← Chapters

လောဟောက်မဟာသူတော်စင်...

Vol. 72 Ch. 1009

လောဟောက်မဟာသူတော်စင်...

Vol. 72 Ch. 1009

" ဒီနဂါးငွေ့တန်းမဟာသူတော်စင်က မရိုးရှင်းဘူး။ " ခေါင်းတုံးနှင့်လူကလည်း တစ်စုံတစ်ခုကို ခံစားမိပြီး သူ၏ အမူအရာကအလွန်လေးနက်သွားသည်။

အကြောင်းရင်းတစ်ခုခုကြောင့် အဝေးမှ နဂါးငွေ့တန်းမဟာသူတော်စင်က သူ့ကို လောဟောက်မဟာသူတော်သင်ကဲ့သို့သော ခံစားချက်မျိုးကို ပေးစွမ်းနေသည်။

" ရွှမ်ဟွမ်စကြာဝဠာမှာ နဂါးငွေ့တန်းမဟာသူတော်စင်က သူ့ရဲ့ စွမ်းအားကို ဖုံးကွယ်ထားခဲ့တာလား။ " ခေါင်းတုံးနှင့်လူက မယုံကြည်နိုင်ဖြစ်သည်။

" ငါတို့ မဆင်မခြင် မလုပ်ခဲ့သင့်ဘူး။ " သူက စိတ်ထဲတွင် နောင်တရမိသွားသည်။ နဂါးငွေ့တန်းက ထိုမျှသန်မာသည်ကို သိခဲ့လျှင် သူတို့က ယခုကဲ့သို့သော သဘောထားမျိုးကို ပြသမည်မဟုတ်ပေ။

" မင်းတို့ ငါ့ဆီက ဘာလိုချင်လို့လဲ။ " လင်းယွမ်က ပြိုင်ဘက်ကင်းမဟာသူတော်စင်နှစ်ယောက်ကို ကြည့်လိုက်သည်။ ကျင့်ကြံမှုကို အနှောက်အယှက်ခံလိုက်ရသောကြောင့် သူ၏ စိတ်အခြေအနေက သိပ်မကောင်းပေ။

" အဲ့ဒါက သိပ်အရေးမကြီးပါဘူး။ " ခေါင်းတုံးနှင့်လူက ပြောလိုက်သည်။ " မကြာသေးခင်က အရိပ်နတ်ဆိုးနဲ့ နဝမဖီးနစ်တို့ရဲ့ ​​ကြောင်းကျိုးဆက်နွယ်မှုတွေအားလုံး ပျောက်ကွယ်သွားတာကို ငါတို့ခံစားမိလို့ အဲ့ဒါကို စုံစမ်းရင်း နဂါးငွေ့တန်းမဟာသူတော်စင်ကို မေးကြည့်ချင်လို့ပါ။ အခုကြည့်ရတာ တစ်ခုခုအထင်လွဲနေတဲ့ပုံပါပဲ။ "

" ဒါက အထင်လွဲတာမဟုတ်ပါဘူး။ " လင်းယွမ်က ခေါင်းခါလိုက်သည်။ " ငါသူတို့နှစ်ယောက်လုံးကို ငါသတ်လိုက်တာပဲ။ "

" ဟင် " ပိန်ပိန်နှင့်လူက မှင်သက်သွားသည်။ သူတို့က စုံးစမ်းရန် လာရောက်ခဲ့ကြခြင်းဖြစ်ပြီး အရိပ်နတ်ဆိုးနှင့် နဝမဖီးနစ်တို့ကို သတ်ခဲ့သော တရာခံနှင့် လာတွေ့နေသည်။

ခေါင်းတုံးနှင့်လူကလည်း မျက်နှာပျက်သွားသည်။ လောဟောက်မဟာသူတော်စင်၏ ညွှန်ကြားချက်အတိုင်း ကိစ္စကို ရှင်းရှင်းလင်းလင်း သိခဲ့ရသော်လည်း သူစိတ်မအေးနိုင်ပေ။

အကြောင်းမှာ နဂါးငွေ့တန်းက ကြောင်းကျိုးဆက်နွယ်မှုအားလုံးကို ဖြတ်တောက်ပြီး ထိုနှစ်ယောက်ကို သတ်ခဲ့ကြောင်း ဝန်ခံခဲ့သောကြောင့်ဖြစ်သည်။ ၎င်းကို အနှိုင်းမဲ့မဟာသူတော်စင်များသာ လုပ်နိုင်ပေလိမ့်မည်။

" ဟားဟား ဒါက နဂါးငွေ့တန်းမဟာသူတော်စင် လုပ်ခဲ့တာ ဆိုရင်တော့ ငါတို့နားလည်ပါပြီ။ ထပ်မနှောက်ယှက်တော့ပါဘူး။ " ခေါင်းတုံးနှင့်လူက ချက်ချင်း စကားဖြတ်ပြီး ထွက်သွားရန် ပြင်လိုက်သည်။

" မင်းတို့ရဲ့ ပြဿနာကို မင်းတို့နားလည်သွားပြီဆိုတော့ အခု ငါ့အလှည့်ပဲ။ " လင်းယွမ်က ပြိုင်ဘက်ကင်းမဟာသူတော်စင်နှစ်ယောက်ကို ကြည့်လိုက်ရာ ပတ်ဝန်းကျင်ရှိ အချန်လေဟာနယ်က သိသိသာသာ ထူထပ်လာပြီး ဖိနှိပ်လာသည်။

" မင်းတို့က ငါ့ရဲ့ ကျင့်ကြံမှုကို နှောက်ယှက်ခဲ့တယ်။ ငါရဲ့ တိုက်ကွက်တစ်ခုကို ခံယူပြီး ရှင်သန်နိုင်ရင် ထွက်သွားလို့ရပြီ။ "

" နဂါးငွေ့တန်းမဟာသူတော်စင် " အချိန်လေဟာနယ်၏ ဖိနှိပ်မှုကို ခံစားလိုက်ရသောကြောင့် ခေါင်းတုံးနှင့်လူက မျက်နှာပျက်သွားပြီး အလွယ်တကူ ထွက်သွား၍ မရနိုင်ကြောင်း သိလိုက်သည်။

" နဂါးငွေ့တန်း ငါတို့က လောဟောက်မဟာသူတော်စင်ရဲ့ လက်အောက်ခံတွေပါ။ " ပိန်ပိန်နှင့်လူက ပြောလိုက်သည်။

သို့သော် လင်းယွမ်က ပျောက်ကွယ်သွားပြီး သူ၏နေရာတွင် အချိန်လေဟာနယ်ကို ဖြတ်ကျော်ကာ ထွန်းလင်းနေသော လီယန်နေမင်းတစ်စင်း ထွက်ပေါ်လာသည်။

" မလုပ်နဲ့..." ပိန်ပိန်နှင့်လူက စိတ်ထဲမှ တုန်လှုပ်သွားခဲ့သည်။

သူတို့က လောဟောက်မဟာသူတော်စင် ပေးထားသော လောဟောက်ဟူသည့်အမှတ်အသားကို ချက်ချင်း ချိုးဖျက်လိုက်ကြသည်။ လောဟောက်မဟာသူတော်စင်အတွက် အလုပ်လုပ်ပေးနေစဉ် ခက်ခဲသောရန်သူများကို ရင်ဆိုင်ရလျှင် ထိုအမှတ်အသားကို ချိုးဖျက်နိုင်ပြီး ထိုအခါ လောဟောက်မဟာသူတော်စင်၏ ကိုယ်ပွားတစ်ခု ပေါ်ထွက်လာမည်ဖြစ်သည်။

၎င်းမှာ လောဟောက်မဟာသူတော်စင် ပေးအပ်ထားသော နောက်ဆုံးလက်နက်ဖြစ်သည်။ သူ၏ ကိုယ်ပွားက မူလခန္ဓာကိုယ်လောက် မသန်မာသော်ဘယလည်း သာမန်မဟာသူတော်စင်များထက် အစွမ်းထက်ပြီး ကြောက်စရာကောင်းလှသည်။

ဝုန်း...

လီယန်နေမင်း၏ အလင်းရောင်က နေရာအနှံ့သို့ ရောက်ရှိသွားသည်။ အမှတ်အသားကို ချိုးဖျက်လိုက်သည်နှင့် စွမ်းအားများ စုစည်းလာပြီး ကြီးမားသော ပုံရိပ်တစ်ခု ပေါ်လာသည်။ ထိုကြီးမားသော ပုံရိပ်က မီးခိုးရောင်မြူခိုးများနှင့် ဖွဲ့စည်းထားပြီး သူ၏ အရှိန်အဝါက အချိန်လေဟာနယ်၏ အနက်ရှိုင်းဆုံးနေရာများထိ ထိုးဖောက်သွားသည်။

" ဘာကိစ္စလဲ။ " လောဟောက်မဟာသူတော်စင်က အခြေအနေကို မသိရသော်လည်း အချိန်လေဟာနယ်၏ အခြားတစ်ဖက်မှ တောက်​လောင်နေသော လီယန်နေမင်းကို တွေ့လိုက်ရသည်။

" အဲ့ဒါဘာလဲ။ " လောဟောက်က မျက်မှောင်ကြုတ်သွားသည်။ သို့သော သူမတုန့်ပြန်နိုင်မီ သူ၏ ပုံရိပ်က လီယန်နေမင်း၏ အလင်းရောင်အောက်တွင် လျင်မြန်စွာ ပြိုကွဲလာပြီး ပြိုင်ဘက်ကင်းမဟာသူတော်စင်နှစ်ယောက်ကလည်း သဲလွန်စမကျန် ပျောက်ကွယ်သွားခဲ့သည်။

လင်းယွမ်က ပြန်ပေါ်လာပြီး ပြိုင်ဘက်ကင်းမဟာသူတော်စင်နှစ်ပါး၏ ပစ္စည်းများကို သိမ်းဆည်းလိုက်သည်။ ထို့နောက် သူက သူတို့ပြောခဲ့သော စကားများကို စဉ်းစားလိုက်သည်။

" လောဟောက်မဟာသူတော်စင်လား။ တစ်ခါမှမကြားဖူးဘူး။ " လင်းယွမ်က ဂရုမစိုက်စွာဖြင့် ပြောလိုက်သည်။ သူက အခြားမဟာသူတော်စင်များ သူ့ကို လာရောက်မနှောက်ယှက်စေရန် သတိပေးလိုက်ခြင်းဖြစ်သည်။

ထိုနောက် လင်းယွမ်၏ ပုံရိပ်က ပျောက်ကွယ်သွားပြီး နဂါးငွေ့တန်းဖရိုဖရဲကုန်းမြေ၏ အနက်ရှိုင်းဆုံးနေရာတွင် ကျင့်ကြံခြင်းကို ပြန်လည်စတင်လိုက်သည်။

ပြိုင်ဘက်ကင်းမဟာသူတော်စင်နှစ်ယောက်၏ ကံကြမ္မာက ဖရိုဖရဲကုန်းမြေပေါ်မှ အင်အားကြီးသူများကို နားမလည်နိုင်ဖြစ်သွားစေခဲ့သည်။ ပြိုင်ဘက်ကင်းမဟာသူတော်စင်နှစ်ယောက်က နဂါးငွေ့တန်းဖရိုဖရဲကုန်းမြေသို့ မောက်မာစွာ ရောက်ရှိလာကြသော်လည်း သူတို့၏ အဆင့်အတန်းနှင့် ကိုက်ညီပေသည်။

ယခုအချိန်တွင် လင်းယွမ်က သူ၏ စွမ်းအားကို ပြသရန် ရည်ရွယ်ချက်ဖြင့် ပြိုင်ဘက်ကင်းမဟာသူတော်စင်နှစ်ပါးအား သတ်ဖြတ်လိုက်သည့် မြင်ကွင်းကို ဖုံးကွယ်ထားခြင်းမရှိခဲ့ပေ။ ပြိုင်ဘက်ကင်းမဟာသူတော်စင်နှစ်ပါးက လီယန်နေမင်း၏ အလင်းရောင်အောက်တွင် ခုခံနိုင်စွမ်းမရှိဘဲ ပျောက်ကွယ်သွားခဲ့သည်။

" အဲ့ဒီနှစ်ယောက်က ပြိုင်ဘက်ကင်းမဟာသူတော်စင်တွေရော ဟုတ်ရဲ့လား။ "

" ဟုတ်တယ်။ ငါသူတို့ နာမည်ကို ကြားဖူးတယ်။ "

နဂါးငွေ့တန်းက ပြိုင်ဘက်ကင်းမဟာသူတော်စင်နှစ်ယောက်ကို သတ်ဖြတ်လိုက်သည့် မြင်ကွင်းက အင်အားကြီးသူများကြား လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။ ဖရိုဖရဲဟင်းလင်းပြင်တွင် ပြိုင်ဘက်ကင်းမဟာသူတော်စင်များကြား တိုက်ပွဲဖြစ်ပွားရန် ရှားပါးလှပြီး ယခုကဲ့သို့ တစ်ဖက်သတ် သတ်ဖြတ်ခံရခြင်းက ပို၍ပင် ရှားပါးသည်။

နဂါးငွေ့တန်းဖရိုဖရဲကုန်းမြေပေါ်ရှိ အကြီးဆုံးမြို့ကြီးပေါ်တွင် ရွှမ်ယွမ်နှင့် အခြားသူများက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

" လင်းယွမ်ရဲ့ စွမ်းအားက ထပ်ပြီးတိုးတက်လာပြန်ပြီပဲ။ " ရွှမ်ယွမ်က အိပ်မက်မက်နေသကဲ့သို့ ခံစားလိုက်ရသည်။

" တကယ်ကြောက်စရာကောင်းတယ်။ " ရှုချန်က မယုံကြည်နိုင်စွာ ပြောလိုက်သည်။

သူတို့က လင်းယွမ်၏ ကြောက်စရာကောင်းသော ပါရမီကို ပင်မစကြာဝဠာကတည်းက မြင်တွေ့ခဲ့ကြသည်။ လူသားမျိုးနွယ်တစ်ခုလုံးကို စကြာဝဠာပျက်စီးခြင်းမှ ကယ်တင်ပြီး ဖရိုဖရဲကုန်းမြေတွင် အခြေကျစေခဲ့သည်။ ယခု နဂါးငွေ့တန်းဖရိုဖရဲကုန်းမြေကို တည်ထောင်ပြီး လူသားမျိုးနွယ်ကို အနီးရှိ ဟင်းလင်းပြင်နယ်မြေများသို့ လွှမ်းမိုးစေခဲ့သည်။ သူက ပြိုင်ဘက်ကင်းမဟာသူတော်စင်နှစ်ယောက်ကို အလွယ်တကူ ချေမှုန်းခဲ့သည်။

" လင်းယွမ်က အလွှာဆယ့်သုံးကို ရောက်သွားပြီလား။ " ယုတိုင်က ပြောလိုက်သည်။ ပြိုင်ဘက်ကင်းမဟာသူတော်စင်နှစ်ယောက်ကို ထိုမျှအလွယ်တကူ သတ်နိုင်ခြင်းက သူတို့စဉ်းစားနိုင်သည်ထက် ကျော်လွန်နေခဲ့သည်။

" ရောက်တော့မရောက်သေးဘူးထင်တယ်။ "

" အလွှာဆယ့်သုံးကို တက်လှမ်းတာက သေချာပေါက် ထူးခြားတဲ့ ဖြစ်စဉ်တွေ ပေါ်လာမှာပဲ။ " ရှချင်က ခဏစဉ်းစားပြီး ဆက်ပြောလိုက်သည်။ " ဒါပေမယ့် သူက အလွှာဆယ့်သုံးကို မရောက်သေးရင်တောင် သူ့ရဲ့ စွမ်းအားက အလွှာဆယ့်သုံးကို ကျော်လွန်နေလောက်ပြီ။ "

အခြားသူများကလည်း ခေါင်းညိမ့်လိုက်ကြသည်။ လင်းယွမ် ပိုမိုအစွမ်းထက်လာခြင်းက သူတို့အတွက် ပိုမိုကောင်းမွန်လေဖြစ်သည်။

မှောင်မိုက်သော လျို့ဝှက်နယ်မြေတစ်ခုတွင် ခေါင်းတုံးနှင့်လူ၏ မူလခန္ဓာကိုယ်က မျက်လုံးများ ဖွင့်လိုက်သည်။

" ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ " ခေါင်းတုံးနှင့်လူက မယုံကြည်နိုင်ဖြစ်နေသည်။ နဂါးငွေ့တန်းက လီယန်နေမင်းအဖြစ် ပြောင်းလဲပြီး အချိန်လေဟာနယ်များစွာကို လင်းထိန်စေခဲ့သော မြင်ကွင်းက သူ၏ စိတ်ထဲတွင် အဆက်မပြတ် ပြန်ပေါ်လာနေသည်။

" အရမ်းသန်မာတယ်။ " ခေါင်းတုံးနှင့် လူက တံတွေးများကို ခက်ခဲစွာ မျိုချလိုက်သည်။

လောဟောက်မဟာသူတော်စင်နှင့် ရင်ဆိုင်ရချိန်မှာပင် သူက ဤမျှအထိ ကြောက်စရာကောင်းသော ဖိအားကို မခံစားခဲ့ရပေ။ လောဟောက်က အလွှာဆယ့်သုံး အမွေအနှစ်ကို ကျွမ်းကျင်ပြီး အလွန်စွမ်းအားကြီးသော်လည်း ထိုအချိန်က သူက ရုန်းကန်ခုခံနိုင်ဦးမည်ဟု ခံစားခဲ့ရသည်။ သို့သော် လင်းယွမ်နှင့် ရင်ဆိုင်ရချိန်တွင် သူက ခုခံရန်ပင် မတွေးဝံ့တော့ပေ။

" အဲ့ဒီနဂါးငွေ့တန်းမဟာသူတော်စင်က ဘယ်လိုလဲ။ " ထိုအချိန်တွင် ပိန်ပိန်နှင့်လူ၏ ကိုယ်ပွားတစ်ခုက ပေါ်လာသည်။

" ဖရိုဖရဲဟင်းလင်းပြင်မှာ ဒိလောက်သန်မာတဲ့သူတစ်ယောက် ဘယ်လိုလုပ်ရှိနေတာလဲ။ " ခေါင်းတုံးနှင့်လူက မယုံကြည်နိုင်စွာ မေးလိုက်သည်။

" ငါလည်း မသိတော့ဘူး။ " ပိန်ပိန်နှင့်လူက နားမလည်နိုင်စွာဖြင့် ခေါင်းခါလိုက်သည်။ " ဒါပေမယ့် နဂါးငွေ့တန်းမဟာသူတော်စင်က ငါတို့ရဲ့ အဓိကတိုက်ခိုက်ရေးခန္ဓာကိုပဲ ပစ်မှတ်ထားခဲ့တယ်။ အခြားကိုယ်ပွားတွေကို ပစ်မှတ်မထားခဲ့ဘူး။ ဒါကြောင့် ငါတို့ ဘေးကင်းပြီလို့ ပြောလို့ရတယ်။ "

" မှန်တယ်။ " ခေါင်းတုံးနှင့်လူကလည်း ခေါင်းညိမ့်လိုက်သည်။

" အခု ငါတို့ ဘာဆက်လုပ်ကြမလဲ။ ပြီးတော့ လောဟောက်မဟာသူတော်စင်ကို ဘယ်လိုလုပ်မလဲ။ " ပိန်ပိန်နှင့်လူက မေးလိုက်သည်။

" နဂါးငွေ့တန်းက အရမ်းသန်မာတယ်။ လောဟောက်မဟာသူတော်စင်က ငါတို့ကို အပြစ်တင်မှာ မဟုတ်လောက်ပါဘူး။ " ခေါင်းတုံးနှင့်လူက ပြောလိုက်သည်။ " ဒါပေမယ့် ငါတို့ကိုယ်တိုင်သွားတွေ့ပြီး အကျိုးအကြောင်းရှင်းပြသင့်တယ်။ "

All Chapters