မဟာနတ်ဆိုး၏ တိုက်ခိုက်မှု...
Vol. 72 Ch. 1018
" ဒီရင်းမြစ်ကမ္ဘာက ခန္ဓာကိုယ်နဲ့ဆိုရင် နောက်ဆုံးမှာ ဘယ်လိုရုပ်ခန္ဓာနတ်စွမ်းရည်မျိုး နိုးထလာမလဲမသိဘူး။ " လင်းယွမ်က မျှော်လင့်ချက်များဖြင့် တွေးလိုက်သည်။
ပထမရင်းမြစ်ကမ္ဘာရှိ မူလခန္ဓာကိုယ်မှာ အလားအလာ သိပ်မမြင့်ခဲ့ပေ။ ဘိုးဘေးသွေးမျိုးဆက်ကလည်း တော်ဝင်မျိုးနွယ်ဟု သတ်မှတ်ရန် များစွာလိုနေခဲ့သည်။ ထိုခန္ဓာကိုယ်က ထိုမျှအထိ သန်မာနေခြင်းမှာ သူ၏ ကိုယ်ပိုင်ကျင့်ကြံမှုကြောင့်ဖြစ်သည်။
သို့သော် ဤရင်းမြစ်ကမ္ဘာတွင် လင်းယွမ်ဝင်ရောက်လာသော ခန္ဓာကိုယ်က အလွှာဆယ့်သုံး အချိန်သက်ရှိ၏ တိုက်ရိုက်မျိုးဆက်ဟုပင် သတ်မှတ်နိုင်သည်။ ရှေးဟောင်းနိုင်ငံခြောက်ခုနွင် ၎င်းက အစွမ်းထက်ဆုံး သွေးမျိုးဆက်ဖြစ်ပြီး တော်ဝင်မိသားစုများကိုပင် ကျော်လွန်နေသည်။
လင်းယွမ်က ချင်းယွမ်ကျမ်းစာတိုက်သို့ ရောက်ရှိပြီး ဒုတိယမြောက်နှစ်တွင် သူ၏ သူ၏ ခန္ဓာကိုယ်က သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်သို့ ကူးပြောင်းသွားခဲ့ပြီဖြစ်သည်။ ထို့နောက်တွင် သွေးမျိုးဆက်အတွင်းရှိ အခြေခံစွမ်းအားများကို စတင်ကျင့်ကြံပြီး ရုပ်ခန္ဓာနတ်စွမ်းရည်ကို ပျိုးထောင်လာခဲ့သည်။
" ဒီစွမ်းရည်ဖြစ်ပေါ်လာဖို့ အနည်းဆုံး မှစ်ပေါင်းတစ်သောင်းကျော်လောက် ကြာဦးမယ်။ " ယခင်အတွေ့အကြုံများအရ လင်းယွမ်က သူ၏ စိတ်ထဲတွင် သေချာသိနေခဲ့သည်။
ရုပ်ခန္ဓာနတ်စွမ်းရည်ကို နိုးထသည့် အချိန်ကြာလေ ၎င်း၏ အလားအလာနှင့် စွမ်းအားက ပိုမိုကြီးမားလေဖြစ်သည်။ လင်းယွမ်က မျှော်လင့်ချက်များနှင့် ရင်ခုန်နေမိသည်။
" ဒီရင်းမြစ်ကမ္ဘာမှာ ဘာတွေများဖြစ်ခဲ့တာလဲ။ ကမ္ဘာကြီးရဲ့ အသွင်ပြောင်းလဲမှုဆိုတာကရော ဘာလဲ။ ပြီးတော့ ကမ္ဘာကြီးအသွင်ပြောင်းပြီးနောက်မှာ သက်ရှိတွေရဲ့ ရုပ်ခန္ဓာက ဘာလို့ ဒီလောက်ကြောက်စရာကောင်းအောင် တိုးတက်လာရတာလဲ။ " လင်းယွမ်က ထိုထူးဆန်းသော အချက်ကို စဉ်းစားမိနေသည်။
ရုပ်ခန္ဓာ၏ အလားအလာကို မြှင့်တင်ရန် လင်းယွမ်အတွက် မခက်ခဲပေ။ သို့သော် ရင်းမြစ်ကမ္ဘာတစ်ခုလုံးရှိ မရေတွက်နိုင်သော သက်ရှိများ၏ ခန္ဓာကိုယ်အလားအလာကို တစ်ပြိုင်နက်မြှင့်တင်ပေးရန်မှာ အလွှာဆယ့်သုံး အချိန်သက်ရှိများအတွက်ပင် ကောင်းကင်ကိုတက်သကဲ့သို့ ခက်ခဲလှသည်။
ထို့အပြင် ကမ္ဘာကြီး အသွင်မပြောင်းခင်နှင့် ပြောင်းပြီးနောက် ခန္ဓာကိုယ်အလားအလာ၏ ကွာခြားချက်က အလွန်ကြီးမားလှသည်။
" ဒါတွေကို အခုအချိန်မှာ စဉ်းစားနေလို့ အဓိပ္ပါယ်မရှိဘူး။ " လင်းယွမ်က သူ၏ အတွေးများကို စုစည်းလိုက်သည်ူယ သူ၏ စွမ်းအားများမှာ အပြည့်အဝ မရရှိသေးပေ။
ယခုအချိန်တွင် ဤရင်းမြစ်ကမ္ဘာ၏ အမှန်တရားကို သိရှိသွားလျှင်တောင် ထူးခြားမှုရှိမည်မဟုတ်ပေ။ သူ၏ အစွမ်းထက်ဆုံး အခြေအနေသို့ ရောက်သွားသည်နှင့် လျို့ဝှက်ချက်များမှာ အလိုအလျောက် ရှင်းလင်းသွားပေလိမ့်မည်။
နာမည် - ချန်ထုန်
အဆင့်အတန်း - အနန္တကမ္ဘာများ၏ ဂိတ်တံခါး အရှင်သခင်
စွမ်းရည် - ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်း
ရုပ်ခန္ဓာနတ်စွမ်းရည် - သွေးပြန်လည်မွေးဖွားခြင်း၊ လီယန်နေမင်းဖွင်လှစ်ခြင်း။
လက်ရှိအခြေအနေ - စိတ်အသိဆင်းသက်ခြင်း
နေထိုင်ချိန် - အကန့်အသတ်မရှိ
" အချိန်အကန့်အသတ်မရှိတော့ ငါ့အတွက် အချိန်အများကြီး ရှိပါသေးတယ်။ " လင်းယွမ်က တွေးလိုက်သည်။
လင်းယွမ်က ချင်းယွမ်ကျမ်းစာတိုက်သို့ ရောက်ရှိသည်မှာ လေးနှစ်မြောက်သို့ ရောက်ရှိလာပြီဖြစ်သည်။ ထိုအချိန်တွင် ချင်းယွမ်တောင်တစ်ခုလုံးမှာ စတင်တုန်ခါလာသည်။ ချင်းယွမ်တောင်က ချင်းယွမ်ဂိုဏ်း၏ အခြေစိုက်ရာနေရာဖြစ်သည်။
မျိုးဆက်ပေါင်းများစွာမှ အင်အားကြီးသူများ၏ သန့်စင်မှုကြောင့် ချင်းယွမ်တောင်က အလွန်အစွမ်းထက်သော လက်နက်တစ်ခု ဖြစ်နေပြီဖြစ်သည်။
" နတ်ဆိုးတွေက တောင်ကို တိုက်ခိုက်နေပြီ။ " တပည့်များစွာက စိတ်ထဲတွင် တုန်လှုပ်သွားကြသည်။
နတ်ဆိုးများကို အဆင့်လေးဆင့် ခွဲခြားထားပြီး နတ်ဆိုးနတ်ဘုရားများကို စဉ်းစားစရာမလိုပေ။ သူတို့က အစောပိုင်းတွင်သာ ပေါ်လာခဲ့ပြီး နောက်ပိုင်းတွင် လုံးဝ ပေါ်မလာတော့ပေ။
မူလနတ်ဆိုးများက အလွန်ရှားပါးသည်။ ပေါ်လာလျှင်တောင် အင်အားကြီးသော ဂိုဏ်းများကိုသာ တိုက်ခိုက်လေ့ရှိသည်။ ယခုအချိန်တွင် ချင်းယွမ်ဂိုဏ်းအတွက် အကြီးမားဆုံး အန္တရာယ်မှာ မဟာနတ်ဆိုးများပင် ဖြစ်သည်။
မဟာနတ်ဆိုးများပင် ကိုယ်ပိုင်အသိဉာဏ်များမရှိကြဘဲ ဖုတ်ကောင်များသဖွယ် လှည့်လည်သွားလာနေကြခြင်းဖြစ်သည်။ အကယ်၍ လှည့်လည်သွားလာနေသော မဟာနတ်ဆိုးတစ်ကောင်က ချင်းယွမ်ဂိုဏ်း၏ ထူးခြားမှုကို တွေ့ရှိသွားလျှင် တိုက်ခိုက်ရန် ကြိုးစားပေလိမ့်မည်။
ချင်းယွမ်ဂိုဏ်းက အစီအရင်ဖြင့် ဖုံးကွယ်ထားသောကြောင့် သာမန်နတ်ဆိုးများ မသိနိုင်ကြပေ။ သို့သော် မဟာနတ်ဆိုးများက အနီးသို့ ရောက်ရှိလာလျှင် တစ်စုံတစ်ခု ထူးခြားနေသည်ကို အာရုံခံနိုင်ကြသည်။
အကယ်၍ အချိန်အတန်ကြာ တိုက်ခိုက်ပြီး ထူးခြားမှုမရှိလျှင် မဟာနတ်ဆိုးက အလိုအလျောက် ပြန်လည်ထွက်ခွာသွားမည်ဖြစ်သည်။ ၎င်းမှာ မဟာနတ်ဆိုးကို အောင်မြင်စွာ ခုခံနိုင်ခြင်းပင် ဖြစ်သည်။
မဟာနတ်ဆိုးတိုက်ခိုက်နေချိန်အတွင်း ချင်းယွမ်ဂိုဏ်းက တန်ပြန်တိုက်ခိုက်မှုကို မပြုလုပ်သင့်ပေ။ မဟုတ်လျှင် မဟာနတ်ဆိုးကို ပိုမိုဆွဲဆောင်သကဲ့သို့ ဖြစ်သွားပေလိမ့်မည်။
" မဟာနတ်ဆိုးလား။ " လင်းယွမ်က ကျမ်းစာတိုက်၏ ရှေ့တွင်ရပ်ပြီး အပြင်ဘက်ရှိ ကြီးမားသော အရိပ်ကြီးကို လှမ်းကြည့်လိုက်သည်။
ထိုအရိပ်ကြီးက အဆုံးမရှိသော နတ်ဆိုးစွမ်းအားများ ဝန်းရံထားပြီး စွမ်းအားများစွာကို စုစည်းကာ ချင်းယွမ်တောင်ကို အဆက်မပြတ် တိုက်ခိုက်နေခဲ့သည်။ ချင်းယွမ်တောင်ကြီး တုန်ခါနေရခြင်းမှာ ထိုကြောက်စရာကောင်းသော နတ်ဆိုးစွမ်းအားများနှင့် တိုက်မိနေသောကြောင့်ဖြစ်သည်။
" ဒီမဟာနတ်ဆိုးရဲ့ တိုက်ခိုက်မှုတိုင်းက ဖရိုဖရဲအဆင့် အထွတ်အထိပ်မှာ ရှိနေတာပဲ။ တကယ်ကို ကိုင်တွယ်ရခက်မယ့်အရာပဲ။ " လင်းယွမ်က သေချာစောင့်ကြည့်နေခဲ့သည်။ ပို၍ အရေးကြီးသည်မှာ မဟာနတ်ဆိုးက အင်မော်တယ်နီးပါး ဖြစ်နေခြင်းပင်ဖြစ်သည်။
ဆိုလိုသည်မှာ အင်အားကြီးသူတစ်ယောက်က လှုပ်ရှားလျှင်တောင် မဟာနတ်ဆိုးကို နှိမ်နင်းနိုင်ရုံသာဖြစ်ပြီး အပြီးတိုင်သတ်ပစ်ရန် မဖြစ်နိုင်ပေ။ မဟာနတ်ဆိုး၏ ခန္ဓာကိုယ်ပျက်စီးသွားလျှင်တောင် အခြားတစ်နေရာတွင် ပြန်လည်စုစည်းကာ ပေါ်လာဦးမည်ဖြစ်သည်။
နတ်ဆိုးတစ်ကောင်ကို အမြစ်ပြတ် ချေမှုန်းရန် တစ်ခုတည်းသော နည်းလမ်းမှာ မိမိကိုယ်တိုင် နတ်ဆိုးဖြစ်လာပြီး ထိုနတ်ဆိုးကို ပြန်လည်ဝါးမြိုခြင်းဖြစ်သည်။ နတ်ဆိုးအဖြစ် ပြောင်းလဲသူများက တစ်ယောက်ပြီး တစ်ယောက် ထွက်ပေါ်လာခြင်းမှာလည်း ထိုအကြောင်းရင်းကြောင့်ပင်ဖြစ်သည်။
မီးလျှံများနှင့် ချင်းယွမ်တောင်ကြီးမှာ တုန်ခါနေခဲ့သည်။ အပြင်ဘက်ရှိ နတ်ဆိုး၏ အမြင်တွင်မူ ချင်းယွမ်တောင်က သာမန်တောင်တစ်ခုသာ ဖြစ်ပြီး ခဏကြာ တိုက်ခိုက်ပြီးနောက် ထူးခြားမှုမရှိသဖြင့် ထွက်ခွာသွားခဲ့သည်။
" မဟာနတ်ဆိုး ထွက်သွားပြီ။ ငါတို့ တောင့်ခံနိုင်ခဲ့ပြီ။ " တပည့်များစွာက စိတ်ထဲတွင် သက်ပြင်းချနိုင်ခဲ့သည်။ မဟာနတ်ဆိုးတစ်ကောင် တောင်ကို တိုက်ခိုက်ခြင်းက အချိန်တိုင်း ချင်းယွမ်ဂိုဏ်းက ပျက်စီးမည့် အန္တရာယ်နှင့် ရင်ဆိုင်ရလေ့ရှိသည်။
" တကယ် အသိဉာဏ်မရှိတဲ့ပုံပဲ။ " လင်းယွမ်က မဟာနတ်ဆိုး ထွက်သွားသည်ကို ကြည့်ပြီး စိတ်ထဲမှ တွေးလိုက်သည်။
" ထူးခြားမှုတစ်ခုခုမရှိဘူးဆိုရင် ချင်းယွမ်ဂိုဏ်းက ဒီလိုတိုက်ခိုက်မှုမျိုး နောက်ထပ်အများကြီး တောင့်ခံနိုင်တော့မှာ မဟုတ်ဘူး။ " လင်းယွမ်က မဟာနတ်ဆိုး တိုက်ခိုက်ချိန်တွင် ထွက်ပေါ်လာသော ချင်းယွမ်ဂိုဏ်း၏ အားနည်းချက်ကို သတိပြုမိလိုက်သည်။
" အခု ကမ္ဘာငယ် ဆယ့်နှစ်ခုကို ဖန်တီးပြီးပြီ။ ဒီကမ္ဘာငယ်လေးတွေကို ထိန်းသိမ်းဖို့ ငါ ဘာမှအားစိုက်စရာမလိုဘူး။ မှော်စာလုံးတွေကို အခြေခံအဖြစ် အသုံးပြုထားရုံပဲ။ "
ကမ္ဘာငယ် ဆယ့်နှစ်ခုကို အောင်မြင်စွာ တည်ဆောက်နိုင်ခြင်းက လင်းယွမ်အတွက် ထိုလမ်းစဉ်အတိုင်း ဆက်သွားနိုင်ကြောင်း သက်သေပြနေသည်။ ကမ္ဘာငယ်ဆယ့်နှစ်ခုကို ဖန်တီးနိုင်လျှင် အမှုန်ကမ္ဘာငယ်များစွာကိုလည်း တည်ဆောက်နိုင်ပေလိမ့်မည်။
သို့သော် နောက်ထပ် ပြဿနာတစ်ခုကလည်း ပေါ်လာသည်။ ၎င်းမှာ အရင်းအမြစ်ပြဿနာပင်ဖြစ်သည်။ ကမ္ဘာများကို တည်ဆောက်ခြင်းက အလိုအလျောက် ပေါ်လာခြင်းမဟုတ်ပေ။ ၎င်းအတွက် ထောက်ပံ့ပေးမည့် အရင်းအမြစ်များစွာကို လိုအပ်သည်။
" ချင်းယွမ်ဂိုဏ်း " လင်းယွမ်က သူ၏ ဂိုဏ်းကို စဉ်းစားလိုက်သည်။
ကမ္ဘာကြီးအသွင်မပြောင်းခင်က ချင်းယွမ်ဂိုဏ်းက အင်အားကြီးဂိုဏ်းတစ်ခု ဖြစ်သောကြောင့် ချင်းယွမ်ဂိုဏ်းမှာ ယခင်ထက် အားနည်းသွားသော်လည်း အခြေခံအုတ်မြစ်မှာ ခိုင်မာနေဆဲ ဖြစ်သည်။ အကယ်၍ လင်းယွမ်က ချင်းယွမ်ဂိုဏ်းမှ အရင်းအမြစ် အားလုံးကို ရရှိခဲ့လျှင် ကမ္ဘာငယ်လေးများ တည်ဆောက်ရန် အချိန်အတော်ကြာ ထောက်ပံ့ပေးနိုင်ပေလိမ့်မည်။
သို့သော် ၎င်းက ယာယီဖြေရှင်းချက်တစ်ခုသာဖြစ်ပြီး အခြေခံကျသော ဖြေရှင်းချက်မဟုတ်ပေ။ မည်သို့ပင်ဖြစ်စေ ချင်းယွမ်ဂိုဏ်းက မူလခန္ဓာကိုယ်ပိုင်ရှင်၏ ဂိုဏ်းဖြစ်သောကြောင့် လင်းယွမ်က အများကြီးရယူလိုခြင်း မရှိပေ။
" အရင်းအမြစ်အများကြီးကို ရနိုင်မယ့် နည်းလမ်းတစ်ခု လိုအပ်တယ်။ " လင်းယွမ်က တွေးလိုက်သည်။
ဤရင်းမြစ်ကမ္ဘာ၏ အလယ်ပိုင်းက နတ်ဆိုးစွမ်းအားအထူထပ်ဆုံးဖြစ်ပြီး မူလနတ်ဆိုးများလည်း ရှိနေတတ်သည်။ သူ၏ စွမ်းအားများ အထွတ်အထိပ်သို့ ပြန်မရောက်မချင်း လင်းယွမ်က ထိုနေရာသို့ သွားရန် တွန့်ဆုတ်နေသည်။
" ဂိတ်တံခါး..." လင်းယွမ်က ပထမရင်းမြစ်ကမ္ဘာမှ အရင်းအမြစ်များအား ရယူနိုင်သည်ကို သတိရလိုက်သည်။
သို့သော် အနန္တကမ္ဘာများ၏ ဂိတ်တံခါးမှတစ်ဆင့် ပစ္စည်းများကို ပို့ဆောင်ရန်အတွက် ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအားများ လိုအပ်ခြင်းဖြစ်သည်။ လင်းယွမ်က ကမ္ဘာငယ်လေးများ တည်ဆောက်ရန်အတွက် အရင်းအမြစ်များစွာ လိုအပ်သည်။
" ထားလိုက်တော့ " လင်းယွမ်က ခေါင်းခါလိုက်သည်။ သူက ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအားများကို အလွန်တန်ဖိုးထားသည်။ ထိုမျှများပြားသော စွမ်းအားများကို အသုံးပြုမည့်အစား ပထမရင်းမြစ်ကမ္ဘာတွင် တိုက်ရိုက်ကျင့်ကြံခြင်းက ပိုကောင်းလေသည်။
" ကမ္ဘာငယ်လေးတွေ တည်ဆောက်ဖို့ အရင်းအမြစ်တွေကို ဒီကမ္ဘာမှာပဲ ရှာရမယ်။ " လင်းယွမ်က ချင်းယွမ်ဂိုဏ်း၏ အပြင်ဘက်သို့ ကြည့်လိုက်သည်။ ဤကမ္ဘာတွင် အပေါဆုံးမှာ နတ်ဆိုးစွမ်းအားဖြစ်သည်။