← Chapters

အခန်း (၈၅-၈၇)

Vol. 6 Ch. 85-87

အခန်း (၈၅-၈၇)

Vol. 6 Ch. 85-87

အပိုင်း (၈၅) မကျေနပ်ချက်

မိန်းကလေးများသည် အတွေးအမျိုးမျိုးရှိနေကြပြီး ထိုအခိုက်အတန့်တွင် ဘယ်သူမှ စကားမပြောကြချေ။

ချီယွင်က အပြုံးတစ်ခုဖြင့် အခန်းထဲသို့ဝင်လာပြီး ခန္ဓာကိုယ်ကို ညွှတ်ကာ အရိုအသေပေးလိုက်၏။

"အချိန်မစောတော့ပါဘူး။ သခင်ကြီးက လူလွှတ်ပြီး သတင်းစကားပါးခိုင်းလိုက်ပါတယ်။ သခင်မလေးကို ပင်မဆောင်ကို သွားဖို့ပြောခိုင်းလိုက်ပါတယ်"

ဆံထိုးတင်ပွဲအခမ်းအနားက စတင်ပေတော့မည်။ ထို့ကြောင့် ပင်မဆောင်သို့ ကြိုတင်သွားရောက်ကာပြင်ဆင်မှုတစ်ချို့ ပြုလုပ်ရတော့မည်။

လုမင်ယွိက အသာအယာ ခေါင်းညိမ့်ပြလိုက်ကာ ထရပ်လိုက်၏။

ကျောက်ယွီနှင့် ရှန်းလန်တို့သည် လုမင်ယွိ၏ ဘယ်တစ်ဖက် ညာတစ်ဖက်ဘေးတွင် နေရာယူကာ အတူတူအပြင်သို့ ထွက်ခွာလာခဲ့ကြသည်။

ကျန်လူများအားလုံးကလဲ တစ်ယောက်ပြီးတစ်ယောက် ထရပ်လိုက်ကြပြီး အပြင်သို့ထွက်လာခဲ့ကြ၏။

ချောင်ဝမ်က သူမ၏နှုတ်ခမ်းကို ကိုက်ထားကာ သူမ၏ခြေလှမ်းများသည်လည်း အထူးတလည် လေးလံနေတော့သည်။

မုန့်ယွင်လော်က တမင်သက်သက် ခြေလှမ်းများကို နှေးထားလိုက်ပြီး ချောင်ဝမ်နှင့် ဘေးချင်းယှဥ်လျှောက်ကာ တီးတိုးဆိုလိုက်လေသည်။ "ချောင်ကျဲကျဲ အစ်မနဲ့ ဒုတိယမင်းသားတို့က ဝမ်းကွဲမောင်နှမအရင်းတွေပဲလေ။ မိဖရားခေါင်ရဲ့ နှစ်သက်မှုကိုလဲ အမြဲတမ်းရထားတာ။ ကျွန်မရဲ့စိတ်ထဲမှာတော့ ဒုတိယမင်းသား ကြင်ရာတော်နေရာက ချောင်ကျဲကျဲကလွဲရင် ဘယ်သူမှမဖြစ်နိုင်ဘူးဆိုတာ အမြဲတမ်းထင်ထားခဲ့တာ"

"မထင်မှတ်ထားတာက စတုတ္ထသခင်မလေးလုက ကြားထဲကနေ ဝင်ရှုပ်သွားတာပဲ။ ဒီနေ့ဖြစ်သွားတဲ့အခြေအနေကိုလည်း အားလုံးက မြင်သွားကြပြီ။ ကျွန်မစိတ်ထဲမှာကတော့ ချောင်ကျဲကျဲအတွက် တကယ်စိတ်မကောင်းဖြစ်မိတာပဲ..."

ချောင်ဝမ်၏ပါးပြင်သည် ဖြူဖျော့သွားပြီး သူမ၏ခန္ဓာကိုယ်သည်လည်း အနည်းငယ်တုန်ယင်သွားကာ သူမက မုန့်ယွင်လော်၏စကားကို မြန်မြန်ဖြတ်ပြောလိုက်တော့သည်။ "မုန့်မေ့မေ့ ဆက်မပြောပါနဲ့တော့"

မုန့်ယွင်လော်က ထပ်မံလှုံ့ဆော်လိုသော်ငြားလည်း ချောင်ဝမ်သည် မျက်နှာအမူအရာ တည်ငြိမ်သွားကာ လေသံတိုးတိုးဖြင့် ပြောလာခဲ့သည်။ "နန်းတော်ထဲကနေ လက်ထပ်ပွဲအပ်နှင်းတဲ့ တော်ဝင်အမိန့်တော်တစ်ခု မထုတ်ပြန်လာသရွေ့တော့ အရာအားလုံးက မသေချာသေးပါဘူး။ ခန့်မှန်းရုံသက်သက်နဲ့ ဘယ်လိုလုပ်ပြီးတော့ လျှောက်ပြောလို့ရမှာလဲ"

"နောက်ပြီးတော့ ဒုတိယမင်းသားနဲ့ငါကလဲ ဒီအတိုင်း ဝမ်းကွဲမောင်နှမတွေပါ။ ငါတို့ကြားမှာ ဘာမှထူးထူးခြားခြား ခံစားချက်မရှိဘူး။ ဒုတိယမင်းသားကြင်ရာတော်ဆိုတဲ့စကားကလဲ ဘယ်ကနေ စလာမှန်းတော င်မသိပါဘူး"

"ဒီလိုဆိုတော့ မုန့်မေ့မေ့က ဘာမှမပြောတာဘဲ ပိုကောင်းတယ်။ မဟုတ်ရင် တစ်ယောက်ယောက်က စကားဖြစ်သွားတဲ့အခါ ငါ့ရဲ့အပျိုစင်ဘဝ ဂုဏ်သတင်းကို ထိခိုက်သွားရင် လက်ခံနိုင်မှာ မဟုတ်လောက်ဘူး"

ထိုသို့ပြောလိုက်ပြီးနောက် သူမသည် ခြေလှမ်းများကိုအရှိန်မြှင့်ကာ မုန့်ယွင်လော်ကို နောက်တွင်ချန်ရစ်ခဲ့တော့သည်။

မုန့်ယွင်လော် "..."

လှုံ့ဆောင်မှု မအောင်မြင်ခဲ့သည့်အပြင် ဒီအတိုင်း ဆူပူမာန်မဲခြင်းပင်ခံလိုက်ရသေးသည်။ မုန့်ယွင်လော်မှာ စိတ်ထဲတွင်ကြိတ်ပြီး မကျေမနပ်ဖြစ်သွားကာ ချောင်ဝမ်၏ အနည်းငယ်တောင့်တင်းနေသည့်ကျောပြင်ကို လှမ်းကြည့်လိုက်ပြီး ခပ်တိုးတိုးနှာခေါင်းရှုံ့လိုက်တော့သည်။

ဟုတ်ပါသည်။ လုမင်ယွိကတော့ ဒီကိစ္စကို မသိခဲ့ချေ။

သူမ၏အတိတ်ဘဝတွင်ပင် နန်းတော်က ဒုတိယမင်းသားနှင့် မုန့်ယွင်လော်တို့ကို လက်ထပ်ပေးရန် အမိန့်ချခံထားချိန်က ချောင်ဝမ်သည် မည်သည့်လှုပ်ရှားမှုကို မှမပြုလုပ်ခဲ့ချေ။ အကြိမ်အနည်းငယ် ကြိတ်ပြီးငိုကြွေးခဲ့ပြီးနောက် မိသားစု၏အစီအစဥ်ကို လက်ခံလိုက်ကာ တခြားသူတစ်ဦးနှင့် စေ့စပ်ခဲ့လေသည်။

သို့သော်ငြား အစွဲအလန်းကြီးလှသည့် ချောင်ဝမ်သည် လက်ထပ်ပြီးသွားသည့်နောက်တွင်ပင် သူမ၏ချစ်ရသူကို တမ်းတနေဆဲပင်ဖြစ်ပြီး နောက်ဆုံးတွင်တော့ စိတ်ဓာတ်ကျကာ အပြင်းအထန် နာမကျန်းဖြစ်သွားပြီးနောက် နေ့တိုင်း ဝမ်းနည်းတမ်းတကာ သက်ပြင်းချနေခဲ့ရသည်။

...

ဆံထိုးတင်ပွဲအခမ်းအနားကို ရှင်းယန်ဝမ်အိမ်တော်၏ ကျယ်ဝန်းလှသည့် ပင်မဆောင်အတွင်းတွင် ကျင်းပခဲ့လေသည်။

အခမ်းအနားကို လာရောက်ကြည့်ရှူကြသည့် ဧည့်သည်များကလဲ ရှင်းယန်ဝမ်အိမ်တော်၏ ပင်မခန်းမ အတွင်းနှင့်အပြင် ပြည့်ကြပ်လို့နေသည်။

ဟွေ့အန်းကုန်းကျူးကတော့ အဆင့်အတန်း မြင့်မားလွန်းလှသဖြင့် အပေါ်ဘက်ဆုံးနေရာတွင် ထိုင်နေလေသည်။

ပျော်ရွှင်မှုအပြည့်ဖြစ်နေသည့် လုလင်းကတော့ သူ၏မျက်လုံးထောင့်မှနေ၍ ဟွေ့အန်းကုန်းကျူး၏ မောက်မာထောင်လွှားလွန်းသည့်မျက်နှာထားကို ဖျတ်ခနဲမြင်လိုက်ရပြီး ဒေါသထွက်လာတော့သည်။

ဒီနေ့က လုမင်ယွိရဲ့ အရွယ်ရောက်ဆံထိုးတင်ပွဲဆိုတဲ့ မင်္ဂလာရှိတဲ့နေ့ကြီးလေ။ ဟွေ့အန်းကုန်းကျူး မလာရင်လည်း ဘာမှမဖြစ်ပါဘူး။ မိဖရားခေါင်ကြီးရဲ့အမိန့်အရ လာမှတော့လည်း ဟန်ဆောင်ပန်ဆောင်လေးတော့ လုပ်သင့်တာပေါ့။ အခုလို ရယ်သလိုလို မရယ်သလိုလိုပုံစံက ဘာသဘောလဲ။

ဒါက ပွဲလာကြည့်တာမှ မဟုတ်တာ စိတ်အနှောက်အယှက် လာပေးတာနဲ့တောင် ပိုတူနေတယ်။

ဟင့်!

တဖက်လူက မင်းသမီးတစ်ယောက် သမီးဖြစ်သူရဲ့ အနာဂတ်ယောက်မတော်သာ မဟုတ်ဘူးဆိုရင် သူ့ကို အစောကြီးကတည်းက မျက်နှာလွှဲပြီး နှင်ထုတ်ပစ်လိုက်ပြီ။

လုဖေးသည် မွေးစားဖခင်၏မကျေနပ်ချက်ကို သေသေချာချာလေး တွေ့မြင်လိုက်ရပြီး အမူအရာမပျက်စေဘဲ လုလင်း၏အင်္ကျီလက်ကို ဆွဲလိုက်ကာ ကိုယ့်ဟာကို အနည်းငယ် ထိန်းချုပ်ထားရန် မျက်လုံးဖြင့် အရိပ်အမြွက် ပြလိုက်လေသည်။

လုလင်းကတော့ စိတ်ထဲတွင်နှာခေါင်းရှုံ့လိုက်ပြီး မြန်မြန်ပင် ပုံမှန်အတိုင်းပြန်ဖြစ်သွားကာ အားလုံးနှင့်အတူ ပြုံးရွှင်စွာ စကားဆက်ပြောလိုက်တော့သည်။

ထိုအခိုက်အတန့်မှာပင် နောက်ထပ် အထင်ကရ ဧည့်သည်တော်တစ်ယောက်က ရောက်ရှိလာပြန်သည်။

လုမိသားစု၏ အိမ်တော်ထိန်းကြီးသည် အလျင်စလို ဝင်ရောက်လာပြီး အသံကျယ်ကျယ်ဖြင့် သတင်းပို့လိုက်၏။ "ဝမ်ရယ် အရှင်မင်းသား ဒုတိယမင်းသားက အခမ်းအနားကို တက်ရောက်ဖို့အတွင် လုအိမ်တော်ကို ကိုယ်တိုင်ကိုယ်ကျ ကြွရောက်လာပါတယ်"

ဒုတိယမင်းသားက ကိုယ်တိုင်ရောက်လာသတဲ့လား!

ကြည့်ရတာ စတုတ္ထသခင်မလေးလုက တကယ်ပဲ နန်းတော်ထဲကို ကြင်ရာတော်တစ်ယောက် အဖြစ်လက်ထပ်ပြီး ဝင်ရောက်တော့မှာပဲ။

အားလုံးကလဲ မြန်မြန်ဆန်ဆန်ပင် ထင်သားပဲ ဟူသည့်အကြည့်ဖြင့် အပြန်အလှန် ကြည့်လိုက်ကြလေသည်။ ရှင်းယန်ဝမ်ကို တစ်ဖန်ကြည့်လိုက်သောအခါ သူကလဲ မျက်နှာပေါ်တွင် အပြုံးတစ်ခုဖြင့် ထရပ်ကာပြောလေ၏။ "အခုပဲ အရှင်မင်းသားကို သွားပြီးကြိုဆိုမယ်"

အားလုံးက လုလင်းနောက်က အတူလိုက်ပါလာပြီး အထင်ကရဧည့်သည်များကို ကြိုဆိုလေသည်။

အံ့သြသွားရဆုံးသူမှာ ဟွေ့အန်းကုန်းကျူးပင် ဖြစ်တော့သည်။

ဟွေ့အန်းကုန်းကျူးသည် ခဏလောက် တအံ့တသြဖြစ်သွားပြီးမှ ချက်ချင်းမျက်မှောင်ကြုတ်လိုက်၏။

သူမဆိုတဲ့ ထည်ဝါခံ့ညားလှတဲ့ မင်းသမီးကြီးက လူကိုယ်တိုင် လုအိမ်တော်ကို လာရောက်ကြည့်ရှုပြီး အဖိုးတန်ဆုလာဒ်တွေကိုလည်း ပေးအပ်ခဲ့ပြီးပြီဆိုတော့ လုမင်ယွိကို မျက်နှာသာ အပြည့်အဝပေးထားပြီးသားပဲလေ။ ဒုတိယမင်းသားက ဘာဖြစ်လို့ အသည်းအသန်ရောက်လာတာလဲ။

မိန်းမ မရတော့မှာ ကျနေတာပဲ။ ဒီလိုအားတက်သရော ဖြစ်နေတဲ့ပုံစံက အစ်မတော်ဖြစ်တဲ့သူမကို အထင်သေးရစေတာပဲ။

ဟွေ့အန်းကုန်းကျူးသည် မိမိကိုယ်တိုင်က အနည်းငယ် မချိတင်ကဲဖြစ်ကာ မကျေမနပ်ဖြစ်နေသည်ကိုတော့ ဘယ်တော့မှ ဝန်ခံလိမ့်မည် မဟုတ်ချေ။ ခဏအကြာတွင် ဒုတိယမင်းသားသည် လူအများဝန်းရံလျှက် ပင်မခန်းဆောင်ထဲသို့ ဝင်ရောက်လာခဲ့သည်။

ဒုတိယမင်းသားသည် ကျောက်စိမ်းရောင် ပိုးထည်ဝတ်စုံကို ဝတ်ဆင်ထား၏။ ဦးခေါင်းတွင်လည်း ကျောက်စိမ်းသရဖူကို ဆင်မြန်းထားကာ အမူအရာမှာ ခံ့ညားလွန်းလှပြီး နှုတ်ခမ်းထောင့်တွင်တော့ အပြုံးရိပ်များ ဝေဆာလို့နေသည်။ မျက်နှာကတော့ လှပသည့် ကျောက်စိမ်းလေးပမာပင်။ သူ၏ဖြည်းညင်းစွာ ခြေလှမ်းလှမ်းဝင်လာပုံမှာ နွေဦးရာသီ၏ အလှတရားများအားလုံးကို ဆောင်ကြဥ်းလာသကဲ့သို့ပင်။ ပင်မခန်းဆောင်သည် ချက်ချင်းဆိုသလို ပိုပြီးလင်းထိန်သွားတော့၏။

လူအုပ်ထဲက ချောင်ဝမ်သည် အဝေးမှနေ၍ ဝမ်းကွဲအစ်ကိုတော်ကို လှမ်းကြည့်လိုက်ပြီး စိတ်ထဲတွင်လည်း ရှင်းမပြတတ်အောင် နာကျင်သွားတော့၏။

သူမ ဆံထိုးတင်ပွဲနေ့တွင် သူမ၏ဝမ်းကွဲအစ်ကိုတော်သည် ချောင်မိသားစုသို့ လာရောက်ကြည့်ရှုခဲ့ခြင်း မရှိချေ။

မုန့်ယွင်လော်ကတော့ နတ်ဘုရားတစ်ပါးလို ချောမောလွန်းလှသည့် ဒုတိယမင်းသားကိုကြည့်ရင်း စိတ်ထဲတွင် မနာလိုစိတ်များ တိုးပွားလာကာ ကြိတ်ပြီးအံကြိတ်မိတော့သည်။

ဒီလောက်ကောင်းတဲ့မင်္ဂလာပွဲကို ဘာဖြစ်လို့ လုမင်ယွိက လုယူသွားရတာလဲ။

အားလုံးက ဒုတိယမင်းသားကို အရိုအသေပေးလိုက်ကြ၏။

ဒုတိယမင်းသား၏အသံသည် နူးညံ့ချိုမြိန်နေပြီး ဖြည်းညင်းစွာပြုံးလိုက်ကာ "ဒီနေ့ ကျွန်တော်က မယဉ်မကျေး လုအိမ်တော်ကို ရောက်လာပြီးတော့ အခမ်းအနားကို လာရောက်ကြည့်ရှုတာပါ။ အားလုံးပဲ ပေါ့ပေါ့ပါးပါးပဲနေကြပါ။ ချုပ်တီးနေစရာ မလိုပါဘူး"

ထို့နောက်တွင်တော့ သူက ဟွေ့အန်းကုန်းကျူကိုပြုံးပြကာ ပြောလိုက်သည်။ "အစ်မတော်က အစောကြီးရောက်လာခဲ့တာပဲ"

ဟွေ့အန်းကုန်းကျူးကတော့ မလှုပ်မယှက်ပင်။."နင်လဲလာမယ်မှန်းသာ ကြိုသိခဲ့ရင် ငါက ကျောင်းဖန်နန်းဆောင်မှာ ခဏစောင့်ပြီး နင်နဲ့အတူတူ လုအိမ်တော်ကို လိုက်လာခဲ့ပါတယ်"

ဒုတိယမင်းသားသည် ဟွေ့အန်းကုန်းကျူးကို တစ်ချက်လှမ်းကြည့်လိုက်ပြီး အမူအရာမပျက်ဘဲ ပြောလိုက်၏။ "ကျွန်တော်လဲ မူဟုပ်က အစ်မတော်ကို လာခိုင်းမယ်လို့ မထင်ထားလို့ပါ။ တကယ်တော့လည်း ကျွန်တော်တစ်ယောက်တည်းလာရင် လုံလောက်ပါပြီ"

ဟွေ့အန်းကုန်းကျူး "..."

ဒီစကားက ဘာ အဓိပ္ပါယ် လဲ။ သူမကို မလိုလားဘူးလို့ ပြောနေတာလား။

ဟွေ့အန်းကုန်းကျူးသည် အမျက်ချောင်းချောင်း ထွက်သွားပြီး ဒုတိယမင်းသားကို ဒေါသဖြင့်စိုက်ကြည့်လေတော့၏။

ဒုတိယမင်းသားကတော့ ခဏလောက် လှမ်းကြည့်လိုက်ပြီး ဟွေ့အန်းကုန်းကျူးနှင့် မျက်နှာချင်းဆိုင်လိုက်တော့သည်။

မူဟုပ်က မင်းကို လာခိုင်းတာ လုအိမ်တော်ကို မျက်နှာသာပေးဖို့ မင်းရဲ့အာဏာကို ထုတ်ပြဖို့မဟုတ်ဘူး။

ဒုတိယမင်းသား၏မျက်ဝန်းထဲက မကျေနပ်ချက်နှင့် အေးစက်မှုတို့သည် အတိုင်းသားမြင်နေရလေသည်။

ဟွေ့အန်းကုန်းကျူး၏ရင်ထဲတွင် စည်းချက်တစ်ချက်လွဲသွားကာ သူမသည် အမှတ်တမဲ့ ထရပ်လိုက်ပြီးမှ အားလုံးက မိမိကိုကြည့်နေကြသည်ကို သတိထားမိလိုက်လေသည်။ မျက်နှာကို အလွန်အလေးထားသည့် ဟွေ့အန်းကုန်းကျူး၏မျက်နှာမှာ အနည်းငယ်ပူရှိန်းသွားတော့၏။

ဟွေ့အန်းကုန်းကျူးက ဒေါသထွက်တော့မည်ကို သိလိုက်ရသည်တွင် ဒုတိယမင်းသားကလဲ အခြေအနေကို အချိန်ကိုက်ထိန်းသိမ်းလိုက်တော့သည်။ "ကျွန်တော် ရပ်နေရင်ရပါပြီ။ အစ်မတော် ကျွန်တော့်အတွက် နေရာဖယ်ပေးဖို့ မလိုပါဘူး"

ဤစကားတစ်ခွန်းက တော်တော်လေးကို ဟာသဉာဏ်ရွှင်လွန်းလှသည်။ အားလုံးကလဲ ရယ်မောလိုက်ကြ၏။ မူလက တင်းကြပ်နေသည့်အခြေအနေမှာ ရုတ်တရက် ပြေလျော့သွားလေသည်။

ဟွေ့အန်းကုန်းကျူးသည်လဲ ထပ်ပြီးစိတ်မဆိုးသာတော့ဘဲ ပြုံးရွှင်စွာဖြင့် မောင်တော်အရင်းကို မျက်စောင်းထိုးလိုက်ကာ "နင်ကတော့ တော်တော်စဥ်းစားတတ်တာပဲ။ ဘယ်သူက နင့်ကို နေရာဖယ်ပေးလို့လဲ" စကားဆုံးသည်နှင့် ဟွေ့အန်းကုန်းကျူးက ပြန်ထိုင်ချလိုက်တော့သည်။ သို့သော်ငြား ဒီတစ်ကြိမ်တွင်တော့ ဟွေ့အန်းကုန်းကျူးသည် မောက်မာသည့်မျက်နှာထားကို မပြသနိုင်တော့ဘဲ အမူအရာမှာ များစွာပိုပြီးရင်းနှီးဖော်ရွေသွားတော့သည်။

ဗုံတူရိယာအသံများအလယ်တွင် အခမ်းအနားမှူးဖြစ်သည့် ရှန်းသခင်မသည် အပြုံးတစ်ခုနှင့် အားလုံးရှေ့တွင်ရပ်လို့နေသည်။

နူးညံ့သိမ်မွေ့လှသည့် ကြောကျယှိီက ပြုံးရွှင်စွာဖြင့် ရှေ့ဆုံးမှထွက်ခွာလာကာ နောက်တွင်တော့ လှပပြီးသူရဲကောင်းဆန်ဆန် စတုတ္ထသခင်မလေးလုသည် ဖြည်းညင်းစွာလျှောက်လို့လာသည်။

လူတိုင်း၏မျက်လုံးများက တစ်ချက်လင်းလက်သွားပြီး တစ်ယောက်ပြီးတစ်ယောက် ချီးကျူးစကားပြောကြလေတော့၏။ ချီးကျူးသံများအလယ်တွင် လုမင်ယွိ၏အကြည့်နှင့် ဒုတိယမင်းသားတို့၏အကြည့်မှာ တည့်တည့်တိုးသွားကြတော့သည်။

ဒုတိယမင်းသားကို မြင်နေရတာ ဘာဖြစ်လို့ သူမက နည်းနည်းလေးမှ မအံ့သြမိတာလဲ။

ဒုတိယမင်းသား၏ မျက်ဝန်းနက်နက်တို့သည် တောက်ပလျက်ရှိပြီး လုမင်ယွိကို စူးစိုက်စွာ ကြည့်လို့နေသည်။

သည်အခိုက်အတန့်တွင် သူသည် သူမတစ်ယောက်တည်းကိုသာ မြင်နေမိပြီး သူ့မျက်လုံးထဲတွင် တခြားမည်သူမျှ မရှိတော့ချေ။

ဒါက သူ သူမကို သဘောကျတယ်။ သူမကို မင်းသားရဲ့ကြင်ရာတော်အဖြစ် လက်ထပ်ချင်တယ်ဆိုတာကို ယုံကြည်သွားအောင် အားလုံးကို လုပ်ပြနေတာလား။

လုမင်ယွိသည် စိတ်ထဲတွင် မသက်မသာ ဖြစ်သွားသော်ငြားလည်း အနည်းငယ် ရှက်ရွံ့ဟန်ဆောင်ကာ အပြုံးတစ်ခုဖြင့် ပြုံးပြလိုက်မိတော့သည်။

အားလုံး၏အမြင်တွင်တော့ သူတို့သည် အချင်းချင်း မျက်လုံးချင်းဆုံကာ ချစ်ခင်ကြင်နာမှုများ ပြည့်နှက်နေသည်ဟုသာ ထင်ကြပေလိမ့်မည်။

...

အပိုင်း (၈၆) မောင်နှမများ _၁

ဆံထိုးတင်ပွဲ အခမ်းအနားသည် စည်ကားသိုက်မြှိုက်ပြီး ခမ်းနားလွန်းလှသည်။

အခမ်းအနားစသည်မှ ပြီးဆုံးသည်အထိ တစ်နာရီခန့်ကြာမြင့်ခဲ့ပြီး ခန်းမဆောင်အပြည့် ဧည့်သည်တော်များသည်လည်း ဒုတိယမင်းသား၏ စတုတ္ထသခင်မလေးလု အပေါ်ထားရှိသည့် မပြောင်းလဲနိုင်သော ချစ်မေတ္တာကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ကြရသည်။

ကြည့်ပါဦး။ ဒုတိယမင်းသားက အဲဒီနေရာမှာ ပွဲအစကနေအဆုံး ရပ်ပြီး သူ့မျက်လုံးထဲမှာလည်း စတုတ္ထသခင်မလေးလု တစ်ယောက်တည်းကိုပဲ မြင်နေတယ် မဟုတ်လား။

မဟုတ်လို့လား။ ပွဲအစကနေအဆုံး တခြားဘယ်သူ့ကိုမှ တစ်စက်ကလေးမှ မကြည့်ဘဲ စတုတ္ထသခင်မလေးလုကိုပဲ ကြည့်နေခဲ့တာ။ သူ့ရဲ့မျက်ဝန်းထဲက ချစ်ခင်ကြင်နာမှုတွေကလည်း လျှံကျထွက်တော့မယ့်အတိုင်းပဲ။

ကြည့်ရတာ လုအိမ်တော်မှာ မကြာခင် မင်္ဂလာသတင်း ကြားရတော့မယ် ထင်တယ်။

အမျိုးသမီးများသည် တစ်စုတစ်ဝေးတည်း စုဝေးလာကြကာ အချင်းချင်း မျက်ရိပ်ပြလိုက်ကြ၏။

သခင်မလေးများက ပိုလို့ပင် အားကျနေကြလေသည်။

မုန့်ယွင်လော်ကတော့ အားတင်းကာ ပြုံးထားသော်ငြား လက်ထဲက ပုဝါကတော့ ကြိုးတစ်ချောင်းလို လိမ်ကျစ်လုနီးပါး ဖြစ်နေတော့သည်။

ချောင်ဝမ်သည်လည်း တလျှောက်လုံး စကားတခွန်းမှ မပြောဆိုခဲ့ချေ။

သူမသည် ဒုတိယမင်းသားက လုမင်ယွိကို ကြည့်နေသည့် တလျှောက်လုံး သူမကလည်း ဒုတိယမင်းသားကို ကြည့်နေခဲ့မိသည်။ စိတ်ထဲက ခါးသီးမှုသည် အလွန်လေးလံလှသည့် ကျောက်တုံးကြီးတစ်ခုလို ပြောင်းလဲသွားပြီး နှလုံးသားပေါ်တွင် လေးလံစွာ ဖိစီးလို့နေတော့၏။

ကံအားလျော်စွာ နှစ်ပေါင်းများစွာ သင်ကြားခံခဲ့ရသည့် ပြုစုပျိုးထောင်မှုနဲ့ ထိန်းချုပ်မှုတို့သည် သူမ၏အရိုးထဲသို့ စိမ့်ဝင်နေခဲ့ပြီး ဖြစ်၏။ မည်မျှပင်ဝမ်းနည်းစေကာမူ တခြားသူများရှေ့တွင် အိန္ဒြေပျက်သွားခြင်း မရှိဘဲ ဒီအတိုင်းသာ တိတ်ဆိတ်ငြိမ်သက် နေတော့သည်။

ဆံထိုးတင်ပွဲအခမ်းအနား ပြီးဆုံးသွားသောအခါ စားသောက်ပွဲ ကျင်းပရန် အချိန်ကျရောက်လို့ လာသည်။

ဟွေ့အန်းကုန်းကျူနှင့် ဒုတိယမင်းသားတို့သည် အဆင့်အတန်း မြင့်မြတ်ကြပြီး သာမန်လူများနှင့် မတူကြပေ။ လုလင်းက သူတို့နှစ်ယောက်ကို ယဉ်ကျေးဖော်ရွေစွာဖြင့် အတွင်းခန်းမဆောင်ထဲသို့ ဝင်ထိုင်ဖို့ရန် ဖိတ်ခေါ်လိုက်သည်။

ဟွေ့အန်းကုန်းကျူသည် လုအိမ်တော်တွင် တစ်မနက်ခင်းလုံး နီးပါးနေခဲ့ရသဖြင့် သည်းမခံနိုင်တော့ဘဲ အရင်ဆုံး ပြောလိုက်တော့၏။ "ရှင်းယန်ဝမ် အားနာဖို့မလိုပါဘူး။ မူဟုပ်က နန်းတော်ထဲမှာ စောင့်နေတုန်းပဲ။ ကျွန်မနဲ့ ဒုတိယမောင်တော်တို့ ကြာကြာမနေတော့ပါဘူး။ အရင် ပြန်နှင့်လိုက်ပါဦးမယ်"

ဒုတိယမင်းသားက ဟွေ့အန်းကုန်ကျူးကို လှမ်းကြည့်လိုက်ပြီး ပြုံးကာ ထောက်ခံလိုက်တော့သည်။ "ဒီနေ့ ပွဲလာကြည့်တာနဲ့တင် တော်တော်လေးကို အနှောင့်အယှက် ပေးမိသလို ဖြစ်သွားပါပြီ။ ကျွန်တော်တို့ မောင်နှမနှစ်ယောက် အခုပဲ နှုတ်ဆက်ပြီးတော့ နန်းတော်ကို ပြန်လိုက်ပါဦးမယ်။ နောင်တစ်ချိန် အားလပ်တဲ့ အခါကျမှ လုအိမ်တော်ကိုထပ်ပြီး အလည်အပတ်လာခဲ့ပါ့မယ်"

စကားဆုံးပြီးသွားသည်နှင့် လက်နှစ်ဖက်ကို ယှက်ကာ အငယ်တစ်ယောက်၏ အရိုအသေပေးသည့်ပုံစံ ပြုလုပ်လိုက်လေသည်။

ဟွေ့အန်းကုန်းကျူသည် တစ်ဖက်လူကို အရိုအသေပေးဖို့ရန် မလိုလားသော်ငြားလည်း ထိုသို့ပြုလုပ်လိုက်ပြီးနောက် ထွက်ခွာလာခဲ့တော့၏။

_

မောင်နှမနှစ်ယောက် ထွက်ခွာသွားသည်နှင့် ချက်ချင်း အခြေအနေသည် ရုတ်ချည်းဆိုသလို များစွာပေါ့ပါး သွားလေတော့သည်။

အားလုံးကလည်း အသီးသီး နေရာယူလိုက်ကြပြီး အရက်ခွက်များကို မြှောက်ကာ အချင်းချင်းဖလှယ်ပြီး သောက်လိုက်ကြလေသည်။ သခင်မလေးများ၏ စားပွဲဝိုင်းတွင်တော့ အခြေအနေက အနည်းငယ် ထူးခြားလိုနေ၏။

ချောင်ဝမ်သည် ခေါင်းငုံ့ကာ စကားမဆိုဘဲ နေနေပြီး မုန့်ယွင်လော်သည်လည်း ပုံမှန်ထက် စကားနည်းလို့နေသည်။ ကျင်းချန်အာပင်လျှင် ဒုတိယမင်းသား ပွဲလာကြည့်သည်ကို စဉ်းစားမိသောအခါ စိတ်ထဲတွင်အနည်းငယ် မကျေမနပ် ဖြစ်သွားတော့၏။

သူမသည် ဒုတိယမင်းသားအပေါ်တွင် ထူးထူးခြားခြား စိတ်ကူးယဉ်မှုမျိုးတော့ မရှိချေ။ သို့သော်ငြား အပျိုဖော်ဝင်စ သခင်မလေးတစ်ယောက်အနေဖြင့် သင့်တော်သည့် ခင်ပွန်းကောင်းတစ်ယောက်နှင့် လက်ထပ်ဖို့ မမျှော်လင့်သည့်သူ အဘယ်မှာ ရှိပါမည်နည်း။

ယနေ့ဒုတိယမင်းသား၏ အပြုအမူသည် သခင်မလေးများ အားလုံးကို အမှန်ပင်စိတ်ရှုပ် သွားရစေတော့သည်။

လုမင်ယွိအတွက် ပျော်ရွှင်ပေးနေသည့် တစ်ဦးတည်းသောသူမှာ ရှန်းလန် တစ်ယောက်တည်းသာ။

ရှန်းလန်က ပြုံးကာ သူမ၏အရက်ခွက်ကို မြှောက်လိုက်ပြီး "ရှောင်ယွိ ဒီနေ့က နင့်ရဲ့ဆံထိုးတင်ပွဲ အခမ်းအနားလေ။ ငါ နင့်ကို တစ်ခွက်တိုက်ပြီးတော့ ဂုဏ်ပြုမယ်"

အရက်ခွက်ထဲတွင်တော့ အစိမ်းဖျော့ရောင် သစ်သီးဝိုင်လေးရှိနေပြီး ချိုမြိန်ကာ အရသာရှိလို့နေသည်။

လုမင်ယွိက ပြုံးကာ သူမကို ကျေးဇူးတင်စကား ပြောလိုက်ပြီး သစ်သီးဝိုင်းကို တစ်ကျိုက်တည်း မော့သောက်လိုက်တော့၏။

ကျောက်ယွီသည်လည်း ဝိုင်ခွက်ကို ကောက်ကိုင်လိုက်ကာ သူမ၏စကားလုံးများထဲတွင်တော့ နာကျင်မှုများ ပါလို့နေလေသည်။ "ငါလည်း စတုတ္ထသခင်မလေးလုကို ဂုဏ်ပြုချင်တယ်။ ဆံထိုးတင်ပွဲ အခမ်းအနားအတွက်လည်း ဂုဏ်ပြုတယ်။ ပျော်ရွှင်စရာမင်္ဂလာပွဲ လေးအတွက်လည်း ဂုဏ်ပြုပါတယ်"

"ဒီစကားကတော့ မသင့်တော်ဘူးနော်" လုမင်ယွိက ပါးစပ်မဖွင့်ရသေးခင်မှာပင် ရှန်းလန်က အရင်ဦးဆောင်လိုက်ပြီး ပြုံးကာပြောလိုက်သည်။ "ဘာလိုက်ဖက်တဲ့စုံတွဲလဲ။ ငါ ဒီနေ့ တလျောက်လုံးရှိနေတာပဲ။ ဘာမှ မတွေ့မိပါလား"

ကျောက်ယွီက စကားတစ်ခွန်း ပြောလိုက်သည်နှင့် ချက်ချင်း သူမသည် စကားမှားသွားသည်ကို သိလိုက်တော့သည်။

မင်္ဂလာပွဲအပ်နှင်းသည့် တော်ဝင်အမိန့်တော် မထွက်လာမချင်း လက်ထက်ပွဲသည် မသေချာသေးချေ။ အားလုံးက ဒုတိယမင်းသား၏စိတ်ကူးကို ရှင်းရှင်းလင်းလင်း သိနေသည့်တိုင် ဒီအချိန်၌ ထိုအကြောင်းအရာကို ထုတ်ပြောဖို့က မသင့်လျော်လှပေ။

ကျောက်ယွီက ချောင်းတစ်ချက်ဟန့်ကာ ပြုံးပြီး ပြောလိုက်လေသည်။ “ခဏလေး စကားမှားသွားတာပါ။ လုစစ်ကျဲ စိတ်မရှိပါနဲ့နော်"

လုမင်ယွိကတော့ ခပ်ယဲ့ယဲ့ ပြုံးလိုက်ပြီး သစ်သီးဝင်တစ်ခွက်ကို ထပ်မံမော့ချလိုက်ကာ စိတ်ထဲတွင် အနည်းငယ် သက်ပြင်းချမိတော့သည်။

ဘဝဆိုတာ တကယ်ပဲ ကြိုတင်ခန့်မှန်းလို့ မရပါလား။ ဒီဘဝမှာ ဒုတိယမင်းသားနဲ့ ရှုပ်ထွေးတဲ့ဆက်ဆံရေးတစ်ခု ဖြစ်လာလိမ့်မယ်လို့ လုံးဝထင်မထားခဲ့မိဘူး။

_

စားသောက်ပွဲ ပြီးဆုံးသွားသောအခါ ဧည့်သည်တော်များသည် တစ်ယောက်ပြီး တစ်ယောက် ထွက်ခွာသွားကြတော့သည်။

ရှန်းလန်ကတော့ နောက်ဆုံးအချိန်အထိ နေပြီးမှသာ ရှန်းသခင်မနဲ့အတူ ပြန်လာခဲ့လေသည်။ လုဖေးသည် အလွန် စိတ်အားထက်သန်စွာဖြင့် စေ့စပ်ထားသည့် သတို့သမီးလောင်လေးနှင့် ယောက္ခမလောင်းတို့ကို မြင်းလှည်းပေါ်သို့ ကိုယ်တိုင်ကိုယ်ကျ လိုက်လံပို့ဆောင်ပြီးမှသာ နှမြော တသစွာဖြင့် ပြန်လှည့်လာခဲ့လေသည်။

ထိုနောက်တွင်တော့ လုဖေးသည် လုမင်ယွိ၏ အဆောင်သို့ ချက်ချင်းသွားလေတော့၏။

လုမင်ဖန်းတို့ မောင်နှမတစ်စုကတော့ သူ့ထက်ပင်စောကာ ရောက်ရှီနေနှင့်ကြပြီ။

"စစ်မေ့ နင်နဲ့ ဒုတိယမင်းသားကြားမှာ နောက်ဆုံးတော့ ဘယ်လိုဖြစ်ကြတာလဲ" လုမင်ဖန်းသည် တစ်မနက်ခင်းလုံး အောင့်အီးထားခဲ့ရသဖြင့် မစောင့်နိုင်တော့ဘဲ မေးမြန်းလိုက်တော့သည်။ "နင် ဘယ်တုန်းက ဒုတိယမင်းသားနဲ့ ဒီလောက်တောင် ရင်းနှီးသွားတာလေ"

လုမင်ဟွားကလည်း သိချင်စိတ်များ အပြည့်ဖြစ်နေ၏။ "စစ်မေ့ နင်က အိမ်ပါသားမက်ခေါ်မယ်လို့ ပြောထားတာ မဟုတ်ဘူးလား။ အခုကျတော့ ဘာဖြစ်လို့ ဒုတိယမင်းသားနဲ့ ..."

"ဟုတ်တယ် ဟုတ်တယ်။ ငါလည်း ဒီကိစ္စကို ထူးဆန်းတယ်လို့ ထင်နေတာ" လုမင်ယွဲ့ကလည်း အသာလေး ဝင်ပြောလေသည်။

"ဒုတိယမင်းသားက ဒီနေ့ ရုတ်တရက်ကြီး ဆံတိုးတင်ပွဲ အခမ်းအနားကို လာကြည့်တယ်။ အစကနေအဆုံး သူ့မျက်လုံးတွေက စစ်ကျဲဆီကနေ တစ်ခါမှမခွာခဲ့ဘူး !"

လုရွှမ်းကတော့ ခေါင်းခါကာ ကဗျာတစ်ပုဒ်ကို ရေရွတ်ပြတော့သည်။ "ကောင်းကင်ထဲမှာ တောင်ပံချင်းယှက်နေတဲ့ ငှက်နှစ်ကောင်ဖြစ်ပါစေ။ မြေပြင်ပေါ်မှာတော့ အကိုင်းအခက်တွေ ဆက်နေတဲ့ သစ်နှစ်ပင်ဖြစ်ပါစေ"

လုမင်ယွိမှာ ဒေါသလည်းထွက်သလို ရယ်လေးရယ်ချင်တော့သည်။ သူမက လက်ကိုလှမ်းကာ လုရွှမ်းကို အားနှင့် ရိုက်လိုက်တော့၏။ "ဘာတောင်ပံချင်း ယှက်တဲ့ငှက်နှစ်ကောင် အကိုင်းအခက်တွေဆက်တဲ့ သစ်နှစ်ပင်လဲ။ နောက်တစ်ခါ လျှောက်ပြောရင် ငါ နင့်ကို ဆုံးမတော့မှာနော် !"

လုရွှမ်းက သူ့နောက်စေ့ကို ပွတ်သပ်ကာ နာကျင်စွာဖြင့် ရှိုက်သံထွက်လာတော့၏။ "စစ်ကျဲ ကျွန်တော့်ခေါင်းက နဂိုကတည်းက ကြီးပြီးသားပါ။ စစ်ကျဲက ဒီလောက်ကြီး ခပ်ကြမ်းကြမ်း ရိုက်မှတော့ ကျွန်တော်ခေါင်းက ပိုပြီးတော့တောင် ကြီးသွားဦးမယ်။ အဲလိုဆိုရင် ဘယ်လိုလုပ်ပြီး လူကြားထဲ သွားရတော့မှာလဲ"

လုမင်ယွိမှာ ရယ်ချင်စိတ်ကို မထိန်းနိုင်တော့ဘဲ ခပ်တိုးတိုး ရယ်မောလိုက်တော့၏။

ထိုအခိုက်မှာပင် လုဖေးသည်လည်း ရောက်လာခဲ့တော့၏။

လုဖေးကတော့ ဝေ့လည်ကြောင်ပတ်လုပ်မနေဘဲ တိုက်ရိုက်သာ မေးလေတော့သည်။ "စစ်မေ့ နင် အိမ်ပါသားမက် ခေါ်ချင်တာ မဟုတ်ဘူးလား"

မောင်နှမ ငါးယောက်လုံးကလည်း တစ်ပြိုင်တည်း လှည့်ကြည့်လာကြသည်။

တောက်ပလှသည့် မျက်လုံးငါးစုံအောက်တွင် လုမင်ယွိသည် အနည်းငယ် ရှက်ရွံ့သွားသလိုခံစားလိုက်ရကာ ချောင်းတစ်ချက် ဟန့်လိုက်တော့၏။ "ငါ အိမ်ပါသားမက် မခေါ်တော့ဘူး"

လုဖေးကတော့ မျက်လုံးထဲတွင် နားလည်သွားပါပြီ ဟူသည့်အကြည့် တစ်ခုခု ဖြစ်သွားပြီး ထပ်မေးလာခဲ့၏။ "ဒါဆိုရင် နင်က ဒုတိယမင်းသားကို လက်ထပ်မှာလား"

လုမင်ယွိက လည်ချောင်းရှင်းကာ ခေါင်းငြိမ့်လိုက်၏။ "ဟုတ်တယ်"

မကြာသေးခင်ကပဲ အိမ်ပါသားမက် ခေါ်ပါမယ်လို့ အတည်အတန့်ကြီး ပြောခဲ့တယ်။ ဒါပေမဲ့ မျက်စိတစ်မှိတ်အတွင်းမှာပဲ စိတ်က ပြောင်းလဲသွားခဲ့တယ်။ အိမ်က အစ်ကို အစ်မတွေရှေ့မှာတောင် ဒီကိစ္စကို ထုတ်ပြောဖို့ ခက်ခဲခဲ့တာပဲ။

မောင်နှမများက အချင်းချင်း ကြည့်လိုက်ကြပြီး အကြိမ်ပေါင်းများစွာ အကြည့်ချင်း ဖလှယ်လိုက်ကြတော့သည်။

သိပ်မကြာခင်တွင် လုမင်ဖန်းက ပါးစပ်ကိုဖွင့်ဟကာ တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်တော့၏။ "ဒါဆိုလည်း ကောင်းတာပါပဲ။ ရှောင်ယွိက အိမ်ပါသားမက် ခေါ်မယ်ဆိုလို့ သူ့အတွက် စိတ်မကောင်း ဖြစ်နေရတာ။ ဒုတိယမင်းသားက အဆင့်အတန်း မြင့်မြတ်တယ်။ ထူးခြားတဲ့ ဉာဏ်ရည်ဉာဏ်သွေးလည်း ရှိတယ်။ ပြိုင်ဖက်ကင်းပြီး ခန့်ညားချောမောတဲ့ လူငယ်လေးတစ်ယောက်။ ဒုတိယမင်းသားကပဲ ငါတို့ရဲ့စစ်မေ့နဲ့ ထိုက်တန်တာ"

လုဖေးက ခေါင်းငြိမ့်လိုက်ကာ "သာ့ကျဲ ပြောတာမှန်တယ်"

လုမင်ဟွားကလည်း ခေါင်းငြိမ့်လေသည်။ "သာ့ကျဲ ပြောတာမှန်တယ်"

လုမင်ယွဲ့နှင် လုရွှမ်းတို့ကလည်း တစ်ပြိုင်တည်း ပြောလိုက်ကြ၏။ "သာ့ကျဲ ပြောတာမှန်တယ်"

လုမင်ယွိ "..."

လုမင်ယွိသည် ရယ်ချင်ပါသော်ငြားလည်း ဘာကြောင့်မှန်းမသိ သူမ၏မျက်လုံးများက ပူနွေးလာသလို ခံစားလိုက်ရ၏။ သူမသည် ချက်ချင်းခေါင်းကို တစ်ဖက်သို့ လွှဲထားလိုက်ကာ ခဏကြာမှ ပြန်လှည့်လာခဲ့သည်။ "ကျေးဇူးတင်ပါတယ်"

အမြဲတမ်း သူမကို ထောက်ခံပေးပြီး သူမနောက်မှာ ရပ်တည်ပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။

လုမင်ဖန်းက ပြုံးရွှင်စွာ ရှေ့သို့တက်လာပြီး လုမင်ယွိကို ပွေ့ဖက်ပေးလိုက်ကာ ညင်သာစွာဖြင့် ပြောလိုက်၏။ "နင် သဘောကျတဲ့ ဘယ်သူကိုမဆို လက်ထပ်လို့ရပါတယ်။ ငါတို့တွေက နှင့်ရဲ့ မိသားစုတွေပဲ။ ဘယ်အချိန်ရောက်ရောက် ညီမလေးဘက်မှာပဲ ရပ်တည်ပေးသွားမှာ"

လုမယ်ဟွားသည်လည်း ရှေ့သို့တိုးလာပြီး လုမင်ယွိ၏ လက်ကို ဆုပ်ကိုင်ကာ ပျော့ပျောင်းစွာဖြင့် တိုးတိုးလေးပြော လိုက်လေသည်။ "သာ့ကျဲ ပြောတာမှန်တယ်။ ငါ့စိတ်ထဲမှာလည်း ဒီလိုပဲတွေးတယ်။ ညီမလေးက အရင်တုန်းက အိမ်ပါသားမက် ခေါ်ချင်တာက နင့်မှာလည်း ကိုယ်ပိုင်စဉ်းစား ထားတဲ့ကိစ္စရှိလို့ပဲ။ အခုစိတ်ပြောင်း သွားတာကလည်း ညီမလေးက ဒုတိယမင်းသားကို သဘောကျသွားလို့ပဲ ဖြစ်ရမယ်"

"မိန်းကလေး တစ်ယောက် အတွက်တော့ ကိုယ်ချစ်ရတဲ့သူနဲ့ လက်ထပ်နိုင်တာက ဘဝမှာအကြီးမားဆုံး ကံကောင်းခြင်းပဲ"

"စစ်မေ့ ငါတို့အားလုံးက နင် ပျော်ရွှင်တာကိုပဲ မျှော်လင့်တာပါ"

လုမင်ယွိသည် လုမင်ဟွား၏ လက်ကိုတင်းကြပ်နေအောင် ကိုင်ထားမိတော့သည်။

သေသေချာချာလေး ပြန်စဉ်းစားကြည့်လိုက်တော့လည်း ဒုတိယမင်းသားနဲ့ လက်ထပ်တာက သူမအတွက် အကျိုးကျေးဇူးတွေ အများကြီး ရှိပါတယ်။ တခြားကိစ္စမပြောနဲ့။ ချောင်ကောလောင်ရဲ့ အစွမ်းကုန် ထောက်ပံ့မှုတွေ၊ လုအိမ်တော်ရဲ့ အစွမ်းကုန် ကူညီမှုတွေနဲ့ဆိုရင် ဘယ်သူက ဒုတိယမင်းသားရဲ့ အိမ်ရှေ့စံရာထူးကို

ကိုင်လှုပ်နိုင်မှာလဲ။

သူမက အိမ်ရှေ့စံမင်းသမီး ဖြစ်လာတဲ့အခါ ဇာမဏီသလွန်ပေါ်မှာ ထိုင်ပြီး ကျောင်းဖန်နန်းဆောင်ကို ပြန်ဝင်သွားပြီးတဲ့နောက် နန်းတော်ထဲက အမြင့်မြတ်ဆုံးအာဏာကို လက်ထဲမှာ ကိုင်ဆုပ်ထားတဲ့အခါ မိသားစုကို ကာကွယ်ပေးနိုင်လိမ့်မယ်။ ဘယ်သူကမှလည်း ထပ်ပြီးအနိုင်ကျင့် ရဲတော့မှာ မဟုတ်ဘူး။

အဲဒီအချိန်ကျရင် သူမကလည်း ဘာစိုးရိမ်ပူပန်မှုမှ မရှိဘဲ လက်စားချေနိုင်လိမ့်မယ်။

...

အပိုင်း (၈၇) မောင်နှမများ-၂

ကျောင်းဖန်နန်းဆောင်အတွင်းတွင်

"မူဟုပ် အာ့တိကို ကြည့်ပါအုံး!"

ဟွေ့အန်းကုန်းကျူးသည် မျက်မှောင်ကုတ်နေကာ မကျေမနပ်စကားလုံးများကို တသီတတန်းကြီး ထုတ်ပြောလေတော့သည်။ "ကျွန်မက မင်းသမီးကြီးတစ်ယောက်အနေနဲ့ ကိုယ်တိုင် လုအိမ်တော်ကို ပွဲသွားကြည့်ပြီး လုမင်ယွိကို အပြည့်အဝ မျက်နှာသာ ပေးခဲ့ပါတယ်။ သူကတော့ ကောင်းသားပဲ။ အသံတစ်ချက်မှ မပေးဘဲနဲ့ လုအိမ်တော်ကို သွားခဲ့တယ်။ လုအိမ်တော်ကို ရောက်တော့လည်း ကျွန်မကို နှာခေါင်းရှုံ့ မျက်စောင်းထိုးတယ်"

"ကျွန်မက ဘယ်သူ့ကို သွားရန်ရှာနေလို့လဲ။ ဒီလိုဖြစ်မယ်မှန်းသာသိရင် ဒီနေ့ ကျွန်မ သွားမှာတောင် မဟုတ်ဘူး"

"ဟွမ်ကျဲ (အစ်မတော်) တကယ်ပဲ မသွားသင့်ဘူး" ဒုတိယမင်းသား၏ ချောမောလှသည့်မျက်နှာပေါ်တွင် အပြုံးရိပ်တစ်စက်လေးမှမရှိဘဲ အေးစက်စွာ ပြန်လည်တုံ့ပြန်လေသည်။

ဟွေ့အန်းကုန်းကျူးကတော့ ဒေါသထွက်လွန်းသဖြင့် အသက်ရှူပင် မမှန်တော့ချေ။ "မူဟုပ် နားထောင်ကြည့်ပါအုံး။ ဒါက မောင်တစ်ယောက်အနေနဲ့ ပြောသင့်တဲ့စကားလား"

ချောင်မိဖုရားခေါင်သည် အနည်းငယ် မျက်မှောင်ကြုတ်လိုက်ပြီး ဒုတိယမင်းသားကို အပြစ်တင်ဟန်ဖြင့် တစ်ချက်လှမ်းကြည့်လိုက်၏။ "အားကျင့် ဘယ်လိုလုပ်ပြီးတော့ ကိုယ့်ရဲ့အစ်မကို ဒီလိုစကားမျိုးပြောရတာလဲ။ သူက ဒီနေ့ ငါ့ကိုယ်စား လုအိမ်တော်ကို သွားပြီးတော့ စတုတ္ထသခင်မလေးလုကို ဆုလာဒ်တွေ အများကြီးပေးခဲ့တာလေ။ ပြီးတော့ ပွဲကိုလဲ ဆက်နေပြီးတော့ ကြည့်ပေးခဲ့တယ်။ တမနက်ခင်းလုံး အလုပ်များနေခဲ့တာက မင်းအတွက်ပဲ မဟုတ်ဘူးလား"

ဒုတိယမင်းသား၏ မျက်နှာအမူအရာကတော့ တည်ငြိမ်နေသော်ငြားလည်း သူ့နှုတ်ခမ်းမှထွက်လာသည့် စကားများကတော့ အလွန်ပင် ထက်ရှလှလေသည်။ "ဟွမ်ကျဲက အနာဂတ်ယောက်မတော်အပေါ်မှာ ဘက်လိုက်တဲ့စိတ်ရှိတဲ့အပြင် အရမ်းကို မကျေမနပ်ဖြစ်နေတာလေ။ လုအိမ်တော်ကိုရောက်တော့ အထက်စီးဆန်တဲ့ မင်းသမီးတစ်ပါးရဲ့ ဟန်အမူအရာကိုတောင် ထုတ်ပြလိုက်သေးတယ်"

“ဒီနေ့က စတုတ္ထသခင်မလေးလုရဲ့ ဆံထိုးတင်ပွဲအခမ်းအနားလေ။ ဟွမ်ကျဲက မောက်မာတဲ့မျက်နှာထားနဲ့ အထက်စီးနေရာမှာ ထိုင်နေတော့ ရှင်းယန်ဝမ်က ဒုတိယနေရာမှာ ထိုင်နေရတယ်။ ကျွန်တော် လုအိမ်တော်ကို သွားတော့လည်း လူတိုင်းက ပြုံးပြုံးရွှင်ရွှင် ကြိုဆိုနှုတ်ဆက်ကြပေမဲ့ ယွမ်ကျဲကတော့ အဲဒီ့မှာ မလှုပ်မယှက် ထိုင်နေတယ်လေ"

"ဒါကလဲ ကျွန်တော့်အတွက်ပဲလား"

ဟွေ့အန်းကုန်းကျူး "..."

ချောင်မိဖုရားခေါင် "..."

ချောင်မိဖုရားခေါင်သည် ဟွေ့အန်းကုန်းကျူးကို လှမ်းကြည့်လိုက်လေသည်။

ဟွေ့အန်းကုန်းကျူးသည် သူမ အာဏာပြခဲ့သည်ကို ဝန်ခံဖို့ရန် ငြင်းဆိုနေ၏။ သူမက ခေါင်းကိုမော့ကာ တင်းမာသည့်လေသံဖြ င့်ပြောလိုက်သည်။ “ငါ လုပ်တာ ဘာမှားလို့လဲ။ ဖုဟွမ်ကလဲ ဒီမင်္ဂလာကိစ္စကို မအပ်နှင်းရသေးပါဘူး။ အကြီးဆုံးမင်းသမီးအနေနဲ့ ငါက လုအိမ်တော်ကို သွားတဲ့အခါ လုမိသားစုရဲ့ အထက်ဆုံးနေရာမှာပဲ ထိုင်သင့်တာပေါ့။ ငါက မျိုးဆက်ငယ်တစ်ယောက်အနေနဲ့ အရိုအသေပေးရအုံးမှာလား"

"နောက်ပြီး လက်ထပ်ခွင့်အမိန့်တော်ချမှတ်ပြီးတဲ့နောက် ငါလိုယောက်မကြီးတစ်ယောက်အနေနဲ့ ယောက်မလောင်းကိုတွေ့ရင် နည်းနည်းလောက်တော့ သြဇာလွှမ်းမိုးထားသင့်တာပေါ့။ ငါကခေါင်းငုံ့ပြီး မျက်နှာချိုသွေးပြီးပြုံးပြနေရအုံးမှာလား"

ဟွေ့အန်းကုန်းကျူးသည် ပိုလို့ပြောလေလေ ပိုလို့ပင်အမှန်တရားနှင့် ကိုက်ညီသည်ဟုထင်လေလေပင်။ "နန်းတော်ထဲမှာမပြောနဲ့ သာမန်ပြည်သူရဲ့အိမ်တွေမှာတောင် အိမ်ထောင်ကျပြီးတဲ့အစ်မက အိမ်ပြန်လာရင်လူကြီးတစ်ယောက်ပဲ။ လူတိုင်းကလဲ အတိုင်းအတာတစ်ခုအထိတော့ သူ့ကိုလေးစားရမှာပေါ့"

"ငါ့အဖေအရင်းက ရှင်ဘုရင်။ အမေအရင်းက မိဖုရားခေါင်။ ငါ့မောင်အရင်းက ဖိမရားခေါင် ကမွေးတဲ့တိုက်ရိုက်သွေးသား။ ငါ့ရဲ့အဆင့်အတန်းနဲ့ ဘာဖြစ်လို့ မောက်မာခွင့်မရှိရမှာလဲ"

ချောင်မိဖုရားခေါင် " ..."

မှန်ကန်သည်ဟု ထင်နေသည့်သမီးဖြစ်သူနှင့် မကျေမနပ်ရုပ်ဖြစ်နေသည့် သားဖြစ်သူကိုကြည့်ရင်း ချောင်မိဖုရားခေါင်မှာ အမှန်ပင် ခေါင်းကိုက်သွားတော့သည်။

အဲဒီ့တုန်းက သူမ လီယွမ်နဲ့လက်ထပ်ပြီး မကြာခင်မှာပဲ ကိုယ်ဝန်ရှိလာခဲ့တယ်။ ဆယ်လလွယ်ပြီး သမီးဦးလေးကို မွေးဖွားခဲ့တယ်။ အဲဒီ့အချိန်မှာပဲ လီယွမ်က နောက်ကွယ်မှာ မုန့်ကျောင်းဖန်နဲ့ ဖောက်ပြန်ခဲ့တယ်။ သူမက ဒေါသထွက်ပြီး ရှက်ရွံ့ခဲ့ရတယ်။ ညသန်းခေါင်ယံ လူခြေတိတ်တဲ့အချိန် ဘယ်နှစ်ခါ ငိုကြွေးခဲ့ရမှန်းတောင် မသိဘူး။ မုန့်ရှီအိမ်တော်ထဲကို ရောက်လာပြီး ကိုယ်လုပ်တော်က မွေးတဲ့သားဦး လီယိကို မွေးဖွားခဲ့ပြီးတဲ့နောက်မှာ လီယွမ်က ပင်မဆောင်ကို လာတဲ့အချိန် တဖြည်းဖြည်းနည်းသွားခဲ့တယ်။ သူမရဲ့အချိန်နဲ့ အင်အားတွေ အားလုံးကိုလည်း စကားလေး တတွတ်တွတ် ပြောတတ်နေပြီဖြစ်တဲ့ သမီးဖြစ်သူအပေါ်မှာပဲ ပုံထားလိုက်တယ်။ ချစ်စရာကောင်းတဲ့ သမီးလေးအပေါ် နည်းနည်းလေးတော့ အလိုလိုက်ခဲ့မိတာပဲ။ ထင်မှတ်မထားဘဲ ဒီလိုအလိုလိုက်ခဲ့မိတာကနေ ဟွေ့အန်းကုန်းကျူးရဲ့ နိုင်လိုမင်းထက် ဇွတ်တရွတ်နိုင်တဲ့စရိုက်ကို မွေးမြူပေးလိုက်သလို ဖြစ်သွားခဲ့တယ်။ သူမမှာ သားတစ်ယောက်နဲ့ သမီးတစ်ယောက်ပဲရှိတာ။ သားရော သမီးရောက သူမရဲ့အသည်းနှလုံးပဲ။ အခု မောင်နှမနှစ်ယောက်က စိတ်အခန့်မသင့်နေကြတော့ ဘယ်သူ့ဘက် ကရပ်တည်ပေးရမယ်မှန်း မသိတော့ဘူး။

ချောင်မိဖုရားခေါင်သည် စိတ်ကို တည်ငြိမ်အော င်ထားလိုက်ပြီး ဒေါသထွက်ကာ မကျေမနပ်ဖြစ်နေသည့် ဒုတိယမင်းသားကို အရင်ဆုံး ချော့မော့လိုက်လေသည်။ "အားကျင့် အရင်ဆုံး စိတ်မဆိုးပါနဲ့အုံး။ နင့်အစ်မက ငယ်ငယ်ကတည်းက ဒီလိုအကျင့်စရိုက်မျိုးပဲလေ။ နင်က မောင်တော်တစ်ယောက်အနေနဲ့ နည်းနည်းလောက်တော့ သည်းခံပြီး ခွင့်လွှတ်ပေးသင့်တယ်"

ထိုနောက်တွင်တော့ မျက်နှာထားကို တင်းထားကာ ဟွေ့အန်းကုန်းကျူးကို ဆုံးမလေသည်။ "ငါ မင်းကို လုအိမ်တော်ကို သွားခိုင်းတာက လုအိမ်တော်ကို မျက်နှာသာပေးဖို့။ ပြီးတော့ မင်းနဲ့အနာဂတ်ယောက်မလောင်းကြားက ဆက်ဆံရေးကို တိုးတက်စေဖို့ပဲ။ မင်းကို သွားပြီးတော့ ဘဝင်မြင့်ဟန်ဆောင်ပြီး သြဇာပြခိုင်းတာ မဟုတ်ဘူး။ မင်းကြောင့်သာ လက်ထပ်ပွဲပျက်သွားခဲ့ရင် ငါ ပထမဦးဆုံး ခွင့်မလွှတ်နိုင်တဲ့သူက မင်းပဲ ဖြစ်သွားလိမ့်မယ်"

"မူဟုပ်"

ဒုတိယမင်းသားနှင့် ဟွေ့အန်းကုန်းကျူးတို့သည် တပြိုင်တည်း ခေါ်လိုက်ကြလေသည်။ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြပြီး တပြိုင်တည်း ပြောလိုက်ကြ၏။ "ဟွမ်ကျဲက ဒီလိုအကျင့်စရိုက်စရိုက်မျိုးနဲ့ သူ့ကိုနေရာတကာ အလျှော့ပေးနေစရာ မလိုပါဘူး။ သူ့ကို ပိုပြီး အကျိုးအကြောင်း မသိတတ်အောင် လုပ်ပေးနေသလိုပဲ"

"ကျွန်မ ဘာမှမမှားဘူး။ အာ့တိရဲ့ သည်းခံခွင့်လွှတ်ပေးတာကိုလဲ မလိုဘူး"

စကားဆုံးသည်နှင့်ချက်ချင်း တပြိုင်တည်း နှာခေါင်းရှုံ့ကာ ပြောလိုက်ကြလေသည်။

ချောင်မိဖုရားခေါင်သည် ခေါင်းကိုက်သွားပြီး အနည်းငယ် ဒေါသထွက်သွားတော့၏။ "မင်းတို့နှစ်ယောက်စလုံး ပါးစပ်ပိတ်ထားကြစမ်း။ မင်းတို့က မောင်နှမအရင်းတွေ အချင်းချင်း အပေးအယူမျှပြီး ချစ်ခင်ရင်းနှီးပြီး အပြန်အလှန် ကူညီပေးရမှာ။ အခုလို ဖြစ်နေတာက ဘာသဘောလဲ"

"ဘာမှမပြောကြနဲ့တော့။ အားလုံးထွက်သွားကြတော့။ ငါ့ကို ခဏလောက် အေးအေးဆေးဆေး နေခွင့်ပေးအုံး"

ဒုတိယမင်းသားသည်လဲ နောက်ထပ်စကားမပြောဘဲ အင်္ကျီလက်ကို ဝှေ့ယမ်းကာ ထွက်ခွာသွားတော့သည်။

ဟွေ့အန်းကုန်းကျူးကတော့ ဒေါသထွက်လွန်းသဖြင့် ခြေဆောင့်ကာ ပြန်ဖို့ရန် ငြင်းဆန်နေလေသည်။ "ကျွန်မ မသွားဘူး။ လုံးဝ မသွားဘူး။ မူဟုပ် ဒီနေ့ ကျွန်မကို ရှင်းရှင်းလင်းလင်း ပြောပြပါ။ မူဟုပ်က ချွေးမတော်လောင်းဘက်ကလား ဒါမှမဟုတ် ကိုယ့်သမီးအရင်းဘက်ကလား"

ချောင်မိဖုရားခေါင် "..."

ချောင်မိဖုရားခေါင်သည် ဟွေ့အန်းကုန်းကျူးကို ကောင်းကောင်းမွန်မွန် စကားပြောပြီး ချော့မော့လိုက်ပြီးနောက် ရွှေငွေကျောက်မြတ်ရတနာများနှင့် ပိုးထည်အမျိုးမျိုးကို ဆုချီးမြှင့်လိုက်မှသာ ဟွေ့အန်းကုန်းကျူးသည်လဲ ဒေါသပြေသွားပြီး မျက်နှာကို တင်းကာ ထွက်ခွာသွားတော့သည်။

...

နောက်ဆုံးတွင်တော့ လောကကြီးက အေးချမ်းသွားတော့၏။

ကံကောင်းလို့သာ သူမမှာ ဒီကြွေးရှင်နှစ်ယောက်ကိုပဲ မွေးထားလို့။ နောင်ထပ် နှစ်ကောင်လောက်သာ ထပ်ရှိလာရင် ဒေါသထွက်ရလွန်းလို့ ကောင်းကင်ပေါ်ကိုတောင် တက်သွားလောက်တယ်။

ဇာမဏီပုလ္လင်ပေါ်တွင် ထိုင်ကာ သက်ပြင်းရှည်ကြီးတစ်ချက် ချမိတော့သည်။

ချိုင်လန်ကတော့ တိတ်ဆိတ်စွာပင် ရေနွေးကြမ်းတစ်ခွက်ကို ဆက်သလာပြီး ချောင်မိဖုရားခေါင်သည်လဲ ဖြည်းဖြည်းချင်း သောက်သုံးလိုက်တော့သည်။ ကြည်လင်နေသည့် ရေနွေးကြမ်းရနံ့လေးက နှလုံးသားကို လန်းဆန်းစေကာ စိတ်ထဲက အနှောက်အယှက်များသည်လည်း အနည်းငယ် ပြေလျော့သွားတော့၏။

ထိုအခိုက်အတန့်တွင် နန်းတွင်းအပျိုရံတစ်ဦးသည် တိတ်ဆိတ်စွာ ဝင်ရောက်လာခဲ့ပြီး လေသံတိုးတိုးဖြင့် လျှောက်တင်လာခဲ့၏။ "မယ်မယ်မိဖုရားခေါင်ကို လျှောက်တင်ပါတယ်။ စူးကျောင်းရုံက ဝမ်ဟွားခန်းမဆောင်ကို သွားပါတယ်တဲ့"

ချောင်မိဖုရားခေါင် ၏လှုပ်ရှားမှုမှာ ရုတ်တရက် ရပ်တန့်သွားပြီး သတင်းပိုလာသည့် နန်းတွင်းအစေခံမလေးကို လှမ်းကြည့်လိုက်ကာ "စူးကျောင်းရုံက ဘယ်တုန်းက ဝမ်ဟွားခန်းဆောင်ကို သွားလိုက်တာလဲ"

နန်းတွင်းအစေခံမလေးကလဲ တရိုတသေ ပြန်ဖြေလိုက်၏။ "အမွှေးတိုင်တစ်တိုင်စာ အချိန်လောက်ရှိပါပြီ"

ခေါင်မိဖုရားခေါင်သည် အလယ်နန်းဆောင်၏ မိဖုရားခေါင်တစ်ပါးအနေဖြင့် စူးကျောင်းရုံ၏ ယိဟွားနန်းဆောင်ထဲတွင် သူလျှိုအနည်းငယ် ထားရှိခြင်းမှာလည်း ခက်ခဲသည့်ကိစ္စ မဟုတ်ချေ။ စူးကျောင်းရုံ၏ လှုပ်ရှားမှုတိုင်းသည် ချောင်မိဖုရားခေါင်ကို ဖုံးကွယ်၍မရနိုင်ပေ။

ယခင်က စူးကျောင်းရုံသည် အတော်ပင် တည်ငြိမ်အေးဆေးခဲ့သည်။ သည်ကာလအတွင်းတွင်တော့ အပြောအဆို အမူအရာတိုင်းသည် ပုံမှန်မဟုတ်သည့် အခြေအနေများကို ပြသလို့နေ၏။ ယနေ့ ဝမ်ဟွားခန်းဆောင်သို့သွားပြီး ယုံးကျားဧကရာဇ်နှင့် တွေ့ဆုံခွင့်တောင်းသည်မှာ မည်သို့ကိစ္စမျိုးကို ထပ်မံ ဖန်တီးအုံးမည်မသိ ...

ချောင်မိဖုရားခေါင်သည် မျက်မှောင်ကြုတ်လိုက်ပြီး ခဏလောက် စဥ်းစားကာ အမိန့်ပေးလိုက်တော့သည်။ "ဝမ်ဟွားခန်းဆောင်ဘက်က အခြေအနေကို စောင့်ကြည့်ထားလိုက် ထူးခြားမှုတစ်ခုခုရှိရင် ချက်ချင်းပြန်လာလျှောက်တင်"

နာရီဝက်ခန့် ကြာပြီးသွားသောအခါ နန်းတွင်းအစေခံမလေးတစ်ဦးသည် ထပ်မံရောက်လာကာ လျှောက်တင်ပြန်သည်။ "မယ်မယ်မိဖုရားခေါင်ကို လျှောက်တင်ပါတယ်။ စူးကျောင်းရုံက မျက်လုံးတွေနီရဲပြီး ဝမ်ဟွားခန်းဆောင်ထဲကနေ ထွက်လာပါတယ်တဲ့"

စူးကျောင်းရုံသည် စိတ်သဘောထားနူးညံ့ပြီး မကြာခဏ မျက်ရည်ကျတတ်သူဖြစ်သဖြင့် မျက်လုံးများ နီရဲနေခြင်းကလဲ ပုံမှန်ပင်။

ချောင်မိဖုရားခေါင်က စိတ်ထဲတွင်မထားဘဲ ပေါ့ပေါ့ပါးပါး မေးလိုက်၏။ "စူးကျောင်းရုံက ဝမ်ဟွားခန်းဆောင်ကို ဘာကိစ္စနဲ့ သွားတာလဲ။ အရှင်မင်းကြီးကရော ဒေါသထွက်သွားခဲ့တာလား"

"အရှင်မင်းကြီးက စူးကျောင်းရုံကို သီးသန့်တွေ့ဆုံခဲ့တာလား။ ဘာတွေ ပြောဆိုခဲ့လည်းတော့ ဘယ်သူမှ မသိပါဘူး။ ဒါပေမဲ့ သတင်းလာပို့တဲ့သူ ပြောတာကတော့ အရှင်မင်းကြီးက ဒေါသထွက်တာ မရှိပေမဲ့လည်း စိတ်အခြေအနေက အတော်လေး ကောင်းမွန်နေပုံရပါတယ်တဲ့"

ချောင်မိဖုရားခေါင်က အင်းဟု တစ်လုံးသာ ပြန်ဖြေလိုက်ပြီး စိတ်ထဲတွင်တော့ မြန်မြန်ဆန်ဆန် စဥ်းစားလိုက်လေသည်။

သူမက လုမင်ယွိကို ဆုလာဒ်တွေ အများကြီးပေးခဲ့တယ်ဆိုတာ ဘာ အဓိပ္ပါယ်လဲဆိုတာကို တုံးအတဲ့သူ မဟုတ်ရင် သိနိုင်ပါတယ်။ ကြည့်ရတာ စူးကျောင်းရုံက ဒီနေ့ ဝမ်ဟွားနန်းဆောင်ကို သွားတာက တတိယမင်းသားရဲ့ လက်ထပ်ပွဲ အတွက်ဖြစ်ရမယ်။

စူးကျောင်းရုံက ဘယ်သခင်မလေးကို သဘောကျနေတာလဲမသိဘူး။

ထိုနေ့ညနေစောင်းတွင် ချောင်မိဖုရားခေါင်သည် အကြောင်းစုံ သိရှိသွားလေသည်။

ယုံကျားဧကရာဇ်သည် ကျောင်းဖန်နန်းဆောင်သို့ ကြွချီတော်မူလာပြီး ချောင်မိဖုရားခေါင်ကို ဒုတိယမင်းသားနှင့် တတိယမင်းသားတို့အတွက် လက်ဆက်ခွင့်အမိန့်တော် ချမှတ်မည့်အကြောင်းကို ပြောပြလာသည်။

"... သူတို့နှစ်ယောက်စလုံး ၁၆နှစ်ပြည့်သွားပြီ။ ဇနီးမယားယူပြီး အိမ်ထောင်ပြုရမဲ့အရွယ်လဲ ရောက်နေပြီ"

"ကျန်း စဥ်းစားထားတယ်။ မနက်ဖြန် သူတို့အတွက် လက်ထပ်ခွင့်အမိန့်တော် ချမှတ်လိုက်တော့မယ်"

"အချိန်ဆွဲ မနေတော့ဘူး။ ချက်ချင်းပဲ လက်ဆက်ခွင့်အမိန့်တော်ကို ချမှတ်လိုက်တော့မယ်"

ချောင်မိဖုရားခေါင်သည် စိတ်ထဲတွင် ကြိုတင် ပြင်ဆင်ထားပြီးသားဖြစ်သဖြင့် ဒီအကြောင်းအရာကို ကြားလိုက်ရချိန်တွင် အံ့သြခြင်းမရှိဘဲ ပြုံးရွှင်စွာဖြင့် ပြန်ဖြေလိုက်တော့သည်။ "အရှင်မင်းကြီး ပြောတာမှန်ပါတယ်။ အားဟောက်က အားကျင့်ထက် နှစ်လပဲငယ်တာ။ ဒီတော့ အတူတူ လက်ထပ်ခွင့်အမိန့်တော် ချလိုက်တာလဲ ကောင်းပါတယ်"

"ဟုတ်သားပဲ။ အရှင်မင်းကြီး တတိယမင်းသားအတွက် ဘယ်အိမ်တော်က သခင်မလေးကို ရွေးချယ်ထားတာလဲ"

...

All Chapters