← Chapters

ခွေးလက်သည်းအောက်တွင် ကြမ်းကြုတ်သောကျားကို သတ်ဖြတ်ခြင်း

Vol. 41 Ch. 408

ခွေးလက်သည်းအောက်တွင် ကြမ်းကြုတ်သောကျားကို သတ်ဖြတ်ခြင်း

Vol. 41 Ch. 408

ဘုန်း

ကြီးမားသော ခွန်အားများပေါင်းစပ်လိုက်မှုကြောင့် ယိုဝေလှံသည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး နတ်ဆိုးများ၏အပေါ်မှ ဖြတ်ကျော်ပျံသန်းသွားသည်။

၎င်းတို့ သတိမဝင်လာနိုင်ခင်မှာပင်...

ဝတ်ရုံနက်ဝတ်လူငယ်သည် ၎င်းတို့ရှေ့သို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။ သူ၏ နဖူးအလယ်မှ ရွှေရောင်မီးလျှံများ တောက်ပနေပြီး လက်ဖဝါးနှစ်ဖက်မှလည်း တောက်လောင်သော အလင်းတန်းများ ထွက်ပေါ်လာသည်။

သူသည် သမင်နတ်ဆိုးကို ရက်စက်စွာ နင်းခြေလိုက်ပြီး လက်သီးချက်များကို မုန်တိုင်းသဖွယ် တရစပ် ပစ်သွင်းလိုက်တော့သည်။

သွေးများပန်းထွက်ခြင်း သို့မဟုတ် အရိုးများ ကျိုးကြေခြင်းမျိုး မရှိပေ။ သို့သော် သံထည်ကို တူဖြင့်ထုသကဲ့သို့ အစီအရင်များကြေမွသွားသည့် အသံသည် ဟိန်းထွက်လာတိုင်း နတ်ဆိုးများ၏ နှလုံးသားကို တုန်လှုပ်စေသည်။

"ကယ်ကြဦး"

ရွှေတောင်ပံနတ်ဆိုးဧကရာဇ်သည် ရုတ်တရက် စိတ်ပျက်အားငယ်မှုကို ခံစားလိုက်ရသည်။ သူမ စောင့်စားနေသည့် အခွင့်အရေးမှာ အလွန်နီးကပ်နေပြီဟုထင်ရသော်လည်း ရေပြင်ပေါ်ကလမင်းကို ဆုပ်ကိုင်ရန် ကြိုးစားနေသကဲ့သို့ မည်သည့်အခါမှ လက်လှမ်းမမီနိုင်ခဲ့ပေ။

အကယ်၍ ရှန်းယီသာ နောက်ထပ် မဟာနတ်ဆိုးဧကရာဇ်တစ်ပါးကို သတ်လိုက်မည်ဆိုလျှင် သူ့ကို တားဆီးရန် မည်သည့်အရာ ကျန်ပါဦးမည်နည်း။

နတ်ဆိုးပုံရိပ်လေးခုသည် တစ်ပြိုင်နက်တည်း ပျံတက်လာပြီး လူငယ်ထံသို့ ပြေးဝင်သွားကြသည်။

ဘုန်း ဘုန်း

တိုက်ခိုက်သံများ ဆက်တိုက် ပေါက်ကွဲထွက်လာ၏။ ၎င်းတို့သည် နတ်ဆိုးတစ်ထောင်ဂူတွင် ထိပ်တန်းအဆင့်ရှိသော မဟာနတ်ဆိုးဧကရာဇ်များ ဖြစ်ကြသည်။ ၎င်းတို့၏မူလသဏ္ဍာန်ကို မဖော်ထုတ်ရသေးသော်လည်း နတ်ဆိုးခန္ဓာကိုယ်များမှာ အလွန်ပင်သန်မာလှ၏။

သို့သော် ပြဿနာမှာ နန်ယန်ဂိုဏ်းဝတ်ရုံများ ဖြစ်နေသည်။

မည်သည့်ဘက်ကမျှ တစ်ဖက်လူ၏ခုခံမှုကို မဖောက်ထွင်းနိုင်သဖြင့်ပြင်းထန်ပြီး ပင်ပန်းဆိုးရွားလှသောခံနိုင်ရည်တိုက်ပွဲ ဖြစ်လာခဲ့သည်။ ဝိညာဉ်စိုက်ခင်းအတွင်းတွင် လက်သီးချက်များ၏ အသံများသာ ဖုံးလွှမ်းနေတော့သည်။

ရှန်းယီသည် ငါးကြိမ်မြောက်အဖြစ် နတ်ဆိုးအမြုတေကိုထုတ်ယူကာ မျိုချလိုက်သည့် အချိန်အထိပင်။

"..."

နက်ရှိုင်းသောကျင့်ကြံခြင်းအခြေခံရှိသည့် ရွှေတောင်ပံနတ်ဆိုးဧကရာဇ်ပင်လျှင် တုန်လှုပ်သွားရပြီး တိုက်ခိုက်မှုကိုရပ်တန့်လိုက်ရသည်။ သူမသည် မြေပြင်ပေါ်သို့ ဒူးထောက်ကျသွားကာ လက်နှစ်ဖက်ဖြင့် ထောက်လျက်အသက်ကို ပြင်းပြင်းရှူနေရတော့သည်။

ရှန်းယီသည် သူ့ခြေရင်းတွင် လဲလျောင်းနေသော နတ်ဆိုးလေးကောင်ကို ဂရုမစိုက်သလို ကြည့်လိုက်သည်။ ယိုဝေလှံသည် သူ၏လက်ထဲသို့ ပြန်လည် ရောက်ရှိလာခဲ့ပြီဖြစ်၏။

ထည်ဝါသော လှံဖျားကို ကြည့်ရင်း ရွှေတောင်ပံ နတ်ဆိုးဧကရာဇ်သည် မိမိကိုယ်ကိုယ် လှောင်ပြောင်သည့် အပြုံးမျိုးဖြင့်ပြုံးလိုက်ပြီး နောက်ဆုံးတွင် ထိုရွှေမြှားကို လွှတ်တင်လိုက်တော့သည်။

တစ်ခဏအတွင်းမှာပင် ကောင်းကင်တစ်ခုလုံးကို ကြီးမားသောအသံတစ်ခုက လွှမ်းမိုးသွားသည်။ မြှားသည် ရွှေတောင်ပံနတ်ဆိုးဧကရာဇ်၏ လက်ထဲမှ တိတ်ဆိတ်စွာ ပျောက်ကွယ်သွားသည်။

၎င်း ပြန်လည် ပေါ်ထွက်လာချိန်တွင် ရှန်းယီ၏ ရင်ဘတ်ကို ဖောက်ထွက်သွားပြီး ဖြစ်ကာ ရွှေရောင်အလင်းအဖြစ် သူ၏ခန္ဓာကိုယ်အတွင်းသို့ စိမ့်ဝင်သွားသည်။ နတ်ဆိုးနှိမ်နင်းရွှေမြှား ရှေ့တွင် နန်ယန်ဝတ်ရုံမှာ မည်သည့် တုံ့ပြန်မှုမျှ မရှိခဲ့ပေ။

"သွားကြစို့"

ရွှေတောင်ပံနတ်ဆိုးဧကရာဇ်၏ စူးရှသော အော်ဟစ်သံနှင့်အတူ ကျန်ရှိသော နတ်ဆိုးဧကရာဇ်များသည် မြေပြင်မှ အလုအယက် ထကြွကာ အလင်းအကာဆီသို့ အရှက်တကွဲထွက်ပြေးကြတော့သည်။ သူမသည် ရှန်းယီကို နောက်ဆုံးတစ်ချက် ကြည့်လိုက်ပြီးနောက် အခြားသူများနောက်သို့ လိုက်ပါသွားသည်။

"..."

ရှန်းယီသည် ၎င်းတို့ အတားအဆီးအတွင်းသို့ ပျောက်ကွယ်သွားသည်ကို တိတ်ဆိတ်စွာ ကြည့်နေသည်။ သူ ရှေ့သို့ တစ်လှမ်းတိုးလိုက်၏။

ရုတ်တရက်သွေးစများက သူ့နှုတ်ခမ်းထောင့်မှ လျှံကျလာပြီး ဝတ်ရုံကော်လာကို လျင်မြန်စွာ စိုစွတ်သွားစေသည်။ သို့သော် ခန္ဓာကိုယ်အတွင်းရှိ ပြင်းထန်သော ရုန်းရင်းဆန်ခတ်မှုများသည် နောက်ထပ်တစ်လှမ်းတိုးရန်အတွက် သူ့ကို အဟန့်အတား မဖြစ်စေခဲ့ပေ။

တိုက်ပွဲကို စတင်ခဲ့ပြီးမှတော့ လမ်းတစ်ဝက်တွင် အရှုံးပေးရန် မည်သို့ဖြစ်နိုင်မည်နည်း။

တစ်ခဏအတွင်းမှာပင် သူသည်လည်း အတားအဆီးကို ဖြတ်ကျော်သွားခဲ့သည်။

"ပြေးကြ သူ လိုက်လာပြီ"

သမင်နတ်ဆိုးသည် နောက်ဆုံးတွင် ထိတ်လန့်သွားခဲ့ပြီ။ နတ်ဆိုးနှိမ်နင်းရွှေမြှားပင်လျှင် ထိုလူငယ်၏ တိုးဝင်မှုကို မတားဆီးနိုင်ခဲ့ပေ။

ထိုစဉ်ရှေ့တွင် ရှိနေသော နတ်ဆိုးဧကရာဇ်များသည် ရုတ်တရက် ရပ်တန့်သွားကြသည်။

တိတ်ဆိတ်နေသော နတ်ဆိုးတစ်ထောင်ဂူအတွင်း၌ မြင့်မားလှသော သွေးပင်လယ်ကြီးတစ်ခု ရုတ်ခြည်း ပေါ်ထွက်လာပြီး ပေ ၁၅၀၀ အထိ လျင်မြန်စွာ ပြန့်ကားသွားကာ ကောင်းကင်ယံကို ဖုံးလွှမ်းသွားသည်။

ရှန်းယီသည် နက်ရှိုင်းသော သွေးပင်လယ်အတွင်းမှ လမ်းလျှောက် ထွက်လာခဲ့၏။

သူ လှမ်းလိုက်သည့် ခြေလှမ်းတိုင်းတွင်ကြီးမားပြီး ကြောက်မက်ဖွယ်ကောင်းသော ကြက်သွေးရောင် ဒေါင်လိုက်မျက်လုံးအိမ်ကြီးများ လေထဲတွင် ပွင့်လာသည်။

ဆယ်ခုထက်မက ရှိနေ၏။ ၎င်းတို့သည် ကောင်းကင်တစ်ခုလုံးကို လွှမ်းမိုးထားပြီး ထူးဆန်းအံ့သြဖွယ် ကောင်းလှသည်။

မိုးခြိမ်းသံတစ်ခု ဟိန်းထွက်လာသည့်အချိန်အထိပင်။

ကြုန်း...

သိပ်သည်းလှသော သွေးရောင်မိုးကြိုးများ ကောင်းကင်မှ ကျဆင်းလာပြီး ၁၀ လီပတ်လည် အကွာအဝေးတစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။

ရွှေတောင်ပံနတ်ဆိုးဧကရာဇ်သည် တုံ့ဆိုင်းခြင်းမရှိဘဲ သူမ၏နန်ယန်ဝတ်ရုံကို ချွတ်ချလိုက်ပြီး အစင်းကိုးကြောင်းပါကြမ်းတမ်းသောကျားအသွင်ကို ဖော်ထုတ်ကာ တောင်ပံဖြန့်၍ထွက်ပြေးသော်လည်း ထူထဲသော သွေးမိုးကြိုးများ၏ အရိုက်ခံရမှုကြောင့် မြေပေါ်သို့ ပြုတ်ကျသွားသည်။

နှေးကွေးသော အခြားသူများမှာမူ သွေးမိုးကြိုးများ၏တိုက်ရိုက် လွှမ်းခြုံခြင်းကို ခံလိုက်ရသည်။ နတ်ဆိုးတစ်ထောင်ဂူအတွင်းတွင် သနားစဖွယ် အော်ဟစ်သံများ ပဲ့တင်ထပ်သွားတော့သည်။

ဤနေရာသည် လောက၏ဝိညာဉ်စွမ်းအင် အပေါများဆုံးနေရာဖြစ်သလို တာအိုနန်းတော်၏ စွမ်းအားကို အကောင်းဆုံး ပြသနိုင်သည့် နေရာလည်း ဖြစ်သည်။

"..."

ရှန်းယီ၏အကြည့်များမှာ အနည်းငယ် ဝေဝါးနေသော်လည်း သူ့ပါးစပ်ထဲမှ ချိုစိမ့်သော သွေးနံ့ကို ပြန်မျိုချလိုက်သည်။ သူသည် သူ့ရှေ့တွင် မွှေနှောက်နေသော သွေးမိုးကြိုးများကို တိတ်ဆိတ်စွာ ကြည့်နေ၏။

ရှန်းယီ၏ခန္ဓာကိုယ်အတွင်းတွင်လည်း ရွှေမြှားသည် သူ၏တာအိုဝိညာဉ်၏ကိုယ်တွင်းအင်္ဂါငါးခုကို ရူးသွပ်စွာတိုက်ခိုက်နေသည်။

သူသည် ယိုဝေလှံကို အားနည်းစွာဖြင့်ဆွဲယူလာပြီး မည်သည့် အသက်ရှင်ကျန်ရစ်သူမျှ ထိုနေရာမှ ထွက်မသွားနိုင်စေရန် သေချာအောင် လုပ်ဆောင်နေသည်။

ထိုစဉ်မှာပင်...

ရှန်းယီသည် ရုတ်တရက်မျက်မှောင်ကြုတ်ကာ ကောင်းကင်သို့ လှမ်းကြည့်လိုက်သည်။ မီးခိုးရောင် အဝတ်စတစ်ခုလွင့်မျောလာပြီး လျင်မြန်စွာကြီးထွားလာကာ သွေးမိုးကြိုးအားလုံးကို တားဆီးလိုက်သည်။

ထို့နောက် ၎င်းသည် အောက်ရှိအရာအားလုံးကို ထုပ်ပိုးသကဲ့သို့ လွှမ်းခြုံလိုက်သည်။ အောက်ရှိ သနားစဖွယ်ပုံရိပ်အချို့သည် လျင်မြန်စွာ သေးငယ်သွားပြီး ထိုအထုပ်အတွင်းသို့ ရောက်ရှိသွားသည်။

"ကျွတ်"

ရှန်းယီ၏မျက်လုံးများမှာ နက်မှောင်သော နတ်ဆိုးစွမ်းအင်များဖြင့် ပြည့်နှက်နေပြီး သူ တုံ့ဆိုင်းခြင်းမရှိပေ။

တစ်ခဏအတွင်း သူသည် အောက်သို့ ထိုးဆင်းလိုက်သည်။ ထိတ်လန့်နေသော ပုံရိပ်အချို့၏ ရှေ့မှောက်တွင်ပင် သူ၏လှံရှည်ကို သမင်နတ်ဆိုး၏ ရင်ဘတ်အတွင်းသို့ အားကုန်သုံး၍ ထိုးစိုက်လိုက်၏။

ဗုန်း

တစ်ချိန်တည်းမှာပင်...

နတ်ဆိုးတစ်ထောင်ဂူ၏ အနက်ရှိုင်းဆုံးနေရာရှိ ခမ်းနားသောခန်းမဆောင်ကြီး၏ အဝင်ဝတွင် ကျောနက်ခွေးဝါကြီးတစ်ကောင်သည် ကောင်းကင်ကို အေးစက်စွာ စိုက်ကြည့်နေသည်။

အမြဲတမ်းတည်ငြိမ်နေသော ၎င်း၏မျက်လုံးများတွင် နောက်ဆုံး လှံချက် ထိုးစိုက်လိုက်သည့် အခိုက်အတန့်မှာပင် ဒေါသအရိပ်အယောင်များ ပေါ်ထွက်လာသည်။ ခွေးအိုကြီးသည် သူ၏သွားများကို ဖြဲလိုက်၏။

နှစ်ပေါင်းသောင်းချီတိုင်အောင် ခန်းမဆောင်ကြီးမှ တစ်ခါမျှ ထွက်မလာခဲ့သော ၎င်း၏ခန္ဓာကိုယ်သည် ယခုအခါရှေ့ခြေတစ်ဖက်ကို ဖြည်းညှင်းစွာ လှမ်းထုတ်လိုက်သည်။

ဤရိုးရှင်းသော လှုပ်ရှားမှုလေးတစ်ခုကြောင့်...

အဝေးမှအဝတ်ထုပ်အတွင်းမှ ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းသွားနိုင်သော ကြီးမားလှသည့် ခြေသည်းကြီးတစ်ခု ရုတ်တရက်ထွက်ပေါ်လာသည်။

ဤရုတ်တရက် မြင်ကွင်းနှင့် ရင်ဆိုင်ရသော်လည်း ရှန်းယီ၏မျက်နှာမှာ ကြမ်းတမ်းခက်ထန်နေပြီး လှံကို သမင်နတ်ဆိုး၏နှလုံးသားထဲသို့ လက်မအနည်းငယ် ထပ်မံ ထိုးနှက်လိုက်သည်။

ဘုန်း..

ကြီးမားသော ခွေးခြေသည်းအောက်တွင် ယိုဝေလှံသည် ချက်ချင်းကြေမွသွား၏။ ထို့နောက် ၎င်းသည် ရှန်းယီ၏အပေါ်သို့ တည့်တည့် ကျဆင်းလာသည်။

သူ၏လှပသော ဝတ်ရုံနက်မှာ စုတ်ပြဲသွားသည်။ သွေးများ စိုရွှဲနေပြီး အပေါ်ပိုင်းဗလာကျင်းနေသော လူငယ်သည် သမင်နတ်ဆိုး၏အလောင်းကို ဆွဲယူကာ နောက်သို့လွင့်စဉ်သွားပြီး မြေပြင်ပေါ်သို့မိုးခြိမ်းသံကဲ့သို့ ပြင်းထန်စွာရိုက်မိသွားတော့သည်။

"ဝုန်း"

ရွှေတောင်ပံနတ်ဆိုးဧကရာဇ်၏မျက်လုံးများတွင် သတ်ဖြတ်လိုစိတ်များ တောက်လောင်နေပြီး သူမသည် အဝတ်ထုပ်၏ချုပ်နှောင်မှုမှ ရုန်းထွက်လိုက်၏။ သူမသည် ရှန်းယီ ကျဆင်းသွားသော နေရာသို့ ပြေးဝင်သွားတော့သည်။

"မင်းလို အယုတ်တမာလိမ်လည်သူ ဒီဧကရာဇ်အတွက် သေလိုက်စမ်း"

ခွေးခြေသည်းနှင့် အဝတ်ထုပ်မှာ လေထဲတွင် ပျောက်ကွယ်သွားပြီ ဖြစ်သည်။ ကျန်ရစ်သည်မှာ အစင်းကိုးကြောင်းပါကြမ်းတမ်းသောကျား၏ ဒေါသတကြီး ဟိန်းဟောက်သံများသာ ဖြစ်သည်။

၎င်းသည် တောင်ကုန်းအောက်သို့ ခုန်ဆင်းသွားပြီး ရှေ့ခြေသည်းဖြင့် မြေပြင်ပေါ်ရှိ ပုံရိပ်ကို ပြင်းထန်စွာ ရိုက်ချလိုက်၏။

"..."

ရှန်းယီ၏ခန္ဓာကိုယ်မှာ ကြေမွလုနီးပါး ဖြစ်နေပြီး သွေးများဖြင့်စိုရွှဲနေသော်လည်း သူသည် လက်ကို ဆန့်ထုတ်ကာ ဝင်လာသော ကျားခြေသည်းကို အလွယ်တကူ တားဆီးလိုက်သည်။

သူသည် ဒဏ်ရာအပြင်းအထန် ရထားသော်လည်း သွေးမိုးကြိုးများ၏တိုက်ခိုက်မှုအောက်တွင် ရွှေတောင်ပံ၌အင်အား မည်မျှ ကျန်ပါဦးမည်နည်း။

"ဝုန်း"

ကြမ်းတမ်းသောကျားကြီးသည် သွေးစွန်းနေသော ပါးစပ်ကြီးကို ဟကာ လူငယ်၏ခေါင်းကို ကိုက်ဖြတ်ရန် ရည်ရွယ်လိုက်၏။ သို့သော် ၎င်းသည် မျက်လုံးအိမ်ကို ကြေမွသွားစေသည့် လက်သီးချက်နှင့် ရင်ဆိုင်လိုက်ရသည်။

ရှန်းယီသည် ချက်ချင်းထရပ်လိုက်ပြီး ရွှေတောင်ပံကျားကို မြေပြင်ပေါ်သို့ဖိနှိပ်လိုက်၏။ နှစ်ယောက်လုံးမှာ အားကုန်ခမ်းနေသည့် အခြေအနေတွင် မြေပြင်ပေါ်၌ရူးသွပ်စွာ လုံးထွေးနေကြသည်။

နောက်ဆုံးတွင် လူငယ်ကသာ အောင်နိုင်သူအဖြစ် ပေါ်ထွက်လာခဲ့၏။ ရှန်းယီသည် နတ်ဆိုးကျား၏လည်ပင်းပေါ်တွင် ခွစီးလိုက်ပြီး ၎င်း၏ ဦးခေါင်းထိပ်ကို လက်သီးများဖြင့် တရစပ် ထိုးနှက်တော့သည်။

"ဘာလို့လဲ..."

ရွှေတောင်ပံကျား၏မျက်လုံးများမှာ သွေးကြောများပေါက်ထွက်ကာ သွေးနှင့် အသားစများဖြင့် ပြည့်နှက်သွားပြီး သူမသည် အသည်းအသန် အော်ဟစ်လိုက်၏။ "နင် ဘာလို့ ငါ့ကို လှည့်စားခဲ့တာလဲ"

"ငါ မင်းကို ဘယ်တုန်းက လှည့်စားခဲ့လို့လဲ"

ရှန်းယီသည် သူမ၏ဦးခေါင်းထိပ်ကို တံတောင်ဖြင့်ထုချလိုက်ပြီး တည်ငြိမ်စွာပြောလိုက်သည်။ "ငါက အစကတည်းကပြောခဲ့သလို အရာအားလုံးကို လိုချင်တာ"

သူမ၏နားအနီးမှ အသံကို ကြားလိုက်ရသဖြင့် ရွှေတောင်ပံနတ်ဆိုးဧကရာဇ် ခဏမျှမှင်တက်သွား၏။

သူမ မည်သည့်အရာမှန်းဆိုတာကို မစဉ်းစားနိုင်ခင်မှာပင် ကျိုးပဲ့နေသော ယိုဝေလှံဖြင့် လည်ပင်းကို တိုက်ရိုက် အထိုးခံလိုက်ရတော့သည်။

"ဟူး"

ရှန်းယီသည် နတ်ဆိုးကျား၏လည်ပင်းပေါ်တွင် လဲလျောင်းကာ အသက်ရှူနေပြီး ကောင်းကင်ကို တိတ်ဆိတ်စွာ ကြည့်နေခဲ့၏။ အစောပိုင်းက ခွေးခြေသည်းသည် သူ၏မျှော်လင့်ချက်ထက် အမှန်တကယ် ကျော်လွန်ခဲ့သည်။

သို့သော် ထိုသို့သော အခြေအနေမျိုးတွင်ပင် ၎င်းသည် ခြေသည်းတစ်ဖက်ကိုသာ ဆန့်ထုတ်ခဲ့သည်။

သူ၏ခန့်မှန်းချက် မှန်ပုံရသည်၊ ၎င်း၏လည်ပင်းမှ သံခြေချင်းမှာ မည်သည့် လက်နက်ထက်မဆို ပို၍ ထိရောက်ပုံရသည်။

"ဒါတောင် နှစ်ကောင်လွတ်သွားသေးတယ်"

ရှန်းယီ အနည်းငယ် စိတ်ပျက်သွားမိ၏။ သူသည် သူ့အောက်ရှိ ကျားကြီးကိုကြည့်လိုက်ပြီး နောက်ထပ် ကျောက်တိုင်တစ်ခု ဖန်တီးရန် သက်တမ်းတစ်သောင်းကို အသုံးပြုလိုက်သည်။

ခဏချင်းမှာပင် ကျား၏ခန္ဓာကိုယ်သည် ၎င်းအတွင်းသို့ လုံးဝစုပ်ယူခြင်း ခံလိုက်ရပြီး ရွှေတောင်ပံကျားရုပ်ထုတစ်ခုအဖြစ် ပြောင်းလဲသွား၏။

[ရွှေတောင်ပံကျား ကျောက်တိုင်- စွမ်းအားမသွင်းရသေးပါ]

ရှန်းယီသည် ယိုင်တိယိုင်တိုင်ဖြင့် ထရပ်လိုက်ပြီး လွင့်ထွက်နေသော သဲဝိညာဉ်ပုတီးစေ့ကို ခြေထောက်ဖြင့် နင်းခြေဖျက်ဆီးလိုက်သည်။

သို့သော် သူသည် နတ်ဆိုးတစ်ထောင်ဂူမှ ထွက်မသွားဘဲ ဝိညာဉ်စိုကါခင်းရှိရာသို့ ပြန်လည် လမ်းလျှောက်သွားခဲ့၏။

ကိုယ်ယောင်မပြရဲသော ခွေးတစ်ကောင်မှာ ကြောက်စရာ မရှိပေ။

ဘေးအန္တရာယ်များခြေလှမ်းတိုင်းတွင် ရှိနေပြီး ကမ္ဘာပေါ်တွင် အန္တရာယ်အရှိဆုံးနေရာ ဖြစ်သည့် နတ်ဆိုးတစ်ထောင်ဂူအတွင်း၌အားအင်ကုန်ခန်းလုနီးပါးဖြစ်နေပြီး တစ်ကိုယ်လုံး သွေးများဖြင့် စိုရွှဲနေသော လူငယ်သည် မည်သည့် အကာအကွယ်မျှမပါဘဲ အေးဆေးစွာလမ်းလျှောက်နေသည်။

လီတစ်ရာအတွင်းရှိ မည်သည့် သတ္တဝါမျှ သူ့အနားသို့ မချဉ်းကပ်ရဲကြပေ။

All Chapters