← Chapters

အခန်း (၆၂၃-၆၂၄)

Vol. 63 Ch. 623-624

အခန်း (၆၂၃-၆၂၄)

Vol. 63 Ch. 623-624

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၆၂၃ + ၆၂၄

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

ထိုစကားသံကို ကြားလိုက်ရသည်နှင့် တုပိုင်တစ်ယောက် ထိတ်လန့်တုန်လှုပ်သွားကာ မတ်တတ်ပင် ထရပ်မိမတတ် ဖြစ်သွားရ၏။ ဝိညာဉ်မိစ္ဆာတစ်ကောင်သည် ပေမင်မဟာအတတ ကို ရရှိသွားပြီး လူ့ကမ္ဘာထဲသို့ ဝင်ရောက်သွားပြီလား။

ဤအရာသည် မည်သည့်အဓိပ္ပာယ်နည်း။ ဆိုလိုရင်းမှာ ထိုဝိညာဉ်မိစ္ဆာသည် အနာဂတ်တွင် ပေမင်ဓားဂိုဏ်း၏ ဂိုဏ်းချုပ် ဖြစ်လာနိုင်သည်ဟူသော သဘောပင် မဟုတ်ပါလော။

ပေမင်ဓားဂိုဏ်းဆိုသည်မှာ အဘယ်နည်း။ ကမ္ဘာလောက၏ မြင့်မြတ်သည့် နေရာ သုံးခုအနက် တစ်ခုဖြစ်သည့်အပြင် အရှေ့ကမ္ဘာတစ်ခုလုံး၏ သိုင်းပညာဦးစီးချုပ်ဖြစ်ပြီး ကမ္ဘာ့အက်ကွဲကြောင်း၏ အစောင့်အရှောက်လည်း ဖြစ်ပေသည်။

တည့်တည့်ဆိုရလျှင် တာ့နင်အင်ပါယာတစ်ခုလုံးတွင် မဟာဆရာသခင်အဆင့်ရှိသူ လက်တစ်ဆုပ်စာသာ ရှိသည်။ ပေမင်ဓားဂိုဏ်းတွင်မူ မဟာဆရာသခင်သုံးဦး သေဆုံးသွားခဲ့ပြီဖြစ်သော်လည်း ဂိုဏ်း၌ မည်သည့်တုံ့ပြန်မှုမျှ မရှိပေ။ မည်သည်မှမဖြစ်ခဲ့သလိုကို အေးဆေးတည်ငြိမ်နေခဲ့သည်။

လီတောက်ယွဲ့သာ မကယ်လျှင် လီလျန်တင်းသည် ပေမင်ဓားဂိုဏ်း၏ သတ်ဖြတ်ခြင်းကို ခံရပေလိမ့်မည်။ ဘိုးဘေးလီလျန်တင်း ၊ မဟာဆရာသခင်အဆင့် သိုင်းပညာရှင် ၊ တာ့နင်အင်ပါယာ၏ အဓိကမဏ္ဍိုင်ကြီး တစ်ခုဖြစ်သော်လည်း ပေမင်ဓားဂိုဏ်းက သေစေလိုလျှင် သေရပေမည်။

ထို့ကြောင့် ပေမင်ဓားဂိုဏ်းသည် မည်မျှ ကြောက်မက်ဖွယ်ကောင်းပြီး အစွမ်းထက်သနည်း ဆိုသည်ကို တွေးဆကြည့်ရုံဖြင့် သိနိုင်ပေသည်။ ထိုမျှ အစွမ်းထက်သော အဖွဲ့အစည်းက ဝိညာဉ်မိစ္ဆာလက်ထဲ ရောက်သွားပါက အကျိုးဆက်မှာမူ လုံးဝ ကပ်ဘေးဆိုက်မည့် အရာပင် ဖြစ်လေတော့သည်။

ထိုအချိန်တွင် တစ်ဆယ့်နှစ်ဆက်မြောက် ပေမင်ဂိုဏ်းချုပ် ဝူယာကျစ်၏ အသံက ဆက်လက် ထွက်ပေါ်လာပြန်သည်။

“တာဝန်ရှင်ကောင်းကင်သခင်... ပေမင်ဓားဂိုဏ်းက ကြောက်မက်ဖွယ်ကောင်းတဲ့ အကြောင်းအရင်းတစ်ခုကြောင့် အပိုင်းနှစ်ပိုင်း ကွဲသွားခဲ့ရတယ်... တစ်ဝက်ကို ပြန်ရပြီဆိုပေမဲ့ ကျန်တစ်ဝက်ကိုတော့ မရသေးဘူး...”

ပျောက်ဆုံးနေသည့် ကြယ်တာရာစုပ်ယူခြင်း မဟာအတတ်တစ်ဝက်သည် တုပိုင်လက်ထဲသို့ ရောက်ရှိနေလေပြီဖြစ်လေ၏။

“မင်း ပေမင်ဓားဂိုဏ်းကို အမြန်ဆုံး ပြန်သွားပါ... မင်းရဲ့ စိတ်အာရုံထဲမှာ ငါ့ရဲ့ စိတ်စွမ်းအား အနည်းငယ်ကို ချန်ထားခဲ့မယ်... ပေမင်ဂိုဏ်းချုပ်နဲ့ အကြီးအကဲတွေကို သွားတွေ့လိုက်ပါ... အဲဒီအခါကျရင် ငါကိုယ်ထင်ပြပြီး ပေမင်ဂိုဏ်းချုပ်ကို ကျန်ရှိနေတဲ့ ပေမင်မဟာအတတ်ကျမ်းလိပ်ကို မင်းဆီပေးဖို့ အမိန့်ပေးမယ်... ဒါ့အပြင် ပေမင်အကြီးအကဲများကောင်စီနဲ့ လက်ရှိ ပေမင်ဂိုဏ်းချုပ်တို့ကို ကောင်းကင်သခင်ကို နောက်မျိုးဆက် ပေမင်ဂိုဏ်းချုပ်အဖြစ် ခန့်အပ်ဖို့ အမိန့်ပေးလိုက်မယ်...”

ထိုစကားကို ကြားသောအခါ တုပိုင် တိုက်ရိုက်ပင် ကြောင်အမ်းသွားရရှာသည်။ တုပိုင်ကို နောက်မျိုးဆက် ပေမင်ဓားဂိုဏ်းချုပ်အဖြစ် တန်း၍ ခန့်အပ်မည်လား။ ဆိုလိုသည်မှာ တုပိုင်သည် ကမ္ဘာ့အစွမ်းအထက်ဆုံး သိုင်းအဖွဲ့အစည်းကို ထိန်းချုပ်ခွင့် ရတော့မည်ဟူသော သဘောပင်။

တုပိုင်သည် ဝူယာကျစ်၏ စေတနာနှင့် ကြိုးပမ်းမှုကို နားလည်ပါသည်။ ဝူယာကျစ်သည် ဝိညာဉ်မိစ္ဆာက လက်ဦးမှုရယူပြီး ပေမင်ဓားဂိုဏ်းချုပ် နေရာကို လုယူသွားမည်ကို အမှန်တကယ် စိုးရိမ်နေခြင်း ဖြစ်လေ၏။

ထိုအချိန်မှာပင် ကောင်းကင်ယံတွင် လှပသော ကြယ်ပျံတစ်စင်းအလား အလင်းရောင်နှင့် အရိပ်တစ်ခု ရုတ်တရက် ပေါ်ပေါက်လာသည်။

“ရွှီးးးး... ရွှီးးးး...”

နောက်တစ်ခဏတွင် ထိုကြယ်ပျံကဲ့သို့သော အလင်းရောင်သည် တုပိုင်၏ စိတ်အာရုံထဲသို့ တဟုန်ထိုး ထိုးဖောက်ဝင်ရောက်လာလေသည်။

“ဘုန်းးးးး...”

တုပိုင်၏ ဦးနှောက်ထဲမှ တောက်ပသော အလင်းရောင်များ ပေါက်ကွဲထွက်ပေါ်လာသကဲ့သို့ ဖြစ်သွားရ၏။ ထို့နောက် တဖြည်းဖြည်း ငြိမ်သက်သွားပြီး အချိန်အတော်ကြာသောအခါ တုပိုင်၏ ဦးနှောက်ထဲတွင် အလင်းတန်းတစ်ခု လင်းလက်လာသည်။

အိပ်မက်စနစ် ပြန်ရောက်လာပြီဖြစ်လေ၏။ သို့သော် စနစ်သည် အချိန်အတော်ကြာသည်အထိ မည်သည့်အသံမျှ မပြုပေ။ တုပိုင်၏ စိတ်အာရုံထဲသို့ ဝင်ရောက်ပြီးနောက် စနစ်သည် ကမ္ဘာ့အက်ကွဲကြောင်းအတွင်းရှိ တုပိုင်၏ အတွေ့အကြုံများကို ဖတ်ရှုလိုက်ရာ တုပိုင်ကြောင့် လုံးဝ ထိတ်လန့်သွားရသောကြောင့်ပင်။

ကမ္ဘာ့အက်ကွဲကြောင်းထဲသို့ ဝင်ရောက်သွားသော ပေမင်ဓားဂိုဏ်းချုပ်ကြီး ငါးဦးသည် ပျောက်ဆုံးနေပြီး တုပိုင်ကို စောင့်ဆိုင်းနေသည်မှာ ကောက်ကျစ်စဉ်းလဲပြီး အန္တရာယ်များသော ဝိညာဉ်မိစ္ဆာငါးကောင် ဖြစ်နေမည်ဟု အိမ်မက်စနစ်က လုံးဝ ထင်မှတ်မထားခဲ့ပေ။

ကောက်ကျစ်သော ဝိညာဉ်မိစ္ဆာငါးကောင်သည် တုပိုင်အား လှည့်စားပြီး ငရဲတံခါးကို ဖျက်ဆီးခိုင်းရန် အလွန်ခမ်းနားသော ပြဇာတ်တစ်ခုကို ကပြခဲ့ကြသည်။ အကြိမ်ဆယ်ကြိမ်လျှင် ကိုးခါသေမည့် အခြေအနေ ၊ သို့မဟုတ် ဆယ်ခါသေမည့် အခြေအနေမျိုးပင်။

သူတို့ ထင်မှတ်မထားသည်မှာ တုပိုင်သည် ဝိညာဉ်မိစ္ဆာငါးကောင်နှင့် ဉာဏ်ရည်ယှဉ်ပြိုင်ရာတွင် အနိုင်ရရှိခဲ့ခြင်းပင် ဖြစ်လေ၏။

သူသည် အောင်မြင်စွာ ပြန်လည်အသက်ရှင်လာရုံသာမက ငရဲတံခါးကို လုံးဝ ပိတ်ပစ်ခဲ့ပြီး ဝိညာဉ်မိစ္ဆာငါးကောင်ကိုပါ သတ်ဖြတ်နိုင်ခဲ့သည်။ ဤတစ်ကြိမ်တွင် သူသည် စနစ်၏ အကူအညီ လုံးဝမပါဘဲ တစ်ယောက်တည်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

အမှန်တကယ်ပင် ရင်သပ်ရှုမောဖွယ် ကောင်းလှပါပေသည်။ အိပ်မက်စနစ်သည် ကြောက်ရွံ့တုန်လှုပ်မှုကိုပင် ခံစားလိုက်ရသည်။ သူတို့ တုပိုင်ကို အမှန်တကယ် လျှော့တွက်ခဲ့မိကြသည်။

အချိန်အတော်ကြာပြီးနောက် အိပ်မက်စနစ်က ပြောလာသည်။

“စနစ်ရှင်... ခင်ဗျား တကယ် ရင့်ကျက်လာပါပြီ... တစ်နေ့နေ့ကျရင် ကျုပ်တို့ ခင်ဗျားကို ထားသွားခဲ့ရင်တောင် ခင်ဗျားက အမြင့်ဆုံးမစ်ရှင်ကို ပြီးမြောက်အောင် လုပ်ဆောင်နိုင်ပါလိမ့်မယ်...”

ထို့နောက် အိပ်မက်စနစ်က သက်ပြင်းချရင်း ဆက်လက်ဆိုသည်။

“ဒါပေမဲ့ အခြေအနေက ကျုပ်တို့ ထင်ထားတာထက် ပိုရှုပ်ထွေးနေတယ်... အစက ခင်ဗျားကို ဂိုဏ်းချုပ်ကြီးငါးဦးရဲ့ စွမ်းအားကို စုပ်ယူပြီး ပြန်လည်ရှင်သန်ဖို့ ရည်ရွယ်ခဲ့တာ... ဒါပေမဲ့ အခု ခင်ဗျားက ဝိညာဉ်မိစ္ဆာတွေရဲ့ စွမ်းအားကို စုပ်ယူလိုက်ရတော့ ခင်ဗျားခန္ဓာကိုယ်ထဲမှာ မိစ္ဆာစွမ်းအားတစ်ခု ပိုလာခဲ့ပြီ... ဒါပေမဲ့... ဒါက ကျုပ်တို့ရဲ့ မွေးရာပါ ရန်သူလေ...”

တုပိုင်သည်လည်း ဤသို့ မဖြစ်လိုခဲ့ချေ ၊ သို့သော် ဝိညာဉ်မိစ္ဆာများ၏ စွမ်းအားကို မစုပ်ယူလျှင် သူ သေရတော့မည် မဟုတ်ပါလား။ အသက်ရှင်ရပ်တည်နိုင်ရန်အတွက် ဝိညာဉ်မိစ္ဆာစွမ်းအားမပြောနှင့် မဟာမိစ္ဆာကြီး၏ စွမ်းအားဆိုလျှင်လည်း သူ မျိုချရမည်သာဖြစ်၏။

တုပိုင်က မေးလိုက်သည်။ “ဒီစွမ်းအားက အရမ်းနက်နဲပြီး ထူးဆန်းနေတယ်... ဘာအသုံးဝင်လဲ...”

အိပ်မက်စနစ်က ပြန်ဖြေသည်။ “အများကြီး အများကြီး အသုံးဝင်ပါတယ်... ဒါပေမဲ့ သိသာထင်ရှားဆုံး အသုံးဝင်မှုကတော့ ခင်ဗျားမှာ ဝိညာဉ်မိစ္ဆာရဲ့ စွမ်းရည်အချို့ ရှိလာတာပါပဲ... နောက်ဆိုရင် စနစ်ရှင် အဲဒီ လူသားအရေခွံ မျက်နှာဖုံးကို လွှင့်ပစ်လိုက်လို့ ရပြီ...”

တုပိုင် ထိတ်လန့်သွားပြီး မေးလိုက်သည်။

“ဘာကို ဆိုလိုတာလဲ...”

“စနစ်ရှင်ကိုယ်တိုင် အခြားမျက်နှာတစ်ခုကို ပြောင်းလဲနိုင်ပြီ...”

တုပိုင် လုံးဝ အံ့သြသွားသည်။ ဤသည်ကား ကောင်းကင်ကို အန်တုနေခြင်းပင်ဖြစ်လေ၏။ ဝိညာဉ်မိစ္ဆာများ၏ ရုပ်ဖျက်စွမ်းရည်မှာ မျက်နှာဖုံးစွပ်ထားခြင်းမဟုတ်ဘဲ အမှန်တကယ်ပင် အပြစ်အနာအဆာ ကင်းမဲ့လှသည်။

အိပ်မက်စနစ်က ဆက်ရှင်းပြသည်။ “ဒါပေမဲ့ စနစ်ရှင်က တကယ့် ဝိညာဉ်မိစ္ဆာအစစ် မဟုတ်တဲ့အတွက် စိတ်ကြိုက်ပြောင်းလဲလို့တော့ မရဘူး... အချိန်အကြာကြီးမှာမှ လူတစ်ယောက်အဖြစ်ပဲ ပြောင်းလဲနိုင်မယ်... ဒါ့အပြင် စနစ်ရှင်က မျက်နှာပုံစံ တစ်ခုကို ရွေးချယ်ပြီးတာနဲ့ စနစ်ရှင် တုပိုင်ရဲ့ မူလပုံစံကိုပဲ ပြန်ပြောင်းလို့ရမယ် ၊ တခြားဘယ်သူ့အဖြစ်မှ ပြောင်းလို့ မရတော့ဘူး... နောက်တစ်ချက်က စနစ်ရှင်က တစ်စုံတစ်ယောက်ရဲ့ ပုံပန်းသဏ္ဍာန်ကို ပြောင်းလဲနိုင်ပေမဲ့ ပစ်မှတ်ရဲ့ စိတ်ဝိညာဉ်နဲ့ စွမ်းအင်ကိုတော့ ပြောင်းလဲလို့ မရဘူး...”

ထိုသို့ ကန့်သတ်ချက်များ ရှိသော်လည်း ဤစွမ်းရည်မှာ အလွန် အသုံးဝင်လှသည်။ အိပ်မက်စနစ်က သတိပေးလိုက်သည်။

“အတိုချုပ်ပြောရရင် အရာရာက ပိုပြီး ရူးသွပ်စရာ ကောင်းလာပြီ... ကျုပ်တို့ ထိန်းချုပ်နိုင်စွမ်းထက် ကျော်လွန်သွားပြီ...”

တုပိုင်က မေးလိုက်သည်။ “စနစ်... စစ်ဆေးကြည့်ပါဦး... ငါ့ရဲ့ ကျင့်ကြံခြင်းအဆင့်က ဘယ်အဆင့်ကို ရောက်သွားပြီလဲ... အဆင့်ဘယ်နှစ်ဆင့်လောက် ချိုးဖျက်ပြီးသွားပြီလဲ...”

အိပ်မက်စနစ်က တုပိုင်၏ ဒန်တျန်ကို စစ်ဆေးလိုက်သည်။ ဝိညာဉ်မိစ္ဆာငါးကောင်က အလွန် ကောက်ကျစ်စဉ်းလဲကြသည်။ သူတို့သည် တုပိုင်၏ ခန္ဓာကိုယ်နှင့် ဒန်တျန်ကို ပြန်လည်ရှင်သန်စေပြီး ခန္ဓာကိုယ်မှ စွမ်းအင်ကွက်လပ်ကိုသာ ဖြည့်ဆည်းပေးခဲ့ကြသည်။ သူ၏ ကျင့်ကြံခြင်းအဆင့်ကိုတော့ နည်းနည်းလေးမှ တိုးမပေးခဲ့ကြပေ။

သို့သော် သူတို့သည် တုပိုင်၏ စွမ်းအင်ကို မိစ္ဆာဂုဏ်သတ္တိများ ပိုမိုပါဝင်စေခဲ့ပြီး ကောင်းကင်ကို အန်တုနိုင်သော မှော်စွမ်းရည်တစ်ခုကို ပေးအပ်ခဲ့ကြသည်။

တုပိုင်၏ ကျင့်ကြံခြင်းအဆင့်အားလုံးမှာ တစ်ဆယ့်နှစ်ဆက်မြောက် ပေမင်ဓားဂိုဏ်းချုပ် ဝူယာကျစ် မသေဆုံးမီ ကျန်ရှိနေသော မပြည့်စုံသည့် ဝိညာဉ်စွမ်းအားကြောင့်သာ ရရှိခဲ့ခြင်းဖြစ်သည်။

“ခင်ဗျား... ခင်ဗျား ဆယ်ဆင့် ဆက်တိုက် ချိုးဖျက်သွားခဲ့ပြီ...” အိပ်မက်စနစ် တုန်လှုပ်သွားသည်။

အဆင့်တစ်ဆယ်...။ အဆင့်တစ်ဆယ်ဆက်တိုက်ပင် ချိုးဖျက်သွားသည်လား။ တုပိုင် သူ့ကိုယ်သူ အများကြီး ပိုသန်မာလာသည်ဟု ခံစားနေရသော်လည်း မည်မျှ သန်မာသည်ကိုတော့ မသိပေ။ မထင်မှတ်ဘဲ အဆင့်တစ်ဆယ်တောင် တက်သွားခဲ့သည်။ ထို့ပြင် ဤစွမ်းအင်များအားလုံးကို စီနီယာဝူယာကျစ်က ပေးသနားခဲ့ခြင်း ဖြစ်သည်။

ထိုအချိန်က သူသည် ဝိညာဉ်မိစ္ဆာများနှင့်အတူ သေလုနီးပါး ဖြစ်နေခဲ့ပြီး ကျန်ရှိသည့် စွမ်းအားမှာ မပြောပလောက်သော်လည်း တုပိုင်ကို အဆင့်တစ်ဆယ်အထိ ချိုးဖျက်နိုင်စေခဲ့သည်။

တုပိုင်က မေးသည်။

“ဒါဆို ငါ့ရဲ့ လက်ရှိ သိုင်းပညာအဆင့်က ဘယ်အဆင့်လဲ...”

“ဒုတိယအဆင့် ဆရာသခင်...”

ဒုတိယအဆင့် ဆရာသခင် ဟုတ်လား။

အလယ်အလတ်တန်းစား ဒုတိယအဆင့် သိုင်းပညာရှင်မှ ချက်ချင်းဆိုသလို ဒုတိယအဆင့် ဆရာသခင် အဖြစ်သို့ တဟုန်ထိုး တက်သွားခြင်းပင်။ ဤသည်မှာ တဟုန်ထိုး တက်သွားခြင်း မဟုတ်ဘဲ ဒုံးပျံဖြင့် ပစ်တင်လိုက်သည့် အမြန်နှုန်းပင် ဖြစ်သည်။

နင်တောက်ရွှမ် နှင့် ကျီယင်ယင် တို့ပင် ဤသို့ ချက်ချင်းကြီး ထိုးဖောက်အောင်မြင်နိုင်မည် မဟုတ်ပေ။ တုပိုင်က ဆက်မေးသည်။

“ဒုတိယအဆင့် ဆရာသခင် ဟုတ်လား... မဟာဆရာသခင် အဆင့်နဲ့ ဘယ်လောက်ဝေးသေးလဲ...”

အိပ်မက်စနစ်က ပြန်ဖြေသည်။

“ပြောရရင် အရမ်းနီးပါတယ်... ကျီယင်ယင် ၊ နင်တောက်ရွှမ် ၊ နီရှန်နတ်မိမယ်တို့ဆိုရင် ဆရာသခင် အဆင့်ကနေ မဟာဆရာသခင် အဆင့်ကို လွယ်လွယ်ကူကူပဲ ဖြတ်ကျော်သွားခဲ့ကြတာ... နင်ဇောင်ဝူတောင်မှ ဆရာသခင်ကနေ မဟာဆရာသခင် ဖြစ်ဖို့ ဆယ်နှစ်ပဲ ကြာခဲ့တယ်... ကျီချင်းကျူဆိုရင် ဆယ်နှစ်ကျော်ကျော်ပဲ ကြာခဲ့တာ...”

အိပ်မက်စနစ်က ဆက်ပြောသည်။

“ဒါပေမဲ့လည်း အရမ်း ဝေးကွာပါတယ်... အရမ်းကို ဝေးကွာပါတယ်... တာ့နင်အင်ပါယာမှာ ဆရာသခင် အဆင့် ဘယ်နှစ်ယောက်ရှိလဲ သိလား... မဟာဆရာသခင် အဆင့် ဘယ်နှစ်ယောက်ရှိလဲ... ပြီးတော့ စနစ်ရှင်နဲ့ ဘယ်လောက်ကွာခြားလဲ သိလား...”

တာ့နင်အင်ပါယာတွင် ဆရာသခင်အဆင့် သိုင်းပညာရှင် တစ်ထောင်ခန့် ရှိသော်လည်း မဟာဆရာသခင်အဆင့် စွမ်းအားရှင်မှာ ဆယ်ယောက်ထက် မပိုပေ။ လူသိရှင်ကြားအနေဖြင့် ငါးယောက် ခြောက်ယောက်ထက် မပိုချေ။

အိပ်မက်စနစ်က ပြောသည်။ “ဒါပေမဲ့ စနစ်ရှင်... ခင်ဗျား မဟာဆရာသခင် အဆင့်ကို ထိုးဖောက်ရမယ့် အချိန်ကတော့ အဲဒီလူတွေထက် အများကြီး ပိုတိုတောင်းပါလိမ့်မယ်...”

တုပိုင်က ပြောသည်။ “နေပါဦး... ဒါက မြောက်ဘက်ရေခဲသမုဒ္ဒရာ အတွင်းမှာဆိုတာ ငါသိတယ်... ဘယ်နေရာလဲ... တာ့နင်အင်ပါယာနဲ့ ဘယ်လောက် ဝေးလဲ...”

အိပ်မက်စနစ်က ချက်ချင်းပင် တွက်ချက်ကာ ပြန်ဖြေသည်။

“ခင်ဗျားက ဗိုက်ကင်းနိုင်ငံ ရဲ့ ရေပိုင်နက်ထဲမှာ ရှိနေတာ... တာ့နင်အင်ပါယာနဲ့ မျဉ်းဖြောင့်အကွာအဝေးက လီ လေးသောင်းငါးထောင် ရှိပြီး ရေကြောင်းခရီးဆိုရင် လီ တစ်သိန်းငါးသောင်းကျော် ဝေးပါတယ်...”

“ငါ... ငါလိုး...”

တုပိုင် ညည်းတွားလိုက်သည်။

“ကမ္ဘာ့အက်ကွဲကြောင်းထဲမှာ ငါ သိပ်ဝေးဝေး မသွားခဲ့ပါဘူးကွာ...”

အိပ်မက်စနစ်က ပြန်ပြောသည်။

“ကမ္ဘာ့အက်ကွဲကြောင်း အတွင်းပိုင်းက အာကာသနဲ့ အပြင်ဘက်က အာကာသဥပဒေသတွေက လုံးဝ မတူပါဘူး...”

“ဒါဆိုရင် ငါ တာ့နင်အင်ပါယာကို ပြန်ဖို့ သင်္ဘောတစ်စင်း လိုလိမ့်မယ်...” တုပိုင်က ဆက်ပြောသည်။ “တာ့နင်အင်ပါယာရဲ့ အခြေအနေက အရှိန်အဟုန်ပြင်းနေပြီ... ဂျာချင်အင်ပါယာ နဲ့ စစ်ပွဲက ဖြစ်တော့မှာ... ငါ အမြန်ဆုံး ပြန်သွားမှ ဖြစ်မယ် ၊ မဟုတ်ရင် အခြေအနေက အန္တရာယ်ရှိတယ်...”

သို့သော်... ကူးတို့လား။ သင်္ဘောက ဘယ်မှာနည်း။ တုပိုင် သင်္ဘောတစ်စင်း လိုအပ်နေသည်။

နေပါဦး... အိပ်မက်စနစ် ပြောလိုက်သည့် စကား။ ဗိုက်ကင်းနိုင်ငံ ဟုတ်လား။

ခေတ်သစ်ကမ္ဘာတစ်ခု၏ သမိုင်း၌ ​ဗိုက်ကင်းနိုင်ငံဟူ၍ မဟုတ်ချေ။ ဗိုက်ကင်းဆိုသည်မှာ လူမျိုးဟူ၍လည်း မဟုတ်ဘဲ ဆာမူရိုင်းကဲ့သို့ စစ်သည်အမျိုးအစားဖြစ်သည်။ သို့သော် ခေတ်သစ်ကမ္ဘာ၌ ဗိုက်ကင်းပင်လယ်ဓားပြများကမူ အရမ်း အရမ်းကို နာမည်ကြီးခဲ့သည်။

ရှစ်ရာစုမှ တစ်ဆယ့်တစ်ရာစုအထိ ဗိုက်ကင်းပင်လယ်ဓားပြများသည် ဥရောပပင်လယ်ပြင်တစ်ခုလုံး၏ အရှင်သခင်များ ဖြစ်ခဲ့ကြပြီး ဥရောပနိုင်ငံအများအပြားကို ပင်လယ်ပြင်မှာ ချေမှုန်းခဲ့ကြသည်။

သို့သော် ယခုမူ တစ်ဆယ့်ခုနစ်ရာစု ရောက်နေပြီဖြစ်သည်။ ဤကမ္ဘာ၌ ဗိုက်ကင်းများ ရှိနေသေးသည်လော။ ထို့အပြင် ဗိုက်ကင်းနိုင်ငံကိုပင် ထူထောင်ထားကြသေး၏။

တုပိုင်က မေးလိုက်သည်။ “ဗိုက်ကင်းနိုင်ငံ... ဗိုက်ကင်းပင်လယ်ဓားပြတွေလား...”

“ဟုတ်တယ်...”

“သူတို့က အခုချိန်ထိ ရှင်သန်နေသေးပြီး နိုင်ငံတောင် ထူထောင်ထားကြတာလား... သူတို့ ဘယ်လို ရပ်တည်ကြလဲ...” အိပ်မက်စနစ်က ပြန်ဖြေသည်။

“ဓားပြတိုက် ၊ စစ်တိုက် ၊ ကုန်သွယ် နဲ့ ပင်လယ်ပြင် ကာကွယ်ရေးကြေး ကောက်ခံတာတွေပေါ့... အနောက်ကမ္ဘာ မှာ သူတို့အတွက် အခေါ်အဝေါ်တစ်ခု ရှိတယ်... ပင်လယ်နတ်ဘုရားရဲ့ နှင်တံ တဲ့...”

တုပိုင်က ပြောသည်။ “အခု အနောက်ကမ္ဘာတစ်ခုလုံးက နိုးထလာပြီး အရမ်းအင်အားကြီးတဲ့ ရေတပ်တွေ ရှိနေပြီလေ... ဗိုက်ကင်းနိုင်ငံက မောက်မာနိုင်သေးလို့လား...”

“အရမ်း မောက်မာနေတုန်းပါပဲ... ဒါပေမဲ့ အရင်ကလောက်တော့ မဟုတ်တော့ဘူးပေါ့...”

တုပိုင်က ပြတ်သားစွာ ပြောလိုက်သည်။ “ဘာပဲဖြစ်ဖြစ် ၊ ငါ သင်္ဘောတစ်စင်း လိုတယ်... အမြန်ဆုံး သင်္ဘောတစ်စင်း လိုချင်တယ်... ဒါမှ တာ့နင်အင်ပါယာကို အချိန်တိုအတွင်း ငါ အရောက်ပြန်နိုင်မှာ...”

ထိုအချိန်တွင်ပင်... နောက်ထပ် တစ်ဆယ့်ငါးမိနစ်အကြာတွင် ပင်လယ်ပြင်ပေါ်၌ သင်္ဘောတစ်စင်း ရုတ်တရက် ပေါ်လာ၏။

တုပိုင်ကို ဆွံ့အသွားစေခဲ့သော သင်္ဘောတစ်စင်း။ ဗိုက်ကင်းပင်လယ်ဓားပြနိုင်ငံသည် အဘယ်ကြောင့် ဤမျှ မောက်မာနေနိုင်သနည်းဆိုသည်ကို တုပိုင် ချက်ချင်း နားလည်သွားသည်။

အဘယ်ကြောင့်ဆိုသော်... သူ သံချပ်ကာ သင်္ဘောကို မြင်လိုက်ရသောကြောင့်ပင်။ သူ့မျက်လုံးများ ပြာသွားခြင်းလော။ စိတ်ကူးယဉ် အာရုံမှားနေခြင်းလော။

တစ်ဆယ့်ခုနစ်ရာစုကြီးထဲတွင် သံချပ်ကာ သင်္ဘောများ မထင်မှတ်ဘဲ ပေါ်လာသည်တ။ ထို့ပြင် အလွန်တရာ မြန်လွန်းလှသည်။

တုပိုင်သည် သူ့ရှေ့မှ သံချပ်ကာ သင်္ဘော၏ ရေကြောင်းသွားနှုန်းကို အမြန် တွက်ချက်ကြည့်လိုက်ရာ တစ်နာရီလျှင် လီ ၅၀ ကျော် နှုန်းခန့် ရှိနေသည်။

ဤကဲ့သို့ ခေတ်ကြီးထဲတွင် ထိုအမြန်နှုန်းမှာ ကောင်းကင်ကို အန်တုနေခြင်းပင်။ လက်ရှိအချိန်တွင် ဤကမ္ဘာ၌ စစ်သင်္ဘောအားလုံးသည် ရွက်သင်္ဘောများဖြစ်ကြပြီး ယေဘုယျအားဖြင့် လီ ၃၀ ဝန်းကျင်သာ သွားနိုင်ကာ အမြင့်ဆုံးမှာ လီ ၄၀ ထက် မကျော်ပေ။

သို့သော် ဤသံချပ်ကာ သင်္ဘောသည် ရွက်လည်း မပါဘဲနှင့် မည်သို့သော စွမ်းအင်မျိုးဖြင့် မောင်းနှင်နေသနည်း။

တုပိုင် မေးလိုက်သည်။ “စနစ်... ဒါက အနောက်ကမ္ဘာတစ်ခုလုံးရဲ့ စစ်သင်္ဘောတွေလား... ဒါမှမဟုတ် ဗိုက်ကင်းနိုင်ငံတစ်ခုတည်းမှာပဲ ရှိတာလား...”

“ဗိုက်ကင်းနိုင်ငံရဲ့ စစ်သင်္ဘောတွေပဲ ဒီလောက် အစွမ်းထက်တာပါ...”

အံ့ဩစရာ မရှိတော့ပေ။ အနောက်ကမ္ဘာသည် နည်းပညာ နိုးထလာပြီး အင်အားကြီး ရေတပ်အများအပြားကို ပိုင်ဆိုင်ထားသော်လည်း ဗိုက်ကင်းပင်လယ်ဓားပြနိုင်ငံက ဤမျှ မောက်မာနိုင်သေးခြင်း ၊ ပင်လယ်ပြင်ပေါ်မှာ ဘုရားသခင်၏ နှင်တံအဖြစ် ဆက်လက် ရပ်တည်နိုင်သေးခြင်းမှာ မဆန်းတော့ပေ။

သူတို့တွင် ဤမျှ ကောင်းကင်ကို အန်တုနိုင်သော စစ်သင်္ဘော ရှိနေသည်။ ရွက်မပါဘဲ တစ်နာရီလျှင် လီ ၅၀ ကျော် မောင်းနှင်နိုင်သည့် သံချပ်ကာ သင်္ဘောဖြင့် အနောက်ကမ္ဘာတစ်ခုလုံးကို မွှေနှောက်ပြီး ပင်လယ်ပြင် ကာကွယ်ရေးကြေး ကောက်ခံနိုင်သည်မှာ မဆန်းပေ။

မကြာမီတွင် ဗိုက်ကင်းပင်လယ်ဓားပြနိုင်ငံ၏ သံချပ်ကာ သင်္ဘောသည် တုပိုင်၏ ရှေ့မှောက်သို့ ရောက်ရှိကြသည်။

ရေတန်ချိန် နှစ်ထောင်ခန့် ရှိပြီး လုံးဝဥဿုံ သံချပ်ကာ သင်္ဘောတော့ မဟုတ်ပေ။ သစ်သားသင်္ဘောကို သံချပ်ကာဖြင့် ဖုံးအုပ်ထားခြင်းဖြစ်သော်လည်း အလွန် အထင်ကြီးဖွယ်ရာ ကောင်းနေပြီဖြစ်သည်။ စစ်သင်္ဘောတစ်စင်းလုံးတွင် အမြောက် အလက် ရှစ်ဆယ်ခန့် ရှိသည်။

ရွက်များကို မတွေ့ရသလို မီးခိုးခေါင်းတိုင်လည်း မပါသဖြင့် ရေနွေးငွေ့စွမ်းအင်သုံး မဟုတ်လောက်ပေ။

ဤသံချပ်ကာ သင်္ဘောကို ကြည့်ရင်း တုပိုင် သွားရည်ကျလာသည်။ သူ တာ့နင်အင်ပါယာကို ပြန်ရန် သင်္ဘောတစ်စင်း လိုအပ်နေချိန်တွင် ဤသို့သော ကောင်းကင်ကို အန်တုနိုင်သည့် သင်္ဘောတစ်စင်း ပေါ်လာခဲ့သည်။

သူ ပြုပြင်ပြောင်းလဲနေသော အနောက်တောင်ဘက်ဒေသသည် အရှိန်အဟုန် ကောင်းနေသော်လည်း ကြီးမားသော အားနည်းချက်တစ်ခု ရှိနေသေးသည်။ ထိုအရာမှာ ရေတပ်ပင် ဖြစ်သည်။

နှစ်တစ်ရာ သက်တမ်းရှိ ရေတပ် ၊ ဤသည်ကတော့ တကယ် ဘာမှ ပြောစရာမရှိပေ။ တုပိုင် ငွေကြေး မပြတ်လပ်ပေ။ သူသည် မိုမိသားစု၏ အဖွဲ့ဟောင်းများကို သိမ်းပိုက်ပြီး ငွေသားသန်းပေါင်းများစွာ ရရှိထားသည်။ လီမိသားစု၏ သစ္စာခံယူမှုကြောင့်လည်း နက္ခတ်တာရာပမာ များပြားလှသော ကြွယ်ဝချမ်းသာမှုကို ရရှိထားသည်။ ထို့ကြောင့် တုပိုင်၏ လက်ထဲတွင် ငွေသားဆယ်သန်းကျော် ရှိသည်။

သို့သော် ရေတပ် တည်ဆောက်ရန်အတွက် အခြေခံအုတ်မြစ် လုံးဝမရှိသလို သင်္ဘောကျင်းလည်း မရှိပေ။

ယခုမူ ကောင်းကင်ကို အန်တုနိုင်သော သံချပ်ကာ စစ်သင်္ဘောတစ်စင်း တုပိုင်၏ ရှေ့မှောက်တွင် ပေါ်လာခဲ့ပြီ ဖြစ်သည်။ ယင်း၏ အမြန်နှုန်းမှာ အခြား စစ်သင်္ဘောများထက် တစ်ဆခွဲ ပိုမြန်သည်။ ရွက်များ ၊ ရေနွေးငွေ့စွမ်းအင်များကိုလည်း မှီခိုမထားပေ။

တုပိုင် မည်သို့လုပ်ပြီး သွားရည်မကျဘဲ နေနိုင်ပါမည်နည်း။

ဤသံချပ်ကာ စစ်သင်္ဘောကိုသာ ရလိုက်လျှင် တုပိုင်ထံ၌ ရေတပ်ဟူ၍ ချက်ချင်း ရှိလာမည်ဟု ပြောနိုင်သည်။ စစ်သင်္ဘောတစ်စင်းတည်းနှင့်ပင် အန်နမ်နိုင်ငံမှ ကွမ်ရှီးအထိ ပင်လယ်ပြင် ထိန်းချုပ်ခွင့်ကို ရယူရန် လုံလောက်နေပြီဖြစ်လေ၏။

လက်ရှိ တာ့နင်အင်ပါယာတစ်ခုလုံးတွင် တုပိုင်၏ အနောက်တောင်ဘက်ဒေသနှင့် အန်နမ်နိုင်ငံ ၊ ဤအင်အားစု သုံးခုသည် ဖန်းအုပ်စု ၏ ပင်လယ်ရေကြောင်း ပိတ်ဆို့မှုကို ခံထားရ၍ လုံးဝ လှုပ်မရဖြစ်နေကြခြင်း ဖြစ်သည်။ ပင်လယ်ပြင် အင်အားနှင့် ပတ်သက်လျှင် ဖန်းစနစ်၏ အရှေ့ဘက် ပြည်ထောင်စု က ပင်လယ်ပြင်မှာ တုပိုင်ကို လုံးဝ အဖတ်မလုပ်ဘဲ စိတ်ကြိုက် နှိပ်စက်နေခြင်း ဖြစ်သည်။

သို့သော် ဤသံချပ်ကာ စစ်သင်္ဘောသာ ရှိပါက အရာအားလုံး ပြောင်းလဲသွားပေလိမ့်မည်။ အနည်းဆုံး တုပိုင်၏ အနောက်တောင်ဘက် ပင်လယ်ပြင်မှာ ကောင်းကင်ပေါ်အထိ တဟုန်ထိုး တက်သွားပေလိမ့်မည်။

“စနစ်... ငါ တာ့နင်အင်ပါယာကို ပြန်ဖို့ သင်္ဘောတစ်စင်း လိုတယ်... ငါ ဒီ ကောင်းကင်ကို အန်တုနိုင်တဲ့ သံချပ်ကာ စစ်သင်္ဘောကို လိုချင်တယ်...”

“စနစ်... မင်း ဘယ်လိုနည်းလမ်းပဲ သုံးသုံး ၊ ဒီစစ်သင်္ဘောကို လူရော သင်္ဘောပါ အကုန် လိုချင်တယ်...”

အိပ်မက်စနစ်သည် ရှိပြီးသား သတင်းအချက်အလက်များအပေါ် အခြေခံ၍ ရှုပ်ထွေးသော တွက်ချက်မှုများကို လုပ်ဆောင်နေပုံရသည်။ တစ်မိနစ်အကြာတွင်။ အိပ်မက်စနစ်က ပြောလာသည်။

“စစ်သင်္ဘော မစ်ရှင် ဖွင့်လှစ်လိုက်ပါပြီ...”

“မစ်ရှင် ရည်မှန်းချက် - ဗိုက်ကင်းနိုင်ငံရဲ့ ပြီးပြည့်စုံတဲ့ သံချပ်ကာ စစ်သင်္ဘော တစ်စင်းကို သင်္ဘောပေါ်က သင်္ဘောသားတွေ ၊ ကပ္ပတိန်တွေနဲ့အတူ သိမ်းပိုက်ရမယ်...”

“မစ်ရှင် အောင်မြင်နိုင်ချေအလားအလာ - ၈၅ ရာခိုင်နှုန်း...”

တစ်ချိန်တည်းမှာပင် ကိုယ်လုံးတီး ဖြစ်နေသည့် တုပိုင် ဝိုင်းထားခံလိုက်ရသည်။ ဗိုက်ကင်းပင်လယ်ဓားပြ ဒါဇင်ပေါင်းများစွာ၏ လေးနှင့် မြှားများ ၊ သေနတ်ပြောင်းဝများသည် တုပိုင်ထံသို့ ချိန်ရွယ်ထားကြသည်။

တုပိုင် ပြုံးစိစိဖြင့် လက်နှစ်ဖက် မြှောက်ကာ အညံ့ခံကြောင်း ပြသလိုက်သည်။ သို့သော် သူက ဤဗိုက်ကင်းပင်လယ်ဓားပြများနှင့် သံချပ်ကာ သင်္ဘောကြီးကို ကြည့်နေသည့်ပုံမှာ မီးခိုးရောင် ဝံပုလွေကြီးက သိုးမလေးကို တွေ့လိုက်ရသကဲ့သို့ ဖြစ်နေလေ၏။

ထိုအချိန်မှာပင် အိပ်မက်စနစ်က နောက်တစ်ကြိမ် ထပ်ပြောလာပြန်သည်။

“မစ်ရှင်အသစ် - ယောက်ျားတို့ရဲ့ နဂါးမစ်ရှင် တရားဝင် ဖွင့်လှစ်လိုက်ပါပြီ...”

“မစ်ရှင် ရည်မှန်းချက် - စနစ်ရှင် တုပိုင်ရဲ့ ယန်စွမ်းအင် ၁၀၀ အထိ တိုးတက်လာပြီး ကောင်းကင်ကို အန်တုနိုင်တဲ့ ယောက်ျားပီသသော စွမ်းဆောင်ရည်ကို ပြန်လည်ရယူရမယ်...”

တုပိုင် ထိတ်လန့်သွားသည်။

ယခု သူ့ကို ပင်လယ်ဓားပြ ဒါဇင်လောက်က ဝိုင်းထားပြီး လေးများ ၊ သေနတ်များဖြင့် ချိန်ထားသည် မဟုတ်လော။

သူလိုချင်သည်မှာ သံချပ်ကာ သင်္ဘောသာဖြစ်သည်။ သို့သော် စနစ်က ယောက်ျားတစ်ယောက်၏ ဂုဏ်သိက္ခာကို ပြန်လည်ရယူမည့် မစ်ရှင်ကို ထပ်ထည့်ပေးလိုက်သည်။

ခမ်းနားထည်ဝါပြီး ကြမ်းတမ်းပုံပေါက်သော ပင်လယ်ဓားပြတစ်ယောက်က တုပိုင်ကို ကြည့်လိုက်ပြီး ပြုံးစိစိဖြင့် ပြောလိုက်သည်။

“လှပတဲ့ အရှေ့တိုင်းသားလေး... မင်းကို ငါတို့ ဖမ်းလိုက်ပြီ...”

ထိုအချိန်တွင် ဝိုင်းရံပိတ်ဆို့ခံထားရသော တုပိုင်သည် အသေးစိတ်အချက်အလက် တစ်ခုကို သတိထားမိလိုက်သည် ၊ ယင်းမှာ ထိုပင်လယ်ဓားပြများ ကိုင်ဆောင်ထားသော သေနတ်များပင် ဖြစ်သည်။

တိတိကျကျ ပြောရလျှင် သူတို့ကို ပင်လယ်ဓားပြဟု ခေါ်ဆို၍ မရနိုင်ပေ ၊ ဗိုက်ကင်းနိုင်ငံ၏ ရေတပ်စစ်သည်များဟု ခေါ်ဆိုမှသာ မှန်ကန်ပေလိမ့်မည်။

ထိုသေနတ်များသည် ခေတ်နောက်ကျသော မီးစာသုံးသေနတ်များ မဟုတ်သလို ၊ ခေတ်မီသော နောက်ပွင့်သေနတ်များလည်း မဟုတ်ချေ။ ​​ခေတ်သစ်ကမ္ဘာတစ်ခု၏ သမိုင်းကြောင်းနှင့် အလားတူပင်ဖြစ်သော မီးခတ်သေနတ်များ ဖြစ်ကြသည်။

မည်သည့် ခုခံမှုမျှ မပြုတော့ဘဲ တုပိုင်သည် တိုက်ရိုက်ပင် အဖမ်းခံလိုက်လေ၏။

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၆၁၃ + ၆၂၄ ပြီး။

မူရင်းစာရေးဆရာ။ Silent Cake And Pastries

ဘာသာပြန်။ Author Chang’e 🌕

True Immortal Team

All Chapters