ကုံးချန်ခြံဝင်း တရားဝင်တပည့်
Vol. 32 Ch. 342
"ဒေါင်... ဒေါင်... ဒေါင်..."
နံနက်ခင်း၏ ခေါင်းလောင်းသံက ထုန်းရှန့်တောင်တစ်ခုလုံးတွင် ဟိန်းထွက်သွားသည်။
ခေါင်းလောင်းကိုးချက် တီးခြင်းက ယခုနှစ် ထုန်းရှန့်တောင်၏ တပည့်ရွေးချယ်မှုများအားလုံး အပြီးသတ်အတည် ဖြစ်သွားပြီဖြစ်ကြောင်း ကိုယ်စားပြုသည်။
ထန်ထျန်းက စောစောစီးစီး နိုးနေခဲ့ပြီဖြစ်သည်။ ရှောင်းရွှယ် ဂရုတစိုက်ပြင်ဆင်ပေးထားသော နံနက်စာကို စားသောက်ပြီးနောက် သူ၏ နေရာလွတ်ထဲမှ ဝတ်စုံအသစ်တစ်စုံကို ထုတ်ယူကာ ဝတ်ဆင်လိုက်သည်။
၎င်းမှာ ကုံးချန်ခြံဝင်း တပည့်များအတွက် သီးသန့်ချုပ်လုပ်ထားသော တာအိုဝတ်စုံဖြစ်ပြီး ခါးစည်းက ကိုယ်ကျပ်ဖြစ်ကာ အောက်နားစက ရှည်လျားသဖြင့် ကြည့်ရသည်မှာ အလွန်ပင် ယဉ်ကျေးသိမ်မွေ့သော ပညာရှိတစ်ဦး၏ အရှိန်အဝါမျိုး ထွက်ပေါ်နေသည်။
တစ်ချိန်တည်းမှာပင် ဝတ်စုံပေါ်၌ ခရမ်းရောင်အစင်းကြောင်းများကို ပန်းထိုးထားသည်။
ထိုအစင်းကြောင်းများမှာ ရိုးရှင်းပုံရသော်လည်း အနုစိတ်လှသော အစီအရင် များရှိနေ၏။
ထန်ထျန်းမှာ တစ်ချက်ကြည့်ရုံနှင့်ပင် ၎င်းက အဆင့်မြင့်ဆုံး ပေါင်းစပ်အစီအရင် တစ်ခုဖြစ်ကြောင်း သိလိုက်သည်။
အစီအရင်၏ စွမ်းရည် များမှာ များပြားလှပြီး အလိုအလျောက် သန့်ရှင်းပေး ခြင်း၊ အင်မော်တယ်စွမ်းအား စုစည်းပေးခြင်း၊ ပေါ့ပါးစေခြင်း၊ လွင့်မျောခြင်း အစရှိသည်တို့အပြင် အကာအကွယ်ပေးနိုင်စွမ်းမှာလည်း မသေးလှပေ။
ဤရိုးရှင်းသော တာအိုဝတ်စုံတစ်ထည်တည်းပင်လျှင် အလယ်အလတ်အဆင့် အကာအကွယ်ပေးနိုင်သော အင်မော်တယ်လက်နက် တစ်ခုနှင့် ညီမျှနေသည်။
ဤကဲ့သို့သော ဝတ်စုံမျိုးကို တပည့်တစ်ဦးလျှင် သုံးစုံစီ ပေးထားခြင်းဖြစ်သည်။
ဤအချက်ကို ကြည့်ခြင်းဖြင့် ထျန်းဖူနန်းတော် က ထုန်းရှန့်တောင် ကုံးချန်ခြံဝင်း တပည့်များအပေါ် မည်မျှအထိ ရင်းနှီးမြှုပ်နှံထားသနည်းဆိုသည်ကို သိနိုင်ပါသည်။
"လီဟုန်... ငါနဲ့အတူ လိုက်ခဲ့။ ဒီနေ့ အခမ်းအနားကို အကြီးအကဲတွေနဲ့ တပည့်တွေအများကြီး လာကြလိမ့်မယ်လို့ ကြားတယ်"
"အဲဒီအချိန်ကျရင် ထျန်းဖူနန်းတော် ရဲ့ အလယ်အလတ်နဲ့ အဆင့်မြင့်ပုဂ္ဂိုလ်တွေ အများကြီးနဲ့ ထိတွေ့ခွင့်ရနိုင်တယ်"
ထန်ထျန်းက ပြောလိုက်သည်။
ဒီနေ့က ကုံးချန်ခြံဝင်းထဲသို့ တရားဝင်ဝင်ရောက်ရမည့်နေ့ဖြစ်ပြီး သူက တခြားတက်လှမ်းလာသော တပည့်အသစ်များနှင့်အတူ ကျင့်စဉ်မျှော်စင် သို့သွားကာ သူနှင့် ကိုက်ညီမည့် ကျင့်စဉ်များကို ရွေးချယ်ရမည်ဖြစ်သည်။
ဤနေ့ကို ထန်ထျန်း စောင့်စားနေခဲ့သည်မှာ ကြာပြီဖြစ်သည်။
လီဟုန်က ခေါင်းညိတ်နာခံလိုက်ပြီး ကျန်သည့်သုံးယောက်မှာမူ သူတို့အလုပ်နှင့်သူတို့ ရှုပ်နေကြသည်။
အားလုံးအဆင်သင့်ဖြစ်သောအခါ ထန်ထျန်းနှင့် လီဟုန်တို့က ချင်းရွှီခြံဝင်းမှ ထွက်လာခဲ့ကြသည်။
သို့သော် တံခါးဝမှ ထွက်လိုက်သည်နှင့် ထန်ထျန်းက ရင်းနှီးသော ပုံရိပ်တစ်ခုကို တွေ့လိုက်ရသည်။
ထိုသူမှာ ဤနေရာ၌ ကြိုတင်စောင့်ဆိုင်းနေပုံရ၏။
"ထန်... သခင်လေး"
ထိုသူမှာ ချန်တာအိုခန်းမ မှ ပါရမီရှင်တပည့် ကောဟန့် ပင် ဖြစ်သည်။
ကောဟန့်က ကြည့်ရသည်မှာ အလွန်နေရခက်ပုံရပြီး ဤကဲ့သို့ တခြားသူနှင့် ဆက်ဆံရသည်ကို အသားမကျပုံရပေ။
"အင်း... ဘာကိစ္စရှိလို့လဲ"
ထန်ထျန်းက မေးလိုက်သည်။
ကောဟန့်က အနည်းငယ် မဝံ့မရဲဖြင့် ထစ်ထစ်ငေါ့ငေါ့ ပြောလာသည်။ "အဲဒါ... အရှင် စွေ့ က ကျွန်တော့်ကို လွှတ်လိုက်တာပါ"
"သူက သခင်လေး ကျွန်တော်တို့ ချန်တာအိုခန်းမ ရဲ့ အမြင့်မြတ်ဆုံး ဧည့်သည်တော်ဖြစ်လို့ သခင်လေးရဲ့ နောက်မှာ သေသေချာချာ... လိုက်ပါစောင့်ရှောက်ဖို့ ခိုင်းလိုက်ပါတယ်။"
" မလိုအပ်တဲ့ ပြဿနာတွေကို ဖြေရှင်းပေးဖို့ပါ"
ထန်ထျန်း စိတ်ထဲမှ ရယ်ချင်သွားသည်။
၎င်းမှာ စွေ့ရှစ်ရင် ဆိုသည့် လူပင် ဖြစ်ရမည်။
ထိုသူမှာ တကယ့်ကို စံပြကုန်သည်တစ်ဦးပင်။ သူ၏ ဖောက်သည်ကြီးကို ထိန်းထားနိုင်ရန်အတွက် ဤကဲ့သို့သော နည်းလမ်းမျိုးကိုပင် အသုံးချနေပါလား။
တကယ်လို့ ယခုနှစ် ချန်တာအိုခန်းမ က တက်လှမ်းလာသည့် တပည့်မှာ အမျိုးသမီးတစ်ဦးသာ ဖြစ်နေလျှင် သူ့ထံသို့ တိုက်ရိုက်ပင် ထိုးထည့်ပေးလိုက်မည်လား မသိပေ။
အလွန်နေရခက်နေသော ကောဟန့်ကို ကြည့်ရင်း အင်အားစု တစ်ခုထဲသို့ ဝင်ရောက်ခြင်း၏ အားနည်းချက်မှာ ဤသို့ပင်ဖြစ်ကြောင်း ထန်ထျန်း တွေးမိလိုက်သည်။
အင်အားစု ၏ အကျိုးစီးပွားက သူ့ကိုယ်ပိုင်အကျိုးစီးပွားကို ကျော်လွန်သွားသည့်အခါ အထက်လူကြီးများက သူ မလုပ်ချင်သောအရာကို လုပ်ရန် ဖိအားပေးလာကြမည်ဖြစ်သည်။
မတတ်နိုင်ပေ၊ သင်က ထိုအင်အားစု မှ ပေးသော အရင်းအမြစ်များနှင့် အခွင့်အရေးများကို ခံစားနေရသရွေ့ ထိုကဲ့သို့သော တာဝန်များကိုလည်း ထမ်းဆောင်ရမည်သာ ဖြစ်သည်။
"ဘာလို့ အထဲကို တန်း မဝင်လာတာလဲ"
ထန်ထျန်းက မငြင်းဘဲ မေးလိုက်သည်။
သူကိုယ်တိုင်လည်း အင်အားမရှိသေးသဖြင့် ဘေးနားတွင် အစွမ်းထက်သည့် အကူအညီတစ်ခုရှိနေခြင်းမှာ ကောင်းသည့်အချက်ပင်။
"ကျွန်တော်... သခင်လေးကို ဘယ်လိုပြောရမလဲ မသိလို့ပါ"
ကောဟန့်က ကြောင်အအဖြင့် ပြန်ဖြေသည်။
ထန်ထျန်းက ပြုံး ရင်း ခေါင်းခါလိုက်မိသည်။
ကျင့်ကြံခြင်းကိုသာ အာရုံစိုက်နေသော တပည့်များအတွက် လူမှုဆက်ဆံရေးမှာ တကယ့်ကို ခက်ခဲသော ကိစ္စတစ်ခုပင်။
ထန်ထျန်းလည်း ဘာမှဂရုမစိုက်တော့ဘဲ လိုက်ချင်ရင်လည်း လိုက်ပါစေ၊ တကယ်လိုအပ်မှ ခိုင်းတော့မည်ဟု ဆုံးဖြတ်လိုက်သည်။
ထို့နောက် ကောဟန့်က ထန်ထျန်း၏ အဖွဲ့ထဲသို့ ဝင်လာခဲ့သည်။
သူတို့သုံးယောက်သား အတူတူ ထုန်းရှန့်တောင် ထိပ်သို့ ဦးတည်လျှောက်လာကြ၏။
နံနက်ခင်း၏ ထုန်းရှန့်တောင်မှာ နတ်ဘုံနတ်နန်းကဲ့သို့ပင် လှပနေသည်။
တိမ်တိုက်များကို ဖြတ်ကျော်ပြီးနောက် ထန်ထျန်းက ကျင့်စဉ်မျှော်စင် တည်ရှိရာသို့ ရောက်လာခဲ့သည်။
သူတို့ ရောက်ရှိချိန်တွင် ထိုနေရာ၌ တပည့်အမြောက်အမြား စုရုံးနေကြပြီဖြစ်သည်။
ဝတ်စုံများကို ကြည့်ခြင်းအားဖြင့် အများစုမှာ ကုံးချန်ခြံဝင်းမှ တပည့်ဟောင်းများ ဖြစ်ကြပြီး ထန်ထျန်း ယမန်နေ့က တွေ့ခဲ့ဖူးသူများလည်း ပါဝင်သည်။
ဤသူများမှာ လာကြည့်ကြခြင်းသာ ဖြစ်ဟန်တူသည်။
လူအုပ်ထဲတွင် ထန်ထျန်းသည် သူတို့ကို ယခင်က ဦးဆောင်ပေးခဲ့သော အကြီးအကဲကို တွေ့လိုက်ရသည်။
အကြီးအကဲ၏ အမည်မှာ ဝေ့ယုံ ဖြစ်ပြီး အမြဲတမ်း ပြုံးရွှင်နေတတ်ကာ အလွန်ကြင်နာတတ်သော အင်မော်တယ်ဘုရင် တစ်ဦး ဖြစ်သည်။
ယခုအချိန်တွင် အကြီးအကဲ ဝေ့ ရှေ့၌ တပည့် ၂၀ ကျော် စုရုံးနေကြပြီး သူတို့၏ အမူအရာကို ကြည့်ခြင်းအားဖြင့် ကုံးချန်ခြံဝင်းသို့ အသစ်တက်လှမ်းလာသော တပည့်အသစ်များ ဖြစ်ကြောင်း သိသာလှသည်။
ထို့နောက် ထန်ထျန်းက ကောဟန့်ကို ခေါ်ကာ ထိုနေရာသို့ လျှောက်သွားလိုက်၏။
အကြီးအကဲ ဝေ့ က သူတို့နှစ်ဦးကို ချက်ချင်း မြင်လိုက်သည်။
"ထန်ထျန်း၊ ကောဟန့်... ဒီဘက်ကိုလာ"
အကြီးအကဲ ဝေ့ က သူတို့ကို လှမ်းခေါ်လိုက်ပြီး ပြုံး ရင်း ပြောသည်။ "မင်းတို့ နည်းနည်း နောက်ကျနေပြီနော်"
ထန်ထျန်းက လက်သီးဆုပ် နှုတ်ဆက်ကာ "လျိုလင် (မိုးမခ တောအုပ်) က ကျင့်စဉ်မျှော်စင် နဲ့ နည်းနည်းဝေးလို့ အချိန်နည်းနည်း ကြာသွားတာပါ။"
" အကြီးအကဲ ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်"
အကြီးအကဲ ဝေ့ က လက်ခါပြကာ "ကိစ္စမရှိပါဘူး၊ အခမ်းအနားက တရားဝင် မစရသေးဘူး။"
" ဒါပေမဲ့ မကြာခင် စတော့မှာမို့ ဒီမှာပဲ အရင်စောင့်နေကြပါ"
ထန်ထျန်းက ခေါင်းညိတ်ပြပြီး ကောဟန့်နှင့်အတူ တပည့်အသစ်များအတွက် သီးသန့်နယ်မြေသို့ လျှောက်သွားလိုက်သည်။
သူတို့ ရောက်လာသောအခါ စပ်စုသော အကြည့်များစွာက သူတို့ဆီသို့ ရောက်လာတော့သည်။
ထိုအကြည့်အများစုမှာ ထန်ထျန်းအပေါ်၌သာ စုပြုံနေပြီး အံ့ဩစပ်စုမှုများ ပြည့်နှက်နေသည်။
မတတ်နိုင်ပေ၊ ထန်ထျန်း၏ နာမည်မှာ အလွန်ကျော်ကြားလွန်းလှသည်။ ထျန်းဖူနန်းတော် ထဲသို့ ဝင်ရောက်လာကတည်းက တစ်ခုပြီးတစ်ခု ဖြစ်ပျက်ခဲ့သည့် ကိစ္စကြီးများမှာ မရပ်မနားပင် ဖြစ်နေခဲ့သည်။
သူသည် ယမန်နေ့က စည်းမျဉ်းကို ချိုးဖောက်ပြီး ခရမ်းရွှေတိုကင် ရရှိခဲ့သည့် ကိစ္စမှာလည်း ကုံးချန်ခြံဝင်းထဲတွင် ပျံ့နှံ့နေပြီ ဖြစ်သည်။
အမြဲတမ်း တင်းကြပ်လွန်းလှသော တောင်ထိပ်သခင်ကြီးက ထန်ထျန်းအတွက် ဘာကြောင့် စည်းမျဉ်းကို ချိုးဖောက်ပေးခဲ့ရသနည်းဆိုသည်ကို လူတိုင်း စိတ်ဝင်စားနေကြသည်။
ဤကိစ္စမှာ ယခင်က သူ တပည့်တစ်ရာကျော်ကို လက်တစ်ဖက်တည်းနှင့် နှိမ်နင်းခဲ့သည့် ကိစ္စထက်ပင် ပို၍ အံ့ဩစရာ ကောင်းနေသည်။
သို့သော် ယခုကဲ့သို့ အခြေအနေမျိုးတွင် မည်သူမျှ လာရောက် မမေးရဲကြပေ။
ထန်ထျန်းသည်လည်း ထိုကဲ့သို့ ခပ်စိမ်းစိမ်း ကြည့်နေကြသော အကြည့်များကြောင့် အနည်းငယ် နေရခက်လာသဖြင့် ကောဟန့်ဘက်သို့ လှည့်ကာ စကားတစ်ခွန်းကို ဟလိုက်သည်။
"ဒီနှစ် ကုံးချန်ခြံဝင်းကို တက်လာတဲ့ တပည့်အသစ်တွေထဲမှာ အထူးသတိထားရမယ့်သူတွေ ရှိလား"
ထန်ထျန်းက မေးလိုက်သည်။
ကော်ဟန် ခဏမျှ ကြောင်သွားပြီးနောက် အလျင်အမြန် ခေါင်းညိတ်ပြသည်။ "ရှိတာပေါ့။ "
"ဒီတပည့်တွေက ကျီဝေခြံဝင်း ထဲကနေ ရွေးချယ်ထားတဲ့ ထူးချွန်သူတွေပဲ၊ ပါရမီနဲ့ အစွမ်းက အရမ်းကြောက်ဖို့ကောင်းတယ်။ "
"ဥပမာ တုဟိုင် ဆိုတဲ့ တစ်ယောက်၊ သူက ရွှေအင်မော်တယ် အထွတ်အထိပ် အဆင့်မှာ ရှိနေပြီး တာအိုကျင့်စဉ်တွေက အလွန်အမင်း အားကောင်းတယ်..."
"ပြီးတော့..."
ကျင့်ကြံခြင်းနှင့် ပတ်သက်သည့် အကြောင်းအရာများကို ပြောရသောအခါ ကောဟန့်မှာ စကားဖောင်ဖွဲ့လာပြီး တတွတ်တွတ် ပြောနေတော့သည်။
ကျီဝေခြံဝင်းမှ တက်လှမ်းလာသော တပည့်တိုင်းကို သူက အသေသေချာချာ သိရှိနေသည့်ပုံပင်။
သူ၏ အဆိုအရ ထိုသူအားလုံးမှာ ထိပ်တန်းပါရမီရှင်များ ဖြစ်ကြသည်။
သို့သော် ထန်ထျန်း နားထောင်ပြီးနောက် စိတ်ထဲတွင် ဘာမှ ထူးထူးခြားခြား မခံစားရပေ။
ထိုသူများ၏ ကျင့်ကြံမှုအဆင့်မှာ မဆိုးလှသော်လည်း အသက်အရွယ်မှာမူ ၂၅ နှစ်ဝန်းကျင် ဖြစ်နေကြပြီ။
ဆိုလိုသည်မှာ သူတို့၏ ပါရမီမှာ ထိပ်ဆုံးအဆင့်သို့ ရောက်ရန် မလုံလောက်သေးပေ။
ထန်ထျန်းအတွက်မူ ထိုသူများမှာ ခြိမ်းခြောက်မှုတစ်ခု မဖြစ်နိုင်ပေ။
နှစ်ကုန် ထုန်းရှန့်ညီလာခံတွင် သူ၏ အကြီးမားဆုံး ပြိုင်ဘက်များမှာ ယမန်နေ့က ကြယ်ကြည့်စင်မြင့်တွင် တွေ့ခဲ့ရသော ဆယ်ယောက်သာ ဖြစ်လိမ့်မည်။
ဤတပည့်အသစ်များထဲတွင် တစ်ဦးတည်းသော သတိထားရမည့်သူမှာ ကောဟန့် ပထမဆုံးပြောခဲ့သည့် တုဟိုင် ပင် ဖြစ်သည်။
တုဟိုင်က ကျင့်ကြံခြင်း ပါရမီမှာ သာမန်သာ ဖြစ်သော်လည်း နားလည်နိုင်စွမ်း မှာမူ အလွန်မြင့်မားသည်။ အထူးသဖြင့် ကျင့်စဉ်များကို လေ့လာရာတွင် အလွန် လျင်မြန်လှသည်။
လူအများက ပြောကြသည်မှာ သူက ကုံးချန်ခြံဝင်း၏ သမိုင်းတစ်လျှောက်တွင် "အဆင့်မြင့် အင်မော်တယ်ကျင့်စဉ် ၃ မျိုးကို ဆက်တိုက် ဉာဏ်အလင်းပွင့် နိုင်သူ" အဖြစ် စံချိန်တင်နိုင်လိမ့်မည်ဟု ဆိုကြသည်။
"တကယ်ကို လူတော်ပဲ "
ထန်ထျန်းက ခေါင်းညိတ်ကာ ပြောလိုက်သည်။
ထို့နောက် သူက စနစ် ထဲရှိ သူ၏ သုံးစွဲမှု အမှတ် များကို ကြည့်လိုက်သည်။
အင်း... အဆင့်မြင့် အင်မော်တယ်ကျင့်စဉ်ပေါင်း ၁၀၀ ကျော်လောက်ကို နားလည်သဘောပေါက်ဖို့အတွက်တော့ လုံလောက်ပါတယ်လေ။