← Chapters

အနက်ရောင်နဂါး....

Vol. 72 Ch. 1013

အနက်ရောင်နဂါး....

Vol. 72 Ch. 1013

ယခုအချိန်တွင် လင်းယွမ်က နတ်ဘုရားအရှင်သခင်တစ်ယောက်သာ ဖြစ်သောကြောင့် ဘိုးဘေးများက သူ၏ အချိန်အတိုင်းအတာများကို ကြည့်ရှုနိုင်ခြင်းဖြစ်သည်။ အကယ်၍ လင်းယွမ်က အလွှာဆယ့်သုံးသို့ ရောက်သွားလျှင် ဘိုးဘေးများက သူ၏ အနာဂတ်ကို ကြည့်ရှုနိုင်တော့မည်မဟုတ်ပေ။

ထို့ကြောင့် ဘိုးဘေးခြောက်ယောက်က ကြည့်နိုင်သောအချိန်တွင် များများကြည့်နေခြင်းဖြစ်သည်။ အကြိမ်ကြိမ် ကြိုးစားပြီးနောက် လင်းယွမ်၏ အနာဂတ်နှစ် ၃ ဘီလီယံအထိ အချိန်အတိုင်းအတာများကို ကြည့်ရှုခြင်းက ပြင်းထန်သော တန်ပြန်မှုကို ဖြစ်ပေါ်စေသည်။

ထိုတန်ပြန်မှုက အချိန်အတိုင်းအတာတစ်ခုတည်းမှ မဟုတ်ဘဲ အနာဂတ်နှစ် သုံးဘီလီယံနောက်ပိုင်း ဘင်းယွမ်က အဆင့်တစ်ခုသို့ ရောက်ရှိသွားခြင်း သို့မဟုတ် အဆင့်မြင့်သော သက်ရှိများနှင့် ဆက်နွယ်မှုများ ရှိခြင်းကြောင့် သဘာဝအလျောက် တန်ပြန်မှုကို ဖြစ်ပေါ်စေခြင်းဖြစ်သည်။

" ဟမ် " တလင်းဘိုးဘေး၏ အမူအရာက ပြောင်းလဲသွားသည်။

သူမြင်တွေ့လိုက်ရသော အနာဂတ် အချိန်အတိုင်းအတာတစ်ခုတွင် လင်းယွမ်က အလွှာဆယ့်သုံးသို့ မရောက်သေးသော်လည်း သူက ရုတ်တရက် အလွန်ကြီးမားသော နဂါးနက်အဖြစ် အသွင်ပြောင်းလဲသွားပြီး ရင်းမြစ်ကမ္ဘာ၏ အကာအကွယ်အလွှာကို အသာအယာ ဆုတ်ဖြဲပြီး ဒိုင်မန်းရှင်းအက်ကြောင်းထဲသို့ ဝင်ရောက်သွားသည်။

" အဲ့ဒါဘာလဲ။ " တလင်းဘိုးဘေးက ထိုအချိန်အတိုင်းအတာကို သေချာစစ်ဆေးကြည့်ရှုပြီးနောက် သူ၏ မျက်နှာက မယုံကြည်နိုင်ဖြစ်သွားသည်။

ထိုအချိန်အတိုင်းအတာတွင် လင်းယွမ်အသွင်ပြောင်းလိုက်သော နဂါးနက်ကြီးမှာ ကမ္ဘာဦးအစ ချောက်နက်နဂါးနှင့် အလွန်ဆင်တူသော်လည်း စွမ်းအားကွာခြားမှုက ကောင်းကင်နှင့် မြေကြီးကဲ့သို့ ဖြစ်နေသည်။ ထွက်ပေါ်လာသော အော်ရာက အလွှာဆယ့်သုံးသို့ နီးကပ်နေပြီဖြစ်သည်။

" တဖု.... ဒီအချိန်အတိုင်းအတာကို ကြည့်စမ်း။ " တလင်းဘိုးဘေးက ကျန်ရှိသော ဘိုးဘေးငါးယောက်ကို ကြည့်ပြီး သူမြင်တွေ့ခဲ့ရသော အချိန်အတိုင်းအတာကို ပြသလိုက်သည်။

" နဂါးငွေ့တန်း ပြောင်းလဲလိုက်တဲ့ နဂါးနက်က ချောက်နက်နဂါးကို အခြေခံထားပုံရတယ်။ ဒါပေမယ့် ဒီစွမ်းအားက ကွာခြားလွန်းတယ်။ " ဘိုးဘေးများက သံသယနှင့် မရေရာမှုများကို ခံစားလိုက်ရသည်။

ထိုအချိန်တွင် လင်းယွမ်က အလွှာဆယ့်သုံးသို့ မရောက်သေးသော်လည်း သူ၏ စွမ်းအားက အလွန်ကြောက်စရာကောင်းနေသည်။

" တဖု မင်းအဲ့ဒီချောက်နက်နဂါးနှလုံးသားကို နဂါးငွေ့တန်းဆီ ပေးလိုက်တုန်းက အဲ့ဒီထဲမှာ လျို့ဝှက်ချက်တစ်ခုခု ရှိနေတာလား။ " ရွှမ်ယင်ဘိုးဘေးက မေးလိုက်သည်။

" ဘယ်လိုလျို့ဝှက်ချက်ရှိနိုင်မှာလဲ။ " တဖုဘိုးဘေးက တိတ်ဆိတ်သွားသည်။ သူက ချောက်နက်နဂါးနှလုံးသားကို အချိန်အကြာကြီး လေ့လာဖူးသော်လည်း အမှုန်တိုင်းတွင် ကမ္ဘာများ ဖွင့်လှစ်နိုင်သည့်တိုင်အောင် စွမ်းအားကို ထိုအဆင့်ထိ မြှင့်တင်နိုင်စွမ်းမရှိခဲ့ပေ။

မဟုတ်လျှင် ထိုချောက်နက်နဂါးက သူ၏ လက်ချက်ဖြင့် သေဆုံးမည်မဟုတ်ပေ။ ထို့အပြင် ချောက်နက်နဂါးက ထိုအချိန်အတိုင်းအတာအတွင်းမှ လင်းယွမ်ကဲ့သို့ စွမ်းအားကြီးနေလျှင် တဖုဘိုးဘေးက အလွှာဆယ့်သုံးသို့ တက်လှမ်းခွင့်ပင်ရမည်မဟုတ်ဘဲ ချောက်နက်နဂါး၏ လက်ထဲတွင် သေဆုံးခဲ့ရပေလိမ့်မည်။

သို့သော် ထိုအချိန်အတိုင်းအတာအတွင်းရှိ နဂါးငွေ့တန်း နဂါးနက်အဖြစ် ပြောင်းလဲသည့် နည်းလမ်းက ချောက်နက်နဂါးထံမှ ရရှိလာခြင်းဖြစ်ရပေလိမ့်မည်။

" ဒီနဂါးငွေ့တန်းကတော့... ဒါ ကောင်းတဲ့အချက်ပဲ။ " တဖုဘိုးဘေးက တွေးလိုက်သည်။

နဂါးငွေ့တန်းက သူတို့၏ ရန်သူမဟုတ်ဘဲ ဆန့်ကျင်ဘက်အားဖြင့် သူတို့၏ ဆက်ဆံရေးမှာ ကောင်းမွန်လေသည်။ ထို့အပြင် ထိုအချိန်အတိုင်းအတာအတွင်း နဂါးငွေ့တန်း အသွင်ပြောင်းသွားသော နဂါးနက်ကြီးက ချောက်နက်နဂါးနှလုံးသားကို နားလည်သွားခြင်း၏ ရလဒ်ဖြစ်နိုင်ပေသည်။

" သက်ရှိတစ်ခုနဲ့တစ်ခုကြား ကွာဟချက်က ဒီလောက်တောင် ကြီးမားတာလား။ " ကျင်းလဲ့ဘိုးဘေးက အံ့ဩစွာ ပြောလိုက်သည်။

" နဂါးငွေ့တန်းက ပိုပြီး အစွမ်းထက်လာလေ ငါတို့အတွက် ပိုကောင်းလေပဲ။ " မန်ဟွမ်ဘိုးဘေးက ပြောလိုက်သည်။

အချိန်အတိုင်းအတာအတွင်း မြင်တွေ့ရသော အနာဂတ်အရ နဂါးငွေ့တန်း၏ ရန်သူဖြစ်ရခြင်းက သေချာပေါက် ပျက်စီးခြင်းသို့ ဦတည်ပေလိမ့်မည်။ သို့သော် နဂါးငွေ့တန်းနှင့် မိတ်ဆွေဖြစ်နေသရွေ့ မည်သည့်ဆိုးကျိုးမှ ရှိလာမည်မဟုတ်ပေ။

" အနာဂတ် နှစ်ပေါင်းသုံးဘီလီယံလောက်မှာ နဂါးငွေ့တန်းက အချိန်အရှင်သခင်အဆင့်ကို ထိတွေ့လိမ့်မယ်လို့ ခန့်မှန်းရတယ်။ " တလင်းဘိုးဘေးက ပြောလိုက်သည်။

ယခင် ဘိုးဘေးများက လင်းယွမ်မှာ နှစ်ပေါင်းသုံးဘီလီယံနောင်ပိုင်း အချိန်အရှင်သခင်တစ်ယောက်နှင့် ကြီးမားသော ဆက်နွယ်မှုရှိသွားသောကြောင့် သူ၏ အချိန်အတိုင်းအတာများကို ပိတ်ဆို့ခံရသည်ဟု ထင်ခဲ့သော်လည်း ယခုမူ လင်းယွမ်ကိုယ်တိုင်က အချိန်အရှင်သခင်ဖြစ်လာနိုင်ခြေက ပိုများနေသည်။

" အချိန်အရှင်သခင်လား။ " ဘိုးဘေးများက တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး ထိတ်လန့်မှုကို ခံစားလိုက်ကြရသည်။

အလွှာဆယ့်သုံး အချိန်သက်ရှိများက အတိတ်နှင့် အနာဂတ်အတိုင်းအတာများကို ကြည့်ရှုနိုင်သော်လည်း အနာဂတ်အပိုင်းအစများသာဖြစ်သည်။ အလွှာဆယ့်လေး ပြည့်စုံသော အချိန်သက်ရှိဖြစ်လာမှသာ မိမိ၏ ကိုယ်ပိုင်အချိန်အတိုင်းအတာကို အခိုင်အမာတည်ဆောက်နိုင်ပြီး အချိန်အတိုင်းအတာတစ်ခုလုံးကို လွှမ်းမိုးကာ အချိန်အရှင်သခင်ဖြစ်လာမည်ဖြစ်သည်။

ဘိုးဘေးများက လင်းယွမ်၏ အနာဂတ်အတိုင်းအတာများအား ကြည့်ရှုနေခြင်းကို လင်းယွမ်ကိုယ်တိုင်လည်း သိလေသည်။ ဘိုးဘးများ သူ့ထံသို့ လာရောက်စဉ်က သူ၏ အချိန်အတိုင်းအတာများကို ဆက်လက်ကြည့်ရှုခွင့်ပြုရန် တောင်းဆိုခဲ့ကြသည်။

လင်းယွမ်ကလည်း သူ၏ အနာဂတ်က မည်မျှသေချာမှုရှိသည်ကို သိလိုသောကြောင့် လက်ခံခဲ့သည်။ ထို့အပြင် ဘိုးဘေးများက အလွန်ထူးခြားသော အချိန်အတိုင်းအတာကို တွေ့ရှိလျှင် သူ့ကို အကြောင်းကြားမည်ဖြသ်သည်။

ဟေးယွီအသိုက်တွင် လင်းယွမ်က ဟေးယွီကျောက်တုံးများကို သန့်စင်နေသည်။

" ငါ့ရဲ့ စိတ်စွမ်းအားက သန်းသုံးရာကို ကျော်သွားလောက်ပြီ။ " လင်းယွမ်က မျက်လုံးများဖွင့်လိုက်သည်။ " စိတ်စွမ်းအား သန်းသုံးရာက အလွှာဆယ့်နှစ်ရဲ့ အကန့်အသတ်ဖြစ်နိုင်တယ်။ ဆက်ပြီးမြှင့်တင်နေရင်တောင် အများကြီး တိုးတက်လာမှမဟုတ်တော့ဘူး။ "

လင်းယွမ်က သူ၏ စိတ်စွမ်းအားမှာ အကန့်အသတ်သို့ နီးကပ်နေပြီဖြစ်ကြောင်း ခံစားမိခဲ့သည်။ နောက်ထပ်များစွာ တိုးတက်လာရန်မှာ အလွှာဆယ့်သုံးသို့ တက်လှမ်းမှရပေလိမ့်မည်။

" ဒါပေမယ့် စိတ်စွမ်းအား သန်းသုံးရာက နောက်ထပ် ရင်းမြစ်ကမ္ဘာတစ်ခုကို လေ့လာဖို့ စွမ်းအားအချို့ကို ခွဲဝေအသုံးပြုဖို့ လုံလောက်နေပြီ။ "

အနန္တကမ္ဘာများ၏ ဂိတ်တံခါးပေါ်တွင် ရင်းမြစ်ကမ္ဘာ ၃၃ခု၏ တည်နေရာများကို မှတ်သားထားသည်။ အလွှာဆယ့်နှစ်သို့ တက်လှမ်းပြီးနောက် ဆင်းသက်သော နည်းလမ်းက ပြောင်းလဲသွားခဲ့သည်။ ဆင်းသက်မှုက မူလခန္ဓာကိုယ်ကို သက်ရောက်မှုမရှိသော်လည်း သူ၏ စိတ်စွမ်းအားအပေါ် ကြီးမားသော သက်ရောက်မှုရှိစေသည်။

ထိုအချိန်က လင်းယွမ်၏ စိတ်စွမ်းအားမှာ ရင်းမြစ်ကမ္ဘာတစ်ခုတည်းကို လေ့လာနိုင်စွမ်းရှိသည်။ ဒုတိယတစ်ခုကို လေ့လာရန် ပထမတစ်ခုကို စွန့်လွှတ်ရမည်ဖြစ်သည်။ သို့သော် ယခုအခါ စိတ်စွမ်းအားက သိသိသာသာ တိုးတက်လာသောကြောင့် လင်းယွမ်က ပထမရင်းမြစ်ကမ္ဘာကို လေ့လာနေစဉ် ဒုတိယကမ္ဘာကို ဆင်းသက်နိုင်ပြီဖြစ်သည်။

" ဒုတိယမြောက် ရင်းမြစ်ကမ္ဘာ...." လင်းယွမ်၏ အမူအရာက အနည်းငယ် လေးနက်သွားသည်။

သူက ဒုတိယရင်းမြစ်ကမ္ဘာကို မလေ့လာခြင်းမှာ စိတ်စွမ်းအားကြောင့်မဟုတ်ဘဲ အနန္တကမ္ဘာများ၏ ဂိတ်တံခါးမှ သတိပေးချက်ရှိနေသောကြောင့် ဖြစ်သည်။ ဒုတိယရင်းမြစ်ကမ္ဘာတွင် မသိနိုင်သော အန္တရာယ်များရှိပြီး မဆင်မခြင်လေ့လာခြင်းက ပြင်ဆင်၍မရသော သက်ရောက်မှုများ ဖြစ်ပေါ်နိုင်သောကြောင့် ဖြစ်သည်။

လင်းယွမ်၏ တိုးတက်မှုများမှာ စိတ်စွမ်းအားသာမဟုတ်ဘဲ သူ၏ ကိုယ်ပိုင်စွမ်းအားရောဖြစ်သည်။ သူ၏ စိတ်စွမ်းအားတိုးတက်မှုမှာ သူ၏ စွမ်းအားတိုးတက်လာခြင်းမှ အခြေခံထားသည်။

အန္တရာယ်ဆိုသည်မှာ စွမ်းအားအပေါ် အခြေခံထားသည်။ စွမ်းအားနည်းချိန်တွင် အန္တရာယ်များ ကြီးမားနေမည်ဖြစ်ပြီး စွမ်းအားကြီးမားလာချိန်တွင် အန္တရာယ်က သေးငယ်သွားပေလိမ့်မည်။

" ငါ နောက်တစ်ခါ ကြည့်သင့်တယ်။ " လင်းယွမ်က သူ၏ စိတ်အနက်ရှိုင်းဆုံးမှ အနန္တကမ္ဘာများ၏ ဂိတ်တံခါးကို ကြည့်လိုက်သည်။ သူက ထိုဂိတ်တံခါးကြည့်လိုက်တိုင်း ထူးခြားသော ခံစားချက်တစ်ခုကို ရရှိလေသည်။

" အရင်ကထက် ပိုပြီး စစ်မှန်လာတယ်။ " လင်းယွမ်က ဂိတ်တံခါးကို ကြည့်နေသည်။ ၎င်းက အစစ်အမှန်ဂိတ်တံခါး၏ ပုံရိပ်တစ်ခုသာ ဖြစ်သည်။

ဂိတ်တံခါးက လင်းယွမ်ကို သခင်အဖြစ် အသိအမှတ်ပြုထားသော်လည်း သူက အစစ်အမှန်ဂိတ်တံခါး၏ ဆင်းသက်လာမှုကို ခံနိုင်ရည်မရှိသေးပေ။

" ငါသာ အလွှာဆယ့်သုံးကို ရောက်သွားမယ်ဆိုရင် အစစ်အမှန်ဂိတ်တံခါးကို မခံနိုင်သေးရင်တောင် အနည်းဆုံးတော့ အစိတ်အပိုင်းအနည်းငယ်ကို ထိတွေ့နိုင်ပြီး လုပ်ဆောင်ချက်တွေကို ပိုပြီး စူးစမ်းနိုင်လိမ့်မယ်။ " အနန္တကမ္ဘာများ၏ ဂိတ်တံခါးက အလွှာဆယ့်သုံးထက် များစွာကျော်လွန်နေကြောင်း လင်းယွမ်က အတည်ပြုနိုင်ခဲ့သည်။

" စကြမယ်။ " လင်းယွမ်က သူ၏ အတွေးများကို စုစည်းလိုက်ပြီး ဂိတ်တံခါးပေါ်မှ ဒုတိယရင်းမြစ်ကမ္ဘာ၏ တည်နေရာကို အာရုံစိုက်လိုက်သည်။

လင်းယွမ်၏ စိတ်အသိက ဂိတ်တံခါးမှတစ်ဆင့် ဒိုင်မန်းရှင်းများကို ဖြတ်ကျော်ပြီး ဝေဝါးသော နယ်မြေတစ်ခုသို့ ရောက်ရှိသွားသည်။

" ဒီတစ်ခါ ဂိတ်တံခါးက သတိပေးချက်မရှိပါလား။ " လင်းယွမ်၏ စိတ်က တည်ငြိမ်သွားသည်။

ဂိတ်တံခါးနှ သတိပေးချက်မရှိသောကြောင့် ထိုရင်းမြစ်ကမ္ဘာက သူ့အတွက် စစ်မှန်သော ခြိမ်းခြောက်မှုမရှိကြောင်း ဖော်ပြနေသည်။ စစ်မှန်သော ခြိမ်းခြောက်မှုဆိုသည်မှာ အခြားသော ဒိုင်မန်းရှင်းများရှိ မူလခန္ဓာကိုယ်များကိုပါ ထိခိုက်စေနိုင်သည့် သက်ရောက်မှုများကို ဆိုလိုသည်။

လင်းယွမ်အတွက်မူ အခြားဒိုင်မန်းရှင်းများရှိ မူလခန္ဓာကိုယ်များကို မထိခိုက်သရွေ့ ထိုဒိုင်မန်းရှင်းရှိ သူ၏ ရုပ်ခန္ဓာပျက်စီးသွားလျှင်တောင် ပြဿနာမရှိပေ။ နောက်ဆုံးတွင် အစမှပြန်စရုံသာဖြစ်သည်။

All Chapters