← Chapters

အခန်း (၂၄၀)

Vol. 23 Ch. 240

အခန်း (၂၄၀)

Vol. 23 Ch. 240

အပိုင်း(၂၄၀)

သူဆဲဆိုနေပြန်ပြီ

ဂိုဏ်းကြီးတိုင်းမှ ကိုယ်စားလှယ်များ တိတ်ဆိတ်နေခဲ့ပြီး ကျိုးကျွင်းချန် စကားကို မတုံ့ပြန်ခဲ့ကြပေ။

ဂိုဏ်းကြီးတိုင်းတွင် သက်တမ်းကုန်ခါနီးနေသော မွန်းစတားအိုကြီးများရှိသည်ဟူသော အချက်‌မှာ အမှန်တရားသာဖြစ်၏။

ဂိုဏ်းတစ်ဂိုဏ်း၏ အုတ်မြစ်တွင် စွမ်းအားကြီး ကျင့်စဉ်များ ရတနာများ နှင့်ပေါများလှသောအရင်းအမြစ်များအပြင် ထိုစွမ်းအားကြီး ဘိုးဘေးများလည်း ပါ၀င်ပေသည်။

ထို‌ဘိုးဘေးကြီးများကို အုတ်မြစ်ဟုသတ်မှတ်ရခြင်းမှာ သူတို့၏ ကုန်ခါနီးသက်တမ်းကြောင့်ဖြစ်၏။

သူတို့သည် စွမ်းအားကြီးသော်လည်း အသက်ဓာတ်ကုန်ခမ်းတော့မည်ဖြစ်သောကြောင့် တစ်ခါသုံးရုပ်သေးများလိုသာ အသုံးပြု၍ ရသည်။

ထို့ကြောင့် ထိုကဲ့သို့သောဘိုးဘေးကြီးများကို သူတို့သည် ဂိုဏ်းပျက်ဆီးတော့မည်အန္တရာယ်နှင့် ရင်ဆိုင်ရသောအခါမျိုးတွင်သာ အသုံးပြုလိုကြသည်။

လက်ရှိ အဇူရာတိမ်ဂိုဏ်းအခြေအနေကတော့ ထိုကဲ့သို့ဟုတ်မနေပေ။

ထို့ကြောင့် ဘယ်သူကမှ သူတို့ဘိုးဘေးကြီးများကို အသက်အန္တရာယ်အဖြစ်ခံပြီး မစွန့်စားစေလိုကြပေ။

သူတို့အမူအရာများကိုမြင်သည်နှင့် သူတို့ဘာတွေးနေသလဲဆိုတာ ကျိုးကျွင်းချန် သိရှိသွားခဲ့၏။

သူလှောင်ပြောင်လိုက်သည်။

“လူကြီးမင်းတို့ တစ်ခုခုမေ့နေမှာကို ကျွန်တော်ကြောက်မိတယ် ကောင်းကင်သူရဲကောင်းတိုက်ပွဲကွင်းပြင်ထဲက ကံကြမ္မာတွေအားလုံးကို အဲ့ဒီအဇူရာတိမ်ဂိုဏ်းက ကောင်စုတ်လေးက သိမ်းပိုက်သွားခဲ့တာ

အဲ့လောက်များတဲ့ ကံတရားအထောက်အပံ့တွေနဲ့ဆိုရင် သူ့အတွက် ဘာလုပ်လုပ် ‌အဆင်ပြေချောမွေ့နေမှာပဲ

သူ့ကျင့်ကြံခြင်းများလည်း ဘာအတားအဆီးမှရှိနေမှာ မဟုတ်ဘူး

ပြန်လာတဲ့တပည့်တွေဆီကနေ အခြေအနေတွေကို ခင်ဗျားတို့ ကြားခဲ့ပြီးပြီ မဟုတ်လား

သူကဝိညာဉ်အခြေတည်အဆင့်ပဲရှိသေးပေမယ့် အခုလောက်ကြောက်စရာကောင်းတဲ့ ခွန်အားကို ပြသနိုင်နေပြီ သူ့ကိုသာ အချိန်နည်းနည်းပေးလိုက်မိရင် သူက ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်ထိ ချိုးဖြတ်သွားမှာပဲ

အားလုံးကိုမေးပါရစေ သူသာ ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်ကိုရောက်သွားရင် ကျုပ်တို့ ဘာလုပ်ကြမှာလဲ

ချင်းယွင်ကျိတစ်ယောက်တည်းကိုရင်ဆိုင်ရတာတောင် လုံလောက်အောင် ခက်ခဲနေပြီနော်

အခု ချင်းယွင်ကျိထက်တောင်မွန်းစတားဆန်ပုံပေါ်တဲ့ လူငယ်တစ်ယောက် ထပ်ပေါ်လာပြန်ပြီ ကျုပ်တို့က သူ့ကိုမရင့်သန်သေးခင် ရှင်းမပစ်ဘဲ လွတ်လွတ်လပ်လပ်ကြီးထွားခွင့် ပေးထားမလို့လား

၀မ်လင်းဂိုဏ်းက ဒီကိစ္စကို ရှင်းရှင်းလင်းလင်းမြင်နေရတယ် အဲ့တာကြောင့် သူတို့ကိုရှင်သန်ခွင့်မပေးတော့ဖို့ ဆုံးဖြတ်လိုက်တာ

ဒါကြောင့်လည်း ကျုပ်တို့ ဂိုဏ်းချုပ်က ကိုယ်တိုင်လှုပ်ရှားဖို့ ဆုံးဖြတ်ခဲ့တာ”

လူတိုင်း၏အမူအရာများ ပြောင်းလဲသွားခဲ့သည်။

သူတို့တပည့်များ၏ ပြန်ပြောပြပုံများအရ ကျန်းယန်ဘယ်လောက်ကြောက်စရာကောင်းလည်း သူတို့ သိပေသည်။ အထူးသဖြင့် တိုက်ပွဲကွင်းပြင်အ၀င်၀တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် သူသည်များစွာသောပါရမီရှင်များကို တစ်ယောက်တည်း တိုက်ခိုက်ပစ်ခဲ့၏။

ဝိညာဉ်အခြေတည်အဆင့်နှင့်တောင်ထိုမျှကြောက်စရာကောင်းနေပါလျှင် အကယ်၍များ သူတို့သာ သူ့ကိုလွတ်လွတ်လပ်လပ်ကြီးထွားခွင့်ပေးလိုက်ပါလျှင် ဘာဖြစ်သွားပါမည်နည်း။

ကျိုးကျွင်းချန် နှာခေါင်းတစ်ချက်ရှုံ့လိုက်ကာ လန်ကျားအထွတ်အမြတ်မြေက ကိုယ်စားလှယ်ဘက်သို့ လှည့်လိုက်သည်။

“အခြားသူတွေ တွန့်ဆုတ်နေတာကိုနားလည်ပေမယ့် ဘာလို့ ခင်ဗျားတို့လန်ကျားအထွတ်အမြတ်မြေကရော တွန့်ဆုတ်နေတာလဲ

ကောင်းကင်သူရဲကောင်းတိုက်ပွဲကွင်းပြင်မှာ ခင်ဗျားတို့ဂိုဏ်းက ဆုံးရှုံးမှုအကြီးမားဆုံးဖြစ်ခဲ့တာ မဟုတ်လား တာအိုပေါင်းစည်းခြင်းအဆင့် တန်ချိုးရွှေက ချင်းယွင်ကျိသတ်တာခံလိုက်ရတယ် အဲ့ဒီလိုကိစ္စမျိုးကို ခင်ဗျားတို့က ဒီအတိုင်းထားလိုက်မှာလား

ပိုအရေးကြီးတာက ခင်ဗျားတို့က ၀မ်လင်းဂိုဏ်းလိုပဲ အဇူရာတိမ်ဂိုဏ်းနဲ့ နယ်နိမိတ်ချင်းထိစပ်နေတာ

တကယ်လို့ အဇူရာတိမ်ဂိုဏ်းသာ ကြီးထွားလာရင် အရင်ဆုံးခံစားရမှာက ကျုပ်တို့ဂိုဏ်းနှစ်ဂိုဏ်းပဲ

အဲ့တာကို ဘာတွေတွန့်ဆုတ်နေတာလဲ”

လန်ကျားအထွတ်အမြတ်မြေက ကိုယ်စားလှယ်အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ကာ ပြတ်ပြတ်သားသား ပြောလိုက်လေသည်။

“ငါတို့လန်ကျားအထွတ်အမြတ်မြေက အဇူရာတိမ်ကုန်းမြေတိုက်ကြီးထဲ၀င်ဖို့ တာအိုပေါင်းစည်းခြင်းအထွတ်အထိပ်အဆင့် ၃ ယောက် လွှတ်ပေးမယ် ပြီးတော့ မြင့်မြတ်အရှင်ဦးဆောင်ပြီး တာအိုပေါင်းစည်းခြင်းအဆင့် ၃ ယောက်နဲ့အတူ အဇူရာတိမ်ကုန်းမြေတိုက်ကြီးကို စောင့်ကြပ်ထားမယ် အဲ့ဒီမိစ္ဆာတွေ တစ်ကောင်မှ လွတ်မလာစေရဘူး”

လန်ကျားအထွတ်အမြတ်မြေ၏ ရပ်တည်ချက်ကိုမြင်သောအခါ အခြားသူများ၏အမူအရာများလည်း ပြောင်းလဲလာကြသည်။

နောက်ဆုံးတွင် ကျန်းယန်သည် မဟာကံကြမ္မာကိုသိမ်းပိုက်သွားသူဖြစ်ပြီး သူ့ကို ကြီးပြင်းလာခွင့်ပေး၍ မဖြစ်ပေ။

“ငါတို့ရှို့ယိဘုရားကျောင်းကလည်း အတူတူပဲ အဲ့လိုပဲလုပ်မယ်” ရှို့ယိဘုရားကျောင်းကိုယ်စားလှယ် ၀င်ပြောလိုက်သည်။

“ကုန်းမြေတိုက်ကြီးထဲ၀င်ဖို့ တာအိုပေါင်းစည်းခြင်းအထွတ်အထိပ်အဆင့် ၃ ယောက် လွှတ်ပေးမယ် ဘုရားကျောင်းသခင်က တာအိုပေါင်းစည်းခြင်းအဆင့် ၃ယောက်နဲ့အတူ အပြင်စည်းကနေ စောင့်ကြပ်ပေးမယ်”

ဂိုဏ်းတစ်ဂိုဏ်းပြီးတစ်ဂိုဏ်း သူတို့လည်း ထိုကဲ့သို့သာလုပ်မည်ဖြစ်ကြောင်း ထုတ်ပြောလာကြ၏။

ကျိုးကျွင်းချန် မျက်မှောင်ကြုံ့လိုက်ပြီး စိတ်အနှောင့်အယှက်ဖြစ်သွားခဲ့သည်။

“ဘယ်ဂိုဏ်းကမှ ကုန်းမြေတိုက်ကြီးထဲ၀င်ဖို့ ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်တစ်ယောက်မှ မလွှတ်ကြဘူးလား”

ကွေ့ယွမ်ဘုရားကျောင်းမှ ဘုန်းတော်ကြီးကျင်းရှန်ပြုံး၍ ပြောလိုက်သည်။

“အဇူရာတိမ်ဂိုဏ်းမှာ ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့် တစ်ယောက်ပဲရှိတာလေ သူတို့မှာ တာအိုပေါင်းစည်းခြင်းအဆင့်တောင်မရှိဘူး တာအိုပညာရှင်ကောင်းကင်ဒဏ္ဍာရီရှိနေမယ်ဆိုရင်တောင် သူက ဒုက္ခအများကြီးပေးနိုင်မှာမဟုတ်ဘူး

ဒကာကြီးတို့ ၀မ်လင်းဂိုဏ်းက ဂိုဏ်းချုပ်ကိုယ်တိုင်သွားမယ်ဆိုမှတော့ အခြားဂိုဏ်းတွေက ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်တွေ သွားစရာမလိုလောက်တော့ပါဘူး

ကိုယ်တော်တို့ တာ၀န်က မိစ္ဆာတွေကုန်းမြေတိုက်ကြီးထဲက ထွက်မလာအောင် တားဆီးထားဖို့ပါပဲ”

အခြားသူများလည်း ပြုံးကာ ခေါင်းညိတ်လိုက်ကြသည်။

ကျိုးကျွင်းချန် အတွင်းထဲတွင် ဒေါသမီးများလောင်ကျွမ်းနေသော်လည်း ထုတ်တော့မပြခဲ့ပေ။

အကယ်၍ သူတို့ဂိုဏ်းချုပ်တစ်ယောက်တည်း ကုန်းမြေတိုက်ကြီးထဲ၀င်သွားပြီး ထိုအချိန်တွင် အဇူရာတိမ်ဂိုဏ်းက မိစ္ဆာတွေကို လွှတ်လိုက်မည်ဆိုလျှင် သူတို့ဂိုဏ်းချုပ် အန္တရာယ်ရှိသွားမည် မဟုတ်ပါလော။

သူကကပ်ဘေးဖြတ်ကျော်ခြင်းနှောင်းပိုင်းအဆင့် ရောက်နေတော့ရော ဘာအရေးနည်း။

ထိုစဉ်က အင်အားကြီးလွန်းသောအဇူရာတိမ်ဂိုဏ်းပင် မိစ္ဆာများ၏ အမြစ်ပြတ်လုနီးနီး ရှင်းလင်းခြင်းကို ခံခဲ့ရခြင်း ဖြစ်သည်။

ကျိုးကျွင်းချန် ပါးစပ်ဟလိုက်သော်လည်း ထိုဂိုဏ်းများမှ ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်များလွှတ်ပေးဖို့ ပြောမထွက်ခဲ့ပေ။

နောက်ဆုံးတွင် သူအံကိုသာတင်းတင်းကြိတ်လိုက်ပြီး ပြောလိုက်၏။

“အရမ်းကောင်းတယ် ဒါဆို ဒီလိုပဲစီစဉ်ကြတာပေါ့”

ဤအခြေအနေက သူတို့အတွက်သိပ်မကောင်းလှသော်လည်း တစ်ဖက်တွင် အကယ်၍များ သူတို့ဂိုဏ်းချုပ်သာ အဇူရာတိမ်ဂိုဏ်းကိုတစ်ယောက်တည်းဖျက်ဆီးနိုင်ခဲ့လျှင် ထိုဂိုဏ်းကရတနာများကို အရင်ဆုံး ရယူနိုင်မည့် အခွင့်အရေးက ရှိနေသေးသည်။

သူတို့ အမတရတနာ ၇ ခုလုံးကို မယူနိုင်လျှင်တောင် ၁ခု ၂ခုလောက် ကြိုရွေးထား၍ ရနိုင်၏။

“ကောင်းပြီလေ အားလုံးစီစဉ်ပြီးပြီဆိုတော့ ငါတို့ ၇ရက်အတွင်း အဇူရာတိမ်ဂိုဏ်းကို အမဲလိုက်ကြမယ်”

လူတိုင်းခေါင်းညိတ်လိုက်ကြသည်။

သူတို့ထိုကိစ္စကိုစီစဉ်ရန်အတွက် ပြန်ဖို့ လိုအပ်၏။ ထိုသေခါနီးဘိုးဘေးများကို တံခါးပိတ်ကျင့်ကြံရာမှ ခေါ်ထုတ်ဖို့ကလည်း အချိန်လိုသေးသည်။

ခုနှစ်ရက်အတွင်း အကယ်၍ အဇူရာတိမ်ဂိုဏ်းကသာ အခြေအနေအားလုံးကို ပြောင်းပြန်လှန်မပစ်နိုင်ခဲ့လျှင် သူတို့ပျက်ဆီးခြင်းက သေချာနေခဲ့ချေပြီ။

လူအုပ်ကြီးက တစ်ဖွဲ့ပြီးတစ်ဖွဲ့ လူစုကွဲသွားခဲ့၏။

…..

ထိုစဉ် ၀င်္ကပါ‌ထဲတွင် သလင်းနံရံရှေ့၌ ကျန်းယန် မိစ္ဆာများနှင့် ဆက်သွယ်နေခဲ့လေသည်။

“ဆိုတော့ စီနီယာတို့ ဆုံးဖြတ်ပြီးသွားကြပြီလား” ကျန်းယန်ပြုံး၍ မေးလိုက်၏။

“နှစ်တစ်ထောင်တောင်ကြာသွားပြီလေ စီနီယာတို့အပြင်လောကကိုတစ်ချက်လောက် ထွက်မကြည့်ချင်ကြဘူးလား

စီနီယာတို့မှာ စိတ်ပူစရာတွေရှိတာကို သိပါတယ် နောက်ဆုံးတော့ ကိုယ့်အသက်ကိုတစ်ယောက်ယောက်လက်ထဲထည့်ပေးထားရတယ်ဆိုတာက အနိုင်ကျင့်ခံရတာတင်မဟုတ်ဘဲ အသက်အန္တရာယ်ကလည်း ရှိနေသေးတာကိုး

ဒီလိုဆိုရင်ရော အရင်ဆုံး စီနီယာအချို့ကိုထွက်လာခိုင်းပြီး အခြေအနေကို လေ့လာခိုင်းလိုက်ရင်ရော

အဲ့ဒီစီနီယာတွေဘာအသက်အန္တရာယ်မှမရှိဘူးဆိုမှ အခြားစီနီယာတွေလည်း သဘောတူကြပေါ့ မဟုတ်ဘူးလား”

ဘာကို ဟုတ်ရမှာလဲ

မိစ္ဆာများ‌ကြိတ်၍ လှောင်ပြောင်လိုက်ကြသည်။

သူတို့ထိုကိစ္စကိုအကြာကြီးတွေးပြီးပြီဖြစ်ပြီး ကျန်းယန်းစကားများကိုလက်ခံဖို့ကတော့ ခက်ခဲနေသေး၏။

ထို့အပြင် သူတို့နာမည်အရင်းများကိုသာ တကယ်ကြီးလက်လွှဲပေးလိုက်လျှင် အဆုံးသတ်တွင် သူတို့သည် ကျန်းယန်လက်ထဲကျရောက်သွားမည်မဟုတ်ဘဲ ချင်းယွင်ကျိလက်ထဲသို့သာ ရောက်သွားမည်ဖြစ်မှန်း သူတို့ရှင်းရှင်းလင်းလင်းသိနေခဲ့သည်။

အကယ်၍ သူတို့နာမည်အရင်းများကို ကိုင်ထားသည်က ကျန်းယန်ဆိုလျှင်တောင် သူတို့စဉ်းစားပေးဦးမည်။ သို့သော် ချင်းယွင်ကျိလက်ထဲတော့ လုံး၀ ထည့်မပေးလိုကြပေ။

ကျန်းယန် ဆွံ့အသွားခဲ့၏။

ဘာလို့ ဒီမိစ္ဆာကြီးတွေက သဘောမတူကြတာလဲ

သူသည် သူရရှိထားသောကံကြမ္မာကိုပြောပြပြီးဖြစ်သလို မိစ္ဆာနည်းစနစ်များကိုလည်း ထုတ်သုံးပြပြီးပြီ ဖြစ်သည်။ ထို့အပြင် မိစ္ဆာဘိုးဘေးကိုသုံးပြီးပင် စည်းရုံးလိုက်သေး၏။ သို့သော် ထိုမိစ္ဆာကြီးများကတော့ ငြင်းနေကြဆဲပင်။

သူစိတ်တိုသွားဟန်ဖြင့် ခပ်ပြတ်ပြတ်ပြောလိုက်သည်။

“စီနီယာတို့ မိစ္ဆာအရှင် စီနီယာတို့ကိုဒီနေရာပို့လိုက်တာက အခုလို သူရဲဘောကြောင်နေဖို့လား

မိစ္ဆာအရှင် စီနီယာတို့ကိုပို့လိုက်တုန်းက ဘာတာ၀န်မှ မပေးခဲ့ဘူးလား

ဒါမှမဟုတ် သူက စီနီယာတို့ကိုဒီနေရာကို အဇူရာတိမ်ဂိုဏ်းရဲ့ဖိနှိပ်တာခံဖို့အတွက်သက်သက် ပို့လိုက်တာလား

စီနီယာတို့ လိပ်တွေလိုပုန်းနေတာ နှစ်တစ်ထောင်ကြာသွားပြီ အခု နောက်ဆုံးတော့ ဒီနေရာကထွက်ခွင့်ရမယ့် အခွင့်အရေးတစ်ခုရှိလာပြီ ဘာလို့ မလှုပ်ရှားကြသေးတာလဲ

စီနီယာတို့က အခုလို အကျဉ်းချခံထားရတဲ့အရသာကို စွဲလန်းနေတာလား

ဒါမှမဟုတ် ဒီနေရာမှာ အကျဉ်းချခံထားရရင် ထာ၀ရအသက်ရှည်နိုင်မယ်လို့ ထင်နေတာလား

ကျွန်တော်စီနီယာတို့ကို ရှင်းရှင်းလင်းလင်းပြောပြပါရစေ ကျွန်တော့်ဆရာရဲ့ ကျင့်ကြံခြင်းက ထပ်ပြီးတိုးတက်လာပြန်ပြီ သူ့အတွက်စီနီယာတို့ကို ရင်ဆိုင်ဖို့ဆိုတာ အချိန်တစ်ခုပဲ လိုတော့တာ

သေခြင်းတရားကိုရှောင်လွှဲမရဘူးဆိုမှတော့ ဘာလို့ အဓိပ္ပာယ်ရှိတဲ့ သေခြင်းနဲ့မသေချင်ရတာလဲ

မဟုတ်ရင်လည်း မသေခင် မိစ္ဆာအရှင်ပေးအပ်ထားတဲ့ တာ၀န်ကိုကျေပွန်အောင် ကြိုးစားကြည့်သွားလို့ ရတာပေါ့

ဘာတွေစဉ်းစားနေကြတာလဲ

ဘာတွေစိတ်ပူနေကြတာလဲ

ပွင့်ပွင့်လင်းလင်းပြောရရင် စီနီယာတို့က သေမှာကြောက်နေတာပဲ

သူရဲဘောကြောင်နေတဲ့ လူတစ်အုပ် စီနီယာတို့လို အမှိုက်ငကြောက်တွေကို ဒီနေရာပို့လိုက်တာ မိစ္ဆာအရှင်က ကန်းနေလို့ပဲ”

အတန်ကြာစည်းရုံးပြီးတာတောင် မအောင်မြင်သောအခါ ကျန်းယန် မိစ္ဆာများကို စတင်စော်ကားပြောဆိုလေတော့သည်။

မိစ္ဆာများ ကြောင်အသွားခဲ့ကြ၏။

ဒီကလေးက အစကအရမ်းယဉ်ကျေးနေတာမဟုတ်လား ဘယ်လိုဖြစ်လို့ ရုတ်တရက်ကြီး ငါတို့ကိုကျိန်ဆဲနေရတာလဲ

ထို့နောက် သူတို့ဒေါသအိုးပေါက်ကွဲသွားခဲ့လေသည်။

မင်းက ဘယ်သူ့ကိုဒါမျိုးလာပြောနေတာလဲကွ

သွေးအရိပ်မိစ္ဆာ ဒေါသတကြီးဟိန်းဟောက်လိုက်၏။

“မင်းငါတို့ကို စော်ကားလို့ရတယ် ဒါပေမယ့်မိစ္ဆာအရှင်ကိုတော့ စော်ကားခွင့်မပြုနိုင်ဘူးကွ”

အခြားမိစ္ဆာများလည်း ဝိုင်းဟိန်းဟောက်လိုက်ကြပြီး ၀င်္ကပါထဲတွင် ပွက်လောရိုက်သွားခဲ့ပြန်သည်။

ကျန်းယန် ကြောက်ရွံ့သွားသည့်ဟန် မပြခဲ့ပေ။ သူ့ဆရာသည် ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်သို့ ရောက်ရှိသွားပြီဖြစ်လေရာ ထိုမိစ္ဆာများ သူ့ကိုဘာမှလုပ်နိုင်စရာ အကြောင်းမရှိတော့ပေ။

သူဆက်လက်လှောင်ပြောင်နေခဲ့၏။

“ကျွန်တော်မှားလို့လား စီနီယာတို့ ကိုယ့်ကိုကိုယ်ပြန်ကြည့်ကြပါဦး စီနီယာတို့ရဲ့ လုပ်ရပ်တွေက ကျွန်တော်ပြောတာနဲ့ တစ်ထပ်တည်းကျနေတာ မဟုတ်ဘူးလား

နှစ်တစ်ထောင်

စီနီယာတို့ နှစ်တစ်ထောင်နော်

နှစ်တစ်ထောင်အတွင်း စီနီယာတို့ဘာတွေလုပ်ခဲ့လဲ

ကျွန်တော်သာမိစ္ဆာအရှင်ဆို စီနီယာတို့ကို သေတဲ့အထိ ရိုက်သတ်ပစ်ချင်သွားမှာပဲ

ဟင်းလင်းပြင်ကိုဖောက် စီနီယာတို့ကိုပို့ပြီး ပေးလိုက်တဲ့တာ၀န်ဆိုတာ စီနီယာတို့အသက်တွေထက် ပိုအရေးကြီးတဲ့တာ၀န်ပဲ ဖြစ်နိုင်တာမဟုတ်လား

ဒါပေမယ့် အခုစီနီယာတို့က ဘာတွေစွမ်းဆောင်နိုင်ခဲ့လဲ

ထောင်ချောက်ထဲမှာပိတ်မိနေပြီး အရှုံးပေးထားတဲ့ ယုန်တွေလိုပဲ

အဲ့ဒီလိုအခြေအနေမှာ မိစ္ဆာအရှင်ကိုဝေဖန်တာ ဘာမှားသွားလို့လဲ

မဝေဖန်ခံနိုင်ဘူးလား

ဒါဆို ထွက်လာပြီး ကျွန်တော်နဲ့တိုက်ခိုက်လေ”

ရုတ်တရက် မိစ္ဆာများ တိတ်ဆိတ်သွားခဲ့ကြ၏။

သွေးအရိပ်မိစ္ဆာ ကျန်းယန် ကြမ်းကြုတ်စွာ တစ်ချက်ကြည့်လိုက်လေသည်။

“ငါတို့ သဘောတူတယ် ဒါပေမယ့် မင်းငါတို့ကိုအခြေအနေအချို့တော့ ကတိပေးထားရမယ်”

All Chapters