← Chapters

အခန်း (၁၇၆)

Vol. 18 Ch. 176

အခန်း (၁၇၆)

Vol. 18 Ch. 176

အခန်း။ ၁၇၆

ကျန်းချီသည် သူ့ဘက်သို့ဝင်ရန် လုံယီကို မည်သည့်စကားမှ မဆိုတော့ချေ။

လုံယီကဲ့သို့ အသက် ၂၀ ခန့်တွင် ဤမျှအစွမ်းထက်သော အဆင့်သို့ ရောက်နေသူတစ်ဦးမှာ သူ့ဂိုဏ်းကို သစ္စာဖောက်ရန် မဖြစ်နိုင်ကြောင်း သူသိသည်။ အကယ်၍ သစ္စာဖောက်ခဲ့လျှင်ပင် ထိုသူမှာ စိတ်မချရသောလူစားမျိုး ဖြစ်နေသဖြင့် ကျန်းချီကိုယ်တိုင်လည်း သူ့ကို အနားတွင် ထားဝံ့မည်မဟုတ်ပေ။

“ထားလိုက်ပါတော့... မင်းမသေခင်မှာ သိုင်းပညာရှင် တစ်ယောက်ရဲ့ စွမ်းအားအစစ်အမှန်ကို မြည်းစမ်းခွင့်ရသွားတာပဲ မင်းဘဝအတွက် မနှမြောစရာ မဟုတ်တော့ပါဘူး”

ကျန်းချီက နှမြောတသဟန်ဖြင့် ပြောလိုက်သည်။ ပါရမီရှင်တစ်ဦး ကျဆုံးရမည်ကို လူတိုင်းက စိတ်မကောင်းဖြစ်တတ်ကြသည်မှာ ဓမ္မတာပင်။

“မင်း စကားတွေ အရမ်းများနေပြီ”

လုံယီက စိတ်ပျက်လက်ပျက် တုံ့ပြန်လိုက်သည်။

တိုက်ချင်လျှင် တိုက်ရုံသာရှိပြီး အပိုစကားများနေခြင်းကို သူ လုံးဝမကြိုက်ပေ။ ဂျူနီယာတစ်ဦး၏ ပတ်ပတ်စက်စက် အပြောခံလိုက်ရသဖြင့် ကျန်းချီ၏ မျက်လုံးများထဲတွင် ဒေါသအရိပ်အယောင်များ ဖြတ်ပြေးသွားတော့သည်။

သူ၏ ဓားဖျားမှ မှိန်ပျပျ အဖြူရောင် ဓားစွမ်းအင်များ ထွက်ပေါ်လာပြီး လေထုထဲသို့ အရှိန်အဟုန်ဖြင့် အကြိမ်ကြိမ် ထိုးနှက်လိုက်သည်။ ထိုဓားစွမ်းအင်သည် လေစီးကြောင်းကို လှုံ့ဆော်ပေးလိုက်ရာ လက်မောင်းခန့်ရှိသော အဖြူရောင် လေတိုင်ကြီးများအသွင် ပြောင်းလဲသွားပြီး လုံယီထံသို့ တိုးဝင်သွားတော့သည်။

သိုင်းပညာရှင်တစ်ဦးသည် ဓားစွမ်းအင် သို့မဟုတ် လက်သီးစွမ်းအင်ကို အသုံးပြုကာ လေထုကို ကစားပြီး ဧရာမအရှိန်အဝါကြီးတစ်ခုကို ဖန်တီးနိုင်သည်။ သို့သော် အင်အားပိုင်းတွင်မူ အနီးကပ် တိုက်ခိုက်မှုလောက် မပြင်းထန်ချေ။ ဤသည်မှာ မိမိထက် အားနည်းသူများကို အလွယ်တကူ နှိမ်နင်းရန်သာ သင့်တော်ပြီး ချီစွမ်းအင်ပတ်လမ်းကြီးအဆင့်အောက်ရှိ သူများအတွက်သာ ထိရောက်ကာ ထိပ်တန်းဆရာကြီးများကိုမူ အပြင်းအထန် ဒဏ်ရာမရစေနိုင်ပေ။

လုံယီသည် လေတိုင်နှစ်ခုကို ရှောင်တိမ်းလိုက်သည်။ ထို့နောက် ကျန်လေတိုင်တစ်ခုကို ပုဆိန်ဖြင့် ခုတ်ပိုင်းလိုက်ရာ လေတိုင်မှာ ပေါက်ကွဲထွက်သွားပြီး လေပြင်းများကြောင့် သူ၏အဝတ်အစားများ တဖျတ်ဖျတ် လွင့်စင်သွားကာ ဖုန်နှင့် သဲများကြောင့် မျက်လုံးကို အသာအယာ မှိတ်လိုက်ရသည်။

ထိုအခွင့်အရေးကို အသုံးချကာ ကျန်းချီသည် လေပေါ်တွင် ပြေးလွှားသကဲ့သို့ ခုန်တက်လာသည်။ သူ၏ ဝတ်စုံမှာ လေထဲတွင် တဖျတ်ဖျတ်လွင့်နေပြီး လုံယီ၏ ဘေးနားသို့ လျင်မြန်သော ငှက်ကြီးတစ်ကောင်အလား ရောက်ရှိလာတော့သည်။

“ဒါ ကိုယ်ပေါ့ပါးသိုင်းပဲ”

လူအုပ်ထဲမှ ရှောင်ချန်းက မနေနိုင်ဘဲ အော်ပြောလိုက်မိသည်။ သူမ၏ ဘေးရှိ ထျန်းစူးရှီကလည်း စိုးရိမ်တကြီးဖြင့် ခေါင်းညိတ်လိုက်၏။

သိုင်းသမားများနှင့် နှိုင်းယှဉ်လျှင် အရှိန်အဟုန် မှာ သိုင်းပညာရှင်တစ်ဦး၏ အကြီးမားဆုံး အားသာချက်ဖြစ်သည်။ သိုင်းလောကတွင် အမြန်ဆုံးသောသူသာ အောင်နိုင်စမြဲဖြစ်ရာ အကယ်၍ အရှိန်ပိုင်းတွင် အားနည်းနေပါက ရန်သူ့ကို ထိရန်ပင် မလွယ်ကူလှချေ။ ပရိသတ်၏ အမြင်တွင် ကျန်းချီမှာ အရိပ်တစ်ခုအလား မြန်ဆန်နေပြီး လုံယီမှာမူ လေတိုင်များကြားတွင် ပိတ်မိနေသကဲ့သို့ပင်။

“သေပေတော့”

ကျန်းချီသည် သူ၏ဓားကို မြှောက်လိုက်ရာ မျက်လုံးများတွင် ရက်စက်မှုများ ပြည့်နှက်နေပြီး လုံယီ၏ ခေါင်းပြတ်သွားမည့် မြင်ကွင်းကို ကြိုတင်မြင်နေသကဲ့သို့ပင်။

တောင်…

သို့သော် နောက်တစ်စက္ကန့်တွင် လုံယီသည် ၄၅ ဒီဂရီ ကိုယ်ကို လှည့်လိုက်ပြီး သူ၏ပုဆိန်ဖြင့် ကျန်းချီ၏ ဓားချက်ကို တိကျစွာ ပိတ်ဆို့လိုက်သည်။ ကျန်းချီသည် တန်ပြန်သက်ရောက်မှုကို အသုံးချကာ လေထဲသို့ တစ်ဖန်ပြန်တက်သွားပြီး ဝတ်စုံကို တဖျတ်ဖျတ် လွင့်စေလျက် ဒုတိယအကြိမ် တိုက်ခိုက်ရန် အမြန်ဆုံး လှည့်ပြန်လာသည်။

သူ၏ လေးလံသောဓားကြီးမှာ မှိန်ပျပျ အဖြူရောင်အလင်းလွှာများ ဖုံးလွှမ်းနေပြီး ဓားဖျားမှလည်း စစ်မှန်သော ခွန်အားများ ပေါင်းစပ်ထားသည့် ဓားစွမ်းအင်များ စိမ့်ထွက်နေတော့သည်။

“ဒီတစ်ခါတော့ မင်းရဲ့ကံက ဒီလောက်မကောင်းတော့ဘူး”

တောင်..

ကျန်းချီ စကားပြောပြီးသည်နှင့် သူ၏တိုက်ကွက်မှာ ထပ်မံပိတ်ဆို့ခံလိုက်ရသဖြင့် သူကိုယ်တိုင်ပင် မှင်တက်သွားရသည်။ ယခုအခါ လုံယီသည် သူ၏မူလနေရာမှ သုံးပေခန့် ရွှေ့လိုက်ပြီး ကိုယ်ကို ၉၀ ဒီဂရီ လှည့်ကာ ပုဆိန်ကို ယခင်အတိုင်းပင် တိကျစွာ အနေအထားပြင်ထားခြင်းပင်။ ကျန်းချီကိုယ်တိုင်က ထိုပုဆိန်ထဲသို့ တိုးဝင်သွားသကဲ့သို့ပင်။

“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

ကျန်းချီသည် မကျေမနပ်ဖြစ်ကာ သူ၏ ကိုယ်ပေါ့ပါးသိုင်းကို အစွမ်းကုန်သုံး၍ တစ္ဆေတစ်ကောင်အလား နေရာအနှံ့ ပျံဝဲတိုက်ခိုက်တော့သည်။ သို့သော် သူသည် မည်သည့်နေရာ၊ မည်သည့်ထောင့်မှ တိုက်ခိုက်သည်ဖြစ်စေ လုံယီက ခိုင်မာစွာ ပိတ်ဆို့ထားနိုင်ဆဲပင်။

တောင် တောင် တောင် တောင်

တစ်ဦးက မိုးသက်မုန်တိုင်းအလား ပြင်းထန်စွာ တိုက်စစ်ဆင်နေပြီး အခြားတစ်ဦးကမူ မယိမ်းမယိုင်သော တောင်ကြီးတစ်တောင်အလား ခုခံနေသည်ကို ကြည့်ကာ ပရိသတ်များမှာ ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြသည်။ အကယ်၍ ယနေ့တိုက်ပွဲတွင် လုံယီ ရှုံးနိမ့်ခဲ့လျှင်တောင် သူ၏ကျော်ကြားမှုမှာ အထွတ်အထိပ်သို့ ရောက်သွားမည်မှာ သေချာသည်။ ချီစွမ်းအင်ပတ်လမ်းငယ် အဆင့်ဖြင့် သိုင်းပညာရှင် တစ်ဦးကို စိန်ခေါ်ပြီး တိုက်ကွက်ပေါင်းများစွာ တောင့်ခံနိုင်ခြင်းမှာ သမိုင်းတွင်ပင် မရှိသလောက် ရှားပါးသော စွမ်းဆောင်မှုပင်။

လုံယီ ဤသို့လုပ်ဆောင်နိုင်ခြင်းမှာ သူ၏ ကိုယ်ပေါ့ပါးနည်းစနစ်အောင်မြင်မှုနှင့် သူ၏ လျင်မြန်ခြင်းပါရမီတို့ကြောင့်ဖြစ်သည်။ ကိုယ်ပေါ့ပါးနည်းစနစ်က သူ၏ခြေလှမ်းများကို လျင်မြန်စေပြီး ရန်သူ့လှုပ်ရှားမှုကို ကြိုတင်ခန့်မှန်းနိုင်စေသည်။ လျင်မြန်ခြင်းပါရမီကမူ သူ၏ကြွက်သားများကို ပေါက်ကွဲထွက်မတတ် အရှိန်မြှင့်တင်ပေးသဖြင့် သိုင်းပညာရှင်တစ်

ဦး၏ အရှိန်ကို လိုက်မီစေခြင်းပင်။

“ကောင်းတယ် အားရှုက တကယ်ကို အစွမ်းထက်တာပဲ။ ဒီလိုဆိုရင်တော့ အခွင့်အရေးရှိနိုင်

တယ်”

ရှီချိုင်ဖုန်း၏ လှပသောမျက်လုံးများမှာ အရောင်တောက်သွားပြီး လုံယီကိုသာ စိုက်ကြည့်နေတော့သည်။

တိုက်ပွဲကွင်းပြင်တွင် လုံယီသည် ဖိအားပေးခံနေရသော်လည်း ရန်သူက သူ၏ခံစစ်ကို မဖောက်နိုင်သရွေ့ အလှည့်အပြောင်းတစ်ခုကို စောင့်ဆိုင်းနိုင်မည်ဖြစ်သည်။

“ခက်လိမ့်မယ်”

အဘိုးအိုရှီက သက်ပြင်းချလိုက်သည်။

“သူ့ရဲ့ ပုဆိန်ကို ကြည့်လိုက်ဦး”

ရှီချိုင်ဖုန်း သေချာကြည့်လိုက်သည့်အခါ သူမ၏ မျက်နှာအမူအရာ ချက်ချင်းပျက်သွားတော့သည်။ လုံယီလက်ထဲရှိ အနက်ရောင်သံမဏိပုဆိန်မှာ ယခုအခါ အပေါက်အပြဲများဖြင့် ပြည့်နှက်နေပြီး မည်သည့်အချိန်တွင်မဆို အစိတ်စိတ်အမွှာမွှာ ကြေမွသွားတော့မည့် အသွင်ရှိနေသည်။

“ဒါက ဓားစွမ်းအင်ကြောင့်ပဲ။ လက်နက်နှစ်ခုလုံးက တူညီတဲ့သံမဏိနဲ့ လုပ်ထားတာမှန်ပေမဲ့ တစ်ဖက်က ဓားစွမ်းအင်ရဲ့ အားဖြည့်မှုကို ရထားတော့ လက်နက်ရဲ့ ခိုင်မာမှုက အဆမတန် ကွာခြားသွားတာ”

အဘိုးအိုရှီက ရှင်းပြသည်။

သူတင်မကဘဲ တခြားသော ပညာရှင်အများအပြားလည်း ဤအချက်ကို သတိထားမိကြသည်။

“သတ္တိရှိတာတော့ အသိအမှတ်ပြုပါတယ်။ ဒါပေမဲ့ သိုင်းပညာရှင် နဲ့ သာမန်သိုင်းသမားကြားက ကွာဟချက်က လူတွေထင်ထားတာထက် အများကြီး ပိုကြီးမားတယ်”

ဟွမ်မိသားစုခေါင်းဆောင်က နှမြောတသစွာ ခေါင်းယမ်းလိုက်သည်။

ထိုစကားအဆုံးမှာပင်..

ဘုန်း

လုံယီလက်ထဲရှိ ပုဆိန်မှာ ကျန်းချီ၏ ဓားစွမ်းအင်ဒဏ်ကို မခံနိုင်တော့ဘဲ နောက်ဆုံးတွင် ပေါက်ကွဲထွက်သွားကာ သတ္တုစအနများအဖြစ် လွင့်စင်သွားတော့သည်။

“သေပေတော့”

ပုဆိန်က ကျန်းချီ၏ဓားကို မတားဆီးနိုင်တော့ဘဲ ဓားသွားမှာ လုံယီ၏လည်ပင်းဆီသို့ ရက်ရက်စက်စက် အရှိန်ဖြင့် တိုးဝင်လာသည်။ လုံယီသည် မြေပြင်ကို ခြေနှစ်ဖက်ဖြင့် အားပြုကာ ကျင်းနှစ်ကျင်းဖြစ်သွားသည်အထိ နောက်သို့ အသည်းအသန် ခုန်ဆုတ်လိုက်ရတော့သည်။

သို့သော် ကျန်းချီသည် အရိုးထဲစွဲနေသည့် အရိပ်တစ်ခုအလား လုံယီနောက်သို့ ထပ်ကြပ်မကွာ လိုက်ပါလာသည်။ သူ၏ ကိုယ်ပေါ့ပါးသိုင်းကို အသုံးပြုကာ သူတို့နှစ်ဦးကြား အကွာအဝေးကို လုံးဝ အပြောင်းအလဲမရှိအောင် ထိန်းထားနိုင်ခဲ့သည်။

တစ်ချိန်တည်းမှာပင် သူ၏ စစ်မှန်သော ခွန်အားကို ဒုတိယအကြိမ် ထပ်မံပေါက်ကွဲစေလိုက်ရာ ဓားဖျားမှ ထွက်ပေါ်နေသော ဓားစွမ်းအင်မှာ ပိုမိုရှည်လျားလာပြီး နှစ်ပေကျော် အထိပင် ရှိလာတော့သည် အဖြူရောင် ဓားစွမ်းအင်မှာ လုံယီ၏ လည်ပင်းတည့်တည့်သို့ ရောက်ရှိနေပြီဖြစ်သည်။

ဓားကို အသာအယာ အောက်သို့ ဖိချလိုက်ရုံမျှဖြင့် လက်နက်လည်းမရှိ၊ ရန်သူနှင့် အကွာအဝေးကိုလည်း ခွာ၍မရတော့သော လုံယီအတွက် ခေါင်းပြတ်၍ သေရတော့မည့်အရေးမှာ ရှောင်လွှဲ၍မရနိုင်တော့သည့်အလားပင်။

“မဖြစ်နိုင်တာ”

အဘိုးအိုရှီမှာ ထိတ်လန့်သွားပြီး သူ၏ခန္ဓာကိုယ်မှ အဖြူရောင်အလင်းတန်းများ ထွက်ပေါ်လာကာ တိုက်ပွဲအတွင်း ဝင်ရောက်စွက်ဖက်ရန် ပြင်လိုက်သည်။ သို့သော် သူက ချက်ချင်းပင် ခေါင်းယမ်းလိုက်ပြီး စိတ်ပျက်လက်ပျက်ဖြင့် လှုပ်ရှားမှုကို ရပ်တန့်လိုက်သည်။

“နောက်ကျသွားပြီ...”

သူတို့ကြားရှိ အကွာအဝေးမှာ အလွန်ဝေးကွာလှသဖြင့် သူကိုယ်တိုင်ပင် အချိန်မီ ရောက်နိုင်တော့မည်မဟုတ်ပေ။

“ဟင့်အင်း... မလုပ်နဲ့”

ရှီချိုင်ဖုန်းက ဒေါသတကြီး အော်ဟစ်လိုက်ပြီး ထျန်းစူးရှီမှာမူ ရှောင်ချန်း၏ လက်မောင်းပေါ်

တွင် မေ့လဲသွားတော့သည်။ ဝေယိုသောက်မှာလည်း မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ မှင်

တက်နေ၏...

လုံယီကို စိုးရိမ်နေသူအားလုံး ဤခဏတွင် အနက်ရှိုင်းဆုံးသော မျှော်လင့်ချက်ကင်းမဲ့မှုအတွင်းသို့ ကျဆင်းသွားကြရသည်။

အသက်အန္တရာယ်နှင့် ရင်ဆိုင်ရသည့် ထိုစိုးစဉ်းမျှသော အချိန်အတွင်း လုံယီသည် သူ၏လက်သီးနှစ်ဖက်ကို ကြက်ခြေခတ်ပုံစံဖြင့် သူ၏ဦးခေါင်းထက်တွင် မြှောက်ကာ ခုခံလိုက်သည်။ အောက်သို့ ကျဆင်းလာသော ဓားစွမ်းအင်ကို အချိန်မီ ပိတ်ဆို့လိုက်ခြင်းပင်။

“ပုစဉ်းရင်ကွဲက ရထားလုံးကို တားချင်နေတာလား”

ကျန်းချီက လှောင်ပြောင်ရယ်မောလိုက်သည်။ လုံယီက မသေခင်မှာ သူ၏လက်နှစ်ဖက်ကိုပါ လက်ဆောင်ပေးလိမ့်မည်ဟု သူ မထင်ထားခဲ့ချေ။ သို့သော် နောက်တစ်စက္ကန့်တွင် သူ၏မျက်စိသူငယ်အိမ်များ ရုတ်တရက် ပြူးကျယ်သွားတော့သည်။

တောင်…

မည်သည့်အရာကိုမဆို ပိုင်းဖြတ်နိုင်လောက်အောင် ထက်မြက်လှသော ဓားစွမ်းအင်ကို လုံယီ၏ ကြက်ခြေခတ် လက်သီးနှစ်ဖက်က အမှန်တကယ် ပိတ်ဆို့နိုင်ခဲ့ရုံသာမက သတ္တုချင်း ထိတွေ့သွားသကဲ့သို့ စူးရှသော အသံပင် ထွက်ပေါ်လာခဲ့သည်။ အဖြူရောင် ဓားစွမ်းအင်မှာ လေထဲတွင် တန့်သွားပြီး လက်မဝက်ခန့်ပင် အောက်သို့ ဆက်မဆင်းနိုင်တော့ချေ။

“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

ဟွမ်မိသားစုခေါင်းဆောင်မှာ နေရာမှ ဝုန်းခနဲ ထရပ်လိုက်မိပြီး မျက်နှာတစ်ခုလုံး မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်သွားသည်။

“သူ့လက်မှာ ဘာလက်အိတ်မှလည်း ဝတ်မထားပါဘူး”

ယွမ်မိသားစုခေါင်းဆောင်မှာ သူ၏မျက်လုံးကိုပင် သူ ပြန်ပွတ်ကြည့်မိသည်။

“ဒီကောင်က လူလား... ဒါမှမဟုတ် လူယောင်ဆောင်ထားတဲ့ သားရဲနတ်ဆိုးလား”

အဘိုးအိုရှီမှာမူ သူ၏ဖြူဖွေးသော မုတ်ဆိတ်မွေးတစ်စုကို မသိစိတ်ဖြင့် ဆွဲနုတ်မိသွားသော်လည်း နာကျင်မှုကိုပင် သတိမထားမိတော့ချေ။

ဤမြင်ကွင်းကို မျက်ဝါးထင်ထင် မြင်လိုက်ရသူအားလုံး မှင်တက်သွားကြရသည်။ သူတို့ ယုံကြည်ထားသည့် လောကကြီး၏ နိယာမများမှာ အကြီးအကျယ် တုန်လှုပ်သွားရပြီဖြစ်သည်။ ကျန်းချီမှာမူ ထိုဒဏ်ကို အပြင်းထန်ဆုံး ခံစားလိုက်ရသူဖြစ်ပြီး သူ၏ စစ်မှန်သော ခွန်အားများမှာ ထိုခဏတွင် ဖရိုဖရဲဖြစ်ကာ ပြန့်ကျဲသွားတော့သည်။

လုံယီသည် ဤကဲ့သို့သော ရွှေရောင်အခွင့်အရေးကို လွတ်ထွက်သွားအောင် အခွင့်အရေးပေးမည်မဟုတ်ပေ။ သူသည် ရန်သူ၏ အားနည်းချက်ကို စောင့်ဆိုင်းရန်အတွက်သာ ဤမျှအထိ

အောင့်ခံနေခဲ့ခြင်းပင်။

လုံယီ၏ လက်သီးနှစ်ဖက်မှာ မှိန်ပျပျ ငွေရောင်အလင်းများ တောက်ပလာပြီးနောက် သူ့ရှေ့ရှိ ဓားစွမ်းအင်များကို အားဖြင့် အတင်းအဓမ္မ ဖောက်ခွဲပစ်လိုက်သည်။

သူ၏ ခြေထောက်ကြွက်သားများမှာ နွေဦးပေါက် ရေလှိုင်းများအလား လိပ်တက်လာပြီး ကျုံ့ဝင်သွားကာ နောက်တစ်စက္ကန့်တွင် ဝုန်းခနဲ ပြန်လည်ပွင့်ထွက်သွားတော့သည်။ လုံယီ၏ ခန္ဓာကိုယ်မှာ ဒုံးပျံတစ်စင်းအလား ကျန်းချီဆီသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားပြီး လက်သီးကို အမြင့်သို့ မြှောက်လိုက်၏။

“တောင်ဖြိုလက်သီး”

“နဂါးဖောက်ခွဲသိုင်း”

သူ၏ သွေးစွမ်းအင်များမှာ ကောင်းကင်သို့ တိုင်အောင် ဟိန်းထွက်သွားပြီး အင်အားအားလုံးကို တစ်မှတ်တည်း၌ စုစည်းကာ ရုတ်တရက် ပေါက်ကွဲစေလိုက်သည်။ လက်သီးတစ်ချက် ထိုးနှက်လိုက်ချိန်တွင် ကောင်းကင်နှင့် မြေကြီးပင် အစိတ်စိတ်အမွှာမွှာ ကြေမွသွားသကဲ့သို့ပင်။

ပေါင်ချိန် နှစ်သောင်းကျော်ရှိသော အင်အားကြီးမှာ ကျန်းချီ၏ ရင်ဘတ်တည့်တည့်သို့ စီးဝင်သွားပြီး သူ၏ ခန္ဓာကိုယ်မှာ သိသိသာသာ ချိုင့်ဝင်သွားတော့သည်။

“အား…”

ကျန်းချီ နာကျင်စွာ အော်ဟစ်လိုက်ရသည်။ သူ၏ ခန္ဓာကိုယ်ပေါ်ရှိ အဖြူရောင် စစ်မှန်သော ခွန်အားလွှာမှာ မီးသီးတစ်လုံး ပျက်တော့မည့်အလား တဖျတ်ဖျတ် တုန်ခါနေပြီး ကျရောက်လာသော အင်အားများကို အသည်းအသန် လူစုခွဲပစ်နေရသည်။ သူသည် အနောက်သို့ ဆုတ်ခွာကာ ရန်သူနှင့် အကွာအဝေးကို ခွာရန် ကြိုးစားတော့သည်။

“ကျောက်ဖြစ်ခြင်း”

လုံယီသည် သူ၏ ကျောက်ဖြစ်ခြင်း စွမ်းရည်၏ ဒုတိယမြောက် တက်ကြွစွမ်းအားကို အသုံးပြုလိုက်သည်။ တစ်ခဏချင်းမှာပင် သူ၏ လက်မောင်းတစ်လျှောက်တွင် ပြာလဲ့လဲ့ လိုင်းများစွာ ပေါ်ထွက်လာတော့သည်။ အေးစက်ပြီး အရိုးထဲအထိ စိမ့်ဝင်သွားမည့် အရှိန်အဝါတစ်ခု ပြန့်နှံ့သွားရာ ကျန်းချီ၏ လှုပ်ရှားမှုနှုန်းမှာ သိသိသာသာ နှေးကွေးသွားတော့သည်။

“ဒါ ဘာမိစ္ဆာသိုင်းလဲ”

ကျန်းချီမှာ ထိတ်လန့်တုန်လှုပ်ရင်း ဒေါသထွက်သွားသည်။ လုံယီတွင် ဤကဲ့သို့သော လှည့်ကွက်ရှိလိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့ချေ။ ပညာရှင်ချင်း တိုက်ခိုက်ရာတွင် စက္ကန့်ပိုင်းလေးအတွင်းမှာပင် အဖြေပေါ်သွားတတ်သည်။ သူ၏ အရှိန်အဟုန်ကို မှားယွင်းစွာ တွက်ချက်မိသွားသဖြင့် ကျန်းချီသည် လုံယီ၏ နောက်ထပ် လက်သီးတစ်ချက်ကို ထပ်မံ ခံလိုက်ရပြန်သည်။

ဒဏ်ရာအများစုကို စစ်မှန်သော ခွန်အားလွှာက စုပ်ယူသွားသော်လည်း ကျန်းချီမှာ သွေးတစ်လုပ် အန်ထုတ်လိုက်ရပြန်သည်။ လုံယီသည်လည်း အလားတူပင် အံ့ဩနေမိသည်။ သူ၏ လက်သီးက ကျန်းချီကို ထိမှန်သည့်အခါ ဂွမ်းပုံကြီးတစ်ခုကို ထိုးလိုက်ရသကဲ့သို့ ခံစားရပြီး အင်အားကို အပြည့်အဝ မသက်ရောက်စေနိုင်ဘဲ ဖြစ်နေသည်။

ဒါက စစ်မှန်တဲ့ ခွန်အားရဲ့ သိမ်မွေ့တဲ့ အသုံးချမှုလား။ သိုင်းပညာရှင်တွေက သာမန်သိုင်းသမားတွေထက် တကယ့်ကို တောင့်ခံနိုင်ရည် ပိုရှိတာပဲ။

ဤသို့ တွေးတောရင်း လုံယီသည် တတိယမြောက် လက်သီးချက်အတွက် ပြင်ဆင်လိုက်ပြီဖြစ်သည်။

“သေပေတော့”

ကျန်းချီ၏ လေးလံသောဓားမှ ဓားစွမ်းအင်များ ပေါက်ကွဲထွက်လာပြီး လုံယီထံသို့ အရှိန်ဖြင့် ထိုးစိုက်လိုက်သည်။ အကယ်၍ ရန်သူသာ ရှောင်တိမ်းခဲ့လျှင် သူသည် ဘေးကင်းရာသို့ ဆုတ်ခွာရန် အခွင့်အရေး ရသွားပေလိမ့်မည်။ ထိုအခါမှသာ အကွာအဝေးကို ထိန်းပြီး လုံယီကို အသေသတ်ရန် သူ ကြံစည်ထားသည်။

သို့သော် လုံယီသည် အသက်ကို အသက်ချင်းလဲမည် ဟူသော စိတ်ဓာတ်ဖြင့် ထိုဓားစွမ်းအင်များကြားသို့ တည့်တည့် တိုးဝင်သွားတော့သည်။ တစ်ချိန်တည်းမှာပင် သူ၏ လက်သီးရှိ ငွေရောင်အရေပြားကို သူ၏ ရင်ဘတ်ဆီသို့ ရွှေ့ပြောင်းလိုက်သည်။

တတိယမြောက် လက်သီးချက်သည် ကျန်းချီ၏ ရင်ဘတ်ယခင်နေရာဟောင်းသို့ပင် ပြန်လည်ကျရောက်သွားသည်။

“မင်း ငါ့ကို သတ်လို့မရပါဘူး”

ကျန်းချီက အော်ဟစ်လိုက်သည်။

သူ၏ စစ်မှန်သော ခွန်အား အားလုံးကို ရင်ဘတ်တွင် စုစည်းထားသဖြင့် သူ၏ ခံစစ်မှာ အထွတ်အထိပ်သို့ ရောက်နေပြီး နောက်ထပ်တစ်ချက်ကို အေးဆေးစွာ ပိတ်ဆို့နိုင်မည်ဟု ယုံကြည်နေသည်။

“ချပ်ဝတ်ဖောက်ထွက်ခြင်း”

ထိုခဏတွင် လုံယီ၏ နှုတ်ခမ်းမှ တိုးညင်းသော ရွတ်ဆိုသံတစ်ခုကို ကျန်းချီ ကြားလိုက်ရတော့သည်။

All Chapters