← Chapters

နောက်ပြန်ဆွဲထားခြင်း

Vol. 4 Ch. 47

နောက်ပြန်ဆွဲထားခြင်း

Vol. 4 Ch. 47

အရှင်မင်းကြီးနှင့် မိဖုရားခေါင်တို့သည် ကျောင်းဖန်နန်းဆောင်သို့ အတူတကွ သွားခဲ့ကြလေသည်။

လီဟောက်၏ ပြန်လည်ကောင်းမွန်လာသည့် အခြေအနေကတော့ ဒုတိယမင်းသားလောက် မကောင်းသည်မှာ သိသာသည်။ သူ့လမ်းလျှောက်ပုံမှာ သိပ်ပြီး အဆင်မပြေလှသေးချေ။

တစ်ကြောင်းမှာ လီဟောက်သည် ပိုပြင်းထန်သည့် ဒဏ်ရာကို ခံစားခဲ့ရ၏။ ဒုတိယတစ်ကြောင်းမှာ သမားတော်ကျိုးယွမ်သည် ပြင်ပဒဏ်ရာများကို ကုသရာတွင် ကျွမ်းကျင်သူတစ်ယောက် ဖြစ်၏။ ယှဉ်ကြည့်လျှင်တော့ နန်းတွင်း သမားတော်ဝူက အများကြီး နိမ့်ကျနေသေးသည်။

ပိုအရေးကြီးသည်မှာ ဒုတိယမင်းသားသည် နန်းတော်အတွင်းတွင်သာ တံခါးပိတ်နေကာ ဒဏ်ရာကို ကုသနေခဲ့ပြီး အပြင်လူများကို မတွေ့ခဲ့ချေ။ ချောင်မိဖုရားခေါင်သည်လဲ ၃ ရက် တစ်ကြိမ်လောက်သာ သွားရောက်လည်ပတ်ခဲ့သည်။

စူးကျောင်းရုံကတော့ နေ့တိုင်း ကျင့်ရန်နန်းဆောင်သို့ ရောက်လာတတ်ပြီး သားဖြစ်သူ၏ ဘေးတွင် ငိုကြွေးကာ မျက်ရည်သုတ်ပြီး စကားများစွာ ပြောဆိုနေတတ်သည်။ လီဟောက်မှာ စိတ်များ မကြည်မလင်ဖြစ်နေကာ စိတ်ဓာတ်ကျလာပြီး ဒဏ်ရာကို အေးအေးချမ်းချမ်းကုသဖို့ရန် ဘယ်မှာ အချိန်ရှိပါမည်နည်း။

ယုံးကျားဧကရာဇ်သည် မျက်နှာ ညိုမဲကာ ပိန်လှီသွားသည့် လီဟောက်ကို မြင်လိုက်ရသည့် အချိန်တွင် သူ့မျက်နှာမှာ ရုတ်တရက်ဆိုသလို ညိုးငယ်သွားတော့၏။ “ဒါက ဘယ်လိုဖြစ်တာလဲ။ မင်းရဲ့ ဒုတိယအစ်ကို ဒဏ်ရာတောင်မှ တော်တော်လေး ကောင်းသွားပြီ။ မင်းကျမှ ဘာဖြစ်လို့ ဒီလောက် လေးတိလေးကန် ဖြစ်နေသေးတာလဲ။ ဘယ်သမားတော်က မင်းကို လာပြီးတော့ ကုသပေးတာလဲ။ သူ့ရဲ့ အပြစ်အတွက် ငါ သူ့ကို အပြစ်ပေးမှ ဖြစ်တော့မယ်!”

လီဟောက်သည် စိတ်ကိုတင်းထားကာ သမားတော်ဝူအတွက် ကြားဝင်တောင်းပန်ပေးတော့သည်။ “ဖုဟွမ် ကျေးဇူးပြုပြီးတော့ စိတ်လျှော့တော်မူပါ။ သမားတော်ဝူကလဲ အာချန်ကို အကောင်းဆုံး ကုသပေးခဲ့ပါတယ်။ အတွေးလွန်ပြီး စိတ်အခြေအနေ ဆိုးရွားနေတာက အာချန်ရဲ့ အမှားပါ”

“ကျေးဇူးပြုပြီးတော့ သမားတော်ဝူကို အပြစ်မတင်ပါနဲ့”

သူ့ဘေးနားတွင် ရှိနေသည့် စူးကျောင်းရုံသည် နီရဲနေသည့် မျက်လုံးများဖြင့် တောင်းပန်လေတော့သည်။ “အရှင်မင်းကြီး တော်ဝင်‌ဆေးဌာနထဲမှာ ပြင်ပဒဏ်ရာကုသရာမှာ အကျွမ်းကျင်ဆုံးက သမားတော်ကျိုးပါ။ အခု ဒုတိယမင်းသားရဲ့ ဒဏ်ရာလဲ ပျောက်ကင်းသွားပြီဆိုတော့ သမားတော်ကျိုးကို အားဟောက်ကို လာပြီး ကုသပေးဖို့ အရှင်မင်းကြီးထံမှာ တောင်းဆိုပါတယ်။ ကျေးဇူးပြုပြီးတော့ ဒီတောင်းဆိုချက်ကို ဖြည့်ဆည်းပေးပါ!”

ချောင်မိဖုရားခေါင် “...”

လီဟောက် “...”

ချောင်မိဖုရားခေါင်သည် စိတ်ထဲတွင် ဒေါသထွက်သွားတော့သည်။ စူးကျောင်းရုံက ထိုစကားကို ယုံးကျားဧကရာဇ်၏ ရှေ့တွင် ပြောလိုက်သည်ဖြစ်ရာ မိဖုရားခေါင်သည် သူမ၏ သားအရင်းကိုသာ မျက်နှာသာပေးသည်ဟု စွပ်စွဲနေသည်နှင့် မခြားပေ။

ဟုတ်ပါသည်။ ဒါကလဲ အမှန်ပင်ဖြစ်၏။

လူတိုင်းတွင် ကိုယ်ပိုင်အတ္တများ ရှိကြပေသည်။ သူမ၏ သားအရင်းကို မျက်နှာလိုက်သည်မှာလဲ ဘာမှားလေသနည်း။

လီဟောက်က အမေဖြစ်သူက ငိုယိုကာ မိဖုရားခေါင်ကို ပြစ်တင်ပြောဆိုနေသည်ကို ကြားလိုက်ရချိန်တွင် စိတ်ထဲ၌ စိုးရိမ်သွားသလို ဒေါသလဲ ထွက်သွားလေတော့သည်။

ချောင်မိဖုရားခေါင်က မိမိကိုယ်တိုင် ဤအငယ်အ‌နှောင်းမယားမှ မွေးသည့် မင်းသားကို လာရောက်ကြည့်ရှုသည့်အတွက် ကျေးဇူးတင်သင့်ပေသည်။ စူးကျောင်းရုံကတော့ စကားတစ်ခွန်းထဲနှင့် ချောင်မိဖုရားခေါင်ကို အပြီးတိုင် ပြစ်မှားမိလေတော့၏။

ယုံးကျားဧကရာဇ်ကပင် ထိုစကားကို ကြားလိုက်ရချိန်တွင် မရွှင်မပျဖြစ်သွားကာ သူ့မျက်နှာမှာလဲ ညိုမှောင်သွားတော့၏။

စူးကျောင်းရုံက အရာအားလုံးကို လျစ်လျူရှုထားလိုက်ပြီး မျက်လုံးထဲတွင် မျက်ရည်စက်လက်ဖြင့် ယုံးကျားဧကရာဇ်ကို ကြည့်နေလေသည်။ “အရှင်မင်းကြီး သဘောတူပေးဖို့ တောင်းဆိုပါတယ်”

ချောင်မိဖုရားခေါင်၏ ရင်မှာ တဒုန်းဒုန်းခုန်လာပြီး သူမ၏ ဒေါသမှာလဲ ပွတက်လာတော့သည်။

လီဟောက်က အခြေအနေကို ဖြန်ဖြေဖို့ရန် မြန်မြန်ဝင်ပြောလိုက်ရတော့၏။ “အာချန် အထင်တော့ သမားတော်ဝူကလဲ အရမ်းကောင်းပါတယ်။ သမားတော်ကျိုးကို ထပ်ပြီးတော့ ဒုက္ခပေးဖို့ မလိုပါဘူး”

စူးကျောင်းရုံမှာ အံ့အားသင့်သွားကာ ရုတ်တရက် ခေါင်းလှည့်ကြည့်လိုက်တော့သည်။ “အားဟောက်...”

လီဟောက်က စူးကျောင်းရုံကို သေသေချာချာလေး တစ်ချက်လောက် စိုက်ကြည့်လိုက်၏။

စူးကျောင်းရုံသည် ဝမ်းနည်းစွာဖြင့် သူမ၏ ကျန်ရှိနေသည့် စကားလုံးများကို မျိုချထားလိုက်တော့သည်။

စူးကျောင်းရုံက ပါးစပ်ပိတ်လိုက်သည်နှင့်ချက်ချင်း ချောင်မိဖုရားခေါင်၏ မျက်နှာမှာ အများကြီး ပျော့ပျောင်းသွားကာ သူမက နွေးထွေးနေသည့် လေသံဖြင့် လီဟောက်ကို ပြောလိုက်သည်။ “စူးကျောင်းရုံက နည်းနည်းလေး မဆင်မခြင်ဖြစ်သွားပေမဲ့ သူကလဲ မင်းအတွက် စိုးရိမ်နေလို့ပါ။ အမေတွေက အတူတူပါပဲ။ ပန်ကုံးက စိတ်ထဲမှာ မထားပါဘူး”

လီဟောက်သည် မျက်နှာပေါ်တွင် ကျေးဇူးတင်သွားသည့်ရုပ်ကို ပြသလိုက်ပြီး “မူဟုပ်ရဲ့ သဘောထားကြီးမြတ်မှုက နန်းတော်အတွင်းနဲ့ အပြင် ဘယ်သူမှ မယှဉ်နိုင်ပါဘူး”

ချောင်မိဖုရားခေါင်က သူမ၏ နှုတ်ခမ်းထောင့်လေးကို ကွေးတင်ထားလိုက်၏။ သူမသည် စိတ်ထဲတွင် ကြိတ်ပြီး စဉ်းစားလိုက်တော့သည်။ တကယ်လို့ ငါသာ သဘောထားမကြီးဘူးဆိုရင် အနောက်နန်းဆောင်ထဲက မိဖုရားငယ်တွေကို ဘယ်လိုလုပ်ပြီးတော့ အုပ်ချုပ်နိုင်မှာလဲ။ ဒီတစ်ယောက်ချင်းစီမှာ လွယ်ကူတဲ့သူ တစ်ယောက်မှ မပါဘူး။

ယုံးကျားဧကရာဇ်သည် သားဖြစ်သူက အလွန်ယဉ်ကျေးကာ သိတတ်သည်ကို တွေ့လိုက်ရသည်တွင် မပျော်ရွှင်သွားသည့် အရိပ်အယောင်မှာ ပျောက်ကွယ်သွားတော့၏။ “မင်းက သမားတော်ဝူကို အဲလောက် ယုံကြည်ထားတယ်ဆိုမှတော့ သမားတော်ဝူကိုပဲ ဆက်ပြီးတော့ စောင့်ရှောက်ခိုင်းလိုက်ပါ။ ငါ မင်းကို နောက်ထပ် ၅ ရက် အချိန်ပေးမယ်။ တကယ်လို့ မင်း ပြန်မသက်သာလာဘူးဆိုရင်တော့ မင်းကို ခွင့်လွှတ်မှာ မဟုတ်တော့ဘူး”

သူက ခဏလောက် ရပ်တန့်လိုက်ပြီးမှ ဆက်ပြောလာသည်။ “ငါ ဒီနေ့ မင်းကို လာတွေ့တာ မင်းကိုလဲ မေးချင်လို့။ ဒီလောက် ရက်ပေါင်းများစွာ ကိုယ့်ဟာကိုယ် ပြန်စဉ်းစားလာပြီးပြီဆိုတော့ မင်း ဘာမှားသွားတယ်ဆိုတာ သိပြီလား”

လီဟောက်၏ သူ့အမှားအပေါ် ဝန်ခံသည့် သဘောထားကတော့ ဒုတိယမင်းသားထက် အများကြီး ပိုပြီး ရိုးသားပေသည်။ “ဖုဟွမ် အာချန် အမှားကို သိပါပြီ။ အာ့ကောက ဘာပဲပြောလာပါစေ။ ညီတစ်ယောက်အနေနဲ့ အာ့ကောအပေါ်ကို ဘာမှ မလုပ်သင့်ပါဘူး”

“အာချန် အဲဒီနေ့က အရမ်းဒေါသထွက်သွားပြီး ဒေါသကြောင့် ခဏတာ မှောင်မိုက်သွားခဲ့တာပါ။ ဒီရက်ပိုင်း တံခါးပိတ်ပြီး သေသေချာချာလေး ပြန်သုံးသပ်ပြီးသွားပါပြီ။ ဒီကိစ္စကို စဉ်းစားလေလေ ပိုပြီးတော့ ရှက်ရွံ့မိလေလေပါပဲ”

“ဖုဟွမ် စိတ်ချပါ။ ဒါက ပထမဦးဆုံးအကြိမ်နဲ့ နောက်ဆုံးအကြိမ်ပါ။ နောက်ဆိုရင် အာချန် အစ်ကိုတော်တွေကို ထပ်ပြီး လက်မပါတော့ပါဘူး”

ဒါကမှ ပိုပြီး နားထောင်လို့ ကောင်းသေးတယ်။

ယုံးကျားဧကရာဇ်သည် တော်တော်လေး ကျေနပ်သွားတော့သည်။ “မင်း သေသေချာချာလေး စဉ်းစားပြီး နားလည်သွားပြီ ဆိုတော့ ကောင်းတာပေါ့”

စူးကျောင်းရုံသည် နောက်ဆုံးတော့ စကားဝင်ပြောဖို့ရန် အခွင့်အရေးရသွားတော့၏။ “အရှင်မင်းကြီး အားဟောက်ရဲ့ ကျန်းမာရေးက ပိုကောင်းသွားပြီဆိုတော့ သူ့ကို ညီလာခံထဲမှာ တက်ရောက်ခွင့် ပေးလိုက်ပါတော့လား!”

လီဟောက် “...”

ပါးစပ်ကို ပိတ်မထားနိုင်ဘူးဆိုရင်လဲ စကားလေး လျှော့ပြောလို့မရဘူးလား။

ယုံးကျားဧကရာဇ်၏ မျက်နှာမှာ မသိမသာ မဲမှောင်သွားကာ သူသည် စူးကျောင်းရုံကို လှမ်းကြည့်လိုက်လေသည်။ “မင်းက အုပ်ချုပ်ရေးအကြောင်း ဘာတစ်ခုမှ မသိဘဲနဲ့ ဘာဖြစ်လို့ ဒီအကြောင်းကို ရုတ်တရက် ထုတ်ပြောလာတာလဲ။ မဟုတ်မှ လွဲရော အားဟောက်က မင်းရှေ့မှာ ညည်းညူနေလို့လား”

စူးကျောင်းရုံသည် မည်သို့ဆိုစေ တုံးအသည့်သူတော့ မဟုတ်ချေ။ အကြိမ်ကြိမ်အခါခါ ငြင်းဆန်လေတော့သည်။ “မဟုတ်ပါဘူး။ ဒီရက်ပိုင်းအတွင်းမှာ အားဟောက်က ဘာတစ်ခွန်းမှ မပြောပါဘူး။ ညည်းညူတဲ့စကားတွေလဲ မရှိပါဘူး”

“တိုင်းပြည်မှာ အုပ်ချုပ်ရေးကိစ္စတွေ အများကြီး ရှိနေတယ်လို့ ချဲ့ စဉ်းစားမိလို့ပါ။ အရှင်မင်းကြီးက မကြာခဏဆိုသလို စစ်တပ်ကို ဦးဆောင်ပြီးတော့ စစ်တိုက်ထွက်နေရတာ။ အားဟောက်ကလဲ သူ့အဖေရဲ့ စိုးရိမ်ပူပန်မှုတွေကို ဝေမျှသင့်တာပါ”

ဒီတစ်ခါတော့ သူမရဲ့စကား မှန်သွားပါပြီ!

စူးကျောင်းရုံသည် သူမ၏ စိတ်ထဲတွင် ဝမ်းသာအားရ စဉ်းစားနေသော်ငြားလည်း သားဖြစ်သူ လီဟောက်၏ ကူကယ်ရာမဲ့သွားသည့် မျက်နှာထားကို မြင်လိုက်ရချိန်တွင် သူသည် ဆက်တိုက်ဆိုသလို မျက်ရိပ်ပြနေကာ သူမကို ပါးစပ်ပိတ်ထားဖို့ရန် အချက်ပြနေတော့၏။

စူးကျောင်းရုံမှာ တအံ့တဩဖြစ်သွား‌လေတော့သည်။

ဒီတစ်ခါရော ဘာစကားမှားသွားလို့လဲ။

အလုပ်ကြိုးစားလွန်းလှသည့် လီဟောက်မှာ အမေဖြစ်သူကို တစ်ဖန် ကယ်တင်ရတော့၏။ “မူချင်းက စိတ်ထားရိုးရှင်းပါတယ်။ စိတ်ထဲမှာ စဉ်းစားသမျှကိုပဲ ထုတ်ပြောနေတတ်တာပါ။ တကယ်တမ်းကျတော့ မကောင်းတဲ့ စိတ်ဆန္ဒမရှိပါဘူး။ ဖုဟွမ်နဲ့ မူဟုပ်တို့ ကျေးဇူးပြုပြီးတော့ အပြစ်မယူပါနဲ့”

ချောင်မိဖုရားခေါင်မှာ ဆက်ပြီး သီးမခံနိုင်တော့ဘဲ ပေါ့ပါးလေးနက်သည့် ပုံစံတစ်ခုဖြင့် ပြောလိုက်တော့သည်။ “အရှင်မင်းကြီးက စစ်တပ်ကို ဦးဆောင်ပြီး အပြင်မှာ ရှိနေတုန်း နန်းတော်အတွင်းက အုပ်ချုပ်ရေးကိစ္စတွေကိုလဲ ဝန်ကြီးချုပ်ချောင်တို့လို အရပ်ဖက် အရာရှိတွေကို တာဝန်ပေးအပ်ထားပါတယ်။ ပြီးခဲ့ ၆ လအတွင်းမှာ ဝန်ကြီးချုပ်ချောင်ကလဲ အလုပ်ကြိုးစားခဲ့ပြီး နန်းတွင်းရေးရာကိစ္စတွေမှာ စိတ်ရောကိုယ်ပါ နစ်ပြီး လုပ်ဆောင်ခဲ့လို့ ၂ ကြိမ်တောင် နေမကောင်းဖြစ်ခဲ့သေးတယ်”

“တကယ်လို့ အရှင်မင်းကြီးက ဝန်ကြီးချုပ်ချောင်နဲ့ တခြား အရပ်ဖက်အရာရှိတွေကို ယုံကြည်လို့မရဘဲ နောက်ပိုင်း စစ်တိုက်ထွက်ရအုံးမယ်ဆိုရင်လဲ နန်းတွင်းထဲမှာ ဒုတိယမင်းသားကို ထားခဲ့လိုက်ရုံနဲ့လဲ လုံလောက်ပါတယ်”

ကိုယ်လုပ်တော်တစ်ပါးမှ မွေးဖွားလာသည့် လီဟောက်သည် အနားသို့ လုံးဝကပ်နိုင်မည် မဟုတ်ချေ။

စူးကျောင်းရုံသည် ထိုအခါမှသာ စကားမှားသွားကြောင်း သိရှိသွားပြီး ရှက်ရွံ့စွာဖြင့် ပြုံးလိုက်လေတော့သည်။ “မိဖုရားခေါင်မယ်မယ် ပြောတာ မှန်ပါတယ်။ ချဲ့က ဘာစာအုပ်မှလဲ သိပ်မဖတ်ဖူးတော့ အသိပညာကလဲ တိမ်လွန်းပါတယ်။ မယ်မယ်က ချဲ့နဲ့ တန်းတူမထားပါနဲ့”

ချောင်မိဖုရားခေါင်ကလဲ ပေါ့ပေါ့ပါးပါး ပြုံးလိုက်တော့သည်။ “ပန်ကုံးက ဘယ်လိုလုပ်ပြီးတော့ အမြင်ကျဉ်းတဲ့ သူတစ်ယောက် ဖြစ်မှာလဲ”

သူမသည် စူးကျောင်းရုံကို လုံးဝ ဂရုမစိုက်ချေ။

ထိုအကြောင်းကို ပြောရလျှင် လီဟောက်သည် အမှန်ပင် သနားစရာ ကောင်းပေသည်။ သူသည် အလွန်တည်ငြိမ်ပြီး ဉာဏ်ရည်ထက်မြက်ပါးနပ်ပြီး လုပ်နိုင်စွမ်း ရှိသော်ငြားလည်း ဤကဲ့သို့ အမြင်ကျဉ်းကာ သဘောထားသေးသည့် မိခင်တစ်ယောက်ကို ပိုင်ဆိုင်ထားခဲ့သည်။

သူ့မိခင်သည် သူ့ကို နောက်ပြန်ဆွဲနေသူ တစ်ယောက်ပင် ဖြစ်တော့၏။

-

၂ ရက် ကြာပြီးသွားသည့်နောက်တွင်

နန်းတွင်း စာမေးပွဲရလဒ်ကို ကြေညာခဲ့ပြီးဖြစ်၏။ ကျင့်ရှီအသစ်များသည် မြင်းစီး၍ စီတန်းလှည့်လည်ကြလေသည်။ ဤသည်မှာ မြို့တော်သူ၊ မြို့တော်သားတို့ အလွန်သဘောကျသည့် ပျော်ပွဲရွှင်ပွဲတစ်ခုလဲ ဖြစ်၏။ လုမင်ဖန်းက လက်ဖက်ရည်ဆိုင်၏ ဒုတိယထပ်သီးသန့်အခန်းကို တမင် ကြိုတင်မှာယူထားလိုက်သည်။ မောင်နှမများက သီးသန့် အခန်းထဲတွင် အတူတူ ထိုင်လိုက်ကြကာ ဖရဲသီးနှင့် သွားရည်စာများကို စားသောက်ကြပြီး မွှေးပျံ့လှသည့် လက်ဖက်ရည်များကို သောက်သုံးရင်း ကျင့်ရှီအသစ် လာမည့်လမ်းကို စောင့်ဆိုင်းနေကြတော့သည်။

တစ်ခုတည်းသော နှမြောစရာကိစ္စမှာ လုမင်ယွိသည် ဒီနေ့ ရောက်မလာနိုင်ခဲ့ပေ။

“တကယ်ထူးဆန်းတယ်။ ကောင်းကောင်းမွန်မွန် ရှိနေရဲ့သားနဲ့။ မိဖုရားခေါင်က စစ်မေ့ကို နန်းတော်ထဲ ဘာလုပ်ဖို့ ခေါ်လိုက်တာလဲ” လုမင်ဟွားသည် အနည်းငယ် နားမလည်နိုင်အောင် ဖြစ်ပြီး လေသံတိုးတိုးဖြင့် ညည်းညူလိုက်လေသည်။

လုမင်ဖန်းကလဲ လုမင်ယွိကို ချောင်မိဖုရားခေါင်က နန်းတော်သို့ ဝင်ရန် ဆင့်ခေါ်ခဲ့သည့် အကြောင်း ယခုအချိန်မှ သိလိုက်ရသည်ဖြစ်ကာ သူမကလဲ ထိုအကြောင်းကို စဉ်းစားလိုက်ပြီးမှ ပြောလိုက်၏။ “ဖြစ်နိုင်တာက မိဖုရားခေါင်ကလဲ စစ်မေ့ကို ကိုယ်တိုင်မေးချင်လို့ ဖြစ်မှာပေါ့။ တကယ်ပဲ အိမ်ပါသားမက် ခေါ်ယူမှာလားလို့လေ”

လုမင်ယွဲ့က ခပ်တိုးတိုးလေး ပြောလိုက်လေသည်။ “မိဖုရားခေါင်က တကယ်ပဲ အပိုအလုပ် လုပ်နေတာပဲ”

မဟုတ်လို့လား။

လုမင်ယွိက အိမ်ပါသားမက်ခေါ်ချင်တာ ချောင်မိဖုရားခေါင်နဲ့ ဘာဆိုင်လို့တုန်း။

သို့သော်ငြား ဤအကြောင်းအရင်းကလွဲလျှင် အားလုံးသည် ဒုတိယဖြစ်နိုင်ခြေကို အမှန်ပင် မစဉ်းစားမိခဲ့ကြပေ။

လုရွှမ်းကတော့ ဝံ့ကြွားစွာဖြင့် ခေါင်းခါလိုက်ကာ “စစ်ကျဲရဲ့ အရည်အချင်းနဲ့ စိတ်နေသဘောထားဆိုရင် ဘယ်သူကမှ သူ့ကို မစနိုင်ပါဘူး။ သူ နန်းတော်ထဲ ဝင်သွားတယ်ဆိုရင်တောင် ဘယ်သူမှ သူ့ကို ရန်စရဲမှာ မဟုတ်ဘူး”

ဒါကလဲ အဓိပ္ပာယ်ရှိတာပဲ။

လုမင်ဟွားနှင့် လုမင်ယွဲ့တို့သည် တစ်ပြိုင်တဲ ခေါင်းငြိမ့်လိုက်ကြလေတော့သည်။

...

All Chapters