← Chapters

စာမေးပွဲနေ့များ

Vol. 1 Ch. 2

စာမေးပွဲနေ့များ

Vol. 1 Ch. 2

ဇွန်လ ၇ ရက် ၂၀၁၈ ခုနှစ် တစ်နိုင်ငံလုံးဆိုင်ရာ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ပထမနေ့...။

​နံနက် ၉ နာရီမှ ၁၁:၃၀ နာရီအထိ တရုတ်ဘာသာစကား စစ်ဆေးခြင်း ဖြစ်သည်။…

​စာမေးပွဲခန်းတစ်ခုလုံးတွင် လင်းဖန် တစ်ယောက်တည်းသာ ပညာရှင်တစ်ဦးကဲ့သို့ မရပ်မနား ရေးသားနေသည်။

​ဆယ့်ငါးမိနစ်အတွင်း အက်ဆေးမှလွဲ၍ တရုတ်ဘာသာစကား စာမေးပွဲမေးခွန်းစာရွက်ရှိ မေးခွန်းအားလုံးကို သူ ဖြေဆိုပြီးစီးခဲ့သည်။

​' ငါ လေ့လာထားတာတွေပဲ အဓိက အကြောင်းအရာအဖြစ် ရေးရမှာလား...'

​လင်းဖန် ရေးသားနေစဉ်တွင် သူ၏စိတ်ထဲရှိ မရေမတွက်နိုင်သော စကားလုံးများ လှပသော ကဗျာများနှင့် နာမည်ကြီးစကားပုံများ ဆက်တိုက် ပေါ်ထွက်လာခဲ့သည်။

​စကားလုံး ၁,၅၀၀ ဆံ့သော စာမျက်နှာကို တစ်စွန်းတစ်စလေးမျှ မဖြုန်းတီးဘဲ စာသားများ အားလုံး ပြည့်နှက်နေခဲ့သည်။

​"ဟူး ပြီးပြီ... "

​သက်ပြင်းချလိုက်ပြီး သူ၏ မျက်နှာတွင် ဝမ်းမြောက်မှုများ ပြည့်နှက်နေသည်။ ယနေ့မှ သူက 'အတွေးအခေါ် များရဲ့ ကြောက်မက်ဖွယ်ကောင်းပုံကို အမှန်တကယ် သဘောပေါက်ခဲ့သည်။

​ဒါက သာမန်အက်ဆေး တစ်ခုမဟုတ်ဘဲ မကြုံစဖူးသည့် လက်ရာမြောက်တဲ့ ဖန်တီးမှု တစ်ခုဖြစ်သည်။သူရဲ့ပုံစံက နှိုင်းယှဉ်စရာ တစ်ခုခုနဲ့ ပြရရင် လူရွှန်း ၏ "အော်ဟစ်သံ နှင့်သာ နှိုင်းယှဉ်နိုင်ပေလိမ့်မည်။

​ပြန်စစ်ဆေးခြင်းပင် မပြုလုပ်တော့ဘဲ လင်းဖန်နဲ့ ချီချီယန် တို့က မရေမတွက်နိုင်သော လူများ၏ အံ့အားသင့်နေသော မျက်လုံးများ အောက်တွင် မေးခွန်းစာရွက်ကို ထိုးအပ်လိုက်သည်။ ထိုအချိန်တွင် တရုတ်ဘာသာစကား စစ်ဆေးချိန်အတွက် တစ်နာရီ သာ ကုန်ဆုံးသေးသည်။

​စာစစ်မှူးက လင်းဖန်ရဲ့ အဖြေလွှာကို ကြည့်လိုက်ရာ အနုပညာလက်ရာ တစ်ခုကဲ့သို့ တွေဝေစွာ ကြည့်နေပြီး အချိန်အတော်ကြာသည်အထိ စကားမပြောနိုင် ဖြစ်နေခဲ့သည်။

​ထိုမျှ လှပသော စာမေးပွဲမေးခွန်းစာရွက် ကို သူ တစ်ခါမျှ မမြင်ဖူးပေ။

စာကြောင်းများကြားတွင် ဖော်ပြမတတ်သော ဆွဲဆောင်မှု့ တစ်ခု ရှိနေသည်။

​နေ့လယ်ပိုင်း အင်္ဂလိပ်စာစစ်ဆေးခြင်း ကလည်း ယခင်အတိုင်းပင် ဖြစ်သည်။

​လင်းဖန်အတွက်ကတော့ ဘာသာစကားများကို ဖြေဆိုဖို့ မခက်ခဲ့ပေ။

​တစ်ခုတည်းသော ဝမ်းနည်းစရာက english စကား နားထောင်တဲ့ စွမ်းရည် ဖြေဆိုချိန်တွင် အချိန်များစွာ ယူသွားသဖြင့် နံနက်ပိုင်းကဲ့သို့ စာမေးပွဲမေးခွန်းစာရွက်ကို အမြန်ဆုံး မပြီးစီးနိုင်ခြင်း ဖြစ်သည်။

​ပထမနေ့ စစ်ဆေးမှု့က ထိုနည်းအတိုင်း ချောမွေ့စွာ ပြီးဆုံး သွားခဲ့သည်။

​သို့သော်လည်း လင်းဖန် ပေါ့ပေါ့ပါးပါး ပုံစံနှင့် မတူဘဲ နိုင်ငံတစ်ဝန်းရှိ အခြား စာမေးပွဲဖြေဆိုသူ ကိုးသန်းလုံး ငိုကြွေးနေကြသည်။

​လွယ်ကူတယ်လို့ ထင်ရပေမဲ့ တကယ်တမ်း ချိတ်ပိတ်ထားတဲ့ အက်ဆေးခေါင်းစဉ်က စာမေးပွဲဖြေဆိုသူအားလုံး၏ ရှေ့တွင် အိပ်မက်ဆိုး တစ်ခုကဲ့သို့ ဆက်တိုက် ပေါ်လာခဲ့သည်။

​ထိုနေ့တွင်ပင် ဒီသတင်းကို သတင်းစာအားလုံး၌ ဖော်ပြခဲ့သည်။…

​နောက်တစ်နေ့ နံနက် ၉:၃၀ နာရီတွင် သင်္ချာ စစ်ဆေးခြင်းကို တရားဝင် စတင်ခဲ့သည်။

​တစ်ခဏမျှပင် တွန့်ဆုတ်ခြင်းမရှိဘဲ လင်းဖန်က စာမေးပွဲမေးခွန်းစာရွက်ကိုယူကာ စတင်ဖြေဆိုတော့သည်။

​စာသင်ခန်းထဲရှိ စာမေးပွဲဖြေဆိုသူ အများအပြားက မေးခွန်းများကို ဖတ်ရုံမျှဖြင့် မျက်နှာများ ဖြူဖတ်ဖြူလျော် ဖြစ်ကုန်ကြသည်။

အောက်ဖက်ရှိ မေးခွန်းကြီးများကို မဆိုထားနှင့် ရွေးချယ်စရာ မေးခွန်းများ ကိုပင် ဖြေဆိုရန် ခက်ခဲနေကြသည်။

​ဆယ်မိနစ်မျှသာ ကုန်ဆုံးသေးပြီး စာမေးပွဲခန်းတစ်ခုလုံးတွင် အသက်ပြင်းပြင်း ရှူသံများ ဖြင့် ပြည့်နှက်နေသည်။

​စာမေးပွဲဖြေဆိုသူအားလုံးနီးပါး ပြိုလဲလုနီးပါး ဖြစ်နေသည်မှာ စိတ်ကူး၍ပင် မရနိုင်ပေ။ သူတို့က ရွေးချယ်စရာ မေးခွန်းများကိုပင် မပြီးသေးပါ။

​ဒီမေးခွန်းတွေက ခက်ခဲလွန်းသည်။

​တက္ကသိုလ်ဝင်တန်း သင်္ချာမေးခွန်းစာရွက်က. ​ဒဏ္ဍာရီလာ သင်္ချာအိုလံပစ်နဲ့ သာ ယှဉ်ပြိုင်နိုင်ပေလိမ့်မည်။

​ထိုအချိန်တွင် လင်းဖန်းကတော့ နောက်ဆုံး မေးခွန်းကြီး ကို အပြီးသတ်ပြီး ထရပ်လိုက်သည်။

​"ဒီကောင် သူကိုယ့်ကိုယ်ကိုယ် အရှုံးပေးလိုက်တာ မဟုတ်လား..."

​"ဒီကောင်က နောက်ထပ် စာမေးပွဲကျမဲ့သူ တစ်ယောက် ဖြစ်​ရမယ် "

​လင်းဖန် သင်္ချာစာမေးပွဲမေးခွန်းစာရွက်ကို မြန်မြန်ဖြေလို့ ပြီးစီးသွားတာကို မည်သူမျှ မယုံကြည်နိုင်သော်လည်း ဧကရာဇ် တစ်ယောက်ကို ကြည့်နေသကဲ့သို့ လင်းဖန်ရဲ့ ထွက်ခွာသွားသော ပုံရိပ်ကို ကျောင်းသားတိုင်း ဆက်လက် ကြည့်နေကြသည်။

​စူးရှသော ခေါင်းလောင်းသံ မြည်လာပြီး စာမေးပွဲဖြေဆိုသူအားလုံး သူတို့၏ ထိုင်ခုံများတွင်ထိုင်ကာ တိတ်ဆိတ်စွာ စောင့်ဆိုင်း နေကြသည်။

တက္ကသိုလ်ဝင်တန်း စာမေးပွဲ၏ နောက်ဆုံး စာမေးပွဲ - လူမှုရေးဘာသာရပ်များနှင့် ဘက်စုံအနုပညာ လေ့လာမှု့ စတင်တော့မည်ဖြစ်သည်။

​အပျင်းကြောဆန့်ပြီးနောက် လင်းဖန် အပြုံးဖြင့် ကြည့်လိုက်သည်။ စာစစ်မှူးက တံဆိပ်ခတ်ထားသော ချိတ်ပိတ်အိတ် ကို ကိုင်ဆောင်ကာ စာသင်ခန်းထဲသို့ ဝင်ရောက်လာခဲ့သည်။

​"ကလေးတို့ ဘက်စုံ အနုပညာ စစ်ဆေးခြင်း ကို စကြပါစို့."

​"စာမေးပွဲဖြေဆိုသူ အားလုံး သတိပြုပါ.... စာမေးပွဲနှင့် မသက်ဆိုင်သော ပစ္စည်းများကို စားပွဲခုံပေါ်တွင် မတင်ထားပါနဲ့ ..."

​ထိုသို့ပြောပြီး စာစစ်မှူးက စာမေးပွဲမေးခွန်းစာရွက်များကို ဝေပေးခဲ့သည်။

ဖြေဆိုချိန် ​တစ်နာရီခန့် ကုန်လွန်သွားခဲ့သည်။

.

​သူ့ ရှေ့တွင် ပြီးစီးနေသော မေးခွန်းစာရွက်ကို ကြည့်ရင်း လင်းဖန် သူ၏ စိတ်ထဲတွင် အောင်မြင်မှု့ ဆိုတဲ့ ခံစားချက် ကို ရနေသည်။

​သူ စနစ်ကို ရရှိခဲ့တာ လေးရက်သာ ရှိသေးပေမဲ့ ဆယ်စုနှစ်ပေါင်းများစွာသော ဘဝကို ဖြတ်သန်းခဲ့ရသလို ခံစားခဲ့ရသည်။ ဒါက မူလတန်း၊ အလယ်တန်း၊ အထက်တန်း... ယခုအချိန်အထိပင် ။

​"..."

​လင်းဖန် မျက်လုံးများကို ညင်သာစွာ မှိတ်လိုက်ပြီး သူ ဖြတ်သန်းခဲ့ရသော မြင်ကွင်းများကို ခံစားနေသည်။

​မွေးရာပါ မှတ်ဉာဏ်ချို့ယွင်းမှုအပေါ် ထားခဲ့တဲ့ နောင်တများလည်း လုံးဝပျောက်ကွယ်သွားခဲ့သည်။

ဒီအချိန်တွင် သူ၏ တစ်ကိုယ်လုံးက အတွင်းပိုင်းမှ အပြင်ပိုင်းအထိ ကြီးမားသော ပြောင်းလဲမှု့များကို လင်းဖန် ခံစားလိုက်ရသည်။

​ယနေ့မှစ၍ သူက ယခင်က လင်းဖန် မဟုတ်တော့ပဲ လူသစ်တစ်ဦးလို ဖြစ်နေသည်။

တစ်နိုင်ငံလုံးဆိုင်ရာ တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ထိပ်ဆုံးရောက်ခြင်းက သူ့အတွက် ပထမဆုံး အဆင့်သာ ဖြစ်သည်။

" ​ငါ..တစ်ဆင့်ပြီးတစ်ဆင့် ကမ္ဘာရဲ့ ထိပ်ဆုံး လူတစ်ယောက်အဖြစ် ရောက်ရှိလာပြီး လူတိုင်းက ငါ့ကို လေးစားအားကျ စေရမယ် "

လင်းဖန် စိတ်ကူးယဥ်ကာ ရယ်လိုက်သည်။

​" ဟီးဟီး.. "

​ရုတ်တရက် လင်းဖန် ထရပ်လိုက်ပြီး လူတိုင်းက သူ့ကို ကြောင်တောင်တောင် စိုက်ကြည့်နေစဉ်မှာပဲ သူက အဖြေလွှာစာရွက် ကို စောစီးစွာ ထိုးအပ်လိုက်ပြန်သည်။

​သူ လုံးဝမရပ်ဘဲ ကျောင်းတံခါးဝမှ ဖြောင့်တန်းစွာ ထွက်ခွာလာခဲ့သည်။ သူ၏ မျက်နှာပေါ်ရှိ အပြုံးက နေရောင်ကဲ့သို့ နွေးထွေးနေပေသည်။

​ဒဏ္ဍာရီလာ ဧရာမငှက်ကြီးက တစ်ရက်အတွင်း လေနှင့်အတူ မိုင်ပေါင်း ကိုးသောင်း အထိ ပျံတက်သွားခဲ့သည်။

ထို့အတူ လင်းဖန်၏ လင်းဖန်၏ဘဝအစကလည်း ထိုငှက်ကြီးတစ်ကောင်ရဲ့ ပျံသန်းမှုအလား ယနေ့မှစ အမြင့်သို့ ဆက်လက်ပျံသန်းတော့မည် ဖြစ်သည်။

All Chapters