အခန်း (၆၃၉-၆၄၀)
Vol. 64 Ch. 639-640
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၆၃၉ + ၆၄၀
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
ယခုအချိန်ကျမှသာ မင်းသမီးလီအာနာသည် စစ်ပွဲကို အဘယ်ကြောင့် အမိန့်ပေးကွပ်ကဲမှု သိပ်မလုပ်ရသနည်းဆိုသည်ကို တုပိုင်တစ်ယောက် ကောင်းစွာ သဘောပေါက်သွားလေတော့သည်။
အကြောင်းရင်းမှာ ရှင်းပါသည်။ အမိန့်ပေးစရာ လုံးဝမလိုသောကြောင့်ပင် ဖြစ်သည်။ ရန်သူကို တည့်တည့်မတ်မတ် ဝင်တိုက်လိုက်ရုံဖြင့် အနိုင်ရနေကြောင့်ပင်။
လက်ရှိတွင် ရန်သူ့ဘက်မှ ခြိမ်းခြောက်နိုင်သည်မှာ အပျော်စီးစစ်သင်္ဘော ဝမ်ချွမ်တစ်စင်းသာ ရှိ၏။ သို့ရာတွင် ထိုသင်္ဘောမှာ သင်္ဘောအိုကြီးဖြစ်ပြီး သင်္ဘောပေါ်ရှိ အမြောက်များ၏ ထိရောက်သော ပစ်ခတ်နိုင်စွမ်းသည်လည်း မီတာ သုံးရာ ၊ လေးရာခန့်သာ ရောက်ရှိသည်။
ထို့ကြောင့် သံချပ်ကာစစ်သင်္ဘောတစ်စင်းက ရန်သူ့ရေတပ်ဖွဲ့တစ်ခုလုံးကို မှောက်လှန်ပစ်မည့် ပွဲကြီးတစ်ပွဲ စတင်လာတော့သည်။
အစပိုင်း၌ ရန်သူ့စိတ်ဓာတ်ကို ချိုးနှိမ်ရန် အမြောက်များ ပစ်ခတ်ခဲ့သည်မှလွဲ၍ တုပိုင်၏ ကျောင်းလုံစစ်သင်္ဘောကြီးသည် နောက်ထပ် တစ်ချက်မျှပင် ပစ်ခတ်ခြင်း မပြုတော့ချေ။ ကျောင်းလုံသည် ရန်သူ့အဓိကစစ်သင်္ဘော ဝမ်ချွမ်ဆီသို့သာ တဟုန်ထိုး တိုးဝင်သွားခဲ့လေသည်။
ငုယင်ဘုရင်ကို ပုန်ကန်ထားသော ကျင်းဟိုင်နယ်စားမင်း ငုယင်ထျန်ရွှိုသည် အရူးမဟုတ်သဖြင့် အခြေအနေမဟန်မှန်းသိသည်နှင့် ချက်ချင်းပင် အသည်းအသန် လှည့်လည်ထွက်ပြေးလေတော့သည်။
သို့သော် ဝမ်းနည်းစရာကောင်းလှသည်မှာ သူ၏ ဝမ်ချွမ်စစ်သင်္ဘောသည် ရွက်လွှင့်သင်္ဘောဖြစ်ရာ အမြန်ဆုံးမောင်းနှင်လျှင်ပင် ရေ တစ်ဆယ့်သုံးမိုင်ထက် မကျော်လွန်နိုင်ချေ။
တုပိုင်၏ ကျောင်းလုံစစ်သင်္ဘောကြီးမှာမူ စွမ်းအင်ဗဟိုချက်ကို အပြည့်အဝ ဖွင့်ထားသဖြင့် အမြန်နှုန်းမှာ အံ့မခန်းဖွယ်ရာ ရေ တစ်ဆယ့်ကိုးမိုင်အထိ ရောက်ရှိနေလေသည်။
ဤကဲ့သို့သော အမြန်နှုန်းကွာခြားချက်ကြောင့် ရန်သူသည် လုံးဝ လွတ်မြောက်နိုင်ခြင်း မရှိတော့ပေ။ မီတာ တစ်ထောင် မီတာ ရှစ်ရာ မီတာ ငါးရာစသဖြင့် လျှင်မြန်စွာ နီးကပ်လာလေ၏။
အကွာအဝေး နီးကပ်လာသည်နှင့်အမျှ တုပိုင်သည် သင်္ဘောကို ဘေးတိုက်အနေအထားသို့ ချိန်ညှိလိုက်ကာ တစ်ဖက်ခြမ်းရှိ အမြောက် ငါးဆယ့်ငါးလက်စလုံးကို ရန်သူ့သင်္ဘော ဝမ်ချွမ်ဆီသို့ ချိန်ရွယ်စေလိုက်သည်။
ငုယင်ထျန်ရွှိုခမျာ ထိုဧရာမသံချပ်ကာသင်္ဘောကြီးက ဘေးတိုက်အနေအထားဖြင့် လိုက်လာသည့်တိုင် တည့်တည့်ထွက်ပြေးနေသော သူ့သင်္ဘောထက် ပိုမြန်နေသည်ကို တွေ့လိုက်ရသောအခါ မျှော်လင့်ချက်မဲ့စွာဖြင့် စိတ်ပျက်အားငယ်သွားလေတော့သည်။
အမိန့်ပေးသံ ထွက်ပေါ်လာသည်။ “ဘယ်ဘက်ခြမ်းက အမြောက်တွေ အကုန်ချိန်ထား”
“ပစ်”
“ဝုန်းးး ဝုန်းးး ဝုန်းးး ဒိုင်းးး”
ကြီးမားသော အမြောက် ငါးဆယ့်ငါးလက်စလုံး ပြိုင်တူ ဟိန်းထွက်သွားကြသည်။
ယေဘုယျအားဖြင့် ဆိုရသော် ရေကြောင်းတိုက်ပွဲများ၌ အမြောက်များ ပြိုင်တူပစ်ခတ်ခြင်းသည် ကုန်းမြေပေါ်လောက် စိတ်မချရပေ။ တိကျမှုကို ရရှိရန်နှင့် ပစ်မှတ်ထောင့်ကို ရှာဖွေရန်အတွက် အကြိမ်ကြိမ် ပစ်ခတ်ညှိယူရလေ့ရှိသည်။ အခြေခံအားဖြင့် ကျည်ဆန် ကိုးဆယ့်ကိုးရာခိုင်နှုန်းခန့်သည် ပင်လယ်ထဲသို့သာ ကျသွားတတ်၏။
သို့သော် ခြွင်းချက်တစ်ခုတော့ ရှိသည်။ ထိုအရာမှာ ကောင်းကင်အလိုကျ ကံတရားပင် ဖြစ်လေ၏။ ယခုအချိန်တွင် တုပိုင်၌ ထိုကဲ့သို့သော ကောင်းကင်အလိုကျ ကံတရားမျိုး ရှိနေသည်။
“ဝုန်းးး ဝုန်းးး ဝုန်းးး”
ပထမအကျော့ ပစ်ခတ်မှုတွင် ကြီးမားသော အမြောက် ငါးဆယ့်ငါးလက်မှ ကျည်ဆန် ငါးဆယ့်ငါးလုံးသည် လျှပ်စီးကြောင်းများအလား လေထုကို ခွင်းလျက် ပြေးထွက်သွားကြသည်။
သုံးစက္ကန့်မျှပင် မကြာလိုက်ချေ။
“ဘုန်းးး ဒုန်းးး”
ကျည်ဆန် တစ်ဒါဇင်ကျော်သည် ငုယင်ထျန်ရွှို၏ ဝမ်ချွမ်စစ်သင်္ဘောကြီးကို တည့်တည့်ထိမှန်သွားလေတော့သည်။
ခဏတာအတွင်းမှာပင် ပျက်စီးခြင်းသို့ ရောက်ရှိသွားရလေ၏။ ပူလောင်နေသော ကျည်ဆန်များသည် ရွက်တိုင်များကို ရိုက်ချိုးကာ ၊ ကုန်းပတ်များကို ရိုက်ခွဲပြီး ဝမ်ချွမ်သင်္ဘော၏ ကိုယ်ထည်ထဲသို့ အတင်းတိုးဝင်သွားကြသည်။
တစ်ခဏချင်း၌ပင် သင်္ဘောတစ်စင်းလုံး ဗရပွဖြစ်သွားတော့သည်။ နှမြောစရာကောင်းသည်မှာ ဤကျည်ဆန်များသည် ခေတ်သစ်ကျည်ဆန်များ မဟုတ်ခြင်းပင်။ သို့မဟုတ်ပါက နှစ်လုံးလောက် ထိမှန်ရုံဖြင့် ဝမ်ချွမ်စစ်သင်္ဘောကြီး တစ်စစီ ဖြစ်သွားနိုင်ပေသည်။
သို့သော် ဤကမ္ဘာတွင် ပစ်ခတ်သော ကျည်ဆန်များမှာ သံလုံးကျည်ဆန်များသာ ဖြစ်သည်။ ထုံးစံအတိုင်း စစ်သင်္ဘောနှစ်စင်း အပြန်အလှန် ပစ်ခတ်ကြလျှင် နှစ်ရက်နှစ်ညလောက်ကြာအောင် တိုက်ခိုက်နိုင်ပြီး ၊ ကျည်ဆန်ထောင်ပေါင်းများစွာ ပစ်ခတ်ပြီးသည့်တိုင် နစ်မြုပ်ချင်မှ နစ်မြုပ်ပေလိမ့်မည်။ နောက်ဆုံးတွင် နှစ်ဖက်စလုံး ဒဏ်ရာဒဏ်ချက်များဖြင့် ဆိပ်ကမ်းသို့ ပြန်ကာ ပြုပြင်ကြရစမြဲ ဖြစ်သည်။ တစ်နှစ်လောက်ကြာလျှင် ပင်လယ်ပြင်သို့ ပြန်ထွက်လာကြသည်။
သို့သော် ယခု ပထမအကျော့ ပစ်ခတ်မှုကတော့ နှစ်ဖက်စလုံးကို ကြောင်အသွားစေခဲ့သည်။
ငုယင်ထျန်ရွှို ထိတ်လန့်တကြား ရေရွတ်မိသည်။ “ဒါ ဒါက ဘယ်လိုစစ်သင်္ဘောမျိုးလဲ။ ငရဲကလာတဲ့ စစ်သင်္ဘောလား။ ဒီလောက် တိကျရသလား။ ပထမအကျော့နဲ့တင် ထိမှန်တယ်ပေါ့”
တုပိုင်သည်လည်း ကြောင်အသွားပြီး မင်းသမီးလီအာနာကို လှမ်းကြည့်လိုက်မိကာ တွေးလိုက်သည်။ “မင်းက တော်တော်စွမ်းပါလား။ ပထမအကျော့တည်းနဲ့ ဒီလောက်တောင် တိကျတာလား”
မင်းသမီးလီအာနာက ပခုံးတွန့်ပြရင်း ပေါ့ပါးစွာ ပြောလိုက်သည်။ “ဒီလိုမျိုး ကျွန်မလည်း ပထမဆုံး မြင်ဖူးတာပဲ။ နယ်စားမင်းတုပိုင် ၊ ရှင့်ကို ကံတရားနတ်သမီးက ကောင်းချီးပေးနေတာ ဖြစ်ပါလိမ့်မယ်”
ထို့နောက် မင်းသမီးလီအာနာက ဆက်လက် အမိန့်ပေးလိုက်သည်။ “သံကြိုးတပ်ကျည်ဆန် ပြောင်းလိုက်”
“ဝုန်းးး ဝုန်းးး ဝုန်းးး ဝုန်းးး”
ကျောင်းလုံစစ်သင်္ဘောကြီးသည် ဒုတိယအကျော့ ပြိုင်တူပစ်ခတ်လိုက်ပြန်သည်။ ယခုတစ်ကြိမ် ပစ်ခတ်လိုက်သည်မှာ သရဲတစ္ဆေများ ညည်းညူသံကဲ့သို့ အသံမြည်သော သံကြိုးတပ်ကျည်ဆန်များ ဖြစ်လေသည်။
သံကြိုးတပ်ကျည်ဆန် ဆိုသည်မှာ အမြောက်ပြောင်းဝထက် သေးငယ်သော ကျည်ဆန်နှစ်လုံးကို သံကြိုးဖြင့် ဆက်သွယ်ထားခြင်း ဖြစ်သည်။ ပစ်လွှတ်လိုက်သောအခါ ကျည်ဆန်တစ်လုံးက အခြားတစ်လုံးကို ဆွဲခေါ်သွားပြီး ဝဲပျံသန်းသွားကြသည်။
“ရွှီးးးးးး..”
သံကြိုးတပ်ကျည်ဆန် ဒါဇင်ပေါင်းများစွာ ပင်လယ်ပြင်ကို ဖြတ်သန်းသွားရာ ထွက်ပေါ်လာသော အသံမှာ အမှန်တကယ်ပင် နားကွဲမတတ် စူးရှလှပေသည်။
ထိုလက်နက်၏ သင်္ဘောများအပေါ် ဖျက်ဆီးနိုင်စွမ်းမှာ လုံးဝကို ကပ်ဘေးသင့်စေနိုင်သော အဆင့်ပင် ဖြစ်၏။
တုပိုင်သည် ကံတရားနတ်သမီးနှင့် အိပ်စက်ထားခဲ့သည်မှာ သေချာသလောက်ရှိပြီး ပထမအကျော့ ပစ်ခတ်မှုတွင် ရှင်းပြ၍မရနိုင်လောက်အောင် တိကျသော ကျည်လမ်းကြောင်းများ ဝင်ရောက်သွားခဲ့သည်။ ထို့ကြောင့် ဒုတိယအကျော့ ပစ်ခတ်မှုသည် ပိုမိုတိကျသော ချိန်ညှိမှုများဖြင့် ထွက်ပေါ်လာတော့သည်။
“ဝုန်းးး ဘန်းးး”
သံကြိုးတပ်ကျည်ဆန် ငါးဆယ်ကျော်အနက် သုံးပုံတစ်ပုံခန့်သည် ရန်သူ့အဓိကသင်္ဘော ဝမ်ချွမ်ကို ထိမှန်သွားလေသည်။
ခဏတာအတွင်းမှာပင် ရန်သူတို့သည် အကြီးအကျယ် ပျက်စီးဆုံးရှုံးမှုကို ခံစားလိုက်ကြရသည်။ ရွက်တိုင်အားလုံးနီးပါး ရိုက်ချိုးခံလိုက်ရ၏။ ရွက်များအားလုံး စုတ်ပြဲသွားခဲ့သည်။
ကုန်းပတ်ပေါ်ရှိ ရန်သူများသည် သံကြိုးတပ်ကျည်ဆန် ရိုက်ခတ်ခြင်းကို ခံလိုက်ရသည်။ ထိုသည်က အိပ်မက်ဆိုးတစ်ခုကဲ့သို့ပင် ဖြစ်ပြီး သူတို့၏ ခန္ဓာကိုယ်တစ်ခုလုံး ချက်ချင်းဆိုသလို ပြတ်တောက်သွားကြရရှာသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ငုယင်ရေတပ်၏ အဓိကစစ်သင်္ဘော ဝမ်ချွမ်သည် စွမ်းအင်အားလုံး ဆုံးရှုံးသွားပြီး ပင်လယ်ပြင်ထက်တွင် လည်နေလေတော့သည်။
ကျင်းဟိုင်နယ်စားမင်း ငုယင်ထျန်ရွှိုသည် မိုးကိုတိုင်တည်၍မရ ၊ မြေကိုတိုင်တည်၍မရသော အခြေအနေမျိုး ကြုံတွေ့နေရပြီဟု ဆိုရပေမည်။
အော်ဟစ်သံများ ထွက်ပေါ်လာသည်။ “အရှင် သင်္ဘောကို စွန့်လိုက်ပါတော့ သင်္ဘောကို စွန့်လိုက်ပါတော့”
“ဝုန်းးး ဝုန်းးး ဝုန်းးး”
မကြာမီ ကျောင်းလုံစစ်သင်္ဘော၏ တတိယအကျော့နှင့် စတုတ္ထအကျော့ ပစ်ခတ်မှုများ ပြင်းထန်စွာ ရောက်ရှိလာပြန်သည်။
“ဗွမ်း ဗွမ်း ဗွမ်း”
ဝမ်ချွမ်သင်္ဘောပေါ်မှ ငုယင်ပုန်ကန်တပ်သားများသည် ရေထဲသို့ တစ်ယောက်ပြီးတစ်ယောက် ခုန်ချကြတော့သည်။
ကျင်းဟိုင်နယ်စားမင်း ငုယင်ထျန်ရွှိုသည် သာမန်စစ်သည်တစ်ယောက်၏ ဝတ်စုံကို လဲလှယ်ဝတ်ဆင်ပြီး အသက်ကယ်လှေငယ်တစ်စင်းဖြင့် အသည်းအသန် ထွက်ပြေးလေတော့သည်။
အပျော်စီးစစ်သင်္ဘော ဝမ်ချွမ်မှာတော့ စွန့်ပစ်ခံလိုက်ရပြီဖြစ်၏။ တုပိုင်သည် ဆက်လက်ပစ်ခတ်ပြီး ရန်သူ့သင်္ဘော ဝမ်ချွမ်ကို အပြီးတိုင် ဖျက်ဆီးပစ်ရန် ရည်ရွယ်လိုက်သည်။
သို့သော် ထိုအချိန်တွင် ရွှဲ့ကွမ်ရင်သည် လူတစ်ဒါဇင်ကျော်နှင့်အတူ လှေငယ်လေးတစ်စင်းဖြင့် ဝမ်ချွမ်သင်္ဘောဆီသို့ အသည်းအသန် တိုးကပ်သွားနေသည်ကို တွေ့လိုက်ရ၏။ သူသည် တုပိုင်ကိုလည်း အလံများ အသည်းအသန် ဝှေ့ယမ်းပြနေသည်။
တုပိုင် နားလည်လိုက်သည် ‘အစ်မကွမ်ရင်က ဝမ်ချွမ်စစ်သင်္ဘောကို သိမ်းပိုက်လိုနေတာပဲ’
တုပိုင်၏ အမြင်တွင် ဤအပျော်စီးစစ်သင်္ဘော ဝမ်ချွမ်သည် တန်ချိန်သေးငယ်ပြီး အမြန်နှုန်းနှေးကွေးကာ အမြောက်အရေအတွက်လည်း နည်းပါးသည်ဟု ထင်မြင်မိသည်။
သို့သော် ရွှဲ့ကွမ်ရင်၏ မျက်လုံးထဲတွင်မူ ဤသင်္ဘောသည် အလွန်ခမ်းနားသော စစ်သင်္ဘောကြီးတစ်စင်း ဖြစ်နေဆဲပင်။ ဤအတိုင်း နှစ်မြှုပ်ပစ်လိုက်လျှင် နှမြောစရာကောင်းလှသည်။ တိုက်ရိုက်သိမ်းပိုက်ပြီး ပြန်လည်ပြင်ဆင်လိုက်ပါက တာ့နင်အင်ပါယာ၏ အလွန်အစွမ်းထက်သည့် စစ်သင်္ဘောတစ်စင်း ဖြစ်လာပေလိမ့်မည်။
တုပိုင် တွေးလိုက်သည်။ “အစ်မကွမ်ရင်ကတော့ တကယ်ကို စေ့စပ်သေချာပြီး အိမ်မှုကိစ္စ နိုင်နင်းတာပဲ”
တုပိုင်သည် ပစ်ခတ်မှုကို ရပ်တန့်ရန် အမိန့်ပေးလိုက်သည်။ ထို့နောက် ရွှဲ့ကွမ်ရင်နှင့် ပင်လယ်ဓားပြ ဒါဇင်အနည်းငယ်သည် ဝမ်ချွမ်သင်္ဘောပေါ်သို့ တွယ်တက်သွားပြီး စစ်သင်္ဘောကို ထိန်းချုပ်ရန် အသည်းအသန် ကြိုးစားနေကြသည်ကို မြင်တွေ့လိုက်ရလေသည်။
ထိုအချိန်တွင် တုပိုင်၏ ကျောင်းလုံစစ်သင်္ဘောကြီးသည် ရူးသွပ်ဖွယ်ကောင်းပြီး ရက်စက်ကြမ်းကြုတ်သော သရုပ်ပြပွဲကြီးကို စတင်လေတော့သည်။
ငုယင်ပုန်ကန်ဘုရင်၏ အခြားသော စစ်သင်္ဘောများကို ဒေါသတကြီး လိုက်လံချေမှုန်းလေတော့၏။ ထိုစစ်သင်္ဘောငယ်လေးများသည် အသည်းအသန် ထွက်ပြေးကြသော်လည်း အချည်းနှီးသာ ဖြစ်သည်။ သူတို့က နှေးကွေးလွန်းလှသည်။
ပို၍ ကြောက်စရာကောင်းသည်မှာ ကျောင်းလုံစစ်သင်္ဘောတွင် ဝင်တိုက်ရန်အတွက် ဦးချိုပါရှိနေခြင်းပင်။ (ဇာတ်ကားတွေထဲမယ် မြင်ဖူးလား မသိ။ သင်္ဘောဦးမယ် ချိုကြီးဗျာ။ - ဘာသာပြန်)
ထို့ပြင် ထိုဦးချိုကို အလွန်မာကျောပြီး သန်မာသော သတ္တုတစ်မျိုးဖြင့် သွန်းလုပ်ထားခြင်း ဖြစ်လေသည်။ ဝမ်ချွမ်ကဲ့သို့သော စစ်သင်္ဘောကြီးမျိုးနှင့် ရင်ဆိုင်ရလျှင် အလွယ်တကူ ဝင်မတိုက်သင့်ပေ။ ထိုသို့လုပ်ပါက ကျောင်းလုံစစ်သင်္ဘောကိုပါ ထိခိုက်ပျက်စီးစေနိုင်သည်။
သို့သော် ငုယင်ပုန်ကန်ဘုရင်၏ အခြားသော သင်္ဘောများနှင့် ရင်ဆိုင်ရာတွင်မူ ထိုပြဿနာ လုံးဝမရှိချေ။ ထိုသင်္ဘောများသည် တန်ချိန် ဆယ်ဂဏန်းသာ ရှိပြီး တန်ချိန် နှစ်ရာ သုံးရာပင် မပြည့်ကြပေ။
ထို့ကြောင့် ခမ်းနားပြီး ရက်စက်ကြမ်းကြုတ်သော မြင်ကွင်းကို စိတ်ကြိုက် ပုံဖော်နိုင်တော့သည်။
“ဘုန်းးး ဝုန်းးး”
သံချပ်ကာသင်္ဘောကြီး ကျောင်းလုံသည် ရန်သူ့သင်္ဘော တစ်စင်းပြီးတစ်စင်းကို အလွယ်တကူပင် မှောက်လှန်ပစ်လိုက်သည်။
ရန်သူ့သင်္ဘောကို မီလိုက်သည်နှင့် ကြောက်မက်ဖွယ်ကောင်းသော ဦးချိုသည် ရန်သူ့သင်္ဘောကို အလွယ်တကူ ထိုးဖောက်လိုက်ပြီး တိုက်ရိုက်ပင် စုတ်ဖြဲပစ်လိုက်တော့သည်။
တုပိုင်၏ သံချပ်ကာစစ်သင်္ဘောကြီးမှာမူ ပွန်းပဲ့ခြင်းပင် မရှိသလောက်ပင်။ တစ်ဖက်သတ် သတ်ဖြတ်ပွဲ တစ်ဖက်သတ် ချေမှုန်းပွဲကြီးဖြစ်လေ၏။ လုံးဝ ထွက်ပြေး၍မရနိုင်ချေ။
အဘယ်ကြောင့်ဆိုသော် တုပိုင်၏ ကျောင်းလုံသင်္ဘောက မြန်ဆန်လွန်းလှသောကြောင့်ပင် ဖြစ်သည်။
ဆယ်နာရီ ကြာမြင့်ပြီးနောက် တိုက်ပွဲကြီး ပြီးဆုံးသွားပြီဖြစ်သည်။ တိုက်ပွဲဟုပင် ပြောမရဘဲ ၊ တစ်ဖတ်သက်ကြီး အနိုင်ကျင့်နေခြင်းသာဖြစ်လေ၏။
ငုယင်ပုန်ကန်ရေတပ်မတော်ကြီးတစ်ခုလုံး ဖျက်ဆီးခံလိုက်ရပြီး အမျိုးအစားစုံ စစ်သင်္ဘော အစင်း နှစ်ဆယ်ကျော်သည် နစ်မြုပ်ပျက်စီးကာ သက်ရှိထင်ရှား ငရဲသို့ ရောက်သွားကြရရှာသည်။
အကြီးဆုံးဖြစ်သည့် ဝမ်ချွမ်စစ်သင်္ဘောသည်လည်း ရွှဲ့ကွမ်ရင်၏ လက်ထဲသို့ လုံးဝ ကျရောက်သွားခဲ့ပြီ ဖြစ်သည်။
ဤသည်မှာ ယဉ်ကျေးမှုကွာဟချက်ပင် ဖြစ်လေ၏။
သံချပ်ကာစစ်သင်္ဘော တစ်စင်းတည်းဖြင့် ရန်သူ့ရေတပ်ဖွဲ့တစ်ခုလုံးကို အလွယ်တကူ ချေမှုန်းပစ်လိုက်ခြင်း ဖြစ်သည်။
ငုယင်ပုန်ကန်ဘုရင်၏ ညီဖြစ်သူ ကျင်းဟိုင်နယ်စားမင်း ငုယင်ထျန်ရွှိုသည်လည်း တုပိုင်၏ သုံ့ပန်းအဖြစ် ဖမ်းဆီးခြင်း ခံလိုက်ရလေ၏။
**--**--**--**--**--**--**--**
ရွှဲ့ကွမ်ရင်သည် တုပိုင်၏ ရင်ခွင်ထဲသို့ တိုက်ရိုက် တိုးဝင်လာပြီး သူ့ကို အငမ်းမရ နမ်းရှိုက်လိုက်လေသည်။ တုပိုင်သည်လည်း သူမကို တင်းကျပ်စွာ ပွေ့ဖက်ထားပြီး ရူးသွပ်လုနီးပါး ပြန်လည်နမ်းရှိုက်လိုက်၏။
သိထားရမည်မှာ သူ၏ ယန်ချီစွမ်းအင်သည် ယခုအခါ နှစ်ရာအထိ ရှိနေပြီဖြစ်ရာ ယောက်ျားပီသမှုကို ပြန်လည်ရရှိရုံသာမက သာမန်ထက်ထူးကဲသော စွမ်းဆောင်ရည်ရှိသည့် ယောက်ျားထူးယောက်ျားမြတ်တစ်ယောက် ဖြစ်နေပြီဖြစ်သည်။
သူတစ်ကိုယ်လုံးရှိ ယန်ချီစွမ်းအင်များသည် ပေါက်ကွဲထွက်လုနီးပါး ဖြစ်နေ၏။
ဤလေးငါးလတာ ပင်လယ်ခရီးစဉ်အတွင်း သင်္ဘောပေါ်တွင် အမျိုးသမီးဟူ၍ မင်းသမီးလီအာနာ တစ်ယောက်သာ ပါရှိသော်လည်း သူမက သွေးသားဆူဖြိုးသော ပင်လယ်မြင်းရိုင်းတစ်ကောင် ဖြစ်လင့်ကစား ဝမ်းနည်းစရာကောင်းသည်မှာ သူမသည် ယောက်ျားများကို စိတ်မဝင်စားခြင်းပင်။
ထို့ကြောင့် တုပိုင်သည် သူ၏ ယောက်ျားစွမ်းရည်များ ပြန်လည်ရရှိပြီးနောက် ဤလေးငါးလအတွင်း အောင့်အီးသည်းခံထားခဲ့ရခြင်း ဖြစ်လေသည်။
တုပိုင်ကို တွေ့ရန်အတွက် သွေးကွမ်ရင်သည် အခွင့်အရေးယူကာ ရေချိုးအဝတ်အစားလဲထားပြီး နှင်းဆီအဆီအနှစ်များပါ ဖြန်းထားသဖြင့် တစ်ကိုယ်လုံး မွှေးပျံ့နေလေသည်။
ထို့ကြောင့် ယခုအချိန်တွင် တုပိုင်သည် သွေးကွမ်ရင်၏ နူးညံ့အိစက်သော ခန္ဓာကိုယ်လေးကို ပွေ့ဖက်ထားရင်း တစ်ကိုယ်လုံး ပေါက်ကွဲလုနီးပါး ဖြစ်နေတော့သည်။
ယခုအချိန်တွင် ရွှဲ့ကွမ်ရင်၏ ရင်ထဲမှ ဝမ်းသာပီတိဖြစ်မှုကို မည်သည့်စကားလုံးဖြင့်မျှ ဖော်ပြနိုင်ခြင်း မရှိပေ။
ဤကဲ့သို့ ဆုံးရှုံးသွားပြီးမှ ပြန်လည်ရရှိလိုက်ခြင်းသည် သူမကို ငရဲမှ ကောင်းကင်ဘုံသို့ ရောက်ရှိသွားစေသကဲ့သို့ ဖြစ်စေပြီး ၊ တုပိုင်ကို ပွေ့ဖက်ထားရခြင်းသည် ကမ္ဘာလောကကြီးတစ်ခုလုံးကို ပွေ့ဖက်ထားရသကဲ့သို့ ခံစားနေရသည်။
ရွှဲ့ကွမ်ရင် ဤအရာကို ခံစားမိလိုက်သောအခါ အလွန်အမင်း ဝမ်းသာသွားပြီး တုန်တုန်ယင်ယင်ဖြင့် မေးလိုက်သည်။ “မောင်လေး ရှင် ရှင် ပုံမှန်ယောက်ျားတစ်ယောက် ဖြစ်သွားပြီလား”
တုပိုင်က ခေါင်းညိတ်ရင်း ပြန်ဖြေလိုက်သည်။ “မဟုတ်ဘူး ကျွန်တော်က ပုံမှန်မဟုတ်သေးဘူး။ ပုံမှန်ယောက်ျားတစ်ယောက်က ကျွန်တော့်လောက် မမာကျောနိုင်ဘူး”
ထို့နောက် တုပိုင်သည် ရွှဲ့ကွမ်ရင်ကို ရုတ်တရက် ပွေ့ချီလိုက်ပြီး အမိန့်ပေးသံစွက်ကာ ပြောလိုက်သည်။ “အစ်မကွမ်ရင် ဘာမှမပြောနဲ့တော့။ ကျွန်တော် ကောင်းကောင်း အိပ်ပါရစေတော့။ ဒီ လေးငါးလအတွင်း ကျွန်တော့်လက်တွေ ကျိုးမတတ်ဖြစ်ခဲ့ရတာ အစ်မ မသိပါဘူးဗျာ”
“လာပါ အစ်မကွမ်ရင် ကျွန်တော်တို့ ကလေးမွေးကြရအောင်”
ထို့နောက် တုပိုင်သည် သူမ၏ လှပသော ခန္ဓာကိုယ်လေးကို ပွေ့ချီလျက် ခမ်းနားထည်ဝါသော အခန်းထဲသို့ ဝင်ရောက်သွားလေသည်။
သူတို့နှစ်ဦးသည် အတူတကွ ရူးသွပ်စွာ လူးလိမ့်နေကြပြီး ခဏအကြာတွင် နှစ်ယောက်စလုံး ဗလာကျင်းသွားကြတော့သည်။
ရုတ်တရက် ရွှဲ့ကွမ်ရင်က တုပိုင်ကို တားလိုက်ပြီး တုန်တုန်ယင်ယင်ဖြင့် တောင်းပန်လိုက်လေသည်။ “မောင်လေး ကျွန်မ ကျွန်မတို့ လုပ်လို့မရသေးဘူး”
တုပိုင်က စိတ်မရှည်စွာ ပြန်ပြောလိုက်သည်။ “ဒီအချိန်ရောက်မှ မရဘူး လာပြောနေရင် ကျွန်တော် ပေါက်ကွဲသွားလိမ့်မယ်”
ရွှဲ့ကွမ်ရင်က တိုးညင်းစွာ ရှင်းပြသည်။ “ကျွန်မ မင်းသမီးနင်းရွှဲ့နဲ့ စာချင်းဆက်သွယ်ပြီးပြီ။ သူက ဇနီးမယားကြီးလေ။ ရှင့်ရဲ့ ပထမဆုံးအကြိမ်ကို သူ့ဆီမှာပဲ ပေးအပ်ရမယ်”
တုပိုင် စိတ်ပျက်လက်ပျက်ဖြင့် ညည်းညူလိုက်သည်။ “ဘာတွေကို ဂရုစိုက်နေတာလဲဗျာ။ အစ်မက ကျွန်တော့်ရဲ့ ပထမဆုံးမိန်းမလေ။ ကျွန်တော့်ရဲ့ ပထမဆုံးအကြိမ်ကို အစ်မဆီမှာ ပေးတာ ပုံမှန်ပါပဲ”
ရွှဲ့ကွမ်ရင်က တုန်ယင်စွာဖြင့် ပြောရှာသည်။ “မောင်လေးရယ် ကျွန်မက ရှင့်ထက်တောင် ပိုလိုချင်နေပါသေးတယ်။ ဒါပေမဲ့ ဒီစည်းမျဉ်းကို ကျွန်မ လိုက်နာရမယ်။ ဒါပေမဲ့ ကျွန်မ ရှင့်ကို တခြားနည်းလမ်းနဲ့ ပြုစုပေးပါ့မယ်။ အရင်တုန်းက ရှင် ကျွန်မကို အမြဲတမ်း ပြုစုပေးခဲ့တယ်မလား။ အခု ကျွန်မအလှည့်ပေါ့”
**--**--**--**--**--**--**--**
တစ်နာရီကျော် ကြာပြီးနောက် တုပိုင်သည် မကြုံစဖူး သက်သောင့်သက်သာ ခံစားလိုက်ရလေသည်။
ရွှဲ့ကွမ်ရင်၏ နှုတ်ခမ်းများသည် အနည်းငယ် နီရဲကာ ရောင်ရမ်းနေပြီး တုပိုင်၏ ရင်ခွင်ထဲတွင် လှဲလျောင်းရင်း မကြုံစဖူး ပျော်ရွှင်မှုကို ခံစားနေရရှာသည်။
ကြည်နူးမှုများကြားမှ တုပိုင်က အလေးအနက်ထား မေးလိုက်သည်။ “ကွမ်ရင် အနောက်တောင်ပိုင်းက ကျွန်တော့်အခြေအနေ ဘယ်လိုရှိလဲ”
ရွှဲ့ကွမ်ရင်က ဖြေကြားလေသည်။ “အရမ်းကောင်းတယ် နှစ်ဝက်အတွင်းမှာတင် အရမ်းကောင်းမွန်လာတယ်။ ရှင်ကိုယ်တိုင် သွားမကြည့်ရသေးပေမဲ့ သွားကြည့်ရင် ကျိန်းသေပေါက် အံ့သြသွားလိမ့်မယ်”
ထို့နောက် ရွှဲ့ကွမ်ရင်က တုံ့ဆိုင်းတုံ့ဆိုင်းဖြင့် ဆက်ပြောသည်။ “ဒါပေမဲ့ သိပ်မကောင်းတဲ့ ကိစ္စတချို့လည်း ရှိတယ်”
တုပိုင်က မျက်မှောင်ကြုတ်လျက် မေးလိုက်သည်။ “ဘာက သိပ်မကောင်းတာလဲ”
ရွှဲ့ကွမ်ရင်က စိုးရိမ်တကြီး ပြောပြလေသည်။ “မြို့တော်ကနေ အရာရှိတွေအများကြီးကို ရှင့်ရဲ့ အနောက်တောင်ပိုင်းဆီ လွှတ်လိုက်တယ်။ အစိုးရအဖွဲ့ဝန်ကြီး ဝမ်ကျန့်ရှူးက ကွမ်ရှီးကို ရောက်လာပြီး ဟူကွမ်းဘုရင်ခံအဖြစ် တာဝန်ယူနေတယ်”
တုပိုင်၏ မျက်နှာထား ချက်ချင်း ပြောင်းလဲသွားသည်။
အစိုးရအဖွဲ့ဝန်ကြီး ဝမ်ကျန့်ရှူးကို ဟူကွမ်းဘုရင်ခံအဖြစ် ခန့်အပ်ခဲ့သော်လည်း သူသည် အဝေးမှသာ တာဝန်ယူခဲ့ခြင်း ဖြစ်သည်။ ဧကရာဇ်မင်းမြတ်သည် တုပိုင်အား ဟူနန် ၊ ကွမ်ရှီး ၊ ယူနန်နှင့် ကွေ့ကျိုး ပြည်နယ်လေးခု၏ စစ်ရေးနှင့် နိုင်ငံရေးအာဏာကို ထိန်းချုပ်နိုင်ရန် လွယ်ကူစေဖို့အတွက် ထိုသို့ လုပ်ဆောင်ပေးခဲ့ခြင်း ဖြစ်သည်။
‘အခုကျမှ ဒီအစိုးရအဖွဲ့ဝန်ကြီးက ကွမ်ရှီးကို ဟူကွမ်းဘုရင်ခံအဖြစ် ကိုယ်တိုင်ရောက်လာတယ် ဟုတ်လား။ ပြီးတော့ မြို့တော်က အရာရှိတွေ အများကြီးကို အနောက်တောင်ပိုင်းဆီ လွှတ်လိုက်တယ်တဲ့လား’
‘ဘာလဲကွ ၊ ငါ မရှိတော့ဘူးလို့ထင်ပြီး အာဏာလာလုကြတာလား’
ထို့နောက် ရွှဲ့ကွမ်ရင်က ဆက်ပြောလေသည်။ “ဒါ့အပြင် မြို့တော်ကနေ အမိန့်ပြန်တမ်းတွေ ထုတ်ပြီး မွေးစားဖေဖေ လီဝမ်ဟွေ့ကို ပေကျင်းမြို့တော်ဆီ ပြန်ခေါ်ပြီး အရှေ့ဘက်ကွပ်ကဲရေးရုံးရဲ့ ကြီးကြပ်ရေးမှူးချုပ်အဖြစ် တာဝန်ပြန်ထမ်းဆောင်ခိုင်းနေတယ်”
တုပိုင် မရှိသည့်နောက်တွင် လီဝမ်ဟွေ့သည် အနောက်တောင်ပိုင်း၏ ခေါင်းဆောင်ဖြစ်သည်။
သူ့တွင် အလွန်ထူးကဲသော ပြည်တွင်းရေး စီမံခန့်ခွဲနိုင်စွမ်းရှိပြီး အနောက်တောင်ပိုင်းတစ်ခုလုံးတွင် မည်သူမဆို ထွက်သွား၍ရသော်လည်း လီဝမ်ဟွေ့ ထွက်သွား၍ မရပေ။
လီဝမ်ဟွေ့ကို နေရာရွှေ့ပြောင်းခြင်းသည် အိုးအောက်ခြေမှ ထင်းကို ဆွဲထုတ်လိုက်သကဲ့သို့ပင် ဖြစ်သွား၏။
မြို့တော်က အဘယ်ကြောင့် ဤကဲ့သို့ လုပ်ရသည်နည်း။ အရှင်ဧကရာဇ်မင်းမြတ်က စိတ်ပြောင်းသွားပြီလား။ ထိုစဉ်က ဧကရာဇ်မင်းမြတ် ကိုယ်တိုင် ရှင်းလင်းစွာ ပြောခဲ့ဖူးသည်။ အနောက်တောင်ပိုင်းသည် တုပိုင်၏ အနောက်တောင်ပိုင်း ဖြစ်သည်။
ထို့ပြင် အစိုးရအဖွဲ့ဝန်ကြီးများ ရှေ့မှောက်တွင်ပင် တချို့လူများက တုပိုင်သည် အင်ပါယာ၏ မဟာနယ်စားမင်းတစ်ပါး ဖြစ်လာလိမ့်မည်ဟု ပြောကြရာ သူ့ကို မဟာနယ်စားမင်း အဖြစ်ခံလိုက်ပါစေဟု မိန့်ကြားခဲ့ဖူးသည်။
တုပိုင် ဒေါသထွက်သွားလေ၏။ ကိစ္စများကို ရှင်းလင်းစွာ မေးမြန်းရန်အတွက် မြို့တော်သို့ ပျံသန်းသွားချင်စိတ်ပင် ပေါက်လာမိသည်။ ဧကရာဇ်မင်းမြတ်အနေဖြင့် အကြောင်းအရင်းမရှိဘဲ ထိုကဲ့သို့ လုံးဝလုပ်မည်မဟုတ်ကြောင်း သူ ယုံကြည်သည်။
တုပိုင်က မေးလိုက်သည်။ “တာ့နင်အင်ပါယာက အခု ဂျာချင်အင်ပါယာနဲ့ အဆုံးအဖြတ်တိုက်ပွဲ ဆင်နွှဲနေရတာ မဟုတ်ဘူးလား။ ဘယ်လိုဖြစ်ပြီး မြို့တော်က လူတွေက ဒီလိုနည်းလမ်းတွေနဲ့ ကစားဖို့ အချိန်ရနေကြတာလဲ။ ပြီးတော့ ငါ့အာဏာကို လာလုဖို့ အင်အားတွေ ရှိနေကြသေးတာလား”
“သွားမယ် အိမ်ကို ချက်ချင်းပြန်မယ်။ ငါပြန်သွားပြီး ဒီမိစ္ဆာကောင်တွေကို သွားမေးမယ်။ သူတို့ ဘာလုပ်ချင်နေကြတာလဲလို့။ သေချင်နေကြတာလားလို့ မေးရမယ်”
ရွှဲ့ကွမ်ရင်က စကားလမ်းကြောင်းလွှဲကာ ပြောလိုက်သည်။ “တုလန် ရှင်နဲ့အတူပါလာတဲ့ နိုင်ငံခြားသူမလေးက အရမ်းလှတာပဲနော်”
“အင်း” တုပိုင်က ဖြေလိုက်သည်။ “အစ်မကို မိတ်ဆက်ပေးရမလား။ သူက မိန်းကလေးတွေကို ကြိုက်တာ”
သွေးကွမ်ရင်၏ မျက်နှာလေး ရဲသွားပြီး ပြုံးလိုက်သည်။ “ဒါကြောင့်ကိုး”
ထို့နောက် သူမသည် တုပိုင်၏ ရင်ခွင်ထဲတွင် လှဲလျောင်းရင်း လွန်ခဲ့သော နှစ်ဝက်အတွင်း သူကြုံတွေ့ခဲ့ရသော ဇာတ်လမ်းများကို တိတ်ဆိတ်စွာ နားထောင်နေလေသည်။ သို့သော် တုပိုင်သည် ကမ္ဘာ့အက်ကွဲကြောင်းအကြောင်းနှင့် ဝိညာဉ်မိစ္ဆာများအကြောင်းများကို မပြောပြဘဲ ဗိုက်ကင်းနိုင်ငံတွင် ဖြစ်ပျက်ခဲ့သော စိတ်ဝင်စားဖွယ်ရာများနှင့် ပင်လယ်ခရီးစဉ်အကြောင်းများကိုသာ အဓိကထား ပြောပြခဲ့လေသည်။
ရွှဲ့ကွမ်ရင်က စပ်စုကာ မေးလိုက်သည်။ “ငါတို့ရဲ့ ကျောင်းလုံသင်္ဘောက ကမ္ဘာပေါ်မှာ အခေတ်မီဆုံး စစ်သင်္ဘောလား”
တုပိုင် ပြောလိုက်သည်။ “အနည်းဆုံးတော့ အခုလောလောဆယ် အဲဒီလို ဖြစ်နေတာပဲ”
ထို့နောက် တုပိုင်က စကားပြောင်းလိုက်သည်။ “အခု အန်နမ်တောင်ပိုင်းက ပုန်ကန်ဘုရင် ငုယင်မျိုးနွယ်ရဲ့ ရေတပ်မတော် ချေမှုန်းခံလိုက်ရပြီဆိုတော့ အရှေ့ဘက်ပြည်ထောင်စုရဲ့ ရေတပ်အုပ်စုက ငါတို့ရေပိုင်နက်ထဲကို လောလောဆယ် ဝင်လာမှာ မဟုတ်တော့ဘူး။ အစ်မအနေနဲ့ ဒီအဖိုးတန်တဲ့အချိန်ကို အမိအရဆုပ်ကိုင်ပြီး ရေတပ်သားတွေကို ကျောင်းလုံစစ်သင်္ဘောပေါ် ခေါ်တင်ရမယ်။ ပြီးရင် မင်းသမီးလီအာနာရဲ့ နောက်ကို သေချာလိုက်ပြီး သင်ယူခိုင်းပါ။ ဒီစစ်သင်္ဘောကို အချိန်တိုအတွင်း ကျွမ်းကျင်ပိုင်နိုင်စွာ မောင်းနှင်နိုင်အောင် လုပ်ရမယ်”
သွေးကွမ်ရင်၏ မျက်လုံးလှလှလေးများ ပြူးကျယ်သွားပြီး မေးလိုက်သည်။ “ဒီစစ်သင်္ဘောကို နောက်ပိုင်းကျရင် ကျွန်မကို ပေးမှာလား”
အမျိုးသမီးများ၏ အတွေးအခေါ်သည် ထူးဆန်း၏။ သူသည် စစ်သင်္ဘော၏ ကပ္ပတိန်အဖြစ် တာဝန်ယူရမှာ ဖြစ်ပြီး တုပိုင်၏ အသက်ကို ကာကွယ်စောင့်ရှောက်ပေးရမည် ဖြစ်သော်လည်း သူမ၏ ပါးစပ်ထဲတွင်တော့ ဒီစစ်သင်္ဘောကို သူမအား လက်ဆောင်ပေးသည်ဟု ဖြစ်သွားတော့သည်။
အချစ်ကြောင့် မျက်စိကန်းနေသည်မှာ သေချာလှပေသည်။
“အင်း အစ်မကို ပေးမယ်” တုပိုင်က ကတိပေးလိုက်သည်။
ရုတ်တရက် မဟာကရုဏာသွေးနတ်သမီး၏ အနမ်းများသည် ပိုက်ဆံပေးစရာမလိုသကဲ့သို့ ရောက်ရှိလာတော့သည်။
သူ အရမ်းကို စိတ်လှုပ်ရှားနေရှာ၏။
ယခုအခါ သူ၏ ချစ်သူ ပြန်ရောက်လာပြီဖြစ်ရုံသာမက ယောက်ျားပီသသော ဆွဲဆောင်မှုများနှင့် ပြည့်ဝနေပြီး အလွန်လည်း သန်မာလာကာ နတ်ဆိုးတစ်ကောင်ကဲ့သို့ တောင့်တင်းသော ခန္ဓာကိုယ်ပိုင်ရှင် ဖြစ်လာခဲ့သည်။
အခုဆိုရင် သူသည် သူ့အနားတွင် သက်သောင့်သက်သာ နေနိုင်ပြီဖြစ်သည်။
ပို၍ အရေးကြီးသည်မှာ တုပိုင်သည် များစွာ ရင့်ကျက်တည်ငြိမ်လာပုံရသည်။ ယခင်ကကဲ့သို့ ဖြစ်တော့မည် မဟုတ်ပေ။ အခြားသူများကြည့်လိုက်လျှင် သူက တုပိုင်ထက် အသက်အများကြီး ပိုကြီးသည်ဟု မြင်နိုင်တော့မည် မဟုတ်ချေ။
တုပိုင်က မေးလိုက်သည်။ “အန်နမ်နိုင်ငံရဲ့ အခြေအနေ ဘယ်လိုရှိလဲ”
ရွှဲ့ကွမ်ရင်က အစီရင်ခံလေသည်။ “ရှင် ပျောက်သွားပြီးနောက်မှာ ငုယင်ပုန်ကန်ဘုရင်က ကြီးမားတဲ့ တန်ပြန်တိုက်စစ်ကို ချက်ချင်း စီစဉ်ခဲ့တယ်။ စစ်သည် အင်အား သုံးသိန်းခွဲကျော်နဲ့ ဟွေစီရင်စုကို တိုက်ခိုက်ခဲ့တယ်။ သူ့ရဲ့ ကိုယ်ပိုင်တပ်တွေတင် မကဘဲ လျှို့ဝှက်ဆန်းကြယ်တဲ့ ကြေးစားစစ်တပ်တစ်ခုလည်း ပါလာတယ်။ အဲဒီတုန်းက ဟွေအိမ်တော်က ပြိုလဲလုနီးပါး ဖြစ်နေပြီး ပင်လယ်ပြင်တစ်ခုလုံးကိုလည်း အရှေ့ဘက်ပြည်ထောင်စု ရေတပ်က ပိတ်ဆို့ထားခဲ့တာ။ ဘုရင်လီချန် နဲ့ နယ်စားမင်းဆုန်ချွဲတို့ရဲ့ တပ်တွေမှာ ရိက္ခာတွေ ပြတ်လပ်ပြီး အားလုံးလိုနေခဲ့တယ်။ အဲဒီအချိန်က အန္တရာယ်အများဆုံး အချိန်ပဲ”
တုပိုင် မြို့တော်သို့ သွားရောက်ခဲ့စဉ်က သတင်းအချို့ ရရှိခဲ့ဖူးသည်။ လီရူဟိုင်က တုပိုင်ကို တိုက်ခိုက်မည့်အချိန်တွင် ငုယင်ပုန်ကန်ဘုရင်ကလည်း တန်ပြန်တိုက်စစ် ဆင်နွှဲလိမ့်မည်ဟု သိခဲ့ရ၏။ သူက တုပိုင် ၊ ဘုရင်လီချန်နှင့် နယ်စားမင်းဆုန်ချွဲတို့၏ အင်အားစုအားလုံးကို တစ်ချက်တည်းနှင့် အပြတ်ရှင်းပစ်ချင်နေခဲ့ခြင်း ဖြစ်သည်။
သို့သော် တုပိုင်က တိုက်ပွဲကို အရင်အနိုင်ရသွားလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။
ရွှဲ့ကွမ်ရင်က ဆက်ပြောသည်။ “ဆယ်ရက်ကျော်ကြာ ပြင်းပြင်းထန်ထန် တိုက်ခိုက်ပြီးနောက်မှာ ရန်သူ့တပ်တွေက ပိုပိုပြီး အားကောင်းလာတယ်။ ကျွန်မတို့ရဲ့ ရိက္ခာတွေကလည်း ပိုပိုပြီး ရှားပါးလာတယ်။ အဲဒီလို အရေးကြီးတဲ့ အချိန်မှာပဲ ဗိုလ်ချုပ်ကျီရှီက စစ်သည်အင်အား ငါးသောင်းကို ဦးဆောင်ပြီး စစ်ကူရောက်လာခဲ့တယ်။ သူက အမြောက် နှစ်ဆယ်ကိုလည်း ယူဆောင်လာခဲ့တယ်။ အနောက်တောင်ပိုင်းက ရိက္ခာနဲ့ ပစ္စည်းအင်အားတွေလည်း ဟွေစီရင်စုဆီကို အဆက်မပြတ် ရောက်ရှိလာခဲ့တယ်”
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၆၃၉ + ၆၄၀ ပြီး။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team