← Chapters

အဆင့်မြင့်အကြီးအကဲ များ တုန်လှုပ်သွားခြင်း

Vol. 32 Ch. 348

အဆင့်မြင့်အကြီးအကဲ များ တုန်လှုပ်သွားခြင်း

Vol. 32 Ch. 348

ကုံးချန်ခြံဝင်း၏ တပည့်အသစ်များအတွက် သီးသန့်ပေးအပ်သော ဤအစဉ်အလာ အထူးအခွင့်အရေးမှာ နှစ်ပေါင်း တစ်ရာကျော်တိုင်အောင် တည်ရှိခဲ့ခြင်း ဖြစ်သည်။

ထိုနှစ်ပေါင်း တစ်ရာအတွင်း တပည့်များ ဖန်တီးခဲ့သမျှသော အကောင်းဆုံး စံချိန်အားလုံးကို ထန်ထျန်းက ယခုကဲ့သို့ အလွယ်တကူ ချိုးဖျက်ပစ်လိုက်ပြီ ဖြစ်သည်။

သူက စံချိန်ချိုးရသည်မှာ ပျင်းစရာကောင်းနေသည့်အလား၊ အိပ်ချင်ငိုက်မြည်းနေသည့်အလားပင် ရှိနေ၏။

သူက ကျင့်စဉ်များကို ဆက်လက် နားလည်အောင် ပြုလုပ်မည်ဟု ပြောလိုက်သောအခါ ဘေးမှ စောင့်ကြည့်နေသော တပည့်များမှာ ပွက်လောရိုက်သွားကြတော့သည်။

"မထင်ထားဘူး၊ ဒီနေ့တော့ သမိုင်းဝင်ဖြစ်ရပ်ကို မျက်မြင်တွေ့လိုက်ရပြီ"

"ဒီကောင် ထန်ထျန်းက အမြဲတမ်း သမိုင်းသစ်တွေ ဖန်တီးနေတာပဲ။ သူ့ရဲ့ စွမ်းရည်က တကယ်ကို ဘယ်လောက်တောင် ကြောက်စရာကောင်းနေတာလဲ"

"ဟမ့်... အခုချိန်မှာ သူ ခေါင်းလောင်း ကိုးချက်တီးခဲ့တာကို သံသယရှိနေတဲ့သူ ရှိသေးလား"

"အကယ်၍ နဂါးတံခါးမှာသာ ပြဿနာမတက်ခဲ့ရင် သူ အခုချိန်မှာ ရှန်းယွမ် စင်မြင့်ပေါ် ရောက်နေလောက်ပြီ"

လူအများမှာ စိတ်လှုပ်ရှားစွာ ပြော နေကြသည်။

ယန်ရှောင်းဟွာကမူ အားရပါးရ အော်ဟစ်ရယ်နေ၏။

လူတိုင်း သိထားကြသည်မှာ သူတို့၏ ဂိုဏ်းပေါင်းစုံ မဟာမိတ်က ထန်ထျန်းနှင့် အလွန်ကောင်းမွန်သော ဆက်ဆံရေး ရှိထားခြင်းပင်။

ထန်ထျန်း ပိုမို အစွမ်းထက်လေလေ သူတို့ ပို၍ ပျော်ရွှင်လေလေ ဖြစ်သည်။

အခြားတစ်ဖက်တွင်မူ ဟွမ်ထောင်နှင့် ချီဟယ်ရွှမ်းတို့မှာ နှုတ်ဆိတ်နေကြပြီး မျက်နှာများမှာလည်း အတော်လေး ပုပ်သိုးနေကြ၏။

သူတို့နှင့် ထန်ထျန်းကြားတွင် ရန်ငြိုးများ သို့မဟုတ် အာဃာတများ ရှိနေခဲ့ရာ အနာဂတ်တွင် ပြိုင်ဘက်များ ဖြစ်လာရန် သေချာနေသည်။

ထို့ကြောင့် ထန်ထျန်း ဤမျှ အစွမ်းထက်လာသည်ကို သူတို့ မမြင်လိုကြပေ။

ထို့ပြင် ယခုအခြေအနေအရ နှစ်ကုန်ပိုင်းတွင် ကျင်းပမည့် ထုန်းရှန့်ညီလာခံ၌ ထန်ထျန်းက သူတို့အတွက် အကြီးမားဆုံးသော ပြိုင်ဘက် ဖြစ်လာနိုင်ပေသည်။

သို့သော် မိုရှုကမူ ထုံးစံအတိုင်း တည်ငြိမ်နေဆဲ ဖြစ်ပြီး သူမ၏ စိတ်ထဲတွင် ဘာတွေးနေသည်ကို မည်သူမျှ ခန့်မှန်း၍ မရပေ။

ခဏအကြာတွင် ထန်ထျန်း၏ တောင်းဆိုမှုအရ ပဉ္စမမြောက် ကျင့်စဉ်ကို ရွေးချယ်လိုက်ပြန်သည်။

၎င်းမှာ အဆင့်မြင့် အင်မော်တယ်ကျင့်စဉ် တစ်ခုပင် ဖြစ်၏။

အကြီးအကဲ ဝေ့၏ မျက်နှာမှာမူ သရဲတစ်ကောင်ကို မြင်လိုက်ရသည့်အလား ဖြစ်နေပြီပင်။

အကြောင်းမှာ ထန်ထျန်း ရွေးချယ်လိုက်သော ကျင့်စဉ်အားလုံးမှာ နာမည်ကိုပင် မကြည့်ဘဲ အမှတ်တမဲ့ ရွေးချယ်သွားခြင်း ဖြစ်သည်ကို သူ အသိဆုံး ဖြစ်သောကြောင့်ပင်။

ဤကဲ့သို့သော မယုံနိုင်စရာ ဖြစ်ရပ်မျိုးမှာ သူ၏ နားလည်မှု နယ်ပယ်ကို အလုံးစုံ ကျော်လွန်နေပြီ ဖြစ်သည်။

နောက်ဆုံးတွင် ဉာဏ်အလင်းပွင့် စင်မြင့်၏ အကာအကွယ်ကို ထုတ် ပေးပြီးနောက် သူက တောင်ထိပ်သခင်ကုန်း ထံသို့ တိတ်တဆိတ် သတင်းပို့လိုက်တော့သည်။

"တောင်ထိပ်သခင်ကုန်း"

"ကျင့်စဉ်မျှော်စင်မှာ ထူးဆန်းတဲ့ ကိစ္စတွေ ဖြစ်နေပါတယ်"

"အမြန် လာပေးပါ"

သတင်းပို့ပြီးနောက် သူက သတင်းပို့ကျောက်စိမ်းပြားကို သိမ်းဆည်းလိုက်ကာ အသက်ပြင်းပြင်း တစ်ချက်ရှူရင်း ဉာဏ်အလင်းပွင့် စင်မြင့်ကို ကြည့်လိုက်သည်။

ထိုအချိန်တွင် ထန်ထျန်းမှာ လက်ထဲရှိ အဆင့်မြင့် ကျင့်စဉ်ကို ထုတ်ယူလိုက်ပြီး မျက်တောင်တစ်ခတ်အတွင်းမှာပင် စတင်ခြင်း အဆင့်ကို အောင်မြင်သွားခဲ့သည်။

"ဒါက တကယ်ကို ထူးဆန်းလွန်းတယ်"

မျက်စိရှေ့မှ မြင်ကွင်းကို ကြည့်ရင်း အကြီးအကဲ ဝေ့၏ တစ်ကိုယ်လုံး တောင့်တင်းနေမိ၏။

သူက ထန်ထျန်း၏ မျက်နှာပေါ်တွင် ပင်ပန်းနွမ်းနယ်သည့် အရိပ်အယောင်ကို ရှာဖွေနေသော်လည်း ထန်ထျန်းမှာ ယခင်အတိုင်း အေးဆေးနေဆဲပင်။

ခဏအကြာတွင် နားလည်ခြင်း အဆင့်သို့ ရောက်ရှိသွားပြန်သည်။

ဤကဲ့သို့ နားလည်နိုင်စွမ်းမှာ ထမင်းစား ရေသောက်ရသကဲ့သို့ပင် လွယ်ကူနေပုံရ၏။

မကြာမီမှာပင် ပဉ္စမမြောက် ကျင့်စဉ်ကို နားလည်အောင်မြင်သွားပြီး ဆဋ္ဌမမြောက် ကျင့်စဉ်ကို ဆက်လက် စတင်လိုက်ပြန်သည်...။

......

ထန်ထျန်းက အဆင့်မြင့် ကျင့်စဉ်များကို တစ်ခုပြီးတစ်ခု ထုတ်ယူကာ လျင်မြန်စွာ နားလည်အောင်မြင်နေသည်ကို ကြည့်ပြီး ဘေးမှ တပည့်များမှာ စတင်၍ ထုံထိုင်း ထုံကျင်လာကြပြီ ဖြစ်သည်။

"ဒီနေ့ တစ်ယောက်ယောက် စံချိန်ချိုးလိမ့်မယ်လို့ ငါ ထင်ထားပေမဲ့ ဒီလောက်အထိ ဖြစ်သွားမယ်လို့တော့ အိမ်မက်တောင် မမက်ဖူးဘူး"

"အဆင့်မြင့် ကျင့်စဉ် အခု ၂၀ ကျော်သွားပြီ မဟုတ်လား"

"သူ မပင်ပန်းဘူးလား သူ့ရဲ့ စိတ်ဝိညာဉ် စွမ်းအားက အောက်ခြေမရှိတဲ့ တွင်းနက်ကြီး တစ်ခုလား"

"ဒါက လူသား မဟုတ်တော့ဘူး"

သူတို့က အစပိုင်းတွင် အထင်သေးခဲ့ရာမှ သံသယဖြစ်ခြင်း၊ အံ့ဩတုန်လှုပ်ခြင်း၊ ထိုမှတစ်ဆင့် ဘဝကိုပါ သံသယဖြစ်ခြင်းများအထိ အဆင့်ဆင့် ပြောင်းလဲလာကြသည်။

ယခုဆိုလျှင် သူတို့၏ စိတ်အာရုံများပင် ဝေဝါးနေကြပြီ ဖြစ်သည်။

ဤပြောင်းလဲမှု အားလုံးမှာ တစ်နာရီကျော် အချိန်အတွင်းမှာပင် ဖြစ်ပျက်ခဲ့ခြင်း ဖြစ်၏။

မူလက အဆင့်မြင့် အင်မော်တယ်ကျင့်စဉ် ဆိုသည်မှာ သူတို့မျက်လုံးထဲတွင် အလွန် မြင့်မြတ်သော အရာ ဖြစ်သည်။

အဆင့်မြင့် ကျင့်စဉ် လေးခုကို ဆက်တိုက် နားလည်နိုင်ခြင်းမှာလည်း ကျော်ဖြတ်ရန် ခက်ခဲသော အတားအဆီးကြီး တစ်ခု ဖြစ်သည်။

သို့သော် ထန်ထျန်း၏ ရှေ့တွင်မူ သူတို့၏ ထိုကဲ့သို့သော အတွေးအခေါ်များမှာ ရယ်စရာကောင်းလှ၏။

မြင့်မြတ်မှု ဆိုသည်မှာ ဘာလဲ၊ အတားအဆီး ဆိုသည်မှာ ဘာလဲ။

ထန်ထျန်းကဲ့သို့သော ပါရမီရှင်မျိုး၏ ရှေ့တွင် အရာအားလုံးမှာ တည်ရှိခြင်း မရှိပေ။

သူက ကောင်းကင်တာအို နှင့် ရင်းနှီး နေသည့်အလား ကောင်းကင်တာအို ၏ အစိတ်အပိုင်း တိုင်းကို အလွန်အမင်း ရင်းနှီးနေပုံရသည်။

"ဒီနေ့ ဖြစ်ပျက်တဲ့ ကိစ္စက ခေါင်းလောင်း ကိုးချက်တီးတဲ့ ကိစ္စထက်တောင် မလျော့ဘူး"

"ဟုတ်တယ်၊ လော့ရှီး ကိုပဲ ခေါ်လာလာ၊ သူမလည်း ထန်ထျန်းလိုမျိုး ဒီလောက်အထိ လုပ်နိုင်မယ်လို့ ငါ မယုံဘူး"

"အဆင့်မြင့် အကြီးအကဲ တွေလည်း ထန်ထျန်းရဲ့ ပါရမီကို ပြန်ပြီး အကဲဖြတ်ရတော့မယ် ထင်တယ်"

"ဒီလိုမျိုး နားလည်နိုင်စွမ်းကတော့ ထျန်းဖူနန်းတော် တစ်ခုလုံးရဲ့ သမိုင်းမှာတောင် နှိုင်းယှဉ်စရာ ရှာတွေ့မှာ မဟုတ်ဘူး"

လူများက ပြောနေကြသည်။

ထိုအချိန်မှာပင်...

တိမ်တိုက်များကြားမှ ပုံရိပ်တစ်ခုမှာ အရှိန်ပြင်းစွာ ဖြတ်သန်းသွားပြီး ကောင်းကင်၌ ရှည်လျားသော အစင်းကြောင်းကြီးတစ်ခု ကျန်ရစ်ခဲ့သည်။

ကြည့်ရသည်မှာ အလွန်ပင် စိတ်လှုပ်ရှား အလျင်လိုနေပုံရ၏။

အကယ်၍ ထန်ထျန်းသာ ဤနေရာ၌ ရှိနေပါက ထိုသူမှာ ထုန်းရှန့်တောင်၏ သခင် သဲယောင်အင်မော်တယ်အရှင် ဖြစ်သူ တောင်ထိပ်သခင်ကုန်း ဖြစ်ကြောင်း မှတ်မိပေလိမ့်မည်။

တောင်ထိပ်သခင်ကုန်းက ပျံသန်း လာပြီးနောက် နောက်ဆုံးတွင် ထျန်းဖူနန်းတော်၏ အာဏာဗဟိုချက် ဖြစ်သော ထျန်းချီတောင် သို့ ရောက်ရှိသွားသည်။

ထို့နောက် သူက အတွင်းသို့ အရှိန်ဖြင့် ဝင်သွားတော့သည်။

ခဏအကြာတွင် တောင်ထိပ်သခင်ကုန်း နှင့် အခြားတစ်ဦးမှာ တောင်ထိပ်ရှိ ပန်းခြံတစ်ခုတွင် မျက်နှာချင်းဆိုင် ရပ်နေကြသည်။

ထိုသူမှာ လန်တင်းအင်မော်တယ်အရှင် ပင် ဖြစ်၏။

"ဘာဖြစ်လို့လဲ တောင်ထိပ်သခင်ကုန်း "

"ငါ့မှာ အရေးကြီးတဲ့ အစည်းအဝေးတွေ ရှိသေးတယ်လေ"

လန်တင်းအင်မော်တယ်အရှင်က မေးလိုက်သည်။

"အဲဒီ အသုံးမဝင်တဲ့ အစည်းအဝေးတွေကို ခဏ ဘေးဖယ်ထားလိုက်စမ်းပါ"

ပုံမှန်အချိန်တွင် တည်ငြိမ်လှသော တောင်ထိပ်သခင်ကုန်း မှာ ယခုအခါ အလွန် စိတ်လှုပ်ရှားနေပုံရသည်။

"ကျင့်စဉ်မျှော်စင်မှာ တစ်ခုခုဖြစ် နေပြီ"

သူက လေးနက်သော အသံဖြင့် ပြောလိုက်၏။

လန်တင်းအင်မော်တယ်အရှင်က မျက်မှောင်ကြုတ်လိုက်သည်။ "ဘာဖြစ်လို့ လဲ"

" ငါ မှတ်မိသလောက်ဆိုရင် ဒီနေ့က တပည့်အသစ်တွေ ကျင့်စဉ် နားလည် မယ့်နေ့ မဟုတ်လား"

တောင်ထိပ်သခင်ကုန်း က ခေါင်းညိတ်သည်။ "ဟုတ်တယ်၊ အဲဒီကိစ္စပဲ။ "

"လူတစ်ယောက်က မူလရှိထားတဲ့ စံချိန်ကို ချိုးဖျက်ပစ်လိုက်ပြီ"

လန်တင်းအင်မော်တယ်အရှင်မှာ ခဏတာ မှင်တက်သွားပြီး "ဟုတ်လား "

"ဒါဆိုရင် သတင်းကောင်းပဲလေ၊ ဘာလို့ သရဲမြင်သလို ဖြစ်နေရတာလဲ"

"စံချိန်ချိုးတဲ့ တပည့်က ဘယ်သူလဲ"

တောင်ထိပ်သခင်ကုန်း က နှာခေါင်းနှစ်ချက် ရှုံ့လိုက်ပြီး "မင်း ဘယ်သူလို့ ထင်လဲ"

လန်တင်းအင်မော်တယ်အရှင်က ခဏစဉ်းစားပြီးနောက် "ဒီနှစ် တပည့်တွေကို ငါ လေ့လာဖူးပါတယ်၊ ယေဘုယျအားဖြင့် စွမ်းရည်က သာမန်ပါပဲ။ "

"စံချိန်ချိုးဖို့ အလားအလာ ရှိတာဆိုလို့ တုဟိုင် တစ်ယောက်ပဲ ရှိတယ်။ "

"ဒါပေမဲ့ သူ့ရဲ့ စိတ်ဝိညာဉ် စွမ်းအားက မလောက်ငတော့ ခက်လိမ့်မယ်။"

" ဒါဆိုရင်..."

ရုတ်တရက် သူက မျက်ခုံးပင့်လိုက်မိသည်။ "ထန်ထျန်းလား"

တောင်ထိပ်သခင်ကုန်း က ခေါင်းညိတ်ပြ၏။

"မင်း ကိုယ်တိုင် အမည်စာရင်း သွင်းပေးထားတဲ့ ဒီကောင်က တကယ်ကို သာမန်မဟုတ်ဘူးပဲ"

" သူ ဘယ်လောက်အထိ စံချိန်တင်သွားလဲ မင်း ခန့်မှန်းကြည့်"

လန်တင်းအင်မော်တယ်အရှင်မှာ အံ့ဩသွားရသည်။ သူက ထန်ထျန်းကို အကြံပြုခဲ့ခြင်းမှာ ထန်ထျန်းက နဂါးတံခါး ကိစ္စတွင် တာဝန်ယူပေးခဲ့ပြီး အကြွေးအများအပြားကိုလည်း ဆပ်ပေးခဲ့သောကြောင့် ဖြစ်သည်။

လူမှုရေးအရရော အလုပ်သဘောအရပါ သူ့ကို စောင့်ရှောက်ပေးသင့်သည်ဟု ယူဆခဲ့ခြင်း ဖြစ်၏။

သို့သော် ဆန်းကြယ် အင်မော်တယ် အဆင့်သာ ရှိသေးသော တပည့်တစ်ဦးက ဤမျှအထိ အံ့ဖွယ် ဖန်တီးနိုင်မည်ဟု သူ တကယ် မထင်ထားခဲ့ပေ။

အံ့ဖွယ် ဖန်တီးမည်ဆိုလျှင်ပင် အနာဂတ်မှသာ ဖြစ်လိမ့်မည်ဟု ယူဆခဲ့သည်။

"ဒါတော့ ငါလည်း ပြောရခက်တယ်။"

" ထန်ထျန်းရဲ့ ပါရမီ ကောင်းတယ်ဆိုတာ သိပေမဲ့ တခြား အချက်အလက်တွေကိုတော့ ငါ သိပ်မသိသေးဘူး"

လန်တင်းအင်မော်တယ်က ပြော သည်။

တောင်ထိပ်သခင်ကုန်း က နှာမှုတ် လိုက်၏။ "ဒါဆိုရင်တော့ မင်းက တကယ်ကို တာဝန်မကျေတာပဲ ငါ မင်းဆီကို လာတဲ့အချိန်မှာ ထန်ထျန်းက အဆင့်မြင့် အင်မော်တယ်ကျင့်စဉ်တွေကို အသေးစား အောင်မြင်မှု အဆင့်အထိ ဒီလောက်များများ နားလည်သွားပြီ"

ပြောရင်းနှင့် သူက လက်ချောင်း ခြောက်ချောင်းကို ထောင်ပြလိုက်သည်။

"ခြောက်ခုတောင်လား"

လန်တင်းအင်မော်တယ်အရှင်မှာ ခဏတာ မှင်တက်သွားသည်။

ဤရလဒ်က မူလစံချိန်ကို တော်တော်လေး ကျော်လွန်သွားပြီ ဖြစ်၏။

သို့သော် သူပြောပြီးသည်နှင့် တောင်ထိပ်သခင်ကုန်း က မျက်လုံးပြူးကာ သူ့ကို အော်လိုက်တော့သည်။"အခု ခြောက်ဆယ်ကျော်နေပြီဟ"

"ဒီအတိုင်းသာ ဆက်သွားရင် ကျင့်စဉ်မျှော်စင်ထဲမှာ ရှိသမျှ အဆင့်မြင့် ကျင့်စဉ်တွေ အကုန်လုံးကို သူ သယ်သွားတော့မှာ"

မိုးကြိုးပစ်လိုက်သည့်အလား ပြင်းထန်သော အော်သံကြောင့် လန်တင်းအင်မော်တယ်အရှင်၏ ဦးနှောက်မှာ တအုန်းအုန်း မြည်သွားရသည်။

သို့သော် ထိုအော်သံထက် တောင်ထိပ်သခင်ကုန်း ပြောလိုက်သည့် အကြောင်းအရာက ပို၍ တုန်လှုပ်စရာ ကောင်းလှ၏။

လန်တင်းအင်မော်တယ်အရှင်မှာ သစ်ငုတ်တို တစ်ခုပမာ ဆွံ့အလျက် ရှိလေတော့သည်။

All Chapters