မောက်မာသော ပြိုင်ဘက်ကင်းမဟာသူတော်စင်နှစ်ယောက်...
Vol. 72 Ch. 1008
" ကျွန်တော်ဖန်တီးထားတဲ့ သိုင်းတာအိုအမွေအနှစ်ကို ရှေးဟောင်းနိုင်ငံတွေမှာ ဖြန့်ဝေချင်ပါတယ်။ " လင်းယွမ်က ပြောလိုက်သည်။
သိုင်းတာအိုလမ်းစဉ်ခွဲများကို ဖြန့်ကျက်ခြင်းက လင်းယွမ် အဆက်မပြတ် ကြိုးစားနေသည့်အရာဖြစ်ပြွး သူက အလွှာဆယ့်သုံးသို့ ရောက်ရှိရန် သေချာသလောက်ရှိသည်ဟု ဘိုးဘေးများထံမှ ကြားရလျှင်တောင် သူက လက်လျှော့မည်မဟုတ်ပေ။
" သိုင်းတာအို အမွေအနှစ်ကို ဖြန့်ဝေဖို့လား။ ပြဿနာမရှိဘူး။ ငါ အခုချက်ချင်း အမိန့်ထုတ်လိုက်မယ်။ "
တဖုဘိုးဘေးနှင့် အခြားဘိုးဘေးများက ခေါင်းညိမ့်လိုက်ကြသည်။ အနာဂတ်အချိန်အတိုင်းအတာများကို ကြည့်ခြင်းဖြင့် သိုင်းတာအိုက ဘိုးဘေးများ ကျင့်ကြံသော ကြောက်စရာကောင်းသည့် အမွေအနှစ်များထက် မနိမ့်ကျကြောင်း သူတို့သိရှိထားကြသည်။
အနာဂတ်အချိန်အတိုင်းအတာ အများအပြားတွင် နဂါးငွေ့တန်းက ထိုသိုင်းတာအိုအမွေအနှစ်အား အဓိကထား ဖြန့်ဝေနေသည်ကို တွေ့ခဲ့ရသည်။
ဘိုးဘေးများက လင်းယွမ်နှင့် စကားများ ဆက်လက်ပြောဆိုခဲ့ကြသည်။ လင်းယွမ်တွင် အခြားလိုအပ်ချက်မရှိသည်ကို အတည်ပြုပြီးနောက် သူတို့က နှုတ်ဆက်ထွက်ခွာသွားကြသည်။
ဘိုးဘေးများ သူတို့၏ ရှေးဟောင်းနိုင်ငံများသို့ ပြန်ရောက်သောအခါ နဂါးငွေ့တန်းနှင့် ပက်သက်သော အမိန့်များကို စတင်အကောင်အထည်ဖော်လိုက်ကြသည်။ အရေးကြီးဆုံးအချက်မှာ နဂါးငွေ့တန်းကို လုံးဝ မနှောက်ယှက်ရန် ဖြစ်ပြီး အထူးသဖြင့် ရှေးဟောင်းနိုင်ငံများမှ နတ်ဘုရားအရှင်သခင်များကို တင်းတင်းကျပ်ကျပ် တားမြစ်ထားသည်။
နောက်တစ်ချက်မှာ လင်းယွမ်တည်ထောင်ထားသော သိုင်းတာအိုအမွေအနှစ်ကို ရှေးဟောင်းနိုင်ငံများအတွင်း ဖြန့်ကျက်ရန် လုပ်ဆောင်ကြသည်။ ၎င်းက ရှေးဟောင်းနိုင်ငံအသီးသီးမှ နတ်ဘုရားအရှင်သခင်များကို နားမလည်နိုင်ဖြစ်စေသည်။
" နဂါးငွေ့တန်းကို မနှောက်ယှက်ရဘူးလား။ ဒါက ဘိုးဘေးကိုယ်တိုင် ထုတ်ပြန်ထားတဲ့ အမိန့်လား။ "
" ဘိုးဘေးတွေက နဂါးငွေ့တန်းကို ဘာလို့ ဒီလောက်အထိ အလေးထားနေရတာလဲ။ "
" ပြီးတော့ သိုင်းတာအိုအမွေအနှစ်ကို ဖြန့်ဝေဖို့လား။ နဂါးငွေ့တန်းက လီယန်ရှေးဟောင်းနိုင်ငံကမလို့ ဖြန့်တာ အဓိပ္ပါယ်ရှိပေမယ့် ကျန်တဲ့ ရှေးဟောင်းနိုင်ငံငါးခုက ဘာလို့လုပ်နေတာလဲ။"
" နဂါးငွေ့တန်းက တကယ်ထူးခြားလွန်းလို့ ဘိုးဘေးတွေက ဒီလိုအမိန့်ထုတ်ထားတာ ဖြစ်လိမ့်မယ်။ "
" ဘိုးဘေးငါးယောက်လုံးက နဂါးငွေ့တန်းကို ဒီလိုဆက်ဆံတယ်ဆိုတော့ နဂါးငွေ့တန်းက ဘယ်လိုအရည်အချင်းတွေ ရှိနေလို့လဲ။ "
နဂါးငွေ့တန်းနန်းတော်။
လင်းယွမ်က ခြေချိတ်ထိုင်နေပြီး သူ၏ ရှေ့တွင် ခုန်နေသော ချောက်နက်နဂါးနှလုံးသား ရှိနေသည်။ ရင်းမြစ်ကမ္ဘာ၏ ပထမဆုံး သက်ရှိဖြစ်သဖြင့် ချောက်နက်နဂါးက အလွှာဆယ့်သုံးသို့ မရောက်ခဲ့လျှင်တောင် သူ၏ ထူးခြားမှုက အချိန်သက်ရှိများနှင့် ယှဉ်လျှင် သိပ်မနိမ့်ကျပေ။
အလွှာဆယ့်သုံးသို့ ရောက်ရှိပြီးနောက် တဖုဘိုးဘေး၏ ပထမဆုံး လုပ်ရပ်မှာ ထိုနဂါးကို နှိမ်နင်းသတ်ဖြတ်ရန်ဖြစ်သည်။ ၎င်းမှာ သူတို့ကြားရှိ ရန်ငြိုးကြောင့်သာမက ချောက်နက်နဂါးက အမှန်တကယ် ထူးခြားလွန်းသောကြောင့်ဖြစ်သည်။ လင်းယွမ်နှင့် ဆက်ဆံရေးကောင်းတည်ဆောက်လိုခြင်းမရှိလျှင် တဖုဘိုးဘေးက ချောက်နက်နဂါးနှလုံးသားကို ထုတ်ပေးမည်မဟုတ်ပေ။
" အရမ်းပြည့်စုံလွန်းတယ်။ " လင်းယွမ်က နှလုံးသားအတွင်းရှိ သေးငယ်သော ရင်းမြစ်ကမ္ဘာကို လေ့လာနေသည်။
နှလုံးသားအတွင်းမှ ကမ္ဘာကို လေ့လာခြင်းဖြင့် ဤကမ္ဘာကို အဘယ်ကြောင့် ရင်းမြစ်ကမ္ဘာဟု ခေါ်သည်ကို လင်းယွမ်က နားလည်သွားသည်။ ထို့အပြင် ရင်းမြစ်ကမ္ဘာထက် မနိမ့်ကျသော ဖရိုဖရဲဟင်းလင်းပြင်က အဘယ်ကြောင့် ရင်းမြစ်ကမ္ဘာ ၃၃ခုထဲတွင် မပါဝင်သည်ကိုလည်း နားလည်သွားသည်။
" ရင်းမြစ်ကမ္ဘာရဲ့ အခြေခံအကျဆုံး အချက်က ပြည့်စုံမှုပဲ။ " လင်းယွမ်က တွေးလိုက်သည်။
ကျယ်ပြန့်သော ဖရိုဖရဲဟင်းလင်းပြင်တွင် ဟာကွက်များနှင့် လျို့ဝှက်အန္တရာယ်များ ရှိသည်။ အလွှာဆယ့်သုံး အချိန်သက်ရှိများ ဖန်တီးထားသော အထူးနေရာများက ထိုအန္တရာယ်များကို ဖုံးကွယ်ရန်နှင့် ဖြည့်ဆည်းပေးရန် ဖြစ်သည်။
ရင်းမြစ်ကမ္ဘာတွင်မူ ထိုသို့သော အရာများမရှိပေ။ အနည်းဆုံးတော့ လင်းယွမ်က ချောက်နက်နဂါးနှလုံးသားအတွင်းရှိ ရင်းမြစ်ကမ္ဘာမှ မည်သည့်ဟာကွက်နှင့် အားနည်းချက်ကိုမျှ ရှာမတွေ့ခဲ့ပေ။ ရင်းမြစ်ကမ္ဘာတစ်ခုလုံးက လင်းယွမ်အပေါ် ပေးစွမ်းသည့် ခံစားချက်မှာ ပြည့်စုံမှုပင်ဖြစ်သည်။
ဖရိုဖရဲဟင်းလင်းပြင်၊ နဂါးငွေ့တန်းဖရိုဖရဲကုန်းမြေ၏ အပြင်ဘက်တွင် ပုံရိပ်နှစ်ခုက ပေါ်လာသည်။ ဘယ်ဘက်မှလူက ခေါင်းတုံးနှင့်ဖြစ်ပြီး ညာဘက်မှလူက အနည်းငယ် ပိန်သည်။ ထိုပုံရိပ်နှစ်ခုမှ ထွက်ပေါ်လာသော အော်ရာများက အလွန်ကြောက်စရာကောင်းပြီး နိယာမများပင် နောက်ဆုတ်သွားသောကြောင့် သူတို့က ပြိုင်ဘက်ကင်းမဟာသူတော်စင်များဖြစ်သည်မှာ ထင်ရှားသည်။
" ဒီကာလအတွင်းမှာ အရိပ်နတ်ဆိုး၊ နဝမဖီးနစ်တို့နဲ့ ရန်ငြိုးရှိတဲ့ သူတွေအားလုံးကို ငါတို့စစ်ဆေးပြီးပြီ။ ဘာမှထူးထူးခြားခြား ရှာမတွေ့ဘူး။ အခု နဂါးငွေ့တန်း မဟာသူတော်စင်တစ်ယောက်ပဲ ကျန်တော့တယ်။ " ညာဘက်မှပုံရိပ်က ပြောလိုက်သည်။
ထိုမဟာသူတော်စင်နှစ်ယောက်က လေဟောက်မဟာသူတော်စင်၏ အမိန့်အရ အရိပ်နတ်ဆိုးနှင့် နဝမဖီးနစ်တို့၏ လုံးဝပျောက်ကွယ်သွားသည့် အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေကြခြင်းဖြစ်သည်။
နဂါးငွေ့တန်းမဟာသူတော်စင်၏ မူလဇစ်မြစ်က ထူးဆန်းသော်လည်း ရွှမ်ဟွမ်စကြာဝဠာအတွင်း အရိပ်နတ်ဆိုးနှင့် နဝမဖီးနစ်တို့ကို သူသတ်ခဲ့သောကြောင့် သူတို့ကြားတွင် မသိရသေးသော ရန်ငြိုးများရှိလိမ့်မည်ဟု မဟာသူတော်စင်နှစ်ယောက်က တွက်ဆထားကြသည်။
" အမြန်အတည်ပြုပြီး သတင်းပို့ကြတာပေါ့။ " ခေါင်းတုံးနှင့်ပုံရ်ပ်က ပြောလိုက်သည်။
" ကောင်းပြီ။ " ညာဘက်မှ ပုံရိပ်က ခေါင်းညိမ့်လိုက်ပြီး ရှေ့သို့တိုးကာ နဂါးငွေ့တန်းဖရိုဖရဲကုန်းမြေကို ငုံ့ကြည့်လိုက်သည်။
" နဂါးငွေ့တန်းမဟာသူတော်စင် ငါတို့ကို ထွက်လာပြီး မတွေ့သေးဘူးလား။ " ကြောက်စရာကောင်းသော အသံလှိုင်းက အချိန်လေဟာနယ်ကို ဖြတ်ပြီး နဂါးငွေ့တန်းဖရိုဖရဲကုန်းမြေသို့ ရောက်ရှိသွားသည်။
အမှန်တော့ နဂါးငွေ့တန်းဖရိုဖရဲကုန်းမြေသာမက ပတ်ဝန်းကျင်ရှိ ကျယ်ပြန့်သော ဟင်းလင်းပြင်တစ်လျှောက် ပျံ့နှံ့သွားသည်။ ထိုလူ၏ အော်သံက ကြောက်စရာကောင်းလှသည်။ နောက်မှ ခေါင်းတုံးနှင့်လူက ဘာမှမပြောဘဲ တည်ငြိမ်စွာ ကြည့်နေသည်။
နဂါးငွေ့တန်းက ရွှမ်ဟွမ်စကြာဝဠာတွင် ပြသခဲ့သော စွမ်းအားအရ ပြိုင်ဘက်ကင်းမဟာသူတော်စင် အဆင့်နှင့် နီးစပ်နေပြီဟု ခန့်မှန်းရသည်။ ပြိုင်ဘက်ကင်းမဟာသူတော်စင်နှစ်ယောက်လုံးက ဘာမှမကြောက်သော်လည်း နဂါးငွေ့တန်းဖရိုဖရဲကုန်းမြေသို့ အလွယ်တကူ ကျူးကျော်ဝင်ရောက်ရန် မဖြစ်နိုင်ပေ။
နဂါးငွေ့တန်းက ဖရိုဖရဲကုန်းမြေကို သူကိုယ်တိုင်ဖန်တီးထားသောကြောင့် ဖရိုဖရဲကုန်းမြေပေါ်တွင် ပိုမိုသန်မာသော စွမ်းအားကို ထုတ်ဖော်နိုင်သည်။
" ဘယ်သူက နဂါးငွေ့တန်းမဟာသူတော်စင်ကို ထွက်လာခိုင်းတာလဲ။ "
" ပြိုင်ဘက်ကင်းမဟာသူတော်စင်ပဲ။ ဒီလိုအချိန်လေဟာနယ်ကို ဖိနှိပ်နိုင်တာ ပြိုင်ဘက်ကင်းမဟာသူတော်စင်ပဲ လုပ်နိုင်လိမ့်မယ်။ "
" ပြိုင်ဘက်ကင်းမဟာသူတော်စင်တစ်ယောက်က နဂါးငွေ့တန်းမဟာသူတော်စင်ကို တွေ့ချင်တာလား။ "
နဂါးငွေ့တန်းဖရိုဖရဲကုန်းမြေမှ အင်အားကြီးသူများက အသံလာရာသို့ ကြည့်လိုက်ကြသည်။ သူတို့ထဲတွင် ဖရိုဖရဲအရှင်သခင်များ ပါဝင်ပြီး အချိန်လေဟာနယ်၏ ဖိနှိပ်မှုကို ခံစားရကာ ပြိုင်ဘက်ကင်းမဟာသူတော်စင်ဖြစ်ကြောင်း သိလိုက်ကြသည်။နောက်ဆုံး ပြိုင်ဘက်ကင်းမဟာသူတော်စင်မှလွဲ၍ နဂါးငွေ့တန်းကိ ထိုသို့သော လေသံဖြင့် စကားပြောရဲသူမရှိပေ။
" ဒီကောင်လေးနှစ်ယောက်လား။ "
အလွန်ဝေးကွာသော နေရာတွင် အထူးတည်ရှိမှုအချို့ ရောက်လာပြီး ပြိုင်ဘက်ကင်းမဟာသူတော်စင်နှစ်ပါးကို ကြည့်လိုက်ကြသည်။
" သူတို့နှစ်ယောက်က လောဟောက်နဲ့ ဆက်သွယ်ထားတာဖြစ်ရမယ်။ "
" လောဟောက်လား။ မမျှော်လင့်ဘဲ သူက အဲ့ဒီအမွေအနှစ်ကို ကျွမ်းကျင်ပြီး အနှိုင်းမဲ့မဟာသူတော်စင်ရဲ့ စွမ်းအားကို ပိုင်ဆိုင်နေပြီ။ ကံမကောင်းတာက ဒီခေတ်မှာ နဂါးငွေ့တန်းမဟာသူတော်စင်ရှိနေတာပဲ။ "
အထူးတည်ရှိမှုများက ပြောလိုက်ကြသည်။ ပုံမှန်အားဖြင့် ဖရိုဖရဲဟင်းလင်းပြင်တွင် အလွှာဆယ့်သုံး အမွေအနှစ်တစ်ခုခုကို ကျွမ်းကျင်ထားသော ပြိုင်ဘက်ကင်းမဟာသူတော်စင်တစ်ယောက်က အနှိုင်းမဲ့မဟာသူတော်စင် စွမ်းအားကို ရရှိသည်။ သို့သော် စွမ်းအားကို ပိုင်ဆိုင်ခြင်းနှင့် အနှိုင်းမဲ့မဟာသူတော်စင်ဖြစ်လာခြင်းမှာ ကိစ္စနှစ်ခုဖြစ်သည်။
အနှိုင်းမဲ့မဟာသူတော်စင်ဖြစ်လာရန် ပြိုင်ဘက်ကင်းမဟာသူတော်စင်အားလုံးကို အနိုင်ယူပြီး သူတို့၏ အရှုံးပေးမှုကိုလည်း ရရှိရမည်ဖြစ်သည်။
" သေချာတော့ မပြောနိုင်ဘူး။ လောဟောက်က အခြေခံကောင်းတယ်။ နဂါးငွေ့တန်းရဲ့ အလားအလာကလည်း ကြောက်စရာကောင်းတယ်။ ဒါပေမယ့် နဂါးငွေ့တန်းကလည်း အနှိုင်းမဲ့မဟာသူတော်စင်ဖြစ်လာဖို့ မလွယ်ဘူး။ "
" စောင့်ကြည့်ကြတာပေါ့။ "
" ဒီကလေးနှစ်ယောက်က နဂါးငွေ့တန်းရဲ့ စွမ်းအားကို သိပုံမရဘူး။ ဒါက စိတ်ဝင်စားစရာပဲ။ နဂါးငွေ့တန်းနဲ့ လောဟောက်တို့ အချိန်မတိုင်မီ တွေ့ဆုံတော့မယ့်ပုံပဲ။ " အထူးတည်ရှိမှုများက စိတ်ဝင်တစားနှင့် ပြောနေကြသည်။
နဂါးငွေ့တန်းဖရိုဖရဲကုန်းမြေ၏ အနက်ရှိုင်းဆုံးနေရာတွင် လင်းယွမ်က တံခါးပိတ်ကျင့်ကြံနေသည်။ ရင်းမြစ်ကမ္ဘာမှ ဘိုးဘေးများ ပေးအပ်ခဲ့သော အမွေအနှစ်များကို နားလည်ရန် ကြိုးစားနေသည်။
" သူတို့လား။ " လင်းယွမ်က အဝေးရှိ ဟင်းလင်းပြင်တွင် ရပ်နေသော ပြိုင်ဘက်ကင်းမဟာသူတော်စင်နှစ်ယောက်ကို ကြည့်လိုက်သည်။ သူ၏ ပုံရိပ်က ပျောက်ကွယ်သွားပြီး ဖရိုဖရဲကုန်းမြေ၏ အထက်တွင် ပေါ်လာသည်။
" နဂါးငွေ့တန်းမဟာသူတော်စင် " ညာဘက်မှပုံရိပ်က လင်းယွမ်ကို မြင်လိုက်ရသောအခါ တစ်စုံတစ်ခု မှားယွင်းနေသည်ကို ခံစားလိုက်ရသည်။ နဂါးငွေ့တန်းမဟာသူတော်စင်၏ အော်ရာက မည်သည့်အရာကိုမှ မခံစားရလောက်အောင် တည်ငြိမ်နေသည်။