← Chapters

အခန်း (၁၃)

Vol. 1 Ch. 13

အခန်း (၁၃)

Vol. 1 Ch. 13

ယခု သီရှီထျန်က အရွယ်ရောက်သွားပြီ ဖြစ်၏။ သူ၏ ခန္ဓာကိုယ်သည် အရွယ်ရောက်ကျားတစ်ကောင်ထက်ပင် ပိုပြီးကြီးမားသည်။ ခေါင်းအစ ခြေအဆုံး သူက သုံးမီတာခန့် ရှည်လျားသည်။ သူ၏ အမြင့်က တစ်မီတာကျော်သည်။ သူ၏ ခန္ဓာကိုယ်က ထွားကြိုင်းသန်မာပြီး ကြီးကျယ်မြင့်မြတ်သည်။ တစ်စုံတစ်ယောက်သည် သူ့အား တစ်ချက်ကြည့်လိုက်လျှင် အလိုအလျောက် နှလုံးတုန်ယင်သွားလိမ့်မည်။ မိစ္ဆာစွမ်းအား၏ လှည့်ပတ်မှုကြောင့် သူ၏ ခန္ဓာကိုယ်က နေ့တိုင်း ပိုပြီးသန်မာလာနေကြောင်း ရှင်းလင်းစွာ သူခံစားမိသည်။

သူ၏ အမွှေးအမျှင်များက ပိုပြီးချောမွေ့လာပြီး သူ၏ ကြွက်သားများက ဖော်မပြနိုင်အောင် သန်မာလာသည်။ သူ၏ ခန္ဓာကိုယ်က အရွယ်ရောက်ကျားတစ်ကောင်ထက် နှစ်ဆပိုပြီးသန်မာကြောင်း သီရှီထျန် ခန့်မှန်းလိုက်သည်။ သာမန်တိုက်ခိုက်မှုများက သူ့ကို မထိခိုက်စေနိုင်ပေ။ အစောနက ဝက်ဝံကို ဥပမာ ယူနိုင်သည်။ အမှန်မှာ သူက ဝက်ဝံကို အရင်ဦးစွာ တိုက်ခိုက်ခဲ့ခြင်း မဟုတ်ပေ။ ယင်းအစား ဝက်ဝံကသာ သူ့ကို ချုံခိုတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ သို့သော် ဝက်ဝံ၏ ရုတ်တရက် တိုက်ခိုက်မှုက သူ့အား မည်သည့်အနာတရမှ မဖြစ်စေပေ။ သူက လက်သည်းကို တစ်ချက်ဝှေ့ယမ်းလိုက်လေရာ ဝက်ဝံ၏ ကြီးမားသော အသွေးအသားအပိုင်းအစတစ်ခုက တိုက်ရိုက် ဆုတ်ဖြဲခံလိုက်ရသည်။

ထိုအခိုက်အတန့်မှာ သူက သူ့နဖူးပေါ်မှ သားရဲဘုရင်ဟူသော ဂုဏ်ပုဒ်ဖြင့် ထိုက်တန်သော ခွန်အားကို ပိုင်ဆိုင်သွားပြီဖြစ်ကြောင်း သိလိုက်သည်။ ဤတောအုပ်ထဲတွင် သူ့အား ခြိမ်းခြောက်နိုင်သော သားရဲများက အတော်လေး နည်းပါးသွားသည်။

လှိုဏ်ဂူဆီသို့ ပြန်သွားပြီးနောက် သူက ဝက်ဝံ၏ အသွေးအသားကို ဗိုက်ပြည့်သည်အထိ စားသောက်လိုက်သည်။ ထို့နောက် သူက လှိုဏ်ဂူထဲမှာ လဲလျောင်းလိုက်သည်။ ပထမဆုံး သူက “ ကျားဟိန်းသံကျင့်စဉ် ”ကို တိတ်တဆိတ် ပြန်တွေးတောလိုက်ပြီး စတင်ကျင့်ကြံလိုက်သည်။

“ ကျားဟိန်းသံကျင့်စဉ် ”အတိုင်း လှည့်ပတ်လိုက်သည့်အခါ သူ၏ ခန္ဓာကိုယ်ထဲ၌ ငြိမ်သက်နေသော မိစ္ဆာစွမ်းအားက ရုတ်ချည်း သက်ဝင်လှုပ်ရှားလာပြီး သူ၏ ခန္ဓာကိုယ်ထဲမှာ စတင်ရွေ့လျားသွားသည်။ တစ်ကြိမ် လှည့်ပတ်သွားတိုင်း သူ၏ ခန္ဓာကိုယ်ထဲမှ မိစ္ဆာစွမ်းအားက “ ကျားဟိန်းသံကျင့်စဉ် ”နှင့် သဟဇာတဖြစ်သော ထူးကဲမိစ္ဆာစွမ်းအားအဖြစ် ပြောင်းလဲသွားသည်။ ဤအခိုက်အတန့်မှာ သီရှီထျန်သည် သူ၏ ခန္ဓာကိုယ်ထဲမှ မိစ္ဆာစွမ်းအားကို ထိန်းချုပ်နိုင်သွားသည်။ သူအမိန့်ပေးလိုက်သည့်အခါ မိစ္ဆာစွမ်းအားက သူ၏ လက်မောင်းဆီသို့ တန်းမတ်စွာ စီးဆင်းသွားသည်။

မိစ္ဆာစွမ်းအားကို ထိန်းချုပ်နိုင်သော ခံစားမှုက သီရှီထျန်ကို အလွန်စိတ်ကျေနပ်စေသည်။ သူက အနာဂတ်ကျင့်ကြံခြင်းကို ပိုပြီးမျှော်လင့်မိသည်။

“ ကျားဟိန်းသံကျင့်စဉ် ”သည် ကျားမျိုးနွယ်၏ ခန္ဓာကိုယ်ပေါ် အခြေခံ၍ ဖန်တီးထားသော ကျင့်စဉ်တစ်ခု ဖြစ်သည်။ “ ကျားဟိန်းသံကျင့်စဉ် ”၏ စွမ်းအားလှည့်ပတ်မှုက ကျားခန္ဓာကိုယ်ထဲမှ မရီဒျန်များအပေါ် မူတည်သည်။ ဥပမာ “ ကျားဟိန်းသံကျင့်စဉ် ”၏ ပထမအဆင့်တွင် ဦးခေါင်းမှ အမြှီးသို့ ဆက်သွယ်နေသော မရီဒျန်များကို ဖွင့်လှစ်ရလိမ့်မည်။ သို့မှသာ ခန္ဓာကိုယ်ထဲမှ မိစ္ဆာစွမ်းအားက ထိုမရီဒျန်များထဲမှာ ချောမွေ့မြန်ဆန်စွာ စီးဆင်းနိုင်လိမ့်မည်။

ယင်းက လူသားခန္ဓာကိုယ်၏ သေးငယ်သော စက်ဝိုင်းတစ်ခုနှင့် ဆင်တူသည်။ ထိုနည်းဖြင့်ဆိုလျှင် တစ်စုံတစ်ယောက်သည် မိုးမြေကြားမှ ဝိညာဉ်စွမ်းအားကို မရီဒျန်များအား အမှီပြု၍ စုပ်ယူနိုင်သွားလိမ့်မည်။

ဒုတိယအဆင့်တွင် အရှေ့ခြေထောက်နှစ်ချောင်းမှ မရီဒျန်များကို ဖွင့်လှစ်ရမည်။ ထိုအခါ မိစ္ဆာစွမ်းအားက အရှေ့ခြေထောက်နှစ်ချောင်းတွင် လှည့်ပတ်နိုင်သွားလိမ့်မည်။ တစ်ချိန်တည်းမှာ ဝိညာဉ်စွမ်းအားကို စုပ်ယူနိုင်သော မရီဒျန်များက ပိုမိုများပြားလာလိမ့်မည်။ မရီဒျန်အရေအတွက် ပိုများပြားလာသည်နှင့်အမျှ ကျင့်စဉ်လှည့်ပတ်မှုဖြင့် သူတို့စုပ်ယူနိုင်သော ဝိညာဉ်စွမ်းအားပမာဏက ပိုများပြားလာလိမ့်မည်။ ထို့ပြင် သူတို့၏ ခန္ဓာကိုယ်ထဲမှ မိစ္ဆာစွမ်းအားသည်လည်း ပိုပြီးတိုးပွားလာပြီး ပိုပြီးအားကောင်းလာလိမ့်မည်။ မိုးမြေကြားမှ ဝိညာဉ်စွမ်းအားကို စုပ်ယူနိုင်သော အလျင်သည်လည်း သိသိသာသာ တိုးမြှင့်သွားလိမ့်မည်။

တတိယအဆင့်သည် အနောက်ခြေထောက်နှစ်ချောင်းထဲမှ မရီဒျန်များကို ဖွင့်လှစ်ရန် ဖြစ်သည်။ ထိုအဆင့်သုံးဆင့်စလုံး ပြီးမြောက်သွားလျှင် ခန္ဓာကိုယ်ထဲမှ မရီဒျန်အားလုံးက ချိတ်ဆက်သွားကြလိမ့်မည်။ ထိုအခါ မိုးမြေကြားမှ ဝိညာဉ်စွမ်းအားကို စုပ်ယူနိုင်သော အမြန်နှုန်းက ထပ်မံ တိုးမြှင့်သွားလိမ့်မည်။ မရီဒျန်အားလုံး ဖွင့်လှစ်ပြီးလျှင် တစ်စုံတစ်ယောက်သည် မိစ္ဆာစံအိမ်ကို ဖွင့်လှစ်ပြီး စတုတ္ထအဆင့်ဆီသို့ တတ်လှမ်းနိုင်ရန် စတင်ပြင်ဆင်ရလိမ့်မည်။

… … …

နေ့စဉ်နေ့တိုင်း သီရှီထျန်သည် မနက်ပိုင်းမှာ အမဲလိုက်လိမ့်မည်။ အမဲလိုက်ပြီးလျှင် သူက လှိုဏ်ဂူဆီသို့ ပြန်လာပြီး သူစားသုံးလိုက်သော အာဟာရဓာတ်ကို မိစ္ဆာစွမ်းအားအဖြစ် ပြောင်းလဲလိမ့်မည်။ ညအချိန်ရောက်လျှင် သူက ကျောက်တုံးကြီးဆီသို့ ပြေးသွားပြီး နေနှင့်လ၏ အနှစ်သာရကို စုပ်ယူလိမ့်မည်။ ယခု သူ့မှာ ကျင့်စဉ်တစ်ခုရှိသွားလေရာ နေနှင့်လ၏ အနှစ်သာရကို စုပ်ယူရန် ကျောက်တုံးကြီး၏ အကူအညီကို မလိုအပ်တော့ပေ။ သို့သော်လည်း သူက ထူးဆန်းသော တစ်စုံတစ်ခုကို ရှာတွေ့သွား၏။ ကျောက်တုံးကြီးပေါ်မှာ ကျင့်ကြံခြင်းက တခြားနေရာများမှာ သူကျင့်ကြံခြင်းထက် ပိုပြီးမြန်ဆန်သည်။ ကျောက်တုံးကြီးပေါ်မှာဆိုလျှင် သူက နေနှင့်လ၏ အနှစ်သာရကို ပိုပြီးမြန်ဆန်စွာ စုပ်ယူနိုင်လိမ့်မည်။ ယင်းက ကျင့်ကြံရန် အသင့်တော်ဆုံးနေရာ ဖြစ်သည်။

အပြင်လောကသည်လည်း ပုံမှန်အတိုင်း ဆက်ပြီး လည်ပတ်နေ၏။

သွေးမျိုးဆက်အမွေအနှစ်ကို သီရှီထျန် နိုးထခဲ့စဉ်က ဖြစ်ပျက်ခဲ့သော ကိစ္စကြောင့် ဤအခိုက်အတန့်မှာ ချူတိုင်းပြည်ထဲမှ လူအများအပြားသည် သတင်းကြားပြီးနောက် ကျားရဲတောင်တန်းဒေသဆီသို့ အမြန်ရောက်လာကြသည်။ သို့ဖြစ်၍ ယခုအချိန်တွင် ကျားရဲတောင်တန်းဒေသ၏ အနီးနားမှ ရွာငယ်လေးများထဲတွင် မျက်နှာစိမ်းသော လူများဖြင့် စည်ကားသက်ဝင်နေ၏။ လူအများအပြားက တောင်ခြေရွာများဆီသို့ ရောက်လာကြသည်။

ထိုလူများသည် အနည်းဆုံး တစ်ရာခန့်ရှိသည်။ သူတို့အားလုံးက အေးစက်စက်အလင်းရောင် ထွက်ပေါ်နေသော လက်နက်အမျိုးမျိုးကို သယ်ဆောင်ထားကြသည်။ သူတို့၏ ခန္ဓာကိုယ်ပေါ်မှ သတ်ဖြတ်ခြင်းစိတ်ဆန္ဒက အလွန်ထူထဲပြီး အားကောင်းသည်။

ဤလောကတွင် မသေမျိုးကျင့်ကြံသူများသည် အထွတ်အမြတ်တည်ရှိမှု ဖြစ်သည်။ ယေဘုယျအားဖြင့်ဆိုရလျှင် သေမျိုးများသည် မသေမျိုးကျင့်ကြံသူများ၏ တည်ရှိမှုကို မသိကြချေ။ လူအနည်းစုသာလျှင် မသေမျိုးကျင့်ကြံသူများကို မြင်ဖူးကြ၏။

“ ကျွီ ”

ယွမ်အမည်ရသော တောင်ခြေရွာလေးတစ်ရွာတွင် တံခါးဖွင့်သံ ထွက်ပေါ်လာသည်။ ယင်းက တောင်ခြေရွာလေးထဲမှ ခမ်းနားသော သစ်သားအိမ်တစ်လုံးထံမှ ဖြစ်သည်။ ရွာထဲတွင် ထိုသို့အိမ်ကောင်းက အလွန်ရှားပါးသည်။ ထို့နောက် လမ်းလျှောက်သံများ ထွက်ပေါ်လာသည်။

“ အကိုချင်း… ဒီတစ်ကြိမ် နန်းတော်ကနေ ထွက်လာဖို့ ခမည်းတော်ဆီကနေ ခွင့်ပြုချက်ကို ကျွန်မ လွယ်လွယ်နဲ့ ရလာတာမဟုတ်ဘူး… ကျားရဲတောင်တန်းဒေသဆီ ရောက်လာပြီးမှ ရှင်ဘာလို့ ကျွန်မတို့ကို တားဆီးနေတာလဲ ”

ခြေသံများနှင့်အတူ သာယာကြည်လင်သော မိန်းကလေးအသံ ထွက်ပေါ်လာသည်။

“ ဟုတ်တယ်… ကျားရဲတောင်တန်းဒေသထဲမှာ ထူးဆန်းတဲ့အလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့တယ်… အချင်းမိုင်တစ်ရာအတွင်းက လူတိုင်းက အဲ့ဒါကို မျက်မြင်တွေ့ခဲ့ကြတယ်… ယေဘုယျအားဖြင့်ပြောရရင် ရှားပါးရတနာတစ်ခု ပေါ်ထွက်လာတဲ့အခါမျိုးမှ အဲ့ဒီလို ထူးဆန်းတဲ့ အလင်းတန်းက ထွက်ပေါ်လာလိမ့်မယ်… တတိယမင်းသမီးလေးက ရှားပါးဝိညာဉ်အမြစ်ကို ပိုင်ဆိုင်ထားတဲ့ ပါရမီရှင်တစ်ယောက်ဖြစ်တယ်… ဒီနှစ်ကျင်းပမယ့် မွေးနေ့ပြီးရင် မင်းသမီးကို လျန်ယွင်ဂိုဏ်းက ခေါ်သွားလိမ့်မယ်… အဲ့ဒီရှားပါးရတနာကိုသာ မင်းသမီးရသွားမယ်ဆိုရင် မင်းသမီးရဲ့ ကျင့်ကြံခြင်းအုတ်မြစ်က ပိုပြီးအခြေခိုင်မာသွားလိမ့်မယ် ”

ထိုစဉ် တခြားမိန်းကလေးအသံ ထွက်ပေါ်လာသည်။ အသံကို နားထောင်ကြည့်သည့်အခါ ယင်းထဲမှာ မနာလိုမှုတစ်စွန်းတစ်စ ပါဝင်နေ၏။

… … …

သူတို့ စကားပြောနေကြစဉ်…

လူတစ်အုပ်စုက နောက်ဆုံးမှာ အပြင်သို့ ထွက်လာသည်။

အရှေ့ဆုံးမှ လျှောက်လာနေသူသည် အသက်ဆယ်ခြောက်နှစ်ခန့်သာ ရှိသေးသော မိန်းမငယ်လေးတစ်ယောက် ဖြစ်သည်။ သူ၏ အသားအရေက ကျောက်စိမ်းသဖွယ် ဖြူဖွေးသည်။ သူက အလွန်တန်ဖိုးကြီးသော နန်းတွင်းဝတ်စုံကို ဝတ်ဆင်ထားသည်။ ထိုဝတ်စုံက သူ၏ ခန္ဓာကိုယ်နှင့် အထူးလိုက်ဖက်တင့်တယ်သည်။

သူက ငယ်ရွယ်သေးသော်လည်း အရွယ်ရောက်ပြီးသော မိန်းမပျိုလေးတစ်ယောက်ပမာ ခန္ဓာကိုယ်ဖွင့်ဖြိုးသည်။ သူ၏ ခန္ဓာကိုယ်အချိုးအစားနှင့် ချောမောလှပသော မျက်နှာကြောင့် သူက မိန်းမလှတစ်ဦးဖြစ်သည်။

အထူးသဖြင့် သူ၏ ခန္ဓာကိုယ်က မြင့်မြတ်သော တော်ဝင်အရှိန်အဝါကို သဘာဝအလျောက် ထုတ်လွှတ်နေသည်။ အထက်ဖော်ပြပါ အချက်အားလုံး ပေါင်းစည်းသွားသည့်အခါ သူက တမူထူးခြားသော ဆွဲဆောင်မှုကို ပေးသည်။ သူက အရွယ်ရောက်ပြီးသော မိန်းမပျိုလေးများထက် မလျော့သော အလှကို ပိုင်ဆိုင်ထားသည်။ သူအရွယ်ရောက်လာသည့်အခါ ပြည်ပျက်စေနိုင်သော အလှပိုင်ရှင်တစ်ယောက် ဖြစ်လာလိမ့်မည်။

တစ်စုံတစ်ယောက်သည် သေချာကြည့်လျှင် ထိုမိန်းကလေး၏ မျက်လုံးထဲမှာ ရှက်ရွံ့သော အရိပ်အယောင်တစ်စွန်းတစ်စရှိနေကြောင်း သတိထားမိလိမ့်မည်။ ယင်းကို ကြည့်ခြင်းအားဖြင့် ထိုမိန်းကလေးက ရဲရင့်ပြတ်သားသူမဟုတ်ကြောင်း သိနိုင်၏။

သူ၏ ဘေးတွင် ယောင်္ကျားလေးနှစ်ယောက် ရှိသည်။ သူ၏ ဘယ်ဘက်မှ ယောင်္ကျားလေးက ယပ်တောင်ကိုင်ထားသည်။ သူ့မှာ ကြော့ရှင်းတင့်တယ်သော ကိုယ်ဟန်အမူအရာရှိသည်။ သူက မိန်းကလေးနှင့် ခြေတစ်လှမ်းခွာ၍ အနောက်မှ လျှောက်နေသည်။ သူ၏ ချောမောခန့်ညားသော မျက်နှာပေါ်မှာ အပြုံးရှိသည်။ သူက ရင်းနှီးဖော်ရွေသော အရှိန်အဝါကို ထုတ်လွှတ်နေလေရာ လူများသည် သူ့အနားသို့ ချဉ်းကပ်ရန် ဆန္ဒရှိကြသည်။ သူက တန်ဖိုးကြီးမားသော အပြာရောင်ပိုးထည်ကို ဝတ်ဆင်ထားလေရာ သာမန်လူတစ်ယောက် မဖြစ်နိုင်ပေ။

ညာဘက်မှ ယောင်္ကျားလေးသည် အသက်ဆယ့်ရှစ်နှစ် သို့မဟုတ် ဆယ့်ကိုးနှစ်သာ ရှိနိုင်၏။ သူက ဓားတစ်လက်ကို ခါးပေါ်မှာ ချိတ်ဆွဲထားသည်။ ဓားအိမ်ပေါ်တွင် ထူးဆန်းသော ကျောက်မျက်ရတနာနှစ်ခု ရှိသည်။ ပိုးထည်ဝတ်စုံ ဝတ်ဆင်ထားသော လူငယ်နှင့် မတူညီသည်မှာ ထိုသူက ပျော်ရွှင်ခြင်း ဝမ်းနည်းခြင်း အစရှိသော မည်သည့်စိတ်ခံစားမှုကိုမှ မဖော်ပြပေ။ ရက်စက်ကြမ်းကြုတ်သော အရှိန်အဝါက သူ၏ ခန္ဓာကိုယ်ပေါ်မှာ မသဲမကွဲ ထွက်ပေါ်နေသည်။ သူ့အရှေ့မှ မိန်းကလေးကို ကြည့်လိုက်သည့်အခါ မဖုံးဖိနိုင်သော အလိုရမ္မက်က သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

သူတို့သုံးယောက်၏ အနောက်တွင် အစေခံသဖွယ် ဝတ်ဆင်ထားသော မိန်းကလေးတစ်ယောက်ရှိသည်။ ထိုမိန်းကလေးက အသက်မကြီးပေ။ သူက အသက်ဆယ့်ရှစ်နှစ်ခန့်သာ ရှိနိုင်သည်။ သူက တခြားအစေခံများနှင့် မတူညီသည်မှာ သူ့လက်ထဲ၌ ဓားရှည်တစ်လက် ကိုင်ဆောင်ထားသည်။ သူက အနောက်မှ လမ်းလျှောက်နေစဉ် သူ၏ ခြေဖဝါးအောက်၌ အသံတိုးတိုးသာ ထွက်ပေါ်နေ၏။ သူ၏ မျက်လုံးသည် သူ့အရှေ့မှ မိန်းကလေးထံမှ ဖယ်ခွာမသွားပေ။

အစောနက စကားပြောဆိုမှုအရ အရှေ့ဆုံးမှ လမ်းလျှောက်နေသော မိန်းကလေးက ချူတိုင်းပြည်၏ မင်းသမီးတစ်ပါးဖြစ်ရမည်။ သူ့ဘေးမှ ယောင်္ကျားလေးနှစ်ယောက်ထဲတွင် တစ်ယောက်က ချင်းမျိုးနွယ် ဖြစ်ရမည်။ မနာလိုသော လေသံဖြင့် စကားပြောလိုက်သော မိန်းကလေးက သူတို့အနောက်မှ အစေခံဖြစ်ရမည်။

“ မင်းသမီးချူယွမ် ”

ညာဘက်မှ လူငယ်သည် ထက်ရှသော အရှိန်အဝါကို ထုတ်လွှတ်နေလျက် တည်ငြိမ်စွာ ပြောသည်။

“ ဒီကျားရဲတောင်တန်းဒေသက အချင်းမိုင်တစ်သောင်းထက်မနည်း ကျယ်ပြောလှပါတယ်… တောင်တန်းဒေသထဲမှာ ထူထဲတဲ့ တောအုပ်တစ်ခု ရှိပါတယ်… တောအုပ်ထဲမှာ ရက်စက်ကြမ်းကြုတ်တဲ့ သားရဲတိရိစ္ဆာန်တွေနဲ့ အဆိပ်ရှိတိရိစ္ဆာန်တွေ အများကြီး ရှင်သန်နေထိုင်ကြပါတယ်… ဒီအနီးနားက ရွာတွေထဲက အမဲလိုက်သမားတွေရဲ့ အတွေ့အကြုံကို ကျွန်တော် လိုက်မေးပြီးပါပြီ ”

“ အို… အဲ့ဒီအမဲလိုက်သမားတွေက ဘာပြောလဲ ”

မင်းသမီးချူယွမ်က မျက်လုံးဝင်းလက်သွားပြီး အလျင်စလို မေးသည်။

“ ချင်းဟိုင်… မင်း ငါတို့ကို တန်းလန်းမထားခဲ့နဲ့လေ… မင်းပြောစရာရှိရင် ပွင့်ပွင့်လင်းလင်း ပြောပါ… ကျားရဲတောင်တန်းဒေသက ငါတို့အတွက် ဘာပြဿနာမှ မရှိနိုင်ပါဘူး ”

သိမ်မွေ့ညင်သာပုံပေါ်သော လူငယ်က ပြုံးလိုက်ပြီး သူ၏ ယပ်တောင်ကို ကြော့ရှင်းတင့်တယ်စွာ တဖျပ်ဖျပ်ခတ်လိုက်သည်။

ချင်းဟိုင်က ထိုလူငယ်ကို စိုက်ကြည့်လိုက်သည်။ ထူးဆန်းသော အလင်းက သူ၏ မျက်လုံးထဲမှာ လင်းလက်သွားသည်။

“ ကျန်းပိုင်ချွင်း… မင်းက လျန်ယွင်ဂိုဏ်းက တပည့်တစ်ယောက်ဆိုပေမဲ့ ချီသန့်စင်ခြင်းနယ်ပယ် စတုတ္ထအဆင့်မှာပဲ ရှိသေးတယ်… သေမျိုးတွေရဲ့ သိုင်းလောကထဲမှာ မင်းထက် ပိုသန်မာတဲ့လူတွေ အများကြီး ရှိတယ်… တချို့နေရာတွေက မင်းဝင်ချင်တိုင်းဝင် ထွက်ချင်တိုင်းထွက်လို့ မရဘူး… မဟုတ်ရင် မင်းကောင်းကောင်း နောင်တရသွားလိမ့်မယ် ”

“ ဟွန့် ”

ယင်းကို ကျန်းပိုင်ချွင်း ကြားသောအခါ သူ၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။ သူက ဖြန့်ထားသော ယပ်တောင်ကို ဝှစ်ခနဲ ပြန်ခေါက်လိုက်သည်။ သို့သော် ချင်းဟိုင်၏ စကားကို သူမငြင်းပေ။

“ ဒီနေရာက အမဲလိုက်သမားတွေရဲ့ ပြောစကားအရ ကျားရဲတောင်တန်းဒေသထဲမှာ အရေအတွက်များပြားတဲ့ ငှက်တွေနဲ့ သားရဲတွေ နေထိုင်ကြပါတယ်… သူတို့ထဲက အများစုက အုပ်စုဖွဲ့ပြီး နေထိုင်ကြပါတယ်… သူစိမ်းတွေ တောအုပ်ထဲ ဝင်လာတဲ့အခါ သူတို့က တိုက်ခိုက်ကြလိမ့်မယ်… ဒါကြောင့် လူအနည်းစုပဲ ကျားရဲတောင်တန်းဒေသထဲ ဝင်ရောက်ရဲကြတယ် ”

“ ပြီးတော့ လူတချို့ပြောတာက တောင်တန်းထဲမှာ ရက်စက်ကြမ်းကြုတ်တဲ့ ကျားတွေနဲ့ ဝံပုလွေအုပ်စုတွေ ရှိပါတယ် ”

ချင်းဟိုင်သည် ကျန်းပိုင်ချွင်းကို ဂရုစိုက်မနေဘဲ သူကြားသိခဲ့သော အရာကို ပြန်ပြောပြသည်။

“ ကျားတွေ ရှိတယ်လား ”

မင်းသမီးချူယွမ်သည် သားရဲဘုရင်၏ နာမည်ကို ကြားသောအခါ မကြောက်လန့်သွားပေ။ ယင်းအစား သူက မျက်လုံးဝင်းလက်သွားသည်။ စိတ်ဝင်စားသော အမူအရာက သူ၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။ ကြည့်ရသည်မှာ ဤမင်းသမီးချူယွမ်က ယဉ်ကျေးလိမ္မာသော မိန်းကလေးတစ်ယောက်ဖြစ်ပုံမပေါ်ချေ။

“ ဝံပုလွေတွေ ရှိတယ်လား ”

ကျန်းပိုင်ချွင်းက ချက်ချင်း မျက်နှာပျက်သွားသည်။ ရှင်းလင်းစွာပင် သူက ထိုကိစ္စကို ပိုပြီးစိုးရိမ်သည်။

တစ်ခုသိထားရမည်မှာ တောအုပ်ထဲ၌ ကြောက်စရာအကောင်းဆုံးအရာက ဝံပုလွေအုပ်စု၏ ပစ်မှတ်ထားခံရခြင်း ဖြစ်သည်။ လူတိုင်းသိထားကြသည်မှာ ဝံပုလွေများသည် တစ်ကောင်တည်း မနေကြပေ။ သူတို့က အမြဲတစေ အုပ်စုဖွဲ့၍ နေထိုင်ကြသည်။ တစ်ခါတစ်ရံ အရေအတွက်တစ်ရာခန့်ရှိပြီး တစ်ခါတစ်ရံ အရေအတွက်တစ်ထောင်ခန့် ရှိသည်။ ဝံပုလွေတစ်ကောင်က ကြောက်စရာမကောင်းသော်လည်း ဝံပုလွေရာပေါင်းများစွာ၏ ဝိုင်းရံတိုက်ခိုက်မှုက အလွန်ကြောက်စရာကောင်း၏။ ခွန်အားကြီးမားသော ကျားတစ်ကောင်သည်ပင် ဝံပုလွေအုပ်စု၏ ပြိုင်ဘက်မဖြစ်နိုင်ပေ။

အကယ်၍ သူတို့က တောအုပ်ထဲမှာ ဝံပုလွေအုပ်စုနှင့် တွေ့ဆုံမည်ဆိုလျှင် သူတို့က မည်မျှသန်မာပါစေ အန္တရာယ်များလိမ့်မည်။ မည်သို့ဖြစ်ပါစေ သူတို့၏ လက်နှစ်ဖက်တည်းဖြင့် ရန်သူအများအပြား၏ တိုက်ခိုက်မှုကို မကာကွယ်နိုင်ပေ။ သူတို့က သန်မာသည်ဆိုလျှင်ပင် အံ့ဖွယ်နယ်ပယ်သို့ ဝင်ရောက်ပြီး မသေမျိုးကျင့်ကြံသူတစ်ဦး မဖြစ်လာသေးသရွေ့ ဝံပုလွေအုပ်စုကို ထိပ်တိုက် ရင်ဆိုင်နိုင်ဦးလိမ့်မည် မဟုတ်ချေ။

ကျင့်ကြံခြင်းနယ်ပယ်များကို ချီသန့်စင်ခြင်း၊ အခြေတည်ဆောက်ခြင်း၊ အမြူတေဖွဲ့စည်းခြင်းဟူ၍ ခွဲခြားထားသည်။ ယင်းတို့ထက် ပိုပြီးမြင့်သော နယ်ပယ်များရှိသေး၏။ သို့သော် ထိုနယ်ပယ်သုံးခုက လက်ရှိ သူတို့အတွက် လုံလောက်ပေသည်။ တခြားနယ်ပယ်များက သူတို့လက်လှမ်းမီသောအရာ မဟုတ်ပေ။

ချီသန့်စင်ခြင်းသည် စွမ်းအင်ကို ချီအဖြစ် သန့်စင်ရသော လုပ်ငန်းစဉ်ကို ရည်ရွယ်သည်။ ချီသန့်စင်ခြင်းကို စုစုပေါင်း အဆင့်ဆယ့်နှစ်ဆင့် ခွဲခြားထားသည်။ ယင်းက ဝိညာဉ်စွမ်းအားကို ကျင့်ကြံခြင်း ဖြစ်သည်။ တစ်စုံတစ်ယောက်မှာ ဝိညာဉ်အမြစ်မရှိလျှင် သူတို့က ချီသန့်စင်ခြင်းနယ်ပယ်၏ ကျင့်စဉ်များကို ကျင့်ကြံနိုင်ကြလိမ့်မည် မဟုတ်ချေ။ သူတို့ဆီမှာ ကျင့်စဉ်များရှိလျှင်ပင် သူတို့က ကျင့်ကြံခြင်းဂိတ်တံခါးကို ဖြတ်ကျော်နိုင်ကြလိမ့်မည် မဟုတ်ချေ။

အကြောင်းအရင်းမှာ အလွန်ရိုးရှင်းသည်။

သိုင်းလောကမှ သိုင်းသမားများသည် အစစ်အမှန်ချီကို ကျင့်ကြံကြသည်။ သူတို့က သိုင်းပညာမှာ အနည်းငယ် ပါရမီပါလျှင် အောင်မြင်မှုတချို့ ရရှိကြလိမ့်မည်။ သူတို့၏ ပါရမီပေါ်မူတည်၍ အောင်မြင်မှုအတိုင်းအတာက ကွဲပြားသွားလိမ့်မည်။ သိုင်းကျင့်ကြံခြင်းသည် လူသားခန္ဓာကိုယ်၏ အလားအလာကို အစဉ်မပြတ် ဆွဲထုတ်ရသော လမ်းစဉ်ဖြစ်သည်။ သိုင်းကျင့်ကြံရန် လိုအပ်ချက်အများကြီး မရှိပေ။

အခြားတစ်ဖက်မှာတော့ ကျင့်ကြံသူများသည် မိုးမြေကြားမှ ဝိညာဉ်စွမ်းအားကို သူတို့၏ ခန္ဓာကိုယ်ထဲသို့ စုပ်ယူရန် ဝိညာဉ်အမြစ်ကို မှီခိုအားထားကြရသည်။ ထို့ကြောင့် ကျင့်ကြံသူများသည် အစစ်အမှန်ချီနှင့် လုံးဝ ခြားနားသော ဝိညာဉ်စွမ်းအားကို ကျင့်ကြံကြသည်။ ဝိညာဉ်အမြစ်မရှိသော လူများသည် မိုးမြေကြားမှ ဝိညာဉ်စွမ်းအားကို အာရုံမခံနိုင်ကြပေ။ ထို့ကြောင့် သူတို့မှာ မသေမျိုးကျင့်ကြံခြင်းလမ်းစဉ်ကို လျှောက်လှမ်းရန် အခွင့်အရေးမရှိပေ။

All Chapters