← Chapters

မုန့်ရှီ...

Vol. 72 Ch. 1011

မုန့်ရှီ...

Vol. 72 Ch. 1011

" တကယ်လို့ ငါသာ ချောက်နက်နဂါးကို အတုယူပြီး ငါ့ရဲ့ အမှုန်တစ်ခုစီတိုင်းမှာ စကြာဝဠာတစ်ခု ဖွင့်လှစ်နိုင်မယ်ဆိုရင် ပြီးတော့ အဆုံးမဲ့ဟင်းလင်းပြင်နဲ့ ပြန်တည်ဆောက်လိုက်မယ်ဆိုရင် ငါ့ရဲ့ စွန်းအားက အများကြီးတိုးတက်သွားလိမ့်မယ်။ " လင်းယွမ်က တွေးလိုက်သည်။

အလွှာဆယ့်နှစ်မှ အလွှာဆယ့်သုံးသို့ တက်လှမ်းခြင်းက အသက်အနှစ်သာရကို ကြီးမားသော အပြောင်းအလဲဖြစ်စေပြီး အချိန်သက်ရှိအဖြစ် ပြောင်းလဲသွားစေမည်ဖြစ်သည်။ သို့သော် အချိန်သက်ရှိများကြားတွင် စွမ်းအားကွာခြားချက်များရှိသည်။

အလွှာဆယ့်နှစ်တွင် စုဆောင်းမှု ပိုမိုနက်ရှိုင်းလေ အလွှာဆယ့်သုံးသို့ တက်လှမ်းချိန်တွင် စွမ်းအားတိုးမြင့်မှုက ပိုမိုကြီးမားလေဖြစ်သည်။ တဖုဘိုးဘေးက အလွှာဆယ့်သုံးသို့ ရောက်ရှိသည်နှင့် ချောက်နက်နဂါးကို ချက်ချင်း တိုက်ခိုက်ခဲ့သည့် အကြောင်းရင်းမှာ ချောက်နက်နဂါးက အလွှာဆယ့်သုံးသို့ တက်လှမ်းနိုင်မည့် အလားအလာရှိနေသောကြောင့်ဖြစ်သည်။

ချောက်နက်နဂါးသာ အလွှာဆယ့်သုံးသို့ ရောက်ရှိသွားလျှင် သူ၏ စွမ်းအားက တဖုဘိုးဘေးထက် သာလွန်သွားနိုင်သော​ကြောင့် ဖြစ်သည်။

" စမ်းကြည့်တာပေါ့။ " လင်းယွမ်က ချောက်နက်နဂါးနှလုံးသားကို ပိုမိုအသေးစိတ် လေ့လာတော့သည်။

ရွှေရောင်မြူခိုးရတနာနယ်မြေ။

လင်းယွမ်၏ အာရုံအများစုက ရင်းမြစ်ကမ္ဘာ၏ မူလရင်းမြစ်ကို လေ့လာနေသည်။ ကျန်ရှိသော အာရုံများက သူ၏ ကြောင်းကျိုးဆက်နွယ်မှုများကို ရှင်းလင်းရန် ကြိုးစားနေသည်။

" သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က ရှေးဟောင်းနိုင်ငံခြောက်ခုလုံး ပျံ့နှံ့သွားကတည်းက ငါ့ရဲ့ ကြောင်းကျိုးဆက်နွယ်မှုတွေက အရမ်းရှုပ်ထွေးလာခဲ့တယ်။ " လင်းယွမ်က တွေးဘိုက်သည်။

အကြောင်းမှာ သိုင်းတာအိုကို ကျင့်ကြံသူတိုင်းက သိုင်းဘိုးဘေးဖြစ်သော သူနှင့် ကြောင်းကျိုးဆက်နွယ်မှုတစ်ခု တည်ဆောက်လိုက်ခြင်းနှင့် တူပေသည်။ ထိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ လွှမ်းမိုးမှုကြောင့် သူက ကြောင်းကျိုးဆက်နွယ်မှုများကို လိုက်၍ ကျင့်ကြံသူတစ်ယောက်ချင်းစီ၏ ဘဝအသေစိတ်ကိုပင် စောင့်ကြည့်နိုင်သည်။

" သိုင်းတာအိုကို စတင်ဖြန့်ဝေတဲ့အခါ သိုင်းတာအိုပါရမီရှိတဲ့ တပည့်အချို့ကို လက်ခံပြီး ကျင့်ကြံပေးဖို့ လိုအပ်တယ်။ " လင်းယွမ်က တွေးလိုက်၏။

ထိုသို့လုပ်ရခြင်းက ရည်ရွယ်ချက်နှစ်ခုရှိသည်။ တစ်ခုမှာ သိုင်းတာအိုကို ပိုမိုပြန့်ပွားစေရန်ဖြစ်ပြီး အနည်းဆုံးတော့ လင်းယွမ်က သိုင်းတာအိုကို စိတ်ရင်းမှန်ဖြင့် ဖြန့်ဝေနေကြောင်း အားလုံးသိစေရန်ဖြစ်သည်။

ဒုတိယတစ်ခုမှာ အနာဂတ်တွင် သတ္တမမြောက် ရှေးဟောင်းနိုင်ငံကို တည်​ထောင်ရန် ဖြစ်သည်။ ရှေးဟောင်းနိုင်ငံတစ်ခု တည်ထောင်ရန်မှာ ၎င်းကို စီမံခန့်ခွဲမည့် နောက်လိုက်များစွာ လိုအပ်သည်။ လင်းယွမ်တစ်ယောက်တည်းဖြင့် အားလုံးကို ကိုင်တွယ်ရန် မဖြစ်နိုင်ပေ။

လင်းယွမ်တွင် မျိုးဆက်များ မရှိသောကြောင့် တပည့်များကို အစားထိုးအသုံးပြုနိုင်သည်။ တပည့်များ၏ အားသာချက်မှာ သွေးမျိုးဆက်ဖြင့် ကန့်သတ်ထားခြင်းမရှိဘဲ မည်သည့်သက်ရှိမဆို ကျင့်ကြံနိုင်သည်။ သူတို့က သိုင်းတာအိုကို ကျင့်ကြံနေသရွေ့ လင်းယွမ်၏ တပည့်များပင်ဖြစ်သည်။

" ကြည့်ရတာပေါ့။ " လင်းယွမ်က ကြောင်းကျိုးဆက်နွယ်မှုများကို ထိန်းချုပ်လိုက်ပြီး ထိုဆက်သွယ်မှုများမှတစ်ဆင့် သိုင်းတာအိုကျင့်ကြံသူများ၏ ပါရမီကို ဆုံးဖြတ်နိုင်သည်။

" ဟမ် " လင်းယွမ်က စတင်ကြည့်ရှုလိုက်သောအချိန်တွင် ဝမ်းသာသွားသည်။

" သိုင်းတာအိုအချိန်ပါရမီ..." လင်းယွမ်၏ မျက်နှာတွင် စိတ်ဝင်စားသော အမူအရာပေါ်လာသည်။

အလွှာနှစ်မှစ၍ သိုင်းတာအိုက သက်ဆိုင်ရာစွမ်းအားအပေါ် သိမြင်နားလည်မှုများ လိုအပ်သည်။ ယခု လင်းယွမ်က သိုင်းတာအိုအချိန်ပါရမီရှိသော ကျင့်ကြံသူတစ်ယောက်ကို ရှာတွေ့ခဲ့သည်။ အကယ်​၍ ထိုလမ်းစဉ်အတိုင်း လျှောက်လှမ်းလျှင် နောက်ဆုံးတွင် အချိန်မူလစိတ်ဝိညာဉ်ကို စုစည်းနိုင်မည်ဖြစ်ပြီး အချိန်မဟာတာအိုအဖြစ် ဆင့်ကဲပြောင်းလဲနိုင်မည်ဖြစ်သည်။

" အဲ့ဒါက တလင်းရှေးဟောင်းနိုင်ငံရဲ့ သွားတစ်ထောင်နယ်မြေမှာလား။ " လင်းယွမ်က ကြောင်းကျိုးဆက်နွယ်မှုကို လိုက်ကြည့်လိုက်ရာ ထိုသူ၏ တည်နေရာကို အာရုံခံမိလိုက်သည်။ " နာမည်က မုန့်ရှီ "

" ဒီလိုပါရမီရှင်ကို သေချာပေါက် ခေါ်ရမယ်။ " လင်းယွမ်က အတွေးတစ်ချက်နှင့် တလင်းရှေးဟောင်းနိုင်ငံတွင် ကိုယ်ပွားတစ်ခု ဖန်တီးပြီး သွားတစ်ထောင်နယ်မြေသို့ ဦးတည်သွားသည်။

တလင်းရှေးဟောင်းနိုင်ငံ၊ သွားတစ်ထောင်နယ်မြေ။ မျက်နှာဖြူဖျော့နေသော လူငယ်တစ်ယောက်က အသက်လုထွက်ပြေးနေပြီး သူ၏ နောက်တွင် ပုံရိပ်အချို့က လျင်မြန်စွာ လိုက်ပါလာကြသည်။

" ငါ ဒီနယ်မြေမှာ ဆက်နေလို့မဖြစ်တော့ဘူး။ မဟုတ်ရင် သွားတစ်ထောင်ဘုရင်က ငါ့ကို သေတဲ့အထိ စုပ်ယူသွားလိမ့်မယ်။ "

တလင်းရှေးဟောင်းနိုင်ငံ၏ ကျင့်ကြံမှုမှာ သက်ရှိ၏ စိတ်ဝိညာဉ်အပေါ် အာရုံစိုက်ထားသည်။ ထို့ကြောင့် ထိုနိုင်ငံရှိ အင်အားကြီးသူများက အခြားသက်ရှိများ၏ စိတ်ဝိညာဉ်ကို ထိန်းချုပ်ခြင်း သို့မဟုတ် စုပ်ယူခြင်းတို့ ပြုလုပ်ပြီး သူတို့ကိုသူတို့ အားဖြည့်ကြသည်။

လူငယ်က ထိုကျင့်ကြံမှုနည်းလမ်းကို အလွန်ပင်မုန်းတီးသည်။ သူ၏ အမြင်တွင် သက်ရှိတိုင်းက သီးခြားတည်ရှိမှုများဖြစ်ပြီး သူတို့၏ စိတ်ဝိညာဉ်က သူတို့နှင့်သာ သက်ဆိုင်သည်။

" မကြာသေးခင်က နဂါးငွေ့တန်းတည်ထောင်ထားတဲ့ သိုင်းတာအိုက ဒီနယ်မြေအထိ ပျံ့နှံ့လာခဲ့တယ်။ ငါနည်းနည်းကျင့်ကြံကြည့်တော့ ငါနဲ့ အရမ်းကိုက်ညီတယ်။ ငါ ဒီနယ်မြေက ထွက်သွားပြီး ဒီနိုင်ငံရဲ့ ကျင့်စဉ်အမွေအနှစ်ကို စွန့်လွှတ်လိုက်ရင်တောင် ငါရှင်သန်နိုင်ပြီး ပိုပြီး အစွမ်းထက်လာနိုင်တယ်။ " လူငယ်က တွေးလိုက်သည်။

သွားတစ်ထောင်နယ်မြေမှ သွားတစ်ထောင်ဘုရင်က နတ်ဘုရားအရှင်သခင်တစ်ယောက်ဖြစ်သည်။ သူက သူ၏ နယ်မြေအတွင်းရှိ သက်ရှိအားလုံးကို အရင်းအမြစ်များအဖြစ် သတ်မှတ်ပြီး အချိန်တစ်ခုကြာတိုင်း စုပ်ယူစားသောက်ရန် သက်ရှိများကို ရွေးချယ်လေ့ရှိသည်။

သဘာဝအတိုင်း ဆက်လက်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် သွားတစ်ထောင်ဘုရင်က အားလုံးကို စားသောက်ခြင်းမပြုဘဲ အစိတ်အပိုင်းတစ်ခုကိုသာ စားသောက်လေ့ရှိသည်။ လူငယ်က အကြိမ်များစွာ ရွေးချယ်ခံခဲ့ရပြီး ဤနေရာတွင် ဆက်နေလျှင် မကြာခင် ဖမ်းဆီးခံရပေလိမ့်မည်။

" ပြေးမှဖြစ်မယ်။ " လူငယ်က အမြန်ဆုံး အရှိန်မြှင့်ပြီး ထွက်ပြေးနေသည်။

ထိုအချိန်တွင် လူငယ် ထွက်ပြေးနေသော လမ်းကြောင်း၌ ပုံရိပ်တစ်ခုက တိတ်ဆိတ်စွာ ပေါ်လာသည်။ လူငယ်က မျက်မှောင်ကြုတ်သွားပြီး ရှောင်တိမ်ရန် ကြိုးစားသော်လည်း ရုတ်တရက် သူ၏ ခန္ဓာကိုယ်က လှုပ်ရှားမရဘဲ ဖြစ်သွားသည်။

" ဘာဖြစ်တာလဲ။ " သူက စိတ်ထဲတွင် အေးစက်သွားသည်။ သူ၏ ရှေ့မှ ပုံရိပ်က သူမယှဉ်နိုင်သော တည်ရှိမှုမျိုး ဖြစ်ကြောင်း ချက်ချင်း သိလိုက်ရသည်။

" သွားတစ်ထောင်ဘုရင်ရဲ့ နောက်လိုက်တစ်ယောက်လား။ " သူက စိတ်ထဲတွင် တုန်လှုပ်သွားပြီး သူ့ကိုသူ အဆုံးစီရင်ရန် ကြိုးစားလိုက်သည်။ သူ့ကဲ့သို့ ထွက်ပြေးပြီး အဖမ်းခံရသူများက သေခြင်းထက် ဆိုးရွားသော ဒုက္ခများကို ခံစားရမည်မှာ သေချာသောကြောင့် ဖြစ်သည်။

" မလောနဲ့။ " လင်းယွမ်က လူငယ်ကို ပြုံး၍ ကြည့်လိုက်သည်။ " ငါ သွားတစ်ထောင်ဘုရင်ကို မသိဘူး။ "

မလာခင်ကတည်းက လင်းယွမ်က ထိုနယ်မြေ၏ အခြေအနေကို နားလည်ပြီးဖြစ်သည်။ အမှန်တကယ်တော့ တလင်းရှေးဟောင်းနိုင်ငံတစ်ခုလုံးမှာ အတူတူပင်ဖြစ်သည်။ သက်ရှိများ၏ စိတ်ဝိညာဉ်ကျင့်ကြံမှုကြောင့် အထက်မှ အောက်အဆင့်ထိ အလွန်ပင်တင်းကျပ်လှသည်။

ထိုထူးခြားသော ကျင့်ကြံမှုစနစ်ကြောင့်ပင် တလင်းရှေးဟောင်းနိုင်ငံက ရှေးဟောင်းနိုင်ငံခြောက်ခုအနက် တဖုရှေးဟောင်းနိုင်ငံပြီးလျှင် ဒုတိယအင်အားအကြီးဆုံး ဖြစ်နေခြင်းဖြစ်သည်။ လင်းယွမ်က ထိုကျင့်ကြံမှုစနစ်ကို သဘောမကျသော်လည်း ကန့်ကွက်ခြင်းမရှိပေ။ ၎င်းမှာ ကျင့်ကြံမှုနည်းလမ်းတစ်ခုသာ ဖြစ်သောကြောင့် ဖြစ်သည်။

" ခင်ဗျားက သွားတစ်ထောင်ဘုရင်ကို မသိဘူးလား။ " လူငယ်က စိတ်ထဲတွင် သက်ပြင်းချလိုက်သည်။

" မင်းနာမည်က မုန့်ရှီလား။ " လင်းယွမ်က လူငယ်ကို ကြည့်ပြီး ပြောလိုက်သည်။

" စီနီယာက ဘယ်လိုလုပ်သိတာလဲ။ " လူငယ်မုန့်ရှီက အံ့အားသင့်သွားပြီး မေးလိုက်သည်။

" ငါတစ်ခုခုကို သိချင်ရင် သဘာဝအတိုင်း သိသွားတာပဲ။ " လင်းယွမ်က ပြုံး၍ ပြန်ဖြေလိုက်သည်။

" ဟုတ်ကဲ့။ " မုန့်ရှီက နားမလည်သော်လည်း ခေါင်းညိမ့်လိုက်သည်။

" ကဲ အဓိက ကိစ္စကို သွားကြတာပေါ့။ " လင်းယွမ်က လူငယ်ကို ကြည့်ပြီး ပြောလိုက်သည်။ " ငါမင်းကို တပည့်အဖြစ် လက်ခံချင်တယ်။ မင်းဘယ်လိုသဘောရလဲ။ "

" ကျွန်တော်ကို တပည့်အဖြစ် လက်ခံမှာလား။ " မုန့်ရှီက ခဏမှင်သက်သွားသည်။

" ဘာလဲ။ လက်မခံချင်ဘူးလား။ "

" လက်ခံပါတယ်။ သေချာပေါက်လက်ခံပါတယ်။" မုန့်ရှီက ချက်ချင်း ခေါင်းညိမ့်လိုက်သည်။

လင်းယွမ်က သူ့ထက် များစွာသာလွန်သော အင်အားသူဖြစ်သည်ကို သူသိလေသည်။ ထိုကဲ့သို့သော ပုဂ္ဂိုလ်တစ်ယောက်၏ တပည့်ဖြစ်ရခြင်းက သေချာပေါက် ကြီးမားသော အခွင့်အရေးဖြစ်သည်။

" ဒါပေမယ့် စီနီယာ ကျွန်တော်ကို တပည့်အဖြစ် လက်ခံရင် စီနီယာအတွက် ပြဿနာဖြစ်နိုင်ပါနယ်။ ကျွန်တော်က သွာတစ်ထောင်ဘုရင်ရဲ့ ရွေးချယ်မှုကိို ခံထားရပါတယ်။ ကျွန်တော်ရဲ့ စိတ်ဝိညာဉ်ပေးအပ်ရမှာကို ကျွန်တော်က လက်မခံဘဲ ထွက်ပြေးလာတာ။ "

မုန့်ရှီက လင်းယွမ်ကို ကြည့်လိုက်သည်။ " အခု ကျွန်တော်နောက်ကို သွားတစ်ထောင်ဘုရင်ရဲ့ နောက်လိုက်တွေ လိုက်နေကြတယ်။ ကျွန်တော်ကို တပည့်အဖြစ် လက်ခံတာက သွားတစ်ထောင်ဘုရင်ကို ဆန့်ကျင်ရာရောက်လိမ့်မယ်။ သွားတစ်ထောင်ဘုရင်က နတ်ဘုရားအရှင်သခင်တစ်ယောက်ပဲ။ "

" အင်း " လင်းယွမ်က ခေါင်းညိမ့်ပြီး ပြောလိုက်သည်။ " မင်း ဆန္ဒရှိလား မရှိဘူးလားပဲ ဖြေဖို့လိုတယ်။ "

" စီနီယာ ကျွန်တော်က သေချာပေါက် ဆန္ဒရှိပါတယ်။ ဒါပေမယ့် သွားတစ်ထောင်နယ်မြေမှာ သွားတစ်ထောင်ဘုရင်ရဲ့ နောက်လိုက်တွေ အများကြီးရှိတယ်။ ကျွန်တော်ကို တပည့်အဖြစ် လက်ခံတာက နောက်ဆက်တွဲကိစ္စတွေ ကြီးမားသွားလိမ့်မယ်။ " နောက်မှလိုက်လာသူများ နီးကပ်လာသည်ကို ခံစားမိပြီး မုန့်ရှီက အလျင်စလို ပြောလိုက်သည်။

" စီနီယာ... တလင်းနိုင်ငံက တခြားနိုင်ငံတွေနဲ့ မတူဘူး။ ကျွန်တော်တို့ကို အရမ်း ကန့်သတ်ထားတာ။ ဒါက ဒီနိုင်ငံရဲ့ စည်းမျဉ်းပဲ။ စီနီယာ အမြန်ထွက်သွားပါတော့။ " ပြောပြီးသည်နှင့် မုန့်ရှီသည် လမ်းကြောင်းပြောင်း၍ ထွက်ပြေးရန် ပြင်လိုက်သည်။

သို့သော် သူ၏ ခန္ဓာကိုယ်က လှုပ်ရှား၍ မရသေးကြောင်း သိလိုက်ရသောကြောင့် လင်းယွမ်ကို နားမလည်နိုင်စွာ ကြည့်လိုက်သည်။ " စီနီယာ "

All Chapters