← Chapters

အပိုင်း (မမကိုချစ်တယ်)

Vol. 63 Ch. 630.0

အပိုင်း (မမကိုချစ်တယ်)

Vol. 63 Ch. 630.0

ကုန်းကုန်းဧကရာဇ်။ အပိုင်း (မမကိုချစ်တယ်)

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

ထိုအချိန်၌ပင် ဖန်ကွဲသံကဲ့သို့ အသံတစ်ခု ထွက်ပေါ်လာပြီး ပြောင်လင်းကျွန်းသခင် လက်ထဲရှိ မိစ္ဆာတံဆိပ်တော်သည် တိုက်ရိုက်ပင် ပေါက်ကွဲသွားလေတော့၏။

အခန်းထဲရှိ သရဲမီးတောက်များသည်လည်း ပျောက်ကွယ်သွားလေပြီး အရာအားလုံးသည်လည်း ပုံမှန်အတိုင်းပြန်ဖြစ်သွားတော့သည်။ ဗိုက်ကင်းဘုရင်၏ ကိုယ်ထဲမှ ဝိညာဉ်ဆိုး၏ ပုံရိပ်များလည်း ပျောက်ကွယ်သွားလေ၏။

လုံးဝကို ကျရှုံးသွားခြင်းပင်။ ပြောင်လင်းကျွန်းသခင်သည် လက်ထဲမှ ကွဲကြေသွားသော မိစ္ဆာတံဆိပ်တော် အစအနများကို ကြောင်ငေးကြည့်နေမိသည်။

ထိုအချိန်တွင် အပြင်ဘက်၌ ရှိနေကြသော မင်းသားနှင့် ဗိုက်ကင်းနိုင်ငံ၏ ဘုန်းတော်ကြီး အကြီးအကဲများသည် အထဲမှ အသံကို ကြားလိုက်ရသဖြင့် တံခါးကို ချက်ချင်း ဖွင့်လိုက်ကြ၏။

ဗိုက်ကင်းမင်းသား ကွန်စတင်တိုင်း (နှစ်) က ပြောလိုက်သည်။

“လူကြီးမင်း... ကျရှုံးသွားပုံရတယ်”

ပြောင်လင်းကျွန်းသခင်၏ မျက်နှာသည် ပြာနှမ်းသွားပြီး သူ၏ မသေမျိုးနတ်ဟန်ပန်များလည်း ပျောက်ဆုံးသွားခဲ့ရလေသည်။ သူသည် မိနစ်အနည်းငယ်ကြာသည်အထိ စကားတစ်ခွန်းမျှ မပြောနိုင် ဖြစ်နေရ၏။

အတန်ကြာမှ သူက အေးစက်စွာ ပြောလိုက်သည်။

“ကျုပ်တောင် မကယ်နိုင်ရင် ဒီကမ္ဘာပေါ်မှာ ခင်ဗျားတို့ ဘုရင်ကြီးကို ကယ်နိုင်တဲ့သူ မရှိတော့ဘူး...”

ပြောင်လင်းကျွန်းသခင်သည် အင်္ဂလိပ်စကား သို့မဟုတ် ဆဲလ်တစ်စကားကို ပြောဆိုနိုင်ခြင်း မရှိချေ။ သူသည် တရုတ်ဘာသာစကားကိုသာ ပြောဆိုတတ်သဖြင့် စကားတစ်ခွန်းချင်းစီတိုင်းကို ဘာသာပြန်ပေးနေရသည်။

ထို့နောက် ပြောင်လင်းကျွန်းသခင်သည် တုပိုင်ကို ကြည့်ပြီး ပြောလိုက်၏။

“လူငယ်လေး။ မင်း လက်လျှော့လိုက်တော့။ မင်း ဘယ်သူလဲ ၊ ဘယ်ကလာတာလဲဆိုတာ ကျုပ် ဂရုမစိုက်ဘူး။ ဒါပေမဲ့ ဒါက မင်း တတ်နိုင်တဲ့ ကစားပွဲမဟုတ်ဘူး။ မင်းက ဘုရင်ကွန်စတင်တိုင်းကို ကယ်ချင်တာလား။ နေမင်းကြီး အနောက်ဘက်က ထွက်လာမှ ၊ ပင်လယ်ရေတွေ ခန်းခြောက်သွားမှပဲ ရလိမ့်မယ်”

တုပိုင်က ပြန်ပြောလိုက်သည်။ “မင်းသား ၊ ဒီအဘိုးကြီးက ကျရှုံးသွားပြီဆိုတော့ သူ့ကို မသတ်သင့်ဘူးလား”

ပြောင်လင်းကျွန်းသခင်က ရွှေတံဆိပ်တစ်ခုကို ရင်ဘတ်ထဲမှ ထုတ်ယူလိုက်ပြီး ဗိုက်ကင်းမင်းသား ကွန်စတင်တိုင်း (နှစ်) ၏ လက်ထဲသို့ ထည့်ပေးလိုက်၏။

ချက်ချင်းပင် ကွန်စတင်တိုင်း (နှစ်) က ပြောကြားလာသည်။

“အရမ်းဝမ်းနည်းပါတယ်။ ဒီအဘိုးကြီးမှာ ကျုပ်တို့နိုင်ငံရဲ့ တော်ဝင်အာဏာ ရွှေတံဆိပ် ရှိနေတဲ့အတွက် သူ့ကို သေဒဏ်ကနေ ကင်းလွတ်ခွင့် ပေးလိုက်ရပါပြီ”

တုပိုင် စိတ်ထဲမှ မထီမဲ့မြင် ပြုံးလိုက်၏။

ကွက်ကျော်ရိုက်သည်မှာ အမှန်တကယ်ပင် နက်ရှိုင်းလှသည်။ သို့သော် ပြောင်လင်းကျွန်းသခင် ကျရှုံးသွားလျှင်တောင် အသတ်ခံရမည် မဟုတ်ကြောင်းကို တုပိုင် ကြိုတင်သိရှိပြီးသား ဖြစ်လေသည်။ မည်သို့ပင်ဆိုစေကာမူ သူ့ကို ခေါ်လာသူမှာ အရှေ့ဘက်ပြည်ထောင်စု သခင်လေး၏ ချစ်သူတော်ပင် ဖြစ်သည် မဟုတ်ပါလော။

တုပိုင်က ပြောလိုက်၏။ “ကျုပ်မှာတော့ တော်ဝင်ရွှေတံဆိပ် မရှိဘူး။ ဒီတော့ ကျုပ် ကျရှုံးရင် အသတ်ခံရမှာပေါ့”

ကွန်စတင်တိုင်း (နှစ်) သည် တိတ်ဆိတ်နေပြီး တုပိုင်၏ စကားကို သဘောတူသည့်ဟန် ရှိသည်။ ပြောင်လင်းကျွန်းသခင်သည် သူ၏ နတ်ဟန်ပန်ကို ပြန်လည် ထိန်းသိမ်းလိုက်ပြီး တုပိုင်ကို လူသေတစ်ယောက်ကြည့်သလို ကြည့်နေလေ၏။

မည်သို့ဖြစ်ပျက်သွားသည်ကို သူ မသိသော်လည်း မိစ္ဆာတံဆိပ်တော်ဖြင့်ပင် ဖမ်းယူ၍မရနိုင်သော ဝိညာဉ်ဆိုးကို သူ့ရှေ့ရှိ လျှို့ဝှက်ဆန်းကြယ်သော လူငယ်လေးသည် သေချာပေါက် ဖမ်းနိုင်မည် မဟုတ်ချေ။ ဘုရင်ကြီးကို ကယ်တင်လိုသည်လား။ အိပ်မက်မက်နေခြင်းသာ ဖြစ်ချေမည်။

**--**--**--**--**--**--**--**

တုပိုင်သည် အခန်းထဲသို့ ဝင်သွားပြီး တံခါးကို တိုက်ရိုက် ပိတ်လိုက်သည်။ ဗိုက်ကင်းဘုရင်၏ ကုတင်ဘေးသို့ ရောက်သောအခါ နဖူးပေါ်သို့ လက်တင်လိုက်ပြီး မိစ္ဆာစွမ်းအားတစ်ခုကို စုစည်းလိုက်၏။

တုပိုင် ပေါ့ပါးစွာ ပြောလိုက်သည်။

“ထွက်ခဲ့စမ်း”

“အား... အား... အား...”

မိစ္ဆာသည် အသည်းအသန် ရုန်းကန်နေသော်လည်း အချည်းနှီးသာဖြစ်သည်။ တုပိုင်ထံမှ စွမ်းအင်သည် ဝိညာဉ်မိစ္ဆာထံမှ လာခြင်းဖြစ်လေသည်။ ဤသည်မှာ အသန့်စင်ဆုံး စွမ်းအားဖြစ်လေပြီး မိစ္ဆာတံဆိပ်တော်နှင့် ယှဉ်လျှင် မည်မျှ ပိုမိုအစွမ်းထက်သနည်းဆိုသည်ကို နှိုင်းယှဥ်၍မရချေ။

မိစ္ဆာသည် လုံးဝ မခုခံနိုင်ပေ။ ထိုအရာသည် အသည်းအသန် စူးရှစွာ အော်ဟစ်နေတော့၏။ အခန်းတစ်ခုလုံးတွင် သရဲတစ္ဆေ အော်ဟစ်သံများဖြင့် ပြည့်နှက်သွားပြန်သည်။ ဖယောင်းတိုင်မီးများ အားလုံး အစိမ်းရောင် ပြန်ပြောင်းသွားကြ၏။

တုပိုင်၏ လက်ဝါးသည် မိစ္ဆာ၏ လည်ပင်းကို လွယ်ကူစွာ ဖမ်းဆုပ်လိုက်ပြီး အရှင်လတ်လတ် ဆွဲထုတ်လိုက်လေသည်။

အတွင်းမှ အသံများသည် တုန်လှုပ်ဖွယ် ကောင်းလွန်းလှသဖြင့် အပြင်ဘက်ရှိ မင်းသား ကွန်စတင်တိုင်း (နှစ်) ၊ မင်းသမီး လီအာနာနှင့် ဘုန်းတော်ကြီး အကြီးအကဲများမှာ သည်းမခံနိုင်တော့ဘဲ အတင်း ဝင်ရောက်လာကြသည်။

ရလဒ်အနေဖြင့် သူတို့သည် အလွန်တုန်လှုပ်ဖွယ်ကောင်းပြီး အံ့သြဖွယ်ကောင်းသော မြင်ကွင်းတစ်ခုကို မြင်လိုက်ကြရ၏။

တုပိုင်၏ လက်နှစ်ဖက်တွင် အနီရောင်အလင်းများ တောက်ပနေပြီး သူသည် မိစ္ဆာတစ်ကောင်ကို အရှင်လတ်လတ် ဖမ်းဆုပ်ကာ ဆွဲထုတ်နေခြင်း ဖြစ်လေ၏။

“ဝူး...”

စက္ကန့်ဝက်အကြာတွင် မိစ္ဆာ တစ်ကောင်လုံးကို တုပိုင် ဆွဲထုတ်လိုက်နိုင်ပြီး ဗိုက်ကင်းဘုရင်၏ ခန္ဓာကိုယ်ထဲမှ လုံးဝထွက်ခွာသွားရသည်။ ထို့နောက် မည်သူမျှ မမြင်လိုက်ရဘဲ တုပိုင်၏ လက်ဝါးထဲမှ ငရဲမီးတောက် အနည်းငယ် ထွက်ပေါ်လာ၏။

“ဘုန်း...”

ချက်ချင်းပင် ဤမိစ္ဆာသည် ပြာကျသွားတော့သည်။

တစ်ချိန်တည်းမှာပင် ကုတင်ပေါ်ရှိ ဘုရင်ကြီး၏ မျက်နှာမှ မည်းမှောင်မှုများအားလုံး ခြေရာလက်ရာမကျန် ပျောက်ကွယ်သွားလေသည်။

သူ၏ အသားအရေသည် ပုံမှန်လူတစ်ယောက်၏ အရောင်သို့ တဖြည်းဖြည်း ပြန်လည်ရောက်ရှိလာသော်လည်း အလွန်အမင်း ဖြူဖပ်ဖြူရော ဖြစ်နေဆဲပင်။ အချိန်အတော်ကြာပြီးနောက် ဘုရင်ကြီးသည် မျက်လုံးဖွင့်လာပြီး သက်ပြင်းရှည်တစ်ချက် ချလိုက်လေ၏။

ဘုရင်ကြီးက ပထမဆုံး စကားကို ပြောလာသည်။

“ဘုရားသခင်... ငါ အိပ်ပျော်နေတာ ဘယ်လောက်ကြာသွားပြီလဲ”

ရုတ်တရက် အားလုံး ကြောင်အသွားကြသည်။

သူတို့သည် ဘုရင်ကြီးကို မယုံကြည်နိုင်စွာ ကြည့်လိုက် ၊ တုပိုင်ကို မယုံကြည်နိုင်စွာ ကြည့်လိုက်ဖြင့် ဗျာများနေကြလေသည်။

ဤဗိုက်ကင်းဘုရင်သည် သတိမေ့မြောနေသည်မှာ ဆယ်နှစ်ရှိပြီဖြစ်သည်။ ယခု သူ မထင်မှတ်ဘဲ ပြန်နိုးလာလေ၏။

ဤလျှို့ဝှက်ဆန်းကြယ်သော အရှေ့တိုင်းသား ဂျူလီယန်သည် အမှန်တကယ်ပင် လုပ်နိုင်ခဲ့သည်။ ဘုရင်ကြီးကို အမှန်တကယ်ပင် ကယ်တင်ပေးနိုင်ခဲ့သည်။

တကယ့်ကို ခန့်မှန်းရခက်ပါပေသည်။ အပျော်ရွှင်ဆုံး အံ့သြသွားသူမှာမူ မင်းသမီးလီအာနာပင် ဖြစ်လေသည်။ သူမသည် တုပိုင်ကို အကူအညီတောင်းစဉ်က မျှော်လင့်ချက် တစ်ရာခိုင်နှုန်းလောက်သာ ထားရဲခဲ့သော်လည်း သူ အမှန်တကယ် အောင်မြင်လိမ့်မည်ဟု ထင်မထားခဲ့မိပေ။

ဘုရင်မင်းမြတ် ကယ်တင်ခံလိုက်ရပြီဖြစ်၏။

ဆိုလိုသည်မှာ သံချပ်ကာသင်္ဘော၏ စွမ်းအင်ဗဟိုချက် လျှို့ဝှက်ချက်များ ဆက်လက်ရှင်သန်နေမည်ဖြစ်ပြီး ဗိုက်ကင်းနိုင်ငံလည်း ကယ်တင်ခံလိုက်ရခြင်း ဖြစ်လေသည်။

ပြောင်လင်းကျွန်းသခင်မှာမူ သူ့မျက်လုံးသူ လုံးဝမယုံကြည်နိုင် ဖြစ်နေလေသည်။

အဘယ်ကြောင့် ဤသို့ဖြစ်ရသနည်း။ သူ့ကဲ့သို့ ပြောင်လင်းကျွန်းသခင်တောင် ကျရှုံးခဲ့ရသည်ကို အဘယ်ကြောင့် အမည်မသိကောင်လေးက အောင်မြင်သွားရသနည်း။

ပြောင်လင်းကျွန်းသခင်က မေးလိုက်၏။ “မင်း... မင်းက ဘယ်သူလဲ။ မင်းရဲ့ မျက်နှာဖုံးကို ချွတ်လိုက်စမ်း”

ထို့နောက် သူ၏ ခန္ဓာကိုယ်သည် လေပြင်းတစ်ချက်ကဲ့သို့ တိုက်ခတ်လာပြီး တုပိုင်၏ မျက်နှာဖုံးကို အတင်းအဓမ္မ ခွာချရန် ကြိုးပမ်းလေသည်။ နောက်တစ်စက္ကန့်တွင် ဘုန်းတော်ကြီး အကြီးအကဲအချို့က တုပိုင်၏ ရှေ့မှ ကာဆီးလိုက်ပြီး ပြောလိုက်၏။

“လူကြီးမင်း... မစ္စတာဂျူလီယန်က အခုချိန်မှာ ကျွန်ုပ်တို့နိုင်ငံရဲ့ ဧည့်သည်ဖြစ်နေပါပြီ ၊ ကျေးဇူးပြုပြီး မစော်ကားပါနဲ့”

ပြောင်လင်းကျွန်းသခင်သည် တုပိုင်ကို စိုက်ကြည့်နေသည်။ အခြေအနေမှာ ပြဿနာရှိလာပြီဖြစ်လေ၏။ ကြီးမားသော ပြဿနာတစ်ခု ဖြစ်လာတော့မည်ဆိုလျှင် သူ ချက်ချင်း သတင်းပို့ရပေမည်။

အရှေ့ဘက်ပြည်ထောင်စု၏ ဆယ်နှစ်ကြာ ပူးပေါင်းကြံစည်မှုကြီးသည် အမှန်တကယ်ပင် ပျက်စီးသွားခဲ့ရလေပြီ။

“လူကြီးမင်းဂျူလီယန်... ကျုပ်တို့ ထပ်တွေ့ကြဦးမယ်ဆိုတာ ယုံကြည်လိုက်ပါ”

ပြောင်လင်းကျွန်းသခင်က ပြောလိုက်ပြီးနောက် တိုက်ရိုက်ပင် ထွက်ခွာသွားလေသည်။

**--**--**--**--**--**--**--**

ယခုမှ နိုးထလာသော ဘုရင်ကွန်စတင်တိုင်းသည် အလွန်အားနည်းနေသေးသော်လည်း ကုတင်ပေါ်တွင် ဆက်လက်လဲလျောင်းနေရန် ဆန္ဒမရှိတော့ပေ။ ထို့အစား သူသည် တောင်ဝှေးတစ်ချောင်းကို အသုံးပြုကာ သူ၏ ရာဇပလ္လင်ထက်တွင် ခေါင်းမာစွာ ဝင်ထိုင်လိုက်လေ၏။

ဘုရင်ကြီးက မေးလိုက်သည်။

“မင်းသား ၊ လီအာနာ... မင်းတို့က သံချပ်ကာသင်္ဘောတစ်စင်းနဲ့ လဲလှယ်ဖို့ တကယ် သဘောတူခဲ့ကြတာလား”

မင်းသမီးလီအာနာက ဖြေ၏။ “မှန်ပါတယ် အရှင်မင်းကြီး”

မင်းသားကွန်စတင်တိုင်း (နှစ်) ကလည်း ဝင်ပြောသည်။ “ဟုတ်ပါတယ် ခမည်းတော်”

သို့သော် ဤသည်မှာ ဗိုက်ကင်းနိုင်ငံဖြစ်ပြီး ၊ ဤနေရာမှ အရာအားလုံးသည် ဘုရင်ကြီးအပေါ်တွင်သာ မူတည်သည်။

သံချပ်ကာသင်္ဘောသည် လုံးဝ ရောင်းချမည့်အရာ မဟုတ်ပေ။ အကယ်၍ ဗိုက်ကင်းနိုင်ငံက စာချုပ်ဖျက်သိမ်းချင်သည်ဆိုလျှင်လည်း လုပ်စရာအကြောင်း မရှိချေ။

ပို၍ ဆိုးဝါးသည်မှာ တုပိုင်ကို သတ်ဖြတ်ရန် ဘုန်းတော်ကြီး တစ်ဒါဇင်လောက်ကို ဆင့်ခေါ်လိုက်ရုံပင် ဖြစ်လေသည်။

ဘုရင်ကွန်စတင်တိုင်းက ပြောလိုက်၏။

“ငါတို့ ဗိုက်ကင်းတွေ ပြောပြီးရင် လုပ်ရမယ်။ သူ့ကို သံချပ်ကာသင်္ဘောတစ်စင်း ပေးလိုက်ပါ။ လူကြီးမင်းဂျူလီယန်... ခင်ဗျား ဘယ်သံချပ်ကာသင်္ဘောကို လိုချင်သလဲ”

တုပိုင်က ပြောလိုက်သည်။ “မင်းသမီးလီအာနာရဲ့ ကောင်းကင်ဝံပုလွေဆိုရင် ရပါပြီ”

ထိုစကားထွက်လာသည်နှင့် မင်းသမီးလီအာနာ၏ မျက်နှာထား ပြောင်းလဲသွား၏။

တုပိုင်က ဆက်ပြောသည်။ “မင်းသမီးလီအာနာကိုလည်း ကျွန်တော်ရဲ့ နိုင်ငံကို အချိန်တစ်ခုကြာ လည်ပတ်ဖို့ ဖိတ်ခေါ်ပါတယ်။ ကျွန်တော်ရဲ့ သင်္ဘောသားတွေ ဒီသံချပ်ကာသင်္ဘောကို ကျွမ်းကျင်သွားတဲ့အခါ မင်းသမီးကို ဗိုက်ကင်းနိုင်ငံဆီ ပြန်ပို့ပေးပါ့မယ်”

ဘုရင်ကွန်စတင်တိုင်းသည် အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် ရုတ်တရက် လက်ကာပြလိုက်ကာ ပြော၏။ “မင်းသားနဲ့ လီအာနာ... မင်းတို့ အရင်ထွက်သွားလိုက်ဦး”

သူတို့နှစ်ဦး ထွက်သွားပြီးနောက် ကြီးမားကျယ်ပြန့်သော ခန်းမကြီးထဲတွင် တုပိုင်နှင့် ဗိုက်ကင်းဘုရင် ကွန်စတင်တိုင်းတို့သာ ကျန်ရစ်ခဲ့သည်။

ဘုရင်ကြီးက ပြောလိုက်သည်။ “မစ္စတာဂျူလီယန်... စကားတချို့ ပြောဖို့ ချီတုံချတုံ ဖြစ်နေပုံရတယ်”

တုပိုင်က ပြောလိုက်၏။ “အရှင်မင်းကြီး မေ့မြောသွားတာနဲ့ ဝိညာဉ်ပူးကပ်ခံရတာတွေက ကြီးမားတဲ့ ပူးပေါင်းကြံစည်မှုကြီးတစ်ခု ဖြစ်လောက်တယ်”

ဘုရင်ကွန်စတင်တိုင်းက ပြန်ပြောသည်။ “အရှေ့တိုင်းသား လူငယ်လေး... ငါ အသက်ကြီးပြီ ဆိုပေမယ့် ငါ့မျက်လုံးတွေနဲ့ နှလုံးသားကတော့ အကန်းမခံရသေးပါဘူး။ ဘာတွေဖြစ်နေလဲဆိုတာ ငါသိပါတယ်။ မဟုတ်ရင် ငါက ဘာကိစ္စ မင်းကို သံချပ်ကာသင်္ဘောတစ်စင်း ပေးမယ်လို့ ကတိပေးရမှာလဲ။ ငါတို့နဲ့ အရှေ့တိုင်းသားကမ္ဘာကြားမှာ သဘောတူညီချက်တစ်ခု ရှိတယ်။ အဲဒါက အစုလိုက်အပြုံလိုက် သေစေနိုင်တဲ့ လက်နက်တွေကို အရှေ့တိုင်းကမ္ဘာဆီ တင်ပို့ခွင့် မရှိဘူးဆိုတာပဲ။ ဘာလို့လဲဆိုတော့ အရှေ့တိုင်းကမ္ဘာက အရှေ့ဘက်ပြည်ထောင်စုရဲ့ ပိုင်နက်ဖြစ်နေလို့လေ။ အခု ငါက မင်းကို သံချပ်ကာသင်္ဘောတစ်စင်း ပေးလိုက်တာက အရှေ့တိုင်းကမ္ဘာက ပင်လယ်ပြင် ဟန်ချက်ညီမှုကို ဖျက်ဆီးလိုက်တာနဲ့ အတူတူပဲ”

တုပိုင် ခါးကို ကိုင်းညွတ်လိုက်ပြီး ပြောလိုက်၏။ “အရှင်မင်းကြီးက ဉာဏ်ပညာ ကြီးမားလှပါပေတယ်”

ဘုရင်ကွန်စတင်တိုင်းက ဆက်ပြောသည်။ “ဒါဆိုရင် မင်းသမီးလီအာနာနဲ့ သူ့ရဲ့ ကောင်းကင်ဝံပုလွေသင်္ဘောကို မင်းလက်ထဲ အပ်လိုက်မယ်။ မင်းကို နှစ်နှစ်အချိန်ပေးမယ်။ အဲနောက်ကျရင် သူနဲ့ သူ့ရဲ့ သင်္ဘောသားတွေကို ပြန်ပို့ပေးရမယ်”

တုပိုင်က ပြန်ပြော၏။ “ကောင်းပါပြီ အရှင်မင်းကြီး”

ထို့နောက် တုပိုင်က မေးလိုက်သည်။ “အရှင်မင်းကြီး... ကျွန်တော် ဒီသင်္ဘောကို ယူပြီး အရှေ့တိုင်းကမ္ဘာကို ပြန်တဲ့အခါ တိုက်ခိုက်ခံရတာ ၊ လုယက်ခံရတာမျိုး ကြုံရနိုင်မလား”

ဘုရင်ကွန်စတင်တိုင်းက ရယ်မောဟန်ဖြင့် ပြောလိုက်၏။

“အရှေ့တိုင်းသား ဂျူလီယန်... ငါ ပြန်နိုးလာပြီလေ။ ဒီတော့ တစ်ကမ္ဘာလုံးမှာ ဘယ်ရေတပ်မှ ၊ ဘယ်နိုင်ငံမှ ဗိုက်ကင်းနိုင်ငံရဲ့ စစ်သင်္ဘောတွေကို တိုက်ခိုက်ရဲမှာ မဟုတ်ဘူး”

လက်ရှိအချိန်၌ ဘုရင်ကြီး၏ အသံသည် အားနည်းနေသော်လည်း အာဏာစက် ပြင်းထန်လျက် ရှိနေပေသည်။ ဘုရင်ကွန်စတင်တိုင်း၏ မျက်နှာအထက်၌ အေးစက်သည့် အပြုံးတစ်ပွင့်ရှိနေ၏။

**--**--**--**--**--**--**--**

ထိုညတွင် တုပိုင်သည် ဗိုက်ကင်းနိုင်ငံ၏ အထူးဧည့်သည်တော်အခန်းတစ်ခုတွင် တည်းခိုခဲ့သည်။

တုပိုင် မေးလိုက်၏။

“စနစ်ရေ... အခု သံချပ်ကာသင်္ဘောလည်း လက်ထဲရောက်ပြီဆိုတော့ မစ်ရှင်ပြီးပြီပေါ့။ ဒါဆို ငါ့ရဲ့ ယန်တန်ဖိုး က တစ်ရာလောက် ထိုးတက်လာပြီး ငါ့ရဲ့ ယန်စွမ်းအင်တွေက သာမန်ယောက်ျားတစ်ယောက်ရဲ့ ဘုန်းအသရေကို ပြန်ရနိုင်ပြီလား”

အိပ်မက်စနစ်က ပြောလိုက်သည်။ “အာဖရိကမှာ ဂျူယန်မျိုးနွယ်ဆိုတာ ရှိတယ်ဆိုတာ မင်းသိလား”

အခြားကမ္ဘာတစ်ခုရှိ အာဖရိက၌ မဟာအမျိုးသားအင်္ဂါမျိုးနွယ်ရှိသည်ကို တုပိုင် သိထားသည်။

ထိုနေရာမှ အမျိုးသားများသည် နွားမများ၏ အရည်များကို မကြာခဏ လျက်ပေးလေ့ရှိသဖြင့် ပြင်းထန်သော ဟော်မုန်းများ လှုံ့ဆော်မှုကြောင့် ဝှေးစေ့များသည် သာမန်ထက် အဆပေါင်းများစွာ ပိုမိုကြီးမားကြသည်။

အိပ်မက်စနစ်က ပြော၏။ “မင်းထင်သလို မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်ထောင်ခြောက်ရာ တုန်းက ကွဲပြားတဲ့ကမ္ဘာက စွမ်းအင်တစ်ခု ကမ္ဘာမြေကို ကျူးကျော်လာခဲ့တယ်။ အဲဒီနေရာက ကမ္ဘာမြေကွဲအက်တဲ့ နေရာလည်း ဖြစ်တယ်။ မြေအောက်ထဲမှာ အလွန်ထူးဆန်းပြီး အစွမ်းထက်တဲ့ သားရဲတစ်ကောင် နေထိုင်တယ်။ သူ ရှူထုတ်လိုက်တဲ့ အသက်ရှူသံတွေက ကုန်းမြေအနှံ့ ပျံ့နှံ့သွားပြီး ၊ လီတစ်ရာပတ်လည်အတွင်းမှာရှိတဲ့ မျိုးနွယ်စုတိုင်းက ယောက်ျားတွေက ပြိုင်ဘက်ကင်းတဲ့ မျိုးပွားအင်္ဂါတွေကို ပိုင်ဆိုင်လာကြပြီး သူတို့ရဲ့ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်တွေကလည်း ပြိုင်ဘက်ကင်း ဖြစ်လာကြတယ်”

“နေမင်းသားရဲ လား”

တုပိုင် အံ့သြစွာ မေးလိုက်သည်။ အဘယ်ကြောင့်ဆိုသော် မဟာဆရာသခင် နင်ဇောင်ဝူ၏ ရှေးဟောင်းကျမ်းစာအုပ်ထဲတွင် ဤအရာအကြောင်းကို သူ ဖတ်ဖူးခဲ့ပြီး ထိုစဉ်က လုံးဝ အံ့သြမှင်သက်ခဲ့ရဖူးလေသည်။

“တကယ်တော့ သူကလည်း ရေနဂါးအမျိုးအစား တစ်ခုပါပဲ။ ဒါပေမဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့ ပြောင်းလဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီး သူ့ကို အထူး ယန်စွမ်းအင်တွေနဲ့ ပြည့်ဝလာစေတာ”

အိပ်မက်စနစ်က ဆက်ပြောသည်။

“လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးရာ တုန်းက တော်ဝင်ရောမဧကရာဇ်ဟာ မင်းလိုပဲ အဖြစ်အပျက်တစ်ခု ကြုံခဲ့ရတယ်။ သူကလည်း မိန်းမစိုး တစ်ယောက်ပဲ။ သူက ထီးနန်းရဖို့ အာဏာသိမ်းပွဲကို အားကိုးခဲ့ရတယ်။ နည်းလမ်းမျိုးစုံ သုံးခဲ့ပေမယ့် သူ့ကိုယ်သူ ယောက်ျားပီသတဲ့ အခြေအနေကို ပြန်မရောက်နိုင်ခဲ့ဘူး”

အံ့သြဖွယ်ရာ မဟုတ်တော့ချေ။ သူသည် အာဏာသိမ်းပွဲ လိုအပ်ခဲ့သည်မှာ အမှန်ပင်။ သို့မဟုတ်ပါက သင်းကွပ်ခံထားရသော မိန်းမစိုးတစ်ယောက်သည် အင်ပါယာ၏ အမွေဆက်ခံသူအဖြစ် တည်ရှိနိုင်မည် မဟုတ်ပေ။

အိပ်မက်စနစ်က ပြော၏။

“အဲဒီအချိန်တုန်းက သက်ကြီးရွယ်အို မှော်ဆရာတစ်ယောက်က တော်ဝင်ရောမအင်ပါယာရဲ့ ဧကရာဇ်ကို ရှာတွေ့ခဲ့တယ်။ သူက အာဖရိကမှာ အလွန်စွမ်းအားကြီးတဲ့ ယန်စွမ်းအားတွေ ပြည့်ဝနေတဲ့ နေမင်းနဂါးတစ်မျိုး ရှိတယ်လို့ ပြောပြခဲ့တယ်။ အဲဒါကို သတ်ပြီး သွေးနဲ့ ပုံဆောင်ခဲ အမြုတေတွေကနေ ထုတ်လုပ်ထားတဲ့ ဆေးလုံးကို သုံးရင် မိန်းမစိုးတွေကို ယောက်ျားစွမ်းရည် ပြန်ရစေနိုင်တယ်တဲ့။ တော်ဝင်ရောမဧကရာဇ်က အဲဒီသတင်းကို ကြားပြီးနောက်မှာ ချက်ချင်းပဲ အစွမ်းထက်တဲ့ ဘုန်းတော်ကြီးအဖွဲ့နဲ့ အားကောင်းတဲ့ စစ်တပ်ကို စေလွှတ်ပြီး နေမင်းနဂါးကို သတ်ခိုင်းခဲ့တယ်။ စုစုပေါင်း လေးကြိမ်တိုင်တိုင် စေလွှတ်ခဲ့ရပြီး လူပေါင်းသောင်းချီ သေဆုံးပြီးမှ ဒီအစွမ်းထက်တဲ့ နေမင်းသားရဲကို သတ်နိုင်ခဲ့တယ်။ အဲနောက်မှာတော့ အစွမ်းထက်တဲ့ မှော်ဆရာအဖွဲ့က နေမင်းသားရဲရဲ့ သွေးနဲ့ ပုံဆောင်ခဲ အမြုတေတွေကို သုံးပြီး ဆေးဖော်စပ်ခဲ့ကြတယ်။ အချိန် နှစ်နှစ်ကြာပြီးတဲ့နောက်မှာတော့ လျဲ့ယန်နဂါးဆေးလုံးသုံးလုံးကို ထုတ်လုပ်နိုင်ခဲ့တယ်။ အဲဒါကို ဟွမ်းယန်ဆေးလုံးလို့လည်း ခေါ်ကြတယ်”

တုပိုင် မေးလိုက်သည်။ “ရလဒ်က ဘယ်လိုလဲ”

အိပ်မက်စနစ်က ဖြေ၏။ “ရလဒ်အနေနဲ့ တော်ဝင်ရောမဧကရာဇ်က ပြင်းထန်လွန်းတဲ့ နေမင်းနဂါးဆေးလုံးကို သောက်သုံးပြီးနောက် ရုပ်ပျက်ဆင်းပျက် သေဆုံးသွားခဲ့ရတယ်။ ဒါကြောင့် အဂ္ဂိရတ်ပညာရှင်တွေ အကုန်လုံး အသတ်ခံလိုက်ရပေမယ့် အဂ္ဂိရတ်ပညာရှင်ခေါင်းဆောင်ကတော့ ပျောက်ဆုံးသွားခဲ့တယ်။ လျဲ့ယန်နဂါးဆေးလုံး နှစ်လုံးလည်း ပျောက်ဆုံးသွားခဲ့တယ်”

တုပိုင်က ပြောလိုက်သည်။ “ဒါဆိုရင် တော်ဝင်ရောမဧကရာဇ်ရဲ့ အစီအစဥ်က မအောင်မြင်ဘူးပေါ့”

“ဟုတ်တယ်။ သူ လျဲ့ယန်နဂါးဆေးလုံးကို သောက်လိုက်တာနဲ့ ခန္ဓာကိုယ် ပေါက်ကွဲပြီး သေဆုံးသွားခဲ့တာ”

အိပ်မက်စနစ်က ဆက်ပြောသည်။.”ပြီးတော့ လွန်ခဲ့တဲ့ လအနည်းငယ်လောက်က ဒဏ္ဍာရီလာ လျဲ့ယန်နဂါးဆေးလုံး တစ်လုံးဟာ ဗိုက်ကင်းဘုရင်မြို့တော်ရဲ့ လေလံပွဲမှာ ပေါ်လာခဲ့တယ်။ ဒီလျဲ့ယန်နဂါးဆေးလုံးရဲ့ နောက်ကွယ်က ပိုင်ရှင်တွေက အရမ်းကို လျှို့ဝှက်ဆန်းကြယ်ပြီး တောင်းဆိုတဲ့ စျေးနှုန်းကလည်း အရမ်းမြင့်တယ်။ ရွှေဒင်္ဂါး တစ်သိန်းကနေ စဖွင့်တယ်”

တုပိုင် ဗိုက်ကင်းမြို့တော်သို့ ရောက်ရှိလာခဲ့ခြင်းမှာ အမှန်တကယ်ပင် ကံကောင်းလွန်းလှပေသည်။ အဘယ်ကြောင့်ဆိုသော် ဤကဲ့သို့သော ပစ္စည်းမျိုးသည် ကမ္ဘာ့အကြီးဆုံး မှောင်ခိုစျေးကွက်ဖြစ်သည့် ဗိုက်ကင်းမြို့တော်၌သာ ရှိနိုင်သောကြောင့်ပင်။

“ရွှေဒင်္ဂါး တစ်သိန်းတောင်လား”

တုပိုင် အံ့သြသွားရ၏။ ဤသည်မှာ အမှန်တကယ်ပင် မိုးထိအောင် မြင့်မားသော စျေးနှုန်းကြီး ဖြစ်ပေသည်။

သို့သော် တော်ဝင်ရောမဧကရာဇ် ပေးဆပ်ခဲ့ရသည့် တန်ဖိုးနှင့် ယှဉ်ပါက သိပ်မကြီးမားလှဟု ဆိုရပေမည်။

အိပ်မက်စနစ်က ပြောသည်။

“စျေးအရမ်းကြီးတာရယ် ၊ အဓိကက တော်ဝင်ရောမဧကရာဇ်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးရာ က ဒီဆေးလုံးကို သောက်ပြီး သေဆုံးခဲ့ဖူးတာကြောင့် လူတော်တော်များများက ဒီပြင်းထန်လွန်းတဲ့ နေမင်းနဂါးဆေးလုံးကို အရမ်းကြောက်ကြတယ်။ တချို့ကကျတော့လည်း ဟွမ်းယန်ဆေးလုံးဆိုတာ မရှိဘဲ နိုင်ငံရေးပြိုင်ဘက်တွေက တော်ဝင်ရောမဧကရာဇ်ကို လုပ်ကြံဖို့အတွက် ဖန်တီးထားတဲ့ ပူးပေါင်းကြံစည်မှု သက်သက်ပဲလို့ ထင်ကြတယ်။ ဒါကြောင့် လွန်ခဲ့တဲ့ လအနည်းငယ်အတွင်းမှာ ဒီဆေးလုံးကို ဘယ်သူမှ မဝယ်ရဲကြဘူး”

တုပိုင်၏ အမြင်အရဆိုလျှင်လည်း ဤလျဲ့ယန်နဂါးဆေးလုံးသည် တော်ဝင်ရောမဧကရာဇ်ကို လုပ်ကြံသတ်ဖြတ်မည့် ပူးပေါင်းကြံစည်မှုတစ်ခု ဖြစ်ပုံရသည်။ အဘယ်ကြောင့်ဆိုသော် ဧကရာဇ် သေဆုံးပြီးနောက် အဂ္ဂိရတ်ပညာရှင်ခေါင်းဆောင်လည်း ပျောက်ဆုံးသွားခဲ့သောကြောင့် ဖြစ်လေသည်။

အိပ်မက်စနစ်က ဆက်ပြောလိုက်၏။ “မနက်ဖြန် မနက်စောစော မင်းသမီးလီအာနာဆီ သွားပြီး စနစ်ရှင်ကို ပရဒိသုမျှော်စင်မှာ ကျင်းပမယ့် မဟာလေလံပွဲကြီးဆီ ခေါ်သွားခိုင်းပါ။ အဲဒီအချိန်ကျရင် ဒီလျဲ့ယန်နဂါးဆေးလုံးက လေလံပွဲမှာ ပါဝင်လာဦးမှာပဲ။ ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် အရယူရမယ်။ ဒါက ရာစုနှစ်တစ်ခုမှာ တစ်ကြိမ်လောက်သာ ရနိုင်တဲ့ အခွင့်အရေးမျိုးပဲ”

တုပိုင်က ပြန်ပြောသည်။ “ဒါပေမဲ့ ကျွန်တော့်မှာ ရွှေဒင်္ဂါး တစ်ပြားမှ မရှိတာ။ ပြီးတော့ ဘုရင်ကွန်စတင်တိုင်းကလည်း ကျွန်တော့်ကို ဒီပိုက်ဆံ ပေးချင်မှာ မဟုတ်ဘူးဆိုတာ ယုံတယ်”

အိပ်မက်စနစ်က ပြောသည်။ “ဒါပေါ့။ သူက စနစ်ရှင်ကို ရွှေဒင်္ဂါးတစ်သိန်း ပေးမှာ မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ သူ့ကို ကယ်တင်ပေးခဲ့တဲ့အတွက် သံချပ်ကာသင်္ဘောတစ်စင်း ပေးထားပြီးပြီလေ။ ဟင်းလင်းပြင်အက်ကွဲကြောင်းထဲကနေ ရခဲ့တဲ့ ဝိညာဉ်မိစ္ဆာ ရဲ့ သွေးပုံဆောင်ခဲကို မှတ်မိလား”

တုပိုင် မှတ်မိသည်။ ပေမင်ဓားဂိုဏ်းချုပ် တစ်ဆယ့်နှစ်ဆက်မြောက် ဝူယာကျစ်နှင့် ဝိညာဉ်မိစ္ဆာတို့ ပျောက်ကွယ်လုနီးပါး ဖြစ်သွားချိန် နောက်ဆုံးအခိုက်အတန့်တွင် သူသည် ဝိညာဉ်မိစ္ဆာသွေးပုံဆောင်ခဲကို တုပိုင်လက်ထဲ ထည့်ပေးခဲ့ပြီး ဤအရာသည် အလွန်အဖိုးတန်ကြောင်း ပြောခဲ့သည်။

အိပ်မက်စနစ်က ပြော၏။ “အဲဒါကို ဆယ်ပုံတစ်ပုံလောက် ဖြတ်ထုတ်လိုက်။ ပြီးရင် မနက်ဖြန် မဟာလေလံပွဲမှာ အမည်မဖော်ဘဲ ပါဝင်လိုက်။ စဖွင့်စျေးကို ရွှေဒင်္ဂါး တစ်သိန်း သတ်မှတ်လိုက်”

တုပိုင် မေးလိုက်သည်။ “ဝိညာဉ်မိစ္ဆာသွေးပုံဆောင်ခဲရဲ့ တန်ဖိုးကို လူတွေအများကြီး သိကြလို့လား”

“မသိကြပါဘူး။ ဘယ်သူမှမသိသလောက်ပဲ”

အိပ်မက်စနစ်က ဖြေသည်။ “ဒါကြောင့် ပုံမှန်အခြေအနေဆိုရင် ဗိုက်ကင်းမြို့တော်က ပရဒိသုမျှော်စင်ဟာ စနစ်ရှင်ရဲ့ ပုံဆောင်ခဲကို လက်ခံမှာ မဟုတ်ဘူး။ စဖွင့်စျေး ရွှေဒင်္ဂါး တစ်သိန်းဆိုတာ ဝေးရောပေါ့။ ဒီအချိန်မှာ စနစ်ရှင်က မင်းသမီးလီအာနာရဲ့ အကူအညီကို ယူရမယ်။ သူမကို ပြောပြီး ဝိညာဉ်မိစ္ဆာသွေးပုံဆောင်ခဲကို လေလံတင်ရတနာပစ္စည်းစာရင်းထဲ အတင်းထည့်ခိုင်းပါ။ ပြီးရင် စဖွင့်စျေးကို ရွှေဒင်္ဂါး တစ်သိန်း သတ်မှတ်ခိုင်းပါ”

ကုန်းကုန်းဧကရာဇ်။ အပိုင်း (မမကိုချစ်တယ်)

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

All Chapters