← Chapters

အရာရှိရှန်း မဟာချန်သို့ပြန်လည်ရောက်ရှိခြင်း

Vol. 41 Ch. 409

အရာရှိရှန်း မဟာချန်သို့ပြန်လည်ရောက်ရှိခြင်း

Vol. 41 Ch. 409

[နတ်ဘုရားစိတ်ဝိညာဉ်အဆင့်ရှိသော ရွှေရောင်အတောင်ပံအစင်းကိုးခုကျားနတ်ဆိုးကို သတ်ဖြတ်လိုက်သည်၊ စုစုပေါင်းသက်တမ်း ၉၆၀၀၀ နှစ်၊ လက်ကျန်သက်တမ်း ၂၁၀၀၀ နှစ်၊ စုပ်ယူခြင်းပြီး။]

နောက်ဆုံးအချက်ပေးစာတန်း မျက်စိရှေ့တွင် လက်ခနဲ ပေါ်လာသည်နှင့်အတူ။

မဟာနတ်ဆိုးဧကရာဇ်သုံးပါးတို့သည် ရှန်းယီအား သက်တမ်း၇၂၀၀၀နှစ် ပေးအပ်ခဲ့လေသည်။

[လက်ကျန် နတ်ဆိုးသက်တမ်း - ၈၈၀၀၀ နှစ်]

ရှန်းယီသည် မြေပြင်ပေါ်ရှိနန်ယန်ဝတ်ရုံကို ပေါ့ပေါ့ပါးပါးကောက်ယူလိုက်ပြီး ကိုယ်ပေါ်တွင် လွှမ်းခြုံလိုက်၏။ သမင်နတ်ဆိုးနှင့် မြွေနတ်ဆိုးတို့ထံမှရရှိသောဝတ်ရုံများနှင့် ပေါင်းလိုက်လျှင် ယခုအခါ သူသည် အဖိုးတန် အကြီးအကဲဝတ်ရုံသုံးထည်ကို ပိုင်ဆိုင်နေပြီ ဖြစ်သည်။

"..."

သူသည် နတ်ဆိုးနှစ်ကောင်စလုံးကို ဗလာကျင်းအောင်ချွတ်ယူခဲ့ခြင်း ဖြစ်သည်။ ပိုးသားထက် ချောမွေ့သောဝတ်ရုံကို လက်ထဲတွင်ကိုင်ထားပြီး လက်ချောင်းထိပ်များဖြင့် နန်ယန်ပန်းကွက်များကို ညင်သာစွာ ပွတ်သပ်နေမိသည်။

မျက်လုံးထဲတွင် ဇဝေဇဝါဖြစ်မှု အရိပ်အယောင်တစ်ခု ပေါ်လာ၏။

သူ များများသိလေလေ၊ နန်ယန်ဂိုဏ်း၏ကိစ္စရပ်များက ကောင်းမွန်သောဘက်သို့ ဦးတည်မနေဘဲ ပိုမို လျှို့ဝှက်နက်နဲလာလေလေပင်။

ယခင်ဝတ်ရုံကို အစေခံတစ်ဦးကကြိုတင်ပြင်ဆင်ထားသောဂုဏ်ပြုလက်ဆောင်ဖြစ်ပြီး ရုတ်တရက် အဖြစ်ဆိုးများနှင့် ကြုံတွေ့ရသဖြင့် မပေးပို့နိုင်ခဲ့ခြင်းဟု ဖြေရှင်းချက်ထုတ်၍ ရကောင်းရနိုင်၏။

သို့သော် ယခုအရာများကိုမူ မည်သို့ ရှင်းပြမည်နည်း။ ဝတ်ရုံများဆိုသည်မှာ လဲလှယ်လျှော်ဖွပ်ရန် လိုအပ်သော သာမန်အဝတ်အစားများ မဟုတ်ပေ။

အပိုအစုံအလင်ရှိလျှင်ပင် နတ်ဆိုးတစ်ကောင်လျှင် တစ်ထည်ပိုင်ဆိုင်သည်အထိ ကြွယ်ဝချမ်းသာခြင်းမှာ မဖြစ်နိုင်သလောက်ပင်။

ထို့အတူ ရတနာများနှင့် ဆေးလုံးများကလည်း ရှိသေးသည်။ ဂိုဏ်းသည် ပျက်စီးလုနီးပါးဖြစ်နေပြီ... သို့သော် ထိုအရာများကိုဂိုဒေါင်ထဲတွင် ဖုန်တက်ခံပြီးထားထားကြသည်လော။

တပည့်များချန်ထားရစ်ခဲ့သော ဂူများတွင်ပင် ပြင်ပမှကျင့်ကြံသူများအတွက် နှစ်ပေါင်းသောင်းချီ ရှာဖွေနိုင်ပြီး ကြီးငယ်သောအင်အားစု အများအပြားကိုပြုစုပျိုးထောင်ပေးနိုင်လောက်သည့် ရတနာများ ပါဝင်နေသည်။

ပုံမှန်ဖြစ်စဉ်အရဆိုလျှင် လက်ရှိရှိသမျှအရာအားလုံးကို အသုံးပြုပြီး ခုခံကာကွယ်သင့်သည် မဟုတ်ပါလော။

အကယ်၍ တကယ်ပင် မယှဉ်နိုင်တောဘဲ တိုက်ခိုက်ရန်မဖြစ်နိုင်တော့လျှင် တန်ဖိုးရှိသည့် ပစ္စည်းများယူပြီး ထွက်ပြေးသင့်လေ၏။

လက်ရှိအခြေအနေသည် ဂိုဏ်းသားကျင့်ကြံသူတစ်စုဟော့ပေါ့စားပြီး သီချင်းဆိုနေကြတုန်း ရုတ်တရက်အငွေ့ပျံသွားသလိုမျိုး ဖြစ်နေပြီး တိတ်ဆိတ်သော်လည်း ပျက်စီးခြင်းမရှိသော မသေမျိုးဂိုဏ်းကြီးကို ချန်ထားရစ်ခဲ့သလို ဖြစ်နေသည်။

ဂိုဏ်းကာကွယ်ရေး အစီအရင်ပင် မပျက်စီးဘဲ ကျန်ရစ်ခဲ့သေးသည်။

"တာအိုချပ်ပြား..."

ရှန်းယီသည် လေးခုမြောက်ဂူထဲတွင် ရပ်ပြီးခေတ္တမျှ စဉ်းစားနေလိုက်သည်။

ထို့နောက် ပတ်ဝန်းကျင်ကို လှမ်းကြည့်လိုက်၏။

တာအိုနန်းတော်တွင် အကန့်အသတ်သို့ ရောက်ရှိပြီးနောက် သူ၏အတွင်းစိတ်မှ စိတ်အနှောင့်အယှက်ဖြစ်စရာ ခံစားချက်တစ်ခု မြင့်တက်လာသည်ကို ရုတ်တရက် ခံစားလိုက်ရသည်။

ကြီးထွားလာသောကလေးတစ်ဦးကို ကျဉ်းမြောင်းသောအိုးတစ်လုံးထဲသို့ အတင်းအဓမ္မ ထည့်သွင်းထားသကဲ့သို့ပင်။

မွန်းကျပ်သော ခံစားမှုက ဤနယ်ပယ်မှ လာခြင်းဖြစ်သည်။

ကောင်းကင်ပြာကြီးက အကန့်အသတ်မရှိကျယ်ပြောလှသော်လည်း၊ အလွန်တရာစိတ်ကူးယဉ်ဆန်ပြီး ချုပ်နှောင်ထားသကဲ့သို့ ထင်ရသည်။

ရှန်းယီ အကြည့်ကို ပြန်ရုတ်သိမ်းလိုက်၏။

ဆုပ်ကိုင်၍မရသော စိတ်အခြေအနေနှင့် ယှဉ်လျှင် ယခု သူ၏ရုပ်ပိုင်းဆိုင်ရာ အခြေအနေက ပို၍ပင် ဆိုးရွားနေသည်။

တောက်ပသောသဲများအဖြစ် ပြောင်းလဲသွားသည့် နတ်ဆိုးနှိမ်နှင်းရွှေမြှားသည် အချိန်ကြာလာသည်နှင့်အမျှလျော့ပါးသွားခြင်း မရှိပေ။ ပိုမို ပြင်းထန်လာပြီး သူ၏ကိုယ်တွင်းအင်္ဂါများကြားတွင် သံခြေချင်းများအဖြစ်တဖြည်းဖြည်း ခဲသွားကာ လုံးဝပိတ်ဆို့သွားစေသည်။

ရှန်းယီသည် နတ်ဆိုးမူလနှင့် လဲလှယ်ရန် စနစ်မျက်နှာပြင်ကို ဖွင့်လိုက်၏။

ထို့နောက်လေးခုဆက်တိုက် ပြောင်းလဲအသုံးပြုလိုက်သည်။

ရွှေရောင်အတောင်ပံနတ်ဆိုးဧကရာဇ်၏ဝိညာဉ်ကို ကျောက်တိုင်ထဲသို့ ဖြည်းဖြည်းချင်း ထည့်သွင်းလိုက်သည်။

နောက်တစ်ခဏတွင် ကျောကုန်း၌အတောင်ပံပါသောကျားသည် သူ၏ နဖူးအလယ်မှ အလင်းတန်းတစ်ခုအဖြစ် ထွက်ပေါ်လာပြီး ဝပ်တွားလိုက်သည်။

"ရွှေရောင်အတောင်ပံက သခင့်ကို ဂါရဝပြုပါတယ်။"

အသံက အလွန်အမင်း ရိုသေလေးစားမှု ရှိနေသည်။

သို့သော် ခေါင်းမော့ရန်ငြင်းဆန်နေပြီး သူ့ရှေ့ခြေသည်းများကိုသာ တိတ်တဆိတ်စိုက်ကြည့်နေသည်မှာ ၎င်းတို့၌စိတ်ဝင်စားစရာ တစ်စုံတစ်ခု ရှိနေသည့်အလားပင်။

"အဲဒီရွှေမြှားချန်ထားခဲ့တဲ့ ဒဏ်ရာကို ဘယ်လို ဖယ်ရှားရမလဲ"

ရှန်းယီက ဘေးတိုက်ကြည့်ပြီး မေးလိုက်၏။

"ရွှေရောင်အတောင်ပံ မသိပါဘူး။"

ကျားမကြီးသည် မြေကြီးကိုခေါင်းဖြင့် ဘုန်းကနဲ ဆောင့်လိုက်၏။ "ရွှေရောင်အတောင်ပံက သခင့်ကို ထိခိုက်စေခဲ့မိပါတယ်၊ သေဒဏ် အကြိမ်တစ်ထောင်ခံထိုက်ပါတယ်။ ကျေးဇူးပြုပြီး ကျွန်မကို ကွပ်မျက်ပေးပါ သခင်"

"..."

ရှန်းယီ မျက်လုံးများအနည်းငယ်ကျဉ်းမြောင်းသွားပြီး နက်မှောင်သော မျက်ဝန်းများထဲမှ အန္တရာယ်ရှိသောအငွေ့အသက်များ ယိုစိမ့်ထွက်လာသည်။

နတ်ဆိုးမူလစွမ်းအင်က ဝိညာဉ်ကိုနှိပ်စက်ခြင်းမှာ ချင်းဟွာ၏အတွေ့အကြုံအရ ထင်ရှားသည်။ ပိုမိုစွမ်းအားကြီးသော ဘိုင်ဟုန်ပင်လျှင် နှစ်ပေါင်း ခြောက်သောင်းကြာခံစားရပြီးနောက် သူ့လက်ဖဝါးထဲတွင် ယဉ်ပါးစွာတိုးဝှေ့နေခဲ့၏။

သူက ရွှေရောင်အတောင်ပံနတ်ဆိုးဧကရာဇ် လှည့်စားနေသည်ဟု သံသယဝင်နေခြင်း မဟုတ်ပေ။

မည်သို့ပင်ဖြစ်စေ ၎င်းကို ဖိနှိပ်ခြင်းကျောက်တိုင်ဖြင့် ချည်နှောင်ထားပြီးဖြစ်သည်။

ဤသတ္တဝါတွင် ပြန်လည်ခုခံနိုင်စွမ်း လုံးဝမရှိပေ။

ရှန်းယီ သဘောမကျသည်မှာ ၎င်း၏သဘောထားပင်။

ကျားမကြီးဆီသို့ လျှောက်သွားပြီး ရုတ်တရက် ခေါင်းကိုဆွဲမကာ မျက်လုံးများကို ဂရုမစိုက်သလို စိုက်ကြည့်လိုက်၏။

..အွန်း...အွန်း...

နှုတ်ခမ်းများတုန်ယင်နေပြီး ဝမ်းနည်းမှုအပြည့်နှင့် မျက်လုံးများဖြင့် ရွှေရောင်အတောင်ပံနတ်ဆိုးဧကရာဇ်သည် အကြည့်လွှဲချင်သော်လည်း၊ အားကုန်ခမ်းလုနီးပါးဖြစ်နေသည့် လူငယ်လေး၏ ဆုပ်ကိုင်ထားမှုကို လုံးဝ မခုခံရဲပေ။

၎င်းသည် သခင်အပေါ် ထားရှိသောကျောက်တိုင်၏မွေးရာပါ နာခံမှုပင်။

"မင်း ရှင်မလား၊ သေမလားဆိုတာ မင်း ပြောရမယ့်ကိစ္စ မဟုတ်ဘူး။"

ရှန်းယီက အေးစက်စွာ ပြောပြီးနောက်ခေါင်းကို လွှတ်ပေးလိုက်၏။

သူက သူမ၏တင်ပါးကို ခြေထောက်ဖြင့် တစ်ချက် ကန်လိုက်သည်။

"သွား အလုပ်လုပ်ချေ။"

"ရွှေရောင်အတောင်ပံ အမိန့်အတိုင်း နာခံပါ့မယ်။"

ရွှေရောင်အတောင်ပံ နတ်ဆိုးဧကရာဇ်သည် ဝမ်းနည်းပက်လက်ညည်းတွားရင်း ခေါင်းငိုက်စိုက်ချကာရှုပ်ပွနေသော စိတ်ဝိညာဉ်ဆေးဥယျဉ် ဆီသို့ လိမ်လိမ်မာမာ လျှောက်သွားလိုက်သည်။

ခြင်္သေ့ပုံစံပင် ဖြစ်စေ၊ ဤချောမောသေယ လူသားလူငယ်ပုံစံပင်ဖြစ်စေ၊ သူသည် မေးခွန်းထုတ်ခြင်းကိုခွင့်မပြုသည့် အာဏာရှင်ဆန်သည့်သူဖြစ်နေဆဲပင်။

သူ့အာဏာကို စိန်ခေါ်သည့်မည်သည့်အရာကိုမဆို အပြစ်ယူတတ်ပြီး သူ့မျက်လုံးများကိုတည့်တည့်ကြည့်ဖို့ဝန်လေးနေကိုပင် သည်းမခံပေ။

ထိုအရာကိုတွေးမိရင်း သူမ ရှေ့က ဝိညာဉ်စိုက်ခင်းတွေဆီ လှမ်းကြည့်လိုက်၏။

သခင်က တကယ်ပဲ မလိမ်ခဲ့ဘူး။

လွန်ခဲ့သည့် နှစ်ပေါင်းလေးသောင်းက သူမ မသေခင်နားထဲတွင်ပဲ့တင်ထပ်နေသော အသံက ယခုထိ ရှင်းလင်းပြတ်သားနေတုန်းပင်။

သူမနှင့် လေးခုမြောက်ဂူဟာ နောက်ဆုံးတော့ သူ့ပိုင်ဆိုင်မှုတွေ ဖြစ်လာခဲ့ပြီဖြစ်၏။

"..."

ရှန်းယီသည် ပျက်စီးသွားသော ဝိညာဉ်စိုက်ခင်းများနှင့် တိုက်ပွဲကြောင့် ထိခိုက်သွားသော မိုးမြေရတနာများကို နှမြောတသ ကြည့်လိုက်သည်။

ထားလိုက်ပါတော့၊နတ်ဆိုးတွေက ရှစ်ပုံကိုးပုံလောက်လုယူထားပြီးပြီပဲ၊ ယူလို့ရတာ ယူရမှာပေါ့။

သူ တင်ပျဉ်ခွေထိုင်ပြီး နတ်ဆိုးသက်တမ်းကို အနတ္တအင်ပါယာနတ်ဆိုးနန်းတော်ထဲသို့ ပြန်လည် လောင်းထည့်လိုက်သည်။

[ပထမနှစ်တွင်၊ သင်သည် ကျားကျောက်တိုင်ကို တာအိုနန်းတော်အတွင်း၌ထားရှိလိုက်ပြီး သူမ၏ သွေးမျိုးဆက်မှတစ်ဆင့် နတ်စွမ်းရည်အသစ်တစ်ခုကို နားလည်သဘောပေါက်ခဲ့သည်။]

[နတ်ဆိုးအားလုံး ဝပ်တွားခြင်း။ဝိညာဉ်တုန်လှုပ်ခြင်း။]

[သင်၏တာအိုနန်းတော်သည် ပိုမို ခိုင်မာလာခဲ့သည်။]

...

နတ်ဆိုးတစ်ထောင်ဂူ၏ အပြင်ဘက်တွင်

ထိုအမျိုးသား၏မျက်နှာသည် နီညိုရောင်ရှိပြီး မျက်လုံးနှင့်နှာခေါင်းမပါဘဲ မျက်နှာတစ်လုံးတွင် ပါးစပ်ကြီးတစ်ခုသာ ရှိပေ၏။

သူ့ပါးစပ်ထဲတွင် ထက်ရှသောသွားများဖြင့် ပြည့်နှက်နေသည်။

ခါးအထက်ပိုင်းဗလာကျင်းနေပြီး ခြေထောက်များတွင် အစိမ်းရောင်အမွှေးထူများ ဖုံးလွှမ်းနေကာ ခွာကြီးများမှာ ကြီးမားလှ၏။

ခြေလက်များနှင့် ခန္ဓာကိုယ်တစ်ခုလုံး အဆောင်များဖြင့် ဖုံးလွှမ်းထားသည်။

သူက ပခုံးကိုပုတ်လိုက်ရာ မီးလောင်ကျွမ်းနေသော တာအိုအဆောင်အချို့သည် ပြာကျပြီး လွင့်ပါးသွားသည်။

"မင်းရဲ့ဓားက အရင်လိုပဲ ထက်နေတုန်းပါလား။"

"..."

သူ့အောက်ဘက်ရှိ ချောင်းစပ်တွင် အစိမ်းရောင်ဝတ်ရုံဝတ်အမျိုးသားတစ်ဦးသည် ကျောက်တုံးကို မှီ၍ထိုင်နေ၏။ သူ့အရေပြားများ ကွဲအက်နေပြီး စီးဆင်းနေသောချောင်းရေကိုပင် အနီရင့်ရောင် ဆိုးထားသကဲ့သို့ ဖြစ်နေသည်။

All Chapters