← Chapters

ခြင်္သေ့ဧကရာဇ် နတ်ဆိုးတစ်ထောင်ဂူသို့ တတိယအကြိမ်မြောက်ဝင်ရောက်ခြင်း

Vol. 41 Ch. 401

ခြင်္သေ့ဧကရာဇ် နတ်ဆိုးတစ်ထောင်ဂူသို့ တတိယအကြိမ်မြောက်ဝင်ရောက်ခြင်း

Vol. 41 Ch. 401

နတ်ဆိုးတစ်ထောင်ဂူ၏ အပြင်ဘက်တွင်

ပန်းပွင့်ကဲ့သို့အကွက်ပါ စပါးအုံးမြွေကြီးတစ်ကောင်သည် သစ်ပင်ကြီးတစ်ပင်ပေါ်တွင် ခွေရစ်နေပြီး လျှာကိုတလိပ်လိပ်ထုတ်ကာ ပတ်ဝန်းကျင်ကို နက်မှောင်သောမျက်လုံးများဖြင့် သတိထား စောင့်ကြည့်နေသည်။

ရုတ်တရက် မျက်စိတစ်မှိတ်အတွင်းမှာပင်။ခမ်းနားထည်ဝါသော ပုံရိပ်တစ်ခုသည် ကောင်းကင်မှ ဆင်းသက်လာပြီး ၎င်း၏လည်ကို ဖမ်းဆုပ်ကာ မြေကြီးပေါ်သို့ ပြင်းထန်စွာရိုက်ချလိုက်၏။

"ဘယ်သူလဲ"

ထိုစပါးအုံးမြွေသည် သန်မာသောအော်ရာရှိသည့် နတ်ဆိုးဘုရင်တစ်ပါးဖြစ်သော်လည်း ထိုထက်ရှသော ခြင်္သေ့လက်သည်းများအောက်တွင် လှုပ်ရှားရန် အခွင့်အရေးပင်မရလိုက်ပေ။

ရောက်လာသူမှာ မည်သူဖြစ်ကြောင်း သေချာစွာ မြင်လိုက်ရသောအခါ ၎င်းသည် ရုန်းကန်နေခြင်းကို အလျင်အမြန်ရပ်တန့်လိုက်ပြီး ကြောက်ရွံ့တုန်လှုပ်စွာဖြင့် ပြောလိုက်သည်။ "ခြင်္သေ့ဧကရာဇ် အရှင် မသေဘူးလား"

မြင်းဖြူနတ်ဆိုးဧကရာဇ်သည် မဟာနတ်ဆိုးဧကရာဇ်နှစ်ပါးကို ဦးဆောင်ကာ ပြင်ပကမ္ဘာရှိ ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းရန်သွားရောက်ခဲ့ကြောင်း၊ မဟာချန်သို့ ရောက်ရှိချိန်တွင် နီကျွင်း၏ ပိတ်ဆို့ခြင်းကို ခံခဲ့ရကြောင်း သတင်းများက နတ်ဆိုးတစ်ထောင်ဂူအနှံ့ ပျံ့နှံ့နေခဲ့၏။ သူတို့၏ ကံကြမ္မာမှာ မရေရာပေ။

၎င်း၏ရှေ့မှ ပုံရိပ်သည် လျှပ်စီးဒဏ်ရာအမာရွတ်များဖြင့်ဖုံးလွှမ်းနေပြီး ဆိုးရွားသော အခြေအနေတွင် ရှိနေသော်လည်း အမှန်တကယ်အသက်ရှင်လျက် ပြန်ရောက်လာခဲ့ချေ၏။

"မဟာဦးချို နဲ့ မြင်းဖြူရဲ့ သတင်းအချက်အလက်တွေ၊ ငါ အခုလိုချင်တယ်။"

ရှန်းယီက သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသော မျက်လုံးများဖြင့် အေးစက်စွာစိုက်ကြည့်လိုက်သည်။ "အဲဒီ တိရစ္ဆာန်နှစ်ကောင် အခု ဘယ်မှာလဲ"

ခန့်ညားမှုကင်းမဲ့နေသော စကားလုံးများကို ကြားလိုက်ရသော်လည်း စပါးအုံးမြွေသည် အနည်းငယ်မျှပင် သဘောထားကွဲလွဲရဲခြင်း မရှိပေ။ ဤသည်မှာ မဟာနတ်ဆိုးဧကရာဇ် အချင်းချင်းကြားဖြစ်ပွားသော ရန်ပွဲဖြစ်ပြီး ၎င်းဝင်ပါ၍ရသော ကိစ္စမဟုတ်ပေ။

"မဟာဦးချိုနတ်ဆိုးဧကရာဇ်က နတ်ဆိုးတစ်ထောင်ဂူဆီ ပြန်ရောက်နေပါပြီ... မြင်းဖြူနတ်ဆိုးဧကရာဇ်အတွက်ကတော့... သေချာစုံစမ်းဖို့ ကျွန်တော် ချက်ချင်းတိုက်တွန်းလိုက်ပါ့မယ်၊ ခြင်္သေ့ဧကရာဇ်ဆီကို အမြန်ဆုံးပြန်လာပြီး သတင်းပို့ပါ့မယ်လို့ အာမခံပါတယ်"

သို့သော် ၎င်းသည် ခြင်္သေ့ကြီး၏ဒေါသကို နားလည်ပေးနိုင်၏။

နတ်ဆိုးဧကရာဇ်အများအပြား အတူတကွ ထွက်ခွာသွားကြသော်လည်း မဟာဦးချိုနတ်ဆိုးဧကရာဇ် ပြန်ရောက်လာချိန်တွင် သူ့ကိုယ်ပေါ်၌ခြစ်ရာတစ်ခုမျှပင် မပါလာခဲ့ပေ။ ဤအချက်က ခြင်္သေ့ဧကရာဇ်သည် နီကျွင်းထံသို့ ရောင်းစားခံလိုက်ရခြင်း ဖြစ်ကြောင်း ရှင်းလင်းစွာပြသနေပြီး မည်သူမျှ သည်းခံနိုင်မည့် ကိစ္စမဟုတ်ပေ။

ကြည့်ရတာ မြင်းဖြူနတ်ဆိုးဧကရာဇ်လည်း ပါဝင်ပတ်သက်နေပုံရသည်။

ကျွတ်

အကယ်၍ခြင်္သေ့ဧကရာဇ်သာ သေဆုံးသွားခဲ့လျှင် ကိစ္စက ရှင်းလင်းလွယ်ကူသွားမည် ဖြစ်သော်လည်း ယခု သူကအသက်ရှင်လျက် ပြန်ရောက်လာပြီဖြစ်ရာ ကြည့်ကောင်းမည့် ပွဲကြီးပွဲကောင်း တစ်ခုတော့ဖြစ်လာတော့မည်။

"သုံးရက်၊ ငါ မင်းကို သုံးရက်ပဲအချိန်ပေးမယ်။"

ရှန်းယီက သူ့လက်ကိုလွှတ်ပေးလိုက်ပြီး အေးစက်စွာ ကြေညာလိုက်၏။ "ငါ့အတွက် လိုက်ရှာဖို့သူတို့အားလုံးကို အမိန့်ပေးလိုက်။"

"အမိန့်တော်အတိုင်းပါ ခြင်္သေ့ဧကရာဇ်"

စပါးအုံးမြွေသည် နောက်ဆုံးတွင် အသက်ဘေးမှ လွတ်မြောက်သွားပြီး အသက်ပြင်းပြင်းပင်မရှူရဲဘဲ အဝေးသို့ လျင်မြန်စွာ တွားသွားထွက်ပြေးလေတော့သည်။

သို့သော် ၎င်းထွက်ခွာသွားသည့် ခဏမှာပင် အရာတစ်ခုကို သတိမထားမိလိုက်ပေ။

အစီအရင်ပြားဖြင့်ဖုံးကွယ်ထားသော ရွှေရောင်ပုတီးစေ့တစ်ခုသည် ၎င်း၏နောက်သို့ ထပ်ကြပ်မကွာ လိုက်ပါသွား၏။

ရှန်းယီသည် မတ်မတ်ရပ်လိုက်ပြီး နတ်ဆိုးတစ်ထောင်ဂူရှိရာဘက်သို့ လှမ်းကြည့်လိုက်သည်။

[လက်ကျန် နတ်ဆိုးသက်တမ်း - ၁၇၀၀၀ နှစ်]

ဤအရာက မြင်းဖြူနတ်ဆိုးဧကရာဇ် သက်တမ်းများကို ဖြုန်းတီးပစ်လိုက်ပြီးနောက် ကျန်ရှိသော ရလဒ်ဖြစ်သည်။

နတ်ဆိုးဧကရာဇ် တစ်ပါး၏အဆင့်အတန်းကို အပြည့်အဝအသုံးချခြင်းမှာ သဘာဝကျပြီး ယခုလိုသက်တမ်းပြတ်လပ်နေချိန်တွင် ပို၍ပင် အသုံးချသင့်သည်။ ပြီးခဲ့သည့်အကြိမ်က တွေ့ခဲ့ရသော နတ်ဆိုးဘုရင်ဒါဇင်ပေါင်းများစွာကိုလည်း ဤအခွင့်အရေးတွင် အသုံးချရမည်။

မူလက သူသည် မြင်းဖြူ၏ အထောက်အထားကို အသုံးပြုပြီး ပြန်လာရန်ရည်ရွယ်ခဲ့၏။

သို့သော် ချောက်နက်ပင့်ကူဧကရာဇ်၏ နားချမှုကို သူ လက်ခံခဲ့သည်။

ပထမဂူသုံးလုံးမှ နတ်ဆိုးဧကရာဇ်များသည် မလွဲမသွေပင် ထိုခွေးအိုကြီးနှင့် ရင်ဆိုင်ဖြေရှင်းရမည်ဖြစ်သည်။ အသွင်ပြောင်းလဲခြင်း နည်းစနစ်သည် နန်ယန်ဂိုဏ်းမှ ချန်ထားရစ်ခဲ့ခြင်း ဖြစ်သော်လည်း ဟင်းလင်းပြင်လျှောက်လှမ်းခြင်းအဆင့်ရှိ မဟာနတ်ဆိုးကြီးများ၏ရှေ့မှောက်တွင် ထိရောက်ချင်မှ ထိရောက်မည်ဖြစ်ရာ စွန့်စားရမှုမှာ အလွန်ကြီးမားလှ၏။

ထို့အပြင် ရှန်းယီသည် အဌမမြောက် ဂူကိုလည်း ပြန်လည်သွားရောက်လိုသည်။

ယခင်က မြင်းဖြူနတ်ဆိုးဧကရာဇ်နှင့် ရင်ဆိုင်တွေ့ဆုံမှုတွင် အပြတ်အသတ်အနိုင်ရရှိခဲ့ပုံရသော်လည်း ကြီးမားသောပြဿနာတစ်ခုကို ရှာဖွေတွေ့ရှိစေခဲ့သည်။

ကျန်းသုံးရာ မြင့်မားသော တာအိုနန်းတော်သည် ခမ်းနားထည်ဝါနေသော်လည်း၎င်းသည် အလွန် ဟာလာဟင်းလင်း ဖြစ်နေ၏။

အင်မော်တယ်နတ်ဆိုးကိုးပါး နှင့် ပုလ္လင်ပေါ်မှပုံရိပ်တု့လွဲ၍ ကျန်ရှိသောနေရာလွတ်များမှာ ကြက်သွေးရောင်သွေးပင်လယ်နှင့် နတ်ဆိုးတိမ်တိုက်များသက်သက်သာ ရှိသည်။

ထိုအရာက တစ်ချိန်က နီကျွင်းဆင့်ခေါ်ခဲ့သည့် ခရမ်းရောင်ကောင်းကင်နတ်ဘုရားမိုးကြိုးဓားနန်းတော်နှင့် လုံးဝ ကွာခြားလှ၏။

၎င်းသည် ပန်းချီကားချပ်တစ်ခုပေါ်တွင် ငှက်တစ်ကောင်ကိုစေ့စပ်သေချာစွာ ရေးဆွဲထားသော်လည်း ကျန်ရှိသောနေရာလပ်များကို မင်ရည်ဖြင့် ကြမ်းတမ်းစွာသုတ်လိမ်းထားသကဲ့သို့ အလွန် အရည်အသွေးညံ့ဖျင်းနေသည်။

ပြဿနာ၏အရင်းအမြစ်မှာ ကျင့်ကြံနေစဉ် လမ်းကြောင်းလွဲသွားခြင်း ဖြစ်သည်။

မူလ အနန္တအင်ပါယာတာအိုနန်းတော်သည် သက်ရှိသတ္တဝါများနှင့် သေမျိုးလူသားအားလုံးကို သင်ကြားပြသရန်ရည်ရွယ်ထားပြီး ထောင်ပေါင်းများစွာသော သူများလာရောက်အရိုအသေပေးမည့် အတိုင်းအဆမဲ့ပုံဖော်ခြင်းမြေပုံတစ်ခုကို ဖန်တီးရန် ဖြစ်သည်။

ရှန်းယီ၏အင်မော်တယ်နတ်ဆိုးကိုးပါး၏ အရည်အသွေးမှာ သေချာပေါက်သာလွန်ကောင်းမွန်သော်လည်း အရေအတွက်မှာမူ များစွာ လိုအပ်နေသေးသည်။

ယခုအခါ ပုံဖော်ခြင်းမြေပုံသည် တာအိုနန်းတော် ဖြစ်လာခဲ့ပြီဖြစ်၏။

ရှန်းယီသည် ဖြည်းဖြည်းချင်း တိုးတက်အောင် လုပ်ဆောင်ရန် စီစဉ်ထားသော်လည်း အမှန်တကယ်ထုတ်ဖော်အသုံးပြုလိုက်သည့်အခါ ဤလမ်းကြောင်းမှာ မဖြစ်နိုင်ကြောင်း သူ သဘောပေါက်လိုက်သည်။

အားနည်းချက်များမှာ နတ်ဘုရားစိတ်ဝိညာဉ်အဆင့်တွင် သိသာချင်မှသိသာမည်ဖြစ်သော်လည်း ဟင်းလင်းပြင်လျှောက်လှမ်းခြင်းအဆင့်သို့ ချိုးဖောက်ဝင်ရောက်သွားသည်နှင့် တစ်ပြိုင်နက် ၎င်းသည်သေစေနိုင်သော အားနည်းချက်တစ်ခု ဖြစ်လာလိမ့်မည်။

အကယ်၍ နန်ယန်ဂိုဏ်းအတွင်း၌ ဖြေရှင်းနည်းကို ရှာတွေ့နိုင်လျှင် အကောင်းဆုံးပင်။

မရပါက အခြားနည်းလမ်းများကို စဉ်းစားရမည်။

"ဟူး။"

ဤအတွေးများဖြင့် ရှန်းယီသည် အသက်ပြင်းပြင်း ရှူလိုက်၏။ နတ်ဆိုးတစ်ကောင်အဖြစ် အချိန်ကြာမြင့်စွာဟန်ဆောင်လာခဲ့သူဖြစ်၍ သူသည် များစွာစဉ်းစားနေရန် မလိုဘဲ ချက်ချင်းပင် ကြမ်းတမ်းပြီး ရက်စက်သောမျက်နှာထားအဖြစ် ပြောင်းလဲလိုက်သည်။

နောက်တစ်ခဏတွင် သူသည် မြင့်မားသော ဝင်ပေါက်မုခ်ဦးကိုဖြတ်ကျော်ကာ တည့်တည့်မတ်မတ် ပျံသန်းဝင်ရောက်သွား၏။

...

တတိယမြောက်ဂူ၊ ဆေးဖော်စပ်ခြင်းခန်းမ

နတ်ဆိုးဧကရာဇ်အများအပြားသည် စိတ်ကို အပြည့်အဝနှစ်မြှုပ်ထားပြီး ပူပြင်းတောက်ပသော အလင်းအတားအဆီး၏ရှေ့တွင် ခိုင်မာစွာ စောင့်ကြပ်နေကြ၏။

သူတို့ ယခုလိုစောင့်ကြည့်နေသည်မှာ အမှန်တော့ မြင်းဖြူနတ်ဆိုးဧကရာဇ် ကိုယ်တိုင်မတ်တတ်ရပ် စောင့်ကြပ်နေသည်နှင့် မခြားနားပေ။ သူတို့အနေဖြင့် အချိန်အနည်းငယ်လောက် တောင့်ခံထားနိုင်သရွေ့ အခြားသောမဟာနတ်ဆိုးဧကရာဇ်များ ချက်ချင်း ရောက်ရှိလာကြလိမ့်မည်။

သူတို့ အပြည့်အဝအာရုံစိုက်နေချိန်မှာပင်။

ရှေ့ဆုံး၌ရှိနေသော နှင်းကဲ့သို့ ဖြူဖွေးပြီး သန်မာထွားကြိုင်းသည့် ကျားသစ်နတ်ဆိုးသည် ရုတ်တရက် လည်ပင်းမှဖမ်းချုပ်ခံလိုက်ရပြီး တုံ့ပြန်ရန်အရိပ်အယောင်မျှပင် မပြနိုင်လိုက်ဘဲ လွင့်ထွက်သွားလေ၏။

ဘုန်း

"ရန်သူ ဝင်လာပြီ"

ကျန်ရှိသော နတ်ဆိုးဧကရာဇ်များသည် တုံ့ဆိုင်းခြင်းမရှိဘဲ စူးရှသောဟိန်းသံများဖြင့် အော်ဟစ်လိုက်ကြသည်။

သို့သော် ခဏချင်းအတွင်းမှာပင် သူတို့၏ လည်ချောင်းများကိုဖမ်းဆုပ်ခံလိုက်ရသကဲ့သို့ အားလုံး၏အသံများ ပြိုင်တူ ပျောက်ဆုံးသွားကြ၏။

"ငါ့ကို ရန်သူလို့ မင်းတို့ပြောလိုက်တာလား"

ရှစ်ကျန်း အမြင့်ရှိသော ရွှေရောင်မျက်လုံးခြင်္သေ့ကြီးသည် သူတို့ကိုအပေါ်စီးမှငုံ့ကြည့်နေသည်။

သွေးသံရဲရဲဖြစ်နေသော သူ့ခန္ဓာကိုယ်မှ သွေးနံ့များ ထူပြောစွာ ထွက်ပေါ်နေ၏။

ထိုကြီးမားသော ခြင်္သေ့လက်ဝါးကြီးသည် ဖြည်းဖြည်းချင်း ဆုပ်နယ်လိုက်၏။

သူသည် ထက်မြက်သောအစွယ်များကို ဖော်ပြလိုက်ပြီး ကြမ်းတမ်းသော အပြုံးတစ်ခုကို ထုတ်ဖော်လိုက်သည်။

"ကျွန်တော်တို့ တကယ်ပဲ သတိထားလွန်းနေမိတာပါ"

နတ်ဆိုးဧကရာဇ်များသည် ထပ်ခါတလဲလဲ နောက်ဆုတ်လိုက်ကြပြီး နှိမ့်ချစွာ ပြောဆိုကြ၏။ "စကားပြော မှားသွားတာပါ၊ ကျေးဇူးပြုပြီး ခြင်္သေ့ဧကရာဇ်၊ ဒေါသဖြေပါအုံး"

တစ်ဖက်လူက ရှင်းပြမရနိုင်သော လှုပ်ရှားမှုတစ်ခုကိုပြုလုပ်လိုက်သောကြောင့်သာ ဤနားလည်မှုလွဲမှားခြင်း ဖြစ်ပေါ်လာရသည် ဆိုလျှင်ပင်၊

မဟာနတ်ဆိုးဧကရာဇ်တစ်ပါး၏ရှေ့မှောက်တွင် မည်သည့် အကြောင်းပြချက် ပေးစရာရှိသနည်း။

"ထွက်သွားကြ။"

ရှန်းယီက သူ့အပြုံးကိုရုပ်သိမ်းလိုက်ပြီး ဂရုမစိုက်သော ပုံစံဖြင့် ရှေ့သို့လှမ်းဝင်လိုက်၏။

"ခြင်္သေ့ဧကရာဇ်၊ ဒါက မဟုတ်သေးဘူး အရှင်က စည်းကမ်းတွေကို ချိုးဖောက်နေတာ..." နတ်ဆိုးများသည် သူတို့၏စိတ်နှလုံးထဲတွင် ကြောက်ရွံ့မှုကို ခံစားနေရသော်လည်း ဂူဗိမာန်၏ဝင်ပေါက်ကို ခေါင်းမာစွာ ပိတ်ဆို့ထားဆဲပင်။ ခြင်္သေ့ကြီးကို တွန်းထုတ်ရန်လက်သည်းများကို သတိထားပြီး ဆန့်ထုတ်လိုက်သော်လည်း ၎င်း၏အမွှေးအမျှင်များကို အမှန်တကယ် မထိရဲကြပေ။

"စည်းကမ်းတွေ"

ရှန်းယီက မျက်လုံးများကို အောက်သို့ချလိုက်ရာ ရွှေရောင်အလင်းတန်းများက သူ့မျက်ဝန်းထဲတွင် စီးဆင်းသွားပြီး နောက်တစ်စက္ကန့်တွင် ရွှေရောင်အလင်းများထွက်ပေါ်လာတော့မည့်အလား ဖြစ်နေသည်။ သူ့အသံမှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် တည်ငြိမ်နေ၏။ "နတ်ဆိုးတစ်ထောင်ဂူမှာ၊ ငါက စည်းကမ်းပဲ။"

စကားပြောနေစဉ်အတွင်း ထိုငှက်နတ်ဆိုးသည် ရုတ်တရက် လည်ပင်းမှအဖမ်းခံလိုက်ရပြီး အပေါ်သို့ မမြှောက်ခံလိုက်ရပေ၏။

"မင်းက ငါ့စည်းကမ်းတွေကို အသိအမှတ် မပြုဘူးလား"

"..."

ငှက်နတ်ဆိုးသည် မသိစိတ်ဖြင့်တောင်ပံများကို ခတ်လိုက်သော်လည်း ခြင်္သေ့ကြီး၏အကြည့်နှင့် ရင်ဆိုင်လိုက်ရသောအခါ မည်သို့မျှ ငြင်းဆန်သော စကားတစ်ခွန်းကိုမှ မဆိုနိုင်တော့ပေ။

၎င်း တုန်လှုပ်စွာဖြင့် ပြောလိုက်၏။ "ကျေးဇူးပြုပြီး ခဏလောက် စောင့်ပါဦး... ကျွန်တော်တို့က ခြင်္သေ့ဧကရာဇ်ရဲ့ကိစ္စတွေကို ဝင်မစွက်ဖက်ရဲပါဘူး၊ ကျေးဇူးပြုပြီး ခဏလေးလောက်ထပ်စောင့်ပေးပါဦး။"

ထိုစကားကိုကြားလိုက်ရတဲ့အခါ ကောင်းကင်ယံမှာ ထွက်ပေါ်နေပြီးဖြစ်သော ပုံရိပ်သည်ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်၏။

၎င်းသည် စိုးရိမ်တကြီးဖြင့် မြေပြင်သို့ ဆင်းသက်လာသည်။

"ခြင်္သေ့ဧကရာဇ်၊ စကားပြောကြရအောင်၊ ကိုယ့်လူအချင်းချင်းထိခိုက်အောင် လုပ်စရာ မလိုပါဘူး။"

ခေါင်းပေါ်တွင် ကြီးမားသောဦးချိုတစ်စုံ ပါရှိသည့် အမျိုးသမီးပင်။၎င်းမှာ မကြာခင်က ထွက်ပြေးသွားခဲ့သည့် မဟာဦးချိုနတ်ဆိုးဧကရာဇ်မှလွဲ၍ ဘယ်သူဖြစ်နိုင်ဦးမည်နည်း။

သူတို့ နောက်ဆုံးတွေ့ဆုံခဲ့စဉ်ကနှင့် ယှဉ်လျှင်၊

ဤတစ်ကြိမ် သူမ၏ဝတ်စားဆင်ယင်မှုက ရှန်းယီကို အနည်းငယ် တုန့်ဆိုင်းသွားစေ၏။

သူမသည် တောင်ဘက်အရပ်တောင်ထိပ်ပေါ်မှ မဟာနေမင်းပုံစံကို ရွှေချည်မျှင်များဖြင့် ထိုးထားသည့် ညင်သာစွာလှုပ်ခတ်နေသော အနက်ရောင် ဝတ်ရုံကို ဝတ်ဆင်ထားသည်။

"ဒါက နန်ယန်ဂိုဏ်းအကြီးအကဲတွေရဲ့ ဝတ်ရုံပါ၊ ဂူအရှင်က လက်ဆောင်ပေးထားတာပါ၊ ခြင်္သေ့ဧကရာဇ်အတွက်လည်း တစ်ထည်ပါပါတယ်။"

မဟာဦးချိုနတ်ဆိုးဧကရာဇ်က အပြုံးတစ်ခုကို အတင်းဖျစ်ညှစ်ပြုံးလိုက်၏။ ငှက်နတ်ဆိုးကို ဘေးသို့ လွှင့်ပစ်လိုက်ပြီးနောက် လျှောက်လှမ်းလာသော ခန့်ညားထည်ဝါသည့် ခြင်္သေ့ကြီးကို မြင်၍ သူမ မသိစိတ်ဖြင့် နောက်သို့ဆုတ်လိုက်ရင်း ပြောလိုက်သည်။

ကံကောင်းထောက်မစွာပင် ဤဝတ်ရုံက သူမကို လုံလောက်သော ယုံကြည်မှုပေးစွမ်းသည်။

သတိပြန်ဝင်လာပြီးနောက် မဟာဦးချိုနတ်ဆိုးဧကရာဇ်က လက်ကိုဝှေ့ယမ်းလိုက်၏။

"ခြင်္သေ့ဧကရာဇ် ဒေါသထွက်နေတယ်ဆိုတာ ကျွန်မ သိပါတယ်၊ မဟာဦးချိုက တကယ်ပဲ သူရဲဘောကြောင်ပြီး သတ္တိနည်းခဲ့ပါတယ်၊ ဒါပေမဲ့ အဲဒီလိုကြောက်စရာကောင်းတဲ့ ရန်သူနဲ့ ရင်ဆိုင်ရတဲ့အခါ အသုံးဝင်တဲ့ အသက်တစ်ချောင်းကို ထိန်းသိမ်းဖို့ဆိုတာ သဘာဝပင်ကိုယ်အသိစိတ်တစ်ခုပါပဲ။"

"ခန္ဓာကိုယ်ကို ကာကွယ်ပေးထားတဲ့ ဒီဝတ်ရုံနဲ့ဆိုရင်ခြင်္သေ့ဧကရာဇ်၊ ဒီနေ့ မဟာဦးချိုကို အရှင် ထိခိုက်အောင် လုပ်နိုင်မှာမဟုတ်ပါဘူး။ အရှင့်ရဲ့ ခွန်အားတွေကို ချွေတာပြီးဒဏ်ရာတွေကို သေချာ ဂရုစိုက်တာက ပိုကောင်းပါလိမ့်မယ်။ မဟာဦးချိုက အရှင့်ကို သေချာပေါက်ကျိုးကြောင်းဆီလျော်တဲ့ ရှင်းပြချက်တစ်ခု ပေးပါ့မယ်။"

အတိတ်ကသာဆိုလျှင် သူမဘက်က မှားနေလျှင်ပင် ခြင်္သေ့ကို ဤမျှအထိယဉ်ကျေးနေမည် မဟုတ်ပေ။

သို့သော် အချိန်များပြောင်းလဲသွားပြီဖြစ်၏။

တစ်ဖက်လူသည် နီကျွင်းနှင့် ရင်ဆိုင်တွေ့ဆုံပြီးမှ အသက်ရှင်ကျန်ရစ်ခဲ့သည်ဟူသော အချက်က သူ့ခွန်အားအပေါ် သူမကို အနည်းငယ်မရေမရာ ဖြစ်စေသည်။

သူ့ကို အရင်ဆုံးတည်ငြိမ်အောင် လုပ်ထားသည်က ပိုကောင်းမည်။

"အဲဒီလိုလား"

ရှန်းယီက သူ့လက်သည်းများကို ဖြည်းဖြည်းချင်း ဖွင့်လိုက်ပြီး သူမ၏ခါးကို ဖမ်းဆုပ်ကာ မျက်လုံးချင်းဆိုင်မိသည်အထိ မြှောက်တင်လိုက်၏။ "မင်းကိုထိခိုက်အောင် လုပ်ရမှာလား၊ငါ တကယ်ပဲ စမ်းကြည့်ချင်သား။"

"..."

မဟာဦးချိုနတ်ဆိုးဧကရာဇ်၏အသက်ရှူသံများ မြန်ဆန်လာ၏။ သူမ ပါးစပ်က ပြောနေသော်လည်း ဝတ်ရုံ၏အကျိုးသက်ရောက်မှုကို တကယ်လက်တွေ့ မစမ်းသပ်ရသေးပေ။

နောက်ဆုံးတွင် သူမ လေသံပျော့သွားရတော့သည်။ "ဒီလိုလုပ်စရာ မလိုပါဘူး ခြင်္သေ့ဧကရာဇ်။အရှင်က နတ်ဆိုးတစ်ထောင်ဂူအတွက် ကြီးမားတဲ့ အကျိုးပြုမှုတွေ လုပ်ခဲ့တာပါ၊ ဒီနေ့တော့ ဒီနေရာက အရှင့်စကားနားထောင်ပါလိမ့်မယ်။"

All Chapters