← Chapters

အခန်း (၆၃၁-၆၃၂)

Vol. 64 Ch. 631-632

အခန်း (၆၃၁-၆၃၂)

Vol. 64 Ch. 631-632

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၆၃၁ + ၆၃၂

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

လျဲ့ယန်နဂါးဆေးလုံးသည် သမိုင်းကြောင်းနှင့် ဇာတ်လမ်းနောက်ခံ ခိုင်မာရုံသာမက ရှားပါးလှသည့် ဂုဏ်သတ္တိများလည်း ပိုင်ဆိုင်ထားသေးသည်။

သို့သော် လူအများစု၏ မျက်လုံးထဲတွင်မူ တုပိုင်၏ ဝိညာဉ်မိစ္ဆာသွေးပုံဆောင်ခဲသည် အသုံးမဝင်သော ကျောက်တုံးတစ်တုံး ၊ သို့မဟုတ် အများဆုံး ကြည်လင်နေသည့် သွေးရောင်ကျောက်တုံးတစ်တုံးဟုသာ မြင်ကြပေလိမ့်မည်။

တုပိုင်က မျက်မှောင်ကြုတ်ကာ မေးမြန်းလိုက်သည်။

"ဒါဆို ဒီဝိညာဉ်မိစ္ဆာသွေးပုံဆောင်ခဲက ရောင်းမထွက်ဘဲ ဖြစ်သွားမှာလား"

အိပ်မက်စနစ်က ချက်ချင်းပင် တုံ့ပြန်ဖြေကြားသည်။ "တကယ်လို့များ နားလည်တတ်ကျွမ်းတဲ့သူတစ်ယောက်နဲ့ တွေ့ရင်တော့ ဘယ်လောက်ပေးရပေးရ ဝယ်ပါလိမ့်မယ်"

ထိုစကားကို ကြားသောအခါ တုပိုင်သည် လက်သီးဆုပ်အရွယ်အစားခန့်ရှိသော ဝိညာဉ်မိစ္ဆာသွေးပုံဆောင်ခဲကို ချက်ချင်း ထုတ်ယူလိုက်ပြီး ဓားတိုကို ဆွဲထုတ်ကာ မဟာလေလံပွဲတွင် ပါဝင်ရန်အတွက် ဆယ်ပုံတစ်ပုံခန့် ဖြတ်ထုတ်လိုက်၏။

"ရွှပ်..."

"အပုံ နှစ်ဆယ်ပုံ တစ်ပုံလောက်ဆို လုံလောက်ပါပြီ"

အိပ်မက်စနစ်က အကြံပြုသည်။

သိသာလှစွာပင် စနစ်သည် ဤဝိညာဉ်မိစ္ဆာသွေးပုံဆောင်ခဲကို အလွန်တန်ဖိုးထားပြီး အကြွင်းမဲ့ ရတနာတစ်ခုအဖြစ် သတ်မှတ်ထားပုံရသည်။

တုပိုင်သည် ဂရုတစိုက်ဖြင့် အပုံ နှစ်ဆယ်ပုံ တစ်ပုံခန့်ကို ဖြတ်ထုတ်လိုက်သည်။ ကြည့်ရသည်မှာ အလွန်ထူးခြားဆန်းကြယ်သော စွမ်းအင်အငွေ့အသက်များ ရှိနေသည့် ကြည်လင်သော ကျောက်တုံးလေးတစ်ခုသာ ဖြစ်သည်။

သို့သော် ဤစွမ်းအင်အငွေ့အသက်သည် အလွန်အားနည်းလွန်းလှသဖြင့် တုပိုင်သာ အနံ့ခံနိုင်ပြီး အခြားသူများအတွက်မူ သာမန် ပတ္တမြားတစ်လုံးကဲ့သို့သာ မြင်တွေ့နေရပေလိမ့်မည်။

**--**--**--**--**--**--**--**

မင်းသမီးလီအာနာသည် လက်မအရွယ်အစားခန့်ရှိသော အနီရောင်ပုံဆောင်ခဲကို ကိုင်ထားရင်း မျက်လုံးအိမ်တို့ ပြူးကျယ်ကာ အံ့သြတကြီး မေးမြန်းလိုက်သည်။

"ဒီလို ကျောက်တုံးလေးကို ရွှေဒင်္ဂါး တစ်သိန်းနဲ့ ရောင်းမယ်လို့ စီစဉ်ထားတာလား"

တုပိုင်က တည်ငြိမ်စွာပင် ပြန်ဖြေလိုက်သည်။ "စဖွင့်စျေးက ရွှေဒင်္ဂါး တစ်သိန်းပဲ။ ဒါက ကမ္ဘာပေါ်မှာ ပြိုင်ဘက်ကင်းတဲ့ မှော်ပုံဆောင်ခဲ တစ်ခုပါ"

မင်းသမီးလီအာနာက သက်ပြင်းချရင်း ဆိုလေသည်။

"ရှင်ရဲ့ မှော်ပုံဆောင်ခဲကို ဒီနေ့ရဲ့ အမြင့်ဆုံးလေလံပွဲမှာ ပါဝင်နိုင်အောင် ၊ စဖွင့်စျေး ရွှေဒင်္ဂါး တစ်သိန်းဖြစ်အောင် ကျွန်မ ကူညီပေးပါ့မယ်။ ဒါပေမဲ့ ရလဒ်ကတော့ ရှင့်ကို သေချာပေါက် စိတ်ပျက်စေမှာပဲ။ ဒါက သာမန်ကျောက်မျက်ရတနာ တစ်တုံးပဲကို... အများဆုံးတန်ရင် ငွေဒင်္ဂါး တစ်ပြားပေါ့"

ထို့နောက် မင်းသမီးလီအာနာသည် တုပိုင်ကို ပရဒိသုမျှော်စင်သို့ ခေါ်ဆောင်သွားလေ၏။

ပရဒိသုမျှော်စင် ကုန်သည်ကြီးများအသင်း၏ မျှော်စင်သခင်သည် တုပိုင်၏ ဝိညာဉ်မိစ္ဆာသွေးပုံဆောင်ခဲကို ကိုင်ထားရင်း မျက်နှာပျက်နေသည်။

ပရဒိသုမျှော်စင်သခင်က မှတ်ချက်ပြုသည်။ "ဒါက သာမန်ကျောက်မျက်ရတနာ တစ်တုံးပါပဲဗျာ။ အများဆုံးတန်ရင် ငွေဒင်္ဂါး တစ်ပြားပေါ့။ မင်းသမီး... ဒီတစ်ခေါက် အမြင့်ဆုံးလေလံပွဲမှာ ရတနာ ဆယ်မျိုးပဲ ပါဝင်မှာပါ။ ဒီပစ္စည်းကို ထည့်မယ်ဆိုတာ သေချာရဲ့လား။ ဒါက အောင်မြင်မှာ မဟုတ်ဘဲ ကျုပ်တို့ ပရဒိသုမျှော်စင်ရဲ့ ဂုဏ်သိက္ခာကိုပါ ထိခိုက်စေပါလိမ့်မယ်"

မင်းသမီးလီအာနာက တုပိုင်ဘက်သို့ လှည့်ကြည့်ပြီး လေးနက်စွာ ပြောလိုက်သည်။ "ပရဒိသုမျှော်စင်သခင်က ဗိုက်ကင်းတော်ဝင်မိသားစုရဲ့ သစ္စာအရှိဆုံး အရာရှိတစ်ယောက်ပဲ။ သူက ပရဒိသုမျှော်စင်ကို တာဝန်ယူလာတာ နှစ် နှစ်ဆယ်ကျော်ပြီဖြစ်ပြီး ကမ္ဘာပေါ်က ရတနာပေါင်းစုံကို မြင်ဖူးတယ်။ သူက ရှင့်ရဲ့ ဒီ မှော်ပုံဆောင်ခဲ ဆိုတာကြီးက ငွေဒင်္ဂါး တစ်ပြားပဲ တန်တယ်လို့ ပြောနေတယ်။ ငွေဒင်္ဂါး တစ်ပြားနော်။ လေလံပွဲမှာ ပါဝင်ချင်သေးတာ သေချာရဲ့လား"

"သေချာပါတယ်" တုပိုင်က ပြတ်သားစွာ ပြန်ဖြေလိုက်သည်။

မင်းသမီးလီအာနာက အမိန့်ပေးလိုက်သည်။ "မျှော်စင်သခင် ဂလန်း... အမိန့်ကို နာခံပါ။ ဒီ မှော်ပုံဆောင်ခဲ ဆိုတာကို လေလံပွဲရဲ့ ရတနာ ဆယ်မျိုး စာရင်းထဲ ထည့်လိုက်ပါ"

ပရဒိသုမျှော်စင်သခင် ဂလန်းက တွန့်ဆုတ်စွာဖြင့် ပြန်ပြောရှာသည်။"ဒါ... ဒါက ကျုပ်တို့ရဲ့ ဂုဏ်သိက္ခာကို တကယ် ထိခိုက်စေပါလိမ့်မယ်။ ဒါက သာမန် ပတ္တမြားတစ်လုံးပါပဲ။ တစ်ကမ္ဘာလုံးက လူတွေကို ကျုပ်တို့က တန်ဖိုးမရှိတဲ့ ပစ္စည်းတစ်ခုနဲ့ အာရုံနောက်အောင် လုပ်နေတယ်လို့ ထင်သွားစေလိမ့်မယ်"

"အမိန့်ကို နာခံလိုက်ပါ" မင်းသမီးလီအာနာက ထပ်လောင်း အမိန့်ပေးလိုက်သည်။

"ဒီ လူကြီးမင်းဂျူလီယန်က ဘုရင်မင်းမြတ်ရဲ့ မိတ်ဆွေပါ" ပရဒိသုမျှော်စင်သခင် ဂလန်းသည် သက်ပြင်းချလိုက်ပြီး ခေါင်းငုံ့ကာ ဝန်ခံလိုက်ရသည်။

"အမိန့်တော်အတိုင်းပါ မင်းသမီး"

သူသည် ယနေ့တော့ အရှက်ကွဲရတော့မည်ဟု ခံစားနေရသည်။ ဤသို့သော အသုံးမကျသည့် ပစ္စည်းမျိုးကို မဟာလေလံပွဲတွင် ထည့်သွင်းရသည်မို့ တုပိုင်ကို ကြည့်သော သူ၏ မျက်လုံးများတွင် အပြစ်တင်သည့် အရိပ်အယောင်များ ပြည့်နှက်နေလေသည်။

**--**--**--**--**--**--**--**

တစ်နာရီအကြာတွင် ဗိုက်ကင်းမြို့တော်၏ အမြင့်ဆုံးလေလံပွဲကြီး စတင်လေ၏။ စုစုပေါင်း ရတနာ ဆယ်မျိုးသာ ရှိသည်။

အထူးဧည့်သည်တော်များအားလုံး ရောက်ရှိနေပြီဖြစ်ပြီး ၊ သူတို့အားလုံးသည် ကမ္ဘာပေါ်တွင် အချမ်းသာဆုံးနှင့် သြဇာအာဏာအရှိဆုံး ပုဂ္ဂိုလ်များ ဖြစ်ကြသည်။ မီးနတ်ဘုရားဂိုဏ်း၏ ဂိုဏ်းချုပ်ကြီးများ ၊ မဟာသူဌေးကြီးများ ၊ စစ်ဘုရင်ကြီးများ ၊ မင်းညီမင်းသားကြီးများနှင့် ပြည်ပြေးဘုရင်များ စသဖြင့် စုံလင်လှသည်။

သို့သော် လူတိုင်း၏ နေရာသည် တစ်ဝက်တစ်ပျက် အလုံပိတ်ထားပြီး တစ်ဦးနှင့်တစ်ဦး မြင်တွေ့ရခြင်း မရှိပေ။

ဤသည်မှာ အမည်မဖော်သော လေလံပွဲဖြစ်ပြီး လူတိုင်းက သူတို့၏ အထောက်အထားကို လျှို့ဝှက်ထားကြသည်။ စိတ်ချလက်ချ ဝယ်ယူနိုင်သကဲ့သို့ စိတ်ချလက်ချလည်း ရောင်းချနိုင်သည်။ အရာအားလုံးကို ဗိုက်ကင်းနိုင်ငံက အာမခံထားသည်။

မင်းသမီးလီအာနာသည် တုပိုင်နှင့်အတူ ကြီးမားသော ဆိုဖာခုံကြီးတစ်ခုပေါ်တွင် ထိုင်နေလေ၏။

"အင်း... အိုး..."

"အား... ဟင်..."

ရုတ်တရက် ဘေးကပ်လျက် အထူးဧည့်သည်ခန်း မှ အမျိုးသမီးတစ်ဦး၏ သာယာသော ညည်းညူသံ ထွက်ပေါ်လာသည်။ သို့သော် လှပသော သစ်သားနံရံ ကာရံထားသဖြင့် အသံကိုသာ ကြားရပြီး လူကို မမြင်ရပေ။

မင်းသမီးလီအာနာက နှာခေါင်းရှုံ့ကာ မှတ်ချက်ပြုသည်။

"တချို့လူတွေက ဒီလို တစ်ဝက်တစ်ပျက် အများပြည်သူဆိုင်ရာ နေရာမျိုးမှာ သည်းမခံနိုင်တဲ့ ကိစ္စတွေကို လုပ်တတ်ကြတယ်လေ။ လုံးဝ မမြင်ရဘူးဆိုပြီးတော့ပေါ့"

ထိုစဉ် အမျိုးသမီးအသံသာမက အမျိုးသားတစ်ဦး၏ "အဟွတ်... အဟွတ်..." ဟူသော မောဟိုက်သံပါ ထွက်ပေါ်လာသည်။

ထိုအသံမျိုးနှင့် တုပိုင် ကောင်းစွာ ရင်းနှီးကျွမ်းဝင်နေသည်။ ခေတ်သစ်ကမ္ဘာတွင် သူ မကြာခဏ ခံစားခဲ့ဖူးသည့် ဝန်ဆောင်မှုမျိုး ဖြစ်သည်။ ဗိုက်ကင်းမြို့တော်သည် အမှန်တကယ်ပင် အလွန်ဇိမ်ကျပြီး ရှုပ်ထွေးပွေလီသော မြို့တော်ကြီး ဖြစ်ပင်ဖြစ်လေ၏။

**--**--**--**--**--**--**--**

"ဘုန်းးးး"

တူထုသံတစ်ချက်နှင့်အတူ ပရဒိသုမျှော်စင်သခင်သည် စင်မြင့်ထက်သို့ ခမ်းနားစွာဖြင့် တက်ရောက်လာသည်။

"ပင်လယ်ပြင် ရေခဲမဖုံးလွှမ်းခင် နောက်ဆုံးသော မဟာလေလံပွဲကြီးကို တရားဝင် စတင်ပါပြီ"

"ဒီနေ့ရဲ့ ပထမဆုံး ရတနာကတော့... လျဲ့ယန်နဂါးဆေးလုံးပါပဲ"

ထိုစကားကြောင့် တုပိုင် အံ့အားသင့်သွားမိသည်။ သူလိုချင်နေသော ယန်ဆေးလုံးက ပထမဆုံး လေလံတင်မည့် ပစ္စည်း ဖြစ်နေသည်လား။ သူ၏ ယန်တန်ဖိုးကို တစ်ရာအထိ တိုးပေးနိုင်မည့် ယန်ဆေးလုံးပင်။

သို့သော် လ​က်ရှိအချိန်တွင် သူ့လက်ထဲ၌ ရွှေဒင်္ဂါး တစ်ပြားမျှ မရှိသေးပေ။ သူ၏ ဝိညာဉ်မိစ္ဆာသွေးပုံဆောင်ခဲက အဘယ်ကြောင့် ပထမဆုံး လေလံပစ္စည်း မဖြစ်ရသနည်း။

မျှော်စင်သခင်က ဆက်လက်ရှင်းပြသည်။ "ဒီဆေးလုံးရဲ့ သမိုင်းကြောင်းကို ကျုပ် ပြောပြခဲ့တာ ဆယ်ကြိမ်မကတော့ပါဘူး။ ဒါက အရမ်းကို အဖိုးတန်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးရာတုန်းက တော်ဝင်ရောမအင်ပါယာရဲ့ ထီးနန်းလုသူဟာ ဒီဆေးလုံးအတွက် အနည်းဆုံး လူအသက် တစ်သောင်း သို့မဟုတ် နှစ်သောင်းလောက် ပေးဆပ်ခဲ့ရတယ်။ ဒါ့အပြင် သူကိုယ်တိုင်လည်း ဒီ လျဲ့ယန်နဂါးဆေးလုံး အောက်မှာပဲ သေဆုံးခဲ့ရပါတယ်"

"ဒါက အရမ်းအဖိုးတန်သလို ၊ အရမ်းလည်း အန္တရာယ်များပါတယ်"

"ဒီနေ့လည်း ထပ်ပြီး ရောင်းမထွက်ဘဲ ကျန်ရစ်ဦးမယ်လို့ ကျုပ် ထင်မိပါတယ်"

"ကဲ... ပထမဆုံး ရတနာ ၊ လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးရာက တော်ဝင်ရောမအင်ပါယာရဲ့ သမိုင်းကြောင်းကို ပြောပြနေတဲ့ လျဲ့ယန်နဂါးဆေးလုံး ကို လေလံတင်ပါမယ်။ စဖွင့်စျေး ရွှေဒင်္ဂါး တစ်သိန်းပါ"

"ဘုန်းးးး"

"လျဲ့ယန်နဂါးဆေးလုံး ၊ ရွှေဒင်္ဂါး တစ်သိန်း... ကမ်းလှမ်းမယ့်သူ ရှိပါသလား"

"ရွှေဒင်္ဂါး တစ်သိန်း"

"သုံး"

"နှစ်"

"ရေတွက်လို့ ပြီးတဲ့အထိ ကမ်းလှမ်းသူ မရှိရင် ကျော်သွားပါမယ်"

"တစ်"

တုပိုင် လက်ကို မြှောက်လိုက်ပြီး အသံကို ပြောင်းကာ ဟစ်အော်လိုက်သည်။

"ရွှေဒင်္ဂါး တစ်သိန်း"

သို့သော် မမျှော်လင့်ဘဲ တစ်ချိန်တည်းမှာပင် အခြားအသံတစ်သံလည်း ထွက်ပေါ်လာသည်။

"ရွှေဒင်္ဂါး တစ်သိန်း"

"ရွှေဒင်္ဂါး တစ်သိန်း"

"ရွှေဒင်္ဂါး တစ်သိန်း"

တုပိုင်နှင့် အခြားတစ်ယောက်၏ အသံသည် တစ်ပြိုင်နက်တည်း ထွက်ပေါ်လာခြင်း ဖြစ်သည်။ တုပိုင်က အင်္ဂလိပ်စကားပြောပြီး ၊ အခြားတစ်ယောက်က ပါရှန်းစကား ပြောသည်။

ပရဒိသုမျှော်စင်သခင် ဂလန်းသည် အလွန်အံ့သြသွားသည်။ သူသည် ဤလျဲ့ယန်နဂါးဆေးလုံးကို လေလံတင်ခဲ့သည်မှာ ဆယ်ကြိမ်မက ရှိပြီဖြစ်သော်လည်း ၊ ယခုအချိန်ကျမှ လေလံဆွဲသူ နှစ်ယောက် ပြိုင်တူ ပေါ်လာခဲ့သည်။

ဤအဖြစ်အပျက်မှာ အမှန်တကယ်ပင် အံ့သြဖွယ်ရာ ကောင်းလှပေသည်။

တုပိုင်၏ စိတ်များ အလွန် ရှုပ်ထွေးသွားရသည်။ ယခင်က ဤလျဲ့ယန်နဂါးဆေးလုံးကို မည်သူမျှ မလိုချင်ခဲ့ကြဘဲ ၊ ယခုကျမှ အဘယ်ကြောင့် လာရောက်လုယူနေကြသနည်း။

လွန်ခဲ့သော နှစ်ပေါင်း သုံးရာတုန်းက တော်ဝင်ရောမဧကရာဇ်ပင်လျှင် ဤဆေးကို စားပြီး "ဝုန်း" ခနဲ ပေါက်ကွဲသေဆုံးသွားခဲ့ရသည် မဟုတ်လော။

အိပ်မက်စနစ်က ချက်ချင်း ရှင်းပြသည်။

"ဒီလျဲ့ယန်နဂါးဆေးလုံးမှာ တခြားအသုံးဝင်ပုံတွေ ရှိသေးတယ်။ တစ်စုံတစ်ယောက်က ဒါကိုသုံးပြီး စမ်းသပ်မှုတစ်ခုခု လုပ်ဖို့ စီစဉ်နေတာ ဖြစ်နိုင်တယ်။ အလွန်အရေးပါတဲ့ စမ်းသပ်မှုမျိုးပေါ့။ စမ်းသပ်မှု အောင်မြင်ရင် ခေတ်ပြောင်းစေနိုင်တဲ့ ရလဒ်တွေ ရနိုင်တာမို့လို့ တစ်ယောက်ယောက်က စနစ်ရှင်နဲ့ လာပြိုင်နေတာပဲ"

တုပိုင်က သံသယဖြင့် မေးလိုက်သည်။ "ဒါဆို သူက ဘာလို့ အရင်တုန်းက မဝယ်ဘဲ အခုကျမှ လာစျေးပေးနေရတာလဲ။ ဒီပစ္စည်းကို ရောင်းနေတာ ဆယ်ကြိမ်မက ရှိပြီဆို"

အိပ်မက်စနစ်က ပြန်ဖြေသည်။ "အကြောင်းရင်း နှစ်ချက် ရှိနိုင်တယ်။ သတင်းပျံ့နှံ့ဖို့ အချိန်လိုလို့လေ။ ကမ္ဘာကြီးက ကျယ်ပြန့်တယ်မဟုတ်လား။ ဗိုက်ကင်းဘုရင်မြို့တော်ကနေ သတင်းတစ်ခု ပျံ့ဖို့ဆိုတာ လနဲ့ချီ ကြာနိုင်တယ်။ ဒါကြောင့် တစ်ဖက်လူက အခုမှ လျဲ့ယန်နဂါးဆေးလုံး ရှိမှန်း သိတာ ဖြစ်နိုင်တယ်။ ဒုတိယအချက်ကတော့... တစ်ဖက်လူက လျဲ့ယန်နဂါးဆေးလုံးကို မျက်စိကျနေတာ ကြာပြီဖြစ်ပေမယ့် အကြောင်းတစ်ခုခုကြောင့် ဒီနေ့မှ လှုပ်ရှားတာ ဖြစ်နိုင်တယ်။ မကြာခင် ပင်လယ်ပြင်တွေ ရေခဲဖုံးတော့မှာဆိုတော့ မဟာလေလံပွဲကြီးလည်း ခဏရပ်နားတော့မှာလေ။ ဒီနေ့က နောက်ဆုံး မဟာလေလံပွဲကြီးပဲ"

ထိုသည်​ကလည်း ဖြစ်နိုင်ပေသည်။

မင်းသမီးလီအာနာသည် တုပိုင်က လျဲ့ယန်နဂါးဆေးလုံးကို ဝင်ပြိုင်နေသည်ကို မြင်သောအခါ အံ့သြသွားပြီး တုပိုင်ကို မျက်လုံးဝိုင်းလေးများဖြင့် စူးစူးစိုက်စိုက် ကြည့်လိုက်လေသည်။

သူမ၏ အကြည့်က ရှင်းလင်းပြတ်သားနေသည်။

"လူကြီးမင်းဂျူလီယန်... ရှင့်ရဲ့ အောက်ပိုင်းက အလုပ်မလုပ်ဘူးလား..."

တုပိုင်က ရှေ့ကို တည့်တည့်ကြည့်ပြီး ယုံကြည်ချက်ရှိရှိဖြင့် ပြန်ပြောလိုက်သည်။ "မလုပ်ဘူး။"

"ရွှေဒင်္ဂါး တစ်သိန်းတစ်သောင်း"

တုပိုင် ဆက်ပြီး စျေးခေါ်လိုက်သည်။

မင်းသမီးလီအာနာက တုပိုင်၏ ကမ်းလှမ်းမှုကို ကြားသောအခါ မေးခွန်းထုတ်သည်။

"ရှင်က ချမ်းသာလို့လား"

တုပိုင်က ဖြေသည်။ "မဟုတ်ဘူး။ ကျုပ်ပိုက်ဆံက ဟိုမှော်ပုံဆောင်ခဲရဲ့ လေလံရလဒ်အပေါ်မှာ မူတည်တယ်"

မင်းသမီးလီအာနာက သတိပေးသည်။ "ရှင့်ရဲ့ အဲဒီ အသုံးမကျတဲ့ ကျောက်တုံးက ရောင်းထွက်မှာ မဟုတ်ဘူး။ ရှင်က အခု လျှောက်ပြီး စျေးခေါ်နေတာ။ ခဏနေလို့ ရှင် ပိုက်ဆံမပေးနိုင်ရင် အကျိုးဆက်က အရမ်းပြင်းထန်လိမ့်မယ်။ မဟာလေလံပွဲမှာ စျေးခေါ်ပြီး ပိုက်ဆံမရှင်းနိုင်ရင် ဗိုက်ကင်းနိုင်ငံရဲ့ ပြည်သူ့ရန်သူအဖြစ် သတ်မှတ်ခံရပြီး သေဒဏ်ပေးခံရလိမ့်မယ်"

တုပိုင်က ရယ်မောဟန်ပြု၍ ပြောလိုက်သည်။ "ခင်ဗျားတို့က ကျုပ်ကို ပိုက်ဆံချေးပေးမှာ မဟုတ်ဘူးလား"

"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ" မင်းသမီးလီအာနာက ချက်ချင်း ငြင်းဆိုသည်။

"ဗိုက်ကင်းနိုင်ငံသားတွေ ပြောတဲ့စကားက တောင်ကြီးတစ်လုံးလို လေးလံတယ်။ ပြောပြီးရင် ဖြစ်အောင် လုပ်ရတယ်။ ရှင့်ကို ဘုရင်ကြီးကယ်တင်ခအဖြစ် ပေးပြီးပြီလေ။ ခင်မင်မှုက ခင်မင်မှု ၊ ပိုက်ဆံက ပိုက်ဆံပဲ။ မိတ်ဆွေတွေကြားမှာ ပိုက်ဆံချေးဖို့ စကားစပြောလိုက်တာနဲ့ ခင်မင်မှုက ဘုန်းခနဲ ပြိုလဲပျက်စီးသွားရော"

ဗိုက်ကင်းမင်းသမီးထံမှ ဤကဲ့သို့ နာမည်ကြီး အမှန်တရားစကားကို နှစ်ပေါင်း လေးရာစောပြီး ကြားရလိမ့်မည်ဟု ထင်မထားမိချေ။

ထို့နောက် မင်းသမီးလီအာနာက လှည့်ကြည့်ပြီး ဆက်ပြောသည်။ "ဒါပေမဲ့... ကျွန်မတို့ သဘောတူညီမှုတစ်ခု လုပ်လို့ရတယ်။ ဗိုက်ကင်းနိုင်ငံက ရှင့်ရဲ့ ကောင်းကင်ဝံပုလွေ သံချပ်ကာသင်္ဘောကို ရွှေဒင်္ဂါး နှစ်သိန်းနဲ့ ပြန်ဝယ်ပေးလို့ရတယ်"

တုပိုင်တစ်ယောက် ပြောစရာစကားပင် မဲ့သွားရသည်။ မင်းသမီးက အတော်ပင် ရက်စက်လှပေသည်။ လျဲ့ယန်နဂါးဆေးလုံးက အဖိုးတန်သည် ဆိုသော်လည်း ၊ သံချပ်ကာသင်္ဘောနှင့် ယှဉ်လျှင် ဘာမှ မဟုတ်ပေ။

ခေတ်သစ်ကမ္ဘာတွင် ဗြိတိသျှအင်ပါယာ၏ တန်ချိန်နှစ်ထောင် ရွက်သင်္ဘောတစ်စင်း ကုန်ကျစရိတ်သည် ငွေသား ကိုးသန်းခန့် ရှိပြီး ၊ ဗိုက်ကင်းရွှေဒင်္ဂါးနှင့် တွက်လျှင် ခြောက်သိန်းကျော် ရှိသည်။

ဗိုက်ကင်းနိုင်ငံ၏ သံချပ်ကာသင်္ဘောသည် သံချပ်ကာများ ၊ အထူးစွမ်းအင်ဗဟိုချက်များ ပါဝင်သောကြောင့် ရွက်သင်္ဘောထက် စျေးအဆပေါင်းများစွာ ပိုကြီးမည် မဟုတ်ပါလား။

ဤသံချပ်ကာသင်္ဘောများသည် ရောင်းချမည့်အရာများ မဟုတ်ပေ။ တကယ်ရောင်းမည်ဆိုပါက ရွှေဒင်္ဂါး တစ်သန်းခွဲဖြင့် ဝယ်မည့်သူများ အလုအယက် ရှိနေမည်မှာ သေချာသည်။

တုပိုင်က ပြုံး၍ ပြောလိုက်သည်။ "မင်းသမီးရဲ့ မျက်နှာက တကယ်ကို အစွန်းကုန် လှပတာပဲနော်"

မင်းသမီးလီအာနာက နှာခေါင်းရှုံ့ကာ တုံ့ပြန်သည်။

"လူကြီးမင်းဂျူလီယန်။ အခုမှ လာမြှောက်ပင့်နေလို့တော့ နောက်ကျသွားပြီ"

တုပိုင်က ဆက်ပြောသည်။ "ကံဆိုးတာက ဒီလှပတဲ့ မျက်နှာအောက်က နှလုံးသားကတော့ မည်းနက်နေတာပဲ"

"ချီးကျူးတဲ့အတွက် ကျေးဇူးပါ လူကြီးမင်းဂျူလီယန်"

မင်းသမီးလီအာနာက ကျေးဇူးတင်စကား ဆိုပြီးနောက် ဆက်ပြောသည်။ "ဒါပေမဲ့ ရှင့်ကို ပြောထားရမယ်။ ကျွန်မတို့က ရှင့်ရဲ့ ကောင်းကင်ဝံပုလွေသင်္ဘောကို ပြန်ဝယ်ဖို့ ရွှေဒင်္ဂါး နှစ်သိန်းပဲ ပေးနိုင်တယ်။ ဒါကြောင့် ရှင် လျဲ့ယန်နဂါးဆေးလုံးကို ရွှေဒင်္ဂါး နှစ်သိန်းထက် ပိုပြီး စျေးမခေါ်မိစေနဲ့။ မဟုတ်ရင် ကျွန်မက ရှင့်ရဲ့ ကမ်းလှမ်းမှုကို ပျက်ပြယ်ကြောင်း တိုက်ရိုက်ကြေညာလိုက်မယ်"

တုပိုင် မေးလိုက်သည်။ "ခင်ဗျား အတည်ပြောနေတာလား"

"ဟုတ်တယ်။" လီအာနာက ဖြေသည်။

"ဘာလို့လဲဆိုတော့ ကျွန်မပိုင်ဆိုင်တာ အကုန်ပေါင်းမှ ရွှေဒင်္ဂါး နှစ်သိန်းပဲ ရှိလို့"

"ရွှေဒင်္ဂါး တစ်သိန်းနှစ်သောင်း" ပါရှန်းစကားပြောသူက ထပ်မံ စျေးခေါ်လိုက်သည်။

"ရွှေဒင်္ဂါး တစ်သိန်းသုံးသောင်း" တုပိုင်က ထပ်တိုးလိုက်သည်။

"ရွှေဒင်္ဂါး တစ်သိန်းလေးသောင်း" ပါရှန်းစကားပြောသူက ဟစ်အော်လိုက်သည်။

"ရွှေဒင်္ဂါး တစ်သိန်းငါးသောင်း" တုပိုင်က ထပ်တိုးလိုက်ပြန်သည်။

ရုတ်တရက် အားလုံးမှာ ထိတ်လန့်တကြားနှင့် ခုန်တက်လုနီးပါး ဖြစ်ကုန်ကြသည်။ ယနေ့ မဟာလေလံပွဲက စစချင်းမှာပင် ဤမျှလောက် ပြင်းထန်လိမ့်မည်ဟု မထင်ထားခဲ့ကြပေ။

ပရဒိသုမျှော်စင်သခင်လည်း စိတ်လှုပ်ရှားလာသည်။ အဘယ်ကြောင့်ဆိုသော် အရောင်းအဝယ်တိုင်းတွင် သူတို့က ကော်မရှင်ခ နှစ်ဆယ် ရာခိုင်နှုန်း ရကြသည် မဟုတ်ပါလော။

အထူးဧည့်သည်များအားလုံးလည်း အံ့သြသွားကြသည်။ တုပိုင်နှင့် နီးသော အခန်းမှ ဖိုမစုံတွဲသည်ပင် သူတို့ကိစ္စကို ရပ်လိုက်ပြီး ပွဲကို အလေးအနက် စောင့်ကြည့်လာကြသည်။

"လေလံဆွဲနေတဲ့ ယောက်ျားက ငါတို့ဘေးမှာပဲ။ အရမ်းခန့်ညားတဲ့ အမျိုးသားတစ်ယောက်ပဲ။ သူက အရမ်းချမ်းသာတာပဲ။ ငါ သူ့ရဲ့ အရသာကို မြည်းစမ်းချင်လိုက်တာ"

ဘေးခန်းမှ အမျိုးသမီးက တပ်မက်စွာ ပြောလိုက်သည်။

"ဖြန်း..."

အမျိုးသားဖြစ်သူက သူမ၏ အသားအပြည့်ဆုံးနေရာကို ရိုက်ချလိုက်ပြီး ပြောသည်။

"သူက ဒီနဂါးဆေးလုံးကို လေလံဆွဲနေတာဆိုတော့ သင်းကွပ်ထားတဲ့သူ ဖြစ်မှာပေါ့။ မင်းရဲ့ ပါးစပ်လေးက ဘယ်လောက်ပဲ စွမ်းဆောင်နိုင်ပါစေ အသုံးဝင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ သူသာ ဒီနဂါးဆေးလုံးကို စားပြီး ပေါက်ကွဲမသေဘူးဆိုရင်တော့... နဂါးဆေးလုံးကြောင့် ပြောင်းလဲသွားတဲ့ သူ့ရဲ့ အရသာက ဘယ်လိုလဲဆိုတာ မင်းကို မြည်းစမ်းခိုင်းချင်သား"

ထိုနှစ်ယောက်သည် ပြင်သစ်စကား ပြောကြသည်။ လင်မယားလား ၊ ချစ်သူလား မည်သူမှန်း မသိရသော်လည်း တကယ့်ကို ပွင့်လင်းပြီး ရှုပ်ပွေသူများပင် ဖြစ်သည်။

"အဲဒီနှစ်ယောက်က ပြင်သစ် အိမ်ရှေ့စံမင်းသားနဲ့ သူ့ဇနီးပဲ"

မင်းသမီးလီအာနာက တုပိုင်နားနားကပ်ပြီး တိုးတိုးလေး ပြောပြသည်။ "ရှင့်မျက်နှာကို မြင်ပြီးတဲ့နောက် မင်းသားက ရှင့်ကို သူ့ဇနီးနဲ့ ပျော်ပါးခွင့် ပေးလောက်တယ်။ ဒါမှမဟုတ် သူကိုယ်တိုင်က သူ့ဇနီးနဲ့အတူ ရှင့်ကို သုံးဆောင်ချင်တာလည်း ဖြစ်နိုင်တယ်"

တုပိုင် လုံးဝ ဆွံ့အသွားပြီး စကားမပြောနိုင်တော့ပေ။

ပရဒိသုမျှော်စင်သခင် ဂလန်းက စိတ်လှုပ်ရှားစွာ ကြေညာသည်။ "ရွှေဒင်္ဂါး တစ်သိန်းငါးသောင်း။ ရွှေဒင်္ဂါး တစ်သိန်းငါးသောင်း။ ဒီအင်္ဂလိပ်စကားပြောတဲ့ လူကြီးမင်းက ရွှေဒင်္ဂါး တစ်သိန်းငါးသောင်း ပေးထားပါတယ်။ ဒီထက်မြင့်တဲ့ စျေးပေးမယ့်သူ ရှိပါသလား"

"ရွှေဒင်္ဂါး နှစ်သိန်း" ပါရှန်းစကားပြောသူက အော်ဟစ်ကာ စျေးခေါ်လိုက်သည်။

ရုတ်တရက် တုပိုင် ခုန်တက်လုနီးပါး ဖြစ်သွားသည်။

'သောက်ရူး... မင်း ရူးနေတာလား'

ရှိနေသူအားလုံးလည်း လုံးဝ တုန်လှုပ်သွားကြသည်။

အမှန်အတိုင်း ဆိုရလျှင် ဤလေလံပွဲတွင် ရွှေဒင်္ဂါး သိန်းချီတန်သည့် ပစ္စည်းများ အများကြီး ရှိခဲ့ဖူးပါသည်။

ဥပမာအားဖြင့် တစ်ကြိမ်က နိုင်ငံတစ်နိုင်ငံ ဒေဝါလီခံရ၍ အာဖရိကရှိ လက်အောက်ခံနယ်မြေကို လေလံတင်ရောင်းချခဲ့ဖူးသည်။ ထိုနယ်မြေသည် စတုရန်းကီလိုမီတာ နှစ်သန်းနီးပါး ရှိသည်။

နောက်တစ်ကြိမ်တွင် နိုင်ငံတစ်နိုင်ငံ၏ ဘဏ္ဍာရေး အကြပ်အတည်းကြောင့် တစ်နိုင်ငံလုံး၏ ရေတပ် ခုနစ်ဆယ် ရာခိုင်နှုန်းကို ငါးနှစ် ငှားရမ်းခဲ့ဖူးသည်။

သို့သော် ပစ္စည်းတစ်ခုတည်းအတွက်နှင့်မူ ဤမျှလောက်မြင့်မားသော စျေးမျိုး မရှိခဲ့ဖူးချေ။

လွန်ခဲ့သည့် နှစ် ငါးရာက တော်ဝင်ရောမဧကရာဇ်၏ သရဖူကို လေလံတင်စဉ်ကပင် ရွှေဒင်္ဂါး နှစ်သိန်းသာ စျေးရခဲ့သည်။

လွန်ခဲ့သော ခုနစ်နှစ်က နှစ်ထောင့်ရှစ်ရာ ကာရက်ရှိသည့် ဧရာမစိန်တုံးကြီး ပေါ်လာစဉ်ကပင် လေလံစျေးမှာ ရွှေဒင်္ဂါး တစ်သိန်းခုနစ်သောင်းသာ ရှိခဲ့သည်။

ယခု ပါရှန်းစကားပြောသူက နေမင်းနဂါးဆေးလုံး သေးသေးလေးတစ်ခုအတွက် မိုးထိအောင် မြင့်မားသော စျေးနှုန်း ရွှေဒင်္ဂါး နှစ်သိန်းကို တိုက်ရိုက် ကြွေးကြော်လိုက်လေပြီ။

မင်းသမီးလီအာနာက လေးနက်စွာ ပြောလိုက်သည်။

"လူကြီးမင်းဂျူလီယန်။ ရှင့်ရဲ့ ကန့်သတ်ငွေပမာဏ ကုန်သွားပြီ။ ရှင် ထပ်ပြီး စျေးခေါ်လို့ မရတော့ဘူး"

တုပိုင်က ဆိုင်းဘုတ်ကို တိုက်ရိုက်မြှောက်လိုက်ပြီး ပြတ်သားစွာ ပြောလိုက်သည်။ "ရွှေဒင်္ဂါး နှစ်သိန်းတစ်သောင်း"

ထို့နောက် သူက မင်းသမီးလီအာနာကို စူးစိုက်ကြည့်လိုက်သည်။

ဤအချိန်တွင် မင်းသမီးလီအာနာ အနေဖြင့် တုပိုင်၏ ကမ်းလှမ်းမှုကို ပျက်ပြယ်ကြောင်း ကြေညာနိုင်ပေသည်။ သို့သော် ထိုသို့လုပ်လိုက်ပါက သူမနှင့် တုပိုင်ကြားရှိ ခင်မင်မှုမှာ ဘုန်းခနဲ လုံးဝ ပျက်စီးသွားပေလိမ့်မည်။

တုပိုင်က သူမကို လေးနက်သော မျက်လုံးများဖြင့် ကြည့်နေသည်။ အကယ်၍ မင်းသမီးလီအာနာသာ လက်ရှိအချိန်တွင် ထရပ်ပြီး သူ၏ ကမ်းလှမ်းမှုကို ဖျက်ဆီးရဲပါက ၊ နောက်ဆက်တွဲ အကျိုးဆက်ကို သူမ ခံယူရလိမ့်မည်။

မင်းသမီးလီအာနာက မျက်နှာလွှဲလိုက်ပြီး အေးစက်စွာ ဆိုလေသည်။ "လူကြီးမင်းဂျူလီယန်... ကျွန်မတို့ရဲ့ ခင်မင်မှုက တရားဝင် ပျက်စီးသွားပါပြီ"

သို့သော် သူမ ထရပ်ပြီး တုပိုင်၏ ကမ်းလှမ်းမှုကို ဖျက်ဆီးခြင်း မပြုခဲ့ပေ။ တုပိုင်၏ ရွှေဒင်္ဂါး နှစ်သိန်းတစ်သောင်း ကမ်းလှမ်းမှုကို ကြားပြီးနောက် ပါရှန်းစကားပြောသူသည် ခေတ္တ တိတ်ဆိတ်သွားသည်။

ပရဒိသုမျှော်စင်သခင် ဂလန်းက ကြေညာသည်။

"ရွှေဒင်္ဂါး နှစ်သိန်းတစ်သောင်း။ ရွှေဒင်္ဂါး နှစ်သိန်းတစ်သောင်း။ လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးရာတုန်းက လူကို သေစေခဲ့တဲ့ ၊ တော်ဝင်ရောမအင်ပါယာရဲ့ သမိုင်းတစ်ခုလုံးကို ပြောင်းလဲခဲ့တဲ့ ဒီနေမင်းနဂါးဆေးလုံးကို ရွှေဒင်္ဂါး နှစ်သိန်းတစ်သောင်းထက် ပိုပေးမယ့်သူ ရှိပါသလား"

အချိန်အတော်ကြာပြီးနောက် ပါရှန်းစကားပြောသူက ဒေါသတကြီး အော်ဟစ်ပြောဆိုလိုက်သည်။

"ရွှေဒင်္ဂါး နှစ်သိန်းခွဲ"

ပရိသတ်တစ်ရပ်လုံး တုန်လှုပ်သွားကြပြီး ၊ သူတို့၏ မင်းစိုးရာဇာ ဂုဏ်သရေကိုပင် ဂရုမစိုက်နိုင်တော့ဘဲ လျဲ့ယန်နဂါးဆေးလုံးကို အပြိုင်လုနေကြသော ထိုနှစ်ယောက်ကို မြင်ရရန် ခြေဖျားထောက်ပြီး ကြည့်နေကြသည်။

တုပိုင်လည်း ပြောစရာစကားများပင် ပျောက်ရှသွားရသည်။

ထိုပါရှန်းစကားပြောဆိုသူမှာ အရူးတစ်ယောက်ပင် ဖြစ်ချေသည်။ သူသည် တုပိုင်ကို ခြိမ်းခြောက်ရန် ၊ သူ၏ ပြတ်သားသော သဘောထားနှင့် ဆန္ဒကို ပြသရန်အတွက် စျေးကို အများအပြား တိုးမြှင့်၍ ခေါ်ယူနေခြင်း ဖြစ်သည်။

သို့သော် တုပိုင် စိတ်ထဲတွင် ရှင်းရှင်းလင်းလင်း သိနေသည်။ ထိုပါရှန်းစကားကို ပြောလိုက်သူသည် သေဆုံးတော့မည့်သူ ဖြစ်သည်။

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၆၃၁ + ၆၃၂ ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

All Chapters