← Chapters

အနှိုင်းမဲ့မဟာသူတော်စင်...

Vol. 72 Ch. 1010

အနှိုင်းမဲ့မဟာသူတော်စင်...

Vol. 72 Ch. 1010

မြင့်မားသော နန်းတော်ကြီးတစ်ခုက အချိန်လေဟာနယ်၏ အနက်ရှိုင်းဆုံးနေရာတွင် တည်ရှိသည်။ နန်းတော်၏ အမြင့်ဆုံးနေရာရှိ ပလ္လင်ပေါ်တွင် မီးခိုးရောင်မြူခိုးများ ဖုံးလွှမ်းနေသော ပုံရိပ်တစ်ခုထိုင်နေသည်။

" နဂါးငွေ့တန်းမဟာသူတော်စင်..." မီးခိုးရောင်ပုံရိပ်က လောဟောက်မဟာသူတော်စင်ပင်ဖြစ်သည်။ သူက နဂါးငွေ့တန်းဖရိုဖရဲကုန်းမြေ၏ အပြင်ဘက်မှ မြင်ကွင်းများကို ပြန်တွေးကြည့်နေသည်။

" ဒီနဂါးငွေ့တန်းက အလွှာဆယ့်သုံးအမွေအနှစ် ဘယ်နှစ်ခုတောင် တတ်မြောက်ထားတာလဲ။ " လောက်ဟောက်က ၎င်းကို ယုံကြည်ရခက်နေသည်။ ခဏသာ ရင်ဆိုင်လိုက်ရသော်လည်း သူ၏ ကိုယ်ပွားဖျက်ဆီးခံရချိန်တွင် ပါဝင်ခဲ့သော အလွှာဆယ့်သုံးစွမ်းအားများတွင် သုံးမျိုး၊ လေးမျိုးပါဝင်နေသည်ကို သူခံစားမိခဲ့သည်။

" အလွှာဆယ့်သုံး အမွေအနှစ် သုံလေးမျိုးကို ကျင့်ကြံထားတဲ့အပြင် အားလုံးကို ပြည့်စုံအောင် ပေါင်းစပ်ထားနိုင်တယ်။ ဒီနဂါးငွေ့တန်းက တကယ်ကြောက်စရာကောင်းတာပဲ။ " လောဟောက်မဟာသူတော်စင်က နားမလည်နိုင်ဖြစ်နေသည်။

အလွှာဆယ့်သုံး အမွေအနှစ်တစ်ခုကို ကျွမ်းကျင်ပြီးနောက် ဒုတိယတစ်ခုကို ကျင့်ကြံရန်မှာ အလွန်ခက်ခဲလှသည်။ အလွှာဆယ့်သုံး အမွေအနှစ်တစ်ခုတွင် အလွှာဆယ့်သုံး စွမ်းအားများ ပါဝင်နေသောကြောင့် အလွှာဆယ့်နှစ် သက်ရှိတစ်ယောက်အတွက် စွမ်းအားတစ်ခုကို ခံနိုင်ရည်ရှိရန်ပင် ခက်ခဲလှသည်။

" မဟာသူတော်စင် " ခေါင်းတုံးနှင့်လူနှင့် ပိန်ပိန်နှင့်လူတို့က ရောက်လာပြီး အရိုအသေပေးလိုက်ကြသည်။

" အများကြီး ပြောဖို့ မလိုဘူး။ ငါအကုန်သိပြီးပြီ။ " လောဟောက်က သူတို့နှစ်ယောက်ကို ကြည့်လိုက်သည်။ " အဲ့ဒီနဂါးငွေ့တန်းမဟာသူတော်စင်ကို မင်းတို့ စိတ်ပူစရာမလိုဘူး။ "

" ဟုတ်ကဲ့ " သူတို့က ပြန်ဖြေလိုက်ကြသည်။

အကယ်၍ လောဟောက်မဟာသူတော်စင်က သူတို့ကို နဂါးငွေ့တန်းနှင့် ရင်ဆိုင်ခိုင်းလျှင်တောင် သူတို့က ငြင်းဆန်ပေလိမ့်မည်။

" လောဟောက်မဟာသူတော်စင် နဂါးငွေ့တန်းက ဘယ်အဆင့်မှာလဲ။ " ခေါင်းတုံးနှင့်လူက မေးလိုက်သည်။ သူတို့က နဂါးငွေ့တန်းမဟာသူတော်စင်မှာ စွမ်းအားကြီးမှန်းသိသော်လည်း မည်သည့်အတိုင်းအတာထိဆိုသည်မှာ ရှင်းရှင်းလင်းလင်း မသိကြပေ။

" နဂါးငွေ့တန်းက အရမ်းသန်မာတယ်။ ငါက သူ့ရဲ့ ပြိုင်ဘက်မဖြစ်နိုင်ဘူး။ " လောဟောက်က ခဏတိတ်ဆိတ်သွားပြီးနောက် အမှန်အတိုင်း ပြောလိုက်သည်။

ထိုစကားများက ပြိုင်ဘက်ကင်းမဟာသူတော်စင်နှစ်ယောက်ကို တိတ်ဆိတ်သွားစေသည်။ သူတို့ကလည်း လောဟောက်မှာ နဂါးငွေ့တန်းကို မယှဉ်နိုင်ကြောင်း ခံစားမိကြသည်။ သူတို့နှစ်ယောက်ထံမှ ရရှိသော ဖိအားက လုံးဝ ကွာခြားလွန်းသည်။ သို့သော် လောဟောက်ကိုယ်တိုင် ဝန်ခံလိုက်ခြင်းက သူတို့ကို ပို၍ပင် အံ့အားသင့်စေခဲ့သည်။

" ဒီနေ့ကစပြီး မင်းတို့ ငါ့နောက်လိုက်ဖို့ မလိုတော့ဘူး။ မင်းတို့ ကြိုက်သလိုလုပ်နိုင်တယ်။ " လောဟောက်က သက်ပြင်းချပြီး ပြောလိုက်သည်။

ယခင် သူက ဖရိုဖရဲဟင်းလင်းပြင်တစ်ခုလုံးကို လွှမ်းမိုးပြီး အနှိုင်းမဲ့မဟာသူတော်စင်ဘွဲ့ကို ရယူရန် ရည်မှန်းခဲ့သည်။ထို့ကြောင့် အနာဂတ်တွင် ဖရိုဖရဲဟင်းလင်းပြင်ကို လွှမ်းမိုးရန် ပြိုင်ဘက်ကင်းမဟာသူတော်စင်အချို့ကို သူ၏ လက်အောက်သို့ သိမ်းသွင်းထားခဲ့သည်။

သို့သော်ယခု လောဟောက်က သူ၏ အစီအစဉ်မှာ မဖြစ်နိုင်ကြောင်း သိရှိသွားခဲ့သည်။ နဂါးငွေ့တန်းမဟာသူတော်စင်ရှိနေလျှင် သူက အနှိုင်းမဲ့မဟာသူတော်စင်တစ်ယောက်ဖြစ်လာမည်မဟုတ်ပေ။

" ဟုတ်ကဲ့ " သူတို့က တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြပြီး ခေါင်းညိမ့်လိုက်ကြသည်။

လောဟောက်က သူတို့နှစ်ယောက် ပျောက်ကွယ်သွားသည်ကို ကြည့်နေခဲ့သည်။ ထို့နောက် သူက ကျန်ရှိသော လက်အောက်ခံ အနှိုင်းမဲ့မဟာသူတော်စင်များကို ခေါ်ယူကာ ပြန်လွှတ်ပြီးနောက် နန်းတော်ကို လုံးဝပိတ်ဆို့လိုက်တော့သည်။

" ဖရိုဖရဲဟင်းလင်းပြင်မှာ ဘယ်လောက်ပဲစွမ်းအားကြီးကြီး ခဏပဲလွှမ်းမိုးနိုင်တာပဲ။ အလွှာဆယ့်သုံးကို တက်လှမ်းပြီး အချိန်သက်ရှိဖြစ်လာမှသာ အဆုံးစွန်သော လွတ်မြောက်မှုကို ရရှိနိုင်လိမ့်မယ်။ " လောဟောက်က တည်ငြိမ်သော စိတ်နှလုံးနှင့် အလွှာဆယ့်သုံးသို့ တက်လှမ်းရန် ကြိုးစားတော့မည်ဖြစ်သည်။

ယခု သူ၏ နယ်ပယ်က အရာအားလုံးပြည့်စုံနေပြီဖြစ်သည်။ အကယ်၍ သူသာ အနှိုင်းမဲ့မဟာသူတော်စင်ဘွဲ့ကို မယူလိုခဲ့လျှင် လွန်ခဲ့သော အချိန်ကတည်းက အလွှာဆယ့်သုံးသို့ တက်လှမ်းရန် ကြိုးစားခဲ့ပြီဖြစ်သည်။

ပုံပျက်နေသော အချိန်လေဟာနယ်အတွင်း အထူးတည်ရှိမှုအချို့က နဂါးငွေ့တန်းဖရိုဖရဲကုန်းမြေကို ကြည့်နေကြသည်။

" ဒီနဂါးငွေ့တန်းက ဖရိုဖရဲဟင်းလင်းပြင်သမိုင်းမှာ ထပ်ဆုံးငါးယောက် ဒါမှမဟုတ် သုံးယောက် စားရင်းဝင်မဟုတ်တော့ဘူး။ " ဓားကျိုးက ပြောလိုက်သည်။ " သူက အသန်မာဆုံး အနှိုင်းမဲ့မဟာသူတော်စင်ပဲ။ ဖရိုဖရဲဟင်းလင်းပြင် စတင်ဖြစ်ပေါ်ချိန်က မွေးဖွားလာတဲ့ မူလသက်ရှိတွေတောင် နဂါးငွေ့တန်းကို မယှဉ်နိုင်လောက်ဘူး။ "

အနီးကပ်လေ့လာပြီးနောက် လင်းယွမ်၏ စွမ်းအားက ပို၍ နက်ရှိုင်းသည်ကို သူတို့တွေ့ခဲ့ရသည်။ ပြိုင်ဘက်ကင်းမဟာသူတော်စင်နှစ်ယောက်ကို ရှင်းလင်းလိုက်ခြင်းက သာမန်တိုက်ကွက်တစ်ခုသာ ဖြစ်သော်လည်း ပါဝင်သော စွမ်းအားက အထူးတည်မှုများပင် မခန့်မှန်းနိုင်အောင်ဖြစ်ခဲ့သည်။

" အသန်မာဆုံး အနှိုင်းမဲ့မဟာသူတော်စင်..." အခြားတည်ရှိမှုများကလည်း အံ့ဩလေးစားစွာ ရေရွတ်လိုက်ကြသည်။

" ဒီနဂါးငွေ့တန်းက ဘယ်လိုများကျင့်ကြံခဲ့တာလဲ။ " ရှေးဟောင်းယဇ်ပလ္လင်က မေးခွန်းထုတ်လိုက်သည်။

" နဂါးငွေ့တန်းမဟာသူတော်စင်..." လမ်းစဉ်တစ်သောင်းမျက်လုံးက ကျေနပ်နေသည်။ သူက လင်းယွမ်ကို မျှော်လင့်ချက်ကြီးမားခဲ့သော်လည်း ယခုကဲ့သို့ လျင်မြန်စွာ တိုးတက်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

အချိန်များကုန်လွန်လာပြီး နဂါးငွေ့တန်းဖရိုဖရဲကုန်းမြေ၏ အပြင်ဘက်မှ တိုက်ပွဲက လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။ ဖရိုဖရဲမဟာသူတော်စင်များနှင့် ပြိုင်ဘက်ကင်းမဟာသူတော်စင်များက ထိုတိုက်ပွဲပုံရိပ်များကို မြင်တွေ့ခဲ့ရသည်။

" အရမ်းစွမ်းအားကြီးတယ်။ "

" ငါတောင် သူ့ပြိုင်ဘက်မဟုတ်ဘူး။ "

" ဘယ်လိုခုခံနိုင်မှာလဲ။ ဒီတိုက်ပွဲမှာ နဂါးငွေ့တန်းမဟာသူတော်စင်က သူ့ရဲ့ စွမ်းအားအပြည့်တောင် ထုတ်မသုံးခဲ့ဘူး။ "

ရှေးဟောင်း ပြိုင်ဘက်ကင်းမဟာသူတော်စင်များစွာက ထိုတိုက်ပွဲပုံရိပ်များကို မြင်ပြီးနောက်တွင် စိန်ခေါ်ရန်ဟူသော အတွေးကိုပင် မတွေးဝံ့ကြတော့ဘဲ သူတို့ နိမ့်ကျကြောင်းကို တိုက်ရိုက်ပင် အသိအမှတ်ပြုလိုက်ကြသည်။

" နဂါးငွေ့တန်းမဟာသူတော်စင်က ဒီခေတ်ရဲ့ အနှိုင်းမဲ့မဟာသူတော်စင်ပဲ။ "

" မှန်တယ်။ အငြင်းပွားစရာမလိုတဲ့ အနှိုင်းမဲ့မဟာသူတော်စင်ပဲ။ "

ပြိုင်ဘက်ကင်းမဟာသူတော်စင်များက တရားဝင်အသိမှတ်ပြုခြင်းမရှိသော်လည်း ကန့်ကွက်ခြင်းမရှိကြပေ။ မကန့်ကွက်ခြင်းကလည်း အသိအမှတ်ပြုခြင်းနှင့် အတူတူပင်ဖြစ်သည်။

နဂါးငွေ့တန်းဖရိုဖရဲကုန်းမြေ၏ အနက်ရှိုင်းဆုံးနေရာတွင် လင်းယွမ်က သူ၏ လုပ်ရပ်ကြောင့် ဖရိုဖရဲဟင်းလင်းပြင်ကို သက်ရောမှုရှိနေသည်ကို သိရှိနေသည်။ သူက ဤခေတ်၏ အနှိုင်းမဲ့ မဟာသူတော်စင်ဖြစ်ကြောင်း အသိအမှတ်ပြုခံနေရပြီဖြစ်သည်။

" အနှိုင်းမဲ့မဟာသူတော်စင် " လင်းယွမ်၏ မျက်နှာတွင် ထူးဆန်းသော အမူအရာပေါ်လာသည်။

ဖရိုဖရဲဟင်းလင်းပြင်၏ သမိုင်းတွင် အနှိုင်းမဲ့မဟာသူတော်စင်များက မရေတွက်နိုင်သော တိုက်ပွဲများကို ဖြတ်ကျော်ပြီး ပြိုင်ဘက်ကင်းမဟာသူတော်စင်များစွာကို အညံ့ခံစေပြီးမှ ထိုဘွဲ့ကို ရရှိခဲ့ကြခြင်းဖြစ်သည်။ သို့သော် လင်းယွမ်က တိုက်ကွက်တစ်ခုတည်းနှင့် အနှိုင်းမဲ့မဟာသူတော်စင်အဖြစ် သတ်မှတ်ခံလိုက်ရခြင်းဖြစ်သည်။

" ဒါပေမယ့် ငါ့ရဲ့ လက်ရှိစွမ်းအားနဲ့ အထူးတည်ရှိမှုတွေနဲ့ အထူးနေရာတွေက ငါ့ကို မဆန့်ကျင်လောက်တော့ဘူးမဟုတ်လား။ " လင်းယွမ်က ကောင်းကင်လေဟာနယ်အိုးမှ မြင်တွေ့ခဲ့ရသော အနာဂတ်အပိုင်းအစကို တွေးမိသွားသည်။

နောက်ဆုံးတွင် သူက အလွှာဆယ့်သုံး အချိန်သက်ရှိမဟုတ်ပေ။ ကောင်းကင်လေဟာနယ်အိုးကို အသုံးပြုလျှင်တောင် သူမြင်တွေ့ခဲ့ရသော အနာဂတ်အချိန်အတိုင်းအတာများက လုံးဝ အပိုင်းအစများသာ ဖြစ်သည်။

သို့သော် သူမြင်တွေ့ခဲ့ရသော မြင်ကွင်းများအရ သူက အထူးနေရာတစ်ခုခုနှင့် နက်ရှိုင်းသော ရန်ငြိုးတစ်ခုရှိလာနိုင်ကြောင်း ခန့်မှန်းရသည်။ နောက်ဆုံး သူက ရန်သူကို ဖျက်ဆီးရန်ပင် ဖရိုဖရဲဟင်းလင်းပြင်မှ အရာအားလုံးကို စွန့်လွှတ်သည်အထိဖြစ်သည်။

" အနာဂတ် " လင်းယွမ်က အတွေးနက်နေသည်။ အနာဂတ်က အမြဲတမ်းပြောင်းလဲနေပြီး အခိုက်အတန့်တစ်ခုစီက မရေတွက်နိုင်သော အနာဂတ်အတိုင်းအတာများကို ဖြစ်ပေါ်စေသည်။

သူမြင်တွေ့ခဲ့ရသော အနာဂတ်က ဖြစ်နိုင်ခြေတစ်ခုသာ ဖြစ်ပြီး ကြိုတင်သတ်မှတ်ထားသော အနာဂတ်မဟုတ်ပေ။ ထို့အပြင် လင်းယွမ်သာ သတိထားနေလျှင် ထိုအနာဂတ်မျိုးမရှိနိုင်သလောက်ပင်ဖြစ်သည်။

ရင်းမြစ်ကမ္ဘာ၊ လီယန်မြို့တော်။

လင်းယွမ်က ခြေချိတ်ထိုင်နေပြီး သူ၏ ရှေ့တွင် ချောက်နက်နှလုံးသားကို လေ့လာနေသည်။

" တကယ် ပြည့်စုံလွန်းတယ်။ " လင်းယွမ်က ပို၍ လေ့လာလေလေ ပို၍ ပြည့်စုံလာလေဖြစ်သည်။

ချောက်နက်နှလုံးသား၏ စွမ်းအားနှင့် အခြေခံတည်ဆောက်ပုံမှာ လင်းယွမ်၏ ယခင်နားလည်မှုများထက် ကျော်လွန်နေသည်။ ချောက်နက်နဂါး ခန္ဓာကိုယ်၏ အမှုန်တိုင်းတွင် ကျယ်ပြောသော ကမ္ဘာတစ်ခု ပါဝင်နေပြီး ၎င်း၏ နှလုံးသားထဲတွင် ရင်းမြစ်ကမ္ဘာ အသေးစားလေးတစ်ခုကို မွေးမြူထားသည်။

All Chapters