လင်းယွမ်နှင့် မူလနတ်ဆိုး...
Vol. 72 Ch. 1020
ဖရိုဖရဲဟင်းလင်းပြင်။
လင်းယွမ်က ဟင်းလင်းပြင်တစ်ခုတွင် ခြေချိတ်ထိုင်နေသည်။
" ဒီမှော်စာလုံးတွေက တကယ်ထိရောက်တာပဲ။ နိယာမတွေကို အလွယ်တကူ ပုံတူကူးနိုင်တော့ ကျင့်ကြံရတာ ပိုလွယ်သွားတာပေါ့။ "
လင်းယွမ်က ရင်းမြစ်ကမ္ဘာ၏ အသွင်မပြောင်းလဲခင်က အခြေအနေကို မမြင်ဖူးသော်လည်း မှော်စာလုံးများကို ကြည့်ခြင်းဖြင့် ထိုခေတ်က ကျင့်ကြံခြင်းလောကက အလွန်တောက်ပခဲ့ပေလိမ့်မည်။
" နှမြောစရာကောင်းတာက ချင်းယွမ်ဂိုဏ်းမှာရှိတဲ့ မှော်စာလုံးအမွေအနှစ်တွေကို ငါအကုန်နားလည်သွားပြီ။ "
ပိုမိုနက်နဲသော အမွေအနှစ်များကို လေ့လာရန်အတွက် ပို၍ အင်အားကြီးသော ဂိုဏ်းများကို ရှာဖွေရန် လိုအပ်လေသည်။ လင်းယွမ်က အနည်းငယ် ကူကယ်ရာမဲ့သလို ခံစားရသည်။ အင်အားကြီးဂိုဏ်းများကို ရှာဖွေရန်မှာ ခက်ခဲလှသည်။ ကမ္ဘာအလယ်ရှိ ဂိုဏ်းကြီးအချို့၏ တည်နေရာကို သူသိသော်လည်း သွားရန်မှာ အန္တရာယ်အလွန်များသည်။
ချင်းယွမ်ဂိုဏ်း၏ အဓိကခန်းမအတွင်း ဂိုဏ်းချုပ်နှင့် အကြီးအကဲများ စုဝေးနေကြသည်။
" လွန်ခဲ့တဲ့ နှစ်တစ်ထောင်အတွင်း ဒီနားက နတ်ဆိုးအရေအတွက်က သိသိသာသာ လျော့နည်းသွားတယ်။ " အကြီးအကဲတစ်ယောက်က ထူးဆန်းစွာ ပြောလိုက်သည်။ နတ်ဆိုးများစွာက အကြောင်းရင်းမရှိဘဲ ပျောက်ကွယ်သွားခြင်းဖြစ်သည်။
" နတ်ဆိုးတွေ နည်းသွားတာ ကောင်းတဲ့အရာမဟုတ်ဘူးလား။ " ဂိုဏ်းချုပ်က ပြောလိုက်သည်။ " နတ်ဆိုးတွေနည်းသွားတာက အကြောင်းရင်းနှစ်ခုရှိတယ်။ "
" ပထမတစ်ခုက ဒီနယ်မြေမှာ ပိုစွမ်းအားကြီးတဲ့ နတ်ဆိုးတစ်ကောင်ပေါ်လာလို့ ကျန်တဲ့နတ်ဆိုးတွေက ကြောက်ပြီး ဆုတ်ခွာသွားကြတာပဲ။ နောက်တစ်ခုက ဒီနယ်မြေက နတ်ဆိုးတွေက ဝါးမြိုခံလိုက်ရလို့ လျော့နည်းသွားတာပဲ။ "
အကြီးအကဲများ၏ အမူအရာများက ပြောင်းလဲသွားကြသည်။ နတ်ဆိုးများက ဝါးမြိုခံလိုက်ရတာလား။ နတ်ဆိုးများကို ဝါးမြိုနိုင်သူများမှာ နတ်ဆိုးလမ်းစဉ်သို့ ဝင်ရောက်သူများသာ ဖြစ်နိုင်သည်။
" နတ်ဆိုးလမ်းစဉ်ကိုဝင်သူလား။ ငါတို့ဂိုဏ်းမှာ နောက်ထပ် နတ်ဆိုးလမ်းစဉ်ကို ဝင်တဲ့သူ ရှိနေပြီလား။ " အကြီးအကဲတစ်ယောက်က ထိတ်လန့်စွာ မေးလိုက်သည်။
ထိုမျှများပြားသော နတ်ဆိုးများကိုဝါးမြိုနိုင်လျှင် လွတ်မြောက်ခြင်းအဆင့် သုံးဆင့်နှင့် သိပ်မဝေးတော့ပေ။ ပြင်ပနတ်ဆိုးများနှင့်ယှဉ်လျှင် ဂိုဏ်းအတွင်း၌ ပုန်းအောင်းနေသော နတ်ဆိုးများက ပိုဆိုးလေသည်။
" တကယ်တော့ ဘယ်ဖြစ်နိုင်ခြေကမှ ငါတို့အတွက် မကောင်းဘူး။ နတ်ဆိုးတွေနည်းသွားတဲ့အတွက် ဒီနေရာမှာ နတ်ဆိုးစွမ်းအားတွေ ပိုစုသွားပြီး အဝေးက ပိုအစွမ်းထက်တဲ့ နတ်ဆိုးတွေကို ဆွဲဆောင်သလို ဖြစ်သွားလိမ့်မယ်။ "
ရွှေရောင်မြူခိုးရတနာနယ်မြေ။
လင်းယွမ်က ရင်းမြစ်ကမ္ဘာ၏ မူလရင်းမြစ်လည်ပတ်ပုံကို လေ့လာနေသည်။ နှစ်ပေါင်းတစ်ထောင်ကုန်ဆုံးသွားခဲ့ပြီဖြစ်သော်လည်း လင်းယွမ်၏ လေ့လာနိုင်စွမ်းအပေါ် သက်ရောက်မှုမရှိးေပေ။
လင်းယွမ်၏ ရှေ့တွင် မှော်စာလုံးများ ရောယှက်နေပြီး မူလရင်းမြစ်ကို ပုံတူကူးယူရန် ကြိုးစားနေသည်။ ထိုခဏတွင် မှော်စာလုံးများက ပြိုကွဲသွားသည်။
" ကျရှုံးသွားတာလား။ " လင်းယွမ်က မျက်ခုံးများပင့်သွားသော်လည်း သိပ်မအံ့ဩပေ။
သီအိုရီအရ မှော်စာလုံးများက အရာအားလုံးကို ပုံတူကူးနိုင်သည်ဟု ဆိုသော်လည်း သီအိုရီနှင့် လက်တွေ့မှာ ကွာခြားနိုင်သည်။ လင်းယွမ်က အလွှာဆယ့်သုံးသို့ ရောက်ရှိပြီး အချိန်သက်ရှိမဖြစ်သရွေ့ ၎င်းကို ပုံတူကူးယူရန် မဖြစ်နိုင်သလောက်ပင်ဖြစ်သည်။
" ဒီရွှေရောင်မြူခိုးတွေကို ကမ္ဘာငယ်လေးတွေ ဖန်တီးဖို့ လိုအပ်တဲ့ အရင်းအမြစ်တွေနဲ့ လဲလှယ်လို့ရတယ်။ " လင်းယွမ်က အစီအစဉ်တစ်ခု ဆွဲလိုက်ပြီး ဖိအားမှာ သိသိသာသာ လျော့နည်းသွားသည်။
ချင်းယွမ်ဂိုဏ်း။
လင်းယွမ်က ကမ္ဘာငယ်လေးများကို ဖန်တီးနေစဉ် အခြားကျင့်ကြံခြင်းစနစ်များကိုလည်း လေ့လာနေခဲ့သည်။
" ကမ္ဘာအလယ်မှာရှိတဲ့ အင်အားကြီးဂိုဏ်းတွေရဲ့ အသန်မာဆုံး အမွေဆက်ခံသူတွေက လွတ်မြောက်ခြင်းအဆင့်သုံးဆင့်ကိုတောင် အနိုင်ယူနိုင်စွမ်းရှိတယ်လို့ ပြောကြတယ်။ "
လွန်ခဲ့သော နှစ်ပေါင်းတစ်ထောင်ကတည်းက လင်းယွမ်၏ တိုက်ခိုက်ရေးစွမ်းအားမှာ ချောက်နက်နဂါးကို ကျော်လွန်ခဲ့ပြီဖြစ်သည်။
" အမှုန်ကမ္ဘာတွေကို တည်ဆောက်ပြီးရင် အပြင်ထွက်ကြည့်ရမယ်။ "
ချင်းယွမ်ဂိုဏ်းနှင့် ဝေးကွာသော နေရာတွင် အလွန်ကြီးမားသော နတ်ဆိုးကြီးတစ်ကောင် လျှောက်လှမ်းနေသည်။ ၎င်း၏ နက်မှောင်သော တောင်ပံတစ်စုံမှာ မိုင်ပေါင်းဘီလီယံနှင့်ချီ၍ ရှည်လျားလှသည်။
ထိုမိစ္ဆာကြီး လျှောက်လှမ်းလာချိန်တွင် မရေတွက်နိုင်သော နတ်ဆိုးများက မူလနတ်ဆိုးဟူ၍ အော်ဟစ်နေကြသည်။ ထိုနတ်ဆိုးကြီးက မူလနတ်ဆိုးဖြစ်လာရန် အနည်းငယ်သာ လိုတော့သည်။ ၎င်းက နတ်ဆိုးစွမ်းအားများကို စုပ်ယူပြီး ရှေ့သို့ ဆက်လက်လျှောက်လှမ်းနေသည်။
ချင်းယွမ်တောင်တွင် တပည့်များစွာက နတ်ဆိုးစွမ်းအားများကို ရှင်းလင်းရန် သွားလာနေကြသည်။ ရုတ်တရက် ကြီးမားသော ဖိအားကြီးတစ်ခုက လွှမ်းမိုးလာသည်။ တောင်၏ အမြင့်ဆုံးနေရာတွင် မှော်စာလုံးများက တစ်ခုပြီးတစ်ခု လင်းလက်လာသည်။
" မှော်စာလုံးသတိပေးချက်လား။ အဆင့်မြင့်နတ်ဆိုးတစ်ကောင် ချည်းကပ်လာနေတာလား။ " အကြီးအကဲများက စိတ်ထဲတွင် တုန်လှုပ်သွားကြသည်။
" ကြည့်စမ်း " ဂိုဏ်းချုပ်က သူ၏ လက်ကို ဝှေ့ရမ်းလိုက်ရာ မှော်စာလုံးများမှတစ်ဆင့် ပုံရိပ်များပေါ်လာသည်။
အဝေးတွင် အနက်ရောင်တောင်ပံ့များနှင့် ကြီးမားသော နတ်ဆိုးကြီးတစ်ကောင်က သူတို့ဆီသို့ အရှိန်အဟုန်နှင့် လျှောက်လှမ်းလာနေသည်။
ချင်းယွမ်ကျမ်းစာတိုက်၏ အတွင်းတွင် လင်းယွမ်က ကျင့်ကြံနေသည်။ ရုတ်တရက် ဖိအားတစ်ခုက ထွက်ပေါ်လာသည်။
" ဒါက ဘာလဲ။ " လင်းယွမ်က မျက်လုံးများ ဖွင့်လိုက်သည်။
" မူလနတ်ဆိုးအဆင့်နဲ့ နီးစပ်နေတဲ့ မဟာနတ်ဆိုးလား။ " လင်းယွမ်၏ မျက်လုံးများက တောက်ပသွားသည်။ သူက ထရပ်လိုက်ပြီး မဟာနတ်ဆိုးရှိရာသို့ ကြည့်ကာ ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။
ချင်းယွမ်တောင်၏ အမြင့်ဆုံးနေရာတွင် ဂိုဏ်းချုပ်နှင့် အကြီးအကဲများက ထိတ်လန့်တကြား စောင့်ကြည့်နေကြသည်။
" အဲ့ဒီမဟာနတ်ဆိုးသွားနေတဲ့လမ်းကြောင်းက ငါတို့တောင်ကို ဖြတ်မှာမဟုတ်ဘူး။ ဒါကြောင့် အန္တရာယ်မရှိနိုင်ပါဘူး။ "
" ဟင် " အကြီးအကဲများက စိတ်အေးသွားရုံရှိသေးသည်။ မှော်စာလုံးပုံရိပ်များကို ကြည့်နေသော သူတို့၏ အမူအရာများက ရုတ်တရက် ပြောင်းလဲသွားကြသည်။
မှော်စာလုံးများက ရောယှက်နေပြီး ရှင်းလင်းသော ပုံရိပ်များကို ထုတ်လွှတ်နေသည်။ ထိုနည်းလမ်းက ကမ္ဘာအလယ်ရှိ အင်အားကြီးဂိုဏ်းများမှ ဆင်းသက်လာခြင်းဖြစ်ပြီး အစွမ်းထက်သော မူလနတ်ဆိုးများပင် သတိမပြုနိုင်ပေ။
ထိုအချိန်တွင် အကြီးအကဲများက ပုံမှန်မဟုတ်သော အရာတစ်ခုကို သတိပြုမိသွားကြသည်။ ပုံရိပ်ထဲတွင် အဓိကမြင်ရသည်မှာ ကြီးမားသော နတ်ဆိုးကြီးဖြစ်သည်။ ပို၍ မယုံကြည်နိုင်စရာကောင်းသည်မှာ ထိုနတ်ဆိုးကြီး သွားရာလမ်းကြောင်းရှိ ကောင်းကင်တွင် သေးငယ်သော ပုံရိပ်တစ်ခု ထွက်ပေါ်လာခြင်းဖြစ်သည်။
ကြီးမားသော နတ်ဆိုးကြီးနှင့်ယှဉ်လျှင် ထိုပုံရိပ်က ဖုန်မှုန်လေးတစ်စကဲ့သို့ပင် အလွန်သေးငယ်လှသည်။
" အဲ့ဒါဘာလဲ။ " ဂိုဏ်းချုပ်က အတွေးများလှုပ်ရှားသွားပြီး ပုံရိပ်ကို လျင်မြန်စွာ ချဲ့ကြည့်လိုက်သည်။
" ချန်ထုန်လား။ " ဂိုဏ်းချုပ်က အံ့အားသင့်သွားခဲ့သည်။
ပုံရိပ်က ရှင်းလင်းသွားပြီးနောက် ဂိုဏ်း၏ တာဝန်ခံဝတ်ရုံကို ဝတ်ဆင်ထားသော လူငယ်တစ်ယောက်ကို မြင်လိုက်ရသည်။ လွန်ခဲ့သော နှစ်ပေါင်းတစ်ထောင်ကတည်းက ဂိုဏ်းချုပ်က ချန်ထုန်ကို မှတ်မိနေခဲ့သည်။ သို့သော် ထိုကဲ့သို့သော အခြေအနေတွင် ထိုတပည့်ကို မြင်တွေ့ရလိမ့်မည်ဟု သူလုံးဝမထင်ထားခဲ့ပေ။
" အဲ့ဒါက ကျမ်းစာတိုက်ရဲ့ တာဝန်ခံ ချန်ထုန်လား။ "
နှစ်ပေါင်းတစ်ထောင်အတွင်း လင်းယွမ်က ထူးခြားသော စွမ်းအားများကို မပြသခဲ့သော်လည်း နတ်ဆိုးများအကြောင်း နက်ရှိုင်းသော အမြင်များကို ဝေမျှခဲ့သည်။အကြီးအကဲများက နားမလည်နိုင်ဖြစ်နေကြသော်လည်း ချန်ထုန် ရုတ်တရက် ပေါ်လာခြင်းက အလွန်ထူးဆန်းကြောင်း သိထားကြသည်။
အားလုံးစောင့်ကြည့်နေကြစဉ် ကြောက်စရာကောင်းသော နတ်ဆိုးကြီးက ပတ်ဝန်းကျင်မှ နတ်ဆိုးစွမ်းအားများကို လင်းယွမ်ဆီသို့ ပစ်လွှတ်လိုက်သည်။
" မကောင်းတော့ဘူး။ " ဂိုဏ်းချုပ်က စိတ်ထဲတွင် ထိတ်လန့်သွားသည်။
ထိုခဏတွင် သူတို့ ဘယ်တော့မှ မေ့နိုင်မည်မဟုတ်သော မြင်ကွင်းတစ်ခုကို မြင်လိုက်ကြရသည်။ ကောင်းကင်မှ သေးငယ်သော ပုံရိပ်က သူ၏ ညာခြေထောက်ကို မြှောက်ပြီး နတ်ဆိုးကြီးပေါ်သို့ ညင်သာစွာ နင်းချလိုက်သည်။
အလွန်ကြောက်စရာကောင်းသော နတ်ဆိုးကြီးက နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားရသည်။ နောက်ထပ် ခြေတစ်လှမ်းတွင် ကြီးမားသော နတ်ဆိုးကြီးက မြေကြီးထဲသို့ တိုက်ရိုက်နင်းခြေခံလမုက်ရပြီး ခန္ဓာကိုယ်တစ်ပိုင်းက မြေကြီးထဲသို့ နစ်မြှုပ်သွားသည်။
နောက်တစ်လှမ်းတွင် နတ်ဆိုးကြီးက မြေကြီးထဲသို့ ပို၍ နက်ရှိုင်းစွာ နင်းခြေခံလိုက်ရသည်။ နောက်ဆုံးတစ်လှမ်းတွင် ထိုနတ်ဆိုးကြီးက တွင်းကြီးတစ်ခုထဲသို့ လဲကျသွားခဲ့သည်။
ထိုသေးငယ်သော ပုံရိပ်က တည်ငြိမ်စွာ ရပ်နေပြီး အလွန်ကြီးမားသော နတ်ဆိုးကြီးက သူ၏ ခြေဖဝါးအောက်တွင် ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ နင်းခြေခံလိုက်ရသည်။
ဂိုဏ်းချုပ်အပါအဝင် အကြီးအကဲများအားလုံးက တိတ်ဆိတ်သွားကြသည်။ မူလနတ်ဆိုးနှင့် နီးစပ်သော ထိုမဟာနတ်ဆိုးက ခြေလှမ်းလေးလှမ်းသာ ခံနိုင်ခဲ့သည်။ လင်းယွမ်က စွမ်းအားအကုန်အသုံးမပြုဘဲ ရိုးရှင်းစွာ လေးကြိမ်နင်းခြေလိုက်ရုံဖြင့် ထိုနတ်ဆိုးခြင်းက သေလုနီးပါးဖြစ်သွားခဲ့သည်။
ဂိုဏ်းချုပ်က မှော်စာလုံးပုံရိပ်ထဲမှ လင်းယွမ်မှာ သူတို့ဘက်သို့ လှည့်ကြည့်လာသည်ကို တွေ့လိုက်ရသည်။
" မကောင်းတော့ဘူး။ " ဂိုဏ်းချုပ်က တုန့်ဆိုင်းခြင်းမရှိဘဲ မှော်စာလုံးပုံရိပ်များကို ချက်ချင်း ပိတ်လိုက်သည်။ လင်းယွမ်၏ အကြည့်အောက်တွင် ရှိနေခြင်းက ကြီးမားသော ဖိအားကို ခံစားရသောကြောင့် ပုံရိပ်များ ပျောက်ကွယ်သွားမှသာ အားလုံးက သက်ပြင်းချနိုင်တော့သည်။