လေဟာနယ် ခရီးသွားခြင်း
Vol. 12 Ch. 129
"သူ ငြင်းလိုက်တယ်... သူရဲဘောကြောင်တဲ့ကောင်... သူ ဘာပြောလိုက်လဲ..."
အစေခံ၏ အစီရင်ခံစာကို ကြားသောအခါ ယွီယီရှန်း မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။
"ချန်ဖေးက ပြောပါတယ်... သူက သခင်လေးလောက် မတော်တဲ့အတွက် စိန်ခေါ်မှုကို လက်မခံရဲပါဘူးတဲ့..."
အစေခံက ပြုံးရွှင်စွာ ပြောလိုက်သည်။
"အနည်းဆုံးတော့ သူ့ကိုယ်သူ သိသားပဲ... ဒါပေမဲ့ သူ့ကို ဒီလောက် လွယ်လွယ်နဲ့ လွှတ်ပေးလို့ မရဘူး... နောက်ထပ် စိန်ခေါ်စာ တစ်စောင် ထပ်ပို့လိုက်... သူ ဘယ်လောက်ကြာကြာ ငြင်းနိုင်မလဲ ကြည့်ကြသေးတာပေါ့..."
ယွီယီရှန်း၏ နှုတ်ခမ်းထောင့်များ ကွေးညွှတ်သွားပြီး အပြုံးတစ်ခု ပေါ်လာသည်။
"အမ်..."
ယွီယီရှန်း၏ စကားကို ကြားသောအခါ အစေခံက တုံ့ဆိုင်းသွား၏။
"ဘာဖြစ်လို့လဲ..."
ယွီယီရှန်းက မကျေမနပ်ဖြင့် မျက်မှောင်ကြုတ်လိုက်သည်။
"ဟို... ချန်ဖေးက ပြောပါတယ်... သခင်လေးက ဆက်ပြီး စိန်ခေါ်နေမယ်ဆိုရင် သူ အရှုံးပေးပါတယ်... သခင်လေးက ပိုတော်ပါတယ်လို့ ပြောလိုက်ပါတဲ့..."
အစေခံက တိုးတိုးလေး ပြောလိုက်သည်။
ယွီယီရှန်း ရုတ်တရက် မတ်တပ်ထရပ်လိုက်ပြီး မျက်မှောင်ကြုတ်ထား၏။ စဉ်းစားလေ တစ်ခုခု မှားယွင်းနေသလို ခံစားရလေ ဖြစ်သော်လည်း အတိအကျ မပြောနိုင်ပေ။
အဘယ်ကြောင့်ဆိုသော် ချန်ဖေးက ရိုးရှင်းစွာပင် အရှုံးပေးလိုက်သောကြောင့် ဖြစ်သည်။
ချန်ဖေးက အရှုံးပေးပြီး တိုက်ခိုက်ခြင်း မရှိဘဲ ဆုတ်ခွာသွားသော်လည်း ယွီယီရှန်း၏ စိတ်အခြေအနေမှာ လုံးဝ မကောင်းမွန်ပေ။
ချန်ဖေးက သူ့ကို ယှဉ်ပြိုင်ရန် မထိုက်တန်ဟု သဘောထားကာ အထင်သေးနေသကဲ့သို့ ခံစားနေရသည်။
"သောက်ကျိုးနည်း..."
ဘာဖြစ်နေသည်ကို တဖြည်းဖြည်း သဘောပေါက်လာသောအခါ ယွီယီရှန်းသည် စားပွဲပေါ်မှ လက်ဖက်ရည်ခွက်ကို ကြမ်းပြင်ပေါ်သို့ ပစ်ခွဲလိုက်သည်။
အနီးနားတွင် ရပ်နေသော အစေခံမှာ လန့်ဖျပ်သွားပြီး ဘာမျှ ဆက်မပြောရဲတော့ပေ။
ယွီယီရှန်းသည် ပိုမို စိတ်ပျက်ဒေါသထွက်လာသော်လည်း သူ့တွင် အခြား ရွေးချယ်စရာ မရှိပေ။
ယွမ်ချန် ဓားဂိုဏ်းသို့ တန်းသွားပြီး တံခါးသွားခေါက်၍ မရနိုင်ပေ။ ထိုသို့လုပ်ခြင်းက သိက္ခာမဲ့ရာ ရောက်ပေလိမ့်မည်။
ထို့ပြင် ပြင်ပလူ၏ အမြင်တွင် ချန်ဖေးက အရှုံးပေးပြီး ဖြစ်သည်၊ မင်းက ပိုတော်ကြောင်း ယုံကြည်ပြီး ဖြစ်သည်။
မင်း၏ ရန်လိုသော အပြုအမူက တခြားသူကို အနိုင်ကျင့်နေသကဲ့သို့ ဖြစ်နေပေလိမ့်မည်။
လူတိုင်းက အရှုံးပေးပြီးပြီလေ... မင်းက ဘာလိုချင်နေသေးတာလဲ…
ယွမ်ချန် ဓားဂိုဏ်းတွင် ဖြစ်သည်။
"ဆရာ..."
ချန်ဖေး ဖုန်းရှိုးဖူကို ကြည့်ပြီး ဦးညွှတ်လိုက်သည်။
"ရောက်လာပြီလား... ထိုင်ပါဦး..."
ဖုန်းရှိုးဖူက ချန်ဖေးကို ပြုံး၍ ကြည့်လိုက်၏။ သူသည် ချန်ဖေးကို ပိုမို သဘောကျ ကျေနပ်လာသည်။
ချန်ဖေး၏ နားလည်သဘောပေါက်နိုင်စွမ်းသည် လက်ရှိတွင် အလွန် ကောင်းမွန်ပြီး မည်သည့် ကျင့်စဉ်ကိုမဆို လျင်မြန်စွာ သင်ယူနိုင်သည်။
အကယ်၍ သူသည် ထိုထိပ်တန်း ကျင့်စဉ်များကို ကျွမ်းကျင်ပိုင်နိုင်ပြီး အနာဂတ်တွင် ဤ နားလည်သဘောပေါက်နိုင်စွမ်း အဆင့်ကို ထိန်းသိမ်းထားနိုင်ပါက အနာဂတ်သည် အမှန်တကယ်ပင် အကန့်အသတ်မဲ့ ဖြစ်ပေလိမ့်မည်။
အခြားသူများအတွက် ကောင်းကင်ချောက်ကမ်းပါးသဖွယ် ဖြစ်သော ဒွာရသန့်စင်ခြင်း အဆင့်သည် ချန်ဖေးကို လုံးဝ တားဆီးနိုင်မည် မဟုတ်ပေ။
ထို့ပြင် ချန်ဖေးသည် ယခုအခါ ခြင်ဆီသန့်စင်ခြင်း အဆင့်သို့ ချိုးဖျက်ဝင်ရောက်ပြီး ဖြစ်သည်။ ဤအသက်အရွယ်နှင့် ဤအဆင့်ဖြင့် ဆိုလျှင် သူသည် ယွမ်ချန် ဓားဂိုဏ်းရှိ တပည့်အများစုကို ကျော်တက်သွားပြီ ဖြစ်သည်။
ထုန်ယွမ် ကျင့်စဥ် ပြီးပြည့်စုံခြင်းသို့ ရောက်ရှိပြီးနောက် အတွင်းကလီစာ သန့်စင်ခြင်း အဆင့်သို့ ချိုးဖျက်ဝင်ရောက်ခြင်းသည် သဘာဝကျသော တိုးတက်မှု ဖြစ်လာပေလိမ့်မည်။
"ကျွန်တော့်ရဲ့ စီနီယာအစ်ကိုကြီးက မနေ့က ဆက်သွယ်လာပြီး တပည့်ရင်း ကိစ္စ ပြောပါတယ်..."
"လျှို့ဝှက်နယ်မြေ အကြောင်းလား..."
ချန်ဖေး ဖုန်းရှိုးဖူကို မော့ကြည့်ပြီး တိုးတိုးလေး ပြောလိုက်သည်။
"ဟုတ်တယ်... လင်းရှန်း ငါ့ကို လာမေးတယ်... မင်း သွားချင် မသွားချင်က မင်းသဘောပါပဲ..."
ဖုန်းရှိုးဖူက ခေါင်းညိတ်ပြီး ပြောလိုက်သည်။
"ဒီ လျှို့ဝှက်နယ်မြေကို ဂိုဏ်းလေးခုလုံး ပိုင်ဆိုင်ကြတယ်... အတွင်းက ဝိညာဉ်ပစ္စည်းတွေကို လုံလောက်တဲ့ အချိန်အထိ ကြီးထွားခွင့်ပြုဖို့ နှစ်အနည်းငယ်ကြာမှ တစ်ကြိမ်ပဲ ဖွင့်လှစ်တယ်... ဂိုဏ်းအသီးသီးက တပည့်ရင်း အကဲဖြတ်ဖို့အတွက်လည်း အသုံးပြုကြတယ်..."
"တပည့်က စီနီယာအစ်ကိုကြီးနဲ့ အတူ လိုက်သွားမယ်လို့ ကတိပေးလိုက်ပါပြီ..."
ချန်ဖေး ပြုံးပြီး ပြောလိုက်၏။
"တပည့်ရဲ့ ကိုယ်ဖော့ပညာက ထပ်ပြီး တိုးတက်ဖို့ လိုသေးလားဆိုတာ ဆရာ့ကို လာမေးတာပါ..."
ချန်ဖေး ဒီနေ့ လာရသည့် ရည်ရွယ်ချက်မှာ အမှန်တကယ်ပင် ရိုးရှင်းသည်၊ ကိုယ်ဖော့ပညာ အကြောင်း မေးမြန်းရန် ဖြစ်သည်။
ကိုယ်ပိုင် အဆင့်ကန့်သတ်ချက်သို့ မရောက်မချင်း ကိုယ်ဖော့ပညာ ဟူသည် များလွန်းသည်ဟု မရှိပေ။ ယခင် အရိုးသန့်စင်ခြင်း အဆင့်တုန်းက ဝိညာဉ်လိုက်ခြေလှမ်းကို မွေးရာပါ ကန့်သတ်ချက်များကြောင့် အပြည့်အဝ အသုံးမချနိုင်ခဲ့သကဲ့သို့မျိုး ဖြစ်သည်။
ထိုအခြေအနေမျိုးတွင် ကိုယ်ဖော့ပညာ အသစ် သင်ယူရန် မလိုအပ်ပေ။
ယခုအခါ သူ၏ ကျင့်ကြံမှုသည် ခြင်ဆီသန့်စင်ခြင်း အဆင့်သို့ ရောက်ရှိနေပြီဖြစ်ရာ ချန်ဖေး၏ ကိုယ်ဖော့ပညာသည် အတွင်းကလီစာ သန့်စင်ခြင်း အဆင့် အများစုကို ကျော်လွန်နေပြီဟု ဆိုနိုင်သည်။
သို့သော် ပိုမို မြန်ဆန်နိုင်မည် ဆိုလျှင် ချန်ဖေး အနေဖြင့် သဘာဝကျစွာပင် ငြင်းပယ်မည် မဟုတ်ပေ။
"ဟို အပင်ပေါ်က အသီးကို ခူးပြီး ပြန်ယူလာခဲ့..."
ဖုန်းရှိုးဖူက မီတာတစ်ရာခန့် အကွာရှိ သစ်ပင်တစ်ပင်ကို ညွှန်ပြလိုက်သည်။
"ဟုတ်ကဲ့..."
ချန်ဖေး ခေါင်းညိတ်လိုက်ပြီး ခန္ဓာကိုယ် လှုပ်ရှားလိုက်သည်နှင့် နေရာမှ ပျောက်ကွယ်သွားကာ မျက်စိတစ်မှိတ် အတွင်း သစ်ပင်ရှေ့သို့ ရောက်ရှိသွားသည်။
ချန်ဖေး လက်ဆန့်ပြီး အသီးတစ်လုံး ခူးလိုက်ကာ ညာခြေဖြင့် သစ်ပင်ကို ကန်၍ ခြံဝန်းထဲသို့ ပြန်လည် ရောက်ရှိလာသည်။
ဖုန်းရှိုးဖူ၏ မျက်လုံးများ အနည်းငယ် တောက်ပသွား၏။
ချန်ဖေး၏ ကိုယ်ဖော့ပညာသည် အလွန် ကျွမ်းကျင်ပြီး လွယ်ကူသက်သာလွန်းသဖြင့် ဝိညာဉ်လိုက်ခြေလှမ်း၏ အနှစ်သာရကို ရှင်းလင်းစွာ တတ်မြောက်ထားပြီး အသေးစိတ် အချက်အလက်တိုင်းကို ပြီးပြည့်စုံစွာ ပြသနိုင်သည်မှာ ထင်ရှားသည်။
ဖုန်းရှိုးဖူ ကိုယ်တိုင်လည်း ၎င်းကို ကျင့်ကြံထားသည်။ ဝိညာဉ်လိုက်ခြေလှမ်းနှင့် ပတ်သက်လျှင် ဤ ကိုယ်ဖော့ပညာ တစ်ခုတည်းကို ကြည့်ခြင်းအားဖြင့် ချန်ဖေးသည် သူ့အောက် လုံးဝ မနိမ့်ကျပေ။
ဖုန်းရှိုးဖူသည် ဝိညာဉ်လိုက်ခြေလှမ်းကို ကျင့်ကြံရန် အချိန်အတော်ကြာ ယူခဲ့ရသည်။
ပြိုင်ဘက်ကင်း ပါရမီရှင်...။
ထိုစကားလုံး ဖုန်းရှိုးဖူ၏ ခေါင်းထဲသို့ ဝင်ရောက်လာပြီး သူ၏ အပြုံးက ပိုမို ကျယ်ပြန့်လာသည်။
"ဆရာ... ဘယ်လိုလဲ..."
ချန်ဖေးက အသီးကို စားပွဲပေါ်တင်ပြီး ဖုန်းရှိုးဖူကို ကြည့်လိုက်သည်။
"ကောင်းတယ်... မင်းရဲ့ ကျင့်ကြံမှုအဆင့်နဲ့ ဒီလို ကိုယ်ဖော့ပညာမျိုး ရှိနေရင် မဆင်မခြင် မလုပ်သရွေ့ လျှို့ဝှက်နယ်မြေထဲမှာ အန္တရာယ် သိပ်မရှိနိုင်ဘူး..."
ဖုန်းရှိုးဖူ ခဏတာ စဉ်းစားလိုက်သည်။
ဖြောင့်တန်းသော အမြန်နှုန်းအရ ချန်ဖေးသည် ခြင်ဆီသန့်စင်ခြင်း အဆင့်၏ အကန့်အသတ်ကို ရောက်လုနီးပါး ဖြစ်နေပြီ။
အခြား သိုင်းပညာရှင်များတွင် ဝိညာဉ်လက်နက် တစ်ပိုင်း ရှိနေပြီး ကိုယ်ဖော့ပညာဖြင့် အထူးတလည် မြှင့်တင်ထားခြင်း မရှိလျှင် ချန်ဖေးကို ကျော်တက်ရန် မဖြစ်နိုင်ပေ။
အတွင်းကလီစာ သန့်စင်ခြင်း အဆင့်တွင် ချန်ဖေး၏ ကိုယ်ဖော့ပညာ အမြန်နှုန်းသည် ထိပ်တန်း အဆင့်တွင် ရှိသည်။
"မင်းက လုံလောက်အောင် မြန်နေပြီ... အလားတူ ကိုယ်ဖော့ပညာတွေကို ဆက်သုံးနေရင် မင်းကို နည်းနည်းလေးပဲ တိုးတက်စေတော့မယ်... မင်းရဲ့ ကိုယ်ဖော့ပညာ ပျော့ပျောင်းမှုကို မြှင့်တင်ဖို့ အာရုံစိုက်သင့်တယ်..."
ဖုန်းရှိုးဖူက လေးနက်သော အသံဖြင့် ပြောလိုက်သည်။
ကိုယ်ဖော့ပညာ ဆိုသည်မှာ ယေဘုယျအားဖြင့် မျဉ်းဖြောင့် အမြန်နှုန်း၊ နေရာကျဉ်းကျဉ်း အတွင်း လှုပ်ရှားနိုင်စွမ်းနှင့် လေထဲသို့ ခုန်တက်ခြင်း သို့မဟုတ် တွယ်တက်ခြင်းတို့ကို ရည်ညွှန်းသည်။
ခန္ဓာကိုယ် သန့်စင်ခြင်း အဆင့် သိုင်းပညာရှင် တစ်ဦးအတွက် အရေးကြီးဆုံးအရာများမှာ မျဉ်းဖြောင့် အမြန်နှုန်းနှင့် လှည့်ပတ် ရွေ့လျားခြင်းတို့ ဖြစ်သည်။ မျဉ်းဖြောင့် အမြန်နှုန်းက လုံလောက်အောင် မြန်နေပြီဖြစ်ရာ သဘာဝကျစွာပင် လျင်မြန်ဖြတ်လတ်မှုကို မြှင့်တင်သင့်သည်။
အန္တရာယ် ကြုံလာလျှင်ပင် သူတို့ အလွန် လျင်မြန်စွာ တုံ့ပြန်နိုင်ပေလိမ့်မည်။
ဖုန်းရှိုးဖူ ခဏတာ စဉ်းစားပြီး စာကြည့်ခန်းထဲသို့ ဝင်သွားကာ ခဏအကြာတွင် ကျမ်းစာအုပ် တစ်အုပ်ကို ကိုင်လျက် ပြန်ထွက်လာပြီး ချန်ဖေးရှေ့တွင် ချထားလိုက်သည်။
"လေဟာနယ် ခရီးသွားခြင်း ကျင့်စဉ် က ရွေ့လျားသွားလာမှု အပိုင်းမှာ အလွန် ကျွမ်းကျင်ပေမဲ့ တတ်မြောက်ဖို့ အလွန် ခက်ခဲတယ်... ငါ အဲဒါကို အရင်က အချိန်တစ်ခုကြာအောင် လေ့ကျင့်ခဲ့ဖူးပေမဲ့ ငါ့သဘာဝနဲ့ မကိုက်ညီလို့ ဆက်မလုပ်ခဲ့ဘူး... နောက်ဆုံးတော့ မင်းဘာသာမင်းပဲ ကြိုးစားကြည့်ရမှာ..."
ဖုန်းရှိုးဖူက ပြုံး၍ ပြောလိုက်သည်။
ကျင့်စဉ်များသည် တစ်ခါတစ်ရံတွင် ပညာရှင်၏ စတိုင်နှင့် ကိုက်ညီမှုအပေါ် မူတည်သည်။ အချို့လူများသည် ကြမ်းတမ်းပြီး စွမ်းအားကြီးသော လှုပ်ရှားမှုများကို သဘာဝကျကျ နှစ်သက်ကြပြီး အချို့က နူးညံ့သိမ်မွေ့ပြီး လျင်မြန်သော နည်းစနစ်များကို နှစ်သက်ကြသည်။
"မင်းသာ ဒီစာအုပ်နဲ့ လေဟာနယ် ခရီးသွားခြင်း ကျင့်စဉ် ကို ပြီးပြည့်စုံအောင် လေ့ကျင့်နိုင်ရင်... နောက်ပိုင်း ဒွာရသန့်စင်ခြင်း အဆင့်ကို ချိုးဖျက်ပြီးတဲ့အခါ ကောင်းကင် ခရီးသွားခြင်း ကျင့်စဉ် ဆိုတဲ့ စာအုပ်ကိုလည်း ရှာကြည့်လို့ ရတယ်... နှစ်ခုစလုံးက အလွန် တန်ဖိုးရှိတဲ့ ကိုယ်ဖော့ပညာတွေပဲ... ဒီကျမ်းစာအုပ်က အဲဒီနှစ်ခုကြားက ကွာဟချက်ကို ဆက်စပ်ပေးလိမ့်မယ်..."
ချန်ဖေး၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားပြီး ကျမ်းစာအုပ်ကို လှမ်းယူလိုက်သည်။ အံ့သြစရာ ကောင်းသည်မှာ ဒွာရသန့်စင်ခြင်း အဆင့်အတွက် ကျမ်းစာအုပ် မူကွဲပင် ရှိနေသေးသည်။
သို့သော် ထိုအကြောင်း တွေးတောရန် ဝေးကွာလွန်းသေး၏။
လောလောဆယ်တွင် သူသည် လေဟာနယ် ခရီးသွားခြင်း ကျင့်စဉ် ကို ကျွမ်းကျင်ရန် လိုအပ်သည်။
"ဒီစာအုပ်ကလည်း ကောင်းမှုကုသိုလ် အမှတ် လိုဦးမှာ မဟုတ်လား..."
ချန်ဖေး ရုတ်တရက် မေးလိုက်သည်။
"ကောင်းမှုကုသိုလ် အမှတ်တွေ အတွက် သိပ်မပူပါနဲ့... အခု မင်းကိုယ်မင်း ကျင့်ကြံဖို့ပဲ အာရုံစိုက်ပါ..."
ဖုန်းရှိုးဖူက လက်ကာပြလိုက်ပြီး ပြောလိုက်၏။
"ဆရာ့အတွက် ကောင်းမှုကုသိုလ် အမှတ်တွေက သိပ်အသုံးမဝင်တော့ဘူး... အဲဒါတွေက မင်းရဲ့ ကျင့်ကြံမှုကို တိုးတက်စေနိုင်ရင် ဒီ ကောင်းမှုကုသိုလ် အမှတ်တွေက ထိုက်တန်ပါတယ်..."
"ဆရာ့ရဲ့ စွမ်းအား လွှဲပြောင်းပေးမှုအတွက် ကျေးဇူးတင်ပါတယ်..."
ချန်ဖေး ပါးစပ်အနည်းငယ် ဟသွားပြီး ဖုန်းရှိုးဖူကို ဦးညွှတ်လိုက်သည်။ ဖုန်းရှိုးဖူကို ငွေ ငါးသောင်း အကြွေးတင်နေသေးသည်ကို တွေးမိရင်း မိဘများကို ကပ်စားနေသကဲ့သို့ ခံစားလိုက်ရသည်။
ချန်ဖေး အခန်းထဲသို့ ပြန်ရောက်သောအခါ စနစ်ပေါ်တွင် သတင်းအချက်အလက် ပေါ်လာသည်အထိ လေဟာနယ် ခရီးသွားခြင်း ကျင့်စဉ် ကို တစ်နာရီကျော်ကြာအောင် အကြိမ်ကြိမ် ဖတ်ရှုလိုက်သည်။
"ကျင့်စဉ်ကို ရှာဖွေတွေ့ရှိပါပြီ... လေဟာနယ် ခရီးသွားခြင်း ကျင့်စဉ် ကို ရိုးရှင်းစေရန် ငွေ သုံးထောင် သုံးစွဲလိုပါသလား..."
စနစ်၏ အကြောင်းကြားချက်ကို မြင်သောအခါ ချန်ဖေး ခဏတာ တိတ်ဆိတ်နေပြီးနောက် ပိတ်လိုက်သည်။ သူ ပိုက်ဆံပြတ်နေသည်။
မိစ္ဆာနယ်မြေတွင် ငွေ ငါးထောင် သုံးစွဲလိုက်ကတည်းက စနစ်ပေါ်တွင် ချန်ဖေး စုဆောင်းထားသော ငွေများ လုံးဝ ကုန်ခမ်းသွားခဲ့သည်။
ပြန်ရောက်သည်မှာ နှစ်ရက်သာ ရှိသေးပြီး ဆေးလုံးများကို ပြန်လည် ဖော်စပ်နေရုံသာ ရှိသေးရာ ချန်ဖေးတွင် ငွေ တစ်ထောင်ကျော်သာ ကျန်ရှိတော့ပြီး ရိုးရှင်းစေမည့် ကုန်ကျစရိတ်ကိုပင် မကာမိပေ။
ရိုးရှင်းစေမည့် စရိတ်ကို မတတ်နိုင်သည့် နောက်ဆုံးအကြိမ်မှာ ချန်ဖေး စတင် ကူးပြောင်းရောက်ရှိလာစဉ်က ဖြစ်သည်။ ထိုစဉ်က ဒေါ်လာအနည်းငယ်ကြောင့် ချန်ဖေးကို နှင်ထုတ်လုနီးပါး ဖြစ်ခဲ့ဖူးသည်။
"ပိုက်ဆံရှာမယ်... ပိုက်ဆံရှာမယ်..."
ချန်ဖေး အသက်ပြင်းပြင်း ရှူလိုက်ပြီး နတ်တိမ်မြို့သို့ ချက်ချင်း သွားရောက်ရန် ဆုံးဖြတ်လိုက်သည်။
ထို့နောက် ကနဦး ရန်ပုံငွေ စုဆောင်းရန် ရက်အနည်းငယ်ကြာအောင် အလုပ်လုပ်ရပေမည်။
သို့မဟုတ်လျှင် ချန်ဖေး ရေပူစမ်း သွားချင်ရင်တောင် အခန်းခ ပေးနိုင်မည် မဟုတ်ပေ။
တစ်နာရီ ကြာပြီးနောက် ချန်ဖေး ရောက်ရှိသွားသည်။ နတ်တိမ်မြို့ရှိ ငှားရမ်းထားသော တိုက်ခန်း ခြံဝန်းထဲတွင် ဖြစ်သည်။
ချီတာဖုန်းသည် ချန်ဖေးကို မြင်သောအခါ အနည်းငယ် အံ့အားသင့်သွားသည်။
မနက်ဖြန် ယွမ်ချန် ဓားဂိုဏ်းသို့ ဆေးမြစ် ထက်ဝက် ပိုယူလာခဲ့ရန် ပြောခဲ့သည် မဟုတ်လော။ ဘာကြောင့် ရုတ်တရက် ရောက်လာရသနည်း။
"ငါ လုပ်စရာ ကိစ္စရှိလို့... ဒီကို လာတာ ပိုအဆင်ပြေတယ်..."
သူ ပိုက်ဆံပြတ်နေကြောင်း မည်သူ့ကိုမျှ မပြောချင်ပေ။
လန်ယွင်ကျစ်သည် ချန်ဖေးကို မြင်သောအခါ အလျင်အမြန် ဦးညွှတ်လိုက်ပြီးနောက် ချန်ဖေး၏ ပုံမှန် အခန်းကို ရှင်းလင်းရန်နှင့် ထမင်းဝိုင်း ပြင်ဆင်ရန် အစေခံများကို ညွှန်ကြားလိုက်သည်။
"သြော်... ဒါနဲ့ ငါ အလောတကြီး ဖြစ်နေလို့ မင်းကို ကိစ္စတစ်ခု ပြောဖို့ မေ့သွားတယ်..."
ချီတာဖုန်းက ချန်ဖေးအတွက် ဝိုင်တစ်ခွက် ငှဲ့ပေးရင်း ဘေးချင်းကပ် ခြံဝန်းကို ညွှန်ပြကာ ပြောလိုက်သည်။
"အဘိုးကြီး စစ် နဲ့ စစ်ယီနန် တို့ ပျောက်နေတာ ကြာပြီ..."
"ပျောက်နေတယ် ဟုတ်လား... ဘယ်တုန်းကလဲ..."
ချန်ဖေး အံ့အားသင့်သွားသည်။ သူသည် ဘေးအိမ်မှ အသံများကို ကြားရပြီး နောက်မှ သွားနှုတ်ဆက်မည်ဟု တွေးနေမိခြင်း ဖြစ်သည်။
"လွန်ခဲ့တဲ့ ရက်အနည်းငယ်က ဖြစ်တာ... အခု မိသားစုဝင် တချို့ပဲ ကျန်တော့တယ်... ငါ မနေ့ကမှ ကိစ္စတစ်ခု ရှိလို့ သွားရင်းနဲ့ သိလိုက်ရတာ..."
ချီတာဖုန်း ခေါင်းခါလိုက်သည်။
"ပြဿနာ တစ်ခုခုများ တက်နေတာလား..."
ချန်ဖေးက ပြဿနာ တစ်ခုခု ကြုံနေရလျှင် ကူညီပေးနိုင်မလားဟု မေးလိုက်သည်။ ထိုစဉ်က သူတို့၏ ကြင်နာမှုကို သူ မှတ်မိနေသည်။ သို့မဟုတ်လျှင် ကောလင်းရှန်း ရောက်မလာမီ အထိ သူ တောင့်ခံနိုင်ခဲ့မည် မဟုတ်ပေ။
"ငါ မေးကြည့်ပါတယ်... ဒါပေမဲ့ တခြား ဘယ်သူမှလည်း ဘာဖြစ်သွားလဲဆိုတာ မသိကြဘူး... ကျန်ရစ်ခဲ့တဲ့ သူတွေကလည်း ထိတ်လန့်နေကြပြီး ဘာလုပ်ရမှန်း မသိ ဖြစ်နေကြတယ်..."
ချီတာဖုန်းက သက်ပြင်းချလိုက်သည်။
ဤအခြေအနေတွင် သူတို့ ဒုက္ခရောက်နေနိုင်ခြေ အလွန် များသည်။ စစ်ယွမ်ဟိုင်နှင့် သူ့မြေးမ ဘာဖြစ်သွားသည်ကို သူ မသိပေ။
ချန်ဖေး မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး ခေါင်းမော့ကာ ခွက်ထဲမှ ဝိုင်ကို သောက်လိုက်သည်။
စစ်ယွမ်ဟိုင်၏ စွမ်းအားသည် သာမန် အတွင်းကလီစာ သန့်စင်ခြင်း အဆင့်နှင့် ယှဉ်နိုင်ပြီး သတိမထားလျှင် သူ၏ တိုက်ခိုက်မှုအောက်၌ အလွယ်တကူ ကျဆုံးသွားနိုင်သည်။
စစ်ယွမ်ဟိုင် ဤကဲ့သို့ ပျောက်ဆုံးသွားရခြင်းမှာ သာမန် ကိစ္စ မဟုတ်ပေ။
ချန်ဖေးသည် နတ်တိမ်မြို့ ခြံဝန်းထဲတွင် ငါးရက်ကြာ နေထိုင်ခဲ့သည်။
လွန်ခဲ့သော နှစ်ရက်က သူသည် ငွေ သုံးထောင် စုမိပြီး လေဟာနယ် ခရီးသွားခြင်း ကျင့်စဉ် နှင့် ဝိညာဉ်လိုက်ခြေလှမ်း တို့ကို ရိုးရှင်းစေခဲ့သည်။ ယခုအခါ သူ၏ ကျွမ်းကျင်မှုကို စတင် လေ့ကျင့်နိုင်ပြီ ဖြစ်သည်။
ထိုအချိန်တွင် ချန်ဖေးသည် အင်းရှိ ထိပ်တန်း အခန်းအတွက် ပေးချေရန် နောက်ထပ် နှစ်ရက်စာ ငွေ စုဆောင်းခဲ့သည်။
ချန်ဖေးသည် ဦးစွာ အဂ္ဂိရတ်ပညာရှင် မဟာမိတ်အဖွဲ့သို့ သွားရောက်ပြီး ဖေးလင်း ဆေးလုံး မွမ်းမံခြင်း တာဝန်ကို လက်ခံခဲ့သည်။
နောက်ရက်အနည်းငယ် အတွင်း ဆေးဖော်စပ်နည်းကို မဟာအောင်မြင်ခြင်း အဆင့်သို့ ရောက်ရှိနိုင်မည် ဖြစ်ပြီး ထိုအခါမှသာ တိုးတက်မှုများ ပြုလုပ်ရန် စဉ်းစားနိုင်မည် ဖြစ်သည်။
"မကြာသေးမီက ဆေးပညာရှင် အများအပြား ဒီတာဝန်ကို လက်ခံထားကြတယ်... ဝါရင့် ဆေးပညာရှင် တချို့လည်း တိုးတက်မှုတချို့ ရနေပြီလို့ ကြားတယ်..."
ချင်ကျင်လန်က ချန်ဖေးကို ကြည့်ပြီး ရက်အနည်းငယ် အတွင်း ချန်ဖေး ပိုမို ခန့်ညားလာသည်ဟု ခံစားလိုက်ရသည်။
သူမ ကြည့်နေရင်း ရုတ်တရက် ရယ်မောလိုက်ပြီး နှုတ်ခမ်းကို ကိုက်ကာ ချန်ဖေးကို ကြည့်နေ၏။
ချန်ဖေးသည် ချင်ကျင်လန်ကို နားမလည်စွာ ကြည့်လိုက်သည်။ စကားတစ်ခွန်း ပြောပြီးရုံနဲ့ ဒီမိန်းမ ဘယ်လိုဖြစ်ပြီး ဒီလို ပြောင်းလဲသွားရတာလဲ...။