← Chapters

ထိပ်တိုက်တွေ့ဆုံခြင်း

Vol. 4 Ch. 55

ထိပ်တိုက်တွေ့ဆုံခြင်း

Vol. 4 Ch. 55

စူးကျောင်းရုံ၏အဆင့်အတန်းသည် နန်းတော်ထဲတွင် မထင်ရှားလှပေ။ အခါအားလျော်စွာ အနည်းငယ် မထီမဲ့မြင်ပြုခြင်းကိုလည်း ခံရတတ်သည်။ နောင်တချိန်တွင် မယ်တော်ကြီးဖြစ်လာမည့် ဂုဏ်သိက္ခာနှင့် ထည်ဝါမှုတို့နှင့် အလှမ်းဝေးလှပေသည်။

ယခုအချိန်တွင် ဇီထန်သည်လည်း ယခင်ဘဝကကဲ့သို့ ထောင်လွှားမောက်မာဝင့်ကြွားသည့်အကျင့် မွေးမြူထားခြင်း မရှိသေးချေ။

လုမင်ယွိ၏ မျက်နှာထားသည် အနည်းငယ် တင်းမာနေပြီး စူးကျောက်ရုံအကြောင်း ပြောသည့်အခါတွင် ဂုဏ်ပုဒ်ကို မသုံးသည့်အပြင် ရိုသေလေးစားမှုလည်း မရှိရာ ဇီထန်သည် တစ်ခွန်းမှပင် မဟဝင့်ချေ။ ခဏအကြာတွင် လုမင်ယွိသည် ခြေလှမ်းကျဲများဖြင့် ယိယွားနန်းဆောင်၏ ဘေးနန်းဆောင်အတွင်းသို့ ဝင်ရောက်လာခဲ့သည်။

လှပနုနယ်လွန်းလှသည့် စူးကျောင်းရုံသည် မကြာသေးမှီက စိုးရိမ်ပူပန်မှု လွန်ကဲနေသဖြင့် အလွန်အမင်း ပိန်လှီသွားကာ မျက်နှာသည်လည်း အတော်ပင် ညှိုးငယ်လို့နေသည်။ ဒီနေ့တွင် ကျက်သရေရှိရှိ အစိမ်းဖျော့ရောင် နန်းတွင်းဝတ်စုံကို ဝတ်ဆင်ထားပြီး ဝတ်ရုံ၏အလေးချိန်ကိုပင် မနိုင်နင်းတော့သကဲ့သို့ နုနယ်ပျော့ပျောင်းကာ ဆွဲဆောင်မှုတစ်မျိုးဖြစ်နေသည်။

သူမမျက်နှာကို မြင်လိုက်ရသည်နှင့် ယခင်ဘဝက မှတ်ဉာဏ်ဟောင်းများသည် လှိုင်းလုံးများကဲ့သို့ ရင်ထဲသို့ တိုးဝင်လာတော့သည်။

လုမင်ယွိ၏ စိတ်အခြေအနေမှာ မူလကတည်းက မွန်းကြပ်နေပြီသားဖြစ်ရာ ယခုအချိန်တွင် ပိုလို့ပင်ဆိုးရွားလာပြီး ဟန်ဆောင်ဖို့ရန်ပင် စိတ်မရှိတော့ချေ။

သူမသည် စူးကျောင်းရုံအနားသို့ လျှောက်သွားလိုက်ပြီး အရိုအသေလဲ မပြုလိုက်ပေ။အကွာအဝေးက မဝေးလွန်း မနီးလွန်းဖြစ်နေပြီး စူးကျောင်းရုံကို ရုတ်တရက် ကန်ထုတ်ပစ်ဖို့ရန် လုံလောက်သည့်အကွာအဝေးတစ်ခု ဖြစ်နေ၏။

စူးကျောင်းရုံသည်လည်း လုမင်ယွိ၏ အရည်အချင်းကို ကောင်းကောင်း သိထားမိနေသဖြင့် အမှတ်တမဲ့ နောက်သို့ခြေတစ်လှမ်း ဆုတ်သွားပြီး သူမ၏မျက်လုံးများကလဲ သတိအနေအထား ဖြစ်သွားတော့သည်။

ဇီထန် "..."

သခင်မက ဘယ်လောက်ပဲ အခြေအနေဆိုးဝါးပါစေ သူက အနောက်နန်းဆောင်ထဲက ကြင်ရာတော်တစ်ပါးပဲလေ။ ဘယ်လိုလုပ်ပြီးတော့ အပျိုဆောင်ထဲက မိန်းကလေးတစ်ယောက်ကို ဒီလောက်တောင် ကြောက်ရွံ့နေရတာလဲ။

စတုတ္ထသခင်မလေးလုကလဲ ဘယ်လောက်ပဲ တော်နေပါစေ စူးကျောင်းရုံအပေါ် ရိုင်းစိုင်းဝံ့သတဲ့လား။

ဇီထန်သည် သခင်လိုကာကွယ်လိုစိတ် ပြင်းပြလာပြီး သည်းမခံနိုင်တော့ဘဲ ဖွင့်ပြောလိုက်တော့သည်။ "စတုတ္ထသခင်မလေးလု စူးမယ်မယ်ကို တွေ့တာတောင် ဘာဖြစ်လို့ အရိုအသေမပေးနေတာလဲ"

မျှော်လင့်မထားဘဲ စူးကျောင်းရုံက သူမကို ဆူပူငေါက်ငမ်းလာ၏။ "စကားများလွန်းတယ်! စတုတ္ထသခင်မလေးနဲ့ငါ ပြောစရာရှိတယ်။ မင်း ထွက်သွားပြီးတော့ တံခါးမှာစောင့်ပေး။ ငါ့ရဲ့ခွင့်ပြုချက်မပါဘဲနဲ့ ဘယ်သူမှ ဝင်မလာစေနဲ့"

ဇီထန်သည် ဆူပူခံလိုက်ရသဖြင့် အနည်းငယ် ဝမ်းနည်းသွားပြီး ခေါင်းငုံ့အရိုအသေပေးကာ ပြန်ထွက်သွားတော့သည်။

လုမင်ယွိနှင့် စူးကျောက်ရုံတို့သာ ဘေးနန်းဆောင်တွင် ကျန်ရစ်လေတော့သည်။

လုမင်ယွိက မျက်တောင်မခပ်ဘဲ စူးကျောင်းရုံကို စိုက်ကြည့်လိုက်သည်။ သူမ၏နှုတ်ခမ်းထောင့်တွင်လည်း သရော်လှောင်ပြောင်သည့် အရိပ်ကလေးတစ်ခု ပေါ်ထွက်လာခဲ့၏။

စူးကျောင်းရုံ၏မျက်နှာသည်လည်း စိုက်ကြည့်ခံလိုက်ရပြီးနောက် ဖြူဖျော့သွားကာ သူမ၏ကျောပြင်ပေါ်တွင် ချွေးစေးများထွက်လာပြီး သူမးနဖူးပေါ်တွင်လည်း ချွေးအေးတစ်လွှာ ဖြစ်တည်လာတော့သည်။ စူးကျောင်းရုံသည် လုမင်ယွိက သူမ၏ညာဘက်လက်သီးကို တင်းနေအောင်ဆုပ်ထားသည်ကို တွေ့လိုက်ရချိန်တွင် ဦးရေပြားများမှာ ထုံထိုင်းလာသလိုခံစားလိုက်ရကာ လွှတ်ခနဲပြောထွက်သွားတော့သည်။ "လုမင်ယွိ မင်း အဲလိုလုပ်လို့မရဘူး!"

"ဒါကနန်းတော် မင်းအားလုံးရဲ့ရှေ့မှာ နန်းတော်ထဲကိုဝင်လာတာ အားလုံးရဲ့အကြည့်အောက်မှာလည်း ယိဟွားနန်းဆောင်ထဲကို ဝင်လာခဲ့တာ။ အခု ဒီနေရာမှာ မင်းနဲ့ငါနှစ်ယောက်ပဲရှိတယ်။ ငါ တစ်ခုခုသာဖြစ်သွားမယ်ဆိုရင် မင်းလဲ လွတ်မြှေက်နိုင်မှာ မဟုတ်ဘူး"

"မင်းရဲ့သေရေးရှင်ရေးကိစ္စကို ဂရုမစိုက်ဘူးဆိုရင်တောင် လုမိသားစုကို ဒုက္ခပေးလို့မရဘူး"

နှစ်ပေါင်းများစွာ တော်လာခဲ့ကြသည့် သမီးယောက္ခမဟူသည့်အတိုင်းပင်။

စူးကျောင်းရုံသည် လုမင်ယွိက သူမကို မုန်းတီးနေသည်ကို သိထားသော်ငြားလည်း တစ်ယောက်တည်း တွေ့ဆုံရဲသည်မှာ လုမင်ယွိအပေါ် သူမ၏ နားလည်မှုကို အားကိုးထားခြင်းပင်။ လုမျိုးနွယ်၏လုံခြုံရေးအတွက် လုမင်ယွိသည် မဆင်မခြင် ပြုလုပ်လိမ့်မည် မဟုတ်ပေ။

လုမင်ယွိက သရော်လှောင်ပြောင်ကာ အေးစက်စက်ပြုံးပြလိုက်၏။ “စူးကျောင်းရုံက ကျွန်မကို တော်တော်နားလည်သားပဲ။ ဟုတ်တယ်။ ကျွန်မ ရှင်နဲ့လီချန်တို့ကို သတ်နိုင်တယ်ဆိုရင်တောင် ဒီလောက်စိုးရိမ်နေစရာ မလိုပါဘူး။ ကျွန်မက ရှင့်ကို ဒီအတိုင်းခြောက်လှန့်ချင်ရုံသက်သက်ပဲ"

စူးကျောင်းရုံ "..."

လုမင်ယွိက ရှေ့ကို ဖြည်းဖြည်းချင်း နှစ်လှမ်းလောက် တိုးလာလိုက်ပြီး သူမ၏မျက်လုံးများကလဲ စူးကျောင်းရုံကို စိုက်ကြည့်လို့နေသည်။

စူးကျောင်းရုံသည် သူမ၏ကျောပြင်ကို မတ်မတ်ထားကာ လုမင်ယွိနှင့် ရင်ဆိုင်ချင်ပါသော်ငြားလည်း သူမ၏စိတ်ထဲတွင်တော့ အားအင်ချိနဲ့သလို ခံစားနေရ၏။ သူမ၏ခန္ဓာကိုယ်က ဦးနှောက်ထက် ပိုပြီးမြန်မြန်ဆန်ဆန်တုံ့ပြန်ကာ ဘာမှမစဥ်းစားမိဘဲ နောက်ကို ဆက်တိုက်ဆုတ်မိသွားတော့သည်။

ဒုန်း!

သူမ၏ကျောပြင်သည် စားပွဲရှည်ကြီးနှင့် သွားတိုက်မိတော့၏။

စူးကျောင်းရုံမှာ နာကျင်မှုကြောင့် စုပ်သပ်လိုက်မိတော့သည်။

လုမင်ယွိကတော့ လျှောက်နေသည့်လမ်းကိုမရပ်ဘဲ တည့်တည့်မတ်မတ် ဆက်လျှောက်လာပြီး သူမ၏မျက်လုံးထဲက လူသတ်လိုသည့် ပြင်းပြစိတ်သည်လည်း အစိုင်အခဲ ဖြစ်လာလုနီးပါးပင်။

စူးကျောင်းရုံသည် ရုတ်တရက် ရင်ထဲတွင် စူးရှသည့်နာကျင်မှုတစ်ခု ခံစားလိုက်ရ၏။ သူမသည် ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်နေသည်ကို မထိန်းနိုင်တော့ဘဲ တုန်ရီနေသည့်လေသံဖြင့် ပြောလိုက်တော့သည်။ "မင်း ငါ့ကို မသတ်ရဲပါဘူး။ ရှေ့ကို ဆက်မတိုးလာနဲ့နော်။ မင်း ဒီကိုထပ်ပြီးရောက်လာမယ်ဆိုရင် ငါ လူခေါ်လိုက်တော့မှာ"

လုမင်ယွိသည် ဘာတစ်ခုမှမကြားသယောင် ရှေ့သို့သာဆက်ပြီး လျှောက်လာလေသည်။

အသူရာမင်းက အသက်ကို နှုတ်ယူဖို့ရန် လာနေသကဲ့သို့ပင်။

စူးကျောင်းရုံသည် နောက်ဆုံးတော့ ကြောက်လန့်တကြား အော်ဟစ်လိုက်တော့၏။

စူးရှပြီး ထိတ်လန့်ဖွယ်ရာအော်သံတစ်ခုသည် ထူထဲလှသည့်တံခါးရွက်ကြီးကို ထိုးဖောက်သွားလေတော့သည်။

တံခါးအပြင်ဘက် မီတာအနည်းငယ်တွင် စောင့်ကြည့်နေသည့် ဇီထန်သည် အလန့်တကြားဖြစ်သွားပြီး တံခါးဆီသို့ လျင်လျင်မြန်မြန် ပြေးလာခဲ့၏။ သူမ၏လက်သည် တံခါးလက်ကိုင်ကို ထိလိုက်သည်နှင့်ချက်ချင်း အနည်းငယ် လေးနက်နေသည့် မိန်းကလေး၏အသံက သူမ၏နားထဲသို့ ဝင်လာခဲ့သည်။ "ထွက်သွား။ အနားကို ကပ်မလာနဲ့"

ဇီထန် "..."

ဇီထန်သည် အံကြိတ်ထားလိုက်ပြီး တံခါးကိုတွန်းဖွင့်လိုက်တော့၏။

တံခါးသည် ကျွီခနဲပွင့်သွားသည်နှင့် အထဲကအခြေအနေကို ရှင်းရှင်းလင်းလင်း မမြင်ရသေးခင်မှာပင် စူးကျောက်ရုံ၏အသံကလဲ တစ်ဖန်ထွက်ပေါ်လာခဲ့သည်။ "ထွက်သွား!"

ဇီထန် "..."

ဇီထန်သည် မကျေမနပ်လေသံဖြင့် ဟုတ်ကဲ့ဟု ပြန်ဖြေလိုက်ကာ တံခါးကိုပြန်ပိတ်လိုက်တော့သည်။ မီတာအနည်းငယ်အကွာသို့ ရောက်လာခဲ့ပြီး စူပုတ်နေသည့်မျက်နှာတစ်ခုဖြင့် အနီးအနားက နန်းတွင်းအစေခံများကိုလည်း မောင်းထုတ်လိုက်တော့၏။ သို့မှသာ ထူးထူးဆန်းဆန်းအသံများ ထပ်မံထွက်ပေါ်လာပါက လူအများသံသယဝင်ခြင်းမှ ရှောင်ရှားနိုင်ပေမည်။

...

ယခုအချိန်တွင် စူးကျောက်ရုံသည် အလွန်ပင် ရုပ်ပျက်ဆင်းပျက် ဖြစ်နေတော့၏။

သူမ၏ကျောပြင်က စားပွဲနှင့် တင်းနေအောင်ကပ်ထားပြီး သူမ၏ခေါင်းသည်လည်း တတ်နိုင်သမျှ နောက်သို့လှန်ထားကာ ခြေလှမ်း နှစ်လှမ်းအကွာတွင်ရှိသည့် လုမင်ယွိထံမှ အကွာအဝေးကို ဆွဲဆန့်ထားလေသည်။ ဤသို့လုပ်လိုက်လျှင်ဖြင့် ရုတ်တရက် အသတ်ခံရတော့မည့် အန္တရာယ်မှ လွတ်မြောက်နိုင်တော့မည့်နှယ်ပင်။ ဤကဲ့သို့သော အပြုအမူသည် အမှန်ပင် ရယ်ဖွယ်ကောင်းလှလေသည်။

လုမင်ယွိ၏ မျက်လုံးများထဲတွင် လှောင်ပြောင်သရော်မှုတို့ အပြည့်ဖြစ်နေသည်။ သူမက နှုတ်ခမ်းထောင့်ကို တွန့်ချိုးထားလိုက်ကာ ပြောလိုက်သည်။ "ကျွန်မ ရှင့်ကို သတ်ချင်ရင် လက်တစ်ဖက်လှုပ်လိုက်ရုံပဲ။ စိတ်ချပါ။ ကျွန်မ ဒီနေ့ ဒီလိုလုပ်ဖို့ အစီအစဥ်မရှိသေးဘူး။ ရှင် အဲလောက်အထိ ကြောက်နေစရာ မလိုပါဘူး"

စူးကျောင်းရုံသည် ခက်ခက်ခဲခဲ အသက်ရှူနေရပြီး သူမ၏အသံမှာ တုန်ယင်လို့နေ၏။ "မင်း ငါနဲ့ ခပ်ဝေးဝေးနေ"

ယခုအချိန်တွင် သူမသည် သားရိုင်းတစ်ကောင်၏ ပစ်မှတ်ထားခံနေရသည့် သားကောင်တစ်ကောင်လို ဖြစ်နေကာ အချိန်မရွေးအသတ်ခံနိုင်ရသည့် အရိပ်အောက်တွင် ကျရောက်လို့နေသည်။ ဒီခံစားချက်သည် အမှန်ပင် ဆိုးရွားလွန်းလှ၏။

လုမင်ယွိက စူးကျောင်းရုံကို အေးစက်စက်ကြည့်လိုက်ကာ "ဒါက ဘာ အဓိပ္ပါယ် လဲ။ ရှင်နဲ့ကျွန်မကြားက အကြွေးတွေကို ကျွန်မ ရှင်းရှင်းလင်းလင်း တွက်ချက်ပြီး တစ်ခုချင်းစီပြန်တောင်းမှာ"

စူးကျောင်းရုံ၏မျက်နှာမှာ စာရွက်တစ်ခုလိုဖြူဖွေးသွားကာ သူမ၏ရင်ဘတ်သည်လည်း ကြမ်းကြမ်းတမ်းတမ်း နိမ့်ချည်မြင့်ချည်ဖြစ်သွားတော့သည်။ ထိုအခိုက်အတန့်တွင် သူမသည် လေးပင်စွာ အသက်ပြင်းပြင်းတစ်ချက်ရှူထုတ်လိုက်၏။ "လုမင်ယွိ ငါ မင်းအပေါ်မှာ မတော်မတရား လုပ်ခဲ့ဖူးတာတွေ ရှိတာတော့ အမှန်ပဲ။ ဒါပေမဲ့ ဒါတွေ အားလုံးက ငါ့အမှားမလို့လား"

"မင်းရဲ့စိတ်နှလုံးထဲမှာ ငါ့ကို ယောက္ခမတစ်ယောက်အနေနဲ့ အထင်သေးခဲ့တယ်လေ"

"မင်းက ငါ့ကို ကချေသည်တစ်ယောက်ဆိုပြီးတော့ အထင်သေးတယ်။ ငါ့ရဲ့အပြုအမူတွေကိုလည်း အထင်သေးတယ်"

"တစ်ခြားသူတွေရဲ့ အမြင်မှာတော့ မင်းဆိုတဲ့ချွေးမက ငါ့ကိုထောက်ပံ့ပေးနေပြီး ငါ့အပေါ် အရမ်းကို လိမ်မာသိတတ်လွန်းတယ်ပေါ့။ ဒါပေမဲ့ ဒီလို လုံးဝမဟုတ်ဘူးဆိုတာ ငါ သိပါတယ်။ မင်းက အားဟောက်အတွက်ကြောင့်ပဲ ငါ့အပေါ်ကောင်းပေးဖို့ ကိုယ့်ဟာကို ဖိအားပေးနေတာ"

ထိုစကားကို ကြားလိုက်ရပြီးနောက်တွင် လုမင်ယွိသည် အဓိပ္ပါယ် မဲ့ပြီးရယ်စရာကောင်းလှသည်ဟု ထင်မိတော့၏။ အေးစက်စက်ဖြင့်ပင် ပြန်ပြောလိုက်တော့သည်။ "ချွေးမတစ်ယောက်အနေနဲ့ ယောက္ခမအပေါ် ကောင်းကောင်းမွန်မွန် ဆက်ဆံတာ ခင်ပွန်းကြောင့်မဟုတ်ရင် ဘယ်သူ့ကြောင့် ဖြစ်ရမှာလဲ။ ရှင့်ရဲ့ ငိုတာတွေ ပြဿနာရှာတာတွေကြောင့် ဖြစ်ရမှာလား"

"ကျွန်မက ရှင့်ကို အထင်သေးတယ်လို့ ရှင်က ပြောတယ်။ ဒါလဲအမှန်ပဲ။ ကျွန်မ ရှင့်ကို တကယ် အထင်မကြီးဘူး"

"ကချေသည် မျိုးရိုးကလာတာ တကယ်ပဲ သိက္ခာကျရတယ်။ လူတွေက ရှင့်ကို အထင်သေးကြတယ်။ ဒါပေမဲ့ အဲဒါတွေကြောင့်ချည်းပဲတော့ မဟုတ်ဘူး။ ရှင်က အနောက်နန်းဆောင်မှာ ကြင်ရာတော်တစ်ယောက် ဖြစ်လာပြီးကတည်းက ရှင့်ရဲ့ကချေသည်တစ်ယောက်ရဲ့ အပြုအမူတွေကို မပြောင်းလဲခဲ့လို့ဘဲ။ မင်းသားနှစ်ယောက်ကို မွေးဖွားပြီးနောက်မှာ ရှင်က ရှင့်ရဲ့ကျောပြင်ကို မတ်မတ်ထားဖို့ ငြင်းဆန်ခဲ့ပြီး လူသားတစ်ယောက်လို ပြုမူဖို့ငြင်းဆန်ခဲ့သေးတယ်လေ။ ရှင်က အကြီးဆုံးသားကို တွယ်ကပ်ဖို့ ကြိုးစားနေပြီး နွယ်ပင်တစ်ခုပဲ ဖြစ်လာခဲ့တာ"

"ဘာတွေပဲ ဖြစ်လာပါစေ ရှင်က ရှင့်ကိုထောက်ပံ့ပေးဖို့ လီဟောက်ကိုပဲ ငိုယိုတောင်းပန်နေတတ်တယ်။ လီဟောက်က ရှင့်ကြောင့် အရှက်ရပြီး လှောင်ပြောင်သရော် ခံခဲ့ရတယ်။ ရှင် ဒါတွေကို လုံးဝဂရုမစိုက်ဘူးလေ"

"လီဟောက်နဲ့ ကျွန်မတို့တွေ ဇနီးမောင်နှံတွေ ဖြစ်လာကြတယ်။ ကျွန်မက ရှင့်အတွက် နေရာတိုင်းမှာ ရန်သူတွေဖွဲ့ခဲ့ရတယ်။ ဒါက မုန်းစရာအကောင်းဆုံးကိစ္စပဲ။ ပိုပြီးတော့ မုန်းစရာကောင်းတာက ကျွန်မဘယ်လောက်ပဲ လုပ်ပေးပါစေ ဒါက သဘာဝကျတဲ့ကိစ္စ၊ ဖြစ်သင့်ဖြစ်ထိုက်တဲ့အရာလို့မှတ်ပြီး ကျေးဇူးတင်စိတ်လေးတောင် တစ်စက်မှ မရှိခဲ့တာဘဲ"

"ရှင်က ကျွန်မတို့ရဲ့ ချစ်ချစ်ခင်ခင် ဆက်ဆံရေးဖြစ်နေတဲ့ ဇနီးမောင်နှံဆက်ဆံရေးကို မနာလိုဝန်တို ဖြစ်နေခဲ့တယ်။ ရှင်က ရှင့်သားနဲ့ချွေးမတွေ ဆက်ဆံရေးကောင်းမွန်တာကို မလိုချင်ဘူး။ ရှင့်ရဲ့သားနှလုံးသားက ရှင့်ရဲ့ချွေးမဘက် လုံးဝပါသွားမှာကို ကြောက်ရွံ့နေခဲ့တယ်။ ဒါကြောင့်လည်း ရှင်က အမြဲတမ်း ရှင့်ရဲ့ချွေးမကို နှိပ်စက်ဖို့ အဲဒီ့ရွံ့စရာကောင်းတဲ့ လှည့်ကွက်တွေကိုသုံးပြီး လှုံ့ဆော်နေခဲ့တာ။ ရှင့်ရဲ့သားရှေ့မှာ ငိုယိုပြီး မျက်ရည်တွေကို လုပ်ပြခဲ့တာ"

"လီဟောက်နဲ့ကျွန်မတို့က ရှင့်ကြောင့်ပဲ ကွဲကွာသွားခဲ့တာ"

"ရှင့်ကြောင့်သာ မဟုတရင် လီဟောက်နဲ့ကျွန်မတို့လည်း အပြန်အလှန်ကျောခိုင်းစရာ လိုခဲ့မှာမဟုတ်ဘူး"

.ရှင့်ကြောင့်သာ မဟုတ်ရင် လီဟောက်ကလဲ ယန့်အာကို ထီးနန်းလွှဲပေးခဲ့မှာပဲ။ ကျွန်မက ယန့်အာကို မင်းသားကောင်းတစ်ပါး ဘုရင်ကောင်းတစ်ပါးဖြစ်လာအောင် ပြုစုပျိုးထောင်ပေးခဲ့မှာ"

"ရှင့်ကြောင့်သာ မဟုတ်ရင် ကျွန်မဆိုတဲ့ လုမင်ယွိကလဲ ကောင်းကောင်းမွန်မွန် အသက်ရှင်နေနိုင်ခဲ့မှာ"

...

All Chapters