အခန်း (၆၂၅-၆၂၆)
Vol. 63 Ch. 625-626
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၆၂၅ + ၆၂၆
မူရင်းစာရေးဆရာ။ Silent Cake And Pastries
ဘာသာပြန်။ Author Chang’e 🌕
True Immortal Team
တုပိုင်တစ်ယောက် သံချပ်ကာသင်္ဘောပေါ်သို့ ခြေချလိုက်သည်။
ရေတန်ချိန် နှစ်ထောင်ခန့်သာ ရှိသော်လည်း ရွက်တိုင်များကို ဖယ်ရှားထားသည့်အတွက် သင်္ဘောကုန်းပတ်မှာ ဘောလုံးကွင်းတစ်ကွင်းအလား ကျယ်ဝန်းလှသည်။ သို့သော် အမြောက်များ တပ်ဆင်ထားပုံနှင့် ရေကြောင်းသွားလာပုံစံမှာတော့ သမရိုးကျ ရွက်သင်္ဘောများနှင့် သိပ်မကွာခြားလှပေ။
တုပိုင် မျက်လုံးများ အရောင်တောက်လာသည်။ လောဘစိတ်က ရင်ထဲတွင် ဒီရေအလား တိုးဝင်လာ၏။ “ဒီလို စစ်သင်္ဘောမျိုးသာ ငါ့လက်ထဲရောက်ရင် တောင်ပိုင်းပင်လယ်ပြင်တစ်ခုလုံး ငါ့အောက်ရောက်ပြီပဲ”
သင်္ဘောသားများနှင့် စစ်သည်အများစုသည် ဆဲလ်တစ်ဘာသာစကားနှင့် ဂေးလစ်ဘာသာစကားများကို ပြောဆိုနေကြသည်။ ယခုကာလသည် ၁၇ ရာစုသို့ ရောက်ရှိနေပြီဖြစ်ရာ အခြားကမ္ဘာ၏ သမိုင်းအရဆိုလျှင် အင်္ဂလိပ်နှင့် ပြင်သစ်ဘာသာစကားတို့ တွင်ကျယ်နေသင့်ပြီဖြစ်သည်။ သို့သော် ဤဗိုက်ကင်းနိုင်ငံမှ ကောင်တွေကတော့ ရှေးဟောင်းဘာသာစကားများကို ဖက်တွယ်ထားကြဆဲပင်။
“ဟေ့ကောင်... လာစမ်း” ရိုင်းစိုင်းသော ပင်လယ်ဓားပြတစ်ဦးက တုပိုင်အား အစေခံဝတ်စုံတစ်စုံ ပစ်ပေးပြီး ကပ္ပတိန်အခန်းသို့ ဆွဲခေါ်သွားလေ၏။
အခန်းထဲသို့ ရောက်သည်နှင့် တုပိုင်၏ အကြည့်တို့သည် တစ်နေရာတည်းတွင် စုပြုံသွားရတော့သည်။ ထိုနေရာတွင် ရွှေရောင်ဆံနွယ်များ ၊ ပင်လယ်ပြာရောင် မျက်ဝန်းများနှင့် အလွန်အမင်း ဆွဲဆောင်မှုရှိသော အမျိုးသမီးကပ္ပတိန်တစ်ဦး ရှိနေ၏။
“မိုက်လိုက်တဲ့ စော်ပါလား”
သူမသည် အလွန်လှပပြီး ရမ္မက်သွေးကို ဆူပွက်စေနိုင်လောက်သည့် နိုင်ငံခြားဖြစ် မြင်းမရိုင်းကြီးတစ်ကောင်ပင် ဖြစ်သည်။ ဤကမ္ဘာသို့ ရောက်ရှိလာပြီးနောက်ပိုင်း ခေတ်သစ်ကမ္ဘာမှ မိန်းကလေးများနှင့် အနီးစပ်ဆုံးတူညီသော အမျိုးသမီးတစ်ဦးကို တုပိုင် ပထမဆုံးအကြိမ် တွေ့မြင်ရခြင်း ဖြစ်သည်။
သူမသည် ခန္ဓာကိုယ်နှင့် အပ်ကျမတ်ကျဖြစ်နေသော ဘောင်းဘီကျပ်ကျပ် ၊ ရှည်လျားသွယ်လျသော ခြေတံများကို ပိုမိုပေါ်လွင်စေသည့် ဘွတ်ဖိနပ်ရှည် ၊ ခါးတွင်ချိတ်ထားသော သွေးဆာနေသည့် ဓားကောက်တစ်လက်နှင့် ခေါင်းပေါ်တွင် ခမ်းနားသော ဦးထုပ်တစ်လုံးကို ဆောင်းထားလေ၏။
ဂျုံရောင်အသားအရေသည် ဆီမီးရောင်အောက်တွင် ဝင်းလက်နေပြီး မျက်နှာထားကတော့ ရေခဲတုံးကဲ့သို့ အေးစက်နေသည်။ အထူးသဖြင့် ဘောင်းဘီကျပ်ကျပ်အောက်မှ တင်းရင်းသန်မာသော ပေါင်တံများသည် ယောက်ျားသားတိုင်း၏ စိတ်အာရုံကို ဖမ်းစားနိုင်စွမ်းရှိသည်။
‘ဒီခြေထောက်တွေနဲ့များ အကန်ခံလိုက်ရရင် အသက်တစ်ဝက်လောက် ပါသွားလောက်တယ်။ ပေါင်တံနှစ်ဖက်ကြား အညှပ်ခံလိုက်ရရင်တော့ ဘဝတစ်ခုလုံး ပါသွားမှာ သေချာတယ်’ တုပိုင် တံတွေးမြိုချလိုက်မိသည်။ တကယ်ကို အဆိပ်ပြင်းတဲ့ ပန်းပွင့်လေးပါလား။
အမျိုးသမီးကပ္ပတိန်က တုပိုင်အား အထက်စီးမှ စီးမိုးကြည့်ရင်း အင်္ဂလိပ်လို မေးလိုက်သည်။ “အရှေ့တိုင်းသားလား။ အရှေ့ဘက် ပြည်ထောင်စုကလား ၊ အရှေ့အင်ပါယာကလား”
သူမ၏ လေသံသည် မောက်မာလွန်းလှပြီး တုပိုင်အား လူရာမသွင်းသည့်ပုံစံ ပေါက်နေသည်။
“တာ့နင်အင်ပါယာကပါ” တုပိုင်က အင်္ဂလိပ်လို ပြန်ဖြေလိုက်သည်။
အမျိုးသမီးကပ္ပတိန်၏ နှုတ်ခမ်းထောင့်များ ကွေးညွတ်သွားပြီး အထင်အမြင်သေးသည့် အပြုံးတစ်ခု ပေါ်လာ၏။ သူမသည် တုပိုင်အား တိရစ္ဆာန်တစ်ကောင်ကို ကြည့်သကဲ့သို့ ကြည့်ကာ ပြောလိုက်သည်။ “ဪ... တာ့နင်အင်ပါယာလား။ အဲဒီ ခေတ်နောက်ကျပြီး ဘာမှမသိနားမလည်တဲ့ တောသားနိုင်ငံကပေါ့”
တုပိုင် မျက်ခုံးပင့်လိုက်မိသည်။ ‘ဟ... ဒီကောင်မ စော်ကားလှချည်လား’
မီးနတ်ဘုရားဘာသာ၏ အမြင်တွင် တာ့နင်အင်ပါယာသည် ခေတ်နောက်ကျသော အဝါရောင် မျောက်အုပ်စုတစ်စုသာ ဖြစ်သည်။ ယခု ဗိုက်ကင်းနိုင်ငံ၏ အမျိုးသမီးကပ္ပတိန် မျက်လုံးထဲတွင်မူ ထိုထက်ပင် ပိုဆိုးနေပုံရသည်။ သူမ၏ မာနတရားသည် မီးနတ်ဘုရား စစ်သေနာပတိချုပ် အက်စ်ထက်ပင် ပိုမို ပြင်းထန်နေသေး၏။
“တာ့နင်အင်ပါယာက အရှေ့တိုင်းသား... မင်း ငါတို့ ဗိုက်ကင်းနိုင်ငံရဲ့ ရေပိုင်နက်ထဲမှာ ပေါ်လာတယ်။ မင်း ဘယ်လိုရောက်လာလဲ ၊ မတော်တဆလား ၊ ကောင်းကင်ကနေ ပြုတ်ကျလာတာလား ငါဂရုမစိုက်ဘူး” ကပ္ပတိန်မလေး၏ အသံသည် အေးစက်ပြတ်သားလှသည်။ “အတိုချုပ်ပြောရရင် အခု မင်းက ငါ့ရဲ့ ကျွန်ပဲ။ လာကြစမ်း ၊ ငါ့ရဲ့ ကျွန်ကို စစ်ဆေးကြ”
ထို့နောက် အမျိုးသမီးကျွန်တစ်ဦး ဝင်ရောက်လာကာ တုပိုင်၏ ခန္ဓာကိုယ်တစ်ခုလုံးကို အူမချေးခါးမကျန် စစ်ဆေးလေတော့သည်။ သွားများ ၊ လက်မောင်းများ ၊ ရင်ဘတ်နှင့် ခြေထောက်ကြားကိုပါ မကျန် ကိုင်တွယ်စမ်းသပ်လေသည်။
“မျက်နှာက လှတယ်၊ သွားတွေကလည်း ဖြူဖွေးနေတာပဲ ၊ အသားအရေကလည်း မိန်းမပျိုလေးတစ်ယောက်လို ညက်ညောပြီး ချောမွေ့နေတယ်”
“ကိုယ်လုံးက သွယ်လျပေမဲ့ ကြွက်သားတွေက သန်မာတယ်”
“အကောင်းစား အမျိုးသားကျွန်တစ်ယောက်ပဲ။ သခင်မလေးတွေ ၊ မင်းသမီးတွေ အများကြီး ကြိုက်နှစ်သက်ကြမှာ သေချာတယ်။ စျေးကောင်းကောင်းနဲ့ ရောင်းလို့ရမယ် ထင်တယ်”
“အင်္ဂလိပ်လိုလည်း နားလည်တယ်ဆိုတော့ ရွှေဒင်္ဂါး ရာဂဏန်းလောက်တော့ ရောင်းလို့ရမယ် ၊ ဒီထက်ပိုရင်လည်း ပိုဦးမှာ”
တုပိုင့်အနေဖြင့် သူ့ကိုယ်သူ ကုန်ပစ္စည်းတစ်ခုလို တန်ဖိုးဖြတ်ခံနေရသည်ကို ကြည့်ပြီး ဒေါသထွက်ချင်သလို ဖြစ်လာသည်။
“အရှေ့တိုင်းသား၊ မင်းနာမည် ဘယ်လိုခေါ်လဲ” ကပ္ပတိန်မလေးက မေးလိုက်သည်။
“ဂျူလီယန်”
“အရှေ့တိုင်းသား ဂျူလီယန်... မင်းရှေ့မှာ ရပ်နေတာက ဗိုက်ကင်းနိုင်ငံရဲ့ မြို့စားမင်းသမီး လီအာနာ ၊ ကောင်းကင်ဝံပုလွေ စစ်သင်္ဘောရဲ့ ကပ္ပတိန် ၊ ဗိုက်ကင်းနိုင်ငံရဲ့ ရေတပ်ဗိုလ်မှူးကြီးပဲ။ အခုချိန်ကစပြီး မင်းက ငါ့ရဲ့ ကျွန်ဖြစ်သွားပြီ”
ထိုအချိန်တွင် ကြောင်လေးတစ်ကောင်လို ညုတုတုနိုင်သော အသံတစ်ခု အပြင်ဘက်မှ ထွက်ပေါ်လာလေသည်။ “အရှင်မင်းသမီး ၊ ကိစ္စတွေ မပြီးသေးဘူးလား။ အရှင့်ရဲ့ ကြောင်လေး ဗိုက်ဆာနေပြီ”
တံခါးပွင့်သွားသည်နှင့် အတူ မီးတောက်ကဲ့သို့ နီရဲသော ဆံနွယ်များ ပိုင်ဆိုင်ထားသည့် လှပသော အမျိုးသမီးတစ်ဦး ဝင်လာသည်။ သူမသည် ကပ္ပတိန်၏ ခန္ဓာကိုယ်ကို မြွေတစ်ကောင်လို နူးညံ့စွာ ဖက်တွယ်လိုက်ကာ သူမ၏ နှုတ်ခမ်းများကို နမ်းရှိုက်လိုက်လေသည်။
တုပိုင် မျက်လုံးပြူးသွားရသည်။ ‘သောက်ကျိုးနည်း... ဒီလောက်လန်းတဲ့ ကပ္ပတိန်မလေးက လီလီပန်းတစ်ပွင့် ဖြစ်နေတာလား။ နှမြောစရာကြီးကွာ... သဘာဝတရားကြီးကို စော်ကားလိုက်တာပဲ’
အမျိုးသမီးကပ္ပတိန် လီအာနာက တုပိုင်ဘက်သို့ လှည့်ကာ အေးစက်စွာ အမိန့်ပေးလိုက်သည်။ “အရှေ့တိုင်းသား ဂျူလီယန်၊ မင်း ထွက်သွားလို့ရပြီ”
**--**--**--**--**--**--**--**
နောက်ပိုင်းတွင်မူ တုပိုင်အား သီးသန့်အခန်းတစ်ခန်း ပေးထားကာ အတော်အသင့် ကောင်းမွန်သော အစားအစာများကို ကျွေးမွေးထားသည်။ အကြောင်းမှာ လီအာနာ၏ မျက်လုံးထဲတွင် သူသည် ရွှေဒင်္ဂါး ရာပေါင်းများစွာ တန်ကြေးရှိသော ကုန်ပစ္စည်းတစ်ခု ဖြစ်နေသောကြောင့်ပင်။ ကုန်ပစ္စည်း ပျက်စီးသွားလျှင် စျေးကောင်းမရလိုက်မည်ကို စိုးရိမ်ပုံရသည်။
လိင်စိတ်တိမ်းညွတ်မှု ထူးဆန်းသော အမျိုးသားပင်လယ်ဓားပြ အချို့သည် တုပိုင်၏ အခန်းထဲသို့ အတင်းဝင်ရောက်ရန် ကြိုးစားခဲ့ကြသည်။ သို့သော် တုပိုင် လက်ပါစရာမလိုဘဲ ထိုကောင်များကို လီအာနာ၏ လူများက ခြေထောက်များ ရိုက်ချိုးပြီး မောင်းထုတ်လိုက်ကြလေသည်။
“စနစ်... မင်းပြောတော့ ယန်စွမ်းအင်တန်ဖိုးက ၁၀၀% ပြည့်တော့မာဆို။ ငါ့ရဲ့ ညီလေးကို ဘယ်တော့ပြန်ရမှာလဲဟ” တုပိုင် စိတ်မရှည်စွာ မေးလိုက်သည်။
အိပ်မက်စနစ်၏ စက်ရုပ်အသံ ထွက်ပေါ်လာသည်။ “စိတ်မပူပါနဲ့ စနစ်ရှင် ၊ ဗိုက်ကင်းဘုရင်မြို့တော်ကို ရောက်တဲ့အခါ ခင်ဗျား သိရပါလိမ့်မယ်။ အဲဒီမှာ ရက်အနည်းငယ်လောက် နေရလိမ့်မယ်။ ဒါက ခင်ဗျားအတွက် တစ်သက်မှာ တစ်ခါသာရမယ့် အခွင့်အရေးပဲ။ လွတ်သွားခဲ့ရင် သာမန်ယောက်ျားတစ်ယောက် ပြန်ဖြစ်ဖို့အတွက် ကြီးမားတဲ့ တန်ကြေး ပေးဆပ်ရလိမ့်မယ်”
**--**--**--**--**--**--**--**
တစ်ရက် ကုန်ဆုံးပြီးနောက်။
“ကုန်းပတ်ပေါ် တက်သွားလိုက် ၊ ဒီစစ်သင်္ဘောက မိစ္ဆာပင်လယ်ပြင်ထဲကို ဝင်ရောက်နေပြီ” စနစ်က သတိပေးလိုက်သည်။
တုပိုင် ကုန်းပတ်ပေါ်သို့ တက်ကြည့်လိုက်ရာ သူ၏ မျက်ဝန်းအိမ်များ ကျဉ်းမြောင်းသွားရသည်။
သူ့ရှေ့တွင် မြင်တွေ့လိုက်ရသော မြင်ကွင်းသည် ခေတ်သစ်ကမ္ဘာမြေတွင် လုံးဝ မရှိခဲ့ဖူးသော အလွန် ထူးဆန်းပြီး ကြောက်မက်ဖွယ်ကောင်းသည့် မြင်ကွင်းတစ်ခုပင်။ ပင်လယ်ပြင်တစ်ခုလုံးကို ထူထပ်သော မြူခိုးများက လွှမ်းခြုံထားပြီး ရေမျက်နှာပြင်ထက်တွင် ကျောက်ဆောင်ပုန်းများ ပြည့်နှက်နေသည်။
ထိုကျောက်ဆောင်များသည် မိစ္ဆာတစ်ကောင်၏ ဦးချိုများအလား ကောင်းကင်သို့ ထိုးဖောက်ထွက်နေကြပြီး ပင်လယ်ပြင်တစ်ခုလုံးတွင် သရဲတစ္ဆေများနှင့် ဝံပုလွေများ အော်ဟစ်မြည်တမ်းနေသကဲ့သို့သော အသံများဖြင့် ဆူညံနေလေသည်။
“ဒါက သဘာဝအတားအဆီးပဲ” တုပိုင် ရေရွတ်လိုက်သည်။
“ဟုတ်ပါတယ်” စနစ်က ဝင်ပြောသည်။ “ဒီကမ္ဘာမှာတော့ ဒီဧရိယာဟာ အခြားကမ္ဘာတစ်ခုရဲ့ စွမ်းအင်တွေ အများဆုံး ကျူးကျော်ဝင်ရောက်တဲ့ နေရာပါပဲ။ ဗိုက်ကင်းနိုင်ငံတစ်ခုလုံးကို ဒီမိစ္ဆာပင်လယ်ပြင်ဧရိယာက ဝိုင်းရံပြီး ကာကွယ်ပေးထားတာပါ။ ဒါကြောင့် အနောက်ကမ္ဘာရဲ့ ရေတပ်အုပ်စုတွေ ဘယ်လောက်ပဲ အင်အားကြီးပါစေ၊ ဒီပင်လယ်ပြင်ထဲကို ဝင်ရောက်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး”
**--**--**--**--**--**--**--**
တစ်ရက်တာ ခရီးနှင်ပြီးနောက် မိုင်ရာပေါင်းများစွာ ရှည်လျားသော မိစ္ဆာပင်လယ်ပြင်ကို ဖြတ်ကျော်ကာ နောက်ဆုံး၌ ဗိုက်ကင်းပင်လယ်ဓားပြနိုင်ငံကို တွေ့မြင်လိုက်ရပြီ ဖြစ်သည်။
“မရှိသင့်တဲ့ မြို့တစ်မြို့ ၊ မရှိသင့်တဲ့ တိုက်ကြီးတစ်တိုက်ပဲ”
ဗိုက်ကင်းမြို့တော်သည် တာ့နင်အင်ပါယာရှိ မည်သည့်မြို့ထက်မဆို ပိုမို စည်ကားသိုက်မြိုက်နေပြီး မကောင်းမှုဒုစရိုက်များဖြင့် ပွက်လောရိုက်နေသည်။ တုပိုင်သည် အဝေးမှပင် ရွှေဒင်္ဂါးအနံ့များနှင့် သွေးညှီနံ့များကို ရရှိနေသယောင် ခံစားလိုက်ရသည်။
စနစ်က ပြောသည်။ “ဗိုက်ကင်းပင်လယ်ဓားပြနိုင်ငံက ကမ္ဘာပေါ်မှာ အစည်ကားဆုံး မှောင်ခိုဈေးကွက်ကြီးလည်း ဖြစ်တယ်။ လူကုန်ကူး ၊ လျှို့ဝှက်ငွေကြေး ၊ ပူးပေါင်းကြံစည်မှု ၊ ထီးနန်းအာဏာလုတာ စတာတွေ အကုန်လုံးကို ဒီမှာ အရောင်းအဝယ် လုပ်နိုင်တယ်”
“ဒါဆို ဗိုက်ကင်းနိုင်ငံရဲ့ သံချပ်ကာ သင်္ဘောတွေရော” တုပိုင်က လောဘတကြီး မေးလိုက်သည်။
“မရပါဘူး။ အဲဒါက ရောင်းကုန် မဟုတ်ပါဘူး။”
“ဒီသင်္ဘောတွေက ရွက်မလိုသလို ရေနွေးငွေ့စွမ်းအင်လည်း မလိုဘူး။ ဘယ်လိုစွမ်းအင်ကို အမှီပြုပြီး ဒီလောက် မြန်မြန် မောင်းနှင်နိုင်တာလဲ။”
“ဒါက ဗိုက်ကင်းနိုင်ငံရဲ့ အဓိက လျှို့ဝှက်ချက်ပါပဲ။ ဒီလျှို့ဝှက်ချက်ကို သူများတွေ သိသွားတာနဲ့ ဗိုက်ကင်းနိုင်ငံက ချက်ချင်း သုတ်သင်ခံရမှာပါ။ ဒီစွမ်းအင်ဆိုင်ရာ အဓိက လျှို့ဝှက်ချက်ကို မျိုးဆက်အလိုက် ဘုရင်တစ်ပါးစီကသာ ထိန်းချုပ်ထားနိုင်ပါတယ်”
တုပိုင်၏ မျက်လုံးများတွင် လျှပ်စီးကြောင်းတစ်ခု ဖြတ်သန်းသွားသကဲ့သို့ တောက်ပသွားသည်။ “ဘုရင်တစ်ယောက်တည်းက ထိန်းချုပ်ထားတာ ဟုတ်လား... စိတ်ဝင်စားစရာပဲ”
ညအချိန် ရောက်လာသည်နှင့်အမျှ ဥဩသံများ ထွက်ပေါ်လာပြီး မြို့တော်တစ်ခုလုံး မီးရောင်များဖြင့် ထိန်လင်းသွားသည်။ ဤသည်မှာ ဘယ်သောအခါမျှ အိပ်စက်ခြင်းမရှိသော မြို့ ၊ ငွေကြေးနှင့် ရမ္မက်တို့ ပျော်ပါးရာ ပရဒိသုဘုံပင် ဖြစ်သည်။
“စနစ်ရှင် ၊ မကြာခင် ကမ်းကပ်တော့မယ်၊ ပြီးရင် ခင်ဗျားကို လူကုန်ကူးတဲ့ ဈေးကွက်ဆီ ပို့လိမ့်မယ်။ ခင်ဗျားအနေနဲ့ မြို့စားမင်းသမီး ကပ္ပတိန်နဲ့ သဘောတူညီမှုတစ်ခု ရအောင် ချက်ချင်း ညှိနှိုင်းရပါလိမ့်မယ်”
**--**--**--**--**--**--**--**
ကောင်းကင်ဝံပုလွေသံချပ်ကာ စစ်သင်္ဘော၏ ကပ္ပတိန်အခန်း။
ခမ်းနားထည်ဝါပြီး ဆွဲဆောင်မှုရှိသော ကပ္ပတိန် လီအာနာက ခြေချိတ်ထိုင်နေရင်း ပြောလိုက်သည်။ “အရှေ့တိုင်းသား ဂျူလီယန် ၊ ကျွန်ဆိုတာ သခင်တွေနဲ့ တွေ့ခွင့်မရှိဘူး။ မင်းရဲ့ တစ်ခုတည်းသော တန်ဖိုးက ရွှေဒင်္ဂါး ရာဂဏန်းလောက်နဲ့ ရောင်းထွက်နိုင်တာပဲ”
တုပိုင်သည် ရာစုနှစ်ပေါင်းများစွာ ကြိုတင်၍ လူမျိုးရေးခွဲခြားမှုကို ခံစားလိုက်ရသည်။
“လာကြစမ်း ၊ ဒီအရှေ့တိုင်းသားကျွန်ကို လူကုန်ကူးတဲ့ ဈေးကွက်ဆီ ဖမ်းခေါ်သွားကြ”
“အရှင်မင်းသမီး ၊ ကျွန်တော် ခင်ဗျားနဲ့ သဘောတူညီမှုတစ်ခု လုပ်ပါရစေ” တုပိုင်က တည်ငြိမ်စွာ ပြောလိုက်သည်။
“မြင့်မြတ်တဲ့ ဗိုက်ကင်းမင်းသမီးနဲ့ နိမ့်ကျတဲ့ အရှေ့တိုင်းသားကျွန်ကြားမှာ ဘာသဘောတူညီမှုမှ လုပ်စရာမရှိဘူး။ လာကြစမ်း ၊ ဒီကျွန်ကို ချက်ချင်း ခေါ်သွားကြ” လီအာနာက ဒေါသတကြီး အော်လိုက်သည်။
တုပိုင်က ပြုံးလိုက်သည်။ ထိုအပြုံးသည် အန္တရာယ်များသော သားရဲတစ်ကောင်၏ အပြုံးမျိုးဖြစ်သည်။
“ခင်ဗျားတို့ရဲ့ ဘုရင်က သတိမေ့မြောနေတာ ဆယ်နှစ်နီးပါး ရှိနေပြီ။ မျိုးဆက်အလိုက် ဘုရင်တစ်ပါးစီကသာ သံချပ်ကာ စစ်သင်္ဘောရဲ့ စွမ်းအင်ဆိုင်ရာ အဓိက လျှို့ဝှက်ချက်ကို ထိန်းချုပ်ထားနိုင်တာ။ အကယ်၍ သူသာ ပြန်မနိုးလာရင် ဗိုက်ကင်းနိုင်ငံရဲ့ သံချပ်ကာ စစ်သင်္ဘောတွေပေါ်က စွမ်းအင်ဗဟိုချက်တွေ အကုန်လုံး အသုံးမဝင်တော့ဘဲ ဖြစ်သွားလိမ့်မယ်။ ဘာလို့လဲဆိုတော့ ဒီဆန်းကြယ်တဲ့ စွမ်းအင်ဗဟိုချက်ကို ဆယ်နှစ်တစ်ကြိမ် အစားထိုးဖို့ လိုအပ်လို့ပဲ”
ထိုစကား ထွက်လာသည်နှင့် ခမ်းနားထည်ဝါသော ကပ္ပတိန်၏ မျက်နှာထား လုံးဝ ပြောင်းလဲသွားလေသည်။ အခန်းတွင်းရှိ လေထုသည် ရုတ်ခြည်း အေးစက်သွား၏။
“ဒီစွမ်းအင်ဗဟိုချက်တွေ ပျက်စီးသွားတာနဲ့ ခင်ဗျားတို့ရဲ့ သံချပ်ကာ စစ်သင်္ဘောတွေ အကုန်လုံး လုံးဝ ပျက်စီးသွားပြီး ပင်လယ်ပေါ်မှာ ပေါလောပေါ်နေတဲ့ သံခေါင်းတလားတွေ ဖြစ်သွားလိမ့်မယ်။ အဲအခါကြရင် ခင်ဗျားတို့ကို စောင့်ကြိုနေတာကတော့ လုံးဝ ပျက်စီးခြင်းပဲ မဟုတ်လား”
လီအာနာ၏ မျက်နှာပေါ်တွင် အလွန်အမင်း တုန်လှုပ်သွားမှုများ ပေါ်လာပြီး တုပိုင်ကို မယုံကြည်နိုင်စွာ ကြည့်နေသည်။
“ဒါက ဗိုက်ကင်းနိုင်ငံရဲ့ အမြင့်ဆုံး လျှို့ဝှက်ချက်လေ ၊ ဒီအဝါရောင်ကောင်က ဘယ်လိုလုပ်ပြီး သိနိုင်မှာလဲ”
တုပိုင်က လှောင်ပြုံးပြုံးပြီး ဆက်ပြောလိုက်သည်။ “လျှို့ဝှက်သော့ ကိုးချောင်းနဲ့ လျှို့ဝှက်အခန်းကို ဖွင့်ရတယ်ဆိုတာလည်း ငါသိတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ကြောက်မက်ဖွယ် ကမ္ဘာမြေ အက်ကွဲမှုကြီးကြောင့် အဲ့ဒီလျှို့ဝှက်အခန်း ပျက်စီးသွားခဲ့ပြီးပြီ။ အခု တစ်ခုတည်းသော မျှော်လင့်ချက်က ဘုရင်မင်းမြတ်ဆီမှာပဲ ရှိတော့တာ”
“ဒါပေမဲ့ ဝမ်းနည်းစရာပဲ။ နန်းတော်ထဲမှာ နေ့တိုင်း ထွက်ပေါ်လာပြီး ကျန်းမာသန်စွမ်းနေတယ်ဆိုတဲ့ ဘုရင် ကွန်စတင်တိုင်းက လူစားထိုးထားတဲ့သူတစ်ယောက်သာ ဖြစ်တယ်”
မင်းသမီး လီအာနာသည် သူမ၏ လှပသော မျက်လုံးများကို မှိတ်ချလိုက်သည်။ သူမ၏ ရင်ဘတ်များ နိမ့်ချည်မြင့်ချည် ဖြစ်နေပြီး စိတ်ကို အသည်းအသန် ထိန်းချုပ်နေရပုံပေါ်သည်။
ဘေးနားတွင် ရှိနေသော မင်းသမီး လီအာနာ၏ ဆံပင်နီနှင့် ချစ်သူလေးမှာမူ လုံးဝ ကြောင်အသွားပြီး သူမ၏ လှပပြီး သေသပ်သော မျက်နှာလေးပေါ်တွင် အံ့အားသင့်မှုများဖြင့် ပြည့်နှက်နေလေသည်။
“ရွှပ်”
လေတိုးသံသဲ့သဲ့နှင့်အတူ မင်းသမီး လီအာနာသည် သူမ၏ ဓားကောက်ကို ရုတ်တရက် ဆွဲထုတ်လိုက်ပြီး သူမ၏ လှပသော ချစ်သူမိန်းကလေး၏ လည်ပင်းကို ညင်သာစွာ ပိုင်းဖြတ်လိုက်လေ၏။
ချက်ချင်းပင် သွေးစက်များ ပန်းထွက်လာသည်။ ထိုလှပသော ချစ်သူမိန်းကလေးသည် ရုတ်ခြည်း ပျောက်ကွယ်သွားပြီး သူမ သေဆုံးသွားသည်ကိုပင် ပြန်လည်တုံ့ပြန်ချိန် မရလိုက်ချေ။ အဘယ်ကြောင့် သူမချစ်သော မင်းသမီး လီအာနာက သူမကို သတ်လိုက်ရသနည်း။ သူမ၏ မျက်လုံးများတွင် မေးခွန်းပေါင်းများစွာ ကျန်ရစ်နေခဲ့သည်။
“တောင်းပန်ပါတယ် အချစ်ကလေး... ဒါက ဗိုက်ကင်းနိုင်ငံရဲ့ ထိပ်တန်း လျှို့ဝှက်ချက်ပါ။ လုံးဝ အပြင်ကို ပေါက်ကြားလို့ မဖြစ်ပါဘူး။ ဒါကို သိတဲ့ ဘယ်သူမဆို သေရမယ်” မင်းသမီး လီအာနာသည် မျက်ရည်များ ဝဲလျက်ဖြင့် သွေးအလိမ်းလိမ်းဖြစ်နေသော သူမချစ်သူ၏ နှုတ်ခမ်းများကို နမ်းရှိုက်လိုက်လေသည်။
ချစ်သူမိန်းကလေး၏ မျက်လုံးများ နူးညံ့သွားပြီး မင်းသမီး လီအာနာ၏ မျက်နှာကို ကိုင်တွယ်ရန် လက်ကို ဆန့်ထုတ်လိုက်လေသည်။ သို့သော် လက်သည် တစ်ဝက်လောက်အရောက်တွင် ထိုလှပသော အမျိုးသမီး၏ ကျောက်စိမ်းလက်ကလေး လျှောကျသွားပြီး လုံးဝ သေဆုံးသွားလေတော့သည်။
လှပသလောက် ရက်စက်ကြမ်းကြုတ်သော မြင်ကွင်းတစ်ခုပင်။
နောက်တစ်စက္ကန့်တွင် မင်းသမီး လီအာနာ၏ မျက်နှာထားသည် မိစ္ဆာမတစ်ကောင်လို ပြောင်းလဲသွားပြီး ဓားကောက်သည် တုပိုင်၏ လည်ပင်းပေါ်သို့ ပြင်းထန်စွာ ကျရောက်လာလေသည်။
“သေစမ်း”
“ထန်းးးး”
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၆၂၅ + ၆၂၆ ပြီး။
မူရင်းစာရေးဆရာ။ Silent Cake And Pastries
ဘာသာပြန်။ Author Chang’e 🌕
True Immortal Team