← Chapters

အခန်း (၇၁)

Vol. 7 Ch. 71

အခန်း (၇၁)

Vol. 7 Ch. 71

အခန်း ၇၁

ဆုပေးပွဲခန်းမတစ်ခုလုံး လူတွေနဲ့ ပြည့်နှက်နေသည်။

ဂျယ်ဂန်းရဲ့ ဖခင်အပါအဝင် မိသားစုဝင်တွေအပြင်၊ သူငယ်ချင်းဖြစ်သူ ဂျောင်ဂျင်းနဲ့ ဆူဟီးတို့လည်း ရောက်နေကြသည်။ တဲဝမ်နဲ့ ဇနီးဖြစ်သူ ဒုံမီ၊ ဟီတဲမီဒီယာက ဂျောင်ဂုနဲ့ ဂယွန်းဆူတို့လည်း တက်ရောက်လာကြပါတယ်။ ရုံးခန်းက သူငယ်ချင်းတွေဖြစ်တဲ့ မင်းဟိုနဲ့ ဟောင်ဂယွန်းတို့ဆိုရင် စာရေးတာကို တစ်ရက်နားပြီးတော့တောင် သူ့ကိုလာအားပေးကြတာပါ။

“ဒီကောင် တကယ်ပဲ အဝတ်အစားကို ဂရုစိုက်ဝတ်လာတာပဲမဟုတ်လား? အရင်ကထက်စာရင် အများကြီး ကြည့်ကောင်းလာတယ်နော်။”

ဂျောင်ဂျင်းက ဘေးနားက ဆူဟီးကို တိုးတိုးလေး ကပ်ပြောလိုက်ပါတယ်။ ဆူဟီးကတော့ ပြုံးပြီး ခေါင်းငြိမ့်ပြလိုက်သည်။ သူမရဲ့ အကြည့်တွေကတော့ စင်မြင့်ပေါ်မှာ အနောက်တိုင်းဝတ်စုံအပြည့်နဲ့ မိန့်ခွန်းပြောနေတဲ့ ဂျယ်ဂန်းဆီမှာသာကပ်တွယ်နေသည်။

“တကယ်ကို ဂုဏ်ယူဖို့ကောင်းတယ် ဂျယ်ဂန်းရာ။ ဒီလောက်အဝေးက ကြည့်နေတာတောင် သူက တကယ့်ကို ထည်ဝါနေတာပဲ။”

“ဟုတ်ပ... ငါ့သူငယ်ချင်းလို့တောင် မထင်ရတော့ဘူး။ ခံစားချက်က တစ်မျိုးကြီးပဲ။”

“ဒါနဲ့... သူရေးခဲ့တဲ့ ဖန်တစီ ဝတ္ထုတွေအကြောင်းကော သူ ထည့်မပြောဘူးလား?”

ဆူဟီးက တိုးတိုးလေး မေးလိုက်သည်။ ဂျောင်ဂျင်းက ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ပြီး ပြန်ဖြေလိုက်တယ်။

“အဲဒါကိုတော့ သူတို့တွေက တိတ်တိတ်ဆိတ်ဆိတ်ပဲ ထားချင်ပုံရတယ်။ ဘာလို့လဲဆိုတော့ စာပေလောကက လူတွေက အဲဒါကို သိသွားရင် တစ်မျိုးမြင်နိုင်လို့လေ။ အခုလောလောဆယ်တော့ ဝေဖန်မှုတွေကို ရှောင်ချင်တာလည်း ပါမှာပေါ့။”

“ဪ... နားလည်ပြီ။”

“တစ်နေ့တော့ အားလုံး သိသွားမှာပါ။ အခုလောလောဆယ်တော့ ဒီအတိုင်းလေးက သူ့အတွက် ပိုကောင်းတယ်။”

ဂျယ်ဂန်း၏မိန့်ခွန်းက အဆုံးသတ်အပိုင်းသို့ရောက်ရှိလာသည်။

“အားလုံးကို ကျေးဇူးတင်ပါတယ်။ တကယ်တော့ ဒီဝတ္ထုထဲက ဇာတ်ကောင်တွေဖြစ်တဲ့ ဆန်ဂျင်းနဲ့ ဟယ်ယောင်တို့ရဲ့ အခြေခံဇာတ်ကောင်စရိုက်တွေက တကယ့်ကို အရေးပါခဲ့တာပါ။ အမျိုးသားဇာတ်ဆောင်ရဲ့ ပုံစံကတော့ ကျွန်တော့်ရဲ့ အချစ်ဆုံးသူငယ်ချင်းတစ်ယောက်ဆီက ရခဲ့တာပါ။ သူလည်း ဒီနေ့ ဒီကို လာခဲ့ပါတယ်။”

ဂျယ်ဂန်းက ဂျောင်ဂျင်းရှိရာဘက်ကို လှမ်းကြည့်လိုက်တယ်။ ဂျောင်ဂျင်းလည်း စိတ်လှုပ်ရှားစွာနဲ့ ပြန်လည်ပြီးလက်ပြလိုက်သည်။

“... ပြီးတော့ နောက်ထပ်တစ်ယောက်။ ဒီဇာတ်လမ်းကို အသက်ဝင်အောင် လုပ်ပေးခဲ့တဲ့ အမျိုးသမီးဇာတ်ကောင်အတွက် အခြေခံပေးခဲ့တဲ့ သူမကိုလည်း အထူးကျေးဇူးတင်ချင်ပါတယ်။ သူက အလုပ်များနေလို့ ဒီကို မလာနိုင်ခဲ့ပေမဲ့ ဒီစာအုပ်ကို သူမအတွက် အမှတ်တရအဖြစ် ဂုဏ်ပြုလိုက်ပါတယ်။ ကျေးဇူးတင်ပါတယ်။”

ခန်းမတစ်ခုလုံး လက်ခုပ်သံများဖုံးလွှမ်းသွားသည်။ ထို့နောက် ဂျယ်ဂန်းက ၉၀ ဒီဂရီ ကိုယ်ကိုကိုင်းပြီး အရိုအသေပေးလိုက်သည်။ လက်ခုပ်သံတွေက ရပ်တန့်သွားမယ့်ပုံ မပေါ်ပါဘူး။ ကင်မရာသမားတွေကလည်း ဂျယ်ဂန်းကိုပဲ အနီးကပ် ရိုက်ကူးနေကြသည်။ ဒီဆုပေးပွဲကို ရေဒီယို၊ အင်တာနက်နဲ့ ရုပ်သံလိုင်းတွေကနေ တိုက်ရိုက်ထုတ်လွှင့်နေတာပါ။

စာပေလောကကို စိတ်ဝင်စားသူတိုင်း စောင့်ကြည့်နေကြသလို မြောင်ဟွန်းလည်း တစ်ယောက်အပါအဝင်ဖြစ်သည်။

“ဒီ... အသုံးမကျတဲ့ကောင်။ ဘာမှလည်း ထည့်မပြောဘူး...!”

သူ့လက်ထဲက ဗူးခွံကို ရှုံ့သွားတဲ့အထိညှစ်ပစ်လိုက်သည်။ မြောင်ဟွန်းက ဗူးခွံကို စားပွဲတစ်ဖက်ကို လွှင့်ပစ်လိုက်ပြီး ရေခဲသေတ္တာထဲကနေ ဘီယာတစ်ဗူး ထပ်ထုတ်လိုက်တယ်။

“မင်းမှာ တစ်ခုခု ရှိနေတယ် မဟုတ်လား? မင်း အပြစ်ရှိသလို ခံစားနေရတာလေ။ ဘာလို့ ထုတ်မပြောတာလဲ? မင်း ဖန်တစီတွေ ရေးခဲ့တယ်ဆိုတာကိုလေ။ ရှက်နေတာလား? ရှက်သင့်တာပေါ့။”

မြောင်ဟွန်း တစ်ယောက်တည်း ရေရွတ်နေမိတယ်။ သူ ဂရုမစိုက်ဘူးလို့ ပြောခဲ့ပေမဲ့ တကယ်တမ်းမှာတော့ ဘီယာတစ်ဗူးပြီးတစ်ဗူး မော့နေမိတာပါ။ သူ တီဗီကို ပိတ်လိုက်ပြီး ဘီယာတစ်ဗူးကို ထပ်သောက်လိုက်တယ်။ တစ်ဝက်လောက် ရောက်တော့ ပျို့အန်ချင်သလို ဖြစ်လာတာကြောင့် ချက်ချင်း ရပ်လိုက်ရသည်။ ဘီယာတွေကတော့ သူ့ခြေထောက်ပေါ်ကို ဖိတ်စင်သွားခဲ့ပြီ။

“အားးးးးး!”

မြောင်ဟွန်း၏ လက်ချောင်းများက ကီးဘုတ်ပေါ်သို့ ပစ်ကျသွားသည်။

သူ့ဦးနှောက်တစ်ခုလုံး ဗလာကျင်းနေပြီး ဘာအတွေးမှ မရှိတော့ပေ။ ဒါက ဗီဇအရ လုပ်ဆောင်လိုက်ခြင်းသာ ဖြစ်၏။

“သူက ခေတ်သစ်လူငယ် စာပေပြိုင်ပွဲဆုရှင်တဲ့လား။ တကယ်တော့ အဲဒီ ‘ပျမ်းချွမ်ယူ’ ဆိုတဲ့ကောင်ပဲဟာ;;;”

“အာ? အဲဒီ အဆင့်များစီးရီး တွေကို ရေးတဲ့လူလား? အဓိပ္ပာယ်မရှိတဲ့ အမှိုက်တွေ။ ကျွန်တော်ကတော့ အဲဒါမျိုးဆို လုံးဝဖတ်လို့မရဘူး...”

“အဲဒီလိုလူမျိုးက စာရေးဆရာ အစစ်အမှန် မဖြစ်သင့်ပါဘူး။ ပြောရရင် ဖန်တစီဆိုတာ စာပေတောင် မဟုတ်ဘူး။”

“စာဖတ်ဝါသနာပါသူတစ်ယောက်အနေနဲ့ ဒါက အဓိပ္ပာယ်မရှိဘူး။ ဒီလိုဆုမျိုးကို ဒီလိုစာရေးဆရာမျိုး ပေးတယ်ဆိုတာ ရှက်ဖို့ကောင်းလိုက်တာ။”

“ဒိုင်လူကြီးတွေ ဒီထက် ပိုတော်သင့်ပါတယ်။”

“အနာဂတ် စာပေလောကအတွက် တကယ်ကို စိုးရိမ်မိတယ်...”

မြောင်ဟွန်းသည် အကောင့်ပေါင်းစုံ နှင့် လူမှုကွန်ရက်မျိုးစုံကို အသုံးပြုကာ ဂျယ်ဂန်းကို ပုတ်ခတ်ဝေဖန်သည့် စာများကို ရေးသားနေသည်။

သူ့မျက်နှာတွင် ကြီးမားသော အပြုံးကြီးတစ်ခု ရှိနေ၏။ အရက်ရှိန်ကြောင့် သူ့စိတ်ထဲတွင် ပျော်ရွှင်မှုတွေ တိုးပွားနေသည်။

‘မင်းကိုယ်တိုင် မပြောရဲဘူးလား။ ဒါဆို လုပ်ဖော်ကိုင်ဖက်တစ်ယောက်အနေနဲ့ ငါက ကူညီပေးရတာပေါ့။’

တောက်! တောက်! တောက်!

မြောင်ဟွန်းသည် အချိန်ကုန်သွားသည်ကိုပင် သတိမထားမိဘဲ ဆက်တိုက် ရေးနေမိသည်။ အလွန်အမင်း ပင်ပန်းလာသည့်တိုင်အောင် သူ့လက်တွေက မရပ်တန့်ခဲ့ပေ။

“အား... ဟာဂျယ်ဂန်း... ဟာဂျယ်ဂန်း...”

မြောင်ဟွန်းသည် ထိုင်ခုံပေါ်မှာတင် အိပ်ပျော်သွားတော့သည်။ အိပ်ပျော်နေသည့်တိုင်အောင် သူ့မျက်နှာပေါ်က ယုတ်မာသော အပြုံးက ပျောက်ကွယ်မသွားခဲ့ပေ။

သို့သော် ထိုစကားလုံးများ၏ အကျိုးသက်ရောက်မှုက ကြီးမားလှသည်။ လူမှုကွန်ရက် များမှတစ်ဆင့် ထိုသတင်းသည် အင်တာနက်တစ်ခွင် ပျံ့နှံ့သွား၏။ စာရေးဆရာ ဟာဂျယ်ဂန်း နှင့် ဖြောင်ချွန်းယူ မှာ လူတစ်ယောက်တည်းဖြစ်ကြောင်း အင်တာနက်အသုံးပြုသူများစွာ သိရှိသွားကြသည်။

ထို့နောက်တွင်တော့...

ထင်မှတ်မထားသော အရာများ ဖြစ်ပျက်လာတော့သည်။ ဂျယ်ဂန်း၏ Twitter (X) Follower ၅,၀၀၀ သည် ၅၀,၀၀၀ အထိ ထိုးတက်သွား၏။ သူ၏ ဝတ္ထု ‘အသက်ရှူသံ’ ၏ ကြည့်ရှုနှုန်းမှာ ၁၀ ရာခိုင်နှုန်းကျော် တိုးလာသည်။

သူ၏စာအုပ်များဖြစ်သော ‘တုံးအသောအမျိုးသမီး’ နှင့် ‘ကိုးဆယ်ခုနှ်စများ’ တို့သည် အင်တာနက် စာအုပ်အရောင်းဆိုဒ်များစွာတွင် ထိပ်ဆုံး အဆင့် ၁၀ အတွင်း ရောက်ရှိသွားတော့သည်။

အရာအားလုံးက တစ်ရက်တည်းအတွင်းမှာပင် ဖြစ်ပျက်သွားခြင်းဖြစ်သည်။ မြောင်ဟွန်းသည် သူဖြစ်ချင်သည်နှင့်မတူ ဆန့်ကျင်ဘက်ရလဒ်များ ဖြစ်ပေါ်နေသည်ကို မသိရှိလိုက်ပေ။

‘အူး...’

ဂျယ်ဂန်း အိပ်မက်မက်နေသည်။

သူ့ရှေ့တွင် မြူနှင်းများ ဖုံးလွှမ်းနေ၏။ ခဏအကြာတွင်တော့ တစ်စုံတစ်ခုကို သူ မြင်လိုက်ရသည်။

ဂျယ်ဂန်းသည် သူ့ခန္ဓာကိုယ်တစ်ခုလုံး ကြမ်းပြင်ပေါ်တွင် ရောက်နေကြောင်း သိလိုက်ရသည်။ ကားအင်ဂျင်သံတစ်ခုက တဖြည်းဖြည်း ဝေးကွာသွား၏။

သူ့နှာခေါင်းတွင် ကြမ်းတမ်းသော အထိအတွေ့တစ်ခုကို ခံစားလိုက်ရသည်။ အမွေးအမှင်တွေမှန်း သူသိလိုက်၏။ ရီခါ ဖြစ်လိမ့်မည်ဟုသူတွေးမိသည်။ ရီခါက သူ့မျက်နှာအနှံ့ကို လျက်ပေးနေသည်။

‘ရီခါ... ရီခါ...’

သူ့အသံက ထွက်မလာပေ။ လှုပ်ရှားချင်သော်လည်း မလှုပ်နိုင်။ သူ့ခန္ဓာကိုယ်က အလွန်လေးလံနေသည်။

တစ်စုံတစ်ယောက်၏ လက်များကို သူခံစားလိုက်ရသည်။ သန်မာပြီး လေးလံသော လက်များပင်။ ထိုလက်များသည် သူ့လွယ်အိတ်၏ ဇစ်ကို ဖွင့်နေကြသည်။ ထို့နောက် အဝေးသို့ ပြေးထွက်သွားသော ခြေသံများကို ကြားလိုက်ရ၏။

‘ငါ... အဆုံးမသတ်ရသေးဘူး...’

သူ့အသိစိတ်တွေ ဝေဝါးလာသည်။ နောက်ဆုံးအချိန်တွင် ဂျယ်ဂန်းသည် လက်ကို ဆန့်ထုတ်ကာ ရီခါ၏ လည်ပင်းကို ကိုင်လိုက်မိသည်။ ရီခါကတော့ ကောင်းကင်ကို ကြည့်ပြီး အော်ငိုနေ၏။

“ဂျယ်ဂန်း၊ ဟာဂျယ်ဂန်း။”

“အင်း... အား...”

“ဟေ့ကောင် ဂျယ်ဂန်း၊ ထတော့လေ။ ထစမ်းပါ။”

ဂျယ်ဂန်း မျက်လုံးတွေကို အမြန်ဖွင့်ကြည့်လိုက်ပြီး ဂျောင်ဂျင်း၏ စိုးရိမ်တကြီး ဖြစ်နေတဲ့ မျက်နှာကို မြင်လိုက်ရသည်။ ထို့နောက် ဂျယ်ဂန်း ကိုယ်ကို အမြန်ဆတ်ခနဲ ထထိုင်လိုက်သည်။

“ဟေ့ကောင် ဘာဖြစ်တာလဲ။ အိပ်မက်ဆိုး မက်လို့လား?”

“... အိပ်မက်?”

“အေးလေ၊ အိပ်မက်ပေါ့။ ကြည့်စမ်း... ချွေးတွေလည်း ရွဲလို့။ သုတ်လိုက်ဦး။”

ဂျောင်ဂျင်းက တဘက်တစ်ထည် ကမ်းပေးလိုက်သည်။ ဂျယ်ဂန်းကတော့ တဘက်ကိုတောင် မကြည့်နိုင်ဘဲ သက်ပြင်းချရင်း သူ့ကိုယ်သူ ပြန်ကြည့်လိုက်မိသည်။ တစ်ကိုယ်လုံးလည်း ချွေးတွေနဲ့ ရွှဲလို့။

‘အိပ်မက်သက်သက်ပဲလား...?’

အိပ်မက်လို့ ပြောရအောင်လည်း အရာအားလုံးက တကယ့်အပြင်လောကလို ထင်ယောင်ထင်မှား ဖြစ်စေလောက်အောင် လက်တွေ့ကျလွန်းနေတယ်။ ရီခါနဲ့အတူ မြေပြင်ပေါ်မှာ သူလဲကျနေခဲ့တာ၊ ပြီးတော့ သူ့အိတ်ဇစ်ကို ဖွင့်သွားတဲ့ အဲဒီလက်ရဲ့ အထိအတွေ့ကိုပါ သူ မှတ်မိနေတုန်းပဲ။

“ဘာဖြစ်လို့လဲကွ? ငါ စိုးရိမ်လာပြီ။”

ဂျောင်ဂျင်းက မေးလိုက်တော့မှ ဂျယ်ဂန်းက သူ့ကို ဖြည်းဖြည်းချင်း လှည့်ကြည့်လာပါတယ်။ ပြီးတော့မှ ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်မိသည်။

‘ဪ... အဲဒီလို ဖြစ်ခဲ့တာပဲ။’

ဂျယ်ဂန်း အခြေအနေကို သဘောပေါက်သွားပြီး တဘက်ကို လှမ်းယူလိုက်ပါတယ်။ ဒါက ဆူဟီးရဲ့ အခန်းပဲ။

ဆုပေးပွဲပြီးတော့ ဆူဟီး၊ ဂျောင်ဂျင်းနဲ့ သူတို့တစ်ဖွဲ့လုံး အာဖတာထပ်သွားကြသေးတာကိုး။ ဟိုဂျင်းပါ ရောက်လာပြီး အရက်တွေ အတူတူ သောက်ခဲ့ကြသည်။ နောက်ဆုံး ဆူဟီးရဲ့ အခန်းကို ရောက်လာပြီး သူငယ်ချင်း ၄ ယောက် မိုးလင်းခါနီးအထိ သောက်ခဲ့ကြတာကို သူ သတိရသွားတယ်။

“ဟေ့ကောင် ဟာဂျယ်ဂန်း၊ မင်း မူးနေတုန်းလား?”

“မဟုတ်ပါဘူး၊ အခုမှ နိုးကာစမို့လို့ပါ။ ဒါနဲ့ အိမ်ထဲမှာ တိတ်ဆိတ်နေပါလား?”

“ဆူဟီးနဲ့ ဟိုဂျင်းက အနားကစူပါမားကပ် ကို သွားကြတယ်။ ငါတို့အတွက် စားစရာဝယ်ဖို့လေ။ နောက် မိနစ် ၃၀ လောက်ဆို ပြန်ရောက်လာကြမှာ။”

ဂျောင်ဂျင်းက သူ့ကို ပုတ်ပြီး၊

“သွား... ရေချိုး သန့်စင်လိုက်ဦး။”

“အေးပါကွာ၊ သွားပြီ။”

ဂျယ်ဂန်း ပြုံးပြီး ရေချိုးခန်းထဲ ဝင်လိုက်သည်။ တံခါးပိတ်လိုက်တဲ့အချိန်မှာပဲ ဂျောင်ဂျင်းရဲ့ အသံကို ထပ်ကြားလိုက်ရ၏။

“ဘေစင်ပေါ်မှာ သွားပွတ်တံနဲ့ မုတ်ဆိတ်ရိတ်ဓား ရှိတယ်နော်။ အဲဒါ သုံးလိုက်။ ဆူဟီး ထုတ်ထားပေးတာ။ တဘက်တွေကတော့ အံဆွဲထဲမှာ ရှိတယ်။”

“အိုကေ။”

ဂျယ်ဂန်း အဝတ်အစားတွေ ချွတ်ရင်း သူ ဝတ်ထားသည့် အားကစားဝတ်စုံကိုသတိထားမိလိုက်သည်။ ဒါက ဆူဟီးရဲ့ အကို လာတုန်းက ဝတ်တဲ့အင်္ကျီတွေလို့ ဆူဟီး တစ်ခေါက်ပြောပြဖူးတာ သူ သတိရလိုက်သည်။ ဂျယ်ဂန်း ရေပန်းကို ဖွင့်လိုက်သည်။

‘ဒါမျိုးလေးက တော်တော်မိုက်တာပဲ။ ငါလည်း ဒီလိုမျိုး တစ်ခုလောက် ဝယ်ထားသင့်တယ်။ ရေချိုးကန်ထဲကနေ ရေတွေ အပြင်ကို စင်မထွက်တော့ဘူး။’

ဂျယ်ဂန်း တစ်ကိုယ်လုံး သန့်စင်လိုက်ပြီး သွားပွတ်တံနဲ့ မုတ်ဆိတ်ရိတ်ဓားကိုပါ သုံးလိုက်သည်။

“ပြီးပြီလား?”

ဂျောင်ဂျင်းက လှည့်မေးလိုက်ပါတယ်။ ဂျယ်ဂန်းကတော့ သူ့ဘေးမှာ ရပ်ရင်း ပြတင်းပေါက်ကနေ အပြင်ဘက် မြင်ကွင်းကို ကြည့်နေမိတယ်။ အပေါ်ကနေ ကြည့်ရတဲ့ မြင်ကွင်းက တကယ့်ကို လှပလွန်းပါတယ်။

“တကယ် မိုက်တာပဲ။ ငါကော ဘယ်တော့လောက်မှ ဒီလိုနေရာမျိုးမှာ နေနိုင်ပါ့မလား?”

ဂျယ်ဂန်းရဲ့ စကားကြောင့် ဂျောင်ဂျင်းက ပြုံးလိုက်တယ်။ ဆူဟီးရဲ့ မိသားစုက ချမ်းသာတယ်ဆိုတာ သူသိပါတယ်။ ဆူဟီးက ထုတ်မပြောပေမဲ့လည်း သူကအလိုလို သိသာနေတာလေ။

“ဒေါ်လာ ၅၀၀,၀၀၀ (ကျပ်သိန်း ၁၃,၀၀၀ ကျော်) လောက် ရှိမလား?”

“အဲဒီထက် ပိုမှာပေါ့ကွ။ အခုခေတ် အိမ်ဈေးတွေက ရူးချင်စရာကြီး။”

“ဝါး... ကြည့်စမ်း။ ငါ့လစာက ၃၀,၀၀၀... ၂၀,၀၀၀ လောက် စုမယ်ဆိုရင်... ဆေးလိပ်တစ်လိပ်လောက် ပေးစမ်းပါဦး။ ဒီမှာ သောက်လို့ရလား?”

“မရဘူး၊ တော်စမ်းပါ။”

ဂျယ်ဂန်း လှည့်ထွက်လာခဲ့ပါတယ်။ မနေ့ကတော့ မူးနေတာနဲ့ အိမ်အနှံ့ မကြည့်ဖြစ်ခဲ့ဘူး။ အခုမှ အိမ်ထဲကို လှည့်ပတ်ကြည့်မိသည်။

‘ဆူဟီးရဲ့ စရိုက်အတိုင်းပဲ။’

အတွင်းပိုင်း ပြင်ဆင်ထားပုံက အေးအေးလူလူနဲ့ သန့်ရှင်းသပ်ရပ်နေပါတယ်။ ဂျယ်ဂန်းက တီဗီနားကနေ ဖြတ်ပြီး နောက်အခန်းတစ်ခုထဲကို ဝင်သွားမိတယ်။ အဲဒါကတော့ စာကြည့်ခန်းဖြစ်သည်။

All Chapters