← Chapters

အခန်း (၅၃၅)

Vol. 43 Ch. 535

အခန်း (၅၃၅)

Vol. 43 Ch. 535

အခန်း ၅၃၅

ဟွမ်ဝမ်အာသည် မုန့်တစ်တုံးကို ချက်ချင်း ကောက်ယူလိုက်ပြီး ပါးစပ်ထဲသို့ ထည့်ရန် ပြင်လိုက်သည်။

ထိုအခါ နန်ပါးထျန်းသည် ဟွမ်ဝမ်အာ၏ လက်ကောက်ဝတ်ကို ဖမ်းကိုင်လိုက်သည်။

"မင်း သေချာစဉ်းစားပြီးပြီလား”

ဟွမ်ဝမ်အာမှ ပြုံးလိုက်ပြီး ပြောသည်။

"ဟားဟား ကျွန်မမှ အမှားလုပ်ထားတာမရှိဘဲ စိတ်သန့်နေတာပဲ။ စဉ်းစားတွေဝေနေစရာ ဘာရှိလို့လဲ"

နန်ပါးထျန်းမှ ပြောသည်။

"ကောင်းပြီ ကောင်းပြီ"

ထို့နောက် နန်ပါးထျန်းသည် ဟွမ်ဝမ်အာ၏ လက်ကို လွှတ်ပေးလိုက်သည်။ ဟွမ်ဝမ်အာသည် ကုံကုမံကိတ်ကို တစ်ကိုက်ကိုက်လိုက်ပြီး နန်ပါးထျန်းကို စိုက်ကြည့်ရင်း ဝါးမြိုချလိုက်သည်။

အချိန်ခဏအတွင်း သူမသည် ကုံကုမံကိတ်တစ်တုံးလုံးကို ကုန်အောင် စားလိုက်သည်။

ထို့နောက် မုန့် နောက်ထပ်တစ်တုံးကို ထပ်မံကောက်ယူလိုက်ပြီး ဝါးနေရင်းဖြင့် မှတ်ချက်ပြု၏။

"သကြားနည်းနည်း များသွားတယ်။ အရသာကို ထိခိုက်စေတယ်"

ထို့နောက် သူမသည် နောက်ထပ်တစ်တုံးကို ကုန်စင်အောင် စားလိုက်ပြန်ကာ တတိယမြောက်တစ်တုံးကို ချက်ချင်း ထပ်မံကောက်ယူလိုက်ပြန်သည်။

သုကျွမ်းသည် မအောင့်အီးနိုင်တော့ဘဲ လှမ်းအော်လိုက်မိ၏။

"သခင်မ"

ဟွမ်ဝမ်အာနှင့် နန်ပါးထျန်း နှစ်ဦးစလုံးသည် သုကျွမ်းကို လှည့်ကြည့်လိုက်ကြသည်။ သုကျွမ်းသည် ကြောက်ရွံ့ကာ အသံတုန်ယင်နေလျက် ပြောလာသည်။

"ညဘက် အများကြီးစားရင် အစာမကြေဖြစ်ပါလိမ့်မယ်”

ထိုအခါ ဟွမ်ဝမ်အာသည် နန်ပါးထျန်းကို တစ်ချက်ကြည့်လိုက်ပြီး ပြောသည်။

"ငါ ဒီနေ့ တစ်ပန်းကန်လုံး ကုန်အောင် စားမှာ။ ခေါင်းဆောင်ရဲ့ စေတနာကို ငြင်းပယ်လို့ မဖြစ်ဘူးလေ။ ဒါပေမဲ့ ဗိုက်တော့ တော်တော်လေး ကားလာပြီ။ ငါ့ကို လက်ဖက်ရည်တစ်ခွက်လောက် ငှဲ့ပေးပါဦး"

သုကျွမ်းသည် အလိုက်တသိဖြင့် လက်ဖက်ရည် သွားငှဲ့ပေးသည်။

ဟွမ်ဝမ်အာမှ နန်ပါးထျန်းကို ကြည့်လိုက်ပြီး ပြောသည်။

"ခေါင်းဆောင် ရှင်ရော တစ်တုံးလောက် စားဦးမလား"

နန်ပါးထျန်းသည် ဟွမ်ဝမ်အာကို ကြည့်နေခဲ့ကာ ပြောသည်။

"မလိုပါဘူး။ ဒါက ရှင်မအတွက် အထူးတလည် လုပ်ထားပေးတာလေ။ ဒါနဲ့ ပြောပါဦး၊ အဲဒါက တကယ်ပဲ အဲဒီလောက်တောင် စားလို့ကောင်းလို့လား"

ဟွမ်ဝမ်အာမှ ပြောသည်။

"စားလို့ မကောင်းပါဘူး။ ဒါပေမဲ့ ကျွန်မ မစားရင် ရှင်က ကျွန်မကို ယုံမှာ မဟုတ်ဘူး မဟုတ်လား"

နန်ပါးထျန်း မျက်မှောင်ကြုတ်လိုက်သည်။

"မင်း တကယ်ပဲ အဲဒီလောက်တောင် စိတ်သန့်တယ်လား"

ဟွမ်ဝမ်အာမှ ပြန်ပြောသည်။

"ကျွန်မမှာ အပြစ်မရှိဘဲ ဘာလို့ စိတ်မသန့်ရမှာလဲ"

သူတို့နှစ်ဦးသည် တစ်ဦးကိုတစ်ဦး စိုက်ကြည့်နေခဲ့ကြသည်။ ထို့နောက် နန်ပါးထျန်းသည် ခေါင်းညိတ်လိုက်ပြီး ပြောသည်။

"အရမ်းကောင်းတယ်။ မင်း ငါ့ကို မလိမ်ညာဖို့ ငါမျှော်လင့်ပါတယ်။ ခဏနေရင် သမားတော်လျို ရောက်လာလိမ့်မယ်။ သူ့ရဲ့ ဆေးပညာနဲ့ဆို ဘယ်သူမှ လိမ်ညာလို့မရဘူး"

နန်ပါးထျန်းသည် ပြောပြီးသည်နှင့် ထရပ်လိုက်ပြီး တံခါးဝရှိ လက်အောက်ငယ်သားနှစ်ဦးကို ညွှန်ကြားလိုက်သည်။

"သခင်မကို စောင့်ကြည့်ထားကြ။ ဒီကုံကုမံကိတ်တွေ အကုန်ကုန်အောင် စားတာကို သေချာ စောင့်ကြည့်ထား"

"ဟုတ်ကဲ့ပါ ခေါင်းဆောင်"

လက်အောက်ငယ်သားနှစ်ဦးသည် တံခါးဝတွင် ရပ်ကာ ဟွမ်ဝမ်အာကို စောင့်ကြည့်နေကြသည်။ ထိုအခိုက်အတန့်၌ ဟွမ်ဝမ်အာသည် သွားကို တင်းတင်းကြိတ်ထားခဲ့သည်။ သုကျွမ်းမှ လက်ဖက်ရည်ယူလာပေးရာ ဟွမ်ဝမ်အာသည် လက်ဖက်ရည်တစ်ငုံ သောက်လိုက်ပြီးနောက် ကုံကုမံကိတ်များကို ပါးစပ်ထဲသို့ အတင်း ဆက်လက် ထိုးထည့်နေခဲ့သည်။

သုကျွမ်းသည် ဟွမ်ဝမ်အာကို ဆွဲတားရင်း တိုးတိုးလေးဆိုသည်။

"သခင်မ ဆက်မစားပါနဲ့တော့"

ဟွမ်ဝမ်အာသည် ဖြူဖျော့နေသော မျက်နှာဖြင့် သုကျွမ်းကို ကြည့်လာသည်။

“ငါ့မှာ တခြားရွေးချယ်စရာ မရှိဘူး။ ငါ ဒါကို တောင့်ခံနိုင်ဖို့က ချန်ကျိုစစ်ရဲ့ အကူအညီပေါ်မှာပဲ မူတည်တော့တယ်"

ထို့နောက်ဟွမ်ဝမ်အာ၏ မျက်နှာမှာ ရူးသွပ်ခြင်းသော အမူအရာသို့ ဖျတ်ခနဲ ပြောင်းလဲသွားပြီးနောက် သူမသည် ကုံကုမံကိတ်များကို ပါးစပ်ထဲသို့ ထုံထုံထိုင်းထိုင်းပင် ဆက်လက် ထိုးထည့်နေတော့သည်။

ကံကြမ္မာဟူသည် ဤသို့ပင် ဖြစ်၏။ ၎င်းသည် ဆင်းရဲဒုက္ခရောက်နေသူများကို နှိပ်စက်ရခြင်းအား ပျော်မွေ့ကာ သနားစရာ ဝိညာဉ်လေးများအတွက်မူ မည်သို့သော နှစ်သိမ့်မှုကိုမျှ ကမ်းလှမ်းလာခဲ့ခြင်း မရှိပေ…

နောက်ဆုံးတွင် ဟွမ်ဝမ်အာသည် ကုံကုမံကိတ် တစ်ပန်းကန်လုံးကို ကုန်အောင် စားလိုက်သည်။ ထို့နောက် ရုတ်တရက် သူမ၏ ဝမ်းဗိုက်အတွင်းမှ စူးရှသော နာကျင်မှုကို ခံစားလိုက်ရသည်။ သူမ၏ မျက်နှာမှာ ချက်ချင်းပင် ဖြူဖျော့သွားကာ နဖူးတွင်လည်း ချွေးစေးများ စီးကျလာတော့သည်။

ထိုအခါ သုကျွမ်း အလွန်တရာ ထိတ်လန့်သွား၏။

"သခင်မ သခင်မ... မြန်မြန်... ရှာ..."

ဟွမ်ဝမ်အာ၏ အခြေအနေကို မြင်လျှင် သုကျွမ်းသည် သမားတော်သွားပင့်ရန် ပြင်လိုက်သည်။

သို့သော် ဟွမ်ဝမ်အာက သူမကို လှမ်းဆွဲလိုက်သည်။

"မသွားနဲ့"

"ဒါပေမဲ့ သခင်မ… သခင်မက..."

"မသွား... မသွားနဲ့"

ဟွမ်ဝမ်အာသည် သုကျွမ်း၏လက်ကို တင်းတင်းဆုပ်ကိုင်ထား၏။ သုကျွမ်းမှာ စိုးရိမ်လွန်းသဖြင့် ငိုပင် ငိုချင်လာခဲ့သည်။ ၎င်းမှာ ကုံကုမံ၏ အာနိသင်ဖြစ်လိမ့်မည်။ သန္ဓေသား ပျက်ကျခြင်းမှာ အသက်အန္တရာယ်ရှိနိုင်သည် မဟုတ်ပါလော

သုကျွမ်း ငိုယိုအော်ဟစ်တော့မည့်ဆဲဆဲတွင် အပြင်ဘက်မှ ခြေသံများကို ကြားလိုက်ရသည်။

ထို့နောက် နန်ပါးထျန်း၏ အသံ ထွက်ပေါ်လာသည်။

"သမားတော်ကြီးလျို ရောက်လာပြီလား။ ညကြီးမင်းကြီး အနှောင့်အယှက်ပေးမိတဲ့အတွက် တောင်းပန်ပါတယ်"

"ဟားဟား ခေါင်းဆောင်၊ ဒီလိုမျိုး အားနာနေဖို့ မလိုပါဘူး။ ဆေးကုသပြီး လူတွေကို ကယ်တင်တာက ကျွန်တော့်ရဲ့ တာဝန်ပါ။ ဒါနဲ့ သခင်မက ဘယ်မှာလဲ"

နန်ပါးထျန်းသည် လျိုယီးရှိုကို အိမ်ထဲသို့ ဦးဆောင်ခေါ်လာသည်။

ထိုစကားသံများကို ကြားလိုက်သည်တွင် သုကျွမ်းမှ ပြောသည်။

"သခင်မ လျို လျိုယီးရှို ရောက်နေပြီ"

ဟွမ်ဝမ်အာ၏ မျက်နှာမှာ ပို၍ပင် ဖြူဖျော့သွား၏။

"မြန်မြန်၊ ငါ့မျက်နှာက ချွေးတွေကို သုတ်ပေးပါ"

သုကျွမ်းသည် ချက်ချင်းပင် သူမ၏ အင်္ကျီထဲမှ ပုဝါကို ထုတ်ကာ ဟွမ်ဝမ်အာ၏ မျက်နှာကို သုတ်ပေးလိုက်သည်။

ထိုအချိန်၌ပင် နန်ပါးထျန်းနှင့် လျိုယီးရှိုတို့ ဝင်လာကြသဖြင့် ဤမြင်ကွင်းကို မြင်တွေ့သွားကြသည်။ နန်ပါးထျန်း မျက်မှောင်ကြုတ်လိုက်၏။

"သခင်မ ဘာဖြစ်တာလဲ"

ဟွမ်ဝမ်အာသည် အားနည်းဖျော့တော့သော အသံဖြင့် တုံ့ပြန်ပြောသည်။

"ဘာမှမဖြစ်ပါဘူး၊ ဗိုက်နည်းနည်း နာနေလို့ပါ"

နန်ပါးထျန်း မျက်မှောင်ကြုတ်လိုက်ပြီး ပြောသည်။

"ဗိုက်နာတယ် မင်း တကယ်ပဲ တခြားသူရဲ့ မျိုးမစစ်လေးကို ကိုယ်ဝန်ဆောင်ထားပြီး ကုံကုမံနဲ့ ဖျက်ချလိုက်တာတော့ မဟုတ်ပါဘူးနော်"

"ခေါင်းဆောင် ရှင် ဘာလို့ ကျွန်မကို မယုံကြည်ရတာလဲ"

ဟွမ်ဝမ်အာသည် ဝမ်းဗိုက်အတွင်းမှ ရစ်ပတ်နာကျင်မှုကို ခံစားနေရစဉ်မှာပင် နန်ပါးထျန်းကို နာကျည်းဝမ်းနည်းဟန်ဖြင့် ကြည့်လိုက်သည်။

လျိုယီးရှိုမှ ကြားဖြတ်ပြောလာသည်။

"တော်ပါပြီ၊ ငြင်းခုံမနေကြပါနဲ့တော့၊ ကျွန်တော့်ကို ကြည့်ခွင့်ပေးပါဦး"

နန်ပါးထျန်းသည် သမားတော်လျိုကို လှည့်ကြည့်လိုက်ပြီး ပြောသည်။

"သမားတော်လျိုကို အလုပ်များစေမိပါပြီ”

ထို့နောက် ဟွမ်ဝမ်အာဘက်သို့ လှည့်ကာ ပြောသည်။

"ဝမ်အာ ငါ မင်းကို နောက်ဆုံးအခွင့်အရေး တစ်ကြိမ်ထပ်ပေးမယ်။ အခု ပွင့်ပွင့်လင်းလင်း ဝန်ခံလိုက်ရင် နောက်မကျသေးဘူး။ သမားတော်လျို ဒီမှာရောက်နေပြီဆိုတော့ မင်း ကုံကုမံကို စားထားခဲ့ရင်တောင် သမားတော်လျိုက ကလေးကို ကယ်ပေးနိုင်သေးတယ်"

"ကျွန်မ အမှားလုပ်မထားပါဘူး ခေါင်းဆောင်။ ရှင် ဘာလို့ ကျွန်မကို အမြဲ မယုံကြည်ရတာလဲ"

ဟွမ်ဝမ်အာမှာ ငိုတော့မည့်အလားပင်။ ဟွမ်ဝမ်အ ထိုသို့ပုံစံကို မြင်သော် နန်ပါးထျန်းမှ ပြောသည်။

"ကဲ ထားပါတော့၊ သမားတော်လျို ကြွပါ”

သမားတော်လျိုသည် ဘာမှမပြောဘဲ ဟွမ်ဝမ်အာ၏ ဘေးသို့ သွားလိုက်ပြီး ပြောသည်။

"သခင်မ ကျေးဇူးပြုပြီး ညာဘက်လက်လေး ပေးပါ"

ဟွမ်ဝမ်အာသည် လျိုယီးရှိုကို စိုက်ကြည့်နေမိသည်။ သူမ၏ စိတ်ခံစားချက်များမှာ ကသောင်းကနင်းဖြစ်နေခဲ့ကာ ဝမ်းဗိုက်မှာလည်း နာကျင်လွန်းသဖြင့် အလွန်ပင် အားနည်းနေချေပြီ။

သူမ တကယ်ကို လမ်းဆုံးသို့ ရောက်နေပြီ ဖြစ်သည်။

လျိုယီးရှိုသည် ဟွမ်ဝမ်အာ၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်လျက် သွေးခုန်နှုန်းစမ်းသပ်နေသကဲ့သို့ မျက်လုံးများကို ဖိမှိတ်ထားသည်။ သို့သော် သူ၏ လက်ချောင်းများမှာ တုန်ယင်နေပေသည်။

၎င်းမှာ ကြောက်ရွံ့ခြင်းကြောင့် မဟုတ်ဘဲ အလွန်မြင့်မားသော အပ်စိုက်ပညာ နည်းလမ်းတစ်ခုကြောင့် ဖြစ်သည်။

ဟွမ်ဝမ်အာသည် ဝမ်းဗိုက်အတွင်း၌ ပြင်းထန်သော နာကျင်မှုကို ခံစားနေရသော်လည်း လျိုယီးရှိုက သူမ၏ သွေးခုန်နှုန်းကို ဖိကိုင်ကာ အကြိမ်အနည်းငယ်မျှ ညင်သာစွာ လှုပ်ခါလိုက်သည်နှင့် သူမ အတော်လေး သက်သာသွားသည်ဟု ခံစားလိုက်ရသည်။

သူမ အံ့အားသင့်စွာဖြင့် လျိုယီးရှိုကို ကြည့်လိုက်သည်။

သို့သော် လျိုယီးရှိုကမူ မည်သည့် အမူအရာမျှ မပြချေ။ တစ်မိနစ်ခန့် ကြာပြီးနောက်တွင် လျိုယီးရှိုသည် ဟွမ်ဝမ်အာ၏ လက်ကောက်ဝတ်ကို လွှတ်ပေးလိုက်ပြီး ပြောသည်။

"အင်း... ထူးဆန်းတဲ့ ရောဂါပဲ"

နန်ပါးထျန်းသည် အနားသို့ တိုးလာပြီး မေးသည်။

"သမားတော်လျို ဘာရောဂါလဲဗျ"

လျိုယီးရှိုမှ ပြောသည်။

"ဒီရောဂါက အတော်လေး ထူးဆန်းတယ်။ ကျွန်တော် ဆေးကုသလာတဲ့ သက်တမ်းတစ်လျှောက်မှာ ဒါမျိုး နှစ်ခါပဲ တွေ့ဖူးသေးတယ်။ တကယ်ကို ရှားပါးတဲ့ ရောဂါပဲ"

All Chapters