← Chapters

စံချိန်ဟောင်းကို ချိုးဖျက်ခြင်း

Vol. 32 Ch. 347

စံချိန်ဟောင်းကို ချိုးဖျက်ခြင်း

Vol. 32 Ch. 347

ထန်ထျန်း၏ လှုပ်ရှားမှုကို ကြည့်ပြီး အကြီးအကဲ ဝေ့မှာ မျက်မှောင်ကြုတ်သွားတော့သည်။

"မင်း ပထမတစ်ခါ ကျင့်စဉ်ရွေးတုန်းကလည်း ဒီလိုပဲ ပေါ့ဆခဲ့တာလား"

သူ၏ အသံတွင် ပြင်းထန်သော အထေ့အငေါ့များ ပါဝင်နေ၏။

ထန်ထျန်းက နှာခေါင်းကို ပွတ်လိုက်ရင်း "အင်း... အဲဒီလိုပါပဲ"

"ဒါပေမဲ့ စိတ်ချပါ၊ ကျွန်တော်က သေသေချာချာ စိစစ်ပြီးမှ ရွေးချယ်ခဲ့တာပါ"

သို့သော် သူ၏ လိမ်ညာမှုကို အကြီးအကဲ ဝေ့က ချက်ချင်းပင် ရိပ်မိသွားသည်။

အကြီးအကဲ ဝေ့က လက်ချောင်းကို အသာလေး တောက်လိုက်ရာ ထန်ထျန်းလက်ထဲရှိ အလင်းလုံးမှာ အဝေးသို့ ရောက်သွား၏။ ထို့နောက် သူက အေးအေးဆေးဆေး မေးလိုက်သည်။"ဟုတ်လား..."

" ဒါဆို ပြောစမ်းဦး၊ ဒီကျင့်စဉ်ရဲ့ နာမည်က ဘာလဲ၊ ဘာအကျိုးကျေးဇူးတွေ ရှိလဲ"

ထန်ထျန်း ဆွံ့အသွားရသည်။

အကြီးအကဲက တကယ်ကို တာဝန်ကျေလွန်းလှ၏။

သူက အတန်ကြာ စဉ်းစားပြီးနောက် စမ်းသပ်သည့်အနေဖြင့် ပြောလိုက်သည်။ "ဒါက... အဆင့်မြင့် အင်မော်တယ်ကျင့်စဉ် တစ်ခုပါ"

" သူ့ရဲ့ အကျိုးကျေးဇူးက... အရမ်း အစွမ်းထက်တယ်..."

အကြီးအကဲ ဝေ့၏ မျက်နှာမှာ ပို၍ ပုပ်သိုးလာသည်ကို မြင်သောအခါ ထန်ထျန်းမှာ နောက်ဆုံးတွင် အရှိအတိုင်း ဝန်ခံရန်သာ ရွေးချယ်လိုက်တော့သည်။

"ကောင်းပါပြီ... ဒါ ကျွန်တော် အမှတ်တမဲ့ ရွေးလိုက်တာပါ"

"ကျွန်တော် အလျင်လိုနေလို့ပါ"

အကြီးအကဲ ဝေ့၏ မျက်မှောင်များမှာ ပို၍ပင် တွန့်ချိုးသွားသည်။ "အလျင်လိုနေတယ် ဟုတ်လား "

"မင်း ဘာကို အလျင်လိုနေတာလဲ"

"မင်းရဲ့ အနာဂတ် လမ်းစဉ်ထက် ပိုအရေးကြီးတဲ့ ကိစ္စက ဘာရှိလို့လဲ"

သူက ပြင်းထန်သော လေသံဖြင့် ဆုံးမလိုက်၏။

ထန်ထျန်းက လေသံကို လျှော့ကာ "ကျွန်တော် ဘယ်လို ရှင်းပြရမလဲ မသိဘူး။ "

"ဒါပေမဲ့ မကြာခင်မှာ အကြီးအကဲ သိလာပါလိမ့်မယ်"

ထန်ထျန်း၏ အေးဆေးလွန်းသော အမူအရာကို ကြည့်ပြီး အကြီးအကဲ ဝေ့မှာ အတော်လေး ဒေါသထွက်သွားရသည်။

သူ အမုန်းဆုံးအရာမှာ ပါရမီ အလွန်ကောင်းသော တပည့်အချို့က ကျင့်ကြံခြင်း၌ ပေါ့ပေါ့တန်တန် လုပ်ဆောင်ပြီး ကောင်းကင်က ပေးသနားသော အခွင့်အရေးကို အလဟဿ ဖြုန်းတီးပစ်ခြင်းပင် ဖြစ်၏။

ထန်ထျန်းမှာ ယခုအခါ ထိုအချက်နှင့် အပြည့်အဝ ကိုက်ညီနေသည်။

သို့သော် ခဏအကြာတွင် အကြီးအကဲ ဝေ့က လေးနက်သော အသံဖြင့် မေးလိုက်၏။ "မင်း ပထမတစ်ခါကလည်း အမှတ်တမဲ့ပဲ ရွေးခဲ့တာလား။"

" ဒါဆို ဘယ်လိုလုပ်ပြီး အဲဒီလောက် အချိန်တိုအတွင်းမှာ အသေးစား အောင်မြင်မှု အဆင့်ကို ရောက်သွားတာလဲ"

"ဒါက မဖြစ်နိုင်တဲ့ ကိစ္စပဲ"

ထန်ထျန်းမှာ ခဏတာ မှင်တက်သွားပြီးနောက် ပြုံးလိုက်သည်။ "အကြီးအကဲ ဝေ့... ဒီကမ္ဘာမှာ မဖြစ်နိုင်ဘူးဆိုတာ မရှိပါဘူး။ "

"ကျွန်တော် အစောက ပြောခဲ့သလိုပါပဲ၊ မကြာခင်မှာ အကြီးအကဲ သိလာပါလိမ့်မယ်"

အမှန်တရားက မျက်စိရှေ့သို့ ရောက်မလာမီအထိ လူအချို့မှာ ထိုအရာက မတည်ရှိဟုသာ ယူဆတတ်ကြစမြဲပင်။

သူ့ကိုယ်သး ယုံကြည်မှု အပြည့်ရှိနေသော ထန်ထျန်းကို ကြည့်ပြီး အကြီးအကဲ ဝေ့လည်း ဝေခွဲမရ ဖြစ်သွားသည်။

ထန်ထျန်း၏ နားလည်နိုင်စွမ်းမှာ အမှန်တကယ်ပင် နားမလည်နိုင်လောက်အောင် မြင့်မားနေသည်လား။

"ကောင်းပြီ... မင်းရဲ့ စိတ်ထဲမှာ အစီအစဉ် ရှိရင်တော့ ပြီးတာပါပဲ"

အကြီးအကဲ ဝေ့က ကျင့်စဉ်ကို ထန်ထျန်းထံ ပြန်ပေးလိုက်ရင်း "ဒါပေမဲ့ ငါ မင်းကို တစ်ခုတော့ သတိပေးမယ်။"

" မင်း အမှတ်တမဲ့ ရွေးလိုက်တဲ့ ဒီအဆင့်မြင့် ကျင့်စဉ်က လူသိနည်းပြီး အခက်ခဲဆုံး ကျင့်စဉ်တစ်ခုပဲ"

"အကယ်၍ မင်း တတိယမြောက် ကျင့်စဉ်ကို ထပ်ပြီး စိန်ခေါ်ချင်တယ်ဆိုရင်တော့ ဒီလို ပေါ့ပေါ့တန်တန် စိတ်ထားကို ဖယ်ထုတ်ပြီး အလေးအနက်ထားဖို့ လိုလိမ့်မယ်"

ထန်ထျန်းက ပြုံးပြီး "ကျွန်တော်က အမြဲတမ်း အလေးအနက်ထားပါတယ်"

အကြီးအကဲ ဝေ့က နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီးနောက် လက်ကို ဝေ့ယမ်းလိုက်ရာ သူတို့နှစ်ဦး လက်တွေ့လောကသို့ ပြန်ရောက်လာကြသည်။

ဉာဏ်အလင်းပွင့် စင်မြင့်ပေါ်၌ ထန်ထျန်းမှာ ကျင့်စဉ်ကို လက်ထဲတွင် ကိုင်ထားပြီးသား ဖြစ်၏။

"အဆင့်မြင့် အင်မော်တယ်ကျင့်စဉ်လား"

လူတိုင်းက သူက နောက်တစ်ကြိမ် အဆင့်မြင့် အင်မော်တယ်ကျင့်စဉ်ကို ရွေးချယ်လိုက်သည်ကို သတိထားမိသွားကြသည်။

"တကယ် ရွေးရဲတာပဲ၊ ဒါကိုလည်း အရင်က ကြိုတင် ကျင့်ထားဖူးတာလား"

"မနောက်စမ်းပါနဲ့၊ ဒါက အဆင့်မြင့် ကျင့်စဉ်နော်။ ဂေါ်ဖီထုတ် မဟုတ်ဘူး၊ ဘယ်လိုလုပ်ပြီး ရွေးသမျှ အကုန် ကြိုကျင့်ထားနိုင်မှာလဲ"

"ဒါဆိုရင်တော့ ဒီတစ်ကြိမ် သူ့ရဲ့ လုပ်ဆောင်ချက်ကို ကြည့်ရမှာပဲ။ အကယ်၍ အမွှေးတိုင် သုံးတိုင်အတွင်းမှာ အသေးစား အောင်မြင်မှု အဆင့်ကို မရောက်ရင်တော့ သူ့ရဲ့ ပထမတစ်ခါက စံချိန်က ဟာသတစ်ခုပဲ ဖြစ်သွားလိမ့်မယ်"

လူများက ဝိုင်းဝန်း ပြော ရင်း အကြည့်များကို ဉာဏ်အလင်းပွင့် စင်မြင့်ပေါ်သို့ စုစည်းလိုက်ကြသည်။

ထိုအချိန်တွင် အလင်းအကာအကွယ်မှာ တဖြည်းဖြည်း ပေါ် လာပြီ ဖြစ်သည်။

အားလုံး၏ စောင့်ကြည့်မှုအောက်တွင် ထန်ထျန်းမှာ အခင်းပေါ်၌ ထိုင်ရန် ရွေးချယ်ခြင်း မပြုသေးပေ။

လူအများအပြားမှာ မျက်လုံးများ ကျဉ်းမြောင်းသွားကြ၏။

"ဟမ့်... သူက အရင်က အခြေအနေအတိုင်း ထပ်လုပ်ဖို့ ကြံနေတာလား"

"တကယ်လို့ သူသာ အဲဒီလို ထပ်လုပ်နိုင်မယ်ဆိုရင် ငါ ခေါင်းနဲ့ လမ်းလျှောက်..."

ထိုသူ၏ စကားပင် မဆုံးသေးပေ။

တာအိုလှိုင်း တစ်ခုမှာ ဉာဏ်အလင်းပွင့် စင်မြင့်ပေါ်မှ တဖြည်းဖြည်း လွင့်ပျံလာခဲ့သည်။

အားလုံး : ...

သူတို့မှာ မျက်လုံးပြူးကာ ထန်ထျန်းကို အကြည့်မပျက် စိုက်ကြည့်နေကြပြီး အသက်ပင် ပြင်းပြင်းမရှူရဲကြပေ။

"ဘုန်း"

အစောပိုင်းကထက် ပို၍ ပြင်းထန်သော တာအိုလှိုင်းတစ်ခု ထပ်မံ ထွက်ပေါ်လာပြန်သည်။

ဉာဏ်အလင်းပွင့် စင်မြင့် ပတ်ဝန်းကျင်ရှိ လူပေါင်း ရာနှင့်ချီမှာ မြေပြင်ပေါ်သို့ အပ်တစ်ချောင်း ကျသည့်အသံကိုပင် ကြားနိုင်လောက်အောင် တိတ်ဆိတ်သွားကြရသည်။

အချို့သူများ၏ နဖူးပေါ်၌ပင် ချွေးစေးများ ထွက်လာခဲ့၏။

သူ... တကယ်ပဲ...

"ဝူး"

တတိယမြောက် ပို၍ ပြင်းထန်သော လှိုင်းလုံးမှာ ဉာဏ်အလင်းပွင့် စင်မြင့်ပေါ်မှ ထွက်ပေါ်လာပြန်သည်။

ကျွမ်းကျင်ခြင်း အဆင့်

အရင်အတိုင်းပင်၊ သုံးကြိမ်ဆက်တိုက် အောင်မြင်သွားခဲ့ပြီပင်။

ထို့ပြင် ဤတစ်ကြိမ် အဆင့်တက်သည့် အမြန်နှုန်း မှာ အရင်တစ်ခါထက်ပင် ပို၍ မြန်ဆန်နေသေးသည်။

ဒါက လူသားတစ်ယောက် လုပ်နိုင်တဲ့ အရာလား။

လူတိုင်းမှာ အသက်ရှူသံပင် မထွက်ရဲဘဲ ထန်ထျန်း၏ နောက်ဆုံး ခြေလှမ်းကို ငြိမ်သက်စွာ စောင့်ကြည့်နေကြသည်။

ထန်ထျန်းကလည်း သူတို့ကို စိတ်မပျက်စေခဲ့ပေ။

တတိယမြောက် အဆင့်တက်ခြင်း၏ လှိုင်းလုံးများ မကုန်ဆုံးသေးမီမှာပင် အပြင်းထန်ဆုံးသော တာအိုလှိုင်းတစ်ခုမှာ ရုတ်တရက် ပေါက်ကွဲထွက်လာတော့သည်။

အသေးစား အောင်မြင်မှု အဆင့်

ထန်ထျန်းမှာ မဖြစ်နိုင်သော အံ့ဖွယ်ကို နောက်တစ်ကြိမ် ထပ်မံ လုပ်ပြနိုင်ခဲ့ပြီ ဖြစ်သည်။

အဆင့်မြင့် အင်မော်တယ်ကျင့်စဉ် နှစ်ခုကို ဆက်တိုက် အသေးစား အောင်မြင်မှု အဆင့်သို့ ရောက်ရှိစေရန် သုံးခဲ့သည့် စုစုပေါင်း အချိန်မှာ အမွှေးတိုင် တစ်ဝက်စာပင် မပြည့်ပေ

ဒါက တကယ့်ကို...

လူအများမှာ ချက်ချင်းပင် ဆူညံသွားကြတော့သည်။

"သူ တကယ် လုပ်နိုင်တာပဲ"

တစ်စုံတစ်ယောက်က အသံများ တုန်ယင်စွာဖြင့် အော်ဟစ်လိုက်၏။

"စောစော က ဘယ်သူလဲ၊ ထန်ထျန်းသာ ထပ်လုပ်နိုင်ရင် ခေါင်းနဲ့ လမ်းလျှောက်မယ် ဆိုတဲ့လူ..."

လူအချို့က ထိုကတိပေးခဲ့သော လူကို လိုက်ရှာကြသော်လည်း ထိုလူမှာ အခြေအနေ မဟန်သည်ကို မြင်ကတည်းက လူအုပ်ကြားထဲသို့ တိတ်တဆိတ် ဝင်ရောက် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

"အစောက ဘယ်သူတွေ ထန်ထျန်းကို မဖြစ်နိုင်ဘူးလို့ ပြောတာလဲ"

"စစ်နတ်ဘုရားနန်းတော်ရဲ့ အကဲဖြတ်နိုင်စွမ်းကလည်း သိပ်မကောင်းလှပါလား"

ယန်ရှောင်းဟွာက ဟွမ်ထောင်ကို တည့်တည့်ကြီး လှောင်ပြောင်လိုက်သည်။

အစောပိုင်းက ထန်ထျန်း အံ့ဖွယ် ဖန်တီးနိုင်မည်ဟု သူ တစ်ဦးတည်းသာ ယုံကြည်ခဲ့ခြင်း ဖြစ်၏။

ဟွမ်ထောင်မှာ နှာခေါင်းတစ်ချက် ရှုံ့လိုက်သော်လည်း ပြန်မပြောပေ။

သို့သော် သူ၏ ပုပ်သိုးနေသော မျက်နှာကို ကြည့်ခြင်းအားဖြင့် သူ စိတ်ဓာတ်ကျနေသည်မှာ ထင်ရှားလှသည်။

ချီဟယ်ရွှမ်းလည်း စိတ်မချမ်းမသာ ဖြစ်နေပုံရပြီး လက်ထဲရှိ ယပ်တောင်ကို အဆက်မပြတ် ခတ်နေ၏။

မိုရှုကမူ သူမ၏ မျက်လုံးများထဲ၌ ထူးခြားသော အရောင်အဝါများ ယှက်သမ်းနေသည်။

"ထန်ထျန်းက ဒုတိယမြောက် အဆင့်မြင့် ကျင့်စဉ်ကိုလည်း ကြို ကျင့်ထားဖူးတာလား"

တစ်စုံတစ်ယောက်က သံသယဖြင့် မေးလိုက်၏။

သို့သော် လူတိုင်းက ငြိမ်သက်သွားကြသည်။

ကျင့်စဉ်တစ်ခုတည်းဆိုလျှင် ဖြစ်နိုင်သေးသော်လည်း နှစ်ခုဆက်တိုက် ကြိုကျင့်ထားဖူးရန်မှာ အခွင့်အလမ်း အလွန် နည်းပါးလှသည်။

ဖြစ်နိုင်သည်မှာ ထန်ထျန်း၏ နားလည်နိုင်စွမ်းက လူသားအားလုံး၏ နားလည်မှု နယ်ပယ်ကို ကျော်လွန်နေခြင်းပင်။

အပြင်ဘက်ရှိ တပည့်များနှင့် မတူသည်မှာ အကြီးအကဲ ဝေ့၏ စိတ်ထဲတွင် အလွန် ရှင်းလင်းနေခြင်း ဖြစ်၏။ ထန်ထျန်းမှာ ကျင့်စဉ်ကို အမှတ်တမဲ့ ရွေးချယ်ခဲ့ခြင်း ဖြစ်ပြီး ကျင့်စဉ်နာမည်ကိုပင် မကြည့်ခဲ့ပေ။

ဤကဲ့သို့သော အခြေအနေမျိုးတွင်ပင် လျင်မြန်စွာ အသေးစား အောင်မြင်မှု အဆင့်သို့ ရောက်ရှိသွားခြင်းအပေါ် အကြီးအကဲ ဝေ့မှာ မည်သို့ မှတ်ချက်ပေးရမှန်းပင် မသိတော့ပေ။

သူက လက်ကို ဝေ့ယမ်း၍ အကာအကွယ်ကို ဖယ်ရှားပေးလိုက်သည်။

ထန်ထျန်းမှာ လူအများရှေ့တွင် နောက်တစ်ကြိမ် ပေါ်လာပြန်သည်။ သူက ယခင်အတိုင်းပင် အေးဆေးလျက် ရှိ၏။

ဈေးထဲ၌ ဟင်းသီးဟင်းရွက် ဝယ်ရသကဲ့သို့ မပြောပလောက်သော ကိစ္စတစ်ခုကို လုပ်လိုက်သည့်နှယ်ပင်။

"အကြီးအကဲ ဝေ့... ကျွန်တော်တို့ ဆက်ရအောင်"

ထန်ထျန်းက ပြောလိုက်၏။

ခဏအကြာတွင် တတိယမြောက် အဆင့်မြင့် ကျင့်စဉ်မှာ ထန်ထျန်း၏ လက်ထဲသို့ ရောက်ရှိလာသည်။

ယခင်အတိုင်းပင်၊ လက်ဖက်ရည် တစ်ဝက်စာ အချိန်လေးအတွင်းမှာပင်...

ထန်ထျန်းက တတိယအကြိမ်မြောက် အသေးစား အောင်မြင်မှု အဆင့်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။

လူအများမှာ နဖူးကို လက်ဖြင့် အုပ်လိုက်ကြပြီး ဦးနှောက်များပင် မူးဝေလာသကဲ့သို့ ခံစားလိုက်ရ၏။

အစောပိုင်းက အဆင့်မြင့် ကျင့်စဉ် သုံးခုကို ဆက်တိုက် နားလည်ခဲ့သော တုဟိုင်မှာမူ နှုတ်ခမ်းများ ဖြူလျော့နေသည်။ သူသည် အစောပိုင်းက ပင်ပန်း မှု များသွား၍လား သို့မဟုတ် ထန်ထျန်းကြောင့် ထိတ်လန့်သွား၍လား မသိပေ။

ကိုယ်တိုင် လုပ်ဖူးမှသာ အဆင့်မြင့် ကျင့်စဉ် သုံးခုကို ဆက်တိုက် နားလည်ရန် မည်မျှ ခက်ခဲသည်ကို သိနိုင်ခြင်း ဖြစ်၏။

သို့သော် ထန်ထျန်းမှာမူ...

အေးဆေးတည်ငြိမ်နေဆဲဖြစ်ပြီး မျက်နှာမှာလည်း ကြည်လင်တောက်ပနေ၏။

ပင်ပန်း မှု အနည်းငယ်မျှ ရှိပုံမရပေ။

အကယ်၍ သူ၏ အသွင်အပြင်မှာ အမှန်တကယ် ဖြစ်နေမည်ဆိုလျှင် ထန်ထျန်းမှာ စံချိန်ဟောင်းကို ချိုးဖျက်ရန်မှာ လက်တစ်ကမ်းအလိုပင် ဖြစ်သည်။

"အကြီးအကဲ ဝေ့... ကျေးဇူးပြုပြီး"

ထန်ထျန်းက ပြုံး၍ ပြောလိုက်သည်။

အကြီးအကဲ ဝေ့မှာ အသက်ကို ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီး ထန်ထျန်းကို ကျင့်စဉ်မျှော်စင်ထဲသို့ နောက်တစ်ကြိမ် ဆွဲခေါ်သွားပြန်သည်။

ခဏအကြာတွင်...

ပြင်းထန်သော တာအိုလှိုင်းများ ပေါက်ကွဲထွက်လာသည်နှင့်အမျှ လူတိုင်းမှာ သက်ပြင်းရှည်ကြီး ချလိုက်ကြပြီး ထန်ထျန်းကို သရဲတစ်ကောင်ကို မြင်လိုက်ရသည့်အလား ကြည့်လိုက်ကြတော့သည်။

စံချိန်... တကယ်ပဲ ကျိုးသွားပြီ

ထို့ပြင် အမွှေးတိုင် တစ်တိုင်စာ အချိန်လေးသာ ကုန်ဆုံးခဲ့ခြင်း ဖြစ်၏

လူအတော်များများမှာ ကိုယ်ခန္ဓာပင် တုန်ယင်နေကြရသည်။ ဤကဲ့သို့သော နားလည်နိုင်စွမ်းမှာ မှန်းဆရန်ပင် မဖြစ်နိုင်တော့ပေ

သို့သော် ထန်ထျန်းမှာမူ အချိန်ကို အနည်းငယ်မျှ အကုန်မခံဘဲ ထပ်မံ ပြောလိုက်၏။

"အကြီးအကဲ ဝေ့..."

"ဒုက္ခပေးရဦးမယ်... နောက်တစ်ခု"

All Chapters