ဂိုဏ်းချုပ်ကို တင်ပြခြင်း...
Vol. 72 Ch. 1015
" ထားလိုက်တော့..." လင်းယွမ်က ခဏစဉ်းစားပြီးနောက် အကြီးအကဲဖန်းကို ဆက်သွယ်လိုက်သည်။
" ဘာကိစ္စလဲ။ " အကြီးအကဲဖန်းက ပြန်ပေါ်လာပြီး လင်းယွမ်ကို ကြည့်လိုက်သည်။ " မင်း ပြန်ကောင်းသွားပြီပဲ။ ငါ့ကို ဘာလို့ရှာတာလဲ။ "
" အကြီအကဲဖန်း ကျွန်တော်မှာ ဂိုဏ်းချုပ်ကို တင်ပြရမယ့် အရေးကြီးကိစ္စတစ်ခုရှိလို့ပါ။ "
အကြီးအကဲဖန်းက စီနီယာအကိုလီ၏ ဘက်တော်သားမဟုတ်သည်မှာ သေချာသည်။ မဟုတ်လျှင် သူသတိရလာသည်နှင့် စီနီယာအကိုလီသိသွားပြီး ဤနေရာသို့ ရောက်နေလောက်ပြီဖြစ်သည်။ ထို့ကြောင့် အကြီအကဲဖန်းက ယုံကြည်၍ ရသည်။
" အရေးကြီးကိစ္စလား။ " အကြီးအကဲဖန်းက လင်းယွမ်ကို ကြည့်လိုက်သည်။ " ဘာကိစ္စလဲ။ "
" နတ်ဆိုးတွေနဲ့ ပက်သက်တဲ့ကိစ္စပါ။ " လင်းယွမ်က ပြောလိုက်သည်။ စီနီယာအကိုလီကို မယှဉ်နိုင်သောအခြေအနေတွင် သးက ချင်းယွမ်ဂိုဏ်းကိုသာ အားကိုးရပေလိမ့်မည်။
" နတ်ဆိုးတွေလား။ " အကြီးအကဲဖန်း၏ အမူအရာက လေးနက်သွားသည်။
လင်းယွမ်က နတ်ဆိုးတစ်ကောင်ကြောင့် ဒဏ်ရာရထားသူဖြစ်ရာ သူ၏ စကားမှာ အကြီးအကဲဖန်းအတွက် ယုံကြည်လောက်စရာဖြစ်သည်။
" အဲ့ဒါ တကယ် အရေးကြီးတဲ့ကိစ္စဆိုတာ သေချာလား။ သာမန်ကိစ္စတစ်ခုနဲ့ ဂိုဏ်းချုပ်ကို နှောက်ယှက်ရင် အပြစ်ပေးခံရလိမ့်မယ်။ " အကြီးအကဲဖန်းက သတိပေးလိုက်သည်။
အချိန်အများစုတွင် ချင်းယွမ်ဂိုဏ်းချုပ်ကြီးက နတ်ဆိုးများ၏ တိုက်ခိုက်မှုကို ခုခံနိုင်ရန်အတွက် တံခါးပိတ်ကျင့်ကြံနေလေ့ရှိသည်။
" သေချာပါတယ်။ " လင်းယွမ်က ပြန်ဖြေလိုက်သည်။
" ဒါဆို ငါနဲ့လိုက်ခဲ့။ " အကြီးအကဲဖန်းက လင်းယွမ်ကို ခေါ်သွားရန် ဆုံးဖြတ်လိုက်သည်။
" အကြီးအကဲဖန်း " လင်းယွမ်က ပြောလိုက်သည်။ " ဒီကိစ္စက အရမ်းအရေးကြီးပါတယ်။ ဘယ်သူ့ကိုမှ မသိစေချင်ပါဘူး။ "
" စိတ်ချပါ။ " အကြီးအကဲဖန်းက လင်းယွမ်ကို ကြည့်လိုက်သည်။ " ဘာက အရေးကြီးလဲဆိုတာ ငါသိပါတယ်။ "
လင်းယွမ်၏ ကိစ္စက အမှန်တကယ် အရေးကြီးသည်ဖြစ်စေ အရေးမကြီးသည်ဖြစ်စေ အကြီးအကဲဖန်းက မည်သည့်စကားမှပေါက်ကြားစေမည်မဟုတ်ပေ။
" ငါနောက်လိုက်ခဲ့။ " အကြီးအကဲဖန်းက ပြောလိုက်သည်။
အချိန်လေဟာနယ်က ပြောင်းလဲသွားပြီး ခဏအတွင်း သူတို့က ကြီးမားသော ခန်းမကြီးတစ်ခုသို့ ရောက်သွားခဲ့သည်။ ခန်းမ၏ အထက်တွင် အစိမ်းရောင်ဝတ်ရုံနှင့် သက်လတ်ပိုင်းလူတစ်ယောက် ထိုင်နေသည်။ သူက မျက်လုံးများဖွင့်ပြီး အကြီးအကဲဖန်းနှင့် လင်းယွမ်ကို ကြည့်လိုက်သည်။
" ဂိုဏ်းချုပ် " အကြီးအကဲဖန်းက အသာအယာဦးညွှတ်လိုက်ပြီး လင်းယွမ်၏ အခြေအနေကို တင်ပြလိုက်သည်။
" ဘာကိစ္စလဲ။ " ချင်းယွမ်ဂိုဏ်းချုပ်က လင်းယွမ်ကို ကြည့်ပြီး တည်ငြိမ်စွာ မေးလိုက်သည်။
" ဂိုဏ်းချုပ် " လင်းယွမ်က အကြီးအကဲဖန်းကို တစ်ချက်ကြည့်လိုက်သည်။
" ငါအရင်ထွက်သွားလိုက်မယ်။ " အကြီးအကဲဖန်းက အနည်းငယ် တွေဝေသွားသော်လည်း ချက်ချင်း လှည့်ထွက်သွားခဲ့သည်။ ခဏအတွင်း လင်းယွမ်နှင့် ချင်းယွမ်ဂိုဏ်းချုပ်တို့သာ ကျန်နေခဲ့သည်။
" ပြောပါ ဘာကိစ္စလဲ။ " ဂိုဏ်းချုပ်က ပြောလိုက်သည်။
" စီနီယာအကိုလီက နတ်ဆိုးအဖြစ် ပြောင်းလဲသွားပါပြီ။ " လင်းယွမ်က တိုက်ရိုက် ပြောလိုက်သည်။
" ချင်းအာက နတ်ဆိုးဝါးမြိုတာကို ခံလိုက်ရတာလား။ " ချင်းယွမ်ဂိုဏ်းချုပ်က ထရပ်လိုက်ပြီး မျက်မှောင်ကြုတ်သွားသည်။
" ဒါကို မင်းဘယ်လိုလုပ်သိတာလဲ။ " ဂိုဏ်းချုပ်က မျက်မှောင်ကြုတ်ပြီး မေးလိုက်သည်။ ပတ်ဝန်းကျင်မှ အချိန်လေဟာနယ်ကလည်း သိမ်မွေ့စွာ ပြောင်းလဲသွားသည်။
ချင်းယွမ်ဂိုဏ်း၏ တပည့် လီချင်းက အနာဂတ်ဂိုဏ်းချုပ်အဖြစ် လေ့ကျင့်ပေးခြင်းခံရသူဖြစ်သည်။ လင်းယွမ်က စီနီယာအကိုလီမှာ နတ်ဆိုးလမ်းစဉ်သို့ ကျရောက်သွားသည်ကို တိုက်ရိုက်ပြောဆိုလိုက်သောအခါ ဂိုဏ်းချုပ်က မယုံကြည်နိုင်ဖြစ်သွားခဲ့သည်။
" ကျွန်တော် နတ်ဆိုးစွမ်းအားရဲ့ တိုက်ခိုက်မှုကို ခံခဲ့ရတာက စီနီယာအကိုလီ နတ်ဆိုးစွမ်းအားတွေ စုပ်ယူနေတာကို မြင်တွေ့ခဲ့ရလို့ပါ။ " လင်းယွမ်က ဂိုဏ်းချုပ်ကို ကြည့်ပြီး ရှင်းပြလိုက်သည်။
ဂိုဏ်းချုပ်က ဘာမှမပြောဘဲ လင်းယွမ်ကို စိုက်ကြည့်နေသည်။
" ဂိုဏ်းချုပ် ကျွန်တော်စကား မမှန်ခဲ့ရင် ကြိုက်တဲ့အပြစ် ပေးလို့ရပါတယ်။ " လင်းယွမ်က ပြောလိုက်သည်။
ယွီချင်းခန်းမ။
ထိုခန်းမက ဂိုဏ်းချုပ်၏ ခန်းမပြီးလျှင် အကြီးဆုံးဖြစ်ပြီး စီနီယာအကိုကြီး၏ ခန်းမဖြစ်သည်။ ထိုအချိန်တွင် ခန်းမအတွင်း၌ လီချင်းက ခြေချိတ်ထိုင်နေသည်။
" ချင်းယွမ်ဂိုဏ်းရဲ့ အမွေအနှစ်ကို ထိန်းသိမ်းဖို့အတွက် ငါနတ်ဆိုးစွမ်းအားကို အသုံးချရမယ်။ " လီချင်းက တွေးလိုက်သည်။
ဂိုဏ်း၏ စီနီယာအကိုကြီးတစ်ယောက်အနေဖြင့် သူက ဂိုဏ်း၏ အမွေအနှစ်ကို ဆက်လက်တည်တံ့စေရန် အခြားသူများထက် ပိုမိုလိုလားသူဖြစ်သည်။သို့သော် ကမ္ဘာပေါ်တွင် နတ်ဆိုးများ ပိုမိုများပြားလာပြီး ရိုးရာကျင့်ကြံသူများအတွက် ခုခံရန် ပို၍ ခက်ခဲလာသည်။
ယခင် မဟာနတ်ဆိုး၏ တိုက်ခိုက်မှုကြောင့် ချင်းယွမ်တောင်၏ အခြေခံအုတ်မြစ်မှာ ကုန်ခမ်းလုနီးပါး ဖြစ်ခဲ့ရသည်။ လီချင်းက နတ်ဆိုးလမ်းစဉ်သို့ ဝင်ရောက်ခြင်း၏ အန္တရာယ်ကို ကောင်းစွာသိသော်ဘည်း ၎င်းမှာ စွမ်းအားကို အမြန်ဆုံးမြှင့်တင်နိုင်မည့် တစ်ခုတည်းသော နည်းလမ်းဖြစ်ကြောင်း သေချာသည်။
" ဟင် " ထိုအချိန်တွင် ယွီချင်းခန်းမ၏ အစီအရင်မှ အချိန်လေဟာနယ်က ရုတ်တရက် ပြောင်းလဲသွားပြီး အလွန်ကြီးမားသော စွမ်းအားက ဆင်းသက်လာပြီး သူ့ကို ဖိနှိပ်လာသည်။
" မကောင်းတော့ဘူး။ " လီချင်း၏ အမူအရာက ပြောင်းလဲသွားပြီး အပြင်သို့ ပြေးထွက်ရန် ကြိုးစားလိုက်သော်လည်း အစီအရင်၏ စွမ်းအားများက သူ့ကို တင်းကျပ်စွာ ချုပ်နှောင်သွားသည်။
" ဆရာလား။ " လီချင်းက မယုံကြည်နိုင်ဖြစ်သွားသည်။ ချင်းယွမ်ဂိုဏ်း၏ အစီအရင်တစ်ခုလုံးကို ထိန်းချုပ်နိုင်သူမှာ သူ၏ ဆရာဖြစ်သော ဂိုဏ်းချုပ်တစ်ယောက်တည်းသာ ရှိသည်။
အချိန်လေဟာနယ်က ပြောင်းလဲသွားပြီး လီချင်းက ခန်းမအပြင်ဘက်သို့ ချက်ချင်း ပြောင်းလဲသွားသည်။ ကောင်းကင်ထက်တွင် ရပ်နေသော ဂိုဏ်းချုပ်နှင့် သူ၏ ဘေးမှ လင်းယွမ်တို့ကို မြင်လိုက်ရသည်။
" မင်း မသေသေးဘူးလား။ " လင်းယွမ်က နတ်ဆိုးစွမ်းအား၏ တိုက်စားမှုမှ လွတ်မြောက်လာခဲ့သည်ကို သိလိုက်ရသဖြင့် လီချင်းက မယုံကြည်နိုင်ဖြစ်သွားသည်။
" ချင်းအာ မခုခံနဲ့။ " ဂိုဏ်းချုပ်က လီချင်းကို ကြည့်ပြီး ပြောလိုက်သည်။ " မင်းမှာ နတ်ဆိုးတွေနဲ့ ဘာပက်သက်မှုမှ မရှိဘူးဆိုတာ ငါအတည်ပြုရမယ်။ "
သူ၏ တပည့်က နတ်ဆိုးလမ်းစဉ်သို့ ကျဆင်းသွားမည်ဟု သူမယုံကြည်သော်လည်း ထိုသို့သော ကိစ္စများက အဆိုးဆုံးအခြေအနေကို ထည့်သွင်းစဉ်းစားရမည်ဖြစ်သည်။ သူ့ကို သေချာစစ်ဆေးလိုက်ခြင်းက မကောင်းသည့်ကိစ္စမဟုတ်ပေ။
" ဆရာ..." လီချင်းက ဂိုဏ်းချုပ်ကို ကြည့်လိုက်သည်။ " ကျွန်တော် တကယ်ပဲ နတ်ဆိုးလမ်းစဉ်ကို ကျဆင်းသွားပါပြီ။ "
လင်းယွမ်ကို မြင်လိုက်ရသည့်အချိန်တွင် သူ၏ လျို့ဝှက်ချက်ကို ဆက်လက်၍ ဖုံးကွယ်မရတော့ကြောင့် နားလည်လိုက်သည်။ ထိုမျှကြီးမားသော ကိစ္စတွင် မည်သူကပင်ဖြစ်စေ ဂိုဏ်းချုပ်အနေဖြင့် အတည်ပြုရန် လိုအပ်သည်။
" ချင်းအာ... မင်း " ဂိုဏ်းချုပ်က ဝမ်းနည်းမှုများဖြင့် ခေါင်းခါလိုက်သည်။ " မိစ္ဆာလမ်းစဉ်ထဲကို ကျဆင်းသွားတာ ဘာကိုဆိုလိုတယ်ဆိုတာ မင်းမသိဘူးလား။ "
" ဆရာ ကျွန်တော်သိပါတယ်။ " လီချင်းက ခေါင်းညိမ့်လိုက်သည်။ " ဒါပေမယ့် ကျွန်တော် နတ်ဆိုးလမ်းစဉ်ထဲကို မဝင်ရင် နောက်ထပ်လာမယ့် မဟာနတ်ဆိုးရဲ့ တိုက်ခိုက်မှုကို ကျွန်တော်တို့ဂိုဏ်းက ဘယ်လောက်ကြာကြာ ခုခံနိုင်မှာလဲ။ "
" ဆရာသိတဲ့အတိုင်းပဲ။ အခုရှိနေတဲ့ ဂိုဏ်းရဲ့ အခြေခံအုတ်မြစ်နဲ့ဆိုရင် နောက်တစ်ကြိမ် တိုက်ခိုက်မှုကို ခုခံနိုင်ရင်တောင် နောက်ထပ်တိုက်ခိုက်မှုတွေလာရင်ရော။ နတ်ဆိုးလမ်းစဉ်ကို မသုံးရင် ချင်းယွမ်ဂိုဏ်းက တစ်နေ့ နတ်ဆိုးတွေလက်ထဲမှာ ပျက်စီးသွားမှာပဲ။ ဒါပေမယ့် နတ်ဆိုးလမ်းစဉ်ကို သုံးမယ်ဆိုရင်တော့ ဂိုဏ်းအတွက် ရှင်သန်နိုင်မယ့် အခွင့်အရေး နည်းနည်း ရှိလာနိုင်တယ်။ "
" နတ်ဆိုးလမ်းစဉ်ထဲကို ကျဆင်းသွားတာက ဒီကမ္ဘာအတွက် နောက်ထပ် အစွမ်းထက်တဲ့ နတ်ဆိုးတစ်ကောင်ကို ထပ်တိုးပေးလိုက်ရုံပဲရှိလိမ့်မယ်။ " ဂိုဏ်ချုပ်က ခေါင်းခါပြီး ပြောလိုက်သည်။
" ဆရာ ကျွန်တော်ကို ယုံကြည်ပေးပါ။ ကျွန်တော် နတ်ဆိုးစွမ်းအားရဲ့ လွှမ်းမိုးမှုကို သေချာပေါက် ခုခံနိုင်ပါလိမ့်မယ်။ " လီချင်းက ပြောလိုက်သည်။
" လီချင်း မင်းက နတ်ဆိုးစွမ်းအားရဲ့ လွှမ်းမိုးမှုကို ခံနေရပြီ။ " ဂိုဏ်းချုပ်၏ မျက်လုံးများထဲတွင် စိတ်ပျက်မှုများ ပြည့်နှက်သွားပြီး သူ၏ လက်ကို ဝှေ့ရမ်းလိုက်သည်။
ဝုန်း....
ကြီးမားသော အချိန်လေဟာနယ်စွမ်းအားက လီချင်းထံသို့ ဖိနှိပ်ကျဆင်းလာသည်။ ၎င်းက ချင်းယွမ်ဂိုဏ်းမှ ကာကွယ်ရေးအစီအရင်၏ စွမ်းအားဖြစ်ပြီး ဖရိုဖရဲအဆင့် အထွတ်အထိပ်သို့ပင် နီးကပ်နေသည်။
" ဆရာ ကျွန်တော်ကို မယုံဘူးဆိုရင် မယုံဘူးပေါ့။ " လီချင်း၏ မျက်လုံးများတွင် အနက်ရောင် နတ်ဆိုးစွမ်းအားများ ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်မှ စွမ်းအားများကို တိုက်စားရန် ကြိုးစားလိုက်သည်။
သို့သော် လီချင်းက ဂိုဏ်း၏ အစီအရင်ကို ယှဉ်နိုင်စွမ်းမရှိဘဲ ခဏအတွင်း အစအနမကျန် ပျောက်ကွယ်သွားခဲ့သည်။ ချင်းယွမ်ဂိုဏ်း၏ စီနီယာအကိုကြီး ဖရိုဖရဲအဆင့်သို့ တက်လှမ်းရန် အလားအလာအရှိဆုံး တပည့်တစ်ယောက်က ထိုသို့ဖြင့် သေဆုံးသွားခဲ့သည်။
လင်းယွမ်က ဂိုဏ်းချုပ်ဘေးတွင် ရပ်ကာ ထိုမြင်ကွင်းကို တိတ်ဆိတ်စွာ ကြည့်နေခဲ့သည်။ လီချင်း၏ စကားများမှာ အမှန်ပင်ဖြစ်သည်။ သူက ဂိုဏ်းကို ကယ်တင်ရန်အတွက် နတ်ဆိုးလမ်းစဉ်ကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ မဟုတ်လျှင် လီချင်း၏ အနာဂတ်ဂိုဏ်းချုပ်ဖြစ်သော အဆင့်အတန်းအရ တစ်နေ့တွင် ဂိုဏ်းက နတ်ဆိုးများ၏ လက်ထဲတွင် ပျက်စီးသွားလျှင်တောင် သူကိုယ်တိုင်က လွယ်ကူစွာ ထွက်ပြေးလွတ်မြောက်နိုင်သည်။
" ဒီကမ္ဘာကတော့..." လင်းယွမ်က သက်ရှိများ၏ မျှော်လင့်ချက်မဲ့မှုများကို နက်ရှိုင်းစွာ ခံစားလိုက်ရသည်။