အခန်း (၆၂-၆၃)
Vol. 6 Ch. 62-63
အခန်း ၆၂ ချမ်ကျင်း၏အတိတ်
ညသန်းခေါင်ကျော်ခါနီးဖြစ်နေသောကြောင့် လမင်းက သစ်ပင်ထိပ်များပေါ်မှ ဖြတ်ကျော်နေကာ တိတ်ဆိတ်သော လမ်းကြားတွင် မည်သူမျှ လျှောက်သွားနေခြင်း မရှိပေ။ လမ်းကြားနှစ်ဖက်ရှိ ဆိုင်များက အစောကြီးကတည်းက ပိတ်ထားပြီး ဖယောင်းတိုင်မီးထွန်းထားသည့် ခေါက်ဆွဲဆိုင်လေးတစ်ဆိုင်သာ ရှိနေလေသည်။
"သူဌေး၊ နောက်ထပ် တစ်ပန်းကန် ရနိုင်မလား???"
သေးငယ်သော မိန်းခလေးက သူမလက်ထဲတွင် ခေါက်ဆွဲပန်းကန်လုံးကြီးတစ်လုံးကို ကိုင်ဆောင်ထားပြီး ပလုပ်ပလောင်း အော်ပြောလိုက်သည်။
စားပွဲပေါ်တွင် ရွှေရောင်မီးခိုးလုံးကြီး တဖျပ်ဖျပ်တောက်နေသလို ဖြစ်နေကာ တစ်နှစ်အတွင်း ဤမျှလောက် ဝင်ငွေရှာရန် မဖြစ်နိုင်ခဲ့ပေ။ အသက်ခြောက်ဆယ်ကျော် ဆိုင်ရှင်က ထပ်ခါတလဲလဲ ခေါင်းညိတ်ပြလိုက်ပြီး သူ့လက်အောက်ငယ်သားများကို အလုပ်မရှုပ်စေဘဲ သူကိုယ်တိုင် ခေါက်ဆွဲချက်ရန် တာဝန်ယူလိုက်သည်။
ကုယွင်ကတော့ ပန်းကန်အလွတ်ကို ချလိုက်ပြီး သူဌေးထံမှ ခေါက်ဆွဲပန်းကန်လုံးကို ထပ်ယူကာ သူမ၏အသွင်အပြင်ကို ဂရုမစိုက်ဘဲ ဟက်ဟက်ပက်ပက် စားသောက်နေလေသည်။
စုယွိက သူ့မရှေ့က ပန်းကန်လုံးကြီးသုံးလုံးကို ကြည့်လိုက်ပြီး လှောင်ပြောင်လိုက်သည်။
"မင်းက ဝက်လား??"
မိန်းခလေးတစ်ယောက်က ဒီလောက် ရုပ်ဆိုးနေအောင် စားသောက်နေတာကို သူ တစ်ခါမှ မမြင်ဖူးခဲ့ဘူး။
ဝါးလုံးကဲ့သို့ ပိန်လှီနေသော သူမ၏သွင်ပြင်ကို ကြည့်လိုက်ရင်း စုယွိ စိတ်ရှုပ်နေခဲ့သည်။
မင်း စားလိုက်တဲ့ အစားအသောက်တွေက ဘယ်ရောက်သွားတာလဲ??! မင်း ဘာလို့ ဝမလာတာလဲ???!
ကုယွင်က သူမခေါင်းကို အနည်းငယ်မော့ပြီး ဘေးကို တစ်ချက်ငဲ့ကြည့်လိုက်ကာ "နင်က ကြက်လား?!"
ဒီလို အရွယ်ရောက်ပြီးသား လူငယ်တစ်ယောက်က ဘာလို့ အဲ့လောက်လေးပဲ စားရတာတုန်း???
ထိုစကားက ဒေါသထွက်နေပြီဖြစ်သော စုယွိကို မီးမွှေးရန် လုံလောက်နေခဲ့သည်။ သူက စားပွဲကို ပုတ်လိုက်ပြီး ကျယ်လောင်သောအသံဖြင့် "သူဌေး၊ နောက်ထပ်ဆယ်ပန်းကန် ထပ်ယူလာခဲ့"
သူ မစားနိုင်တာကို ရယ်ရဲတယ်ပေါ့လေ!
သူဌေးက လန့်သွားပြီး လျစ်လျူမရှုဝံ့ဘဲ မြန်မြန်ထွက်သွားကာ ခေါက်ဆွဲချက်နေရင်း တိတ်တိတ်လေး သက်ပြင်းချနေမိသည်။
ငယ်ရွယ်ရတာ ကောင်းလိုက်တာ... အချိန်က အရမ်းနောက်ကျနေတာတောင် သူတို့က ခုလို အများကြီး စားနိုင်ကြသေးတယ်။
ကျွော့ချင်းက စိတ်မရှည်စွာဖြင့် သူမ၏မေးစေ့ကို ပျင်းတိပျင်းတွဲ ပြန်ကိုင်လိုက်ပြီး "နင်တို့ နှစ်ယောက် ဖြည်းဖြည်းစားကြနော်၊ ငါ ပြန်သွားပြီး အလှပြင်ပြီး အိပ်တော့မယ်"
စားပွဲပေါ်ရှိ ပန်းကန်အလွတ်များကို ကြည့်လိုက်ပြီး ကျွော့ချင်း၏ နှလုံးသားထဲတွင် ခံစားချက်တစ်ခုသာ ရှိနေသည်။
အစားကျူးတဲ့ နှစ်ကောင် !!!!
ကုယွင်က ခေါင်းပင် မထောင်လာဘဲ ပြန်ပြောလိုက်သည်။
"နင် သွားချင်ရင်သွားလို့ရတယ်၊ ဒါပေမယ့် ရှီးယန်ကတော့ သွားလို့မရဘူး"
ရှီးယန်... ရှီးယန်.... ခေါ်ရတာ တော်တော်ကြိုက်နေတယ်ပေါ့...
ကျွော့ချင်းက ဘာကြောင့်လဲဟု မေးရန်ပင် အလျင်စလို မလုပ်ခဲ့ပေ။ လို့ရှီးယန်ကလည်း သူမဘေးနားတွင် အေးအေးဆေးဆေး ထိုင်နေခဲ့ပြီး တချို့လူများကတော့ မနေနိုင်ဘဲ ထုတ်မေးလာခဲ့သည်။
စုယွိက "ဘာဖြစ်လို့လဲ?"
"ငါ စားပြီးရင် ချမ်ကျင်းကို သွားထပ်တွေ့မယ်"
ကုယွင်က နောက်ဆုံး ဟင်းရည်ကို တစ်လုတ်တည်းကို မော့သောက်ချလိုက်ပြီး သူမဗိုက်ကို ကျေနပ်စွာ ပွတ်လိုက်သည်။
နောက်ဆုံးတော့ ဒီဗိုက်က ပြည့်သွားပြီ။ နှစ်ရက်လောက် ဘာမှ မစားဘဲ နေခဲ့ရတာ သူ မဟုတ်သလိုပဲ!
သူမ ပြောသည်ကို ကြားပြီးနောက် စုယွိ၏မျက်ခုံးနှစ်ဖက်က တွန့်ချိုးသွားပြီး "အခုန ငါတို့ သူ့ကို တွေ့ပြီးပြီ မဟုတ်လား?! နင်က ချမ်ကျင်းကို ထပ်သွားတွေ့ပြီး ဘာလုပ်မှာလဲ"
ကုယွင်က စုယွိကို ဂရုမစိုက်သော်လည်း လို့ရှီးယန်က သူမ ပြောချင်သည့်အရာကို နားလည်လိုက်ပြီး ခပ်တိုးတိုး ခေါ်လိုက်သည်။
"မော့ပိုင်"
ဆိုင်အပြင်ဘက်တွင် မော့ပိုင်၏ အရပ်ရှည်သော ပုံရိပ် ချက်ချင်း ပေါ်လာပြီး ကုယွင်ကို အံ့သြသွားစေခဲ့သည်။
သူရဲ့လှုပ်ရှားမှုက အရမ်းမြန်တာပဲ... သူ့အသက်ရှုသံကိုတောင် မခံစားလိုက်ရဘူး!
လို့ရှီးယန်က စကားအနည်းငယ် တိုးတိုးပြောလိုက်ပြီး မော့ပိုင်က ပေါ့ပေါ့ပါးပါး ခေါင်းညိတ်ကာ နောက်ပြန်ဆုတ်သွားသည်။
စုယွိက အကြာကြီးစဉ်းစားနေပြီး နောက်ဆုံးတွင် ကုယွင်က လို့ရှီးယန်အား သူမကို အကျဥ်းထောင်ထဲသို့ ခေါ်သွားပေးစေချင်နေကြောင်း သူ သဘောပေါက်သွားခဲ့သည်။ သူက မကျေမနပ်ဖြင့် "ငါလည်း မင်းကို ခေါ်သွားပေးနိုင်တယ်၊ အဲဒါက တရားရေးဝန်ကြီးဌာနရဲ့ အကျဥ်းထောင်တစ်ခုသာသာပဲ မဟုတ်ဘူးလား?"
"နင်က ငါ့ကို ဘယ်လိုခေါ်သွားချင်လဲ ခုနကလို ရန်သွားဖြစ်မှာလား?? ဒါမှမဟုတ် အစောင့်ကို သတိလစ်အောင်ရိုက်ပြီး ဖောက်ဝင်မှာလား??? ဒီလိုဝင်ချင်မှတော့ ငါက နင့်ကို လိုအပ်နေအုံးမှာလား?"
သူမက အကျဥ်းထောင်ထဲကို အေးအေးဆေးဆေး ဝင်ချင်တာလေ... ထားလိုက်ပါတော့.. ဒီအရူးကို စကားပြောရတာက ကိုယ့်ကိုကိုယ် မောပန်းအောင် လုပ်နေတာပဲ။
စုယွိကတော့ နှုတ်ခမ်းစူရင်း တွေးတောနေလေသည်။
ဘယ်လိုပဲဝင်ဝင် အထဲကို ရောက်နိုင်သရွေ့ ရလဒ်က အတူတူပဲ မဟုတ်ဘူးလား?
"သူ အခုန အမှန်အတိုင်း မပြောဘူး။ အခု အမှန်အတိုင်းပြောမှာ သေချာလား?"
လို့ရှီးယန်က ထိုအချက်ကို ပိုစိတ်ဝင်စားနေခဲ့သည်။
ဒီည ဒီမိန်းကလေးက သူ့ကို အံ့သြစရာကောင်းလောက်တဲ့ အတွေ့အကြုံတွေ အများကြီးပေးခဲ့တယ်။ ပြီးတော့ မိန်းကလေးတစ်ယောက်က ခေါက်ဆွဲပန်းကန်တွေ ဒီလောက်အများကြီး စားနိုင်တာကို သူ ပထမဆုံးအကြိမ် တွေ့ဖူးတာပဲ။
စားပွဲပေါ်တွင်တော့ ခုနက စုယွိ၏လက်ဖဝါးချက်ကြောင့် ဟင်းရည်များ နေရာအနှံ ပျံကျဲနေပြီး ရှုပ်ပွနေသည်။ လို့ရှီးယန်က သူ ကြုံတွေ့ရသည့်အရာအားလုံကို အေးအေးဆေးဆေး ရင်ဆိုင်တတ်ကာ မည်သည့်အချိန်တွင်မဆို အခြေအနေအရပ်ရပ်ကို ကျက်သရေရှိရှိ ကိုင်တွယ်ဖြေရှင်းနိုင်သောသူဖြစ်သည်။ ကုယွင်က သူ့ကို တိတ်တဆိတ် လက်မပေးနေခဲ့သည်။
ဒီတခါတော့ ချင်းက ရတနာလေးကို ကောက်ခဲ့မိတာဟ!!!!
ကုယွင်က ဘေးနားမှာ စောင့်ဆိုင်းနေသော ကျွော့ချင်းကို စိုက်ကြည့်ရင်း စိတ်မရှည်စွာ လှမ်းပြောလိုက်သည်။
"သူက ငါ့ကို မပြောဘူး၊ ဒါပေမယ့် နင်ကိုတော့ ပြောလိုက်မယ်"
ကျွော့ချင်းက သူမကို စိုက်ကြည့်ကာ "ဘာလို့ အဲ့လိုထင်တာလဲ?"
အဲ့တာက ခံစားချက်နဲ့ သက်ဆိုင်တယ်။ ဒါပေမယ့် သူမ အဲ့တာကို ကြီးကြီးကျယ်ကျယ် ထုတ်မပြောမိလောက်အောင်တော့ ထက်မြက်နေပါသေးတယ်၊ မဟုတ်ရင် သူမကို ကျွော့ချင်းက လှောင်တော့မှာလေ။
နောက်ဆုံးတော့ ကုယွင်က သူမ၏ဝမ်းဗိုက်ကို ကျေကျေနပ်နပ် ပွတ်လိုက်ပြီး မတ်တပ်ထရပ်ကာ "ဗိုက်ပြည့်ပြီ၊ သွားကြရအောင်"
ထိုအချိန်တွင် ဆိုင်ရှင်က ခေါက်ဆွဲဆယ်ပန်းကန်နှင့် ရောက်လာသည်။ ကုယွင်က စုယွိကို စိုက်ကြည့်ကာ ရယ်မောလိုက်ပြီး "ဖြည်းဖြည်းစားနော် ကြက်ကလေး"
ထိုသို့ ပြောပြီးနောက် သူမက ဆိုင်ထဲမှ စမတ်ကျကျဖြင့် ထွက်သွားတော့သည်။ ကျွော့ချင်းက ထိုနေရာတွင် ရှိနေသော စုယွိကို စာနာစွာ စိုက်ကြည့်ကာ ချိုသာသော အပြုံးဖြင့် ပြုံးပြပြီးမှ သူမနောက်သို့ လိုက်သွားခဲ့သည်။
ယွင်ရဲ့ ပါးစပ်ကတော့ အဆိပ်ပြင်းတုန်းပါပဲ။
လို့ရှီးယန်က ပေါ့ပေါ့ပါးပါး ချောင်းဟန့်လိုက်ပြီး သူ့၏အပြုံးကို ဖုံးကွယ်ကာ လက်သီးနှစ်ဖက်ကို ညင်သာစွာ လက်ခုပ်အုပ်ပြီး စုယွိကို နူတ်ဆက်ကာ ဆိုင်ထဲမှ ထွက်သွားလေသည်။
သူဌေးက မျက်နှာအမူအရာ ပိုဆိုးလာသော လူငယ်ကို စိုက်ကြည့်နေသည်။
"ချင်းမော့ မင်းက ဘယ်သူ့ကို ကြက်လို့ ခေါ်တာလဲ?!" အော်ဟစ်သံတစ်ခုကြားရပြီး လူကတော့ ဆိုင်အပြင်သို့ ထွက်သွားတော့သည်။ သူဌေးကတော့ သူ့လက်ထဲမှ ခေါက်ဆွဲပန်းကန်များကို စိတ်ပျက်လက်ပျက်နဲ့ စူးစိုက်ကြည့်နေသည်။
ငါ ဘယ်လို လုပ်ရမလဲ?
......။.....။.....
သူတို့ အကျဥ်းထောင်သို့ ထပ်ရောက်သွားသောအခါ မူလတံခါးစောင့်များကို အသစ်တစ်သုတ်ဖြင့် အစားထိုးလိုက်ကြောင်း တွေ့လိုက်ရသည်။ သူတို့က ရှေ့တည့်တည့်ကို စိုက်ကြည့်နေပြီး ဝင်လာသော လူလေးယောက်ကို လုံးဝ သတိမမူမိသလို ပြုမူနေသည်။
ကုယွင်က လမ်းတစ်လျှောက် စိတ်ဆိုးလာသည့် စုယွိကို တိုးတိုးလေး ပြောလိုက်သည်။
"တံခါးနားမှာ ခဏစောင့်နေ"
"ဘာလို့လဲ?" စုယွိက ဒေါသတကြီးဖြင့် ပြန်ပက်နေပြန်သည်။
"ဝင်တဲ့သူနည်းလေ ပိုကောင်းလေပဲ၊ ဒါမှမဟုတ် ဒီည စုံစမ်းဖို့ အားထုတ်ထားတဲ့ ကြိုးစားမှုတွေကို ထပ်ပြီး အလဟဿဖြစ်စေချင်တာလား?"
စုယွိက အလျော့မပေးချင်သော်လည်း ကုယွင်က ရှားရှားပါးပါး ကြင်ကြင်နာနာ ရှင်းပြနေသောကြောင့် သူ ဆက်ပြီး မပြောနိုင်တော့ပေ။
နှိုင်းယှဥ်ကြည့်လျှင် လို့ရှီးယန်က ပိုဉာဏ်ကောင်းပြီး ခပ်ဖျော့ဖျော့ ပြုံးနေကာ "ကိစ္စက ဒီလို ဆိုမှတော့ ငါလည်း အထဲကို မဝင်တော့ဘူး"
"သွားရအောင်" ကုယွင်က ကျေနပ်စွာ ခေါင်းညိတ်ပြပြီး ကျွော့ချင်းကို ဆွဲခေါ်ကာ နှစ်ယောက်သား အကျဥ်းထောင်ထဲသို့ လျှောက်သွားကြသည်။
ကုယွင်က သူမတို့ ပထမဆုံးအကြိမ် စဝင်တုန်းက ဆယ်မီတာတိုင်းတွင် အစောင့်တစ်ဦးရှိနေကြောင်း သေသေချာချာ သတိထားမိခဲ့သော်လည်း ယခုအခါ သူတို့ ပျောက်ကွယ်သွားခဲ့သည်။ ၎င်းက နောက်ပိုင်းတွင် မေးခွန်းများမေးရန် ပိုမိုလွယ်ကူစေမည် ဖြစ်သည်။ သူမတို့ ချမ်ကျင်း၏ အကျဉ်းခန်းတံခါးသို့ ရောက်ရှိလာသောအခါတွင် သော့ခတ်ထားသည်မှာ အမှန်ပင်ဖြစ်သော်လည်း မထင်မှတ်ဘဲ သော့က ကိုင်လိုက်သည်နှင့် အလွယ်တကူ ပွင့်သွားခဲ့သည်။ ကုယွင်က ထိုကိစ္စကို သတိကြီးကြီးထားပြီး ကိုင်တွယ်ဖြေရှင်းနိုင်စွမ်းရှိသူတစ်ဦးဖြစ်သည့် လို့ရှီးယန်ကို မချီးကျူးဘဲ မနေနိုင်ခဲ့ပေ။
ချမ်ကျင်းက ကျွော့ချင်းနှင့် ကုယွင်တို့ ပြန်လည် ပေါ်လာခြင်းအတွက် အံ့အားသင့်မှု မပြဘဲ သူ့မျက်နှာမှ ယခင်အချိန်က သတိလက်လွတ် အရိပ်အယောင်များ ပျောက်ဆုံးသွားခဲ့သည်။
ချမ်ကျင်းက "မင်း ဘာထပ်မေးချင်သေးလဲ?"
"သေဆုံးသူကို ဘယ်လို တွေ့ခဲ့တာလဲ? ဘာကြောင့် သူ့နောက်ကို လိုက်နေခဲ့တာလဲ? ဘာကြောင့် အဲ့လိုလုပ်ခဲ့တာလဲ"
ချမ်ကျင်းက ကုယွင်ကို မော့ကြည့်လိုက်ကာ လိမ္မာပါးနပ်စွာ ပြုံးလိုက်ပြီး "ဒါတွေကို ငါ ပြောပြီးပြီ၊ မေးစရာ အသစ်ရှိသေးလား?"
ကုယွင်က ကျောက်နံရံကို ပေါ့ပေါ့တန်တန် ကျောမှီထားရင်း အေးစက်စက်ဖြင့် ထပ်ပြောလိုက်သည်။
"အဲဒီလို ပြောင်မြောက်တဲ့ စကားလုံးတွေကို ထပ်ပြောနေရင်တော့ ရှင့်ကိစ္စအတွက် အသုံးမဝင်နိုင်တော့ဘူး။ အခင်းဖြစ်တဲ့နေရာက သဲလွန်စတွေနဲ့ သက်သေတွေရဲ့ထွက်ဆိုချက်တွေက ရှင့်ကို အရမ်းဒုက္ခရောက်စေလိမ့်မယ်။ ရှင် အမှန်အတိုင်းမပြောရင် ကျွန်မတို့အတွက် ရှင့်ကိုကူညီဖို့ ခက်ခဲလိမ့်မယ်၊ ရှင်ကတော့ သေမှာကိုပဲ ထိုင်စောင့်နေလိုက်တော့"
ချမ်ကျင်းက ဘာမှ ပြန်မပြောဘဲ နှုတ်ဆိတ်နေသည်။ ကုယွင်က သူမ၏မျက်လုံးများကို မှေးကျဥ်းထားပြီး သူ့ကို ခဏလောက် စိုက်ကြည့်နေပြီးမှ "ရှင်က ရုံးတော်က တာဝန်ရှိတဲ့လူတွေကို မယုံဘူး။ ဆိုတော့ ရှင့်အမှုကို နောက်ပြန်လှည့်နိုင်အောင် ကူညီပေးနိုင်ဖို့ တစ်ယောက်ယောက်ကို စောင့်နေတာလား?”
ချမ်ကျင်း၏မျက်နှာတွင်ရှိနေသော လှောင်ပြောင်မှုနှင့် အထင်အမြင်သေးမှု အရိပ်အယောင်များ ဖျတ်ခနဲ လွင့်စင်သွားပြီး စိုးရိမ်မူများ ပေါ်လာကာ ခဏအတွင်း ပြန်ပျောက်ကွယ်သွားခဲ့သော်လည်း ကုယွင်ကတော့ အားလုံးကို မြင်နိုင်ခဲ့သည်။
ချမ်ကျင်းကတော့ လန့်ဖျပ်ပြီး ခုန်ပေါက်လုနီးပါးဖြစ်နေခဲ့သည်။ သူက သူ့ရှေ့မှ မယုံနိုင်လောက်စရာကောင်းသော မိန်းမငယ်လေးကို စိုက်ကြည့်ရင်း “မင်းက ဘယ်သူလဲ?”
သူမက သူ့ရဲ့ အတွေးတွေကိုတောင် မှန်းဆနိုင်တယ်ပေါ့!
ကုယွင်က ဘာမှ ပြန်မဖြေဘဲ သူ့ကို ကြည့်ပြီး ပြုံးပြလိုက်သည်။
သူတို့နှစ်ယောက်က စကားတစ်ခွန်းမှ မပြောဘဲ တစ်ယောက်ကို တစ်ယောက် စိုက်ကြည့်နေကြသည်။ ကျွော့ချင်းကလည်း စကားတစ်ခွန်းမှ ဝင်မပြောပေ။ အချိန်ကြာလာသည်နှင့်အမျှ ချမ်ကျင်းက သည်းမခံနိုင်တော့ဘဲ ကျွော့ချင်းကို လှမ်းကြည့်ကာ "သူ(မ)က ဘယ်သူလဲ!"
"ကျွန်မရဲ့ညီမ... ချင်းမော့"
ချမ်ကျင်းက ကုယွင်ကို ရန်လိုနေပုံရသော်လည်း ဘယ်သူကမှ တခြားလူတစ်ယောက်ကို မြင်မြင်ချင်း မယုံနိုင်သည်ကို ကျွော့ချင်း နားလည်နေသည်။ ကျွော့ချင်းက ရှေ့သို့ ခြေတစ်လှမ်းတိုးကာ ဟိုလျောက် သည်လျောက် လုပ်နေပြီးမှ ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။
"ချမ်ကျင်း၊ ရှင် ဘယ်သူ့ကိုမှ မသတ်ခဲ့ဘူးလို့ ကျွန်မ ယုံတယ်။ ကွယ်လွန်သူရဲ့အလောင်းမှာ သဲလွန်စတချို့တွေ့ခဲ့ပေမယ့် ရှင့်ရဲ့အပြစ်ကင်းစင်မှုကို သက်သေပြဖို့ မလုံလောက်သေးဘူး။ ကျွန်မတို့ ရှင့်ကို ကူညီချင်တယ်၊ ရှင်သာ အမှန်အတိုင်းပြောဖို့ ဆန္ဒရှိရင် ကျွန်မတို့ ရှင့်ကို ကူညီပေးနိုင်တယ်။ ရှင် ကျွန်မတို့ကို ယုံရင် ကျေးဇူးပြုပြီး ဘာတွေဖြစ်ခဲ့လဲဆိုတာကို အမှန်အတိုင်း ပြောပြပေး၊ ရှင် ကျွန်မတို့ကို မယုံဘူးဆိုရင် ကျွန်မတို့ ခု ချက်ချင်း ပြန်ထွက်သွားမယ်”
ထို့နောက်တွင် သူတို့သုံးယောက်လုံး တစ်ယောက်မှ စကားမပြောတော့သောကြောင့် အကျဉ်းခန်းက တိတ်ဆိတ်နေပြီး တစ်ယောက်ချင်းစီ၏အသက်ရှုသံကို ကောင်းကောင်းကြားနေနိုင်သည်။ ကျွော့ချင်းက ခဏစောင့်နေသော်လည်း ချမ်ကျင်းက သူ့ခေါင်းကို အနည်းငယ်ငုံ့ထားပြီး ဘာမှ ပြန်မပြောသေးပေ။ ကျွော့ချင်းက ကုယွင်ကို တစ်ချက်ကြည့်လိုက်ပြီး မျက်လုံးဖြင့် အချက်ပြလိုက်သည်။ ကျွော့ချင်းက ချမ်ကျင်းတစ်ယောက် သူ့နှလုံးသားထဲတွင် ရုန်းကန်နေရပြီဖြစ်ကြောင်း နားလည်လိုက်သည်။ ကျွော့ချင်းက တမင်တကာ သက်ပြင်းချကာ အထီးကျန်စွာ ပြောလိုက်သည်။
"ကောင်းပြီလေ၊ ရှင်က ကျွန်မတို့ကို မယုံမှတော့ ကျွန်မတို့က ရှင့်ကို မကူညီနိုင်တော့ဘူး၊ ဒါပေမယ့် ကျွန်မ အရှုံးမပေးပါဘူး၊ ရှင့်ရဲ့မကျေနပ်မှုတွေကို ရှင်းရှင်းလင်းလင်းဖြစ်အောင် ကူညီပေးနိုင်မယ့်နည်းလမ်းကို ကျွန်မ သေချာပေါက် ရှာဖွေမယ်"
ထိုစကားကို ပြောပြီးနောက် ကျွော့ချင်းက ကုယွင်ဘက်ကို ပြန်လှည့်ကာ "သွားကြစို့"
အားကိုးရာမဲ့ သက်ပြင်းချသံက တကယ်ကို ရင်ခုန်စရာပါပဲ။
ကုယွင်က တိတ်တိတ်လေး ပြုံးလိုက်မိသည်။
ဒီအမျိုးသမီးလေးရဲ့ သရုပ်ဆောင်မှုစွမ်းရည်က ပိုကောင်းလာတယ်။
သူမက ကျွော့ချင်းနှင့် ပူးပေါင်းပေးလိုက်ပြီး အချုပ်ခန်းတံခါးမှ ပြန်ထွက်လာခဲ့ကြသည်။ သူမတို့ တံခါးမှ ထွက်လာပြီး သိပ်မကြာခင် မျှော်လင့်ထားသည့်အတိုင်း ချမ်ကျင်း၏အသံနက်ကြီးက ထွက်ပေါ်လာသည်။
"နေကြဦး"
အောင်မြင်ပြီ!
နှစ်ယောက်သား လိမ္မာပါးနပ်စွာဖြင့် အမူအရာများ ဖလှယ်လိုက်ကြသော်လည်း ပြန်လှည့်ပြီး ချမ်ကျင်းကို မျက်နှာမူလိုက်သောအချိန်တွင် သူမတို့နှစ်ဦးလုံး၏ အမူအရာများက အလွန့်အလွန် လုံးဝ လုံးဝ ရိုးသားနေခဲ့သည်။
ချမ်ကျင်းက အတွေးနက်နေပုံဖြင့် ကျောက်ခုတင်ပေါ် ထိုင်ချလိုက်သည်။ ထို့နောက် သူ့၏ငယ်ရွယ်ပြီး ထက်မြက်သော မျက်နှာပေါ်တွင် မြူခိုးများ ပေါ်လာတော့သည်။ အချိန်အတော်ကြာပြီးနောက် ချမ်ကျင်းက “လွန်ခဲ့တဲ့ သုံးနှစ်လောက်က ချုံယွဲ့မှာ ထိတ်လန့်တုန်လှုပ်ဖွယ်ရာ ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့တယ်၊ တိုင်းပြည်ရဲ့ဘဏ္ဍာတိုက်တွေကနေ ဘဏ္ဍာတွေ ခိုးယူခံရပြီး ရွှေတုံး တစ်သန်းလောက် တစ်ညတည်းနဲ့ ပျောက်ကွယ်သွားခဲ့တယ်။ (ရွှေတုံးတွေကို ပြောတာမဟုတ်ပဲ ပိုက်ဆံကို ပြောတာပါ၊ ကြေးပြား၊ငွေစ၊ ရွှေစ အဲ့လို ရေတွက်တဲ့ပုံစံမျိုးပါ) ဧကရာဇ်မင်းမြတ်က ဒေါသထွက်ပြီး သေသေချာချာ စုံစမ်းခဲ့တယ်၊ စစ်ဆေးမှုတွေ အပြီးမှာ အခွန်ဌာနက ဝန်ကြီးက အနောက်မြောက်ဘက်က သူခိုးတွေနဲ့ ပူးပေါင်းကာ ရွှေတွေကို ခိုးထုတ်သွားတယ်လို့ တွေ့ရှိခဲ့တယ်။ လျှို့ဝှက်လမ်းကနေတဆင့် သယ်ရင်တောင် ရွှေအမြောက်အမြားကို ချုံယွဲ့ကနေ အဲ့လောက်မြန်မြန် သယ်ထုတ်ဖို့ မဖြစ်နိုင်ဘူး။ မူခင်းရေးရာဝန်ကြီးဌာနက ရွှေတွေကို ပြန်ရှာဖို့ မရေမတွက်နိုင်တဲ့ အဖွဲ့တွေကို နေရာအရပ်ရပ်ကို စေလွှတ်ခဲ့တယ်။ အနောက်မြောက်ဘက်က သူခိုးတွေက ရွှေတွေကို သယ်မသွားနိုင်တာ သိလို့ အဲ့တာတွေကို လျှို့ဝှက်လှိုဏ်ဂူတစ်ခုဆီ သယ်သွားကြတယ်။ ရှာဖွေရေးအဖွဲ့တစ်ဖွဲ့က ရွှေတွေရဲ့တည်နေရာကို ရှာတွေ့ခဲ့တယ်။ အဲ့အဖွဲ့မှာ လူငါးယောက်ပါတယ်၊ အဲဒီထဲက တစ်ယောက်က သတင်းပြန်ပို့ဖို့ ပြန်လာခဲ့ပြီး နောက်တစ်ယောက်က လေးယောက်က ဂူရဲ့လမ်းကြောင်းလေးခုမှာ စောင့်ပြီး ကျန်နေခဲ့တယ်။ သတင်းပြန်လာပို့တဲ့ တပ်သားက လူတစ်စုကို ခေါ်ပြီး ပြန်ရောက်သွားတော့ အရင်က ဂူထဲမှာရှိနေတဲ့ ရွှေချောင်းတွေက ပြန်ပြီး ပျောက်ကွယ်သွားတယ်၊ ထွက်ပေါက်တွေအားလုံးကို စစ်ဆေးကြည့်တော့ အနောက်ဘက်ထွက်ပေါက်မှာ သဲလွန်စတွေ ရှာတွေ့တယ်၊ အနောက်ဘက်မှာ စောင့်နေတဲ့ တပ်သားကို ချွီဇဲ့လို့ခေါ်တယ်၊ သူက တိုက်ခိုက်ခံရပြီး သတိလစ်သွားလို့ ရွှေတွေကို ဘယ်သူ လုယူသွားလဲ မသိဘူးလို့ ပြောပေမယ့် တရားရုံးက မယုံကြည်တာကတော့ စိတ်မကောင်းစရာပဲ၊ သူ့ကို သူခိုးတွေပူးပေါင်းပြီး ရွှေတွေကို ခိုးထုတ်တယ်လို့ စွပ်စွဲခဲ့တယ်၊ အကြိမ်ပေါင်းများစွာ နှိပ်စက်ခံရပြီးနောက်မှာ ချွီဇဲ့က အပြစ်ကို ဝန်ခံဖို့ ငြင်းဆန်ပြီး ထောင်က ထွက်ပြေးသွားတယ်၊ အဲဒီအချိန်က ငါက ပညာသင်လို့ ပြီးဆုံးခါစအချိန်ဆိုတော့ ထိပ်တန်း သတင်းပေးတဲ့သူ ဖြစ်ချင်ခဲ့တာ။ အဲ့တာကြောင့် ငါက ရွှေသူခိုးတွေကို ပြင်းပြင်းထန်ထန် လိုက်ရှာပြီး နောက်ဆုံးတော့ ချွီဇဲ့ကို ဖမ်းဆီးမိပြီး အစိုးရရုံးတော်ကို ပြန်ပို့ပေးခဲ့တယ်။ မမျှော်လင့်ဘဲ တစ်လခွဲအကြာမှာ သူခိုးတွေနဲ့ ပူးပေါင်းပြီး ဘဏ္ဍာတိုက်က ငွေတွေကို ခိုးယူမှုနဲ့ သူ့ကို သေဒဏ်ပေးလိုက်တယ်”
သူ ချွီဇဲ့ကို လိုက်ဖမ်းခဲ့ခြင်းက ထိုလူက အမြင့်ဆုံးဆုကြေးငွေထုတ်ထားသော အကျဉ်းသားဖြစ်နေသောကြောင့် ဖြစ်သည်။ ထိုလူက သူ ကိုင်တွယ်ဖူးသမျှတွင် သြဇာအရှိဆုံး အမှုဖြစ်သည်။ သို့သော် သူက ထိုလူကို သေစေရန် ဆန္ဒမရှိခဲ့ပေ။ ထိုနောက်တွင် သူ တစ်ခုခုမှားသွားသလို ခံစားခဲ့ရပြီး ထိုအမှားကို ထုတ်ဖော်ရန်တော့ မကြိုးစားရဲတော့ပေ။
ကုယွင်က ခုနက သူ ပြောခဲ့သည့်စကားများကို စိတ်ထဲတွင် တွက်ဆလိုက်ပြီး "ရန်လွီက အဲ့တုန်းက ချွီဇဲ့နဲ့အတူ ရွှေတွေကို တွေ့ခဲ့ပြီး သတင်းပြန်ပို့ဖို့ ပြန်လာတဲ့သူ မဟုတ်လား"
ဒီမိန်းခလေးက တကယ်ကို တွေးခေါ်မြော်မြင်တတ်ပြီး ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်ရဲ့ အဓိကအချက်တွေကို ချက်ချင်း ခွဲထုတ်အကြံပြုနိုင်တယ်။
ချမ်ကျင်းက ခေါင်းညိမ့်ပြလိုက်ပြီး ယခုတစ်ကြိမ်တွင် သူ စိတ်မပူတော့ဘဲ ရက်ရက်ရောရော ထပ်ပြောပြလိုက်သည်။
"ဟုတ်တယ်၊ ငါ ချွီဇဲ့ကို မြို့တော်ကို ပြန်ခေါ်လာတုန်းက သူက လမ်းမှာ သူ ရွှေတုံးတွေကို မခိုးခဲ့ဘူးဆိုပြီး ငါ့ကို ဆက်တိုက် ပြောပြခဲ့တယ်။ သူ အပြစ်ရှိတာဆိုလို့ သူ သတိလစ်သွားတာပဲ ရှိတယ်တဲ့။ ရန်လွီက ဒီသတင်းကို ပြန်ဖို့တဲ့သူ ဖြစ်ပေမယ့် ကံမကောင်းစွာနဲ့ပဲ ရန်လွီက စစ်သူကြီးတွေနဲ့ အဲ့နေရာကို ပြန်ရောက်လာတာကြောင့် ဘယ်သူမှ သူ့ကို မယုံဘဲ မြန်မြန်ဆန်ဆန် အသတ်ခံလိုက်ရတယ်။ ငါက တစ်ခုခုတော့မှားနေပြီလို့ ခံစားမိပေမယ့် သူက သေဆုံးသွားပြီးပြီ။ ဆက်လိုက်ဖို့ ဘာမှ မရှိတော့ဘူး။ မနေ့ကအထိ ဒီတိုင်းပဲ ထားလိုက်တာ ကောင်းမယ်လို့ ငါ တွေးထားခဲ့တယ်။ ဒါပေမယ့် မနေ့က ချွီဇဲ့ရဲ့လက်ကောက်ဝတ်မှာ ထိုးထားတဲ့ ဆေးမင်ကြောင်ရှိတဲ့ လူတစ်ယောက်ကို တွေ့ခဲ့တယ်။ တက်တူးပုံစံက အရမ်းထူးခြားတယ်။ အဲဒါကို ငါ မဖတ်တက်ဘူး။ ဒါပေမယ့် ငါ ထပ်စုံစမ်းကြည့်တော့ ရန်လွီက တကယ်ပဲ အဲဒီတုန်းက သတင်းပြန်ပို့ဖို့ ပြန်လာတဲ့ သူပဲ”
"ဒါနဲ့ ရှင် သူ့နောက်ကို လိုက်ခဲ့တာလား?"
“သူ့လက်ထဲမှာ ကိုင်ဆောင်ထားတဲ့ ငွေစက္ကူတွေက အနည်းဆုံး ငွေစက္ကူတစ်ထောင်လေ၊ သူလို လစာ ကြီးကြီးမားမား မရှိတဲ့ အဖွဲ့မှူးတစ်ယောက် အတွက်တော့ အဲ့ဒါက မဖြစ်နိုင်ဘူး။ သူက တစ်ခုခု မှားနေပြီလို့ ငါ ထင်ခဲ့တယ်၊ အဲ့တုန်းက ငါ သူ့အိမ်အပြင်မှာ ပုန်းနေတာကို သူ တွေ့ရှာသွားတယ်။ ငါက ချွီဇဲ့ရဲ့ နာမည်ကို ဖော်ပြလိုက်တာနဲ့ သူက ငါကို တိုက်ခိုက်တော့တာပဲ၊ သူနဲ့ငါနဲ့ အဲ့အခန်းထဲမှာ တိုက်ခိုက်ခဲ့ပြီး ငါ ဓားပျံသုံးဖို့ကလွဲလို့ ရွေးချယ်စရာတာကြောင့် ဓားသုံးခဲ့ပေမယ့် ငါ သူ့ရင်ဘတ်ကို မပစ်ခဲ့ဘူး၊ ဒါပေမယ့် သူက ရင်ဘတ်ကို ဓားနဲ့ထိုးခံရပြီး သေသွားတယ်!”
"ရွှေတုံးတစ်သန်း???" ကုယွင်က ပေါ့ပေါ့ပါးပါး လေချွန်လိုက်ပြီး "ဒါဆို ဘာလို့ တခြားသူတွေကို မပြောပြချင်တာလဲ?"
"ဒီက အရာရှိတွေကို ငါ မယုံဘူး။ ချွီဇဲ့ ပြောတာ မှန်တယ်ဆိုရင် ဟိုတုန်းက ဖြစ်ပျက်ခဲ့တာတွေက ရန်လွီတစ်ယောက်တည်းရဲ့ ထိန်းချုပ်နိုင်မှုထက် ကျော်လွန်နေပြီ!"
အဲဒီတုန်းက မှုခင်းဝန်ကြီးဌာနက လူဘယ်နှစ်ယောက်က အဲ့အမှု့မှာ ပါဝင်ပတ်သက်ခဲ့တယ်ဆိုတာ ဘယ်သူမှ မသိနိုင်ဘူး။ ဒီကိစ္စကို ဦးဆောင်ခဲ့သူက ဘယ်သူလဲ?? အဲ့လူရဲ့ ရာထူးအဆင့်အတန်းက ဘာလဲဆိုတာလဲ ဘယ်သူမှ မသိနိုင်ပြန်ဘူး။ ဒီလိုအခြေအနေမျိုးမှာ သူ သေချာပေါက် ဘာမှ မပြောနိုင်ဘူး။
ကျွော့ချင်းက ကုယွင်ကို ကြည့်ပြီး သက်ပြင်းချလိုက်ကာ "ဒီကိစ္စက စိတ်ကူးထားတာထက် ပိုရှုပ်ထွေးနေတယ်"
မူလက သာမန်လူသတ်ဖြစ်စဥ်တစ်ခုလို့ ထင်ခဲ့ပေမယ့် အခုတော့ ထင်မြင်ယူဆချက်က...
ကုယွင်က ပခုံးတွန့်လိုက်သော်လည်း သူမ၏အမူအရာကတော့ သိပ်ပြီး လေးနက်မှု မရှိနေပေ။
ကိစ္စတွေက ဘယ်လောက်ပဲ ရှုပ်ထွေးပါစေ သူမတို့ မကြာခဏ နောက်ပြောင်လေ့ရှိတဲ့ စကားတစ်ခွန်းရှိပါတယ်... ပိုးအိမ်ကို ဖယ်ပြီးရင် ပိုးကောင်ကို တွေ့လိမ့်မယ်...
ကုယွင်က ကျွော့ချင်းကို သူမနံဘေးသို့ ညင်သာစွာ ဆွဲခေါ်လိုက်ပြီး အခန်းတံခါးအပြင်ဘက်ထောင့်ရှိ အရိပ်ကို တစ်ချက်ကြည့်ကာ အပြုံးတစ်ခုဖြင့် ချမ်ကျင်းကို လှမ်းပြောလိုက်သည်။
"ရှင် စောင့်နေတဲ့လူတွေ ဒီကို ရောက်လာပြီ။ ကျွန်မတို့ ထွက်သွားသင့်ပြီ"
ကုယွင် စကားဆုံးသွားသည်နှင့် အမှောင်ထဲမှ လူနှစ်ယောက် ရုတ်တရက် ထွက်ပေါ်လာသည်။ သူတို့က အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးဖြစ်ကာ အမျိုးသားက မှင်ကဲ့သို့ အနက်ရောင်အဝတ်များကို ၀တ်ဆင်ထားပြီး ခေါင်းပေါ်တွင် ငွေရောင်ဆံပင်ရှိနေသည်။ အမျိုးသမီးက သွေးနီရောင်ဝတ်စုံနှင့်ဖြစ်ကာ ရွှေရောင်မျက်နှာဖုံးကို တပ်ထားသည်။ သူတို့က မျက်နှာတွင် မျက်နှာဖုံးများ တပ်ထားပြီး တစ္ဆေသရဲများကဲ့သို့ တိတ်တိတ်ဆိတ်ဆိတ် ပေါ်လာခဲ့သည်။
အခန်း ၆၃ ဂုဏ်သိက္ခာအတွက်အကျပ်အတည်း
အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ရုတ်တရက် ပေါ်ပြီး အမျိုးသားက အနက်ရောင်ကို ၀တ်ဆင်ထားကာ ငွေရောင်ဆံပင်အပြည့်နှင့် ဖြူဖျော့သောအသွင်အပြင်ကို ပိုင်ဆိုင်သောကြောင့် အနည်းငယ် ကြောက်စရာကောင်းနေသည်။ အမျိုးသမီး၏ အနီရောင်အဝတ်အစားများက သွေးကဲ့သို့ နီဆွေးနေပြီး မျက်နှာပေါ်တွင် အေးစက်သောမျက်လုံးတစ်စုံကိုသာ မြင်နိုင်သော ရွှေစင်မျက်နှာဖုံးကို ဝတ်ဆင်ထားသည်။ လူနှစ်ယောက်က မြေပြင်မှ တစ္ဆေသရဲများ ထိုးထွက်လာသလို တိတ်တိတ်ဆိတ်ဆိတ် ပေါ်ထွက်လာသည်။ သူတို့၏ ထူးဆန်းသော ၀တ်စုံများနှင့် အမူအရာများကြောင့် ကျွော့ချင်းနှင့် ကုယွင်တို့ပင် အနည်းငယ် အံသြသွားရသည်။
သူတို့နှစ်ယောက်ကလည်း သူမတို့ကို စိုက်ကြည့်နေခဲ့သည်။
တကယ်တော့ သူမတို့ စဝင်လာကတည်းက သူတို့ ရောက်နေခဲ့တာပါ။ ပထမတော့ သူတို့ လူလုံးထွက်မပြခင်မှာ သူမတို့ ထွက်သွားတာကို စောင့်နေဖို့ စီစဉ်ထားပေမယ့် မိန်းခလေးငယ်လေးက သူတို့ရဲ့ နေရာကို ရှာတွေ့မယ်လို့ မထင်ခဲ့မိဘူး။
မျက်လုံးရှစ်လုံး... လူလေးယောက်က မင်းက ငါ့ကို ကြည့်... ငါက မင်းကို ကြည့်မယ်ဆိုတဲ့ အပြုအမူကို အေးအေးဆေးဆေး လုပ်ဆောင်နေကြသည်။ ကျွော့ချင်းနှင့် ကုယွင်တို့က သူတို့၏မျက်လုံးများကို စူးစူးစိုက်စိုက်ကြည့်ရင်း ထိုလူနှစ်ယောက်၏ခွန်အားကို တိုင်းတာရန် ကြိုးစားနေကြသည်။
သူတို့ ဒီတိုင်းသာ ထပ်ကြည့်နေကြရင်တော့ နောက်နေ့မနက်ရဲ့ နေရောင်ကိုတောင် မြင်ရနိုင်တယ်။
ဖယ်ထုတ်ခံထားရသော ချမ်ကျင်းက နောက်ဆုံးတွင် သည်းမခံနိုင်တော့ဘဲ စတင် မိတ်ဆက်ပေးလိုက်သည်။
"အောက်ထျန်းနဲ့ ယဲ့မိန်... ချုံယွဲရဲ့ နံပါတ်တစ်နဲ့ နံပါတ်နှစ် သတင်းမုဆိုး(ကြေးစား)တွေ"
သတင်းမုဆိုးတွေ(ကြေးစား)???
ကျွော့ချင်းက နံပါတ်တစ်နှင့် နံပါတ်နှစ်သတင်းမုဆိုးများအကြောင်း ကြားဖူးခဲ့ပြီး ထိုလူနှစ်ယောက်၏ ဩဘာက အလွန်ပြင်းထန်နေသောကြောင့် သူမ လုံးဝ ယုံကြည်သွားခဲ့သည်။
ကျွော့ချင်းက သူတို့ဘက်သို့ ပေါ့ပေါ့တန်တန် ခေါင်းညိတ်ပြလိုက်ရင်း သူမကိုယ်သူမ ရက်ရောစွာ စတင်မိတ်ဆက်လိုက်သည်။
"ချင်းလင်"
"မင်းက နန်းတော်ထဲမှာ အလောင်းခွဲစိပ်စစ်ဆေးခဲ့တဲ့ မိန်းခလေးပဲ" အနက်ရောင်ဝတ်အမျိုးသား၏ အသံက သာမန်သာဖြစ်ပြီး နက်ရှိုင်းမှုမရှိသလို သံလိုက်ဓာတ်လည်း မရှိပေ။ သို့သော် အလွန်ပင် ထူးခြားနေလေသည်။ စကားလုံးတိုင်းကို ရှင်းရှင်းလင်းလင်း ကြားနိုင်သော်လည်း စိတ်ခံစားမှု လုံးဝမရှိပေ။
"ဟုတ်တယ်"
ကျွော့ချင်းက ပေါ့ပေါ့ပါးပါး ခေါင်းညိတ်ပြလိုက်သည်။
သူတို့က အဲ့တာကိုတောင် သိတယ်လား?? ရှေးခေတ်မှာ အချက်အလက်တွေကို ရနိုင်ဖို့ ခက်ခဲတယ်လို့ သူမ ထင်ခဲ့ပေမဲ့ အခုတော့ မှားနေပြီပဲ။
ထိုလူက ကုယွင်ကို ကြည့်လိုက်သောကြောင့် ကုယွင်က တုံ့ဆိုင်းမနေဘဲ "ချင်းမော့" ဟု လှမ်းပြောလိုက်သည်။
သူက ပေါ့ပေါ့ပါးပါး မျက်မှောင်ကြုတ်လိုက်ပြီး ထိုအရာက တစ်စက္ကန့်၏ လေးပုံတစ်ပုံလောက်သာ ကြာမြင့်ခဲ့သော်လည်း ကုယွင်ကတော့ သူ့၏သံသယများပါဝင်သော စိတ်ခံစားချက်များကို နားလည်နိုင်ရန် လုံလောက်နေသည်။ ကုယွင်က ချစ်စရာကောင်းသည့် အပြုံးလေးဖြင့် "ရှင်တို့ ဒီလောက်ထိ တွေးနေစရာမလိုပါဘူး၊ ကျွန်မမှာ ရှင်တို့ကို ဆွဲဆောင်နိုင်လောက်တဲ့ ကြီးကျယ်ခမ်းနားတဲ့ အောင်မြင်မှုတွေ မရှိပါဘူး”
သူမက စစ်သူကြီးအိမ်တော်ရှိ ယောက်ျားသားများနှင့်သာ ပြိုင်ဆိုင်နေခဲ့သောကြောင့် အခြားသူများက သူမအကြောင်းကို သိမည် မဟုတ်ပေ။
ယခုတစ်ကြိမ်တွင် ထိူလူ၏မျက်နှာပေါ်မှ အံ့အားသင့်မှုက စက္ကန့်ဝက်လောက် ကြာသွားပြီးမှ ပြန်ငြိမ်သက်သွားခဲ့သည်။ သူက သူ၏စိတ်ခံစားချက်များကို ထုတ်ဖော်မပြမိအောင် သူ့မျက်နှာမှ ကြွက်သားများကို ထိန်းချုပ်နိုင်သောကြောင့် ကုယွင်က သူ့ကို အရမ်းစိတ်ဝင်စားနေခဲ့သည်။ ထိုကဲ့သို့အစွမ်းထက်သော လူများက အလွန်နည်းပါးသည်။
ကုယွင်က သူတို့ကို သေသေချာချာ လေ့လာနေခဲ့သော်လည်း ကျွော့ချင်းကတော့ ချွေးများ တသီတတန်းကြီး စီးကျနေသည်။ အနီရောင်ဝတ်ဆင်ထားသော အမျိုးသမီး၏ မျက်လုံးထောင့်မှ အေးစက်သော အလင်းရောင်က သူမကို သေလောက်အောင် အေးခဲသွားစေသောကြောင့် ဖြစ်သည်။
ယွင်က အဲ့တာကို မမြင်ဘူးလား??!! တစ်ခါတလေ ယွင်က သိမ်မွေ့တာလား ဒါမှမဟုတ် အရေထူတာလား... ငါ တကယ်ကို မသိတော့ဘူး!
ကျွော့ချင်းက သူတို့၏အာရုံစူးစိုက်မှုကို ဆွဲဆောင်ရန် ချောင်းတစ်ချက် ဟန့်လိုက်ပြီး “ကောင်းပြီ၊ ဒါကို အရင်ရှင်းလင်းအောင်လုပ်ဖို့ လိုမယ်ထင်တယ်။ လူတိုင်းရဲ့ပန်းတိုင်က ဒီကိစ္စကိုဖြေရှင်းဖို့ဆိုတော့ အခုနည်းလမ်းနှစ်ခုရှိတယ်။ ပထမတစ်နည်းက ကိုယ်ဘာသာ သက်သက်စီ စုံစမ်းဖို့နဲ့ နောက်တစ်နည်းက ပူးပေါင်းဆောင်ရွက်ဖို့ပဲ၊ ရိုးရိုးသားသားပြောရရင် ကျွန်မကတော့ ရှင်တို့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ဆန္ဒရှိတယ်၊ ကျန်တာကတော့ ရှင်တို့ရဲ့ထင်မြင် ယူဆချက်ပေါ်မှာပဲ မူတည်တယ်"
သူတိုနှစ်ယောက်က အကြာကြီး နှုတ်ဆိတ်နေသောကြောင့် ကျွော့ချင်းက သက်သက်စီ စုံစမ်းမည်ဟု အလိုအလျောက် အဓိပ္ပာယ်ဖွင့်တော့မည့် အချိန်တွင် ထိုအမျိုးသားက "မင်းက ဘယ်လို စုံစမ်းချင်တာလဲ?"
ကျွော့ချင်းက ကုယွင်ကို လှမ်းကြည့်လိုက်သည်။
ဒါက ကုယွင်ရဲ့ ကျွမ်းကျင်မှုပါ။
ကံကောင်းစွာနဲ့ပဲ ကုယွင်ကလည်း သူမမှာ အစီအစဉ်တစ်ခုရှိထားပြီးဖြစ်ကာ "အရင်ဆုံး... လူသတ်လက်နက်ကို ရှာရမယ်၊ လူသေအလောင်းမှာ ဒဏ်ရာ ၁၃ ချက်ရှိပေမယ့် ပစ်ခဲ့တဲ့ဓားက ၁၂ ချောင်းပဲရှိတယ်၊ လူသတ်သမားက လူသတ်လက်နက်ကို ပြန်သိမ်းသွားတယ်လို့ ပြောနိုင်တယ်၊ လူသတ်သမားက သေသူကို အဝေးက သတ်နိုင်တဲ့သူ ဖြစ်ရင်တောင် လူသတ်မှုလက်နက်ကို ပြန်ယူဖို့ အချိန်လိုသေးတယ်၊ အဲ့တာကြောင့် ဒီလိုလုပ်နိုင်တဲ့လူ လေးယောက်ရှိတယ်၊ သေဆုံးသူရဲ့သူငယ်ချင်း လီကျစ်၊ ရန်သခင်မနဲ့ နောက်မှရောက်လာတဲ့ ဟွမ်ရိနဲ့ ဝမ်ဝေ.. သူတို့ထဲက တစ်ယောက်က လူသတ်သမားမဟုတ်ရင်တောင် ကြံရာပါဖြစ်နိုင်တယ်၊ ပထမဦးစားပေးက သူတို့လေးယောက်ကို စစ်ဆေးဖို့ပဲ"
ကျွော့ချင်းက ခေါင်းညိတ်ပြီး အခိုင်အမာ ထပ်ပြောလိုက်သည်။ "လူသတ်လက်နက်ကိုရှာပြီး အလောင်းက ဒဏ်ရာတွေနဲ့ ထပ်ပြီး နှိုင်းယှဥ်ပြနိုင်ရင် ချမ်ကျင်းရဲ့ အပြစ်တစ်ဝက်လောက်ကို ဖြေရှင်းနိုင်သွားလိမ့်မယ် "
"ဒုတိယတစ်ခုက ရွှေချောင်းတွေအကြောင်းပဲ၊ ရန်လွီကွယ်လွန်တာက ရုတ်တရက် ဆန်လွန်းတယ်၊ ပြီးတော့ လူသတ်သမားက ချမ်ကျင်းကို ချောက်ချချင်တာ သိသာနေတယ်။ ဒီဖြစ်ရပ်ရဲ့ နောက်ကွယ်က ကိစ္စတွေက ရွှေခိုးမှုကိစ္စနဲ့ ဆက်စပ်နေနိုင်တယ်။ ရွှေတွေ အများကြီး ခိုးယူခံရလိုက်ရပြီး ချက်ချင်း ပျောက်ကွယ်သွားဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ဒီအမှုကို ဟိုတုန်းက ကြမ်းတမ်းတဲ့လမ်းနဲ့ ပိတ်ခဲ့ပြီး ရွှေချောင်းတွေ ပျောက်ဆုံးနေဆဲပဲ။ ရန်လွီက သေသေချာချာ ထဲထဲဝင်ဝင် သိတဲ့သူဖြစ်နိုင်တယ်၊ သူက အများကြီး သိလွန်းနေတာကြောင့် အသတ်ခံရတာလဲ ဖြစ်နိုင်တယ်၊ အတိတ်တုန်းက ဒီလူနဲ့ ပတ်သတ်ခဲ့ဖူးတဲ့ သူတွေကို ရှာဖွေရမယ်။ ဒီအမှုရဲ့အကျိုးအမြတ်ကို ခွဲဝေယူတဲ့သူတွေကနေတဆင့် လူသတ်သမားကို ရှာတွေ့နိုင်လိမ့်မယ်”
ကုယွင်က သူတို့နှစ်ယောက်ကိုကြည့်ပြီး "ကျွန်မ ပြောလို့ပြီးပြီ၊ ရှင်တို့ ဘာပြောစရာရှိသေးလဲ?"
နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက်ကြည့်ကာ သဘောတူညီမှုတစ်ခုရသွားပုံပေါ်သည်။ "မင်းတို့က အဲဒီလူတွေကို သွားစစ်ဆေးပေး၊ ရွှေတွေကိစ္စကို ငါတို့ဆီ လွှဲပေးလို့ရတယ်၊ သုံးရက်ကြာရင် ညသန်းခေါင်ယံအချိန်မှာ ငါတို့ ဒီမှာ သတင်းဖလှယ်ကြမယ်"
စုံစမ်းဖို့က သုံးရက်ဆိုရင် အချိန်လောက်ပါ့မလား?
ကုယွင်က တွေးနေတုန်းမှာပင် သူတို့ နှစ်ယောက်က အချုပ်ခန်းထဲမှ ထွက်သွားပြီးဖြစ်သည်။ သူတို့က ရုတ်တရက် ဆိုသလို ထူးထူးခြားခြား အရှိန်ဖြင့် ခုန်ထွက်သွားပြီး အိမ်ခေါင်မိုးများပေါ်သို့ အကြိမ်ကြိမ် အတက်အဆင်း လုပ်ကာ မိုးကောင်းကင်ထဲတွင် သဲလွန်စ မရှိဘဲ ပျောက်ကွယ်သွားခဲ့သည်။
ငါ့မှာ ပြောစရာတွေ ရှိနေတုန်းပဲဟ။
ကုယွင်က ဘေးနားတွင် အေးအေးဆေးဆေးထိုင်နေသည့် ချမ်ကျင်းကို ကြည့်လိုက်ပြီး "သူတို့ အလျင်လိုနေတာလား?"
ချမ်ကျင်းက မြက်ခြောက်ကို ကောက်ယူပြီး ပါးစပ်ထဲ ပြန်ထည့်လိုက်ကာ "အဲ့လောက်နဲ့ ကျေနပ်လိုက်ပါတော့၊ သူတို့ မင်းကိုပြောခဲ့တာတွေက အရမ်းကို များလွန်းနေပြီ၊ ငါလည်း သူတို့ကို ဂရုမစိုက်ဘူး”
နောက်ဆုံးတော့ သူ့ထင်မြင်ချက်ကို မေးတဲ့ တစ်ယောက်ယောက်ရှိလာခဲ့ပြီ!!
"ဒါက တကယ်ကို ဂုဏ်ယူစရာပဲ" ကုယွင်က စိတ်သက်သာရာရသွားကာ ကျွော့ချင်းကို ပြောလိုက်သည်။
"ပြန်ရအောင်၊ နောက်ကျနေပြီ"
အကျဉ်းထောင်စင်္ကြံတွင် လမ်းလျှောက်နေရင်း ကျွော့ချင်းက "မနက်ဖြန် လီကျစ်ကို အရင်သွားရှာမှာလား?"
ကုယွင်က ခေါင်းညိတ်လိုက်ပြီး "အင်း၊ ပြောရရင်... သူက သံသယဝင်ဖို့ အကောင်းဆုံးပဲ၊ ဒါပေမယ့် အဲဒီလူတွေရဲ့ စစ်ကြောရေးမှတ်တမ်းတွေကို အရင်ကြည့်ချင်တယ်"
"အခုလား?" ကျွော့ချင်းက အသံတိုးတိုးဖြင့် "သခင်မလေး၊ အခု မနက်တစ်နာရီလောက်ရှိနေပြီ"
ကုယွင်က ပြုံးရုံသာပြုံးလိုက်ပြီး "နင်က လို့ရှီးယန်နဲ့ အရင် ပြန်သွားလိုက်တော့။ မနက်ဖြန် မနက် ကိုးနာရီမှာ ဝန်ကြီးချုပ်အိမ်တော်တံခါးမှာ ငါ နင့်ကို စောင့်နေမယ်"
သုံးရက်အတွင်းမှာ လူသတ်လက်နက်ကို ဝှက်ထားတဲ့ လူသတ်သမားက ဘယ်သူလဲဆိုတာ သူမ သိနိုင်ရမယ်။
"ကောင်းပြီ" ကျွော့ချင်းက အားကိုးရာမဲ့ဖြစ်နေသည်။ ကုယွင်က အလုပ်ရူးတစ်ယောက်ဖြစ်ပြီး သူမကို အနားယူရန် ဆွဲဆောင်ခြင်းက အချိန်ဖြုန်းခြင်းသာ ဖြစ်ကြောင်း သူမ သိသည်။
ကျွော့ချင်းနှင့် ကုယွင်ထွက်လာသောအခါ လို့ရှီးယန်က ရထားလုံးနှစ်စီးကို ခေါ်ထားပြီးနေပြီ ဖြစ်သည်။ ကုယွင်က ကျွော့ချင်းနားရွက်နားကို ကပ်ကာ တိုးတိုးလေး ပြောလိုက်သည်။
"ချင်း... နင်က တကယ်ကို ကံကောင်းတဲ့ခွေးပဲ၊ ဒီလိုလူကောင်းလေးကိုရတာ အရမ်းကံကောင်းတာပဲ၊ နင် သူ့ကို သေချာ ဖမ်းဆွဲထားနော်”
ကျွော့ချင်းက သူမကို မျက်စောင်းထိုးလိုက်ပြီး ဘာစကားမှ မပြောတော့ပေ။
ဒါက ဘယ်လို ရိုင်းစိုင်းတဲ့ အသုံးအနှုန်းမျိုးလဲ၊ လို့ရှီးယန်က အရမ်းမိုက်တဲ့ခွေးစာလို့ ဆိုလိုတာလား?!
ကျွော့ချင်းက သူမကို အာရုံစိုက်ရန် ပျင်းလွန်းနေသောကြောင့် ရထားလုံးထဲသို့ တိုက်ရိုက်ဝင်သွားလိုက်သည်။ ရထားလုံးအပြင်ဘက်တွင် ကုယွင်နှင့် လို့ရှီးယန် နှစ်ယောက်သား တီးတိုးစကားပြောနေသည်ကို သူမ ကြားလိုက်ရပြီး ခဏအကြာတွင် လို့ရှီးယန်က ပြုံးနေသောမျက်နှာဖြင့် ရထားလုံးထဲသို့ ဝင်လာခဲ့သည်။ ထို့နောက် ရထားလုံးက ဖြည်းညှင်းစွာ ထွက်ခွာလာခဲ့သည်။
ကျွော့ချင်းက စပ်စုချင်သောကြောင့် "သူ(မ) ရှင့်ကို ဘာပြောလိုက်တာလဲ?"
"သူ(မ)က..." လို့ရှီးယန်က ကျွော့ချင်း၏စိတ်ဝင်စားမှုကို ဆွဲဆောင်ရန် သူ့စကားကို ခဏရပ်ထားပြီး သူမကို အပြုံးဖြင့် ကြည့်နေကာ အသံတိုးတိုးဖြင့် "သူ(မ)က မင်းနဲ့ ချစ်ချင်ခင်ခင်နေဖို့ ပြောနေတာ"
မင်းနဲ့.... ချစ်ချင်ခင်ခင်.... နေဖို့...
@၊*$ ဒီစကားက ဘာလဲ??!
ကျွော့ချင်းက ကုယွင်ကို နှလုံးသားထဲကနေ ကျိန်ဆဲနေတော့သည်။
ရထားလုံးက ဝန်ကြီးချုပ်အိမ်တော်သို့ လျင်မြန်စွာ ရောက်ရှိလာပြီး နှစ်ယောက်သား အတူတူ လမ်းလျှောက်ဝင်လာကြသည်။ ညအလွန်နက်နေပြီဖြစ်သောကြောင့် မီးပုံးအနည်းငယ်မှလွဲ၍ အရာအားလုံးက ငြိမ်သက်နေပြီး လူများလည်း အိပ်ပျော်နေပုံရသည်။ ကျွော့ချင်းက သူမနှင့်အတူ တစ်ညလုံး လိုက်ပါလာခဲ့သော လူကို စိတ်ရင်းမှန်ဖြင့် လှမ်းပြောလိုက်သည်။
"ရှီးယန်၊ ဒီနေ့အတွက် ကျေးဇူးတင်ပါတယ်"
သူ့ကြောင့်သာ မဟုတ်ခဲ့ရင် သူမတို့ ချမ်ကျင်းနဲ့ ဒီလောက် ချောချောမွေ့မွေ့ တွေ့နိုင်မှာ မဟုတ်ပါဘူး။
တိတ်ဆိတ်သောလမ်းတွင် လို့ရှီးယန်က သူမနှင့် ဘေးချင်းကပ် ဖြည်းညှင်းစွာ လျှောက်လှမ်းနေရင်း "မှုခင်းဌာနရဲ့ ကိစ္စတွေက အရင်ထဲက ကိုယ် ကြီးကြပ်သင့်တဲ့အရာတွေပါ။ ဒီလိုကိစ္စတွေအတွက် မင်း ကိုယ့်ကို ကျေးဇူးတင်နေစရာ မလိုပါဘူး"
ကျွော့ချင်းက တခြား ဘာမှပြန်မပြောတော့ပေ။ သူမက သူ၏နွေးထွေးမှုကို ဝန်ထုတ်ဝန်ပိုး မဖြစ်တော့ဘဲ ကျင့်သားရသွားပုံပေါ်သည်။ သူတို့နှစ်ယောက် ခြံရှေ့ကို လျှောက်လာရင်း ကျင်းစက မည်းမှောင်သော မျက်နှာဖြင့် သူတို့ကို စောင့်နေတာကို တွေ့လိုက်ရသည်။
"သခင်" ကျင်းစက လို့ရှီးယန်၏နားထဲသို့ တစ်စုံတစ်ခုကို တိုးတိုးကပ်ပြောလိုက်သည်။ ကျင်းစ၏ နှစ်တစ်ထောင်သက်တမ်းရှိ ရေခဲမျက်နှာနှင့် လို့ရှီးယန်၏ ထာဝရတည်ငြိမ်သော မျက်လုံးများမှ ဘာကိုမှ မမြင်နိုင်သော်လည်း အချိန်က အရမ်းနောက်ကျနေသောကြောင့် ကျွော့ချင်းက တစ်ခုခုဖြစ်နေသည်ကို ယောင်ဝါးဝါး ခံစားနိုင်ခဲ့သည်။ ထို့ကြောင့် သူမက စိုးရိမ်တကြီး ဝင်မေးလိုက်သည်။
"တစ်ခုခုဖြစ်သွားတာလား?"
လို့ရှီးယန်က သူ့ခေါင်းကို ညင်သာစွာ ခါလိုက်ပြီး "ဘာမှ မဖြစ်ပါဘူး၊ အခု အရမ်းနောက်ကျနေပြီ၊ မင်း စောစောအနားယူသင့်တယ်"
ဟုတ်ပြီလေ၊ သူ မပြောတာက ပြသနာကို သူ ဖြေရှင်းနိုင်တယ်လို့ ဆိုလိုတယ်။
ကျွော့ချင်းက မေးခွန်းများ မေးနေခြင်းကို ရပ်လိုက်ပြီး ကျိုက်ရှင်းအဆောင်ဆီကို လျှောက်သွားလိုက်သည်။ သူမ ခြေလှမ်း အနည်းငယ် လှမ်းပြီးတဲ့နောက် ဒေါသတကြီး အော်ဟစ်နေသည့် အမျိုးသမီးတစ်ယောက်၏အသံကျယ်ကျယ်ကို ကြားလိုက်ရသည်။
“နောက်ဆုံးတော့ ပြန်လာဖို့ ဆန္ဒရှိသေးတယ်ပေါ့"
ကျွော့ချင်း မျက်လွှာပင့်ပြီး ကြည့်လိုက်ရာ ရွှယ်ရှန်းရှင်းကို မြင်လိုက်ရသည်။ သူမ အရမ်းပင်ပန်းနေသောကြောင့် ယနေ့ ရွှယ်ရှန်းရှင်းနှင့် ကစားရန် စိတ်မ၀င်စားတော့ပေ။ ကျွော့ချင်းက နှာစေးနေပြီး သူမအနားမှ ဖြတ်လျောက်သွားချင်နေခဲ့သော်လည်း မမျှော်လင့်ဘဲ တစ်စုံတစ်ယောက်က သူမလမ်းကို ပိတ်ဆို့လိုက်သောကြောင့် ကျွော့ချင်း မပျော်မရွှင်ဖြစ်သွားတော့သည်။
သူမ ဘာမှ မပြောရသေးမီ လို့ရှီးယန်က သူမဆီကို လျှောက်လာနေပြီ ဖြစ်သည်။ လို့ရှီးယန်ကို မြင်လိုက်ရချိန်တါင် ရွှယ်ရှန်းရှင်းက သူမ မျက်နှာကို ချက်ချင်း ပြင်လိုက်ပြီး "ရှီးယန်...ပြန်လာပြီလား? ပင်ပန်းနေမှာဘဲ၊ ဒါပေမယ့် မင်းအဖေက မင်းကို အိမ်ရှေ့ခန်းမမှာ တညလုံးစောင့်နေတယ်"
အဖေ? လို့ရှီးယန်ရဲ့ဖခင်က အနောက်ဘက်နယ်စပ်မှာ တပ်စွဲထားတဲ့ စစ်သူကြီး မဟုတ်ဘူးလား??! ဒီအကြောင်းပြောရင် သူမ အမြဲလိုလို သိချင်နေခဲ့တာ တစ်ခုရှိတယ်။ လို့ရှီးယန်က လူထောင်ပေါင်းများစွာ လက်အောက်ခံနေရတဲ့ ဝန်ကြီးချုပ်ဖြစ်နေပြီး သူက လူပေါင်း သောင်းနဲ့ချီကို အုပ်ချုပ်နေခဲ့တယ်။ သူ့အဖေက ဘာလို့ နယ်စပ်ကို ကာကွယ်ဖို့ သွားနေရတာလဲ?! သူ့အဖေကိုယ်တိုင်က တောင်းဆိုတာလား?? ထူးဆန်းလိုက်တာ...
လို့ရှီးယန်က အေးစက်စွာ ပြန်ဖြေလိုက်သည်။
"နားလည်ပါပြီ"
ကျွော့ချင်းက သူမထံတွင် ဘာမှလုပ်စရာမရှိတော့သလို ခံစားလိုက်ရပြီး သူမ ထွက်ခါနီးတွင် ရွှယ်ရှန်းရှင်းက ကောင်းမွန်သော ပြဇာတ်ကောင်းကောင်းတစ်ခုကို ကြည့်ချင်နေသည့်အမူအရာဖြင့် သူမ၏လမ်းကို ပိတ်ဆို့လိုက်ပြန်သည်။
"ခဏနေဦး၊ နင် ထွက်သွားလို့ မရဘူး၊ သခင်ကြီးက နင့်ကို တွေ့ချင်နေတယ်"
သူမကို တွေ့ချင်တယ်!
ကျွော့ချင်းကတော့ သူမကို စောင့်မျှော်နေတဲ့အရာက ဘာမှ မကောင်းနိုင်ဘူးဟု မှန်းဆမိနေလေသည်။
ကျွော့ချင်းက နေရာမှ ထွက်သွားသော လို့ရှီးယန်ကို စိုက်ကြည့်ကာ ကူကယ်ရာမဲ့ သက်ပြင်းရှိုက်လိုက်ပြီး "ကောင်းပြီလေ၊ သွားကြရအောင်"
သူတို့နှစ်ဦးက အလွန်စိတ်လှုပ်ရှားနေသော ရွှယ်ရှန်းရှင်းနှင့်အတူ အိမ်ရှေ့ခန်းမဆီသို့ လိုက်သွားခဲ့ကြသည်။ တိတ်ဆိတ်သော အိမ်တော်ကြီး၏ မှောင်မိုက်သောညတွင် အိမ်ရှေ့ခန်းမက လင်းထိန်နေပြီး ဖယောင်းတိုင်မီးများ တဖျပ်ဖျပ် ခတ်နေသည်။
ပင်မထိုင်ခုံတွင် ထိုင်နေသည့် အသက်ငါးဆယ်ကျော် အမျိုးသားက မီးခိုးပြာရောင်၀တ်ရုံကို ဝတ်ဆင်ထားပြီး လေးထောင့်ပုံစံမျက်နှာနှင့် ကျားမျက်လုံး၊ နဖူးပြည့်ပြည့်၊ အနည်းငယ် အေးစက်သော အသားအရည်နှင့် ပိန်ပိန်သွယ်သွယ်ဖြစ်သည်။ နေလောင်ထားသော အသားအရေ၊ သန်မာသော ခန္ဓာကိုယ်၊ အကြမ်းခံနိုင်ပုံရသော အသွင်အပြင်က လူများကို ထိတ်လန့်စေခဲ့သည်။
အိမ်ရှေ့ခန်းထဲသို့ ဝင်လာပြီးနောက် ရွှယ်ရှန်းရှင်းက ဖျော်ဖြေပွဲကောင်းကို စောင့်ဆိုင်းနေသကဲ့သို့ ပျော်ရွှင်စွာဖြင့် ထိုလူထံသို့ လျှောက်သွားတော့သည်။
လို့ရှီးယန်ကတော့ သူ၏မူပိုင်အပြုံးဖြင့် ထိုလူ့ထံသို့ ဖြည်းညှင်းစွာ လျှောက်သွားကာ "အဖေ ပြန်လာမယ်ဆိုတာကို ဘာလို့ ကြိုမပြောခဲ့တာလဲ?"
ဒီလူက လို့ရှီးယန်ရဲ့အဖေလား?!
ကျွော့ချင်းက တိတ်တဆိတ် သက်ပြင်းချလိုက်သည်။
သူက နူးညံ့သိမ်မွေ့ပြီး အေးဆေးတဲ့လူ လို့ရှီးယန်နဲ့ ဘာမှမဆိုင်ဘူးပဲ။ ဒီလူက အေးစက်မာကြောပြီး ခေါင်းမာတဲ့လူလို့ ထင်ရတယ်။
ကျွော့ချင်း မျှော်လင့်ထားသည့်အတိုင်း ထိုလူ စကားပြောလာသည့်အချိန်တွင် စိတ်လှုပ်ရှားမှုမရှိဘဲ စီးပွားရေးဆန်ဆန်လေသံမျိုး ထွက်လာခဲ့သည်။
"မင်း အရမ်းအလုပ်များနေတယ်ဆိုတာ ငါ သိတယ်။ ငါက အလုပ်ကိစ္စအတွက် ပြန်လာခဲ့တာ။ ဒီရက်ပိုင်းအတွင်း ပြန်သွားမှာ"
လို့ရှီးယန်က ထိုအရာကို ကျင့်သားရနေပုံရပြီး "ကျွန်တော် နားလည်ပါပြီ၊ အခု အရမ်းနောက်ကျနေပြီ၊ စောစောအနားယူတာ ပိုကောင်းပါတယ်"
"အခု အရမ်းနောက်ကျနေပြီဆိုတာ မင်း သိသေးတယ်လား?!!"
နောက်ဆုံးတွင် သူ ဒေါသထွက်နေပုံရသော်လည်း ထိုစာကြောင်းတွင်တော့ ခံစားချက်တစ်ချို့ ရှိနေသေးသည်။
ကျွော့ချင်းက တိတ်တိတ်ဆိတ်ဆိတ် စောင့်ကြည့်နေပြီး လို့မူဟိုင်၏မျက်လုံးများက ရုတ်တရက် လှည့်လာပြီး သူမကို စိုက်ကြည့်လာကာ "မင်းက ချင်းလင် မဟုတ်လား?"
မေးခွန်းများ ဖြေသည့်အခါ တခြားသူများ၏မျက်လုံးများကို ကြည့်ပြီး ပြန်ဖြေခြင်းက ယဉ်ကျေးသော အပြုအမှုဟု ယူဆထားသော ကျွော့ချင်းက သူ့၏ခြိမ်းခြောက်မှုများပါသော အကြည့်များကို မရှောင်ဘဲ ရိုးရိုးသားသား ပြန်ဖြေလိုက်သည်။
"ကျွန်မက ချင်းလင်ပါ"
လို့မူဟိုင်က ညနေခင်းက ရှန်းရှင်း သူကို ပြောပြခဲ့သော မိန်းခလေးကို တွေ့လိုက်ရပြီဖြစ်သည်။ သူမက ရုပ်ပျက်ဆင်းပျက် ဖြစ်နေသော်လည်း ကြည့်ကောင်းနေဆဲပင်။ သူမက သူ့ကို လေးလေးနက်နက် ရင်ဆိုင်ရဲသောကြောင့် အနည်းငယ် သတ္တိရှိပြီး ထိုးထွင်းသိမြင်မှု ရှိနိုင်သည်ဟု တွေးလိုက်သည်။ လို့မူဟိုင်က သူ့စိတ်ထဲတွင် အနည်းငယ်ကို လက်ခံနိုင်သော်လည်း အေးစက်စွာ ပြောလိုက်သည်။ "မင်းအရင်က ဘယ်လိုပဲ နေခဲ့ နေခဲ့၊ အခု မင်းက လို့မိသားစုထဲကို ဝင်ပြီးသွားပြီ၊ အဲ့တာကြောင့် မင်းက လို့မိသားစုရဲ့ စည်းမျဥ်းတွေကို လိုက်နာရမယ်။ မင်းရဲ့ အပြောအဆိုတွေကို သတိထားပြီး အမျိုးသမီးကျင့်ဝတ်တွေကို ဂရုတစိုက် လိုက်နာပါ!"
မင်းရဲ့ အပြောအဆိုတွေကို သတိထားပြီး အမျိုးသမီးကျင့်ဝတ်တွေကို ဂရုတစိုက် လိုက်နာပါ.. တဲ့လား???
ကျွော့ချင်းက မျက်ခုံးပင့်လိုက်ပြီး "ပိုရှင်းအောင် ပြောပေးလို့ ရမလား?"
လို့မူဟိုင်က မျက်မှောင်ကြုတ်လိုက်ပြီး သူက လူကြီးတစ်ယောက်အနေဖြင့် ထိုကိစ္စမျိုးကို ပြောရန် မသင့်တော်သော်လည်း လို့မိသားစု၏ အကြီးအကဲတစ်ယောက်အနေဖြင့် သူမကို ဤနေရာတွင် သတိပေးရန် စဥ်းစားလိုက်သည်။
သူမက ဘယ်လိုတောင် ရှင်းရှင်းလင်းလင်း နားမလည်နိုင်ရတာလဲ?!
ကျွော့ချင်းက အမှန်တကယ်ပင် မသိနားမလည်သော မိန်းကလေးတစ်ယောက်ဖြစ်နေပုံရသောကြောင့် လို့မှုဟိုင် သူမကို မြင်မြင်ချင်း တွေးမိသည့် ခံစားချက်ကောင်းများပင် ပျောက်ကွယ်သွားရတော့သည်။
လို့မူဟိုင်၏အမူအရာကို မြင်လိုက်ရချိန်တွင် ရွှယ်ရှန်းရှင်းက သူ တွေးနေသည့်အရာကို ခန့်မှန်းနိုင်လိုက်ပြီး ပြဿနာများကို နှိုးဆော်ရန် အခွင့်အရေးယူကာ "နင်ကို ပျားတွေ၊ လိပ်ပြာတွေကို ဆွဲဆောင်ဖို့ အပြင်မထွက်စေချင်ဘူး၊ အဲ့အပြုအမူက ရှီးယန်ကို အရှက်ရစေတယ်!"
မျှော်လင့်ထားတဲ့အတိုင်း.... သူမက ပြဿနာရှာနေတာပဲ!
ပင်ပန်းနွမ်းနယ်မှုက ကျွော့ချင်းကို ပို၍ပင် စိတ်မရှည်ဖြစ်လာစေပြီး ကျွော့ချင်းက ရွှယ်ရှန်းရှင်းကို အေးစက်စွာကြည့်ရင်း အေးစက်သည့်လေသံဖြင့် တုံ့ပြန်လိုက်သည်။
"အမှားအမှန်ကို မသိဘဲ အတင်းအဖျင်းတွေ ပြောနေတာက ရှင့်ရဲ့ တစ်ဘဝလုံးစာ အလုပ်လား? ပြောတာတွေက အဓိပ္ပါယ်ရှိရင်တောင် စကားပြောတဲ့အခါ သက်သေရှိရမယ်။ ကျွန်မကို ဘာလို့ ဒီလိုပြောရတာလဲ? ကျွန်မက ပျားနဲ့ လိပ်ပြာတွေကို ဆွဲဆောင်နေရအောင် ကျွန်မက ပျားမွေးမြူရေးသမားလား?”
ကျွော့ချင်း၏ စူးစူးရှရှ အကြည့်များက ရွှယ်ရှန်းရှင်း၏နှလုံးသားကို တုန်လှုပ်သွားစေခဲ့သော်လည်း လို့မူဟိုင်က သူမနောက်မှာ ရှိနေပြီး သူမမှာ ကျောထောက်နောက်ခံ ရှိသည်ဟု ခံစားရစေခဲ့သည်။
ထိုကြောင့် သူမက အသံကျယ်ကျယ်ဖြင့် “ဒီနေ့ ရာဇ၀တ်ရုံးက တရားသူကြီး အိမ်ကို ရောက်လာတယ်၊ ပြီးတော့ နင်နဲ့ဧကရာဇ်က နှစ်ယောက်အတူ မြင်းစီးပြီး မြို့ကို ဖြတ်လျှောက်နေကြတာကို ဘယ်သူမှ မမြင်ဘူးထင်နေတာလား? မျက်စိရှိတဲ့ သူတိုင်း မြင်နိုင်တယ်! လူတိုင်းကို ငတုံးတွေလို့ ထင်မနေနဲ့။ အခု ပြည်သူတွေက ပြောနေကြပြီ။ ရှီးယန်က နင်က သူ့မိန်းမလို့ လူသိရှင်ကြား ပြောဖူးတယ်။ ဒါပေမယ့် နင်က အခု မြန်မြန်ဆန်ဆန် လျော့ရဲနေပြီ၊ နင် သူ့မျက်နှာကို ဘယ်နားသွား ထားမှာလဲ?“
ကျွော့ချင်း၏ မျက်နှာ မည်းမှောင်သွားကာ မျက်ခုံးများက အနည်းငယ် မှေးကျဥ်းသွားပြီး သူမ တွေးတောနေပုံ ရသည်။ သူမက နှုတ်ဆိတ်နေပြီး ယခင်က မောက်မာမှု ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရသဖြင့် ရွှယ်ရှန်းရှင်းက ဂုဏ်ယူစွာ ထပ်ပြောလာသည်။
"နင် အခုန မာနကြီးနေတာ မဟုတ်ဘူးလား? အခု ငါ့ကို ပြောစရာ မရှိတော့ဘူးလား!?"
ကျွော့ချင်းက စကားမပြောတော့ပေ၊ ရွှယ်ရှန်းရှင်းကဲ့သို့ ခါးသီးပြီး ယုတ်မာသော ဗီလိန်နှင့် ဆက်ဆံရာတွင် ကျွော့ချင်းက အချိန်မရွေး သူမ နှုတ်ပိတ်သွားအောင် လုပ်နိုင်သည်။ သို့သော် သူမ ပြောသောစကားများက သူမကို သတိပေးနေခဲ့သည်။
ဒီနေ့ ရှန်ယုလန်က သူမကို တွေ့ဖို့ ရောက်လာခဲ့တာက တိုက်ဆိုင်မှုတစ်ခု ဖြစ်နိုင်တယ်။ ဒါပေမယ့် ယန်းဟုန်ထျန်း ဝန်ကြီးချုပ်အိမ်တော်ကို ရောက်လာခဲ့တာကတော့ သူ့မှာ ကြိုတင်ပြင်ဆင်ထားတဲ့ အစီအစဉ်တစ်ခု ရှိနိုင်တယ်။ သူမှာ ရထားလုံးတွေ အများကြီးရှိပေမယ့် သူက ရထားလုံးကို မစီးဘဲ သူမနဲ့အတူ မြင်းစီးပြီး မြို့ထဲကနေ ထွက်ခွာသွားခဲ့တယ်။ အဲ့တာက သူမကို ရှုခင်းတွေပြပြီး လှောင်ပြောင်ဖို့ပဲလား?! မဟုတ်ဘူး! သူက သူမရဲ့ဂုဏ်သိက္ခာကို ဖျက်စီးပြီး ရှီးယန်ရဲ့မျက်နှာကို အရှက်ကွဲအောင်ပြုလုပ်ချင်ခဲ့တာပဲ။ ဒီလူက အရမ်းရွံရှာဖွယ်ကောင်းတယ်။
ရွှယ်ရှန်းရှင်းက ထိုကဲ့သို့သော အခွင့်ကောင်းတစ်ခုဖြင့် ကျွော့ချင်းကို ဤကဲ့သို့ ခွင့်မပြုနိုင်ကြောင့် သေချာပေါက် ထပ်မံပြောချင်နေသည်။ သို့သော်လည်း အသံတိတ်နေသော လို့ရှီးယန်က ရုတ်တရတ် ဝင်ပြောလာခဲ့သည်။
"သူ(မ) ဒီနေ့ အရမ်းပင်ပန်းနေပြီ၊ အခု မစောတော့ဘူး၊ စောစောပြန်ပြီး အနားယူသင့်တယ်"
"ရှီးယန်၊ မင်း ဘာလို့ အခုထိ သူ့(မ)ဘက်ကနေ ပြောနေသေးတာလဲ? ဒီလိုမိန်းမမျိုးအတွက် ပြောဖို့ မထိုက်တန်ဘူး"
"ဒုတိယအမေ၊ ငါ့မှာ ကိုယ်ပိုင် စဥ်းမျဥ်းတွေရှိတယ်" လို့ရှီးယန်၏ အသံက အနည်းငယ် အေးစက်နေသော်လည်း စိတ်အားထက်သန်နေသည့် ရွှယ်ရှန်းရှင်းက သတိမထားမိပေ။ အေးစက်စွာ ကြည့်နေသော လို့မူဟိုင်ကတော့ ရှင်းရှင်းလင်းလင်း မြင်နေရသည်။
ရှီးယန်က ဒီကောင်မလေးကို အရမ်းဂရုစိုက်တယ်၊ ထားလိုက်တော့... ရှီးယန်က သူ(မ)ကို ကာကွယ်ပေးနေတာကြောင့် သူက ဒီကလေးမကို မျက်နှာသာ ပေးလိုက်မယ်။
ရွှယ်ရှန်းရှင်းက ဆက်ပြောချင်နေသေးသော်လည်း လို့မူဟိုင်က သူ့လက်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်ပြီး အသံကျယ်ကျယ်ဖြင့် ဝင်ပြောလိုက်သည်။
"ကောင်းပြီ၊ ဒီကိစ္စကို မေ့လိုက်ကြရအောင်၊ ချင်းလင်က ဒီနေ့ကစပြီး အပြင်မထွက်ရတော့ဘူး၊ အိမ်မှာနေပြီး သူမကိုယ်သူမ သုံးသပ်ဖို့ သီလစောင့်တည်ရမယ်၊ စိတ်ဓာတ်၊ စည်းကမ်းနဲ့ သီလကို ပျိုးထောင်ရမယ်"
တစ်နည်းဆိုရသော် သူက သူမကို အပြင်မထွက်ရန် တားမြစ်လိုက်ခြင်းပင်၊ ကျွော့ချင်းဘက်ကလည်း သူမက ရက်ပေါင်းများစွာ ပိတ်လှောင်ခံထားရပြီးမှ ခက်ခက်ခဲခဲဖြင့် လွတ်လွတ်လပ်လပ် သွားလာရန် အခွင့်အရေး ပြန်ရထားခဲ့ခြင်း ဖြစ်သည်။ အရှေ့မှ အကြောင်းအရာများသာ မဖြစ်ခဲ့လျှင် သူမက အပြင်မထွက်ရန် သဘောတူမိလိမ့်မည်။ သို့သော်လည်း ယခုအချိန်တွင်တော့ မဖြစ်နိုင်တော့ပေ။
သူမ အပြင်မထွက်ရင် အကုန် အဆင်ပြေသွားမှာလား???
မင်းက ဒုက္ခကို သွားမရှာဘူးဆိုရင်တောင် ဒုက္ခက မင်းရဲ့ တံခါးကို သဘာဝအတိုင်း ရောက်လာလိမ့်မယ်။
ကျွော့ချင်းက လို့မူဟိုင်ကို ထပ်မံကြည့်လိုက်ပြီး မဆိုင်းမတွ ပြန်ပြောလိုက်သည်။ "စစ်သူကြီးလို့၊ ကျွန်မက ဒီလို ကောလာဟာလတွေနဲ့ ရှီးယန်ကို ဒုက္ခပေးမိပါတယ်။ ကျွန်မ တောင်းပန်ပါတယ်၊ ဒါပေမယ့် အဲဒါက ကျွန်မ ဖြစ်စေချင်တာ မဟုတ်ဘူး၊ နောင်မှာ ကျွန်မ ပိုအာရုံစိုက်ပြီး ရှောင်နိုင်ဖို့ ကြိုးစားပါ့မယ်။ ဒီလိုမျိုးတွေဖြစ်နေရင်တောင် အပြင်ထွက်ဖို့ တားမြစ်တာနဲ့ ပတ်သတ်ပြီး ကျွန်မ မလိုက်နာနိုင်ဘူး"
လို့မူဟိုင်၏ မျက်လုံးများက ပြူးကျယ်သွားသည်။
သူမက သူ့ကို အမှန်တကယ် ငြင်းဆန်ဝံ့တယ်ပေါ့။
သူမ မလိုက်နာနိုင်ဘူးတဲ့လား? ကောင်းလိုက်တဲ့ အဖြေ...
သူက သူမကို လှေကားထစ်တွေကနေ ဆင်းခိုင်းခဲ့ပေမယ့် သူမက မဆင်းဘဲ သူ့ကိုတောင် စိန်ခေါ်နေသေးတယ်။
(လှေကားထစ်တွေကနေ ဆင်းခိုင်းခြင်း- ရှက်စရာကောင်းသော အခြေအနေမှ ရုန်းထွက်ရန် အခွင့်အရေးပေးခြင်း)
လို့မူဟိုင်က သူ့ဘေးနားမှ စားပွဲနိမ့်လေးကို ပုတ်ချလိုက်ရာ ကွဲအက်သံတစ်ခု ကြားလိုက်ရပြီး စားပွဲက နှစ်ပိုင်းကွဲသွားကာ လက်ဖက်ရည်ပန်းကန်လုံးနှင့် ဆီမီးခွက်တင်ခုံတို့က ကြမ်းပြင်ပေါ်ကျသွားပြီး ကွဲအက်ကုန်ကြသည်။
လို့မူဟိုင်က ထိုသို့သော ဒေါသကို ပြလာလိမ့်မည်ဟု ကျွော့ချင်းက မမျှော်လင့်ထားခဲ့ပေ။ ဤလူက ရှီးယန်၏ဖခင်ဖြစ်ပြီး၊ သူမကလည်း ဤကိစ္စရပ်တွင် အမှားအယွင်းတစ်ခု ပြုလုပ်ခဲ့မိသည်။
ရွှယ်ရှန်းရှင်းက နောက်ဆုံးတော့ ထိတ်လန့်မှုကနေ ပြန်လည်သက်သာလာပြီး ကျွော့ချင်းကို လက်ညှိုးထိုးပြပြီး "သခင်ကြီး၊ အဲဒါကို မြင်တယ်မလား? သူ(မ)က ရှီးယန်ရဲ့မျက်နှာသာကြောင့် ထိန်းမနိုင် သိမ်းမရ ဖြစ်နေပြီ!!"
သခင်ကြီးက ပြန်လာဖို့ မလွယ်ကူဘူးလေ။ သခင်ကြီး ရှိနေတုန်း ဒီမိန်းမကို သေတဲ့အထိ မနှိပ်စက်ဘူးဆိုရင် သူမမျိုးရိုးနာမည်က ရွှယ် မဟုတ်တော့ဘူး။
"သခင်ကြီး၊ သူ(မ)က ရှင့်ကို လုံးဝ အလေးအနက်မထားဘူး...”
"ဒါက လုံလောက်နေပြီ" ရွှယ်ရှန်းရှင်းက ဝမ်းသာအားရ ပြောလိုက်သော်လည်း လို့ရှီးယန်၏အေးစက်သော ကြိမ်းမောင်းမှုကြောင့် သူမပါးစပ်ကို ချက်ချင်း ပိတ်လိုက်ရသည်။
"ဒီကိစ္စတွေကို ကျွန်တော်ကိုယ်တိုင် ကိုင်တွယ်မယ်။ အဖေနဲ့ ဒုတိယအမေက စောစောအိပ်သင့်ပြီ"
လို့ရှီးယန်က ပေါ့ပေါ့တန်တန် ပြောလိုက်ပြီး သူ့စကားဆုံးသည်နှင့် ကျွော့ချင်း၏လက်ကို ကိုင်ကာ နောက်ပြန်မလှည့်တော့ဘဲ ထွက်သွားတော့သည်။
သူတို့. . . . . . သူတို့.. ငါတို့ကို ဒီအတိုင်းထားခဲ့တယ်...
“သခင်ကြီး”
"ရှန်းရှင်း... ထားလိုက်တော့"
နှစ်ယောက်သား အတူလျှောက်သွားနေသည့် ကျောပြင်များကို စိုက်ကြည့်ရင်း လို့မူဟိုင်၏မျက်လုံးများမှ နာကျင်ရိပ်များ တောက်ပလာခဲ့သော်လည်း လျင်မြန်လွန်းသောကြောင့် ဖမ်းမိဖို့ အချိန်မရှိသလောက်ပင်။
လို့ရှီးယန်၏လက်က ယခင်ကကဲ့သို့ အေးစက်နေသေးသော်လည်း သူမ၏လက်ဖဝါးကို ဆုပ်ကိုင်ထားသော ခွန်အားက အနည်းငယ်လေးလံနေပြီး သူမကို မထိခိုက်စေခဲ့ပေ။ ကျွော့ချင်းက လူနှစ်ယောက်၏ ဆုပ်ကိုင်ထားသော လက်များကို တစ်ချက်ကြည့်လိုက်သော်လည်း အဆုံးတွင် သူမလက်ကို မရုတ်သိမ်းနိုင်ခဲ့ပေ။ သူမတို့ တစ်လမ်းလုံး စကားမပြောနိုင်ဘဲ ဝန်ကြီးချုပ်အိမ်တော်၏ ဆိတ်ငြိမ်သောလမ်းကြားတွင် လမ်းလျှောက်နေခဲ့ကြသည်။ လို့ရှီးယန်က သူမကို ကျိုက်ရှင်းအဆောင်အထိ လိုက်ပို့ပေးပြီး ကျွော့ချင်းက တစ်ခုခုပြောသင့်သည်ဟု ခံစားလိုက်ရသည်။
“တောင်းပန်ပါတယ်"
လို့ရှီးယန်က လွှတ်တော့သည့် သူ့လက်ကို ထပ်ပြီး တင်းကျပ်စေလိုက်ကာ "မင်းက ဘာလို့တောင်းပန်နေတာလဲ?"
"ရှင်က ကျွန်မကို ကူညီခဲ့တယ်၊ ဒါပေမယ့် ကျွန်မက ရှင့်ရဲ့ဂုဏ်သိက္ခာကို ပျက်စီးစေခဲ့တယ်"
လို့ရှီးယန်က သူမကို နန်းတော်ထဲကနေ ခေါ်မထုတ်ခဲ့ဘူးဆိုရင် သူမ ယွင်နဲ့တွေ့ရဖို့ အခွင့်အရေးရှိမှာ မဟုတ်ပါဘူး။ ပြီးတော့ ဒီနေ့ ချမ်ကျင်းနဲ့လည်း တွေ့ဆုံနိုင်ခဲ့တယ်။ ဒါပေမယ့် ယန်းဟုန်ထျန်းက ဒီလိုလုပ်မယ်လို့ သူမ မမျှော်လင့်ထားခဲ့ပါဘူး။ ယောကျာ်းတစ်ယောက်အနေနဲ့ ဖောက်ပြန်မှုက အပြင်းထန်ဆုံး စော်ကားမှုဖြစ်နိုင်တယ်။ ယန်းဟုန်ထျန်းရဲ့လုပ်ရပ်က တကယ့်ကို ရက်စက်လွန်းတယ်။
လို့ရှီးယန်က ခပ်ဖျော့ဖျော့ပြုံးပြီး "ကိုယ်က ယောက်ျားပါ၊ ဒီအရာတွေက ကိုယ့်အပေါ် သက်ရောက်မှုရှိမှာ မဟုတ်ဘူး။ မင်းလည်း အရမ်းကြီး စဉ်းစား မနေပါနဲ့၊ အဲ့တာတွေကို ကိုယ် ဂရုစိုက်လိုက်ပါ့မယ်"
သူ့၏အပြုံးမပျက် တည်ငြိမ်နေသည့် မျက်လုံးမျးနှင့် နူးညံသော အသံတိုးတိုးတွင် ငြင်းဆန်၍ မရနိုင်သည့်စွမ်းအားများ ပါဝင်နေသလို ဖြစ်နေပြီး သူမ၏ မသိစိတ်က သူ့ကို အားကိုးနေမိကာ ယုံကြည်မှုများ တိုးလာသည်ဟု ကျွော့ချင်း ဝန်ခံချင်နေခဲ့သည်။ ထို့အပြင် သူမက တခြားသူများ သူမအား ချီးမွှမ်းခြင်း သို့မဟုတ် နှိမ့်ချခြင်းကို လုံးဝ ဂရုစိုက်တဲ့သူ မဟုတ်ပေ။ နော်ကဆုံးတွင် ကျွော့ချင်းက သူမ၏ခေါင်းကို ယမ်းကာ ပေါ့ပေါ့ပါးပါး ရယ်မောလိုက်ပြီး "ရှင် ကျွန်မကို စိတ်ပူစရာ မလိုပါဘူး၊ ကျွန်မက ဒီလို ရယ်စရာကောင်းတဲ့ ကောလာဟလတွေကို ဂရုမစိုက်ပါဘူး၊ သူများတွေ ကျွန်မကို ဘယ်လိုထင်ထင် ကျွန်မ ဂရုမစိုက်ဘူး"
အနည်းငယ် ကျယ်ဝန်းသော သူမ၏မျက်လုံးများတွင် ကြယ်များထက် ပို၍ စူးရှသော အလင်းတန်းတစ်ခု ရှိနေပြီး သူမ၏ နှုတ်ခမ်းထောင့်များက သူမ၏ သူတပါးပေါ် အထင်အမြင်သေးမှုနှင့် မထီမဲ့မြင်ပြုမှုတို့ကို ပြသနေသည်။ လို့ရှီးယန်က သူမ တမင် ပြသရန် ကြိုးစားနေတာ မဟုတ်ကြောင်း ခံစားနိုင်သည်။ ထိုအရာများက သူမ၏ကိုယ်ပိုင် ယုံကြည်မှုနှင့် မောက်မာမှုပင်။
လို့ရှီးယန်က သူမလက်ကို ထပ်ပြီး တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်ရင်း ခေါင်းညိတ်ကာ လေးလေးနက်နက် ပြောလိုက်သည်။
"တကယ်တော့ အဲ့ဒါက ကောင်းပါတယ်"
သူတို့လက်ဖဝါးများက တစ်ယောက်ကိုတစ်ယောက် ထိမိနေသောကြောင့် ကျွော့ချင်းက သတိလွတ်ဖြစ်နေပြီး ပြန်မေးလိုက်မိသည်။
“ဘာကောင်းတာလဲ?”
"မင်းက ဘယ်လောက်ကောင်းမွန်လဲဆိုတာ ဘယ်သူမှ မသိနိုင်တော့ဘူး၊ ဒါကြောင့် ဘယ်သူမှ ကိုယ်ဆီကနေ လာမလုတော့ဘူးပေါ့"
ထိုအသံတိုးတိုးက လေထဲတွင် လွင့်မျောလုနီးပါးဖြစ်နေသောကြောင့် ကျွော့ချင်းက သူမ နားကြားမှားနေသည်ဟု ထင်နေခဲ့မိသည်။
"ရှင်........"##,##,##,#
ကျွော့ချင်း သူမ၏ပါးစပ်ကို ဖွင့်လိုက်သော်လည်း သူမ ဘာပြောချင်မှန်း မသိလောက်အေင် အေးခဲနေမိသည်။
သူ၏ပြီးပြည့်စုံသည့် မျက်နှာသွင်ပြင်က လရောင်ကြောင့် ကြည်လင်ပြီး မျက်လုံးကျဥ်းကျဥ်းလေးများက ရွှမ်းစိုနေကာ သူ့နှုတ်ခမ်းပေါ်မှ ပေါ့ပေါ့ပါးပါး အပြုံးက မပျက်မယွင်း ရှိနေလေသည်။ ညလေညင်းက သူတို့၏ တွဲကျလုနီးပါးဖြစ်နေသာ အဝတ်အစားများကို လွင့်ပျံနေစေသည်။ လေထဲတွင် စီးဆင်းနေသော မသဲကွဲသော အငွေ့အသက်များက ကျွော့ချင်းကို အချိန်အတော်ကြာအောင် တုံ့ဆိုင်းစေပြီး သူမက ဘာဆက်ပြောရမှန်း မသိဖြစ်နေသည်။
"သွားအိပ်တော့၊ ကိုယ်က အရာရာကို ဂရုစိုက်ပေးပါ့မယ်"
သူက တိုးတိုးလေး ထပ်ပြောလာပြီး ထိုလှပသော မျက်နှာလေးက သူမဆီသို့ ဖြည်းဖြည်းချင်း ချဉ်းကပ်လာသည်ကို သူမ သိနေသော်လည်း ကျွော့ချင်းတစ်ယောက် တုံ့ပြန်ရန် နှေးကွေးနေပြီး မလှုပ်ရှားနိုင်တော့ပေ။
တကယ်က မလှုပ်ရှားနိုင်တာ မဟုတ်ဘူး မလှုပ်ရှားချင်တာ...
သူက သူမ၏နှုတ်ခမ်းများကို နမ်းလာလိမ့်မည်ဟု သူမ ထင်ထားခဲ့သော်လည်း သူမ နှုတ်ခမ်းထောင့်စွန်းသို့ နူးညံ့သည့် အနမ်းတစ်ခု မကျရောက်လာခဲ့ပေ။ သူ့၏ နွေးထွေးသော အသက်ရှုသံက သူမ၏ပါးပြင်ပေါ်သို့ ထိမိသွားခဲ့ပြီး သူမကို ဖျန်းခနဲ ဖျန်းခနဲ ခံစားရစေခဲ့သည်။ သူမ ရင်ဘတ်ထဲက နှလုံးသားက အပြင်ကို ခုန်ထွက်လုမတတ် ဖြစ်သွားခဲ့သည်။ ထိုကဲ့သို့ နူးညံ့သိမ်မွေ့သော အနမ်းက လူအများ၏ နှလုံးသားကို တုန်လှုပ်သွားစေရန် လုံလောက်ကြောင်း ပထမဆုံးအကြိမ် သူမ သိလိုက်ရသည်။
သူမစိတ်တွေ ခဏလောက် လွတ်သွားချိန်တွင် သူက သူမလက်ကို ဖြည်းညှင်းစွာ လွှတ်လိုက်ပြီး နောက်လှည့်ကာ ဖြည်းညင်းစွာ ထွက်ခွာသွားသည်။ ကျွော့ချင်းက သူမ မျက်လုံးရှေ့မှ သူ့အရိပ် ပျောက်ကွယ်သွားမှသာ အသိပြန်ဝင်လာခဲ့သည်။
တစ်ချိန်တည်းမှာပင် သူမ ကူကယ်ရာမဲ့ အော်ငိုချင်နေမိတော့သည်။
သူမ ဘာတွေ လုပ်နေမိတာလဲ???
နမ်းရုံလေးပဲ မဟုတ်ဘူးလား... အဲ့တာက နှုတ်ခမ်းကို မဟုတ်တာတောင် သူမက မျက်နှာတွေ နီရဲနေအောင်ပြီး ရှက်နေပြီး နှလုံးသားက ခုန်ပေါက်နေလိုက်တာ ဆိုတာမှ...
နောက်ဆုံးတော့ အဲ့တာက လို့ရှီးယန်ရဲ့ အပြစ်တွေချည်းပဲ... သူက မထင်မှတ်ပဲ နမ်းလိုက်ပြီး စကားမပြောဘဲ ထွက်သွားတယ်...
(T/N: ယွင်တို့ ၊ ချင်းတို့ကလေ မှားရေးတာမဟုတ်ပါဘူး၊ E-tran မှာရော မူရင်းမှာပါ အဲ့လိုလေးတွေ ရေးထားတာပါ၊ ကိုယ်လဲချစ်လို့ အဲ့လိုလေးတွေပဲ ရေးလိုက်တယ်နော်)