← Chapters

အခန်း (၄၀၆)

Vol. 41 Ch. 406

အခန်း (၄၀၆)

Vol. 41 Ch. 406

"ငါ မစားဘူးဆိုရင်ရော"

ရှန်းယီသည် သူ၏အကြည့်ကို အောက်သို့ နှိမ့်ချလိုက်၏။

ထိုစကားကို ကြားသောအခါ ရွှေတောင်ပံနတ်ဆိုးဧကရာဇ်သည် အချိန်အတော်ကြာတိတ်ဆိတ်သွားပြီးမှ သက်ပြင်းချလိုက်လေသည်။

"နင် စားတာ၊မစားတာက နင့်ဆန္ဒပါပဲ။ ဒါပေမဲ့ နင်ကမလုပ်ချင်ဘူးဆိုရင်တော့ ငါနဲ့အတူ ဂူအရှင်ဆီ လိုက်ခဲ့ရလိမ့်မယ်။"

သူမ၏စကားအဆုံးတွင် ရှန်းယီကို မော့ကြည့်လိုက်ရာ သူမ၏အကြည့်များသည် ရုတ်တရက် ပိုမိုစူးရှလာလေသည်။

"မင်းလက်ထဲက ဘာလဲ"

ရှန်းယီသည် သူမ၏လက်ဖဝါးပေါ်ရှိ အရာကို စူးစိုက်ကြည့်လိုက်၏။

ရွှေတောင်ပံနတ်ဆိုးဧကရာဇ်သည် ဖုံးကွယ်ရန် မကြိုးစားဘဲ သူမ၏လက်ဖဝါးကို ဖြန့်ပြလိုက်ရာ ဟွာရှန်းဆေးလုံးသုံးလုံး ပေါ်လာလေသည်။

"အဲဒါတွေ ငါ့ကိုပေး။"

ရှန်းယီသည် ခေါင်းညိတ်ပြကာ သူမဆီသို့ လက်လှမ်းလိုက်၏။

"..."

ရွှေတောင်ပံနတ်ဆိုးဧကရာဇ်သည် အံကြိတ်လိုက်မိသည်။ သူမ၏ခက်ထန်သော မျက်နှာပေါ်တွင် ဒေါသအရိပ်အယောင်များ ရုတ်တရက် ပေါ်ပေါက်လာလေ၏။

အခြေအနေက ဤအဆင့်ထိ ရောက်နေပြီဖြစ်ရာ တစ်ဖက်လူက မည်သို့သော လှည့်ကွက်ကို ဆက်လက်ကစားရန်ကြိုးစားနေသည်ကို သူမ စဉ်းစား၍ မရတော့ချေ။

ခြင်္သေ့ပျောက်ကွယ်သွားခြင်း၊ ရှန်းယီ မဟာချန်သို့ ပြန်သွားခြင်း၊ ရှန်းယီ မဟာချန်မှထွက်ခွာလာခြင်း၊ ခြင်္သေ့သည် သူ၏ဂူသို့ပြန်ရောက်လာခြင်းနှင့် ယခု ဤဆေးလုံးများ... မကြာသေးမီက စတုတ္ထဂူမှ ဆေးပင်များကို ယူနိုင်မည့် ဒုတိယမြောက်လူဟူ၍ မရှိခဲ့ချေ။

သူက ငါတို့ကို ငတုံးငအလို့ ထင်နေတာလား။

ရွှေတောင်ပံနတ်ဆိုးဧကရာဇ်သည် ဟွာရှန်းဆေးလုံးများကို ရှန်းယီထံသို့ ပစ်ပေးလိုက်ပြီး အေးစက်စွာ ပြောလိုက်၏။ "သူတို့ကိုစားမလား၊ ဒါမှမဟုတ် ငါနဲ့အတူဂူအရှင်ဆီ လိုက်မလား။ နင့်မှာ တတိယလမ်း ရွေးစရာမရှိဘူး။"

"ဘာတွေ ဖြစ်နေတာလဲ"

ချင်းဖုန်းသည် အသက်ကို ပြင်းပြင်းရှူရင်း သူ၏ဦးခေါင်းကို ခဲယဉ်းစွာ မော့ကြည့်လိုက်၏။ ဤနတ်ဆိုးနှစ်ကောင် အဘယ်ကြောင့် ရုတ်တရက် စကားများနေကြသည်ကို သူ နားမလည်နိုင် ဖြစ်နေရသည်။

လင်းရှီသည်လည်း အသက်ရှူသံများ မြန်ဆန်လာကာ သူမ၏စိတ်အခြေအနေမှာ အကြောင်းရင်းမရှိဘဲ တင်းမာလာလေသည်။

သူတို့နှစ်ဦး၏ဘေးတွင်မူ ကျန်းချိုလန်သည် ခြင်္သေ့ကို တည်ငြိမ်စွာစိုက်ကြည့်နေပြီးနောက် ရုတ်တရက် ပြုံးလိုက်၏။ နောက်တစ်ခဏတွင် သူမ၏ခန္ဓာကိုယ်အတွင်းရှိ တာအိုဝိညာဉ်သည် ဂနာမငြိမ်ဖြစ်လာပြီး ပတ်ဝန်းကျင်တွင် အက်ကွဲသံများ ပဲ့တင်ထပ်သွားလေသည်။

ရွှေတောင်ပံနတ်ဆိုးဧကရာဇ် စိုက်ကြည့်နေစဉ်မှာပင်၊ရှန်းယီသည် သစ်ပင်ဆီသို့ အေးအေးလူလူ လျှောက်သွားကာ ကျန်းချိုလန်၏ လက်ကို ဖြည်းညှင်းစွာဆုပ်ကိုင်လိုက်ရာ သူမ၏တာအိုဝိညာဉ်မှာ ချက်ချင်းပင် ပြန်လည် တည်ငြိမ်သွား၏။

နန်ယန်အသွင်ပြောင်းခြင်းအတတ်ပညာကို လျင်မြန်စွာရုပ်သိမ်းလိုက်လေသည်။

ခမ်းနားထည်ဝါသော အနက်ရောင်ဝတ်ရုံမှာ အနည်းငယ် လွင့်ပျံနေ၏။ ခန့်ညားသော လူငယ်လေး၏မျက်နှာတွင် တည်ငြိမ်မှုနှင့် အေးစက်မှုတို့ ရှိနေပြီး သူသည် ဟွာရှန်းဆေးလုံး သုံးလုံးကို ကျန်းချိုလန်၏ လက်ဖဝါးထဲသို့ ထည့်ပေးကာ သူမ၏လက်ချောင်းလေးများကို ဆုပ်ကိုင်ကာပိတ်ပေးလိုက်လေသည်။

သူ၏အသံမှာ တည်ငြိမ်လွန်းလှ၏။ "အပြင်ရောက်ရင် ဒါတွေကို အမြန်ဆုံးသောက်လိုက်၊ နောက်တစ်ခါထပ်ပြီး အပျောက်မခံနဲ့တော့။"

သူ နောက်လှည့်လိုက်ချိန်တွင် ရှန်းယီ၏နက်မှောင်သော မျက်လုံးများသည် သွေးရောင်များ ဖုံးလွှမ်းသွားလေသည်။ သူ ရှေ့သို့ လှမ်းလိုက်သည်နှင့် ပြင်းထန်သော သတ်ဖြတ်ခြင်းအငွေ့အသက်များသည် ကောင်းကင်ယံသို့ လွှမ်းခြုံသွား၏။

ရှန်းယီသည် လေထဲသို့ ပျံတက်လိုက်ပြီး အောက်ရှိ ကျားမကို စကားတစ်ခွန်းတည်းဖြင့် တုံ့ပြန်လိုက်လေသည်။

"ဟွန့်"

ထိုရင်းနှီးနေသောလှောင်ပြုံးသံကို ကြားလိုက်ရသည့်အခါ ရွှေတောင်ပံနတ်ဆိုးဧကရာဇ်၏ မျက်နှာသည် ချက်ချင်းပင် ဒေါသအမျက် ချောင်းချောင်းထွက်သွား၏။ သူမသည် ထိုနေရာတွင်ပင် ပျောက်ကွယ်သွားလေသည်။

သူမ၏ထက်မြက်သော လက်သည်းများသည် လေတိုးသံနှင့်အတူ လူငယ်လေးဆီသို့ ဦးတည်သွား၏။ မူလကမူ ဤတိုက်ကွက်သည် လင်းရှီ၏ စိတ်ဓာတ်ကို ပြိုလဲစေခဲ့သော တိုက်ကွက်ပင်။

သို့သော် ယခုအကြိမ်တွင်မူ၊သူမ၏ လက်သည်းများသည် လူငယ်လေး၏ခန္ဓာကိုယ်ကို ထိပင်မထိနိုင်ဘဲ လေထဲတွင်သာ ယမ်းခါနေရ၏။

ရွှေတောင်ပံနတ်ဆိုးဧကရာဇ်၏သွယ်လျသော လည်ပင်းကို ဖြူဖွေးသော လက်တစ်ဖက်ဖြင့် ဆုပ်ကိုင်ထားလိုက်လေသည်။ သူမသည် မျက်လုံးများ ပြူးကျသွား၏။

လူငယ်လေးသည် သူမကို တည်ငြိမ်စွာ ပြန်ကြည့်နေသည်ကိုသာ မြင်လိုက်ရ၏။ သူ၏မျက်ခုံးကြားတွင်မူ ဓားကဲ့သို့သော ရွှေရောင်မီးတောက်များ လောင်ကျွမ်းနေပြီး သူ၏မျက်ဝန်းများမှာ လူ့လောကကို ငုံ့ကြည့်နေသည့် နတ်ဘုရားတစ်ပါးအလား ဖြစ်နေချေသည်။

အကယ်၍ သူမတွင် ဝတ်ရုံ၏အကာအကွယ်သာ မရှိပါက ဤထိတွေ့မှုတစ်ခုတည်းနှင့်ပင် သူမ အကြီးအကျယ် ဒဏ်ရာရသွားပေလိမည်။

ဝုန်း

ရွှေတောင်ပံနတ်ဆိုးဧကရာဇ်သည် ပေါ့ပေါ့ပါးပါးပင် အဝေးသို့လွင့်စင်သွား၏။

လူငယ်လေး၏ သာမန်ကာလျှံကာ လုပ်ဆောင်ချက်ကြောင့် သူမသည် မြေပြင်ပေါ်သို့ ပြင်းထန်စွာကျရောက်သွားပြီး ဝိညာဉ်စိုက်ခင်းတစ်ခုလုံး တုန်ခါသွားလေသည်။ ရှန်းယီသည် လက်ကို တစ်ဖက်သို့ ဝှေ့ယမ်းလိုက်ရာ အနက်ရောင် အလင်းတန်းသည် လူသုံးဦးကို ချည်နှောင်ထားသောမှော်ရတနာများကို လျင်မြန်စွာ ဖြတ်တောက်လိုက်ပြီးနောက် သူ၏လက်ထဲသို့ ပြန်လည်ရောက်ရှိကာ ရှည်လျားသော လှံတံနက်ကြီးအဖြစ် ပြောင်းလဲသွားလေသည်။

"ဟင်"

ချင်းဖုန်းသည် မြေပြင်ပေါ်သို့ ကျသွားပြီး ကောင်းကင်ယံရှိ ပုံရိပ်ကို အံ့အားသင့်စွာ မော့ကြည့်လိုက်မိ၏။ အလွန် ရင်းနှီးသော်လည်း တစ်မျိုးတစ်ဖုံ ထူးဆန်းစွာ စိမ်းသက်နေလေသည်။

ရွှေရောင်အလင်းတန်းများ ရောယှက်နေပြီး ဝတ်ရုံနက်မှာ လွင့်ပျံနေ၏။ လူငယ်လေးသည် ကျောပြင်ကို မတ်မတ်ဆန့်ထားလေသည်။ လက်ထဲတွင် လှံရှည်ကို ကိုင်ထားပြီး နတ်ဆိုးများရှိရာသို့ ချိန်ရွယ်ထား၏။

သူသည် လောကသို့ ပြန်လည်ရောက်ရှိလာသော မသေမျိုးဂိုဏ်းမှကျင့်ကြံသူကြီးတစ်ဦးနှင့်ပင် တူနေချေသည်။

ချင်းဖုန်းသတိမဝင်နိုင်သေးခင်မှာပင် ကျန်းချိုလန်သည် သူ့ကို အလင်းအကာအပြင်ဘက်သို့ ပစ်ထုတ်လိုက်ပြီးနောက် လင်းရှီကို ဆွဲကာ အေးစက်သော ဓားအလင်းတန်းအဖြစ် ပြောင်းလဲကာ အပြင်ဘက်သို့ အမြန် ပြေးထွက်သွားလေသည်။

"နင်က ငါ့ကို ချောက်နက်လိုပဲ တုံးအတယ်လို့ ထင်နေတာလား"

ရွှေတောင်ပံနတ်ဆိုးဧကရာဇ်သည် ဝိညာဉ်စိုက်ခင်းမှ ဖြည်းညှင်းစွာ ထရပ်လိုက်ပြီး ကောင်းကင်သို့ မော့ကြည့်လိုက်၏။ "ငါ့ရဲ့ရွှေရောင်မျက်လုံး ခြင်္သေ့ဧကရာဇ်... ဒါမှမဟုတ် တာအိုကျင့်ကြံသူရှန်းလို့ ခေါ်ရမလား"

သူမ၏ စကားသံနှင့်အတူ၊ချင်းဖုန်းသည် နောက်ပြန်လှည့်ကာ အမျိုးသမီးနှစ်ဦးကို ပိတ်ဆို့ထားလိုက်လေသည်။ သူသည် အလင်းအကာကို ထိတ်လန့်တကြား စိုက်ကြည့်နေမိ၏။ နောက်တစ်ခဏတွင် ပုံရိပ်လေးခု တစ်ပြိုင်နက်ဝင်ရောက်လာလေသည်။

အားလုံးသည် နန်ယန်ဂိုဏ်း၏ဝတ်ရုံနက်များကို ဝတ်ဆင်ထားကြပြီး အပြင်ပန်းကြည့်လျှင် သန့်စင်သောကျင့်ကြံသူများနှင့် တူသော်လည်း ထူးခြားသော အသွင်အပြင်များ ရှိနေကြသည်။

၎င်းတို့မှာ ကြောက်မက်ဖွယ် သားရဲခေါင်းများ ရှိနေကြပြီးအမျိုးမျိုးသော မှော်ရတနာများကို ကိုင်ဆောင်ထားကြ၏။

ထိုမြင်ကွင်းသည် တစ်စုံတစ်ဦး၏ နှလုံးသားကို တုန်လှုပ်သွားစေနိုင်သော အေးစက်ဖွယ် မြင်ကွင်းပင် ဖြစ်သည်။

"ဒါ... ဒါက စီနီယာအစ်ကိုနီ အရင်တုန်းက ရင်ဆိုင်ခဲ့ရတဲ့ နတ်ဆိုးမျိုးတွေလား" ချင်းဖုန်း တံတွေးကို ခက်ခဲစွာ မျိုချလိုက်၏။

"ဟမ့်... အဲဒါမျိုးတော့ မဟုတ်ပါဘူး။"

သမင်ခေါင်းနှင့်နတ်ဆိုးကြီးက ခေါင်းခါလိုက်၏။

"မင်းရဲ့ စီနီယာအစ်ကိုနီတုန်းကတော့ ဒီလို ဆက်ဆံမှုမျိုး မရခဲ့ပါဘူး။"

ခေါင်းဆောင်ဖြစ်သူက မှော်လက်နက်များကို ချီးမြှင့်ပေးပြီးနောက် ၎င်းတို့ တစ်ဦးချင်းစီသည် မြင်းဖြူနတ်ဆိုးဧကရာဇ်ထက် အင်အား မနည်းတော့ချေ။

"ခြင်္သေ့ဧကရာဇ်... ရွှေတောင်ပံက စိတ်ပျော့တတ်လို့ ငါတို့ မင်းကိုအခွင့်အရေး ပေးခဲ့ပါတယ်။"

ထိုသို့ပြောပြီးနောက် ကောင်းကင်ရှိ ပုံရိပ်ကို ပြုံးပြလိုက်လေသည်။ "မင်းသာ သူမစကားကိုနားထောင်ခဲ့ရင် ဒီနေ့ဖြစ်ရပ်တွေကို ခေါင်းဆောင်ကြီးတောင် သိမှာမဟုတ်ဘူး။ နှမြောစရာပဲ... မင်းက အခွင့်အရေးကို တန်ဖိုးမထားခဲ့ဘူး။"

"ပျော်နေတာလား" မြွေနတ်ဆိုးကြီးက တရှူးရှူးမြည်ကာ ပြောလိုက်၏။

"မင်း ဆက်ပြီးကပြလို့ ရပါသေးတယ်၊ ငါတို့က ခြင်္သေ့ဧကရာဇ်ရဲ့အရှိန်အဝါကို ဝမ်းသာအားရထိုင်ကြည့်ပေးပါမယ်။"

ခြေတစ်ထောင်နတ်ဆိုးဧကရာဇ် တိုက်ခိုက်စဉ်က ၎င်းတို့အားလုံး အထက်ကောင်းကင်မှနေ၍ ကြည့်နေခဲ့ကြသည် မဟုတ်ပါလား။

နားထဲသို့ ဝင်လာသော ဆူညံသံများကို ကြားသော်လည်း၊ ရှန်းယီသည် အလင်းအကာကို တစ်ချက်ကြည့်လိုက်ပြီး သူ၏မျက်နှာမှာ ပြောင်းလဲခြင်း မရှိပေ။

ရွှေတောင်ပံနတ်ဆိုးဧကရာဇ်သည် သူ၏ တုံ့ပြန်မှုကို မြင်လိုက်ရသောအခါ ရုတ်တရက်ဝမ်းနည်းမှုနှင့် နာကျည်းမှုတို့ကို ခံစားလိုက်ရ၏။ ဤကဲ့သို့သော အင်အားနှင့် စရိုက်လက္ခဏာမှာ အပြစ်ပြောစရာမရှိသည့်သူမျိုး ဖြစ်သည်။

ဘာလို့... ဘာလို့ သူက လူသားဖြစ်နေပြီး နတ်ဆိုး မဟုတ်ရတာလဲ။

"ငါ နင့်ကိုအလိုလိုက်လွန်းသွားပြီ။ ဒီနေ့တော့ အကုန်လုံးကို ငါ ပြန်ယူမယ်"

"နင့်ကို တစ်စစီကြိတ်ချေပစ်မယ်၊ နင် ငါ့ရဲ့ အစိတ်အပိုင်းတစ်ခု လုံးလုံးလျားလျားဖြစ်သွားတဲ့အထိပဲ"

ဟိန်းသံတစ်ခုနှင့်အတူ ရွှေတောင်ပံနတ်ဆိုးဧကရာဇ်သည် ချောမွတ်သော ကျောက်စိမ်းလုံးလေးတစ်ခုကို ထုတ်လိုက်၏။ ၎င်းအတွင်း၌ သဲသောင်ပြင်တစ်ခု ရှိနေပုံရပြီး သူမ အစွမ်းပြလိုက်သည်နှင့် ရှန်းယီနှင့် ဆင်တူသော ပုံရိပ်တစ်ခု ချက်ချင်း ပေါ်ထွက်လာလေသည်။

တစ်ချိန်တည်းမှာပင်၊ရှန်းယီ၏ ခန္ဓာကိုယ်သည် လေးလံသောပိတ်ဆို့မှုကို ခံစားလိုက်ရပြီး လက်တစ်ကလေးပင်လှုပ်ရှားရန် ခဲယဉ်းသွားလေသည်။

"အလင်းသန့်စင်ခြင်း ရတနာမှန်"

ရွှေတောင်ပံနတ်ဆိုးဧကရာဇ်သည် တစ်ပေခန့်မြင့်သောကြေးမုံပြင်တစ်ခုကို ရိုက်ချလိုက်ရာ ဝိညာဉ်အလင်းတန်းများ ပေါက်ကွဲထွက်ပေါ်လာပြီး အရပ်မျက်နှာအနှံ့ ပျံ့နှံ့သွား၏။ ဤမှန်သည် မဟာအစီအရင်ကို ဖောက်ထွင်းမြင်နိုင်စွမ်း ရှိလေသည်။

ထို့နောက်တွင် သူမသည် နောက်ထပ်ပစ္စည်းတစ်ခုကို ထုတ်ယူလိုက်ပြန်သည်၊ ၎င်းမှာ စီးဆင်းနေသောအလင်းတန်းများဖြင့် ပြည့်လျှံနေသည့် ရွှေရောင်မြှားတစ်စင်း ဖြစ်၏။

"နင်က ခြင်္သေ့ဧကရာဇ်ဖြစ်နေတော့... ဒီ နတ်ဆိုးနှိမ်နင်းရွှေမြှားကို နင့်အတွက် သုံးတာက အတော်လေး သင့်တော်ပါတယ်။"

"ငါ နင့်အကြောင်းကို ဒီလောက်သိနေတာကို စိတ်မလှုပ်ရှားဘူးလား"

"ကဲ... အခု နင် ဘယ်လိုပြေးဖို့ ကြံနေလဲ"

ရွှေတောင်ပံနတ်ဆိုးဧကရာဇ်သည် ကောင်းကင်သို့ ရုတ်တရက်ပျံတက်လိုက်ပြီး အခြားနတ်ဆိုးဧကရာဇ်များနှင့်အတူ ဝိုင်းရံထားလိုက်လေသည်။

"ဒါ... ဒါ ဘယ်လိုအရာမျိုးလဲ။"

ချင်းဖုန်းသည် ထွက်ပြေးရန် စိတ်ကူးကို ချက်ချင်း စွန့်လွှတ်လိုက်၏။ သူ၏ ဆရာကိုယ်တိုင် လာလျှင်ပင် ဤကဲ့သို့သော ဝိုင်းရံမှုမျိုးမှ အသက်ရှင်လျက် လွတ်မြောက်နိုင်မည့်သူ လောကတွင် ရှိမည်မဟုတ်ဟု သူ ခံစားလိုက်ရသည်။

ရှန်းယီက ဘာတွေလုပ်ခဲ့လို့ ဒီနတ်ဆိုးတွေက သူ့ကို ဒီလောက်တောင် အလေးထားနေကြတာလဲ။

ဤကဲ့သို့သော တိုက်ပွဲမျိုးတွင် သူနှင့်အတူ သေရခြင်းမှာ အိပ်မက်ပင်မမက်ဝံ့သော ဂုဏ်ယူစရာတစ်ခု ဖြစ်ချေသည်။

ထိုအချိန်တွင်ပင် လင်းရှီသည် ကြောင်တောင်တောင်ဖြင့် ခေါင်းမော့ကြည့်လိုက်၏။ သူမသည် အမြင်အာရုံ ဆုံးရှုံးသွားသော်လည်း ဝိညာဉ်စွမ်းအင်လှိုင်းဂယက်များအပေါ် အာရုံခံစားနိုင်စွမ်း ပိုမိုမြင့်မားလာလေသည်။

ဝုန်း ဝုန်း ဝုန်း

နတ်ဆိုးဧကရာဇ်အချို့သည် ကြောက်မက်ဖွယ် သားရဲကြီးများ၏ဟိန်းသံကို ရုတ်တရက် ကြားလိုက်ရ၏။ ကောင်းကင်ယံတွင် နီရဲသော နတ်ဆိုးစွမ်းအင်များ ပေါ်ထွက်လာလေသည်။

ပုံရိပ်တစ်ခုသည် ပုလ္လင်တစ်ခုပေါ်တွင် တင်ပျဉ်ခွေထိုင်နေပြီး ကိုးပါးသောအင်မော်တယ်နတ်ဆိုးများက ဝိုင်းရံထား၏။ ဟာလာဟင်းလင်း ဖြစ်နေသော သွေးပင်လယ်အတွင်း၌ဒုန်းစိုင်းပြေးနေသော မြင်းပုံသဏ္ဍာန်ကျောက်တိုင်မှာ တစ်ခါတစ်ရံ ပေါ်လာလိုက်၊ ပျောက်သွားလိုက် ဖြစ်နေလေသည်။

ထင်ယောင်ထင်မှားထိုးဖောက်ခြင်း

ရှန်းယီသည် သူ၏လက်ဖဝါးကို မြှောက်လိုက်ရာ ကျယ်ပြောသော သွေးပင်လယ်ကြီးသည် ကြီးမားသောဒေါင်လိုက်မျက်လုံးကြီးတစ်ခုအဖြစ် စုစည်းသွားလေသည်။

ထိုမျက်လုံးကြီး ပွင့်လာသည့် ခဏတွင်၊၎င်း ကြည့်လိုက်သော နေရာသို့ကောင်းကင်မှ သွေးရောင်လျှပ်စီးကြောင်းတစ်ခု ပြင်းထန်စွာ ကျရောက်လာလေတော့သည်။

"..."

ထိုမျှပြင်းထန်သော အရှိန်အဝါကြောင့် မြွေနတ်ဆိုးဧကရာဇ်မှာ အလိုအလျောက်တုန်လှုပ်သွားသော်လည်း သူမဝတ်ထားသော ဝတ်ရုံက သူမကို သတ္တိအနည်းငယ် ပေးထား၏။

သို့သော်လည်း တစ်ခဏအတွင်းမှာပင် သူမသည် သွေးလျှပ်စီးဒဏ်ကို ခံလိုက်ရလေသည်။ ဝတ်ရုံပေါ်ရှိအစီအရင်များကို ထိုဒေါင်လိုက်မျက်လုံးကြီးကဖောက်ထွင်းမြင်နေပုံရပြီး သွေးလျှပ်စီးသည် အားနည်းချက်တိုင်းကို ထိုးဖောက်ဝင်ရောက်သွား၏။

ဝုန်း

မြွေနတ်ဆိုးသည် နောက်သို့လွင့်ထွက်သွားပြီး ဝိညာဉ်စိုက်ခင်းထဲသို့ ပြုတ်ကျကာ တဆတ်ဆတ် တုန်နေလေသည်။ အခြားနတ်ဆိုးဧကရာဇ် သုံးဦးမှာမူ အဝေးသို့ ရှောင်ထွက်သွားကြပြီး ကြောင်တောင်တောင်ဖြင့် စိုက်ကြည့်နေကြ၏။

သူတို့၏မောက်မာမှုများမှာ ချက်ချင်း ပျောက်ကွယ်သွားလေသည်။

ခေါင်းဆောင်ကြီး ချီးမြှင့်ထားသော ဝတ်ရုံကပင် အသုံးမဝင်တော့လျှင်၊သူတို့၏ ကိုယ်ပိုင်အင်အားဖြင့်ဆိုပါက ခြင်္သေ့... မဟုတ်သေးပေ၊ ရှန်းယီကို အသာစီးရလိမ့်မည်ဟု သူတို့ မထင်တော့ချေ။

"အရင်သွားကြတော့။"

ရှန်းယီသည် ကျန်းချိုလန်ကို တစ်ချက်ကြည့်လိုက်၏။

သူ၏အကြည့်အောက်တွင် အခြားနတ်ဆိုးဧကရာဇ်များမှာ ခေတ္တမျှတုံ့ဆိုင်းသွားကြပြီး မည်သူကမျှ ကြားဖြတ်တားဆီးခြင်း မပြုဝံ့ကြချေ။

"ကောင်းပြီ။"

ကျန်းချိုလန်သည် နာခံမှုရှိစွာခေါင်းညိတ်ပြပြီး ဝူထုံတောင်မှ ကြောင်တောင်တောင် ဖြစ်နေသော တပည့်နှစ်ဦးကို ဆွဲကာ အလင်းအကာအပြင်ဘက်သို့ အမြန် ထွက်ခွာသွားလေသည်။

သူတို့ ဝိညာဉ်စိုက်ခင်းထဲသို့ ပျောက်ကွယ်သွားသည်ကို ကြည့်ပြီးနောက်၊ရှန်းယီသည် ရွှေတောင်ပံနတ်ဆိုးဧကရာဇ်ဘက်သို့ ပြန်လှည့်ကြည့်ကာ နူးညံ့စွာပြောလိုက်၏။

"မင်းက ငါ့အကြောင်းကို ဒီလောက်သိနေတာဆိုတော့... ငါက ဘာလို့ထွက်ပြေးမယ်လို့ ထင်နေရတာလဲ"

သူ၏မျက်လုံးများထဲတွင် ပြင်းထန်သော ရက်စက်မှုများ ပြည့်နှက်နေလေသည်။

ထိုလောဘတကြီးအကြည့်များအောက်တွင် ကျန်ရှိနေသော နတ်ဆိုးဧကရာဇ်များသည် ခေတ္တမျှ ကြောင်အသွားကြပြီးမှ အလိုအလျောက် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ကြမိသည်။

သူခြင်္သေ့ဧကရာဇ်အဖြစ် ဟန်ဆောင်နေစဉ်က ပြသခဲ့သောစရိုက်လက္ခဏာမှာ ဟန်ဆောင်မှုသက်သက်မဟုတ်ခဲ့သည်မှာ ထင်ရှားလှချေ၏။

All Chapters