စနစ် အသက်ဝင်လာပြီ
Vol. 1 Ch. 1
ကျင်းလင်မြို့ အမှတ်(၁) အလယ်တန်းကျောင်း....။
စကား သံများဆူညံနေသည့် စာသင်ခန်းထဲ၌ ခန့်ညားသော အသက် ၁၈ နှစ်အရွယ် ကောင်လေးတစ်ယောက် ထိုင်နေသည်။ သူ၏ မျက်လုံးများက မှိုင်းညို့လျက်ရှိပြီး နှုတ်ခမ်းတွင် ခနဲ့တဲ့တဲ့ အပြုံးတစ်ခုကို ဆောင်ကာ သူ့ပတ်ဝန်းကျင်ရှိ အရာအားလုံးကို ကြည့်နေသည်။
တက္ကသိုလ်ဝင်တန်းစာမေးပွဲ နီးကပ်လာပြီဖြစ်၍ လူတိုင်းက ကြိုးစားပြီး ပြန်လေ့လာနေကြသော်လည်း သူတစ်ယောက်တည်းသာ မွေးရာပါ မှတ်ဉာဏ်ချို့တဲ့မှု့ ရှိနေသည်။ သူ မှတ်ထားသမျှကို မေ့သွားတတ်သည်ဖြစ်ရာ သူ တိတ်ဆိတ်စွာ ကြည့်နေရုံမှအပ အခြား ဘာမှ မတတ်နိုင်ပေ။
【ဒင်... ဆက်ခံသူ ရှိနေတာကို သိရှိ၍ ကြီးမြတ်သော အမွေဆက်ခံမှု့ စနစ် ကို စတင်အသက်သွင်းလိုက်ပါပြီ 】
ထိုအချိန်တွင် စက်ရုပ်သံကဲ့သို့သော အသံတစ်သံက လင်းဖန်၏စိတ်ထဲ၌ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
【ကြီးမြတ်သော အမွေဆက်ခံမှု့ စနစ် သည် ၂၃ ရာစုတွင် အစွမ်းအထက်ဆုံး စနစ်တစ်ခုအနေဖြင့် ဆက်ခံသူအား အစွမ်းထက်တဲ့ သူအဖြစ် လေ့ကျင့်ပေးရန် ရည်ရွယ်ပါသည် 】
【ဒင်... အစပြုသူ လက်ဆောင်အိတ် ကို ဖွင့်လှစ်လိုက်ပါပြီ လက်ခံသူက ထန်းဘိုဟူ၏ စည်းစိမ်ဥစ္စာကို အောင်မြင်စွာ အမွေဆက်ခံပြီး ထူးချွန်တဲ့ ပါရမီဉာဏ်ရည်ကို ရရှိသည့်အတွက် ဂုဏ်ယူပါတယ်.... 】
လင်းဖန် တုံ့ပြန်မှု့မပြုနိုင်မီ သူ၏စိတ်ထဲ ခန လွတ်သွားသလို ခံစားရပြီး နွေးထွေးသည့် စီးကြောင်းတစ်ခုက သူ့စိတ်ထဲသို့ အရှိန်အဟုန်ဖြင့် စီးဝင်လာကာ သူ၏စိတ်ဝိညာဉ်ကို အတွင်းပိုင်းမှ အပြင်ပိုင်းအထိ လုံးဝ ဆေးကြောပစ်လိုက်သည်။
လင်းဖန် မျက်နှာပြင်ပေါ်မှ အရောင်အသွေးစုံလင်သည့် ချပ်ပြား ကို မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။
ယခင်က သူ့ ဦးနှောက်ထဲရှိ ပင်ပန်းနွမ်းနယ်မှု့ ခံစားချက်က လုံးဝ ပျောက်ကွယ်သွားပြီး ပြည့်ဝသော အသိဉာဏ် တစ်ခုဖြင့် အစားထိုးခံခဲ့ရသည်။
ရှေးခေတ်ကာလမှ ယခုအချိန်အထိ မရေမတွက်နိုင်သော မှတ်ဉာဏ်များ ကို သူ့စိတ်ထဲတွင် သိမ်းဆည်းထားသကဲ့သို့ပင်။ သူ လိုချင်သရွေ့ မည်သည့်အချိန်မဆို ထို အသိဥာဏ်များကို ထုတ်ဖော်နိုင်မှာပဲ ဖြစ်သည်။
လင်းဖန် သတိမမူမိဘဲ စားပွဲပေါ်မှ အထက်တန်းကျောင်း သင်္ချာစာအုပ် တစ်အုပ်ကို ထုတ်ယူပြီး စာမျက်နှာ အနည်းငယ်ကို ဂရုတစိုက် လှန်လှောကြည့်လိုက်သည်။
သေချာသည်မှာ သူ၏ ဦးနှောက်ထဲတွင် စာများ၏ အကြောင်းအရာများကို မှတ်မိရုံသာမကဘဲ၊ ရိုးရိုး ညီမျှခြင်းတွက်နည်းများ ၊ အနှစ်ချုပ်တွက်နည်းများနဲ့ ရှုပ်ထွေးတဲ့ ဖန်ရှင်များလို ပိုမိုမြင့်မားသည့် သင်္ချာဆိုင်ရာ အသိပညာများကိုပင် တွက်ချက် နိုင်ခဲ့သည်။
၂၁ ရာစုမှ ခေတ်မီလူငယ်တစ်ဦးအနေဖြင့် သူ ဝတ္ထုများကို ဖတ်ခဲ့ဖူးသည်။
ဒါပေမဲ့ တစ်နေ့၌ ဝတ္ထုထဲက ဇာတ်လိုက် ကဲ့သို့ စနစ်ကို ရရှိလိမ့်မယ်လို့ သူ မမျှော်လင့်ထားခဲ့ပေ။
" လခွမ်း တကယ့် နည်းပညာအစစ် ကို ထုတ်ပြဖို့ အချိန်တန်ပြီကွ ဟားဟား. "
မဆိုင်းမတွပဲ လင်းဖန်က အထက်တန်းပထမနှစ်မှ အထက်တန်း တတိယနှစ်အထိ ကျောင်းသုံးစာအုပ်အားလုံးကို ဆက်တိုက်လှန်လှောကြည့်နေပြီး အသိပညာ များကို စဉ်ဆက်မပြတ် စုပ်ယူကာ သူ၏ ဗဟုသုတနယ်ပယ်ကို ချဲ့ထွင်လိုက်သည်။
ယနေ့က. ဇွန်လ ၆ ရက်နေ့ဖြစ်ပြီး မနက်ဖြန်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ကျင်းပတော့မည်ဖြစ်သည်။ သူသာ ပုံမှန်အတိုင်း မှတ်ဉာဏ်ရှိပါက စာမေးပွဲတွင် အမှတ် ၄၀၀ လောက်သာ ရနိုင်မည်လို့ သူ ထင်ခဲ့သည်။
ဒါပေမဲ့ အခုတော့ သူ ထန်းဘိုဟူ၏ စည်းစိမ်ဥစ္စာကို အမွေဆက်ခံပြီး အတွေးအခေါ် ပြန့်ပွားရာ ဥာဏ်ရည် ကို ပိုင်ဆိုင်ထားသဖြင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲက သူ့အတွက် အတားအဆီးတစ်ခု မဟုတ်တော့ဘဲ သူ၏ တကယ့် စတင်ရာ နေရာ ဖြစ်လာခဲ့သည်။
ယခုအချိန်တွင် အထက်တန်းကျောင်းသုံး စာအုပ်များမှ အသိပညာအားလုံးက လင်းဖန် ဦးနှောက်ထဲတွင် အဆက်မပြတ် ချဲ့ထွင် နေပြီး ပညာရှင်များ ၏ နယ်ပယ်ကိုပင် ထိတွေ့နေပြီဖြစ်သည်။
လင်းဖန်အတွက် တက္ကသိုလ်ဝင်တန်းစာမေးပွဲ မေးခွန်းများက ကိတ်မုန့်တစ်ပိုင်း စားရသလို လွယ်ကူလွန်းနေသည်။
"ထိပ်တန်းကျောင်းသား ဖြစ်ရတာ အရမ်းကောင်းတာပဲ ဟားဟား.."
လင်းဖန် အပျင်းကြောဆန့်လိုက်ပြီး သူ၏ဦးနှောက်က အသိပညာများ ပြည့်နှက်မှုကိုခံစားရကာ မကြုံစဖူး အစွမ်းဖြင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု့ တစ်ခုက သူ့ခန္ဓာကိုယ်ထဲမှ ပေါက်ထွက်လာခဲ့သည်။
ပြတင်းပေါက်မှ အလင်းရောင်က စားပွဲပေါ်သို့ ရောင်ပြန်ဟပ်ကျရောက်နေကာ မျှော်လင့်ချက်အလင်းရောင် ဖြင့် တောက်ပနေပေသည်။
လင်းဖန် ပတ်ဝန်းကျင်ကို ကြည့်လိုက်သောအခါ စာရေးခုံတွင် စာကျက်နေကြဆဲဖြစ်သည့် လူရိပ်များကို တွေ့ရပြီး သူ၏ နှုတ်ခမ်းတွင် အပြုံးတစ်ခု ပေါ်နေသည်။
【ဒင် အဓိကမစ်ရှင်ကို စတင်လိုက်ပါပြီ 】
【ဆက်ခံသူ - လင်းဖန် 】
【အဓိကမစ်ရှင် - တစ်နိုင်ငံလုံးတွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲ၌ အမှတ်အများဆုံးရသူ တစ်ဦး ဖြစ်လာပြီး စည်းစိမ်ဥစ္စာ အမွေဆက်ခံခွင့်ကို ရယူပါ 】
ရုတ်တရက် ပေါ်လာသော အသံကြောင့် လင်းဖန် တုန်လှုပ်သွားခဲ့သည်။
ကံကောင်းစွာနဲ့ပဲ သူ ယခင်က အမွေဆက်ခံမှု့ကို ကြုံတွေ့ခဲ့ရတာကြောင့် စနစ်၏ တည်ရှိမှု့နှင့် မစိမ်းတော့ပေ။
ထို့ကြောင့် သူ လျင်မြန်စွာ တုံ့ပြန်လိုက်သည်.။..
"စည်းစိမ်ဥစ္စာ အမွေဆက်ခံတာလား... "
မျက်မှောင်ကြုတ်ကာ လင်းဖန် စိတ်ထဲမှ တွေးလိုက်သည်။- "စနစ် စည်းစိမ်ဥစ္စာဆိုတာ ပိုက်ဆံ မဟုတ်ဘူးလား..."
【ငတုံး ဆက်ခံသူရေ စည်းစိမ်ဥစ္စာဆိုတာက တန်ဖိုးရှိသော အရာအားလုံး ကို ရည်ညွှန်းပြီးပိုက်ဆံက အမွေများ ပေါ်ထွက်လာမှု့ထဲမှ တစ်ခုသာ ဖြစ်ပါတယ် 】
" ဟ ငါ့ကို ဆဲတယ်.."
လင်းဖန် သူ၏ ထုံအနေမူ့ကို ဝမ်းနည်းစွာ လက်ခံလိုက်ရသည်။
သူ၏ အစပြုသူ လက်ဆောင်အိတ်က ထန်းဘိုဟူ၏ အမွေ ဖြစ်နေရခြင်းမှာ အံ့သြစရာ မရှိပေ။
သမိုင်းတွင် ထန်းဘိုဟူဆိုတာက သူ၏ ပန်းချီကားများ ကြောင့် နာမည်ကြီးပြီး သူက စွယ်စုံရ .ပါရမီရှင်တစ်ဦးလည်း ဖြစ်သည်။
သူ၏ လက်ရေးလှမှာ တည့်မတ်ပြီး ခန့်ညားကာ ကျောက်မန်ဖူကို ပုံစံယူထားသည်။ ကဗျာ ပိုင်းတွင်လည်း သူက ကျူယွင်မင်၊ ဝမ်ကျင့်မင် နှင့် ရွှီကျင့်ချင်း တို့နှင့်အတူ "ဝူကျုံးမှ ပါရမီရှင် လေးဦး " ဆိုတဲ့ ကဗျာ များကလည်း လူသိများပေသည်။
ပန်းချီကားများ တွင်မူ ရှင်းကျိုး ၊ ဝမ်ကျင့်မင် နှင့် ချိုးယင်း တို့နှင့်အတူ "ဝူမျိုးနွယ်၏ ဂိုဏ်းလေးခု ဆိုပြီး လူသိများပေသည်။
ပို၍ အရေးကြီးတာက ထန်းဘိုဟူဟာ ကလေးဘဝကတည်းက သာမန်ထက် ထူးခြားသော စွမ်းအားကို ရှိခဲ့ပြီး တုန်ပိ ရဲ့ အလယ်တန်းစာမေးပွဲတွင် ပထမ ရခဲ့သည်။
ယခုအချိန်တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုသူဖြစ်သည့် လင်းဖန်အတွက်တော့ ထန်းဘိုဟူရဲ့အမွေကိုဆက်ခံမှုထက် ပိုမိုသင့်လျော်သည့်အရာ မရှိနိုင်တော့ပေ။
"ဒီလိုဆိုရင် ငါ ဒီနှစ် တစ်နိုင်ငံလုံးမှာ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ရဲ့ အမှတ်အများဆုံးရသူ ဖြစ်တော့မှာပဲ..."
လင်းဖန်၏ မျက်လုံးများက တောက်ပနေပြီး ရည်မှန်းချက် ရှိတဲ့ အသွင်က သူ၏ မျက်နှာတွင် ပေါ်လာခဲ့သည်။
ကြီးမြတ်သော အမွေဆက်ခံမှု့ စနစ်သာ မရှိပါက သူ တစ်သက်လုံး အထီးကျန်ပြီး မထင်မရှားသူ တစ်ဦး ဖြစ်နေပေတော့မည်။
ဒါပေမဲ့ အခု စနစ်တစ်ခု ရှိနေပြီဖြစ်တာကြောင့် သူ အရင်လို ဆက်လက် တိတ်ဆိတ်နေတော့မည် မဟုတ်။
လူသားများက ဒီဘဝတွင် အတောင်ပံကို ကိုးထပ်မြောက် ကောင်းကင်ထိ ခတ်ပျံ ၍ ကမ္ဘာရဲ့ထိပ်ဆုံးတွင် ရှိနေကာ ကြီးမြတ်သူတစ်ယောက် ဖြစ်သင့်ပေသည် ။