အခန်း (၅၆-၅၇)
Vol. 6 Ch. 56-57
အခန်း ၅၆ အလည်အပတ်ရောက်လာခြင်း
ပျင်းတယ်!
သေလောက်အောင် ပျင်းစရာကောင်းတယ်!
ကျွော့ချင်းက သူမကိုယ်သူမ အမှန်တကယ်ကို တန်ဖိုးမရှိသည့် ငပျင်းတစ်ယောက်ကဲ့သို့ ခံစားနေရသည်။
အရင်က သူမ အလုပ်စဝင်တုန်းက သုံးရက်တာ အပန်းဖြေခရီးသွားရဖို့ အလုပ်ပတ်ရက်ကို စောင့်ဆိုင်းရတာက ကောင်းကင်ဘုံကို သွားရသလို ခက်ခဲလွန်းခဲ့တယ်။ သူမလက်ထဲမှာ အဆုံးမရှိတဲ့ အလုပ်ကိစ္စရပ်တွေ အမြဲရှိနေခဲ့တယ်။ တစ်ခါတလေ အားလုံးကို ပစ်ထားပြီး အိမ်မှာ သုံးရက်လောက် အိပ်နေချင်ခဲ့ဖူးသေးတယ်။
အခုတော့ ကောင်းရော... သူမ အိပ်ချင်ရင်တောင် သေတဲ့ အထိအိပ်နေနိုင်ပေမယ့် သူမရဲ့ခန္ဓာကိုယ်ကြီးက ပိုးကောင်သန်းပေါင်းများစွာ အကိုက်ခံရသလို မသက်မသာ ခံစားနေရပြီ။
ခုနစ်ရက် . . . . . ခုနစ်ရက်ရှိပြီ...
သူမ နန်းတော်ကနေ ပြန်ရောက်တဲ့နေ့ကနေ အခုအချိန်အထိဆိုရင် ခုနစ်ရက်ရှိသွားပြီ။
အဲ့ရက်တွေအတွင်း ဘာတစ်ခုမှ ထူးထူးခြားခြား မဖြစ်ခဲ့ဘူး၊ အတိအကျပြောရရင် ဖြစ်နေရင်တောင် သူမ မသိနိုင်ဘူး။
ယန်းဟုန်ထျန်းက သူမကို ဒုက္ခမပေးခဲ့သလို လို့ရှီးယန်ကလည်း နေ့တိုင်း မနက်စောစောထွက်သွားပြီး နောက်ကျမှ ပြန်လာလေ့ရှိသည်။ သူမအတွက်လည်း အပြင်ထွက်သည်ကလွဲလျှင် ဝန်ကြီးချုပ်အိမ်တော်အတွင်း၌ သူမ လုပ်ချင်သည့် မည်သည့်အရာကိုမဆို လုပ်နိုင်သည်။
ဒါပေမယ့် သူမ ဘာလုပ်နိုင်မှာလဲ???
ဤနေရာတွင် အလောင်းစစ်ဆေးခြင်းဆိုင်ရာ စာအုပ်များ မရှိသလို ကျွော့ချင်းကလည်း ကဗျာ သို့မဟုတ် သမိုင်းဆိုင်ရာ အတ္ထုပ္ပတ္တိများကို စိတ်မဝင်စားသောကြောင့် သူမ၏နေ့စဉ် အချိန်ဖြုန်းသောနည်းလမ်းမှာ သူမရှေ့မှ ရေကန်ကျယ်ကြီးကို ငေးမောကြည့်နေခြင်းပင် ဖြစ်နေတော့သည်။
"ဟေး၊ နင်က အိမ်ထဲမှာနေပြီး ဒီလိုပဲ စိတ်ကူးယဥ်နေလေ့ရှိတာလား?"
ကြည်လင်ပြီး ကျယ်ပြန့်သောရေပြင်က လူအများကို ခံစားချက်ကောင်းကောင်းလေးများ ပေးနိုင်သော်လည်း သူမ၏လောကသဘာဝအပေါ် ခံစားနိုင်မှုကတော့ သာမာန်သာဖြစ်သည်။
ဘယ်လောက်ပဲ ရှုခင်းတွေလှနေပါစေ အဲဒါကို အချိန်အကြာကြီး ကြည့်ပြီးရင် ငြီးငွေ့လာလိမ့်မယ်။
ကျွော့ချင်းက သူမ၏ပါးကို ကိုင်ထားရင်း အချိန်အကြာကြီး တွေဝေနေကာ နောက်ဆုံးတွင် လို့ရှီးဝူကြောင့် သူမ၏ အာရုံခံစားမှုများ ပြန်ရောက်ရှိလာပြီး "နင်ကြောင့် အတွေးပျက်သွားပြီ!"
ငါက စိတ်ကူးယဥ်နေတာ မဟုတ်ပါဘူးနော်... ငါက စဉ်းစားနေတာ... ဟုတ်ပြီလား???
ကျွော့ချင်းက ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။ သူမနှင့် စကားပြောရန် လူမရှိသောကြောင့် သူမက လို့ရှီးဝူကို ဒေါသထွက်အောင် မလုပ်ချင်ခဲ့ပေ။ ထို့ကြောင့် သူမက လို့ရှီးဝူကို နှိမ့်ချစွာ လှမ်းမေးလိုက်သည်။
"ဒါဆို ပုံမှန်ဆိုရင် နင်ဘာတွေ လုပ်လေ့ရှိလဲ?"
ငါ တကယ် သိချင်နေတယ်လို့....
လို့ရှီးဝူက သူမမေးစေ့ကို ဆက်ကိုင်ထားရင်း ပျင်းရိစွာဖြင့် "လက်ရေးလှ လေ့ကျင့်တယ်၊ ဗျပ်စောင်း အတီးလေ့ကျင့်တယ်၊ စစ်တုရင် ကစားတယ်၊ ပန်းချီဆွဲတယ်၊ နောက်ထပ်လုပ်စရာတွေ အများကြီးရှိသေးတယ်"
အိုး အိုး~
ကျွော့ချင်းက "ငါ အဲ့တာတွေကို မမြင်နိုင်ပေမယ့် နင်က အရည်အချင်းရှိတဲ့ မိန်းကလေးလို့တော့ ပြောနိုင်သေးတယ်"
သူမ မချီးမွှမ်းဘဲ မနေနိုင်လောက်အောင်ပါပဲ၊ နောက်ဆုံးတော့ ချမ်းသာတဲ့အိမ်က သခင်မလေးတစ်ယောက်ဖြစ်ဖို့ကလည်း မလွယ်ကူလှပါဘူးလေ။
သူမက ကြင်နာစွာဖြင့် ချီးမွမ်းစကား ပြောပေးခဲ့သော်လည်း လို့ရှီးဝူက "လျောက်ပြော မနေပါနဲ့၊ ငါက နင့်လောက် မကျွမ်းကျင်ဘူးဆိုတာ ငါ သိပါတယ်၊ နင်က စစ်တုရင် ကစားတာတွေ ဗျပ်စောင်းတီးတာတွေ လက်ရေးလှရေးတာတွေ ပန်းချီဆွဲတာတွေ အကုန်လုံးမှာ ကျွမ်းကျင်နေပေမယ့် ဒီလိုမျိုး တခြားသူတွေကို လှောင်ပြောင်နေစရာ မလိုပါဘူး!"
ကျွော့ချင်းက အံ့အားသင့်သွားပြီး မချိပြုံး ပြုံးလိုက်မိသည်။
ဘာလို့လဲဆိုတော့ သူမက အဲ့တာတွေကို တစ်ခုမှ မသိဘူးလေ။
ကျွော့ချင်းက ပခုံးတွန့်ကာ "ငါ မှတ်ဥာဏ်တွေက ပျောက်သွားပြီ။ အဲ့တာကြောင့် ငါ ဘာမှ မမှတ်မိတော့ဘူး၊ နင် ပြောခဲ့တဲ့ အရည်အချင်းတွေ အားလုံးကို ငါ မေ့သွားပြီ၊ အဲ့တာကြောင့် ငါက နင့်နောက်မှာ ရှိနေပြီဆိုမှတော့ ငါက နင့်ကို ဘယ်လို လှောင်ပြောင်နိုင်မှာလဲ!?"
"ငါ..." ကျွော့ချင်းက သူမကိုယ်သူမ အေးအေးဆေးဆေး လှောင်ပြောင်နေသည်ကို မြင်လိုက်ရသောကြောင့် လို့ရှီးဝူက ရှက်ရွံ့သလို ခံစားလိုက်ရသည်။
"ငါက အဲဒီလို ဆိုလိုတာ မဟုတ်ပါဘူး"
လို့ရှီးဝူက ထိုအရည်အချင်းများကို သင်ယူလေ့ကျင့်ရန် မည်မျှ ခက်ခက်ခဲခဲ ကြိုးစားရသည်ကို နားလည်ပေးနိုင်သည်။ ချင်းဖုန့်အနေဖြင့် ထိုအရာများကို မေ့သွားခြင်းကပင် အလွန်သနားစရာကောင်းနေပြီ ဖြစ်ကာ ယခု သူမကိုယ်တိုင် ထုတ်ဖော်ပြောနေသောကြောင့် တစ်စုံတစ်ယောက်၏နာကျင်မှုကို သူမက ထပ်ပြီး မတူးဖော်ချင်တော့ပေ။
ရိုးရိုးသားသားပြောရလျှင် ကျွော့ချင်းက လို့ရှီးဝူ၏ မာနကြီးသောမျက်ဝန်းများကို နှစ်သက်သည်။ ကျွော့ချင်းက အကြောင်းအရာကို လျင်မြန်စွာ ပြောင်းလိုက်ပြီး "ရပါတယ် တခြားအကြောင်းပြောကြရအောင်"
လို့ရှီးဝူက သူမကို ကြည့်လိုက်ပြီး "နင်က ဘာတွေပြောချင်တာလဲ?"
"နင်က ဧကရာဇ်နဲ့ အရမ်းရင်းနှီးတယ်လို့ ငါ ကြားတယ်"
ဘာပဲဖြစ်ဖြစ် သူမက အရမ်းပျင်းနေမှတော့ ဒီအကြောင်းအရာကို မေးမြန်းစုံစမ်းဖို့ အခွင့်အရေးယူလိုက်သင့်တယ်။
လို့ရှီးဝူက ရှက်ရွံ့စွာ ပြုံးနေရင်း "ငါ အစ်ကိုတော်ဧကရာဇ်ကို ကောင်းကောင်း မသိပါဘူး၊ ငါ ငယ်ငယ်က ပျင်းနေရင် ငါနဲ့ အစ်ကိုနဲ့က အဒေါ်နဲ့အတူ နန်းတော်ကို လိုက်သွားကြတယ်၊ အဲ့တာကြောင့် အစ်ကိုတော်ဧကရာဇ်ကို မကြာခဏ တွေ့ဖူးတယ်"
"နောက်ဆုံးအကြိမ် နန်းတော်ထဲကို လိုက်သွားတုန်းက သူက အရမ်းရက်စက်တယ်လို့ ထင်ခဲ့မိတယ်"
ကျွော့ချင်းက သွေးတိုးစမ်းသည့် အနေဖြင့် ညည်းညူပြလိုက်သည်။
လို့ရှီးဝူက အထပ်ထပ်အခါခါ ခေါင်းညိတ်ရင်း စိုးရိမ်သောကရောက်နေသော အမူအရာဖြင့် ပြန်ပြောလာသည်။ "ငါလည်း သူ့ရဲ့ဒေါသက အရမ်း ဆိုးဝါးတယ်လို့ ခံစားရတယ်၊ သူ ဒေါသထွက်တဲ့အခါ လူတွေကို သေတဲ့အထိ ကြောက်လန့်စေပေမယ့် သူက ငါ့အစ်ကိုကိုတော့ ဒေါသထွက်ခဲတယ်"
"ဘာလို့လဲ၊ နင့်အစ်ကိုနဲ့ သူက ဝမ်းကွဲတွေ ဖြစ်နေလို့လား?"
ယန်းဟုန်ထျန်းက လို့ရှီးယန်အပေါ် အထူးသည်းခံနေပုံရသည်ကို သူမလည်း ခံစားမိခဲ့သည်။
လို့ရှီးဝူက နှုတ်ခမ်းစူရင်း ဂုဏ်ယူစွာဖြင့် "မဟုတ်ဘူး၊ သူက တခြားညီအကိုတွေ အပေါ်မှာလည်း အရမ်းရက်စက်တယ်။ တကယ်က ငါ့အစ်ကိုက ထက်မြက်ပြီး အရည်အချင်းရှိလို့"
ငါမှာ ပြောစရာ စကားမရှိတော့ဘူးဟေ့....
သူမ မျှော်လင့်တာက သူမအတွင်း ဇာတ်လမ်းတစ်ချို့ကို သိနိုင်မယ်လို့ ထင်ခဲ့မိတာပါ။ သူမက ဒီကောင်မလေးကို မေးလိုက်မိတော့ လို့ရှီးဝူက လို့ရှီးယန်ကိုပဲ ချီးမွမ်းတက်ပုံရတယ်။
ထိုအကြောင်းကို တွေးလိုက်မိချိန်တွင် ကျွော့ချင်းက လူတစ်ယောက်ကို စဉ်းစားမိသွားပြီး ထိုလူ့အကြောင်းကို အတင်းအဖျင်းပြောရန် ကြိုးစားလိုက်သည်။
"နင် စစ်သူကြီးစုလင်းကို သိလား"
"သူ?" လို့ရှီးဝူက သူမမျက်နှာကို ရွံရှာသလို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်ပြီး "မသိဘူး၊ သူက အေးစက်တယ်၊ မာနကြီးတယ်၊ ကိုယ်ကျိုးရှာတက်တဲ့လူလို့တော့ ငါ ကြားဖူးတယ်"
“ဘာလို့ အဲ့လိုပြောကြတာလဲ?”
သူမလည်း သူ့ကို တွေ့ဖူးပြီး သူက အေးစက်ပြီး မာနကြီးတဲ့ပုံပေါ်တာကတော့ မှန်တယ်။ ဒါပေမယ့် ကိုယ်ကျိုးရှာတက်ပုံတော့ မပေါ်ဘူးလေ။
လို့ရှီးဝူက လျှို့ဝှက်ဆန်းကြယ်သော အသွင်အပြင်နှင့်အတူ အသံတိုးတိုးလေးဖြင့် "သူ့မျက်လုံးထဲမှာ အမျိုးသမီးတွေက ဒုက္ခနဲ့ အဆင်မပြေမှုကို ကိုယ်စားပြုတယ်၊ ပိုလို့တောင် လွဲမှားနေတာက သူ့မိသားစုမှာ မိန်းမ မရှိဘူးတဲ့"
"ဘာလဲ? မဖြစ်နိုင်ပါဘူး!"
ဒီလို စစ်ဗိုလ်ချုပ်ကြီးရဲ့ အိမ်တော်မှာ မိန်းမတွေ မရှိဘူးလား?
ကျွော့ချင်းက "အစေခံတွေတော့ မဖြစ်မနေ ရှိမှာပေါ့၊ ပြီးတော့ သူ့မှာ အမေ၊ ညီမ၊ ဇနီး၊ ကိုယ်လုပ်တော် အဲ့လိုမျိုးတွေ မရှိဘူးလား?"
လို့ရှီးဝူက "မရှိဘူး!"
ဟုတ်ပါတယ်၊ အတင်းအဖျင်းပြောတာက ဘယ်ခေတ်မှာပဲဖြစ်ဖြစ် ရင်းနှီးဖို့ အလွယ်ကူဆုံး လူမှုဆက်ဆံရေးပါပဲ။
ယခုန ကျွော့ချင်းကို ငြူဆူနေသည့် လို့ရှီးဝူက ပြေပြေလည်လည်ပုံစံဖြင့် ဆက်ပြောပြလာခဲ့သည်။
"သူ့အဖေက စစ်ပွဲမှာ စောစောသေသွားပြီး သူ့အမေကလည်း ဖျားနာပြီး သေဆုံးသွားတယ်။ သူ့တို့မှာ သူတို့ညီအစ်ကို သုံးယောက်ပဲ ကျန်တော့တယ်၊ ဘယ်သူမှ အိမ်ထောင်မရှိဘူး၊ သူတို့မိသားစုမှာ အစေခံတွေ မရှိဘူး၊ မော့မော့တွေတောင် မရှိဘူး၊ ယောက်ျားတွေပဲရှိတယ်၊ သူက ဒီနှစ် အသက်သုံးဆယ်နီးပါးရှိပြီဆိုတော့ အစ်ကိုတော်ဧကရာဇ်က နင့်ညီမကို ပေးလိုက်တာ ဖြစ်မယ်!"
"ဘယ်လိုမှ မဖြစ်ဘူး..."
ကျွော့ချင်း၏ခေါင်းတစ်ခုလုံးတွင် အနက်ရောင်လိုင်းများ တဖျပ်ဖျပ်ခပ်နေတော့သည်။
အဲ့ဒီလို လူရှိတယ်လား???! တကယ်ကို နည်းနည်းတော့ လွဲနေပြီ... အဲ့ဒါဆိုရင် ချင်းမော့က အဲ့ယောက်ျားတွေ ကြားထဲမှာ ဘယ်လို နေထိုင်နေရမလဲ????
ကျွော့ချင်းက ထိုလူနှစ်ဦးအကြောင်း အဆက်မပြတ် မေးမြန်းပြီးချိန်တွင် လို့ရှီးဝူက သူမထံသို့ ပြတ်သားသောအကြည့်ဖြင့် တုံ့ပြန်လာကာ "အဆုံးမှာတော့ နင်က အရမ်းကံကောင်းတယ်လို့ မခံစားရဘူးလား? နင်တို့မိသားစုမှာ နင် ကံအကောင်းဆုံးပဲ၊ နင်က ငါ့အစ်ကိုနောက်ကို လိုက်ခွင့်ရခဲ့တာ"
လာပြန်ပြီ.... ဒီလို မျက်ကန်းကိုးကွယ်မှုက ကောင်းမွန်တဲ့ အရာ မဟုတ်ပေမယ့် ဒီတစ်ကြိမ်မှာတော့ သူမ လို့ရှီးဝူရဲ့အမြင်ကို မငြင်းချင်ဘူး။ နှိုင်းယှဉ်ကြည့်ရင် အဲ့ယောကျာ်းသုံးယောက်မှာ လို့ရှီးယန်က သာမန်အဆန်ဆုံးပဲ။
သူမတို့နှစ်ယောက် စကားစမြည်ပြောနေကြချိန်တွင် အရပ်ရှည်ရှည် ပုံရိပ်တစ်ခုပေါ်လာပြီး သူမတို့ဆီသို့ ခပ်မှန်မှန်လျှောက်လှမ်းလာခဲ့သည်။
လို့ရှီးဝူက ဒေါသတကြီးဖြင့် တဖက်သို့ လှည့်သွားခဲ့သည်။
နောက်ဆုံးတော့ သူက သူမဆီကို လာဖို့ ဆန္ဒရှိပြီပေါ့လေ...ဟွန့်...
ကျွော့ချင်းက ပေါ့ပေါ့ပါးပါး ချောင်းဟန့်လိုက်ပြီး အပြုံးလေးဖြင့် "ငါ ရေငတ်နေတယ်၊ ရေသွားသောက်လိုက်ဦးမယ်"
ကျွော့ချင်းက မတ်တပ်ထရပ်လိုက်သော်လည်း ကျင်းစက သူမဆီသို့ တည့်တည့်လျှောက်လာပြီး အေးစက်စွာဖြင့် "ချင်းသခင်မလေး၊ အိမ်ရှေ့ခန်းမှာ ဧည့်သည်တစ်ယောက်ရှိနေပါတယ်"
"ငါ့ကို လာရှာနေတာလား?? ဘယ်သူလဲ"
ကျွော့ချင်းက အနည်းငယ် အံအားသင့်သွားပေမယ့် သူမထက် ပိုဆိုးနေကာ ဒေါသမျက်လုံးများဖြင့် ပူလောင်နေသည့် သူမဘေးနားရှိ အမျိုးသမီးလေးကို ကြည့်ရင်း ခက်ချင်း ရယ်မောလိုက်တော့သည်။
"တရားစီရင်ရေးဌာနက လူကြီးမင်းရှန်ယုလန်"
သူ????
သူက ဘာလို့ သူမကို လာရှာတာလဲ???
အလောင်းခွဲစိတ်ဖို့ အတွက်လား?
ဘာပဲဖြစ်ဖြစ် သူမ ပျင်းရိနေတာကြောင့် သူမ သူနဲ့ သွားတွေ့လိုက်မယ်။
ကျွော့ချင်းက ကျင်းစနောက်မှ လိုက်ပါသွားခဲ့သည်။
ခြေလှမ်းနှစ်လှမ်းလောက် လှမ်းပြီးနောက် ကျွော့ချင်းက ရပ်လိုက်ပြီး "ကျွန်မ ဒီကနေ သွားလို့ရပါပြီ၊ ရှီးဝူက ဗိုက်နာနေတယ်၊ သူ့(မ)ကို သွားကြည့်ပေးလိုက်ပါဦး"
ကျင်းစ၏ မျက်လုံးများက အရောင်လက်သွားပြီး လို့ရှီးဝူက မနေနိုင်တော့ဘဲ သူတို့ကို လှည့်ကြည့်ကာ "ဘာလို့ ငါက ဗိုက်နာနေတာလဲ?"
"နင် တစ်နေ့လုံး ရှာလကာရည်တွေ အများကြီး သောက်နေတာလေ၊ ဗိုက်နာတာနေတာ အံ့သြစရာ မဟုတ်တော့ဘူး!"
ကျွော့ချင်းက အေးအေးဆေးဆေး ထွက်သွားပြီး သူမ၏ ရယ်မောသံများ ပျောက်ကွယ်သွားချိန်တွင် လို့ရှီးဝူတစ်ယောက်ထဲသာ ရှက်ရွံ့နေသော မျက်နှာဖြင့် ကျန်ရစ်နေခဲ့သည်။ သူမက သူမအင်္ကျီမှ ချည်သားအစကို ဆွဲလိမ်နေရုံသာ တက်နိုင်တော့သည်။
အခန်း ၅၇ အကြံဉာဏ်တောင်းခြင်း
သူမကို ရှန်ယုလန် လာရှာရသည့် အကြောင်းရင်းက အလောင်းခွဲစိတ်မှုနှင့် ဆက်စပ်နေပုံရသည်ဟု ကျွော့ချင်းက သူမစိတ်ထဲမှ မှန်းဆနေခဲ့သည်။
အဲဒီနေ့က တွေ့ခဲ့ရတဲ့ သူ့ရဲ့စိတ်အားထက်သန်မှုနဲ့ဆိုရင် အလောင်းတွေကို ခွဲစိပ်ဖို့ ဇွဲရှိရှိနဲ့ သူမဆီ သေချာပေါက် ရောက်လာမယ်ဆိုတာ သူမ သိပေမယ့် ဒီလောက်မြန်မြန်ရောက်လာမယ်လို့တော့ သူမ မမျှော်လင့်ထားခဲ့ပါဘူး။
ကျွော့ချင်းက အိမ်ရှေ့ခန်းမဆီသို့ ဖြည်းညှင်းစွာ လျှောက်လာနေချိန်တွင် မနီးမဝေးတွင် အပြာနုရောင်ပုံရိပ်တစ်ခုက ပြေပြစ်စွာ လျှောက်လှမ်းနေခဲ့သည်။ ပန်းရိပ်ကျောက်တုံးများက ဧည့်သည်များ၏ မျက်နှာကို ရံဖန်ရံခါ ပိတ်ဆို့ထားနိုင်သော်လည်း ကျွော့ချင်းက အရပ်ရှည်သောလူ၏ အသွင်အပြင်နှင့် စိတ်နေစိတ်ထားကို ကြည့်ကာ ထိုလူက မည်သူဖြစ်ကြောင်း ရိပ်မိနေပြီ ဖြစ်သည်။ သူမက အသံတိုးတိုးဖြင့် လှမ်းခေါ်လိုက်သည်။
"လို့ရှီးယန်"
ခဏအကြာတွင် လို့ရှီးယန်က သူ့၏ပေါ့ပါးသော အပြုံးကို မြှင့်တင်ကာ သူမဆီသို့ လျှောက်လာခဲ့သည်။
"ရှင် ဘာလို့ အိမ်မှာရှိနေတာလဲ?"
ဒီရက်တွေမှာ သူက စောစောထွက်သွားပြီး နောက်ကျမှ ပြန်လာနေကျ မဟုတ်ဘူးလား??
လို့ရှီးယန်က ထိုမေးခွန်းကို ဖြေရန် ရည်ရွယ်ပုံမရဘဲ ပေါ့ပေါ့တန်တန် ချောင်းဟန့်လိုက်ပြီး "လင်အာ၊ တစ်ချိန်လုံး ကိုယ့်ကို နာမည်တပ်ခေါ်နေတာ မသင့်တော်ဘူးလို့ မထင်ဘူးလား?"
ဘာမှားနေလို့လဲ? သူမကတော့ သာမာန်ပဲလို့ ထင်တာပဲ။
သို့သော် သူ့၏လေးနက်ဟန်ဆောင်ထားသည့် အသွင်အပြင်နှင့် သူ့၏"လင်အာ"ဆိုသည့် အသံကို ကြားလိုက်ရချိန်တွင် ကျွော့ချင်းက အပြန်ပြန် အလှန်လှန် ဆက်ဆံလိုက်သည်က ပိုကောင်းမည်ဟု ဆုံးဖြတ်လိုက်တော့သည်။
ကျွော့ချင်းက ခဏလောက် စဉ်းစားဟန်ဆောင်နေပြီးမှ "ဒါဆို ကျွန်မ ရှင့်ကို ဝန်ကြီးချုပ်လို့ လို့ ခေါ်ရမလား?"
"ယဉ်ကျေးလွန်းတယ်"
"လို့သခင်လေး?"
"တစိမ်းဆန်လွန်းတယ်"
"ရှီးရှီး?"
ငါက အဲ့နာမည်ကို တကယ် ကြိုက်တာပါနော်...
"..."
လို့ရှီးယန်က သူ့၏ပြေပြစ်သောအပြုံးကို ဆက်လက် ထိန်းသိမ်းထားဆဲဖြစ်သော်လည်း သူ့၏ပါးစပ်ထောင့်များက သိသိသာသာ လှုပ်ယမ်းသွားခဲ့သည်။
"ယန်အာ?"
သူက "အာ" ဆိုတဲ့ အဲ့စကားလုံးနဲ့ အခြားသူတွေကို ထည့်ခေါ်ရတာကို ကြိုက်တယ် မဟုတ်ဘူးလား?
"..."
လို့ရှီးယန်က တိတ်တဆိတ် သက်ပြင်းချလိုက်သည်။
ဒီအလိုက်မသိပဲ တွန့်တိုတတ်တဲ့ ဒီမိန်းခလေးကတော့....
သူက သူမကလွဲလို့ တခြားသူတွေခေါ်တာကို ကြိုက်မယ်လို့ထင်နေတာလား??? အဆုံးသတ်က သူ သူမဆီကနေ လျစ်လျူရှုခံလိုက်ရပြီလား?!
ကျွော့ချင်းက လို့ရှီးယန်ခေါင်းပေါ်ရှိ အနက်ရောင် မျဉ်းကြောင်းများကို မြင်လိုက်ရသောကြောင့် မရယ်ဘဲ မနေနိုင်တော့ဘဲ ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။ လို့ရှီးယန်ကတော့ စိတ်အနှောက်အယှက်တောင် မဖြစ်နိုင်တော့ဘဲ သူ့ခေါင်းကို အနည်းငယ် ခါယမ်းကာ သူမ သူ့အမည်ကို ဟာသလုပ်နေခြင်းအား ကူကယ်ရာမဲ့ ခွင့်ပြုပေးလိုက်ရသည်။
ဒီလို ပေါ့ပါးတဲ့ ကြည်နူးမှုမျိုးက နွေရာသီရဲ့ အစောပိုင်းလေနုအေးတွေနဲ့တူပြီး သူ့နှလုံးသားရေကန်ကို လှိုင်းဂယက်တွေ ဖန်တီးပေးနေတာပါပဲ။
ကျွော့ချင်းက သူမနှုတ်ခမ်းပေါ်မှ အပြုံးကို ဖိနှိပ်ထားရင်း သဘောထားကြီးစွာ ထပ်မေးလိုက်သည်။
"ရှီးယန်... ရှင် အပြင်သွားမလို့လား?"
တကယ်တော့ သူ သူမကို ဘယ်လို ခေါ်စေချင်လဲဆိုတာကို သူမ သိတာတော့ အမှန်ပါပဲ၊ အဲ့လို ခေါ်ဖို့က မခက်ပါဘူး၊ သူကလည်း ငြင်းမှာ မဟုတ်ပါဘူး။ အခုပဲ သူ အဲဒါကို တော်တော်ကျေနပ်သွားတာ အသိသာကြီးလေ။
လို့ရှီးယန်က သူ့နာမည်ကို ကျွော့ချင်းက ထိုသို့ခေါ်မည်ဟု အစကတည်းက
မှန်းဆနိုင်ခဲ့သော်လည်း "ရှီးယန်" ဆိုသည့် သူမ၏ကြည်လင်ပြတ်သားသောအသံကို သူ တကယ်ကြားလိုက်ရချိန်တွင် သူ့ရင်ထဲ၌ ဖော်မပြနိုင်သည့် ပျော်ရွှင်မှု ပြည့်နှက်သွားသလို ခံစားလိုက်ရသည်။
သူ သူ့နှလုံးသားကို မထိန်းနိုင်တော့မယ်ပုံပဲ။
"ကိုယ် မနက်က နန်းတွင်းကို သွားပြီးပြီ၊ အခု တစ်ခုခု ယူဖို့ အိမ်ပြန်လာခဲ့တာ၊ ပြီးရင် အပြင် ပြန်ထွက်ရမယ်"
ထိုစကားကို ပြောပြီးနောက် လို့ရှီးယန်က ရုတ်တရက် သူ့လက်ကို ဆန့်ထုတ်လိုက်ပြီး သူ့လက်ချောင်းထိပ်လေးများက သူမ၏လည်ပင်းကို အမှတ်မထင် လာထိခဲ့သည်။ သူက သေသေချာချာ မထိလိုက်သော်လည်း သူမ၏လည်ပင်းတွင် အနည်းငယ် အေးစက်သည့် ထုံကျင်မှုတစ်ခုကို ခံစားလိုက်ရပြီး ကျွော့ချင်းက အကြောင်းပြချက်မရှိ တောင့်တင်းသွားကာ ရှေ့သို့ အနည်းငယ် မတ်သွားခဲ့သည်။ ကျွော့ချင်းက ယခုအချိန်တွင် သူမ၏ ခန္ဓာကိုယ်ရှိ ဆဲလ်တိုင်းက အလွန်အမင်း ထိလွယ်ရှလွယ်ဖြစ်နေသည်ကို ခံစားမိလိုက်သည်။ သူမ၏ ဆံပင်များက အနည်းငယ် လှုပ်သွားပြီး ထိုနူးညံ့သိမ်မွေ့သော မျက်လုံးများက သူမကို စိုက်ကြည့်နေလေသည်။ ကျွော့ချင်းက သူက သူမလည်ပင်းနောက်ဘက်မှ သူမ၏အဝတ်အစားများကို သပ်ရပ်အောင် ပြန်လုပ်ပေးနေမှန်း သိသော်လည်း ထိုချောမောလှပသောမျက်နှာနှင့် နီးကပ်သွားပြီး သူ့ခန္ဓာကိုယ်ပေါ်ရှိ နံ့သာဖြူရနံ့သင်းသင်းကို ရလိုက်ခြင်းက သူမ၏နှလုံးသားကို ထိန်းမနိုင်သိမ်းမရ ဖြစ်သွားစေခဲ့သည်။
ခဏအကြာတွင် သူက သူမဆံပင်ထဲမှ ကြွေကျနေသော သစ်ရွက်တစ်ရွက်ကို ယူထုတ်လာခဲ့သည်။ ကျွော့ချင်းတစ်ယောက် ငိုချင်လာသော်လည်း ကျစရာမျက်ရည်ကတာ့ မရှိပြန်ပေ။
အရင်က တစ်စုံတစ်ယောက်က အဲ့လိုအဖြစ်အပျက်တစ်ခုကြောင့် သူတို့ရဲ့ နှလုံးခုန်နှုန်းတွေ မြန်လာတယ်လို့ ပြောလာခဲ့ရင် သူမက အဲဒီလူကို အရူးလို့ ခေါ်မိမှာ သေချာတယ်။
အခုတော့... အခု ငါ ဘာတွေ ဖြစ်နေတာတုန်းဟ??!
မိုးနတ်မင်းကြီးရေ၊ ငါက အသက်သုံးဆယ်နီးပါးရှိနေပြီဟ~~~~
သူ့အကြည့်တွေအောက်မှာ ငါ့ရဲ့မျက်နှာက သိသိသာသာ ပူလောင်လာခဲ့တာလား?
ငါက လွန်ခဲ့တဲ့ ရှစ်နှစ် ဒါမှမဟုတ် ဆယ်နှစ်လောက်ကတည်းက ရန်ခုန်ဖို့ မေ့သွားတာကို မိုးနတ်မင်းကြီးက အသိဆုံးပါနော်!
ခုတော့ ရင်ခုန်လွန်းလို့သေရမယ်ဆို ငါ သေလို့ ရနေပြီ... ဟုတ်ပြီလား???
ငါ့ကို သေခွင့်သာ ပေးလိုက်ပါတော့....
ကျွော့ချင်း သူမကိုယ်သူမ ကြိမ်းမောင်းနေချိန်တွင် လို့ရှီးယန်၏ မျက်လုံးများထဲတွင် စိတ်ဝင်စားဖွယ်ကောင်းသော အပြုံးတစ်ခု တောက်ပလာသည်။
သူမက ဘယ်လို အမူအရာမျိုးတွေ လုပ်နေတာလဲ??? သူမ မရှက်နေဘူးဆိုရင်တောင် အခုလို အရမ်းနာကျင်နေစရာ မလိုဘူးလေ ဟုတ်တယ်မလား???
ကျွော့ချင်းက ရှက်ရွံ့ခြင်းနှင့်အတူ အားတင်းကာ ပြုံးလိုက်ပြီး "ဒါဆို ကျွန်မ ရှင့်ကို မနှောင့်နှေးစေတော့ဘူး။ ရှန်ယုလန်က ကျွန်မဆီကနေ ဘာလိုချင်နေမှန်း မသိသေးဘူး၊ အဲ့ဒါကြောင့် ကျွန်မ သွားကြည့်လိုက်ဦးမယ်"
တရားသူကြီးရှန်က သူမကို တွေ့ဖို့လာကြောင်း သူ သိနေသည်က သဘာဝကျသည့်ကိစ္စသာ ဖြစ်သည်။ သူ့ခွင့်ပြုချက် မရှိလျှင် ရှန်ယုလန်က သူမကို လာတွေ့နိုင်မည် မဟုတ်ပေ။
သို့သော်လည်း လို့ရှီးယန်က အံ့သြဟန်ဆောင်လိုက်ပြီး "တရားသူကြီးရှန်က ဒီမှာ ရှိနေတာလား? ဒါဆို မင်း သွားတော့လေ"
ကျွော့ချင်းက ခေါင်းညိတ်ပြပြီး အမြန်လှည့်ထွက်သွားခဲ့သည်။ လို့ရှီးယန်၏ အသံခပ်တိုးတိုးက ထပ်မံ ထွက်ပေါ်လာပြန်သည်။
"စကားမစပ်၊ ကိုယ် စာအုပ်ဆိုင်ကလူတွေကို ဆေးစာအုပ်တွေ ပို့ခိုင်းပြီး စာဖတ်ခန်းထဲမှာ ထည့်ခိုင်းထားတယ်။ မင်း စိတ်ဝင်စားရင် သွားကြည့်လို့ရတယ်"
သူ သူမအတွက် ဝယ်ပေးခဲ့တာလား???
လို့ရှီးယန်ရဲ့နူးညံ့သိမ်မွေ့မှုက အမြဲတမ်း ပြီးပြည့်စုံလွန်းတယ်။
"ကျေးဇူးတင်ပါတယ်"
ကျွော့ချင်းက သူ့ကို ကမန်းကတန်း ကျေးဇူးတင်လိုက်ပြီး သူမ၏ခြေထောက်များကို ပိုအရှိန်တင်လိုက်သည်။
ထွက်ပြေးသွားသည်ဟု ယူဆနိုင်သည့်လူကို ကြည့်နေရင်း လို့ရှီးယန်၏ နှုတ်ခမ်းများက အနည်းငယ် ကြွတက်လာခဲ့သည်။
လင်အာ မင်းက ဘယ်ကို ပြေးနိုင်မယ်လို့ ထင်နေတာလဲ???!
ဤထိပ်တိုက်ရင်ဆိုင်မှုတွင် ကျွော့ချင်းက လုံးဝရှုံးနိမ့်ခဲ့သည်။
ကျွော့ချင်းက လို့ရှီးယန်၏မြင်ကွင်းမှ ဝေးရာကို ပြေးထွက်လာခဲ့ပြီး နောက်ဆုံးတွင် သူမ၏ခြေလှမ်းများက နှေးကွေးသွားကာ သူမ ဘာကြောင့် ပြေးလာမိသလဲဟု ပြန်တွေးလိုက်မိသည်။
အရမ်း ရှက်စရာကောင်းတယ် . . . . .
ကျွော့ချင်းက အနည်းငယ် စိတ်ဓာတ်ကျနေသော သူမ၏စိတ်ကြောင့် သတိမမူမိဘဲ အိမ်ရှေ့ခန်းသို့ ရောက်လာခဲ့သည်။ ရှန်ယုလန်က သူ့လက်ထဲမှ လက်ဖက်ရည်အေးကို အမြန်ပြန်ချကာ မတ်တပ်ထရပ်လိုက်ပြီး "ဒီကို လာလည်မိတဲ့အတွက် တောင်းပန်ပါတယ်၊ သခင်မ"
သခင်မ?
ကျွော့ချင်း စိတ်ဓာတ်ထပ်ကျသွားပြန်တော့သည်။ သူမက သူ့ကို ကြည့်ပြီး တိုက်ရိုက်သာ မေးလိုက်တော့သည်။
"ရှင်... ကျွန်မဆီကနေ ဘာလိုချင်တာလဲ?"
ကျွော့ချင်းက ချက်ခြင်း မေးလိုက်သောကြောင့် ရှန်ယုလန်ကလည်း အများကြီး သွယ်ဝိုက်မနေတော့ပဲ "ဒီအရာရှိက လို့သခင်မဆီကနေ အကြံဥာဏ်တောင်းချင်ပါတယ်"
"ပြော"
“သေဆုံးသူကို သေစေခဲ့တဲ့ ပြင်းထန်တဲ့ ဒဏ်ရာက လူသတ်လက်နက်က ရင်ဘတ်ကို ထိုးဖောက်ဝင်ရောက်ပြီး နှလုံးကို ဖောက်ဝင်ခဲ့တာကြောင့် သေဆုံးတဲ့အထိ ဖြစ်ခဲ့တာပါ၊ ကျွန်တော် မေးချင်တာက၊ သာမန်လူရဲ့ နှလုံးက အဲ့လူသေဆုံးပြီးတဲ့ နောက်မှာ ဘယ်လောက်ထိ ပြန်ကျုံသွားနိုင်လဲ၊ သေပြီးရင် ဘယ်လောက်ကြာမှ ပြန်ကျုံသွားတာလဲ ဆိုတာပါ။ ပြီးတော့ လူသတ်လက်နက်တွေကို နှိုင်းယှဉ်ကြည့်တဲ့အခါ ဘယ်လိုအချက်တွေကို ထည့်သွင်းစဉ်းစားသင့်လဲ?”
သူမ မျှော်လင့်ထားသည့်အတိုင်း အလောင်းခွဲစိတ်မှုနှင့် ပတ်သတ်နေသောကြောင့် လို့ရှီးယန်ကြောင့် ဖရိုဖရဲဖြစ်သွားသော ကျွော့ချင်း၏နှလုံးသားက တဖြည်းဖြည်း ပြန်ငြိမ်သက်သွားခဲ့သည်။ ဆန့်ကျင်ဘက်အားဖြင့် သူမက သူမကိုယ်တိုင် ထိန်းချုပ်နိုင်သည့် ဤအခြေအနေမျိုးကို နှစ်သက်သည်။
ကျွော့ချင်းက "ပုံမှန်အားဖြင့်တော့ သာမာန်လူရဲ့ နှလုံးက အဲ့လူသေသွားပြီးရင် ကျုံ့သွားပေမယ့် သိသိသာသာတော့ မဟုတ်ဘူး။ ဒါပေမယ့် ထိုးဖောက်ဒဏ်ရာတွေကြောင့်တော့ နှလုံးရဲ့ကြွက်သားအလွှာ ကျုံ့သွားတက်တယ်၊ အဲ့လိုဖြစ်သွားရင် ဒဏ်ရာက လူသတ်လက်နက်ရဲ့ အသွားရာထက် ပိုသေးသွားလိမ့်တယ်။ လူသတ်လက်နက်နဲ့ နှိုင်းယှဉ်ကြည့်ချင်တယ်ဆိုရင်တော့ ဆယ့်နှစ်ရှီးချန်(၂၄နာရီ)အတွင်းမှာဆိုရင် အကောင်းဆုံးဖြစ်နိုင်တယ်၊ ဘာကြောင့်လဲဆိုတော့ သေပြီးရင် အင်္ဂါအစိတ်အပိုင်းတွေက ပုပ်ပွလာပြီး ရှင့်ရဲ့စီရင်ဆုံးဖြတ်မှုကို ထိခိုက်စေလိမ့်မယ်"
ရှန်ယုလန်က ခေါင်းတညိတ်ညိတ်ဖြင့် ပြတ်ပြတ်သားသား ပြန်ဖြေလာခဲ့သည်။ "သေဆုံးသူက တခြားနေရာတွေမှာ ဓားဒဏ်ရာတွေ ရရှိခဲ့တာကို ကျွန်တော် နားလည်ပါတယ်၊ ဒါပေမယ့် စစ်ဆေးပြီးနောက်မှာတော့ သေဆုံးသူရဲ့ ရင်ဘတ်မှာ ရှိနေတဲ့ ဒဏ်ရာက တခြားနေရာတွေမှာ ရှိနေတဲ့ ဒဏ်ရာတွေနဲ့ အနည်းငယ် ကွာခြားနေတာကို တွေ့ခဲ့ရတယ်၊ လူသတ်မှုလက်နက်ကို အတည်ပြုနိုင်ဖို့ နှလုံးကြွက်သားနဲ့ ရင်ဘတ်ကြွက်သားတွေကို နှိုင်းယှဉ်ကြည့်ရမယ်"
"အင်း" ကျွော့ချင်းက "မှန်တယ်၊ နောက်ထပ်နှိုင်းယှဥ်ဖို့ နည်းလမ်းတစ်ခုက အဝတ်ပေါ်က ဒဏ်ရာတွေကို နှိုင်းယှဉ်ကြည့်နိုင်ရင် အကောင်းဆုံးပဲ။ အဝတ်အစားက လုံးဝ ကျုံ့မသွားဘူး"
ရှန်ယုလန်က နှလုံးကြွက်သားကျုံသွားခြင်းနှင့်ပတ်သက်ပြီး သူ နားမလည်သောကြောင့် သူမကို နှိမ့်ချစွာ မေးလိုက်သည်။ "ကျွန်တော် မင်းကို နှုတ်နဲ့ပြောပြရင် မင်း ကောက်ချက်ချပေးလို့ရမလား?"
ကျွော့ချင်းက ခေါင်းကို ပြတ်ပြတ်သားသား ခါလိုက်ပြီး "ရှင့်ပါးစပ်က အစီရင်ခံတဲ့ အခြေအနေပေါ်မှာပဲ မူတည်ပြီး ကျွန်မအမြင်ကို ကျွန်မ ပေးနိုင်လိမ့်တယ်။ အတိကျဆုံး ကောက်ချက်ချနိုင်ဖို့ကတော့ အလောင်းကို မြင်ရမှပဲ ဖြစ်နိုင်လိမ့်မယ်"
သို့သော် သူမက ယခုအိမ်မှ ထွက်ခွာ၍ မရသောကြောင့် လူကိုယ်တိုင် ခွဲစိတ်စစ်ဆေးရန် မဖြစ်နိုင်တော့ပေ။ ထိုအကြောင်းကို စဉ်းစားပြီးနောက် ကျွော့ချင်းက "ရှင့်မှာ လူသတ်လက်နက်ပုံရှိလား"
ရှန်ယုလန် သေသေချာချာ နှိုင်းယှဥ်ကြည့်နေပုံအရတော့ လူသတ်လက်နက်က အထူးအဆန်းဖြစ်နေနိုင်တယ်။
ရှန်ယုလန်က သူ့အင်္ကျီလက်ဝကျယ်ထဲမှ လက်ကိုင်ပုဝါဖြင့် ထုပ်ထားသော တစ်စုံတစ်ခုကို ထုတ်ယူလိုက်ပြီး ကျွော့ချင်းကို လှမ်းပေးလိုက်သည်။
သူက သူမကို တကယ်ယုံကြည်ပြီး လူသတ်မှုလက်နက်ကိုတောင် အမှန်တကယ် ယူဆောင်လာခဲ့တယ်ပေါ့လေ။
ကျွော့ချင်း လက်ကိုင်ပဝါကို ဖွင့်ကြည့်လိုက်ရာ အထဲတွင် ငွေရောင်တောက်နေသော ဓားပျံတစ်လက်ရှိနေပြီး ဓားက ပါးလွှာပြီး ပေါ့ပါးပုံရကာ အသွားနှစ်ဖက်က ထက်မြနေပြီး သစ်ရွက်နှင့် ဆင်တူနေသည်။
ဒီဓားပျံက . . . သူမနဲ့ အရမ်းရင်းနှီးနေပုံရတယ် . . . .
ကျွော့ချင်း၏ မျက်နှာက အနည်းငယ် ပြောင်းလဲသွားပြီး သူမက "ဒီလက်နက်က သံသယရှိသူရဲ့ ပစ္စည်းလား?"
ရှန်ယုလန်ကလည်း သူမ၏အမူအရာနှင့် အသုံးအနှုန်းက မှားယွင်းနေကြောင်းကို မြင်လိုက်သော်လည်း သူက "ဟုတ်တယ်" ဟု ပြန်ဖြေလိုက်သေးသည်။
"အဲဒီလူရဲ့ နာမည်က ချမ်ကျင်းလား?"
ဓားပျံက ထူးခြားပေမယ့် ကမ္ဘာကြီးက သူမအတွက် မလိုအပ်လောက်အောင် ကျဥ်းလွန်းလှတယ်။
ကျွော့ချင်းက ထိုလူအတွက် ကံကောင်းစေရန် ဆုတောင်းပေးချင်သော်လည်း အခွင့်အရေးက နည်းပါးလွန်းသည်ကို သူမ သိနေခဲ့သည်။
"ဟုတ်တယ်"
ရှန်ယုလန်၏ ပြတ်သားသောအဖြေက ကျွော့ချင်းကို အေးစက်သွားစေခဲ့သည်။
တကယ်ကို သူ ဖြစ်နေခဲ့တာပါပဲ . . . . . . .