← Chapters

စတင်ခြင်း

Vol. 32 Ch. 343

စတင်ခြင်း

Vol. 32 Ch. 343

အချိန်တွေ ကုန်ဆုံးလာသည်နှင့်အမျှ ကုံးချန်ခြံဝင်း တပည့်များအတွက် သီးသန့်ဖြစ်သော "အဝင် အခမ်းအနား" က တရားဝင် စတင်လာခဲ့ပြီ။

ယခုနှစ် တပည့်သစ် အရေအတွက်မှာ စုစုပေါင်း ၂၈ ဦး ရှိသည်။

ကျီဝေခြံဝင်းမှ တက်လှမ်းလာသူ ၂၅ ဦးရှိပြီး တိုက်ရိုက်ရွေးချယ်ပွဲမှ တက်လှမ်းလာသော တပည့်သစ်မှာ ထန်ထျန်း အပါအဝင် ၃ ဦးသာ ရှိ၏။

အရင်နှစ်များနှင့် ယှဉ်လျှင် ယခုနှစ် အရေအတွက်မှာ တော်တော်လေး နည်းပါးသည်ဟု ဆိုရမည်။

ကုံးချန်ခြံဝင်းမှ တပည့်ဟောင်း အများအပြားမှာ လက်ပိုက်ကာ အလယ်ရှိ တပည့်အသစ် ၂၈ ဦးကို စိတ်ဝင်တစား ကြည့်ရင်း စကားလက်ဆုံ ကျနေကြသည်။

"ဒီနှစ်ထဲမှာ စံချိန်ချိုးနိုင်မယ့်သူ ရှိလာမယ် ထင်လား"

တစ်ယောက်က ပြုံး၍ မေးလိုက်၏။

နောက်တစ်ယောက်ကမူ တိုက်ရိုက်ပင် ခေါင်းခါပြကာ "ခက်လိမ့်မယ်။"

" အဆင့်မြင့် အင်မော်တယ်ကျင့်စဉ်ကို နားလည်ဖို့ဆိုတာ စိတ်စွမ်းအား တော်တော်လေး ကုန်ရတဲ့ ကိစ္စပဲ။ ဒါက နားလည်နိုင်စွမ်း ကိုတင် စမ်းသပ်တာ မဟုတ်ဘဲ ဝိညာဉ်သန်မာမှု အတွက်ပါ အကြီးမားဆုံး စမ်းသပ်ချက်ပဲ။"

" ကျင့်စဉ်တွေကို ဆက်တိုက် နားလည်နိုင်ဖို့ဆိုတာ အရမ်း ခက်ခဲလွန်းတယ်"

ထိုလူက ဆက်၍ "တုဟိုင်ကတော့ တော်တော်လေး အလားအလာရှိတယ်လို့ ကြားတယ်။"

" နောက်ပြီး ထန်ထျန်း... "

"ဒီကောင်ကတော့ ဘယ်တော့မှ ခန့်မှန်းလို့မရတဲ့ သူပဲ"

အခြားတစ်ယောက်မှာ တိတ်ဆိတ်သွားမိသည်။

တုဟိုင်ကို ထားလိုက်ပါဦး၊ ထန်ထျန်းမှာ "မျက်နှာဖြတ်ရိုက် ဘုရင်" မဟုတ်ပါလား။

သူ ဘယ်လို အံ့ဩစရာများ လုပ်ပြဦးမလဲဆိုသည်ကို ဘယ်သူမှ ကြိုမသိနိုင်ပေ။

တစ်ချိန်တည်းမှာပင် လူအုပ်၏ အပြင်ဘက်၌ အော်ရာ များကို ဖုံးကွယ်ထားသော်လည်း ထူးခြားသော တည်ရှိမှု အချို့ ရှိနေသည်။

သူတို့မှာ အင်အားစု အသီးသီး၏ ကိုယ်စားလှယ်များ ဖြစ်ကြပြီး စစ်နတ်ဘုရားနန်းတော် ဟွမ်ထောင်၊ ရွှမ်ယွင်မျှော်စင် မှ ချီဟယ်ရွှမ်း၊ မိုမိသားစုမှ မိုရှုနှင့် ဂိုဏ်းပေါင်းစုံ မဟာမိတ်မှ ယန်ရှောင်းဟွာတို့လည်း ထိုနေရာ၌ ရှိနေကြ၏။

ဤလူများမှာ ထန်ထျန်း၏ တကယ့် အစွမ်းကို ပို၍ အာရုံစိုက်နေကြခြင်း ဖြစ်သည်။

မကြာမီမှာပင် အကြီးအကဲ ဝေ့၏ ကြီးကြပ်မှုနှင့်အတူ ကျင့်စဉ်မျှော်စင်က တပည့်အသစ်များအတွက် လုံးဝ ပွင့်သွားခဲ့သည်။

အကြီးအကဲ ဝေ့က ယနေ့အတွက် စည်းမျဉ်းများကို အသေးစိတ် ကြေညာလိုက်သည်။

ပထမဆုံးအနေဖြင့် တပည့်အသစ်များအတွက် အထူးခံစားခွင့်အဖြစ် ယနေ့ ကျင့်စဉ်မျှော်စင်ထဲရှိ အဆင့်မြင့် အင်မော်တယ်ကျင့်စဉ်များ အပါအဝင် အဆင့်နိမ့် ကျင့်စဉ်အားလုံးကို လူတိုင်း လွတ်လပ်စွာ ကြည့်ရှုခွင့် ရမည်ဖြစ်သည်။

လူတိုင်းက သူတို့နှင့် အကိုက်ညီဆုံး ကျင့်စဉ်ကို ရှာဖွေနိုင်ပြီး ဘယ်လို ရွေးချယ်ရမလဲ မသိလျှင် အကြီးအကဲထံ အကူအညီ တောင်းခံနိုင်သည်။

ဒုတိယအချက်မှာ ကျင့်စဉ်တစ်ခုကို ရွေးချယ်ပြီးနောက် တိတ်တဆိတ် ယူသွားနိုင်သလို နေရာတင် ဉာဏ်အလင်းပွင့်အောင် ကျင့်ကြံရန်လည်း ရွေးချယ်နိုင်သည်။

တိတ်တဆိတ် ယူသွားမည်ဆိုပါက တိုက်ရိုက် ယူဆောင်သွားရုံပင်။

သို့သော် နေရာတင် ဉာဏ်အလင်းပွင့်အောင် ကျင့်ကြံရန် ရွေးချယ်ပြီး အမွှေးတိုင် ၃ တိုင်စာ အချိန်အတွင်း ထိုကျင့်စဉ်ကို "အသေးစား အောင်မြင်မှု" အဆင့်အထိ ရောက်အောင် လုပ်နိုင်ပါက အဆင့်တူညီသော နောက်ထပ် ကျင့်စဉ်တစ်ခုကို ထပ်မံ ရွေးချယ်ခွင့် ရဦးမည်ဖြစ်သည်။

"ကျင့်စဉ်မျှော်စင်ထဲမှာ အလွန်ရှားပါးတဲ့ တာအိုကျင့်စဉ်တွေနဲ့ လျှို့ဝှက်ကျင့်စဉ် တွေ အများကြီး ရှိတယ်။ "

"အဲဒါတွေကို ရနိုင်ဖို့ အခွင့်အရေးက အရမ်းနည်းတယ်။ "

"ဒါကြောင့် လူတိုင်းနီးပါးက နေရာတင် ဉာဏ်အလင်းပွင့်ဖို့ပဲ ရွေးချယ်ကြလိမ့်မယ်။ ဒါက ရှားပါးတဲ့ အခွင့်အရေးပဲ"

ကောဟန့်က ထန်ထျန်းကို အသံတိုးတိုးဖြင့် ပြောပြသည်။

ခဏကြာ စကားပြောပြီးနောက် ကောဟန့်၏ နေရခက်သော အခြေအနေမှာလည်း တဖြည်းဖြည်း ပျောက်ကွယ်သွား၏။

ထန်ထျန်းကမူ ခေါင်းညိတ်ပြလိုက်သည်။

သာမန်တပည့်များအတွက်မူ ထိုအချက်မှာ အမှန်ပင်။

သို့သော် သူ့အတွက်မူ ဘယ်လို ကျင့်စဉ်မျိုးမဆို "အနန္တတာအိုနိယာမ" ရှေ့၌ ပြောပလောက်စရာ မရှိပေ။

သူ လိုချင်သည်မှာ အနန္တတာအိုနိယာမကို ပို၍ အားကောင်းစေရန် အဆင့်မြင့် ကျင့်စဉ်များသာ ဖြစ်သည်။

ခဏအကြာတွင် စည်းမျဉ်းများ အကုန်ဖတ်ပြီးသွားပြီ ဖြစ်သည်။

"ကဲ... အားလုံးပဲ လက်ဆောင်တွေ အပြည့်နဲ့ ပြန်လာနိုင်ကြပါစေ"

အကြီးအကဲ ဝေ့က ပြုံး၍ ပြောလိုက်သည်။

ထို့နောက် သူက လက်ကို ဝေ့ယမ်းလိုက်ရာ ကျင့်စဉ်မျှော်စင်ထဲမှ ကြီးမားသော အော်ရာ တစ်ခု ထွက်ပေါ်လာပြီး တပည့်သစ် ၂၈ ဦးလုံးကို လွှမ်းခြုံသွား၏။

ထန်ထျန်းလည်း အပါအဝင်ပင်။

ထိုအော်ရာ ကို ခံစားလိုက်ရသည်နှင့်အတူ သူ့ရှေ့မှောက်၌ အဆုံးမရှိ ကျယ်ပြောသော ကြီးမားသည့် အဆောက်အအုံကြီးတစ်ခု ပေါ်လာသည်။

အဆောက်အအုံထဲတွင် ကြီးမားသော စာအုပ်စင်များ စနစ်တကျ စီထားပြီး အကန့်တစ်ခုစီတိုင်း၌ တောက်ပသော အလင်းလုံးလေး တစ်လုံးစီ ရှိနေ၏။

ထိုအလင်းလုံးလေးများထဲတွင် ကျင့်စဉ်များ ရှိနေခြင်းပင်။

ကြည့်လိုက်ရသည်မှာ ကျယ်ပြောလှသော ကြယ်တာရာ ကောင်းကင်ကြီးကဲ့သို့ ဖြစ်သည်။

ကျင့်စဉ်အားလုံးမှာ ကောင်းကင်မှ ကြယ်များကဲ့သို့ပင် အဆုံးမရှိ များပြားလှ၏။

မျှော်စင် ၏ ထိပ်ကို မော့ကြည့်လိုက်သောအခါ ကြယ်တာရာ ကောင်းကင်ထဲ၌ တောက်ပသော အလင်းတန်းများ ထုတ်လွှတ်နေသည့် ကြီးမားသော အလင်းလုံးပေါင်း ဆယ်ဂဏန်းခန့်ကို တွေ့ရသည်။

အလင်းလုံး တစ်လုံးတည်း၏ တောက်ပမှုမှာ သာမန်အလင်းလုံး ရာပေါင်းများစွာ၏ စုစုပေါင်းထက်ပင် သာလွန်နေသည်။

သေသေချာချာ ကြည့်လိုက်သောအခါ ကျင့်စဉ်အဆင့် မြင့်လေ အလင်းလုံးက ပို၍ တောက်ပလေ ဖြစ်သည်ကို ထန်ထျန်း တွေ့လိုက်ရသည်။

ဤမြင်ကွင်းကို ကြည့်ရင်း ထန်ထျန်းက မေးစေ့ကို ပွတ်သပ်လိုက်မိ၏။

"ဒီပုံစံက အနန္တတာအိုနိယာမရဲ့ ကြယ်တာရာ ပင်လယ်နဲ့ တော်တော် ဆင်တာပဲ"

အစောပိုင်းက အနန္တတာအိုနိယာမသည် ကြယ်တာရာ ပင်လယ်အဖြစ် ပြောင်းလဲသွားစဉ်ကလည်း ဤမြင်ကွင်းမျိုးနှင့် ဆင်တူခဲ့သည်။

ကြီးမားသော ကြယ်ကြီးများက အထက်၌ ရှိနေပြီး အောက်ရှိ ဖုန်မှုန့်လေးများကို အလင်းပေးနေသလိုပင်။

"အရင်ဆုံး ဘာတွေရှိလဲ ကြည့်ရအောင်"

ထန်ထျန်းက ဝိညာဉ်အာရုံကို ဖြန့်ကျက်လိုက်ရာ ချက်ချင်းပင် အလင်းလုံးများထဲရှိ အကြောင်းအရာ အားလုံးကို ဘာအတားအဆီးမှ မရှိဘဲ မြင်လိုက်ရသည်။

ကြည့်ရသည်မှာ ဤကျင့်စဉ်မျှော်စင်က တကယ်ပင် အားလုံးအတွက် ဖွင့်ပေးထားခြင်း ဖြစ်၏။

လျင်မြန်စွာ ကြည့်ပြီးနောက် အခြေအနေမှာ ကောဟန့် ပြောသလိုပင် ဖြစ်သည်ကို သူ တွေ့လိုက်ရသည်။

အလွန်ပင် ကျယ်ပြန့်လွန်းပြီး လောကရှိ အရာအားလုံးနီးပါး ပါဝင်နေသည်။

တာအိုကျင့်စဉ်များ၊ လျှို့ဝှက်ကျင့်စဉ် များ စုံလင်နေ၏။

အချို့မှာ ထန်ထျန်းအတွက်ပင် စိတ်ဝင်စားစရာ ကောင်းနေသေးသည်။

သို့သော် အကုန်ကြည့်ပြီးနောက် သူက အပေါ်ဆုံးရှိ အတောက်ပဆုံး အလင်းလုံးများဆီသို့သာ အာရုံစိုက်လိုက်သည်။

သူ့ရည်မှန်းချက်မှာ အဆင့်မြင့် အင်မော်တယ်ကျင့်စဉ် များသာ ဖြစ်သည်။

"အကုန်လုံးက အတူတူပါပဲ၊ တစ်ခုခုပဲ ယူလိုက်တော့မယ်"

ထန်ထျန်းက ကျင့်စဉ်တစ်ခုကို အမှတ်တမဲ့ပင် ရွေးချယ်လိုက်သည်။

တစ်ချိန်တည်းမှာပင် အပြင်လောက၌

တပည့်အသစ် ၂၈ ဦးလုံးမှာ ကျင့်ကြံ နေသော အခြေအနေထဲသို့ ရောက်နေကြပြီ ဖြစ်သည်။

ပတ်ဝန်းကျင်မှ တပည့်ဟောင်းများမှာမူ ဤသည်ကို ထူးဆန်းသည်ဟု မထင်ကြပေ။

"အနည်းဆုံး နာရီဝက်တော့ ကြာလိမ့်မယ်။ "

"ကျင့်စဉ်တွေ အများကြီးထဲမှာ လူတိုင်းက သူတို့နဲ့ ကိုက်ညီမယ့် ကျင့်စဉ်ပေါင်း ရာနဲ့ချီ ရှာတွေ့နိုင်တာမို့ ရွေးချယ်ဖို့ အချိန်ယူရမှာပဲ။"

" ဒါက အနာဂတ်နဲ့ တိုက်ရိုက် သက်ဆိုင်တဲ့ ကိစ္စမို့ ဂရုတစိုက် လုပ်တာက အကောင်းဆုံးပဲ"

တပည့်များက စကားပြောနေကြသည်။

သို့သော် သူတို့ စကားပြော၍ပင် မဆုံးသေးခင်မှာ တောက်ပသော အလင်းတန်းတစ်ခုက လူအုပ်ထဲသို့ ရုတ်တရက် ကျဆင်းလာခဲ့သည်။

"ဝိုး... ဘာလို့ ဒီလောက် မြန်ရတာလဲ"

"ဒီလောက် တောက်ပတဲ့ အလင်းတန်းဆိုရင် ဒါက အဆင့်မြင့် အင်မော်တယ်ကျင့်စဉ်ပဲ"

"လက်ဖက်ရည် တစ်ခွက်စာ အချိန်လေးအတွင်းမှာ အဆင့်မြင့် အင်မော်တယ်ကျင့်စဉ် တစ်ခုကို ရွေးလိုက်တယ်ဆိုတာက ပေါ့ဆတာတင် မဟုတ်ဘဲ အခွင့်အရေးကို ဖြုန်းတီးပစ်ပြီး လျှောက်လုပ်နေတာပဲ"

"ဘယ်သူလဲဟ... ကိုယ့်အနာဂတ်ကို ဒီလောက်တောင် ဂရုမစိုက်ရတာလဲ"

လူတိုင်း မျက်လုံးပြူးသွားကြပြီး ဝိုင်းကြည့်လိုက်ကြသည်။

သေသေချာချာ မြင်လိုက်ရသော အခါ၌ အားလုံး မှင်တက်သွားကြရ၏။

"ထန်ထျန်း လား"

"မဖြစ်နိုင်တာ၊ သူက အဲဒီလို လျှောက်လုပ်မယ့်သူ မဟုတ်ပါဘူး"

"ဘယ်သူ သိမှာလဲ၊ ရုတ်တရက် စိတ်လွတ်သွားတာ ဖြစ်မှာပေါ့။ ဒီလောက် အချိန်တိုအတွင်းမှာ ကျင့်စဉ်ကို တစ်ခေါက်တောင် ကုန်အောင် ဖတ်လို့မရနိုင်ဘူး။"

" ကျင့်စဉ်တွေကို ဆက်တိုက် နားလည်ဖို့ဆိုတာကတော့ လုံးဝ မဖြစ်နိုင်တော့ဘူး"

တပည့်ဟောင်းများမှာ ခေါင်းခါလိုက်ကြပြီး ထန်ထျန်း၏ ဤသို့ "အခွင့်အရေး ဖြုန်းတီးမှု" အပေါ် နှမြောတသ ဖြစ်နေကြသလို နားမလည်နိုင်ကြပေ။

ယန်ရှောင်းဟွာနှင့် မိုရှုတို့ပင် မျက်မှောင်ကြုတ်သွားကြသည်။

"သူ ဘာလုပ်ချင်နေတာလဲ"

ဘယ်သူမှ ထန်ထျန်း၏ ရည်ရွယ်ချက်ကို မခန့်မှန်းနိုင်ကြပေ။

သို့သော် ထန်ထျန်း၏ အမူအရာမှာမူ အေးအေးဆေးဆေးပင် ဖြစ်ပြီး သူ လုပ်နေသည်များက မှားယွင်းနေသည်ဟု မထင်သည့် ပုံစံမျိုး ဖြစ်၏။

နာရီဝက်ခန့် အချိန်မှာ မြန်မြန်ပင် ကုန်ဆုံးသွားပြီ ဖြစ်သည်။

တပည့်အသစ် အားလုံးက သူတို့ စိတ်ကြိုက် ကျင့်စဉ်များကို ရွေးချယ်ပြီးသွားကြသည်။

အကြီးအကဲ ဝေ့မှာလည်း ပြန်ရောက်လာပြီး ထန်ထျန်းကို တစ်ချက် ကြည့်လိုက်သည်။ သူလည်း အံ့ဩနေပုံရသည်၊ ဘာကြောင့် ထန်ထျန်းက သူ့ထံမှ အကူအညီ မတောင်းခဲ့သနည်း ဆိုတာပင်။

သို့သော် ကိစ္စများမှာ ဤအဆင့်အထိ ရောက်လာပြီ ဖြစ်သဖြင့် ပြောနေလည်း မထူးတော့ပေ။

"အခုပဲ ထွက်သွားချင်တဲ့သူ ရှိလား"

အကြီးအကဲ ဝေ့က မေးလိုက်သည်။

၂၈ ဦးလုံးထဲမှ ဘယ်သူမှ မထွက်သွားကြပေ။

ဤသည်ကို မြင်သောအခါ အကြီးအကဲ ဝေ့က ပြုံးလိုက်ပြီး...

"ဒါဆိုရင်တော့... "

"မင်းတို့ စလိုက်ကြတော့"

All Chapters