← Chapters

ထိပ်တန်းဆုလာဘ်

Vol. 3 Ch. 42

ထိပ်တန်းဆုလာဘ်

Vol. 3 Ch. 42

ရွှီရှင်းသည် ဒေသတွင်း ဆက်သွယ်ရေးလိုင်းကို ကြည့်လိုက်ရာ ယခုအချိန်တွင် လုံးဝ ပေါက်ကွဲမတတ် စည်ကားနေသည်။

"ကျိချောင်းယန်ကတော့ တကယ့်ကို ထိပ်တန်းလူပဲ သူ ရွှေရတနာသေတ္တာ တစ်လုံးတောင် ရခဲ့တာလား။ ငါကတော့ ကြေးရတနာသေတ္တာ ရှာရင်းနဲ့တင် သေလုနီးပါး ဖြစ်ခဲ့ရတာ"

"အဆင့် ၁ မှာရှိတဲ့ ရွှီရှင်းဆိုတာ ဘယ်သူလဲ။ ငါတို့နယ်မြေမှာ ဒီလောက်အစွမ်းထက်တဲ့ လူတစ်ယောက် ပုန်းနေတာပဲ"

"ကံကောင်းလို့ နေမှာပါကွာ၊ ဟုတ်တယ်မလား"

"ကံကောင်းတာ ဟုတ်မလား ကြေးရတနာသေတ္တာ စောင့်နေတဲ့ သတ္တဝါက ငါ့ကို သတ်လုနီးပါး ဖြစ်ခဲ့တာ။ မင်းက ရွှေရတနာသေတ္တာ ရတာကို ကံကောင်းလို့လို့ ပြောချင်တာလား"

"ရွှီရှင်းနဲ့ ကျိချောင်းယန် နှစ်ယောက်တည်းပဲ ရွှေရတနာသေတ္တာ ကို ရှာတွေ့ခဲ့တာပဲ"

"ငါ အဆင့် ၁၀၀၀ ထဲမှာ ပါနေပါလား၊ တကယ်တော့ ငါကလည်း လူစွမ်းကောင်းကြီးပဲပေါ့"

"တစ်ယောက်ယောက် ကယ်ကြပါဦး ငါ သေတော့မယ်..."

"ဘာလို့လဲ အခြားအရင်းအမြစ်တွေ ရှာတွေ့တာကလည်း အမှတ်ပေးတယ်လို့ ငါ့ကို ဘာလို့ ဘယ်သူမှ မပြောခဲ့ကြတာလဲ...မင်းတို့တွေ အတ္တကြီးလိုက်တာ၊ အားလုံး သေကုန်ကြပါစေ"

"မင်းကို ပြောလိုက်ရင် ငါတို့ အဆင့်က ကျကုန်မှာပေါ့..မင်းကမှ မပါးနပ်တာ၊ သူများကို အပြစ်မတင်နဲ့။"

"ဟားဟား... ငါကတော့ အောက်ဆုံးကနေ ရေတွက်ရင် အဆင့် ၅၁ မှာဗျ။ သေတ္တာ ရှာမတွေ့လို့ စိတ်ပေါက်ပေါက်နဲ့ သစ်ပင်တွေ လိုက်ခုတ်နေရင်း အစိမ်းရောင်အဆင့် သစ်သားတွေ တွေ့သွားတာ ဟားဟား"

"ငါ့ဘဝရဲ့ နောက်ဆုံး ၁၀ မိနစ်မှာ ရင်ထဲကစကား တစ်ခုလောက် ပြောချင်တယ်၊ ငါ့မှာ xxx ဆိုတဲ့ ရည်းစားလေး တစ်ယောက်ရှိတယ်။ သူမက ဆံပင်အနက်ရောင်လေးနဲ့ မျက်လုံးဝိုင်းဝိုင်းလေးနဲ့ပါ။ သူမက ငါ့ဘဝရဲ့ တစ်ဦးတည်းသော မိန်းကလေးပဲ။ အကယ်၍ တစ်ယောက်ယောက် သူမနဲ့တွေ့ရင် ငါ့ရဲ့ နောက်ဆုံးစကားလေးကို ပြောပေးပါ 'သွားသေလိုက်တော့၊ ငါ မင်းကို ဆက်ပြီး အလုပ်အကျွေး မပြုနိုင်တော့ဘူး' လို့"

"ဟားဟား... အပေါ်ကလူသာ အောက်ဆုံးက အဆင့် ၅၀ ထဲ ပါနေရင် ငါ အိုရီယို တစ်ထုပ်လုံးကို Iive လွှင့် ပြီး အကုန်စားပြမယ်"

ဒေသတွင်း ဆက်သွယ်ရေးလိုင်းတွင် ပျော်ရွှင်မှု၊ ဝမ်းနည်းမှုနှင့် နာကျည်းမှုများ ရောပြွမ်းနေသည်။

အထူးသဖြင့် နောက်ဆုံး အဆင့် ၅၀ အတွင်းရှိသူများသည် ရူးသွပ်စွာ ပေါက်ကွဲနေကြသည်။

သို့သော် ၁၀ မိနစ် ပြည့်သွားသောအခါ ထိုနာကျည်းသံများမှာ ရုတ်တရက် ရပ်တန့်သွားတော့သည်။

"သူတို့... သူတို့တွေ အကုန် သေကုန်ပြီလား"

"သူတို့တွေ စကားပြောတာ ရုတ်တရက် ရပ်သွားတာပဲ၊ သူတို့ ဘယ်လို သေသွားတာလဲ"

"ဒါ... ဒါက ကြောက်စရာကြီးပဲ၊ နောက်ကျလည်း အောက်ဆုံးကလူတွေကို ဖယ်ရှားဦးမှာလား"

"ငါတော့ လူစွမ်းကောင်းကြီးတွေကိုပဲ ကပ်တွယ်ထားတော့မယ်။ ရွှီရှင်းနဲ့ ကျိချောင်းယန်၊ မင်းတို့ ခြေထောက်ကို ဖက်ထားမယ့်လူ လိုလား"

ထိုအချိန်တွင် လျှို့ဝှက်ဆန်းပြားသော အသံမှာ တစ်ဖန် ထွက်ပေါ်လာသည်။

[ယခု အဆင့် ၁၀၀ အတွင်းရှိသူများအတွက် ဆုလာဘ်များကို ကြေညာပါမည်]

[ပထမအဆင့်: ခရမ်းရောင်အဆင့် သီးသန့်ကိရိယာ တစ်ခု]

[ဒုတိယမှ ဒသမအဆင့်အထိ: အပြာရောင်အဆင့် သီးသန့်ကိရိယာ တစ်ခု]

[၁၁ ဆင့်မှ အဆင့် ၁၀၀ အထိ: အစိမ်းရောင်အဆင့် သီးသန့်ကိရိယာ တစ်ခု]

[အခြား ရှင်ကျန်သူများ လည်း အဆင့် ၁၀၀ အတွင်း ဝင်နိုင်အောင် ဆက်လက် ကြိုးစားကြပါ။]

[ဤအစီအစဉ်ကို အောင်မြင်စွာ အဆုံးသတ်လိုက်ပါပြီ။ ရှင်ကျန်သူများ အနေဖြင့် မနက်ဖြန်တွင် တစ်ရက် အနားယူခွင့်ရမည်ဖြစ်ပြီး၊ သန်ဘက်ခါတွင် အစီအစဉ်အသစ် စတင်ပါမည်။ ကျေးဇူးပြု၍ စောင့်မျှော်ပေးကြပါ။]

ခရမ်းရောင်အဆင့် သီးသန့်ကိရိယာ။

ရွှီရှင်း၏ မျက်လုံးများ တောက်ပသွားသည်။ ခရမ်းရောင်အဆင့် ကိရိယာအကြောင်း ကြားလိုက်ရသဖြင့် မနက်ဖြန် အနားယူရမည်ဆိုသည့် သတင်းကောင်းကိုပင် သူ အလိုအလျောက် ကျော်သွားမိသည်။

ဘယ်မှာလဲ။

ရွှီရှင်းသည် အဆင့်သတ်မှတ်ချက် အပိုင်းသို့ ပြန်သွားရာ သူ၏အဆင့် ဘေးတွင် ဆုလာဘ်ရယူရန် ဆိုသည့် ခလုတ်လေး ပေါ်နေသည်ကို တွေ့ရသည်။

သူသည် စိတ်လှုပ်ရှားစွာဖြင့် ၎င်းကို နှိပ်လိုက်သည်။

ခရမ်းရောင် အလင်းလုံးတစ်ခု သူ့ရှေ့တွင် ပေါ်လာပြီး သူသည် ထိုအလင်းလုံးထဲသို့ လက်နှိုက်ကာ အတွင်းက ပစ္စည်းကို ဆွဲထုတ်လိုက်သည်။

"ဒါက... နာရီတစ်လုံးလား"

ရွှီရှင်းသည် လက်ထဲက ပစ္စည်းကို ကြည့်လိုက်ရာ အမှန်ပင် ငွေရောင်လက်ပတ်နာရီ တစ်လုံး ဖြစ်နေသည်။

လက်ရာမှာ အလွန်စေ့စပ်သေချာပြီး ကမ္ဘာကျော် လက်ပတ်နာရီ တစ်လုံးနှင့် ဆင်တူလှသည်။

[စက်မှုသစ်ပင်အိမ်နာရီ (ခရမ်းရောင်အဆင့်): စက်မှုနာရီတစ်လုံး၏ ဂုဏ်သတ္တိများ အားလုံး ပါရှိသည်။ လက်လှုပ်ရှားမှုဖြင့် အားဖြည့်ပေးရပြီး၊ သစ်ပင်အိမ်အတွင်းရှိ ဖန်သားပြင်၏ စွမ်းဆောင်ချက်များ အားလုံး ပါဝင်သည်။ သစ်ပင်အိမ်၏ ကာကွယ်ရေးနယ်မြေအတွင်း၌ အသုံးပြုနိုင်သည်။ နာရီမျက်နှာပြင်မှာ အလွန်မာကျောသဖြင့် အရေးပေါ်အချိန်တွင် ဓားဖြင့် ခုတ်ခြင်းကိုပင် ကာကွယ်နိုင်သည်]

"...."

အညွှန်းကို ဖတ်ပြီးနောက် ရွှီရှင်း မှင်တက်သွားသည်။

သစ်ပင်အိမ် ဖန်သားပြင်ရဲ့ စွမ်းဆောင်ချက်တွေ အကုန်ပါတာလား။

လက်ရှိ ဖန်သားပြင်တွင် လုပ်ဆောင်ချက် ၄ မျိုး ရှိသည်။

အခြားသူများနှင့် ဆက်သွယ်ခြင်း၊ အရောင်းအဝယ် ပြုလုပ်ခြင်း၊ ကုန်ကြမ်းများကို ဖန်တီးခြင်းနှင့် အဆင့်သတ်မှတ်ချက်များ ကြည့်ရှုခြင်း တို့ဖြစ်သည်။

ဤနာရီရှိလျှင် ရွှီရှင်းသည် သစ်ပင်အိမ်ထဲတွင် မရှိသည့်တိုင်အောင် သစ်ပင်အိမ်ထဲ၌သာ လုပ်ဆောင်နိုင်သည့် အလုပ်များကို လုပ်ဆောင်နိုင်တော့မည် ဖြစ်သည်။

၎င်းမှာ သယ်ဆောင်သွား၍ရသော သစ်ပင်အိမ် အသေးစားလေး တစ်ခုနှင့် တူလှသည်။

၎င်းကို အသုံးပြု၍ အခြားနေရာများတွင်လည်း အခြေစိုက်စခန်းငယ်လေးများပင် တည်ဆောက်နိုင်ပေလိမ့်မည်။

"ဒီနာရီက တကယ့်ကို စွမ်းတာပဲ"

ရွှီရှင်းသည် နာရီကို သူ၏လက်ကောက်ဝတ်တွင် ချက်ချင်း ပတ်လိုက်သည်။

"ဘယ်လိုသုံးရမလဲ"

သူသည် ဘယ်ဘက်လက်ကောက်ဝတ်ရှိ နာရီကို ကြည့်လိုက်စဉ် သူ၏စိတ်ကူးအတိုင်း နာရီအထက်တွင် သေးငယ်သော ပုံရိပ်ယောင် ဖန်သားပြင်တစ်ခု ထွက်ပေါ်လာသည်။

အရွယ်အစား သေးငယ်သည်မှလွဲ၍ ရှေ့က ဖန်သားပြင်ကြီးနှင့် အတိအကျတူသည်။

ပြီးပြည့်စုံလိုက်တာ၊ တကယ်ကို အစွမ်းထက်တယ်။ ဘက်ထရီလည်း မလို၊ အားသွင်းစရာလည်း မလိုဘဲ ကိုယ်လက်လှုပ်ရှားမှုနဲ့တင် အားပြန်ပြည့်တာဆိုတော့ တကယ်ကို အဆင်ပြေပါတယ်။

ရွှီရှင်းသည် နာရီကို တစိမ့်စိမ့် ကြည့် မဝနိုင်အောင် ဖြစ်နေသည်။

"အော်... ဟုတ်သားပဲ။" ရွှီရှင်းသည် သူ့တွင် ရွှေရတနာသေတ္တာ တစ်လုံး ရှိနေသေးကြောင်း ရုတ်တရက် သတိရသွားသည်။

သူသည် ကျောပိုးအိတ် ထဲမှ ရွှေရတနာသေတ္တာ ကို ထုတ်ယူကာ ငွေရတနာသေတ္တာ ၏ ညာဘက်တွင် ချထားလိုက်သည်။

သေတ္တာသုံးလုံးကို ကြေး၊ ငွေ၊ ရွှေ ဟူ၍ ဘယ်မှညာသို့ အစဉ်လိုက် စီလိုက်သောအခါ သေတ္တာပေါ်ရှိ ပုံစံများမှာ သတ္တဝါတစ်ကောင်၏ ပုံစံကို အမှန်ပင် ဖော်ဆောင်သွားတော့သည်။

ထိုပုံစံမှာ ရွှီရှင်း အစောပိုင်းက ထင်ထားခဲ့သည့် ဒဏ္ဍာရီလာ သတ္တဝါ ချီလင် မဟုတ်ချေ။

အသေအချာ စုစည်းကြည့်လိုက်သောအခါ ထိုသတ္တဝါမှာ ချီလင် နှင့် ရှေးဟောင်းပုံပြင်များထဲက နတ်မင်းကြီးများ စီးသည့် ဆစ်ပုရှန့် ကြည့်ရသည်မှာ ဘာနှင့်မှမတူသော သတ္တဝါ နှင့် ဆင်တူနေသည်။

နဂါးလည်း မဟုတ်၊ ကျားလည်း မဟုတ်၊ ခွေးလည်း မဟုတ်၊ သမင်လည်း မဟုတ်သော်လည်း တကယ့်ကို ခန့်ညားထည်ဝါလှသော သတ္တဝါကြီးတစ်ကောင် ဖြစ်သည်။

ရွှီရှင်းက အနီးကပ် စစ်ဆေးနေစဉ်မှာပင် ထိုပုံစံကြီးမှာ ရုတ်တရက် လင်းလက်လာပြီး ဖြူဖွေးသော အလင်းတန်းများ ထွက်ပေါ်လာသည်။

"ဘာဖြစ်တာလဲ" ရွှီရှင်း လန့်သွားသဖြင့် အနောက်သို့ ခုန်ဆုတ်လိုက်မိသည်။

သေတ္တာသုံးလုံးမှာ ခွဲသွားပြီးနောက် ရုတ်တရက် ပျောက်ကွယ်သွားကာ အဖြူရောင် အလင်းလုံးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။

ဤအလင်းလုံးမှာ ရွှီရှင်းအတွက် အလွန်ရင်းနှီးနေပြီဖြစ်သဖြင့် ဘာဖြစ်နေမှန်းပင် မစဉ်းစားတော့ဘဲ ဗီဇအရ လက်ဖြင့် လှမ်းဖမ်းလိုက်သည်။

ရွှီရှင်း၏ လက်ထဲသို့ ကတ်ပြားတစ်ခု ရောက်ရှိလာသည်။

[အခြေခံ စီးနင်းသတ္တဝါစာချုပ် (အစိမ်းရောင်အဆင့်): ရွှေ၊ ငွေ၊ ကြေး သေတ္တာသုံးလုံးကို စုဆောင်းမိပါက ရရှိနိုင်သော စာချုပ်ကတ်ပြားဖြစ်သည်။ အလေးချိန် ၁၀၀ ကီလိုဂရမ်အထိ ရှိသော သတ္တဝါကို ယဉ်ပါးအောင် ပြုလုပ်နိုင်သည်။]

[ရှင်ကျန်သူ သည် သေတ္တာသုံးမျိုးလုံးကို ပထမဆုံး စုဆောင်းနိုင်သူ ဖြစ်သဖြင့် အခြေခံ စီးနင်းသတ္တဝါစာချုပ် (အစိမ်းရောင်အဆင့်) ကို အလယ်အလတ် စီးနင်းသတ္တဝါစာချုပ် (အပြာရောင်အဆင့်) သို့ အဆင့်မြှင့်တင်ပေးလိုက်ပါသည်။]

[အလယ်အလတ် စီးနင်းသတ္တဝါစာချုပ်] (အပြာရောင်အဆင့်): အလေးချိန် ၃၀၀ ကီလိုဂရမ်အထိ ရှိသော သတ္တဝါကို ယဉ်ပါးအောင် ပြုလုပ်နိုင်သည်။ စာချုပ်မချုပ်မီ သတ္တဝါတွင် ရရှိထားသော ဒဏ်ရာအားလုံးကို ကုသပေးနိုင်သည်။]

ဒါက တကယ့်ကို လိုနေတဲ့အချိန်မှာ ရလာတာပဲ။

အပြန်လမ်းမှာ ရွှီရှင်းအနေနဲ့ လိမ်မာတဲ့ စီးနင်းသတ္တဝါ တစ်ကောင်ကို ဘယ်လိုရမလဲလို့ တွေးနေခဲ့တာပါ။

အခုတော့ စာချုပ် ရလာပြီပေါ့။

မနက်ဖြန် အနားယူရမယ်လို့ ခုနက အသံက ပြောသွားတယ် မဟုတ်လား။ ဒါဆိုရင် မနက်ဖြန်ကျမှ အနောက်မြောက်ဘက် တောင်ကုန်းတွေဆီ သွားပြီး တစ်ကောင်လောက် ရှာလာရမလား။

နှမြောစရာကောင်းတာက သေတ္တာသုံးလုံး ပျောက်သွားတာပါပဲ။

ရွှီရှင်းက အဲဒီသေတ္တာတွေကို တစ်နေ့ကျရင် ရွှေ၊ ငွေ၊ ကြေး ကုန်ကြမ်းတွေအဖြစ် အရည်ကျိုသုံးဖို့ စိတ်ကူးထားခဲ့တာပါ။

အော်... ဟုတ်သားပဲ၊ အခုဆိုရင် သံချပ်ကာတွေနဲ့ သံလက်နက်တွေကို လုပ်လို့ရပြီမလား။

ရွှီရှင်းသည် လက်နက်နှင့် ချပ်ဝတ်တန်ဆာ ဖန်တီးရာနေရာသို့ အမြန်သွားကာ စာရင်းကို ဖွင့်ကြည့်လိုက်သည်။

လက်နက်အပိုင်းတွင် သံလက်နက်အသစ်များစွာ ပေါ်နေသည်။

[ သံ လေး (အစိမ်းရောင်အဆင့်): လေးကိုင်းတွင် သံချောင်းများ ထည့်သွင်းထားသဖြင့် အကွာအဝေးနှင့် အင်အားကို များစွာ တိုးမြှင့်ပေးသည်။ သို့သော် ကျွမ်းကျင်မှုနှင့် ခွန်အား အများကြီး လိုအပ်သဖြင့် အစပြုသူများအတွက် အသုံးမပြုရန် အကြံပြုသည်။ လိုအပ်ချက်: အစိမ်းရောင် သစ်သား ၅ ခု၊ သံတုံး ၂ ခု၊ သားရဲ အကြော ၁ ခု]

[ မြှားသေနတ် Crossbow (အစိမ်းရောင်အဆင့်): လေးကိုင်းတွင် လက်ကိုင်ပါရှိသဖြင့် ပစ်မှတ်တည့်မတ်မှုနှင့် အကွာအဝေးကို တိုးမြှင့်ပေးသည်။ အသုံးပြုရ လွယ်ကူသော်လည်း မြှားတစ်စင်းချင်း တင်ရသဖြင့် ပစ်ခတ်မှုနှုန်း နှေးသည်။ လိုအပ်ချက်: အစိမ်းရောင် သစ်သား ၅ ခု၊ သံတုံး ၂ ခု၊ သားရဲ အကြော ၁ ခု]

[ သံဦးစွပ်လှံ (အစိမ်းရောင်အဆင့်): သားရဲများကို တိုက်ခိုက်ရန် အကောင်းဆုံး လက်နက်ဖြစ်သည်။ သံဦးစွပ်က သားရဲများ၏ အရေခွံကို လွယ်ကူစွာ ဖောက်ထွင်းနိုင်သည်။ လိုအပ်ချက်: အစိမ်းရောင် သစ်သား ၅ ခု၊ သံတုံး ၂ ခု]

ထို့အပြင် ဓားရှည်၊ ဓားမြှောင် အစရှိသည်တို့လည်း ပါဝင်သည်။

သို့သော် ရွှီရှင်း၏ အာရုံမှာ မြှားသေနတ် ဆီသို့သာ ရောက်ရှိသွားသည်။

ဒါဟာ လေးကို တစ်ခါမှ မသုံးဖူးတဲ့ သူ့အတွက်တော့ အကောင်းဆုံး အဝေးပစ်လက်နက် ဖြစ်မှာ သေချာ၏

---

အခန်း (၄၂) ပြီး..

All Chapters