← Chapters

စမ်းသပ်မှု

Vol. 114 Ch. 1697

စမ်းသပ်မှု

Vol. 114 Ch. 1697

“နင်”

သူ့စကားကိုကြားသော် လီစစ်ယွီ၏ မျက်နှာက အလွန် ပျက်ယွင်းသွားလေသည်။ တစ်ဖက်လူက သူတို့ကို ခွေးဟုပင် ခေါ်ဝေါ်နေ၏။ ဤမျှ တဲ့တိုးကျ၍ ရိုင်းပျသော အသုံးအနှုန်းက သူတို့ကို သူ လုံးဝ မျက်နှာသာ ပေးချင်စိတ် မရှိမှန်း သိသာစေသည်။

လီစစ်ယွီ၏ မျက်နှာက ချက်ချင်း နီရဲလာပြီး ယဲ့ဖန်၏ စကားကို ပြန်ပြောချင်သော်လည်း ဘာမှ မပြောနိုင်သဖြင့် အံသာ ကြိတ်ထားရသည်။

“ဘာမှထပ်မပြောနဲ့တော့ မင်းတို့ မောင်နှမတွေ ငါ့ကို ပြဿနာ ပေးရတာ မလုံလောက်သေးလို့လား”

အဘိုးအိုလီက လီစစ်ယွီကို မာမာထန်ထန် စိုက်ကြည့်လိုက်သည်။ သူသာ ကြိုသိခဲ့မည်ဆိုလျင် သူတို့ကို ခေါ်လာမိမည် မဟုတ်ပါ။

ယခုအချိန်တွင် ယဲ့ဖန်ကို လုံးလုံးလျားလျား ရန်စမိခဲ့ပြီ ဖြစ်သဖြင့် ယခင်အခြေအနေသို့ ပြန်ရောက်နိုင် မဖြစ်နိုင် လုနီးပါးပင်။

“ဘိုးဘိုး ဒါ အိုးရန်မျိုးနွယ်တစ်ခုလေးပဲ မဟုတ်လား၊ ဘာများ ဖြစ်မှာမို့လို့လဲ၊ သူတို့ သမီးတို့ကို မကူညီချင်ဘူး ဆိုလည်း နတ်ဘုရားမျိုးနွယ်နဲ့ ပူးပေါင်းလိုက်ရုံပဲ ရှိတာပေါ့”

လီစစ်ယွီက တွေဝေမနေဘဲ ပြန်ပြောလေသည်။

လူငယ်များသည် ပဋိပက္ခ ဖြစ်နေချိန်၌ ဒေါသစိတ် ဝင်လာပါက ပါးစပ်ကို ငြိမ်ငြိမ်မထားတတ်ကြပေ။

သို့သော် သူမစကားက အဘယ်သို့သော အကျိုးဆက်မျိုး ဖြစ်စေမလဲ ဆိုသည်ကို လုံးဝ မသိချေ။

“မင်း သေချင်တာလား”

အိုးရန်ဟွာနှင့် အခြားသူများအားလုံး လူသတ်ချင်စိတ် ပေါ်လာပြီး အဘိုးအိုလီတို့ကို ဝိုင်းလာ၏။ သူတို့၏ လူသတ်ချင်စိတ်က ဒီရေအလား တိုးပွားနေသည်။

သတ်ဖြတ်ခြင်း ဖြစ်ပေါ်ရန် လက်မတင်လေးသာ လိုတော့သည်။

တစ်ခဏအတွင်းမှာပင် လီစစ်ယွီ၏ မျက်နှာက ဖြူရော်သွားသည်။ သူမအရှေ့မှ ဤလူများ၏ ရန်လိုမှုကို သူမ အသေအချာ ခံစားမိနေလေသည်။ အမိန့်သာ ရလာပါက သူမကို တစ်စစီ လုပ်လောက်သည်။

“အသုံးမကျတဲ့ မြေးမ”

အဘိုးအိုလီ ဒေါသထွက်လွန်းသဖြင့် သွေးအန်လုနီးပါး ဖြစ်သွားပြီး လီစစ်ယွီကို ပါးရိုက်လိုက်သဖြင့် သူမ မြေကြီးပေါ် ပစ်လဲကျသွားသည်။

ထို့နောက် သူမကို လက်ညှိုးထိုး၍ ငေါက်ငမ်း၏။

“မျိုးမစစ်လေး မင်းက ဒီလိုရိုင်းစိုင်းတဲ့ စကားမျိုး ပြောရဲတယ်ပေါ့လေ၊ ငါ မင်းကို ဆုံးမခဲ့တာတွေက အလကားပဲ”

ထိုသို့ပြောပြီး သူမကို ပြင်းပြင်းထန်ထန် ထပ်ရိုက်ပြန်သည်။

“တော်ပါတော့၊ ဘိုးဘိုး ရပ်ပါတော့”

လီစစ်ယွီ အော်ဟစ်လေသည်။ သူမ ခေါင်းကို အသည်းအသန် ယမ်းနေရပြီး သွားများမှ သွေးများ စီးကျနေကာ အသားအရေကလည်း အညိုအမည်း စွဲလာသည်။

အဘိုးအိုလီ၏ မျက်နှာသည်လည်း ဖြူရော်နေကာ သူ့နဖူးမှ ချွေးစေးများ စီးကျနေ၏။

*သေစမ်း*

*ဒီသောက်မျိုးမစစ်လေး နှစ်ကောင်ကတော့*

*ဒီလိုစကားမျိုးကို အိုးရန်မျိုးနွယ်ထဲမှာ ပြောရလား၊ ဒါ တမင်သက်သက် သေလမ်းရှာနေတာ မဟုတ်ဘူးလား*

ယနေ့ သူတို့ အသက်ရှင်လျက် ပြန်သွားနိုင်ချေ ရှိဟန်မတူပါ။ တစ်ယောက်က ကျန်တစ်ယောက်ထပ် ပိုပြီး ပြဿနာ ရှာနေ၏။ ယခုတစ်ကြိမ်တွင် အားလုံး အဆုံးသတ်လေပြီ။

“ဟန်ဆောင်မနေနဲ့၊ သေဖို့ပဲ စောင့်နေလိုက်တော့”

အိုးရန်ဟွာ လှောင်ရယ်လေသည်။ လီစစ်ယွီက ထိုသို့ မသင့်လျော်သော စကားများကို ပြောခဲ့ခြင်းက အိုးရန်မျိုးနွယ်၏ အရှိန်အဝါကို ပေါ်တင် စော်ကားခြင်း ဖြစ်သဖြင့် ပြင်းပြင်းထန်ထန် အပြစ်ပေးရပေမည်။

“သခင်လေး ကျုပ်မြေးနှစ်ယောက်က ဦးနှောက်မရှိတဲ့ အရူးတွေမို့လို့ပါ၊ သူတို့ကို အပြစ်မတင်ပါနဲ့”

အဘိုးအို စိုးရိမ်တုန်လှုပ်နေပြီး ယဲ့ဖန်အား တောင်းပန်လေသည်။

“အားကုန်ခံမနေနဲ့၊ သူတို့က ဦးနှောက်မရှိတာလား ဒါမှမဟုတ် မင်းရဲ့ ဆိုဆုံးမမှုကပဲ ညံ့ဖျင်းတာလား”

အိုးရန်ဟွာ ခနဲ့လိုက်သည်။ သူ့စကားက မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ၊ တစ်ဖက်လူက ဤသို့သော ခံစားချက်ကို ထုတ်ပြလာပြီ ဖြစ်သဖြင့် ပုန်ကန်နိုင်ချေ ရှိပေသည်။

ဤအန္တရာယ်ကို သူ အစကတည်းက ရှင်းပစ်မှဖြစ်မည်။ ထို့ကြောင့် ဤလူများ သေကို သေရပေမည်။

ထိုစကားကိုကြားသော် လီစစ်ယွီသည်လည်း သူမ စကားမှားသွားပြီ ဖြစ်ကြောင်း သိလိုက်ကာ ကြောက်ရွံ့ဟန် ပေါ်လာပြီး ခန္ဓာကိုယ်က အပြင်းအထန် တုန်ယင်လာသည်။

*ငါ ဒီနေ့ ဒီမှာ သေရမှာလား*

သူမ လက်မခံနိုင်ပါ။

“သူတို့ကို သွားခွင့်ပေးလိုက်”

သို့သော် ထိုသို့သောအချိန်၌ ယဲ့ဖန်ထံမှ ဂရုမစိုက်သော စကားသံ ထွက်ပေါ်လာ၏။

လူတိုင်း အံ့ဩသွားပြီး ယဲ့ဖန်ကို မယုံနိုင်သလို ကြည့််လာကြသည်။

အိုးရန်ဟွာကလည်း အလျင်အမြန် ပြောလိုက်သည်။

“သခင်ကြီး သူတို့က သခင်ကြီးအပေါ် ဒီလို လုပ်မှတော့ သူတို့ ကျုပ်တို့ကို သစ္စာဖောက်ချင်နေတာ သိသာတယ်၊ ဒီလို သစ္စာဖောက်တွေကို အသက်ရှင်ခွင့် ပေးလို့မရဘူး”

*သခင်ကြီး*

ထိုစကားလုံးက အဘိုးအိုလီတို့ကို မှင်တက်သွားစေသည်။

*အိုးရန်ဟွာလိုလူမျိုးက ဒီလူကို အရှင်သခင်အဖြစ် တင်မြောက်ချင်စိတ် ရှိတာလား*

*ခွေးတစ်ကောင်လို အလုပ်အကျွေးပြုဖို့ တွေဝေမနေပါလား*

*မှားသွားပြီ*

*အမှားကြီး မှားသွားပြီ*

အဘိုးအိုလီ ငိုချင်သွားသည်။ ဤလူ၏ ထူးချွန်ပုံက သူထင်ထားသည်ထက်ပင် ကျော်လွန်နေ၏။

“သူတို့ကို သွားခွင့်ပေးလိုက်လေို့ ငါ ပြောနေတယ်မလား*

ယဲ့ဖန်၏ လေသံတွင် သူတို့ ငြင်းမရနိုင်သော အရှိန်အဝါ ပါနေသည်။

“ဟုတ်ကဲ့”

အိုးရန်ဟွာသည် မလိုလားစိတ်တို့ ပြည့်နေသော်လည်း ယဲ့ဖန်၏အမိန့်ကို မနာခံရဲဘဲ မနေရဲချေ။

ထိုစဉ် ယဲ့ဖန်က မှင်တက်နေသော လီစစ်ယွီကို စိုက်ကြည့်၍ တစ်လုံးချင်း ပြောလိုက်သည်။

“မင်း အဲ့လို လုပ်ကြည့်လို့ရတယ်၊ ဒါပေမဲ့ အကျိုးဆက်က သေချာပေါက် မင်းတို့ ရွှေယွင်စံအိမ် တတ်နိုင်မယ့် အရာမျိုး မဟုတ်တာ အသေအချာပဲ”

အေးစက် ရက်စက်လွန်းပြီး အညှာအတာ မရှိချေ။

“ထွက်သွား”

ယဲ့ဖန် စိတ်မရှည်တော့ဘဲ အော်ငေါက်လိုက်သည်။

အဘိုးအိုလီ စိတ်ပျက်သော မျက်နှာထားနှင့် သက်ပြင်းချလိုက်ပြီးနောက် သူ၏ အသုံးမကျသော မြေးနှစ်ယောက်ကို ခေါ်၍ အိုးရန်မျိုးနွယ်ထဲမှ ထွက်လာသည်။

“ဦးလေးတို့နှစ်ယောက် ကျုပ် ဖြေရှင်းတဲ့နည်းလမ်းကို ကျေနပ်ပါရဲ့လား”

ယဲ့ဖန်က အိုးရန်ရှန့်ဖုန်းနှင့် အိုးရန်ယုတို့အား အထင်သေးသော အပြုံးနှင့်အတူ လှမ်းကြည့်လေသည်။

ထိုစကားကိုကြားသော် အိုးရန်ရှန့်ဖုန်းက ယဲ့ဖန်အား အေးစက်စွာ ပြန်ကြည့်လေသည်။

“မင်း ဒါကို ဘယ်လိုလုပ်လိုက်တာလဲ၊ ဒါ လုံးဝ မဖြစ်နိုင်ဘူး”

“ဘာလို့လဲဆိုတော့ ကျုပ် သူတော်စင်သခင်အဆင့်ကို ရောက်ပြီးနေလို့ပဲ”

ယဲ့ဖန်က အသာပြုံးနေသည်။ ထိုစကားက အားလုံးကို မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ ဖြစ်သွားစေသည်။

လူတိုင်း ယဲ့ဖန်ကို စိတ်ဝိညာဉ်အာရုံဖြင့် စမ်းစစ်လာကြပြီးနောက် သူတော်စင်သခင်အဆင့်သို့ သူ ရောက်နေသည်ကို တွေ့လိုက်ရသည်။

ထိုအခါတွင်မှ အိုးရန်ရှန့်ဖုန်းနှင့် အခြားသူများ သက်ပြင်းချသွားကြသည်။ သူတော်စင်သခင်အဆင့်နှင့် နတ်ဘုရင် အဆင့်ကို သတ်နိုင်ခြင်းက မလွန်ပေ။

အိုးရန်ချင်ရွှယ်သည်လည်း ဤသို့ လုပ်နိုင်ခဲ့သဖြင့် ဤလူက အိုးရန်ချင်ရွှယ်ထပ် ပိုမသာချေ။

အိုးရန်ယွင်က ထိုစကားကိုကြားသောအခါ ရယ်စရာ ကောင်းသည်ဟုသာ တွေးမိသည်။

ဤအရူးများသည် ယဲ့ဖန်က သူတို့ကို မြင်စေချင်ရုံလောက်ကိုသာ ပြနေကြောင်း မသိချေ။

သူမသည်လည်း ယဲ့ဖန်ကို ကြည့်နေမိသည်။ သူမဆရာက လွန်လွန်းပေသည်။ ညီအစ်ကိုနှစ်ယောက်အား ပျော်ခွင့်ပင် မပေးပါ။

သူတို့အား ကောင်းကင်ပေါ် တင်ပေးလိုက်၊ ခဏနေလျင် ငရဲသို့ ချပေးလိုက်၊ ထို့နောက် ကောင်းကင်သို့ ပြန်တင်ပေးလိုက် လုပ်နေ၏။ သူတို့အား မျှော်လင့်ချက်တွေ့လိုက်၊ စိတ်ဓာတ်ကျလိုက်နှင့် ထပ်တလဲလဲ ဖြစ်နေစေသည်။

ကြက်တစ်ကောင်အား သတ်နိုင်သော်လည်း လည်ကို ပြတ်သွားအောင် မလှီးဘဲ ထားထားသည်နှင့်ပင် တူလှပေသည်။

သူ့စကားကိုကြားမှ အိုးရန်ရှန့်ဖုန်းက စိတ်အေးသလို သက်ပြင်းချ၍ ယဲ့ဖန်ကို ကြည့်ကာ ပြန်ပြောလေသည်။

“ငါ့တူလေးက တကယ် တော်တာပဲ၊ ဒါပေမဲ့ မင်း ဒီလိုမလုပ်ခင် သေချာ စဉ်းစားသင့်တယ်၊ လမ်းခွဲရတာ လွယ်ပင်မယ့် ရန်သူဘက် လက်အောက်ငယ်သားက ပါသွားရင် မလွယ်ဘူး၊ ငါတို့ အိုးရန်မျိုးနွယ် အဆုံးသတ်ကျရင် ကျဆင်းသွားရင် ဘယ်လိုလုပ်မလဲ”

ယင်းက ယဲ့ဖန် ပြဿနာ ရှာပြီး အိုးရန်မျိုးနွယ်ကို အန္တရာယ်ထဲ တွန်းပို့သည်ဟု ပြောလိုခြင်း မဟုတ်ပါတကား။

ယဲ့ဖန်က ဘာမှ မပြောဘဲ သူ၏ အထင်သေးဟန်ကသာ ပိုပီပြင်လာ၏။

“ကျုပ် ဒီကို ရောက်မလာခင်ကတည်းက အိုးရန်မျိုးနွယ်က ဒီလို အခြေအနေမျိုး ဖြစ်နေပြီ၊ ကိုယ့်လက်အောက်က ခွေးရိုင်းတွေက ကိုယ့်ကို မနာခံဘူးလေ။ ဒါက ဦးလေးနှစ်ယောက် စည်းကမ်းမကြပ်မတ်နိုင်တာလို့ ပြောလို့ ရတယ်မလား”

ပါးရိုက်လျင် နားကိုက်တတ်သည်ဟူသော စကားကဲ့သို့ ပြန်ခွန်းတုံ့ပြန်လေသည်။

“မင်း …”

ကျေနပ်အားရနေသော အိုးရန်ရှန့်ဖုန်းသည် ယဲ့ဖန်၏စကားကြောင့် နင်သွားလေသည်။ သူ့အား နည်းနည်းလေးမျှ မျက်နှာသာ မပေးချေ။

“ဪ ကျုပ် မှားသွားတာ၊ ဦးလေးတို့နှစ်ယောက်က လူတိုင်းကို နာခံလာအောင် မလုပ်နိုင်ဘူးလို့ ပြောသင့်တာ”

ယဲ့ဖန်က သူတို့နှစ်ယောက်ကို ဆက်လက်၍ ချေပလေသည်။

“မျိုးမစစ်ကောင်”

အိုးရန်ယု ကျယ်လောင်စွာ အော်ငေါက်လိုက်ပြီး ယဲ့ဖန်အား သေအောင် တိုက်ခိုက်ချင်စိတ် ပေါက်လာသည်။

*နာခံလာအောင် မလုပ်နိုင်ဘူးတဲ့လား*

ထိုစကားက စည်းကမ်းကြပ်မတ်နိုင်စွမ်း မရှိဟူသော စကားထက် ပိုဆိုးလေသည်။

အိုးရန်ရှန့်ဖုန်းတို့ ညီအစ်ကိုနှစ်ယောက်သည် သူက ရက်စက်ရုံမက ဉာဏ်များကြောင်းကိုလည်း သတိပြု မိသွားသည်။

သူတို့ သူ့ကို အကြိမ်ပေါင်းများစွာ တိုက်ခိုက်သော်လည်း တစ်ခါမှ မနိုင်ဖူးချေ။

“ကောင်းပြီ ရတယ်လေ၊ မင်း ဘယ်လောက် ကြာကြာ မာန်တက်နိုင်မလဲ ကြည့်ရတာပေါ”

အိုးရန်ရှန့်ဖုန်းက အေးစက်စက် ခနဲ့လိုက်ပြီး ထွက်သွားလေသည်။

ထို့နောက် ယဲ့ဖန်က အိုးရန်ယုကို လှည့်ကြည့်သည်။

“သူနဲ့ လိုက်မသွားသေးဘူးလား၊ ခင်ဗျား ဆက်နေပြီး အဆူခံချင်တာလား’

“မင်း … မင်း … မင်း …”

အိုးရန်ယုက ယဲ့ဖန်ကို တုန်တုန်ယင်ယင်ဖြင့် လက်ညှိုးထိုးနေသော်လည်း အချိန် အတော်ကြာအောင် ဘာမှ မပြောနိုင်ချေ။

နှိပ်ကွပ်လွန်းလှပေ၏။ သို့သော် ယဲ့ဖန်က သူ့ကို ကြည့်ပင် မကြည့်တော့ဘဲ ဘေးနားမှ ဖြတ်၍ ထွက်သွားသည်။

“အဖေ ကျွန်တော်တို့ စော်ကားခံနေရတာ တော်လောက်ပြီ၊ ကျွန်တော်တို့ ဒီ့ထက်ပိုပြီး ဒေါသကို မြိုသိပ်ထားလို့ မရဘူး”

အိုးရန်ရှောက်ကျွင်းက ယဲ့ဖန်၏ နောက်ကျောကိုကြည့်၍ မုန်းတီးစွာ ပြောလိုက်သည်။

“ပြောနေစရာ လိုသေးလို့လား”

အိုးရန်ယုက ဒေါသတကြီး ပြန်ပြောလိုက်ပြီးနောက် အေးစက်သော မျက်လုံးတို့ဖြင့် ယဲ့ဖန်၏ နောက်ကျောကို စိုက်ကြည့်နေသည်။ ထိုအကြည့်၌ အငြိုးထားစိတ်နှင့် ရက်စက်မှုတို့ ပါဝင်နေသည်။

“စိတ်မပူနဲ့ သူ ကြာကြာ မြောက်ကြွမြောက်ကြွ မလုပ်နိုင်ပါဘူး”

….

ထိုညတွင် အိုးရန်ကျန်းက ယဲ့ဖန်ကို သူ့ဆီ လာခိုင်းပြီး ကျင်းဟွာလမ်းက ငြိမ်းချမ်းမှု မရှိဘဲ ထိုနေရာမှာ လက်အောက်ခံများက ပစ္စည်းများ ဆက်သခြင်း မရှိဘဲ အိုးရန်မျိုးနွယ်၏ ဆန္ဒကိုလည်း လိုက်နာခြင်း မရှိကြပေ။

ထိုအဖြစ်က အသေးအဖွဲ ကိစ္စဖြစ်သော်လည်း သူတို့ သည်အတိုင်း ကျော်သွား၍ မဖြစ်ချေ။

သူတို့လက်အောက်မှ လူများကို သူတို့ မထိန်းချုပ်နိုင်မှန်း အပြင်လူများ သိသွားပါက နောင်တွင် အိုးရန်မျိုးနွယ်က ဤနယ်မြေ၌ ဘယ်လိုလုပ် လူထင်ကြီး ခံရပါတော့မည်နည်း။

“ဒီလိုကိစ္စမျိုးကို ဦးလေးတို့နှစ်ယောက်ကို လွှဲပေးသင့်တယ် မဟုတ်ဘူးလား”

“မင်းရဲ့ ဒုတိယဦးလေးနဲ့ တတိယဦးလေးက ကိစ္စရှိလို့ ထွက်သွားကြတယ်၊ မင်းရဲ့ စတုတ္ထ ဦးလေးကလည်း ဝမ်ရှန်းမြို့မှာ သူ့နေရာယူဖို့ သွားရဦးမှာ၊ အဲ့ဒါကြောင့် မင်းကိုပဲ ငါ အကူအညီ တောင်းရတာ”

“ပြီးတော့ နောက်ဆို အိုးရန်မျိုးနွယ်ကို မင်းလက်ထဲ လွှဲပေးမှာပဲ၊ ဒီတော့ မင်း ဒါကို မိသားစုလုပ်ငန်းတွေနဲ့ အထိအတွေ့ရှိအောင် လုပ်တယ်လို့ သတ်မှတ်လို့ ရတယ်လေ”

အိုးရန်ကျန်းက အပြုံးနှင့် ပြောလိုက်သည်။ ဤသည်က စမ်းသပ်မှုတစ်ခုမှန်း သိသာလှသည်။ ယဲ့ဖန်၌ ဦးဆောင်နိုင်စွမ်း ရှိ၊မရှိ စမ်းသပ်ခြင်းသာ။

ယဲ့ဖန် ရယ်လိုက်ပြီး သူ့အရှေ့မှ မြေခွေးအိုကြီးအား စူးရှစွာ စိုက်ကြည့်လေသည်။

“ဒါ အဲ့လောက် မရိုးရှင်းဘူး မဟုတ်လား”

ထိုစကားကြောင့် အိုးရန်ကျန်းက အနည်းငယ် အရှက်ရသွားသလို ဖြစ်လာသည်။ သူ့အကြံကို သူမြေးက ခပ်မြန်မြနန် ရိပ်မိသွားလိမ့်မည်ဟု သူ ထင်မထားမိပါ။

“မင်း လူသတ်လို့မရသလို သတ်ဖို့လည်း မကြိုးစားရဘူး၊ လက်အောက်ငယ်သားတွေကို နှိပ်နင်းလို့ မဖြစ်ဘူး”

အိုးရန်ကျန်းသည် ယဲ့ဖန် လက်လွန်ပြီး သူ့လက်အောက်ငယ်သားအားလုံးအား သတ်မိမည်ကို တကယ် စိုးရိမ်မိသည်။

ထိုသို့ဖြစ်ခဲ့ပါက သူတို့ အိုးရန်မျိုးနွယ် သာမန်လူများသာ ဖြစ်သွားပေလိမ့်မည်။

ယဲ့ဖန်က မျက်မှောင်ကြုတ်၍ တဲ့တိုး ပြောလိုက်သည်။

“ဆိုတော့ သူတို့က သောက်ကျင့်မကောင်းပင်မယ့် ခင်ဗျား သူတို့နဲ့ ဆက်ပြီး ဆက်ဆံချင်သေးတယ်ပေါ့”

အိုးရန်ကျန်း : “…”

“အဲ့ဒီလူတွေကို မသတ်နဲ့၊ ကျုပ်ကို‌ ပေးတဲ့ စမ်းသပ်မှု မဟုတ်လား”

ယဲ့ဖန် နားလည်သွားပြီး‌ ခေါင်းညိတ်လိုက်သည်။

“ကျုပ် ဘာလုပ်ရမလဲ သိပြီ”

“မင်း ကျင်းဟွာလမ်းကို ရောက်ရင် လျန့်ဝမ်ကျန်းဆိုတဲ့လူကို သတိထားမှရမယ်၊ အဲ့မြေခွေးအိုကြီးက အရမ်း စဉ်းလဲတယ်၊ ငါတို့ကို အပေါ်ယံမှာ သစ္စာရှိပြနေပင်မယ့် သူက နတ်ဘုရားမျိုးနွယ်နဲ့လည်း တိုးတိုးတိတ်တိတ် ပတ်သက်နေတယ်၊ သူ့အတွေးတွေက သိုသိပ်လွန်းတယ်၊ ငါ အခုထိ သူ့ကို လက်ဆုပ်လက်ကိုင် ပြနိုင်လောက်အောင် မဖမ်းမိသေးဘူး”

“သူ့ကြောင့် အဲ့မိသားစုတွေအားလုံး ငါ့အိုးရန်မျိုးနွယ်ကို ပေါ်တင် မလေးမစား လုပ်ရဲတာလို့ ပြောလို့ရတယ်”

အချိန် အတော်ကြာပြီးမှ အိုးရန်ကျန်းက ဆက်ပြောသည်။

“အဲ့လူတစ်ယောက်တည်းကိုပဲ မင်း သတ်လို့ရတယ်”

သူ လျန့်ဝမ်ကျန်းကို မထိန်းချုပ်နိုင်သောကြောင့် ထိုလူသည် ထိန်းချုပ်၍ နောက်၌ ချန်ထား၍ ရနိုင်သူ မဟုတ်ဟု ပြောနိုင်ပေသည်။ သူ့အား အနား၌ ထားထားခြင်းက ချိန်ကိုက်ဗုံးတစ်လုံးသဖွယ် သူတို့အပေါ် အနှေးနှင့်အမြန် ဆိုသလို ဒုက္ခပေးလာလိမ့်မည်။

“လျန့်ဝမ်ကျန်း”

ယဲ့ဖန် ထိုနာမည်ကို တိတ်တဆိတ် မှတ်ထားမိသည်။

ထိုစဉ် အိုးရန်မိန်လင်နှင့် အိုးရန်ရှောက်ကျွင်းတို့က အတူတူ ဝင်လာကြသည်။

“အဘိုး ကျွန်မတို့ ဝမ်းကွဲအစ်ကိုနဲ့အတူ ပုန်ကန်မှုကို နှိမ်နင်းချင်ပါတယ်”

အိုးရန်မိန်လင်းက ဖြူစင်သော မျက်နှာနှင့် ပြောလာသည်။ ယခုအခါ၌ သူမမျက်နှာက ဖြူစင်၍ ချစ်စဖွယ် ကောင်းနေပြီး လှည့်စားခြင်း ကင်းမဲ့နေ၏။

All Chapters