုက်ရာ ရှန်ယုလန်ကို မြင်လိုက်ရပြီး သူက သူမကို လက်အိတ်များ ပေးနေခဲ့သော်လည်း သူ့မျက်လုံးများက ကြမ်းပြင်ပေါ်ရှိ အလောင်းကို တည့်တည့်စိုက်ကြည့်နေခဲ့သည်။ သူ့မျက်လုံးများထဲတွင် ကျွော့ချင်းအတွက် အလွန်ရင်းနှီးနေသည့် အရိပ်အယောင်များလည်း ရှိနေခဲ့သည်။

သူမလည်း ပထမဆုံး အလုပ်သင်စလုပ်တုန်းက သင်ယူဖို့အတွက် အရမ်းစိတ်လှုပ်ရှားနေခဲ့ဖူးတယ်။ ဒီမှာက အလောင်းခွဲစိပ်စစ်ဆေးဖို့ အခွင့်အရေးတွေ အများကြီးရှိပုံ မပေါ်ပါဘူး။

  အမှန်တကယ်လည်း ရှန်ယုလန်၏နှလုံးခုန်နှုန်းက အလွန်မြန်ဆန်နေခဲ့သည်။

​​သူကိုယ်တိုင် ခွဲစိပ်စစ်ဆေးမှုတွေ အများကြီး လုပ်ဖူးခဲ့ပေမယ့် ဒီအကြိမ် အလောင်းခွဲစိတ်မှုက အသေးစိတ် ကျလွန်းနေတယ်။ သူမရဲ့ နည်းစနစ်နဲ့ အလောင်းအပေါ် နားလည်မှုက သူ့ရဲ့အထက်မှာ ရှိနေတာ သေချာနေပြီ။ သူမ ဘယ်သူဆီကနေ သင်ယူခဲ့တာလဲ?!! နောက်မှ သူမရဲ့ဆရာက ဘယ်သူလဲ ဆိုတာ မေးရတော့မယ်။

  ကျွော့ချင်းက သူမ၏လက်အိတ်ကို ချွတ်ကာ လဲလှယ်လိုက်ပြီး သူမ လုပ်စရာရှိသည်များကို ဆက်လက်လုပ်ဆောင်နေသော်လည်း ယခုတစ်ကြိမ်တွင် သူမ၏လှုပ်ရှားမှုများက သိသိသာသာ နှေးကွေးသွားကာ အဆင့်တိုင်းကို ရှန်ယုလန် ရှင်းရှင်းလင်းလင်းမြင်နိုင်စေရန် လုပ်ဆောင်ပေးနေခဲ့သည်။

"သေဆုံးသူရဲ့ အစာမျိုပြွန်အတွင်းမှာ တိုက်စားနေတာတွေ ဒါမှမဟုတ် သွေးထွက်တာတွေ မရှိဘူး၊ အစာပါဝင်မှု နည်းနည်းပဲ ရှိနေတယ်၊ အစာအိမ်အတွင်းမှာ အကျိအချွဲ တွယ်ဆက်မှု အနည်းငယ်ပဲ ရှိတယ်၊ သွေးထွက်တာ အသားတွေကပ်နေတာ ပေါက်နေတာ ဒါမှမဟုတ် အစာအိမ်နံရံပြောင်းလဲနေတာ စတာတွေ ဘာမှ မရှိဘူး၊ ပုံမှန်မဟုတ်တဲ့ အနံ့တွေလည်း မရှိဘူး"

  ကျွော့ချင်းက ဓားနောက်တစ်ချောင်းကို ပြောင်းသုံးလိုက်ပြီး ဦးခေါင်းခွံနားကို ဖွင့်လိုက်ပြီး "ဦးခေါင်းခွံမှာ သွေးခြေဥနေတဲ့ နေရာတွေအများကြီးရှိနေတယ်၊ အဲ့တာတွေက အပေါက်ဒဏ်ရာရဲ့ဧရိယာကို ဗဟိုပြုနေတယ်။ သွေးတွေက ရွံရောင်ပေါက်နေပြီး ဆားနံ့လို အနံအသက်ဆိုးတွေ ရနေတယ်"

  စစ်ဆေးမှုက အခြေခံအားဖြင့် ပြီးသွားခဲ့ပြီ ဖြစ်သောကြောင့် နောက်ဆုံးတွင် ကျွော့ချင်း ခေါင်းပြန်မော့လိုက်ရာ မျက်နှာအမူအရာသုံးမျိုးဖြစ်နေသော လူ ၃ ဦးကို သူမ တွေ့လိုက်ရသည်။ သူမက သူတို့ကို မော့ကြည့်နေရင်း "သေဆုံးသူရဲ့ နှလုံး၊ အဆုတ်နဲ့ ကျောက်ကပ်တွေက သိသိသာသာကို အဆိပ်ကြောင့် ယိုယွင်းသွားခဲ့တာပါ။ သေဆုံးသူက အဆိပ်သင့်ပြီး သေဆုံးသွားကြောင်း ဆုံးဖြတ်နိုင်တယ်၊ အစာပြွန်၊ အစာအိမ်နဲ့ အခြားအင်္ဂါတွေမှာ အဆိပ်ကြောင့် တိုက်စားထားတဲ့ သဲလွန်စတွေ မတွေ့ရဘူး။ အဲ့တာကြောင့် သူ(မ)သောက်တဲ့ ဝိုင်မှာ အဆိပ် မရှိဘူး။ သေဆုံးရခြင်း အကြောင်းရင်းက သူ(မ)ရဲ့ ဦးခေါင်းနောက်ဘက်က ဒဏ်ရာကြောင့်ပါ၊ အဆိပ်က သွေးကနေတစ်ဆင့် ခန္ဓာကိုယ်ထဲကို တိုက်ရိုက် ဝင်ရောက်သွားခဲ့တာပါ၊ အဲ့တာကြောင့် အချိန်တိုအတွင်းမှာ ကျောက်ကပ်ချို့ယွင်းမှု ဖြစ်စေပြီး နှလုံးရပ်သွားစေခဲ့တာပါ၊ ကန့်ကွက်စရာ ရှိသေးလား?”

  "မရှိပါဘူး" ရှန်ယုလန်က ပထမဆုံး တုံ့ပြန်ခဲ့သူ ဖြစ်သည်။ ယန်းဟုန်ထျန်းကလည်း အေးစက်စက်ဖြင့် ခေါင်းညိတ်ပြလာခဲ့သည်။ ယခုန တွေ့ခဲ့ရသည့် သူမ၏စွမ်းဆောင်ရည်ကြောင့် သူ အမှန်တကယ် တုန်လှုပ်သွားခဲ့ရသည်။

သုံးနှစ်အတွင်းမှာ သူမ တကယ် ပြောင်းလဲသွားခဲ့ပြီ။

ရှရွှင်းစစ်ကတော့ ကမန်းကတန်း ခေါင်းညိတ်ပြလိုက်ပြီး အပြင်သို့ အသည်းအသန် ပြေးထွက်သွားခဲ့သည်။

  ကန့်ကွက်စရာ မရှိဘူးပေါ့... အဲ့တာဆို ငါ့အလုပ်ပြီးပြီ!

 ကျွော့ချင်းက သူတို့ကို လျစ်လျူရှုလိုက်ပြီး ဒဏ်ရာများကို သေသေချာချာ ပြန်ချုပ်ပေးခဲ့သည်။ ယန်းဟုန်ထျန်းက သူမကို ရှုပ်ထွေးနေပုံရသော အကြည့်များဖြင့် ကြည့်လိုက်ပြီး ဘာမှ မပြောဘဲ ကန့်လန့်ကာထဲမှ ထွက်သွားခဲ့သည်။ ရှန်ယုလန်က သူ့နောက်မှ အနီးကပ် ပြန်လိုက်သွားခဲ့သည်။

  ယန်းဟုန်ထျန်းက နဂါးပုလ္လင်ဆီသို့ ပြန်လာခဲ့သည်။ ဧကရီက အလွန်ထိတ်လန့်နေပြီး သူမ၏နှုတ်ခမ်းကို ကိုက်ထားကာ သူမ၏ အသက်ရှုသံကလည်း မတည်ငြိမ်တော့ပေ။ ယန်းဟုန်ထျန်းက အနည်းငယ် မျက်မှောင်ကြုတ်လိုက်ပြီး “မင်း ကြောက်နေရင် နန်းဆောင်ကို ပြန်သွားလိုက်ပါ”

  နောက်ဆုံးတွင် ဧကရီက သတိပြန်ဝင်လာပြီး တုန်တုန်ယင်ယင်ဖြင့် ပြန်ဖြေလာခဲ့သည်။

“ချန်ချဲ့… ချန်ချဲ့က အဆင်ပြေပါတယ်”

(ချန်ချဲ့ - ဧကရီ၊ ကြာင်ယာတော်၊ကိုယ်လုပ်တော် စသူတွေက သူမတို့ထက် အဆင့်မြင့်သူနဲ့ စကားပြောရင် သူတို့ကိုယ်သူတို့ သုံးတဲ့နာမ်စား)

  ယန်းဟုန်ထျန်းက သူမကို ရွံရှာစွာ တစ်ချက်ကြည့်လိုက်ပြီး အဝေးသို့ အကြည့်လွှဲလိုက်ကာ မျက်နှာအရောင်ဖျော့တော့နေသေးသည့် ရှရွှင်းစစ်ကို ငုံ့ကြည့်ပြီး အေးစက်စွာ မေးမြန်းလိုက်သည်။

"တတိယမင်းသား၊ မင်းသမီးက ကျန်းတို့ ချုံယွဲ့ရဲ့သေရည်ကို သောက်ပြီး အဆိပ်သင့်ခဲ့တာ မဟုတ်ဘဲ တခြားတစ်ယောက်ယောက်ရဲ့ အသုံးချခံရလို့ သေသွားခဲ့တာပဲ၊ အခု ခေါင်းအနောက်ကို အပ်နဲ့ အထိုးခံရတဲ့ကိစ္စကို ဘယ်လိုပြောပြမှာလဲ?"

  အခင်းဖြစ်ပွားပြီးနောက် ရှရွှင်းစစ်၏နှလုံးသားက ယခုထက်ထိ မငြိမ်သက်သေးပေ။ ယန်းဟုန်ထျန်း သူ့ကို အေးတိအေးစက်ဖြင့် မေးနိုင်သော်လည်း သူက "ချုံယွဲ့ရဲ့ဧကရာဇ်က ဒီမင်းသားက သူ့ညီမကို သတ်တယ်လို့ ထင်နေတာလား?!"

  "တတိယမင်းသား သတ်သတ် မသတ်သတ် ဘာပဲဖြစ်ဖြစ် ကျန်းတို့ ဆက်လက်စစ်ဆေးဖို့ လိုတယ်၊ ဒါပေမယ့် တတိယမင်းသားက လောလောဆယ် ပြစ်မှုကျူးလွန်ဖို့ ဖြစ်နိုင်ခြေအရှိဆုံးလူပဲ..."

  ယန်းဟုန်ထျန်း စကားမဆုံးမီ ကန့်လန့်ကာအတွင်းမှ ကျွော့ချင်းက သူမ တွေ့ရှိခဲ့သောအရာကို ကြည့်ပြီး အနည်းငယ် အံ့အားသင့်သွားခဲ့သည်။ သူမက သက်ပြင်းအနည်းငယ်ချလိုက်ပြီး ခပ်တိုးတိုး ထပ်ပြောလိုက်ပြန်သည်။

"သူက ပြစ်မှုကျူးလွန်နိုင်ခြေ အနည်းဆုံးလူ ဖြစ်သင့်တယ်“

အခန်း ၄၈ လူသတ်သမားက မင်းပဲ (အပိုင်း ၁)

  အေးစက်စက် အမျိုးသမီးအသံက သူ့စကားကို နှောင့်ယှက်လိုက်သောကြောင့် ယန်းဟုန်ထျန်း၏မျက်နှာကြီး မည်းမှောင်သွားခဲ့သည်။

သူမက သူ့ကို တကယ်ပဲ ဆန့်ကျင်ချင်နေတာလား? အခုန သူမကိုယ်တိုင် ရှရွှင်းစစ်က တရားခံ ဖြစ်နိုင်တယ်လို့ ရှင်းရှင်းလင်းလင်း ကောက်ချက်ချခဲ့ပြီး အခု သူမက ရှရွှင်းစစ်က လူသတ်သမားမဖြစ်နိုင်ဘူး ပြောနေပြန်ပြီ။

ကျွော့ချင်း ထိုသို့ပြောလိုက်ချိန်တွက် သူမထံတွင် အကြောင်းပြချက်ရှိနိုင်မည်ဟု   ရှန်ယုလန်က ယုံကြည်ထားခဲ့သော်လည်း ဧကရာဇ်၏မျက်နှာပေါ်မှ မကျေနပ်မှုများကို မြင်လိုက်ရသောကြောင့် ရှန်ယုလန်က ချက်ချင်း လှမ်းမေးလိုက်သည်။

"သေဆုံးသူက ဦးခေါင်းနောက်ဘက်မှာ အပ်တစ်ချောင်း ထိုးသွင်းခံလိုက်ရပြီး သေဆုံးသွားတဲ့အတွက် မင်းသမီးအနားကို နောက်ဆုံးချဥ်းကပ်ခဲ့တဲ့သူက တတိယမင်းသားလေ၊ သူက ဘာလို့ ပြစ်မှုကျူးလွန်နိုင်ခြေ အနည်းဆုံးလူ ဖြစ်သွားတာလဲ?”

 ကျွော့ချင်းက ပိတ်ကျဲစကန့်လန့်ကာကို ရုတ်သိမ်းလိုက်ပြီး ကြွေပန်းကန်ပြားတစ်ချပ်ကို ကိုင်ကာ ထွက်လာနေရင်းမှ သူမလက်ထဲမှ ပစ္စည်းကို ရှန်ယုလန်အား လှမ်းပေးလိုက်သည်။ ထို့နောက် သူမက "ကျွန်မ ဦးခေါင်းကဒဏ်ရာကို ပြန်ချုပ်နေတဲ့အချိန်မှာ ဒါကို တွေ့မိလို့ပဲ"

ဦးခေါင်း အနောက်ဘက်တွင် ရှိနေသည့် ဒဏ်ရာက ၎င်းထဲသို့ အပ်တစ်ချောင်းကို တိုက်ရိုက်ထိုးသွင်းခြင်းကြောင့် ဖြစ်လာရခြင်းဖြစ်သည်ဟု ယူဆခဲ့သော်လည်း ထိုသို့ဖြစ်မလာခဲ့ပေ။

  "ဒါက..." ရှန်ယုလန်က ကြွေပန်းကန်ပြားကို ကြည့်လိုက်ချိန်တွင် ကြွေပန်းကန်ပြားပေါ်၌ ဆံပင်ထက် အနည်းငယ်ပိုထူပြီး တစ်လက်မခန့်အရှည်ရှိသော အနက်ရောင်အချောင်းလေးတစ်ခုကို တွေ့လိုက်ရသည်။ ရှန်ယုလန်က အချိန်အတော်ကြာအောင် သေချာစွာ ကြည့်ရှု့ပြီးနောက် မဝံ့မရဲ ပြောလာခဲ့သည်။ "ဒါက ငွေအပ် မဟုတ်လား?"

  ရှရွှင်းစစ်ကလည်း စူးစူးဝါးဝါး လှမ်းကြည့်လိုက်သည်။ ထိုအရာက ညစ်ညမ်းနေသော ငွေအပ်တစ်ချောင်း ဖြစ်နေပုံရသည်။

  ကျွော့ချင်းက ခေါင်းညိတ်ပြလိုက်ပြီး "ရှင်တို့ထဲမှာ ဘယ်သူက ဒီလို ပါးလွှာတဲ့ ငွေရောင် အပ်တစ်ချောင်းကို သေသူရဲ့ ဦးခေါင်းခွံကို မထိခိုက်စေဘဲ ဒီလောက် အနီးကပ် အကွာအဝေးကနေ သေသူရဲ့ ဦးခေါင်းနောက်ကို စိုက်အောင် ပစ်နိုင်တဲ့ အရည်အချင်းရှိလဲ?"

  ခန်းမတစ်ပတ်ပြည့်အောင် လှည့်ပတ်ကြည့်ရှုပြီးနောက် ကျွော့ချင်းက သူ့ထက်မြင့်သော ကိုယ်ခံပညာစွမ်းရည်ရှိသည့် လူတစ်ယောက်မျှ မရှိသင့်ဟု ယူဆနိုင်သော စုလင်းကို စူးစူးစိုက်စိုက် ကြည့်နေခဲ့သည်။

  ရှန်ယုလန်က စုလင်းထံ ငွေအပ်ထည့်ထားသော ပန်းကန်ပြားကို ယူလာပေးသည်။ စုလင်းက မျက်မှောင်ကြုတ်ကာ ပွင့်ပွင့်လင်းလင်း ပြန်ဖြေလိုက်သည်။

“ငါ မလုပ်နိုင်ဘူး”

  ကျွော့ချင်းက ပခုံးတွန့်ပြလိုက်သည်။

စစ်သူကြီးစုတောင် မစွမ်းဆောင်နိုင်လျှင် ရှရွှင်းစစ်အတွက် ပိုပြီး‌တော့ မဖြစ်နိုင်ကြောင်း သေချာသွားပြီ။ သူမ ရှင်းပြနေစရာ မလိုတော့ဘူး။ သူက မင်းသမီးလေးကို လျှို့ဝှက်လက်နက်နဲ့ နာကျင်စေခဲ့မယ်ဆိုရင် သူ အမြန်ပြေးဖို့ မလိုအပ်ဘူး၊ သူ ပြေးလာခဲ့ရင် သံသယတွေကို ဆွဲဆောင်သလို ဖြစ်သွားနိုင်တယ်။ ဘာကြောင့်လဲဆိုတော့ ရှယွင်ယွင်က အဆိပ်ပြင်းတဲ့ အပ်တစ်ချောင်းနဲ့ ထိုးစိုက်ခံရပြီးနောက် ကျိန်းသေ သေရတော့မှာလေ။

သူမ၏ယုံကြည်မှုက လွန်ကဲနေသောကြောင့် ယန်းဟုန်ထျန်းက အသံမာမာဖြင့် ပြန်မေးလိုက်သည်။

"ဒါဆို လူသတ်သမားက ဘယ်သူလဲဆိုတာ မင်း သိလား"

   "မသိဘူး"

ကျွော့ချင်းက ခပ်မြန်မြန် ပြန်ဖြေလိုက်သည်။

"ကျွန်မ လုပ်နိုင်တာက အလောင်းစစ်ဆေးတာပဲ။ အမှုကိစ္စတွေကို မဖြေရှင်း တက်ဘူး၊ နောက်တဆင့်က သူ့အလုပ်ပဲ"

သူမက မှုခင်းဆရာဝန်တစ်ဦးဖြစ်ပြီး သူမက သူမကိုယ်သူမ အလုံးစုံပြည့်စုံသော တန်ခိုးရှင်ဟု ဘယ်သောအခါမှ မတွေးခဲ့ပေ။

အရေးအပါဆုံး စစ်သူကြီးကတောင် သူ မလုပ်နိုင်တာကို သူ မလုပ်နိုင်ဘူးလို့ အေးအေးဆေးဆေး ဝန်ခံခဲ့တယ်လေ၊ ဒါကြောင့် သူမ မလုပ်နိုင်တာ ဘာဖြစ်မှာလဲ?

  ကျွော့ချင်းက လို့ရှီးယန်၏အနောက်ဘက်ရှိ စားပွဲရှည်ဆီသို့ ပြန်ဆုတ်သွားပြီး ခဏလောက်ထိုင်ကာ အနားယူချင်ခဲ့သော်လည်း မကျေမနပ်ဖြစ်နေသည့် စူးရှသောအကြည့်များက သူမကို အနီးကပ် စိုက်ကြည့်နေသည်။ အေးစက်မှုတစ်ခုက ကျွော့ချင်း၏ကျောရိုးပေါ်သို့ ပြေးဆင်းလာခဲ့သည်။

သူမနောက်မှာ အခြားတစ်ယောက်ရှိနေတာကို သူမ မေ့သွားတယ်၊ မင်းသမီး!

  ကျွော့ချင်းက စိတ်ပျက်လက်ပျက်ဖြင့် သူမ၏နေရာဟောင်းသို့ ပြန်လာခဲ့ပြီး မော့ပိုင်ဘေးနားတွင် ရပ်နေလိုက်သည်။ ကျွော့ချင်းက ခန်းမအတွင်းရှိ လူအုပ်စုကို ဂရုမစိုက်တော့ဘဲ သူမအနောက်မှ တိုင်ကို မှီကာ မှိန်းနေရင်း သူမခြေထောက်နှစ်ဖက်ကို နှိပ်နယ်နေခဲ့သည်။ ခန်းမထဲမှ လူများကတော့ သူမကို ကြည့်ကာ မှင်သက်မဆုံး ရှိနေကြဆဲပင်။

  လို့ရှီးယန်က ခေါင်းခါပြီး ရယ်မောလိုက်သည်။

သူမရဲ့ပေါ့ပေါ့ပါးပါး အပြုအမူက အခြားသူတွေရဲ့အမြင်မှာ မောက်မာတယ်လို့ ထင်သွားစေနေနိုင်တာကို သူမ မသိဘူးလား?!

လို့ရှီးယန်က ပေါ့ပေါ့ပါးပါး ပြုံးလိုက်ပြီး ချောင်းနည်းနည်း ဟန့်လိုက်ကာ "လူသတ်သမားကို ရှာတွေ့ဖို့က မခက်ပါဘူး၊ ရှန်လူကြီးမင်းက လူသတ်သမားက ဘယ်သူလဲဆိုတာ သိထားပြီးသားပါ"

ထိုဝါကျက ရှန်ယုလန်ကို လူတိုင်း၏အာရုံစိုက်မှုဆီကို အောင်မြင်စွာ တွန်းပို့နိုင်ခဲ့သည်။

  ဒီယောက်ျားက တကယ်ကို အငြိုးကြီးပြီး ရက်စက်လွန်းတယ်။ သူ့မိန်းမကို အာရုံစိုက်နေကြတာကြောင့် သူ့ကို ထိုးချလိုက်တာ မဟုတ်ဘူးလား?

ရှန်ယုလန်က အံကြိတ်ကာ "ဝန်ကြီးချုပ်လို့က သူ့လက်အောက်ငယ်သားတွေကို တကယ်ကို ကြည့်နေတာပါပဲ"

  ကံကောင်းထောက်မစွာဖြင့် သူ့စိတ်ထဲတွင် သံသယအတွေးတစ်ခု အမှန်တကယ် ရှိနေခဲ့သည်။ ရှန်ယုလန်က ကြွေပန်းကန်ပြားကို သူ့လက်ထဲတွင် ကိုင်ထားရင်း စူးရှသည့်မျက်လုံးတစ်စုံဖြင့် လူအုပ်ကို တစ်ချက်ကြည့်လိုက်ပြီးချိန်မှ ခန်းမထဲတွင် ပြတ်သားသည့် အသံထွက်ပေါ်လာပြန်သည်။

“ဒီလို ပါးလွှာတဲ့ ငွေအပ်တစ်ချောင်းနဲ့ နန်းတွင်းရဲ့ အရပ်ဘက်နဲ့ စစ်ဘက်အရာရှိတွေရဲ့ ရှေ့မှောက်မှာ မင်းသမီးကို မျက်နှာချင်းဆိုင် ပစ်သတ်လိုက်တယ်၊ လူသတ်သမားက သူ့လက်ထဲမှာ ဝှက်ထားတဲ့ လက်နက်တစ်ခု ရှိရမယ်၊ ပြီးတော့ သူက ပင်မခန်းမရဲ့ အထက်မှာ ရှိနေရမယ်"

နောက်ဆုံးတော့ အဲ့တာက ဘယ်သူလဲ???

  ဤသည်မှာ လူတိုင်း၏ စိတ်ထဲမှ တူညီသော မေးခွန်းတစ်ခု ဖြစ်သည်။ ဆွေးနွေးမှုကြောင့် ကျယ်လောင်လှသော အသံများက ရာနှင့်ချီသော ခြင်များ ဝိုင်းအော်နေသကဲ့သို့ ဖြစ်လာပြန်သည်။ ၎င်းက လူများကို စိတ်အနှောက်အယှက် ဖြစ်စေပြီး သူတို့ ပြောနေသည့်စကားများကိုလည်း ရှင်းရှင်းလင်းလင်း မကြားရတော့ပေ။

  ရှန်ယုလန်က ဟူရှီအန်းဆီကို လျှောက်သွားလိုက်ပြီး " မင်းသမီးလေး သောက်တဲ့ သေရည်က အဆိပ်မရှိဘူး။ မင်းသမီးလေး မသေခင်တုန်းက မင်းသမီးက ခွက်ကို ချလိုက်တာနဲ့ စစ်သူကြီးဟူက ဘာလို့ သေရည်ခွက်ကို ထိလိုက်တာလဲ? အဲ့တာကို ရှင်းပြနိုင်မလား? သေရည်က မင်းလက်ထဲမှာ အဆိပ်ဖြစ်သွားတယ်၊ ဘာလို့ အဲ့လို အဆိပ်သင့်သွားတာလဲ"

  "ဒါက ဘာကိုဆိုလိုတာလဲ!?" ဟူရှီအန်းက ရှန်ယုလန်ကို ကြည့်ရင်း သူ့ရင်ခုန်သံများက မိုးခြိမ်းသံကဲ့သို့ ဖြစ်လာပြီး "သေရည်က ဘာလို့ အဆိပ်သင့်နေသလဲဆိုတာ ငါက ဘယ်လိုသိနိုင်မှာလဲ? လူသတ်သမားက မင်းသမီးလေးကို လေထဲမှာ သတ်နိုင်တာကြောင့် မင်းသမီးလေးက အဆိပ်ပြင်းတဲ့ သေရည်ကို သောက်ပြီး သေသွားတယ်လို့ ထင်ယောင်ထင်မှား ဖြစ်စေခဲ့တယ်၊ ငါက မင်းသမီးလေး သေဆုံးရတဲ့ အကြောင်းရင်းကို သိဖို့ စိတ်လောကြီးနေဖို့ သေရည်ခွက်ကို ကိုင်လိုက်မိတယ်၊ အဲ့တာကြောင့် ငါက လူသတ်သမားလို့ မင်း ထင်နေတာလား? ကလေးဆန်လွန်းတယ်!"

  "စစ်သူကြီးဟူ ပြောတာက ကျိုးကြောင်းဆီလျော်ပါတယ်၊ ဒီလို စီရင်ချက်ချတာက တကယ်ကလေးဆန်တယ်"

ရှန်ယုလန်က စိတ်ရှုပ်ထွေးဟန်ဆောင်နေကာ ဟူရှီအန်း၏လက်ကောက်ဝတ်ကို ကြည့်လိုက်ပြီး "ဒါဆို စစ်သူကြီးဟူက တစ်ခုလောက် ပြောပြနိုင်မလား? စစ်သူကြီးရဲ့ လက်ကောက်ဝတ်မှာ အမြဲဆောင်ထားတဲ့ ပစ္စည်းက ဘယ်ရောက်သွားလဲဆိုတာ ပြောပြလို့ရမလား?"

ဟူရှီအန်းတွင် ရှိနေသော လက်ကောက်က အလွန်ထူးခြားနေပြီး သူက ထိုအရာကို အစကတည်းက သတိပြုမိသော်လည်း ငွေအပ်ကို တွေ့ရှိပြီးနောက် ထိုအရာက အကြောင်းပြချက်မရှိဘဲ ပျောက်ကွယ်သွားခဲ့သည်။

ဒါက မထူးဆန်းဘူးလား?!

  ရှန်ယုလန်က ဟူရှီအန်းကို သိသာထင်ရှားစွာ သံသယဖြစ်နေကြောင်း နားလည်နေသည့်တိုင် ရှရွှင်းစစ်က အသံမထွက်လာသေးပေ။ သူက ဘာမှမပြောဘဲ ဟူရှီအန်းကို မော့ကြည့်နေကာ သူ့အမူအရာက မည်းမှောင်နေလေသည်။

  ခဏအကြာတွင် ဟူရှီအန်းက သူ့ခါးပေါ်ရှိ အိတ်ထဲမှ အဖိုးတန်ကျောက်မျက်ရတနာများ ပါဝင်သည့် အနံတစ်လက်မကျော်ရှိသော လက်ကောက်တစ်ဖက်ကို ထုတ်ယူကာ “ဒါက ငါ့အမေ ချန်ထားခဲ့တဲ့ ရတနာတစ်ခုပါ၊ ဒါပေမယ့် ဒါက သာမန်လက်ကောက်တစ်ခုပဲ။ ငါတို့ မြောက်ပိုင်းချီမှာ လက်ကောက်က အမျိုးသားတွေရဲ့ ချမ်းသာမှုနဲ့ အဆင့်အတန်းကို ပြတဲ့သင်္ကေတတွေပဲ။ တတိယမင်းသား လက်ထဲမှာလည်း လက်ကောက်တစ်ခုရှိတယ်။ အဲဒါက ဘာဆန်းလို့လဲ? ငါက လက်ကောက်ကို ပိုက်ဆံအိတ်ထဲ ထည့်သိမ်းထားလိုက်ရုံလေးပဲ၊ တခြားဘာမှ မရှိဘူး"

  ကျွော့ချင်းက သူမမျက်ခုံးလေးကို အနည်းငယ် ပင့်တင်လိုက်သည်။

ဒီလူက မရိုးရှင်းဘူး။ သူက အခုန ခန်းမကြီးထဲမှာ မဆင်မခြင် ပြုမူတက်တဲ့ လူတစ်ဦးလို ပြုမူခဲ့ပေမယ့် အခုတော့ သူက အရမ်းတည်ငြိမ်နေပုံရတယ်။

  သူသာ တကယ်ရိုးရှင်းခဲ့ရင် သူ ဘာလို့ လက်ကောက်ကို ဖွက်လိုက်ရတာလဲ?

ရှန်ယုလန်က "မင်း ငါ့ကို ခနပေးနိုင်မလား?"

  "ရတယ်... ယူလိုက်" ဟူရှီအန်းက သူ့လက်ထဲမှ ပစ္စည်းကို ရှန်ယုလန်ထံ အပ်လိုက်ကာ ငြိမ်သက်နေပြီး ဘာမှမထူးခြားပေ။

  ရှန်ယုလန်က လက်ကောက်ကို ကောက်ကိုင်လိုက်ပြီး သေသေချာချာ ကြည့်လိုက်ရာ လက်ကောက်က အရမ်းအနုပညာဆန်ပြီး အတွင်းအပြင် ကွက်လပ်လေးများ ရှိနေလေသည်။ လက်ကောက်က နည်းနည်းထူပြီး လေးလွန်းသည်ဟု ခံစားရသောကြောင့် လျှို့ဝှက်လက်နက်အနေဖြင့် သုံးရန်က မဖြစ်နိုင်ပေ။ သူက လက်ကောက်၏ပတ်ပတ်လည်ကို ညင်ညင်သာသာ လိုက်နှိပ်ကြည့်နေပြီး ကျောက်မျက်ရတနာလေးများကို တွန်းထုတ်ရန် ကြိုးစားခဲ့သော်လည်း ထိုအရာလေးများကို သေသေချာချာ မြုပ်နှံထားသောကြောင့် လှုပ်ရှားလာခြင်း မရှိပေ။ သိသာထင်ရှားသည့် အချွန်အတက်များနှင့် ခလုပ်များကိုလည်း မတွေ့ရပေ။

  ဟူရှီအန်းက အေးစက်သည့်မျက်နှာဖြင့် "မင်း ကြည့်ပြီးပြီဆိုရင် ငါ့ကို ပြန်ပေးပါ"

  တကယ်ပဲ သူ မဟုတ်ဘူးလား?

ရှန်ယုလန်က လေးလေးနက်နက် တွေးတောနေခဲ့သည်။

ခန်းမရဲ့ဒုတိယထပ်မှာ လူ အများကြီး မရှိတာကြောင့် သေရည်ခွက်နဲ့ နီးတဲ့နေရာကို ကပ်နိုင်တဲ့သူက အနည်းငယ်ပဲ ရှိတယ်။ အဲ့ဒါကြောင့် ဟူရှီအန်းက သေရည်ခွက်ကို ကောက်ယူပြီး အဆိပ်ထည့်ဖို့ အခွင့်ကောင်းယူခဲ့တာ ဖြစ်နိုင်ချေ အများဆုံးပဲ။

  ဒါပေမယ့် သူ ဘာကို လျှို့ဝှက်လက်နက်အဖြစ် အတိအကျ အသုံးပြုခဲ့တာလဲ? လက်ကောက်က လျှို့ဝှက်လက်နက်ဆိုရင် အဲ့တာကို သူ ဘယ်လို သက်သေပြရမလဲ???

  တကယ်ပဲ နည်းလမ်း မရှိတော့ဘူးလား???!

All Chapters