← Chapters

အခန်း (၅၁-၅၂)

Vol. 5 Ch. 51-52

အခန်း (၅၁-၅၂)

Vol. 5 Ch. 51-52

အခန်း ၅၁ ထိုယောကျာ်း၏အတွေးများ (အပိုင်း ၁)

  ကျွော့ချင်းက အသက်ကို ပြင်းပြင်းရှူကာ သူမကိုယ်သူမ တည်ငြိမ်အောင် ပြန်ထိန်းလိုက်ပြီး "ရှင် လူမှားနေတာ၊ ကျွန်မက ချင်းလင် မဟုတ်ဘူး၊ ချင်းဖုန့်..."

အရာအားလုံးက သူ့စကားတွေပဲလေ...သူ့ဘာသာ တစ်ဖက်သတ်ပြောနေတာ။ သူမက ချင်းလင်ဆိုတာ သက်သေမပြနိုင်ရင် သူ ဘာလုပ်နိုင်မှာလဲ?!

  သူသာ သက်သေမပြနိုင်ရင် သူမကလည်း အသေခံပြီး ငြင်းဆန်နေမယ့်ပုံပဲ။ ကောင်းပြီလေ.. အဲ့တာဆိုရင် သူ့ကို အပြစ်မတင်နဲ့တော့....

  ယန်းဟုန်ထျန်း၏ မျက်လုံးများတွင် လှောင်ပြောင်ရိပ်များ တောက်ပလာသောကြောင့် ကျွော့ချင်းက သူမ၏ နှလုံးသားထဲမှ အေးခဲသွားသလို ခံစားလိုက်ရသည်။

  သူမ ထိတ်လန့်ချိန်ပင် မရလိုက်ဘဲ ယန်းဟုန်ထျန်းက သူ့လက်တစ်ဖက်ဖြင့် ကျွော့ချင်း၏မေးစေ့ကို ဆွဲကိုင်လိုက်ပြီး အခြားလက်တစ်ဖက်ဖြင့် သူမ၏ဝတ်ရုံကို ဆွဲဖြဲလိုက်သည်။

အား

ကျွော့ချင်းက သူမ၏ရင်ဘတ်နားမှ အေးစက်မှုတစ်ခု ခံစားလိုက်ရသော်လည်း သူမ၏မေးစေ့ကို ဆုပ်ကိုင်ခံထားရတာကြောင့် သူမ၏ခေါင်းကို ငုံမကြည့်နိုင်ခဲ့ပေ။ သို့တိုင်အောင် အဝတ်များစုတ်ပြဲသွားသည့်အသံနှင် သူမ၏ ညာဘက်ပခုံးမှ နာကျင်ကိုက်ခဲမှုတို့ကြောင့် ဘာဖြစ်နေသည်ကို ခန့်မှန်းရန် မခက်ခဲတော့ပေ။ ယခုအချိန်တွင် သူမ၏ခန္ဓာကိုယ်အပေါ်ပိုင်း တဝက်နီးပါးက အဝတ်ဗလာဖြစ်နေမည်ကို သူမ သေချာပေါက် ပြောနိုင်သည်။

  ယခု သူမက အတွင်းဝတ်များကို ၀တ်ဆင်ထားဆဲဖြစ်သော်လည်း ခေတ်မှီကျောပြောင်အင်္ကျီများကဲ့သို့ ဖြစ်နေပြီး ကျွော့ချင်းက မကြုံစဖူး အရှက်ရသွားသလို ခံစားလိုက်ရသည်။ သူမက သူမ၏မာန အနည်းငယ်ကြောင့် သူမ‌‌ရှေ့မှလူကို အေးစက်စွာ ကြည့်ရင်း အေးစက်သော လေသံဖြင့် "ရှင် ဘာလိုချင်သေးလို့လဲ!"

သူမကို ပိုင်ဆိုင်လိုက်တာနဲ့ သူမက နာခံမှုရှိရှိနဲ့ သူ့မိန်းမဖြစ်လာလိမ့်မယ်လို့ သူ ထင်နေရင်တော့ သူ ဘယ်လောက် မိုက်မဲတယ်ဆိုတာကို သူ သိသွားဖို့ သူမ လုပ်ပေးနိုင်ပါတယ်။

  "ရှက်နေတာလား?" သူ့မျက်လုံးများက ကျွော့ချင်း၏ ချောမောလှပသော ခန္ဓာကိုယ်ကို လိုက်လံကြည့်ရှုနေခဲ့သည်။ ယန်းဟုန်ထျန်းက ကျွော့ချင်း၏ မျက်လုံးများထဲမှ ဒေါသနှင့် အရှက်ရမှုကို နှစ်သက်နေပုံရသည်။ သူက သူ့လက်ကို အနည်းငယ် ဖြေလျှော့ပြီး သူမ၏လည်ပင်းနောက်ဘက်သို့ ဖြည်းညှင်းစွာ လျှောချလိုက်သည်။ သူ့လက်တစ်ဖက်က သူမခါးကို ဖက်ထားပြီး ကျန်တစ်ဖက်ကို သူမနားရွက်အား ပွတ်သပ်နေကာ သူမ၏လည်ပင်းနောက်ဘက်တစ်ဝိုက်တွင် လေတိုးသံများဖြင့် တိုးတိုးလေး ပြောလာခဲ့သည်။

"မင်းက ကျန်းရဲ့လူ ဖြစ်လာမှာလေ၊ ရှက်နေစရာ မလိုပါဘူး!"

  သန်မာသော လက်ကြီးနှစ်ဖက်က သူမကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားသည်။ ကျွော့ချင်းက သူမလက်ကို ထိုလက်များကြားတွင် အလျားလိုက်ချထားပြီး သူမ ခွန်အားရှိသမျှသုံးကာ တွန်းထုတ်ပစ်လိုက်သည်။ ကံမကောင်းစွာဖြင့် သူမ၏နည်းပါးသော ခွန်အားက ကားရှေ့ကို ပိတ်ဆို့ထားသော ခြင်တစ်ကောင်၏လက်မောင်းများကဲ့သို့ဖြစ်ပြီး သူမတို့၏ခန္ဓာကိုယ်များက တင်းကျပ်စွာ ဖက်တွယ်နေကြဆဲပင်။

  သူ့ခန္ဓာကိုယ်က အရမ်းပူနေပြီး သူ့လက်ကို သူမရင်ဘတ်ပေါ်သို့ တင်လိုက်သောကြောင့် ကျွော့ချင်း၏နှလုံးခုန်သံများက ပြင်းထန်လာပြန်သည်။ ကျွော့ချင်းက ​​သူမအသက်ရှုမဝတော့သလို ခံစားနေရသည်။

  "ရှင်..." ကျွော့ချင်းက သူနှင့် ညှိုနိုင်းရန် ကြိုးစားချင်နေခဲ့ပြီး လိင်စိတ်နိုးကြွနေသည့် ယောက်ျားတစ်ယောက်က ညှိုနိုင်းရန် မလွယ်ဘူးကြောင်း သူက သက်သေပြလိုက်သည်။ ယန်းဟုန်ထျန်းက သူမ၏နှုတ်ခမ်းများကို နမ်းလိုက်ပြီး သူမ၏နှုတ်ခမ်းများ ပူထူလာသည်။ သူ၏ လွှမ်းမိုးမှုနှင့် အပူရှိန်ကြောင့် ကျွော့ချင်း တခဏတာ မှိန်းမူး တွေဝေသွားသော်လည်း သူမရင်ဘတ်ရှိ ပူလောင်သော အပူက သူမကို ချက်ချင်း ပြန်နိုးကြားလာစေခဲ့သည်။

  ထိုအချိန်တွင် ယန်းဟုန်ထျန်း၏လက်က သူမ၏ညာဘက်ရင်အုံကို လာထိနေခဲ့သည်။ ကျွော့ချင်းက အပြင်းအထန် ရုန်းကန်နေပြီး အကြိမ်အနည်းငယ်ကြာပြီးနောက် နောက်ဆုံးတွင် သူမ မလွတ်မြောက်နိုင်တော့ကြောင်း သိလိုက်ရသည်။ ကျွော့ချင်း၏နှလုံးသားက နာကျင်သွားကာ သူမက ထိုမရိုးသားသော နှုတ်ခမ်းနှင့် လျှာကို အထိန်းအကွပ်မရှိ ပြင်းပြင်းထန်ထန် ရက်ရက်စက်စက် ကိုက်ချလိုက်တော့သည်။ ယန်းဟုန်ထျန်းက နာကျင်စွာ ညည်းတွားလိုက်ပြီး မကြာခင်မှာပင် သွေးနံ့ကို မြည်းစမ်းလိုက်ရသည်။

  ကျွော့ချင်း ထပ်ကိုက်တော့မည့်အချိန်မှာပင် ယန်းဟုန်ထျန်းက သူမကို လွှတ်ပေးလိုက်သည်။ ကျွော့ချင်းက အလျင်အမြန် နောက်ပြန်ဆုတ်သွားပြီး သူနှင့် မီတာအနည်းငယ်အကွာတွင် ရပ်‌နေခဲ့ပြီး နောက်တစ်ကြိမ် သေသေချာချာ မတ်မတ်ရပ်လိုက်ပြီး သူ့ကို စူးစူးရဲရဲ စိုက်ကြည့်နေလိုက်သည်။

နောက်ဆုံးတော့ သူမ အသက်ကို ကောင်းကောင်းရှူနိုင်သွားပြီ။

ကျွော့ချင်းက အသက်ဝဝရှုနိုင်ရန် အစွမ်းကုန်ကြိုးစားနေရပြီး သူက သူမကို ထိုကဲ့သို့ရူးသွပ်စွာ ပြုမူခဲ့သောကြောင့် သူ့ကို ပြင်းပြင်းထန်ထန် ရှုံ့ချနေမိသည်။

ယန်းဟုန်ထျန်းက သူ့ပါးစပ်ထောင့်မှ သွေးများကို သူ့လက်မဖြင့် ဖြည်းညှင်းစွာ သုတ်နေရင်း အမှန်တကယ် ရယ်မောနေ‌လေသည်။

"မင်းက တကယ်ကို ရက်စက်လွန်းတယ်"

သူမက ပထမဆုံးစတွေ့တုန်းကနဲ့ အရမ်းကွာခြားနေပေမယ့် ဒါကလည်း ကောင်းပါတယ်၊ သူက ရက်စက်တဲ့ သူမကို သဘောကျနေဆဲပဲ။ .ကြမ်းတမ်းတဲ့ အမျိုးသမီးတွေကို အနိုင်ယူရတာက ပျော်စရာကောင်းတယ်လေ။

  ယန်းဟုန်ထျန်းက ကျွော့ချင်း၏ ညာဖက်ပခုံးကို ငုံ့ကြည့်ရင်း သူ့၏ မျက်လုံးများကို မှေးကျဥ်းကာ အေးစက်စွာ ထပ်ပြောလိုက်သည်။

"အခု မင်းက ချင်းလင် မဟုတ်ဘူးလို့ ပြောရဲသေးလား"

သူက ပြီးခဲ့သည့် နှစ်အနည်းငယ်အတွင်းမှာကတည်းက သူမရဲ့အကြောင်းတွေကို ရှင်းရှင်းလင်းလင်း စုံစမ်းထားခဲ့ပြီးပြီ။ သူမပခုံးပေါ်က စကားလုံးတွေအကြောင်းကိုလည်း သူ သိထားပြီးပြီ။ အခု သူမ ဘယ်လို ငြင်းမလဲဆိုတာ ကြည့်ကြသေးတာပေါ့....

  ဒါက ဘာအဓိပ္ပါယ်လဲ? သူ သူမကို ပြင်းပြင်းထန်ထန် နမ်းလိုက်တာက သူမက ချင်းလင်ဆိုတာကို သက်သေပြချင်တဲ့ အတွက်ကြောင့်လို့ ဆိုလိုချင်တာလား?!

  ယန်းဟုန်ထျန်း၏ မျက်လုံးများက သူမ၏ ညာဖက်ပခုံးပေါ်သို့ စိုက်ကြည့်နေသောကြောင့် ကျွော့ချင်းက စိတ်ရှုပ်ထွေးစွာသွားပြီး သူမလည်း ခေါင်းငုံ့ကြည့်လိုက်သည်။ အနီရောင် စာလုံးငယ်လေးက သူမ၏ ညာဘက်ပခုံးအနီးတွင် ဖျတ်ခနဲပေါ်လာပြီး သူမကို ထိတ်လန့်သွားစေခဲ့သည်။ သို့သော် သူမ၏ညာဘက်ရင်အုံတွင် ထိုစကားလုံးများ အဘယ့်ကြောင့် ရှိနေသည်ကို သူမ နားမလည်နိုင်ခဲ့ပေ။ သူမ ထိုစကားများကို လက်ဖြင့် ထိကြည့်လိုက်ရာ သူမ၏ အသားအရေက အလွန်ချောမွေ့နေဆဲ ဖြစ်သည်။ ခဏအကြာတွင် စကားလုံးများက တဖြည်းဖြည်း မှိန်ဖျော့လာပြီး နောက်ဆုံး ပျောက်ကွယ်သွားခဲ့သည်။

   ဒီ . . . . . ဒီသဘောတရားက ဘာကိုဆိုလိုတာလဲ??? ဘာကြီးလဲ???!

ကျွော့ချင်းက ထိတ်လန့်တုန်လှုပ်နေပြီး ယန်းဟုန်ထျန်းကလည်း တစ်ခုခုမှားနေသည်ကို ချက်ချင်း နားလည်လိုက်သည်။

ငယ်စဉ်ကတည်းက သူမခန္ဓာကိုယ်ပေါ်မှာ ရှိနေတဲ့ အမှတ်အသားတစ်ခုကို မြင်လိုက်ရတာကို သူမက ဘာလို့ အရမ်းအံ့သြသွားတာလဲ?!

  ယန်းဟုန်ထျန်း၏ နောက်တစ်ကြိမ် ချဉ်းကပ်လာမှုက ကျွော့ချင်း၏တွေဝေနေမှုကို လွင့်ပျယ်သွားစေခဲ့သည်။

အခုအချိန်က လက်ရေးလှ လေ့လာရမယ့် အချိန်မဟုတ်သေးဘူးဟ!

  ကျွော့ချင်းက ခြေတစ်လှမ်းဆုတ်ပြီး "ခဏနေဦး၊ ကျွန်မ ပြောစရာရှိတယ်!"

  ယန်းဟုန်ထျန်းက အမှန်တကယ် ရှေ့သို့ တိုးမလာဘဲ လက်ပိုက်ထားပြီး သူမကို အေးစက်စွာ စိုက်ကြည့်နေလေသည်။

  ကျွော့ချင်း၏ရင်ဘတ်က တဒိန်းဒိန်း စောင့်ခုန်နေပြန်သည်။

ဒီခန္ဓာကိုယ်က ချင်းလင်ဖြစ်ပေမယ့် ဝန်ကြီးချုပ်ရဲ့ အိမ်တော်မှာ ပေါ်လာခဲ့တာလား? ဒါကို ဘယ်လို ရှင်းပြရမှာလဲ???!!

  စေ့ဆော်မှုတခုဖြင့် ကျွော့ချင်းက သူမ၏ခေါင်းကို တည်ငြိမ်စွာ ပြန်မော့လိုက်ပြီး သူမ၏ မျက်နှာပေါ်တွင် တွေဝေနေပြီး ရှုပ်ယှက်ခတ်နေသော အကြည့်များဖြင့် သူ့ကို ပြန်ပြောလိုက်သည်။

"ဒီကို လာတဲ့လမ်းမှာ စောင့်ကြပ်တဲ့ အရာရှိတွေက ကျွန်မတို့ ညီအစ်မ သုံးယောက် မရိုးမသား ကြံစည်မှာကို ကြောက်လို့ နေ့တိုင်း ဆေးတွေ တိုက်ခဲ့ကြတယ်။ အဲ့တာကြောင့် လဝက်လောက်ကြာတဲ့အထိ သတိလစ်မေ့မြောနေခဲ့တယ်၊ အိပ်ရာကနိုးလာတော့ မူးဝေနေပြီး အကြောင်းအရာတော်တော်များများကို မေ့သွားခဲ့တယ်။ လူတိုင်းက ကျွန်မက ချင်းဖုန့်လို့ ပြောကြတယ်၊ ကျွန်မပခုံးပေါ်မှာ စကားလုံးတွေရှိနေပေမယ့် ကျွန်မ မသိတော့ဘူး။ အဲ့တာ အကုန်ပဲ၊ ရှင် ခုနကပြောခဲ့တာကို ကျွန်မ တကယ်ကို မသိတော့ဘူး"

  "မေ့သွားတာလား!?" ယန်းဟုန်ထျန်းက ကျယ်လောင်စွာ ရယ်မောလိုက်ပြီး "ချင်းလင်၊ ချင်းလင်၊ မင်းတကယ်ပဲ မင်း ကျန်းကို ခြယ်လှယ်နိုင်မယ်လို့ ထင်နေတာလား?!"

  အခု ဘယ်သူက ဘယ်သူနဲ့ ကစားပြီး ဘယ်သူက ဘယ်သူ့ကို ခြယ်လှယ်နေတာတုန်း! ငါက လှည့်စားခံခဲ့ရတာပါနော်... ဟုတ်ပြီလား?!

  "သတိမေ့တယ်ပေါ့လေ"

ကစားကွက်က တကယ်မိုက်ပေမယ့် တခြား ဘာတွေ လုပ်နိုင်မှာလဲ?!

  "ရှင် ကျွန်မကို မယုံရင်တောင် ကျွန်မ ဘာမှ မတတ်နိုင်ဘူး။ ကျွန်မ ပြောသမျှက အမှန်တွေပဲ၊ ရှင် ယောင်ယွဲ့က အရာရှိတွေကို မေးလို့ရတယ်"

ဆေးတိုက်ခံရတာက သူမ လိမ်တာ မဟုတ်ဘူး။

ကျွော့ချင်းက သူမ၏ခေါင်းကို အနည်းငယ်ငုံ့ထားရင်း တတ်နိုင်သမျှ ချိုသာစွာ ဆက်ပြောလိုက်သည်။

"အမှားတစ်ခုခုတော့ ရှိနေနိုင်ပေမယ့် ကျွန်မက ဝန်ကြီးချုပ်အိမ်တော်ထဲဝင်ပြီးပြီ ဆိုတော့ လို့ရှီးယန်နဲ့ပဲ အတူ ရှိနေသင့်တယ်"

  သူမက သူ့အနားမှာ တကယ်ပဲ အဲ့လောက်တောင် မနေချင်တာလား?! သူမ အရာအားလုံးကို စီစဉ်ခဲ့တာ မဟုတ်ဘူးလား? ဟောင်ယွဲ့ကနေ သူ ဘာမှ ရှာမတွေ့ဘူးလို့ သူမ ထင်နေတာလား?! လောကကြီးမှာ သူ့ဆီကနေ ဖုံးကွယ်ထားနိုင်တာ ဘာမှ မရှိပါဘူး။

  ယန်းဟုန်ထျန်းက လိမ္မာရေးခြားရှိဟန်ဆောင်နေသော သူမကို အေးစက်စွာ စိုက်ကြည့်ရင်း ယဉ်ကျေးသိမ်မွေ့ခြင်းက သူမအတွက် လုံးဝ မသင့်တော်ကြောင်း သူ သေချာနေပြီ ဖြစ်သည်။ ယန်းဟုန်ထျန်းက ကျွော့ချင်းဆီသို့ တစ်လှမ်းချင်း ချဉ်းကပ်လာရင်း အေးစက်စွာဖြင့် နှာမှုတ်လိုက်သည်။

"မင်းက မင်းရဲ့ အထောက်အထားကို မင်း မေ့သွားပုံရတယ်။ မင်းမှာ ရွေးချယ်ဖို့ အရည်အချင်း လုံးဝ မရှိဘူး! ရှီးယန်က မင်းရဲ့ အထောက်အထားနဲ့ မင်းရဲ့ လှည့်စားမှုကို သိသွားရင် မင်းကို လိုချင်နေအုန်းမယ်လို့ မင်းထင်နေတာလား??!"

  ဒီလူက ဘယ်အရာကိုမှ လွယ်လွယ် လက်မခံချင်ဘူးပေါ့လေ! ဒါဆို သူမကလည်း သနားစရာကောင်းတဲ့ပုံလေးလို ဟန်ဆောင်ပြီး ကစားနေစရာ မလိုတော့ဘူးပေါ့။

ကျွော့ချင်းက သူမခေါင်းကို ဂုဏ်ယူစွာ ပြန်မော့လိုက်ပြီး သူ့ကို ပြန်ကြည့်ကာ ရယ်မောလိုက်သည်။

"တကယ်လို့ ကျွန်မ မှတ်မိတာ မှန်ရင် လို့ရှီးယန်က ပင်မခန်းမထဲမှာ ကျွန်မက သူ့မိန်းမလို့ ပြောခဲ့တာ"

  ယန်းဟုန်ထျန်း၏ မျက်နှာက ရုတ်တရက် မည်းမှောင်သွားပြီး "မင်းက ကျန်းရဲ့မိန်းမလို့ ကျန်း ပြောခဲ့တယ်"

  မဖြစ်နိုင်ဘူး!!

ယခုအချိန်တွင် သူမခွန်အားက သူနှင့်မယှဉ်နိုင်ကြောင်း ကျွော့ချင်းက ကောင်းကောင်းသိနေခဲ့သည်။ ထို့ကြောင့် ကျွော့ချင်းက လို့ရှီးယန်ကို စိတ်ထဲမှ တောင်းပန်လိုက်ပြီး ဇွတ်အတင်း မျက်မှောင်ကြုတ်ကာ "ဒါပေမယ့် ကျွန်မက လို့ရှီးယန်ရဲ့ မိန်းမ ဖြစ်နေပြီ"

   "မင်း... ဘာ... မင်း ဘာပြောလိုက်တာလဲ?!"

  အံသွားများပေါက်လုမတတ် အံ့ကြိတ်ထားရာမှ ထွက်လာသော ယန်းဟုန်ထျန်း၏အသံက လူအများ၏နှလုံးသားကို တုန်လှုပ်စေလောက်အောင် အေးစက်နေခဲ့သည်။

ဘာပဲဖြစ်ဖြစ် သူမက နန်းတော်ထဲမှာ နေဖို့ မသင့်တော်ဘူး။

ကျွော့ချင်းက သူမ၏ စိတ်ထဲမှ ဆုံးဖြတ်ချက်တစ်ခုကြောင့် မျက်ခုံးပင့်ကာ အနည်းငယ် ပြုံးလိုက်ပြီး "ကျွန်မ ဝန်ကြီးချုပ်အိမ်တော်ကို ဝင်ခဲ့တာ လတစ်ဝက်နီးပါး ရှိနေပြီ။ ကျွန်မ သူနဲ့အတူ စားသောက်နေထိုင်တယ်။ ကျွန်မတို့ စောင်အောက်မှာ ရိုးရိုးသားသား စကားစမြည်ပြောနေမယ်လို့တော့ ရှင် မထင်ဘူးမလား?"

  "မင်း... သေဖို့ ထိုက်တန်တယ်"

ထိုအော်ငေါက်သံနှင့်အတူ ကျွော့ချင်းက သူမ၏လည်ပင်းမှ နာကျင်မှုကို ခံစားလိုက်ရသည်။ သူ့လက်ထဲမှ ခွန်အားက ကရုဏာတရား လုံးဝ မရှိသောကြောင့် သူမ လုံးဝ အသက်ရှူမဝတော့ပေ။ သွေးများက သူမ၏ဦးခေါင်းထိပ်သို့ တဟုန်ထိုး စီးဝင်သွားပြီး ကျွော့ချင်းက သူ သူမကို အမှန်တကယ် လည်ပင်းညှစ်သတ်ပစ်ချင်နေကြောင်း လေးလေးနက်နက် သဘောပေါက်သွားခဲ့သည်။

  “ကယ်…ကယ်ကြပါ…”

သဲသဲကွဲကွဲ မကြားရဘဲ ပေါက်ကွဲလုမတတ် အော်ဟစ်အကူအညီတောင်းသည့် အော်ဟစ်သံထွက်လာခဲ့သော်လည်း သူမကို ဘယ်သူကမှ မကယ်တင်နိုင်တော့ပေ။

  ကျွော့ချင်းက သူမ သေတော့မည်ဟု တွေးလိုက်မိချိန်တွင် ရှင်းလင်းပြတ်သားသော အသံတစ်ခုက အဝေးမှ ထွက်ပေါ်လာသည်။

"အရှင်မင်းကြီး၊ ကျွန်တော်မျိုး လို့ရှီးယန်မှာ အရေးတကြီး ပြောစရာရှိပါတယ်"

  အခန်း ၅၂ ထိုယောက်ျား၏အတွေးများ (အပိုင်း ၂)

  "အရှင်မင်းကြီး၊ ကျွန်တော်မျိုး လို့ရှီးယန်မှာ အရေးတကြီး ပြောစရာရှိပါတယ်" အဝေးဆီမှ ရှင်းလင်းပြတ်သားသော အသံတစ်ခုက ထွက်ပေါ်လာသည်။

  ကျွော့ချင်းက သူမ သေတော့မည်ဟု တွေးနေချိန်တွင် ယန်းဟုန်ထျန်းက နောက်ဆုံးတွင် သူမကို ပြန်လွှတ်ပေးလိုက်သည်။

  ကျွော့ချင်းက ခွန်အားမရှိတော့ဘဲ ကြမ်းပြင်ပေါ်သို့ လဲကျသွားပြီး အသက်ဝဝရှုနိုင်ရန် အပြင်းအထန် ကြိုးစားနေခဲ့သည်။ ယခုတစ်ကြိမ်တွင် သူမက လို့ရှီးယန်၏ ပန်းနာရင်ကျပ်နှင့်ဆင်တူသော အသက်ရှုကြပ်ခြင်းဝေဒနာကို ကိုယ်တိုင်ကိုယ်ကျ ခံစားခဲ့ရသည်။

  ယန်းဟုန်ထျန်းက ကျွော့ချင်းကို မကြည့်တော့ဘဲ ခန်းမအရှေ့ဘက်ရှိ စားပွဲရှည်ဆီသို့ ပြန်လှည့်သွားပြီး ထိုနေရာတွင် ဝင်ထိုင်ရင်းမှ အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်သည်။

“ဝင်လာခဲ့”

  လို့ရှီးယန်က ဖြည်းဖြည်းမှန်မှန် လျှောက်လှမ်းလာပြီး ကြမ်းပြင်ပေါ်တွင် ထိုင်နေသော ကျွော့ချင်း၏စုတ်ပြဲနေသောအဝတ်အစားများနှင့် သူမ၏လည်ပင်းမှ သိသာထင်ရှားသော လက်ဗွေရာများကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ သူက သူမကို ဘာမှမပြောဘဲ ယန်းဟုန်ထျန်းထံသို့ လှမ်းသွားပြီး အရိုအသေပေးလိုက်သည်။

"ဧကရာဇ်မင်းမြတ်ကို ဂါရဝပြုပါတယ်"

 နောက်ဆုံးတွင် ကျွော့ချင်းက ခွန်အားများပြန်လည်ရရှိကာ မတ်တပ်ရပ်ရန် ရုန်းကန်လိုက်သည်။ သူမ လှမ်းမျှော်ကြည့်လိုက်ရာ ရည်ရွယ်သည်လား မရည်ရွယ်သည်လား မသိနိုင်သော်လည်း လို့ရှီးယန်က သူမရှေ့တွင် ရပ်နေပြီး ယန်းဟုန်ထျန်း၏အမြင်ကို ပိတ်ဆို့ထားသည်။

  လို့ရှီးယန်ကို ကြည့်နေသည့် ယန်းဟုန်ထျန်း၏မျက်နှာက အနည်းငယ် စိတ်ရှုပ်ထွေးနေပုံရပြီး ဘာကြောင့်မှန်းမသိ ကျွော့ချင်းကို ထိန်းမနိုင်သိမ်းမရ တုန်လှုပ်သွားစေသည်။

ယန်းဟုန်ထျန်းက "ရှီးယန်၊ သူ့(မ)ခန္ဓာကိုယ်က ဆေးမှင်ကြောင်ထိုးထားတဲ့ စကားလုံးတွေကို မြင်ဖူးလား?"

  သွားပြီ!

  ကျွော့ချင်းက တိတ်တိတ်လေး ညည်းညူလိုက်သည်။

  ယန်းဟုန်ထျန်း၏ အပြုအမူက အလွန်လိမ္မာပါးနပ်လွန်းလှသည်။ လို့ရှီးယန်က ၎င်းကို မမြင်ကြောင်းပြောလိုက်ပါက သူမ လိမ်ညာနေခြင်းဖြစ်နိုင်ပြီး သူမက လို့ရှီးယန်နှင့် လုံးဝ အတူမနေခဲ့ကြောင်း သူ ခန့်မှန်းမိသွားမည် ဖြစ်သည်။ လို့ရှီးယန်က ပိုထက်မြက်ပြီး သူမကို ကူညီချင်သည့် အဓိပ္ပါယ်ဖြင့် ထိုစကားလုံးများကို မြင်လိုက်ကြောင်းပြောခဲ့လျှင် လို့ရှီးယန်က သူမ ချင်းလင် ဖြစ်နေသည်ကို သိနေလျှင်ပင် သူမကို အလိုရှိနေဆဲဖြစ်သည်ဟု အဓိပ္ပါယ်သက်ရောက်သည်။

အဲ့ဒါက ဘုရင်ကို လိမ်ညာလှည့်စားမှု မဟုတ်ဘူးလား?!

  ကျွော့ချင်းက စိုးရိမ်နေသော်လည်း ယန်းဟုန်ထျန်းက သူမတို့ကို အေးစက်စွာ စူးစိုက်ကြည့်နေသောကြောင့် သူမ၏မျက်နှာတွင် အမူအရာ နည်းနည်းလေးတောင် မပြနိုင်ခဲ့ပေ။ သူမတို့ကြားတွင် မျက်လုံးချင်း ဖလှယ်နိုင်ခြင်းမရှိသောကြောင့် ကျွော့ချင်းက စိတ်ပျက်လက်ပျက် ခံစားနေရသည်။

  လို့ရှီးယန်က ခဏလောက်စဉ်းစားပြီးမှ ခေါင်းကို ဖြည်းညှင်းစွာ မော့လိုက်ပြီး "အဲ့တုန်းက ကောင်းကင်က အရမ်းမှောင်နေတော့ ကျွန်တော်မျိုး ရှင်းရှင်းလင်းလင်း မမြင်လိုက်ရပါဘူး၊ သူ(မ)ရင်ဘတ်မှာ ရေးထားတဲ့ တစ်စုံတစ်ခုရှိနေတာကိုပဲ ယောင်ဝါးဝါး မြင်ခဲ့ရပါတယ်"

  ထိုအဖြေက ကျွော့ချင်းကို‌ပင် လန့်သွားစေရန် လုံလောက်နေခဲ့သည်။

မထင်မှတ်ထားပဲ သူက အဲ့လို ဖြေတယ်ပေါ့။

သူ၏ရှက်ရွံနေသော အသံနှင့် အမူအရာတို့ကြောင့် ကျွော့ချင်းက သူနှင့် သူမကြားတွင် တစ်စုံတစ်ခု အမှန်တကယ် ဖြစ်ပျက်သွားသည်ဟု ထင်မှတ်လုနီးပါး ဖြစ်နေခဲ့သည်။

  ယန်းဟုန်ထျန်း၏လက်များက သူ့နောက်ကျောတွင် ရှိနေသော်လည်း သူ့လက်သီးဆုပ်များမှ အဆစ်များ အက်ကွဲသံများကို ကျွော့ချင်းက ရှင်းရှင်းလင်းလင်း ကြားနေရဆဲပင်။ သူ့မျက်နှာက လူတိုင်းကို လက်သီးဖြင့် လိုက်ထိုးချင်နေပုံရသည်။ ကျွော့ချင်းကတော့ အမှန်တကယ် သုံးခါလောက် ဟက်ဟက်ပက်ပက် ရယ်မောချင်နေတော့သည်။

လို့ရှီးယန်က တကယ်ကို ဉာဏ်ကြီးရှင်ပဲကွ!

  ကျွော့ချင်းက လို့ရှီးယန်ကို သူမ၏နှလုံးသားထဲမှ ချီးမွမ်းပြီးနောက် ရုတ်တရက် သံသယဖြစ်စရာတစ်ခုကို တွေးလိုက်မိသည်။

သူမရဲ့ခန္ဓာကိုယ်မှာ ဒီစကားလုံးတွေ ရှိနေမှန်း သူမတောင် မသိခဲ့ဘူး။ အဲ့တော့ လို့ရှီးယန်က သူမရဲ့ခန္ဓာကိုယ်ပေါ်မှာ စကားလုံးတွေ ရှိနေပြီး အဲ့စကားလုံး‌တွေက သူမရဲ့ရင်ဘတ်ပေါ်မှာ ရှိနေတာကို ဘယ်လို သိသွားခဲ့တာလဲ?

   ကျွော့ချင်းက ထိုကိစ္စဖြင့် ရုန်းကန်နေဆဲမှာပင် ယန်းဟုန်ထျန်းက စိတ်မရှည်စွာဖြင့် "ဒီကို လာကြစမ်း၊ ချင်းလင်လို့ခေါ်တဲ့ တခြားအမျိုးသမီးကို ‌ခေါ်လာခဲ့"

  ကိုယ်ရံတော်များက ချင်းဖုန့်ကို ခန်းမထဲသို့ ကြမ်းကြမ်းတမ်းတမ်း တွန်းပို့လိုက်ကြသောကြောင့် သူမ ခြေလှမ်းအနည်းငယ် ယိုင်သွားပြီး နောက်ဆုံးမှာ မတ်မတ် ပြန်ရပ်နိုင်ခဲ့သည်။ ချင်းဖုန့်က လှမ်းမျှော်ကြည့်လိုက်ပြီး ကျွော့ချင်း၏ အဝတ်အစားများ ရှုပ်ယှက်ခတ်နေပြီး အရှက်ရဖွယ် အသွင်အပြင်ကို မြင်သွားကာ သူမ၏မျက်လုံးများထဲတွင် ဒေါသအရိပ်အယောင်များ ချက်ချင်း မြင့်တက်လာခဲ့သည်။

  ယန်းဟုန်ထျန်းက လင်းယုန်ငှက်ကဲ့သို့ ထက်မြက်သော မျက်လုံးများဖြင့် ချင်းဖုန့်ကို စိုက်ကြည့်ကာ "မင်းက ဘယ်သူလဲ?"

  ချင်းဖုန့်ကလည်း မဆိုင်းမတွပင် "ချင်းလင်" ဆိုသည့် စကားနှစ်လုံးကို အေးစက်စွာ ထုတ်ပြောလာခဲ့သည်။

"ချင်းလင်" ဆိုတဲ့ သူမရဲ့ နုနယ်လှပတဲ့ အစ်မကို လူတွေကို စားတဲ့နေရာဖြစ်တဲ့ ဒီနန်းတော်နဲ့ ဒီလူ့နားမှာ နေခွင့်မပြုနိုင်ဘူး!

  သေဖို့မကြောက်တဲ့ မိန်းမက တကယ်ကို လိမ်ညာဝံ့နေတုန်းပဲ။

ကျွော့ချင်းက  ယန်းဟုန်ထျန်း၏ မာန်ပါသော အသံကို ကြားလိုက်ပြီး အမှတ်တမဲ့ တုန်လှုပ်သွားသည်။

"ကျန်းက မင်းကို နောက်ဆုံးအခွင့်အရေးတစ်ခု ပေးမယ်။ မင်း အမှန်အတိုင်း ပြောမလား? ဒါမှမဟုတ် မင်းခေါင်းကို ပျောက်သွားစေချင်လား"

  ချင်းဖုန့်၏မျက်နှာက ဖြူဖျော့နေသေးသော်လည်း သူမမျက်လုံးများတွင် နောက်ပြန်ဆုတ်သွားသည့် အရိပ်အယောင် နည်းနည်းလေးမှ မတွေ့ရပေ။ ချင်းဖုန့်က ခေါင်းမာမာဖြင့် ပြန်ဖြေလာသည်။

“ငါက..ချင်း....”

  ကျွော့ချင်း၏လည်ပင်းက နာကျင်မှုနှင့်အတူ ပူလောင်နေဆဲဖြစ်ပြီး ကျွော့ချင်းက ဤရွံ့ရှာဖွယ်ကောင်းသောလူက နောက်ပြောင်နေခြင်း မဟုတ်ကြောင်း လုံးဝ ယုံကြည်ခဲ့သည်။ ခေါင်းမာသောအမျိုးသမီးက သူမက ချင်းလင်ဖြစ်သည်ဟု ဆက်လက်ပြောဆိုနေပါက နောက်အခိုက်အတန့်တွင် သေမင်းက သူမကို စောင့်မျှော်နေပေလိမ့်မည်။ ကျွော့ချင်းက အရှိန်အဟုန်ဖြင့် ရှေ့သို့ တိုးဝင်ကာ သူမ၏ စကားများကို ရပ်တန့်စေလိုက်ပြီး ယန်းဟုန်ထျန်းကို လှမ်းပြောလိုက်သည်။

"ကျွန်မက ချင်းလင်ဆိုတာ ရှင် ရှင်းရှင်းလင်းလင်း သိနေပြီပဲ၊ ဘာလို့ သူ(မ)ကို နှောင့်ယှက်နေတာလဲ?"

   ဒါဆို သူမက ချင်းလင်ပေါ့!

ယနေ့ည နန်းတော်အပြင်ဘက်တွင် ဖြစ်ပျက်ခဲ့သမျှကို သေချာစဉ်းစားပြီး လို့ရှီးယန်က အဖြေကို မှန်းဆနိုင်နေပြီ ဖြစ်သည်။ လို့ရှီးယန်၏ မျက်လုံးများက မှိန်ဖျော့သွားသော်လည်း သူက စကားမပြောဘဲ တိတ်ဆိတ်နေကာ အပြောင်းအလဲများကို အေးအေးဆေးဆေး စောင့်ကြည့်နေခဲ့သည်။

   "အခု အထောက်အထားတွေ ပြောင်းပြီး သူ(မ)ကို နန်းတော်ထဲ ဝင်စေဖို့ မင်း ကြံစည်ခဲ့တာကို ဝန်ခံလိုက်တာလား?!”

  ကံမကောင်းစွာဖြင့် ကျွော့ချင်း၏တုန့်ပြန်မှုက သူ့ဆန္ဒအတိုင်း မဟုတ်ခဲ့ပေ။ သူမက သူမ ယခင်က ဖြေခဲ့သည့်အတိုင်းသာ ထပ်ဖြေလာခဲ့သည်။

"အစောင့်တွေက လဝတ်ကျော်ကြာအောင် မူးယစ်ဆေးတွေ တိုက်ခဲ့တယ်ဆိုတာကို ကျွန်မ ရှင်းပြပြီးပြီ၊ ကျွန်မတို့ တစ်ချိန်လုံး သတိလစ်နေခဲ့တယ်။ အိပ်ရာက နိုးလာတော့ ကျွန်မ မသိတာတွေ အများကြီးရှိနေတာကို သိလိုက်ရတယ်။ ကျွန်မ ဘယ်သူလဲဆိုတာကိုတောင် မမှတ်မိတော့ဘူး၊ သူတို့အားလုံးက ကျွန်မက ချင်းဖုန့်လို့ ပြောကြတယ်။ အဲဒါကြောင့် ကျွန်မက ကျွန်မကိုယ်ကျွန်မ ချင်းဖုန့်လို့ပဲ ထင်နေခဲ့တာ။ ဒီနေ့ ကျွန်မရဲ့ညီအစ်မတွေနဲ့ တွေ့နိုင်ဖို့ စိတ်စောနေလို့ နန်းတွင်းထဲကို ဝင်ခဲ့မိတယ်၊ ဒီရောက်မှ ကျွန်မဘယ်သူလဲဆိုတာ ရှင်းရှင်းလင်းလင်း သိရတာ၊ ဘာတွေ ဖြစ်သွားတာလဲတော့ ကျွန်မလည်း မသိတော့ဘူး"

တကယ်တော့ ဒီစကားတွေက ချင်းဖုန့်နဲ့ လို့ရှီးယန်အတွက် ရည်ရွယ်တာပါ။ သူမက ချင်းလင် မဟုတ်ဘူး။ သူမ မရှင်းပြနိုင်တဲ့ အရာတွေ အများကြီး ရှိနေသေးတယ်။ သတိမေ့သွားခြင်းက သူမ သုံးနိုင်တဲ့ အကောင်းဆုံးသော အကြောင်းပြချက်ပါပဲ။

သေချာသည်ကတော့ ယန်းဟုန်ထျန်းက ထပ်မံ ဒေါသထွက်လာပြီး "ကျန်းကို သတိမေ့နေတာနဲ့ မလှည့်စားနဲ့တော့။ မင်း သတိမေ့နေတယ်ဆိုရင်တောင် ခန်းမထဲမှာ အလောင်းစစ်ဆေးပြီး ကိစ္စတွေကို ကူညီဖြေရှင်းပေးနိုင်တယ်။ မင်းမှာ သတိမေ့နေရင်တောင် အဲ့လို လုပ်နိုင်​​သေးလား...?"

  ဘာပဲဖြစ်ဖြစ် သတိမေ့သွားတာက ရူးသွားတာ မဟုတ်ဘူးလေ!

ကျွော့ချင်းက သူမ၏မျက်လုံးများကို မှိတ်ချထားလိုက်ချင်သော်လည်း ယခုက အချိန်အခါ မဟုတ်သေးတာကြောင့် သူမက သက်ပြင်းချရင်း အပြစ်ကင်းစင်စွာ ပြန်ပြောလိုက်သည်။ "ကျွန်မ မှတ်ဥာဏ်တွေ ပျောက်သွားပြီး အတိတ်က အဖြစ်အပျက်တွေ အများကြီးကို မေ့သွားခဲ့တယ်၊ ဒါပေမယ့် အဲဒီ အလောင်းခွဲစိပ်စစ်ဆေးနည်းက ကျွန်မအတွက် ပုံမှန်အတိုင်းပါပဲ၊ စားသောက်တာနဲ့ စာရေးတာတွေလိုပဲ ကျွန်မ လုပ်နိုင်တယ်။ ဒီအရာတွေကို ဘယ်သူက ကျွန်မကို သင်ပေးခဲ့တာလဲဆိုတာကိုတော့ မမှတ်မိတော့ဘူး”

အတိုချုပ်ပြောရရင် နားမလည်နိုင်သော အရာများအားလုံးကို သတိမေ့သွားခြင်းကြောင့်ဟု သတ်မှတ်နိုင်သည်။

  "ဘယ်လိုတောင် သတိမေ့တာကြီးလဲ!" ယန်းဟုန်ထျန်းက ဒေါသထွက်နေသော်လည်း ရယ်မောလိုက်ရင်း ချင်းဖုန့်ကို ကြည့်ကာ "မင်းရော သတိမေ့နေတယ်လို့ ပြောမှာလား?"

  "ငါက သတိမေ့တာမျိုး မရှိဘူး။ ငါ ဘယ်သူလဲဆိုတာ ရှင်းရှင်းလင်းလင်း မှတ်မိတယ်"

သူမတို့ မိသားစုကို ဘယ်သူက ဖျက်ဆီးပစ်ခဲ့တာလဲ? ဘယ်သူက သူမတို့ ညီအစ်မတွေကို တစ်သက်လုံး သေကွဲ ကွဲကွာစေခဲ့တာလဲ? ပိုပြီးတော့တောင် ရှင်းရှင်းလင်းလင်း မှတ်မိနေသေးတယ်!

  သူမတို့ထဲက တစ်ယောက်က သတိမေ့နေပြီး နောက်တစ်ယောက်က တခြားတစ်ယောက်လို ဟန်ဆောင်နေခဲ့တယ်။ သူမတို့နှစ်ယောက်က တကယ်ကို ကောင်းကောင်း လုပ်ဆောင်နိုင်ခဲ့တာပဲ။

ယန်းဟုန်ထျန်းက အေးစက်သော အပြုံးဖြင့် ပြောလာပြန်သည်။

"ဆက်ပြော၊ မင်း ဘယ်လိုတွေ လိမ်မလဲဆိုတာ ကျန်း ကြည့်ချင်တယ်!"

  အတိတ်ကို ပြန်တွေးကြည့်ရင် သူမကသာ သူမတို့ရဲ့မျက်နှာတွေကို ဖျက်စီးဖို့ စတင်သွေးဆောင်ခဲ့သူဖြစ်ခဲ့သလို သတ်သေဖို့ကိုလည်း သူမကဘဲ ဦးဆောင်ခဲ့တယ်။ သူမရဲ့ ခေါင်းမာမှု၊ တစ်ကိုယ်ကောင်းဆန်မှုနဲ့ ဒေါသကြောင့် ဘာကိုမှ မအောင်မြင်ရုံသာမက သူမအစ်မကြီးနဲ့ ညီမငယ်ကိုပါ ထိခိုက်စေခဲ့တယ်။ ဒီတစ်ခါတော့ ယန်းဟုန်ထျန်းကို လက်စားချေဖို့က သူမရဲ့အလုပ်ဖြစ်ပြီး၊ သူမက အတိတ်မေ့နေတဲ့အစ်မကို ထပ်ပြီးနာကျင်စေမှာ မဟုတ်ပါဘူး။

  ချင်းဖုန့်က သူမစကားသံများထဲမှ ဒေါသများကို တက်နိုင်သလောက် ဖယ်ထုတ်လိုက်ပြီး "ကျွန်မတို့က ဘယ်သူ့ကိုမှ မလှည့်ဖြားချင်ပါဘူး။ အဲ့တုန်းက ပျက်စီးနေတဲ့ ဘုရားကျောင်းထဲမှာ ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့ကြတယ်။ အစ်မက အလယ်မှာရပ်နေပြီး ညီမလေးတွေရဲ့ လက်တွေကို ဆုပ်ကိုင်ပေးထားခဲ့တယ်၊ အစောင့်တွေက ကျွန်မတို့ကို ကယ်တင်ပြီး ကြမ်းပြင်ပေါ်ကို ချပေးတော့ ကျွန်မကို ချင်းလင်ဆိုပြီး အသက်ရှင်နေသေးတယ်လို့ သူတို့ ပြောနေတာကို ကြားလိုက်ရတယ်၊ နောက်ပိုင်းတော့ အစ်မပြောတဲ့အတိုင်းပဲ နေ့တိုင်း ဆေးတိုက်ခံရတယ်။ အိပ်ရာကနေ နိုးလာတော့ နန်းတော်ကို ရောက်နေပြီ၊ ပြီးတော့ ကျွန်မ သူတို့အားလုံးသေကုန်ကြပြီလို့ ထင်ခဲ့တယ်၊ အဲ့တာကြောင့် ကျွန်မလဲ အသက်မရှင်ချင်တော့တဲ့အတွက် မနေ့က ရှင့်ကို ပန်းအိုးနဲ့ ရိုက်ခဲ့တယ်၊ ကျွန်မကိုယ်ကျွန်မ ချင်းလင်လို့ အခိုင်အမာပြောရတဲ့ အကြောင်းရင်းက ဧကရာဇ်လိုချင်တဲ့လူက ချင်းလင် ဖြစ်နေတာကြောင့်ပဲ။ ကျွန်မက ဘယ်သူပဲ ဖြစ်နေပါစေ၊ နန်းတော်ဆီပို့လိုက်ပြီးဆိုမှတော့ အခု ကျွန်မက ချင်းလင်ပဲ”

  ဝန်ကြီးချုပ်က သူမအစ်မကို ကောင်းကောင်း ဆက်ဆံပုံရပြီး အစ်မက သူနဲ့ အတူရှိနေရင် သက်တောင့်သက်သာ နေနိုင်မှာပါ။

  “လုံးဝ အဓိပ္ပယ် မရှိဘူး!"

  သူမက သူလက်ကနေ လွတ်မြောက်ဖို့ အမှန်တကယ် သတ်သေခဲ့တယ်ပေါ့။ ဒါတွေအားလုံးက အကြောင်းအရာအမျိုးမျိုးကြောင့် ဖြစ်ပေါ်လာတဲ့ မတော်တဆတွေလား??!

  ယန်းဟုန်ထျန်း၏ လင်းယုန်မျက်လုံးများမှ အေးစက်သော အလင်းတန်းများက ကျွော့ချင်းကို အပေါက်ဖောက်လုနီးပါးဖြစ်နေပြီး ယခုအချိန်တွင် သူ ဒေါသဖြစ်နေကြောင်း သက်သေပြရန် လုံလောက်နေသည်။ ခန်းမကြီးက တဖန် တိတ်ဆိတ်ငြိမ်သက်သွားပြန်သည်။

  အချိန်အတော်ကြာတိတ်ဆိတ်သွားသော လို့ရှီးယန်က ရုတ်တရက် ရှေ့သို့ ခြေတစ်လှမ်းတိုးကာ တိုးတိုးလေး ပြောလိုက်သည်။ "အရှင်မင်းကြီး၊ စိတ်အေးအေးထားပါ၊ ကျေးဇူးပြုပြီး ကျွန်တော်မျိုးပြောတဲ့ စကားတွေကို နည်းနည်းလောက် နားထောင်ပေးပါလား?"

  "ပြောပါ" လို့ရှီးယန်အပေါ်တွင် ယန်းဟုန်ထျန်းက အမြဲ ယဉ်ကျေးနေတတ်သည်။

"ဘာပဲဖြစ်ဖြစ် ဒါက ဟောင်ယွဲ့ရဲ့ တာဝန်ရှိသူတွေက အမှားလုပ်မိပြီး သူ(မ)တို့ ညီအစ်မတွေကို နေရာမှားပြီး ပို့လိုက်ကြတာပါ။ ဖြစ်တာတွေလည်း ဖြစ်ပြီး ကုန်ပြီ။ သူတို့က ဘယ်သူတွေပဲဖြစ်ဖြစ် ပြန်ပြောင်းဖို့ အရမ်းနောက်ကျသွားပြီ။ ဒီနေ့ ကျွန်တော်မျိုးပြောချင်တာက ဧကရာဇ်က ကျွန်တော်မျိုးအိမ်တော်ကို ပို့ပေးခဲ့တဲ့ မိန်းခလေးကို ကျွန်တော်မျိုးရဲ့ဇနီး အဖြစ်ပေးအပ်ပြီး လက်ထပ်ပေးဖို့ လက်ထပ်ခွင့်တောင်းချင်ပါတယ်"

  အုန်း!!

  ယန်းဟုန်ထျန်းက စားပွဲရှည်ကြီးပေါ်သို့ လက်ကို ပြင်းပြင်းထန်ထန် ပုတ်ချလိုက်ရာ ကျယ်လောင်စွာ ထွက်ပေါ်လာသော အသံက ခန်းမတွင်းရှိ လူအားလုံးကို ထိတ်လန့်ရုံသာမက ခန်းမအပြင်ဘက်တွင် စောင့်နေသော ကောင်းကျင်းကိုပင် တုန်တုန်ယင်ယင် ဖြစ်သွားစေသည်။

All Chapters