စာမေးပွဲနေ့များ
Vol. 1 Ch. 2
ဇွန်လ ၇ ရက် ၂၀၁၈ ခုနှစ် တစ်နိုင်ငံလုံးဆိုင်ရာ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ပထမနေ့...။
နံနက် ၉ နာရီမှ ၁၁:၃၀ နာရီအထိ တရုတ်ဘာသာစကား စစ်ဆေးခြင်း ဖြစ်သည်။…
စာမေးပွဲခန်းတစ်ခုလုံးတွင် လင်းဖန် တစ်ယောက်တည်းသာ ပညာရှင်တစ်ဦးကဲ့သို့ မရပ်မနား ရေးသားနေသည်။
ဆယ့်ငါးမိနစ်အတွင်း အက်ဆေးမှလွဲ၍ တရုတ်ဘာသာစကား စာမေးပွဲမေးခွန်းစာရွက်ရှိ မေးခွန်းအားလုံးကို သူ ဖြေဆိုပြီးစီးခဲ့သည်။
' ငါ လေ့လာထားတာတွေပဲ အဓိက အကြောင်းအရာအဖြစ် ရေးရမှာလား...'
လင်းဖန် ရေးသားနေစဉ်တွင် သူ၏စိတ်ထဲရှိ မရေမတွက်နိုင်သော စကားလုံးများ လှပသော ကဗျာများနှင့် နာမည်ကြီးစကားပုံများ ဆက်တိုက် ပေါ်ထွက်လာခဲ့သည်။
စကားလုံး ၁,၅၀၀ ဆံ့သော စာမျက်နှာကို တစ်စွန်းတစ်စလေးမျှ မဖြုန်းတီးဘဲ စာသားများ အားလုံး ပြည့်နှက်နေခဲ့သည်။
"ဟူး ပြီးပြီ... "
သက်ပြင်းချလိုက်ပြီး သူ၏ မျက်နှာတွင် ဝမ်းမြောက်မှုများ ပြည့်နှက်နေသည်။ ယနေ့မှ သူက 'အတွေးအခေါ် များရဲ့ ကြောက်မက်ဖွယ်ကောင်းပုံကို အမှန်တကယ် သဘောပေါက်ခဲ့သည်။
ဒါက သာမန်အက်ဆေး တစ်ခုမဟုတ်ဘဲ မကြုံစဖူးသည့် လက်ရာမြောက်တဲ့ ဖန်တီးမှု တစ်ခုဖြစ်သည်။သူရဲ့ပုံစံက နှိုင်းယှဉ်စရာ တစ်ခုခုနဲ့ ပြရရင် လူရွှန်း ၏ "အော်ဟစ်သံ နှင့်သာ နှိုင်းယှဉ်နိုင်ပေလိမ့်မည်။
ပြန်စစ်ဆေးခြင်းပင် မပြုလုပ်တော့ဘဲ လင်းဖန်နဲ့ ချီချီယန် တို့က မရေမတွက်နိုင်သော လူများ၏ အံ့အားသင့်နေသော မျက်လုံးများ အောက်တွင် မေးခွန်းစာရွက်ကို ထိုးအပ်လိုက်သည်။ ထိုအချိန်တွင် တရုတ်ဘာသာစကား စစ်ဆေးချိန်အတွက် တစ်နာရီ သာ ကုန်ဆုံးသေးသည်။
စာစစ်မှူးက လင်းဖန်ရဲ့ အဖြေလွှာကို ကြည့်လိုက်ရာ အနုပညာလက်ရာ တစ်ခုကဲ့သို့ တွေဝေစွာ ကြည့်နေပြီး အချိန်အတော်ကြာသည်အထိ စကားမပြောနိုင် ဖြစ်နေခဲ့သည်။
ထိုမျှ လှပသော စာမေးပွဲမေးခွန်းစာရွက် ကို သူ တစ်ခါမျှ မမြင်ဖူးပေ။
စာကြောင်းများကြားတွင် ဖော်ပြမတတ်သော ဆွဲဆောင်မှု့ တစ်ခု ရှိနေသည်။
နေ့လယ်ပိုင်း အင်္ဂလိပ်စာစစ်ဆေးခြင်း ကလည်း ယခင်အတိုင်းပင် ဖြစ်သည်။
လင်းဖန်အတွက်ကတော့ ဘာသာစကားများကို ဖြေဆိုဖို့ မခက်ခဲ့ပေ။
တစ်ခုတည်းသော ဝမ်းနည်းစရာက english စကား နားထောင်တဲ့ စွမ်းရည် ဖြေဆိုချိန်တွင် အချိန်များစွာ ယူသွားသဖြင့် နံနက်ပိုင်းကဲ့သို့ စာမေးပွဲမေးခွန်းစာရွက်ကို အမြန်ဆုံး မပြီးစီးနိုင်ခြင်း ဖြစ်သည်။
ပထမနေ့ စစ်ဆေးမှု့က ထိုနည်းအတိုင်း ချောမွေ့စွာ ပြီးဆုံး သွားခဲ့သည်။
သို့သော်လည်း လင်းဖန် ပေါ့ပေါ့ပါးပါး ပုံစံနှင့် မတူဘဲ နိုင်ငံတစ်ဝန်းရှိ အခြား စာမေးပွဲဖြေဆိုသူ ကိုးသန်းလုံး ငိုကြွေးနေကြသည်။
လွယ်ကူတယ်လို့ ထင်ရပေမဲ့ တကယ်တမ်း ချိတ်ပိတ်ထားတဲ့ အက်ဆေးခေါင်းစဉ်က စာမေးပွဲဖြေဆိုသူအားလုံး၏ ရှေ့တွင် အိပ်မက်ဆိုး တစ်ခုကဲ့သို့ ဆက်တိုက် ပေါ်လာခဲ့သည်။
ထိုနေ့တွင်ပင် ဒီသတင်းကို သတင်းစာအားလုံး၌ ဖော်ပြခဲ့သည်။…
နောက်တစ်နေ့ နံနက် ၉:၃၀ နာရီတွင် သင်္ချာ စစ်ဆေးခြင်းကို တရားဝင် စတင်ခဲ့သည်။
တစ်ခဏမျှပင် တွန့်ဆုတ်ခြင်းမရှိဘဲ လင်းဖန်က စာမေးပွဲမေးခွန်းစာရွက်ကိုယူကာ စတင်ဖြေဆိုတော့သည်။
စာသင်ခန်းထဲရှိ စာမေးပွဲဖြေဆိုသူ အများအပြားက မေးခွန်းများကို ဖတ်ရုံမျှဖြင့် မျက်နှာများ ဖြူဖတ်ဖြူလျော် ဖြစ်ကုန်ကြသည်။
အောက်ဖက်ရှိ မေးခွန်းကြီးများကို မဆိုထားနှင့် ရွေးချယ်စရာ မေးခွန်းများ ကိုပင် ဖြေဆိုရန် ခက်ခဲနေကြသည်။
ဆယ်မိနစ်မျှသာ ကုန်ဆုံးသေးပြီး စာမေးပွဲခန်းတစ်ခုလုံးတွင် အသက်ပြင်းပြင်း ရှူသံများ ဖြင့် ပြည့်နှက်နေသည်။
စာမေးပွဲဖြေဆိုသူအားလုံးနီးပါး ပြိုလဲလုနီးပါး ဖြစ်နေသည်မှာ စိတ်ကူး၍ပင် မရနိုင်ပေ။ သူတို့က ရွေးချယ်စရာ မေးခွန်းများကိုပင် မပြီးသေးပါ။
ဒီမေးခွန်းတွေက ခက်ခဲလွန်းသည်။
တက္ကသိုလ်ဝင်တန်း သင်္ချာမေးခွန်းစာရွက်က. ဒဏ္ဍာရီလာ သင်္ချာအိုလံပစ်နဲ့ သာ ယှဉ်ပြိုင်နိုင်ပေလိမ့်မည်။
ထိုအချိန်တွင် လင်းဖန်းကတော့ နောက်ဆုံး မေးခွန်းကြီး ကို အပြီးသတ်ပြီး ထရပ်လိုက်သည်။
"ဒီကောင် သူကိုယ့်ကိုယ်ကိုယ် အရှုံးပေးလိုက်တာ မဟုတ်လား..."
"ဒီကောင်က နောက်ထပ် စာမေးပွဲကျမဲ့သူ တစ်ယောက် ဖြစ်ရမယ် "
လင်းဖန် သင်္ချာစာမေးပွဲမေးခွန်းစာရွက်ကို မြန်မြန်ဖြေလို့ ပြီးစီးသွားတာကို မည်သူမျှ မယုံကြည်နိုင်သော်လည်း ဧကရာဇ် တစ်ယောက်ကို ကြည့်နေသကဲ့သို့ လင်းဖန်ရဲ့ ထွက်ခွာသွားသော ပုံရိပ်ကို ကျောင်းသားတိုင်း ဆက်လက် ကြည့်နေကြသည်။
စူးရှသော ခေါင်းလောင်းသံ မြည်လာပြီး စာမေးပွဲဖြေဆိုသူအားလုံး သူတို့၏ ထိုင်ခုံများတွင်ထိုင်ကာ တိတ်ဆိတ်စွာ စောင့်ဆိုင်း နေကြသည်။
တက္ကသိုလ်ဝင်တန်း စာမေးပွဲ၏ နောက်ဆုံး စာမေးပွဲ - လူမှုရေးဘာသာရပ်များနှင့် ဘက်စုံအနုပညာ လေ့လာမှု့ စတင်တော့မည်ဖြစ်သည်။
အပျင်းကြောဆန့်ပြီးနောက် လင်းဖန် အပြုံးဖြင့် ကြည့်လိုက်သည်။ စာစစ်မှူးက တံဆိပ်ခတ်ထားသော ချိတ်ပိတ်အိတ် ကို ကိုင်ဆောင်ကာ စာသင်ခန်းထဲသို့ ဝင်ရောက်လာခဲ့သည်။
"ကလေးတို့ ဘက်စုံ အနုပညာ စစ်ဆေးခြင်း ကို စကြပါစို့."
"စာမေးပွဲဖြေဆိုသူ အားလုံး သတိပြုပါ.... စာမေးပွဲနှင့် မသက်ဆိုင်သော ပစ္စည်းများကို စားပွဲခုံပေါ်တွင် မတင်ထားပါနဲ့ ..."
ထိုသို့ပြောပြီး စာစစ်မှူးက စာမေးပွဲမေးခွန်းစာရွက်များကို ဝေပေးခဲ့သည်။
ဖြေဆိုချိန် တစ်နာရီခန့် ကုန်လွန်သွားခဲ့သည်။
.
သူ့ ရှေ့တွင် ပြီးစီးနေသော မေးခွန်းစာရွက်ကို ကြည့်ရင်း လင်းဖန် သူ၏ စိတ်ထဲတွင် အောင်မြင်မှု့ ဆိုတဲ့ ခံစားချက် ကို ရနေသည်။
သူ စနစ်ကို ရရှိခဲ့တာ လေးရက်သာ ရှိသေးပေမဲ့ ဆယ်စုနှစ်ပေါင်းများစွာသော ဘဝကို ဖြတ်သန်းခဲ့ရသလို ခံစားခဲ့ရသည်။ ဒါက မူလတန်း၊ အလယ်တန်း၊ အထက်တန်း... ယခုအချိန်အထိပင် ။
"..."
လင်းဖန် မျက်လုံးများကို ညင်သာစွာ မှိတ်လိုက်ပြီး သူ ဖြတ်သန်းခဲ့ရသော မြင်ကွင်းများကို ခံစားနေသည်။
မွေးရာပါ မှတ်ဉာဏ်ချို့ယွင်းမှုအပေါ် ထားခဲ့တဲ့ နောင်တများလည်း လုံးဝပျောက်ကွယ်သွားခဲ့သည်။
ဒီအချိန်တွင် သူ၏ တစ်ကိုယ်လုံးက အတွင်းပိုင်းမှ အပြင်ပိုင်းအထိ ကြီးမားသော ပြောင်းလဲမှု့များကို လင်းဖန် ခံစားလိုက်ရသည်။
ယနေ့မှစ၍ သူက ယခင်က လင်းဖန် မဟုတ်တော့ပဲ လူသစ်တစ်ဦးလို ဖြစ်နေသည်။
တစ်နိုင်ငံလုံးဆိုင်ရာ တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ထိပ်ဆုံးရောက်ခြင်းက သူ့အတွက် ပထမဆုံး အဆင့်သာ ဖြစ်သည်။
" ငါ..တစ်ဆင့်ပြီးတစ်ဆင့် ကမ္ဘာရဲ့ ထိပ်ဆုံး လူတစ်ယောက်အဖြစ် ရောက်ရှိလာပြီး လူတိုင်းက ငါ့ကို လေးစားအားကျ စေရမယ် "
လင်းဖန် စိတ်ကူးယဥ်ကာ ရယ်လိုက်သည်။
" ဟီးဟီး.. "
ရုတ်တရက် လင်းဖန် ထရပ်လိုက်ပြီး လူတိုင်းက သူ့ကို ကြောင်တောင်တောင် စိုက်ကြည့်နေစဉ်မှာပဲ သူက အဖြေလွှာစာရွက် ကို စောစီးစွာ ထိုးအပ်လိုက်ပြန်သည်။
သူ လုံးဝမရပ်ဘဲ ကျောင်းတံခါးဝမှ ဖြောင့်တန်းစွာ ထွက်ခွာလာခဲ့သည်။ သူ၏ မျက်နှာပေါ်ရှိ အပြုံးက နေရောင်ကဲ့သို့ နွေးထွေးနေပေသည်။
ဒဏ္ဍာရီလာ ဧရာမငှက်ကြီးက တစ်ရက်အတွင်း လေနှင့်အတူ မိုင်ပေါင်း ကိုးသောင်း အထိ ပျံတက်သွားခဲ့သည်။
ထို့အတူ လင်းဖန်၏ လင်းဖန်၏ဘဝအစကလည်း ထိုငှက်ကြီးတစ်ကောင်ရဲ့ ပျံသန်းမှုအလား ယနေ့မှစ အမြင့်သို့ ဆက်လက်ပျံသန်းတော့မည် ဖြစ်သည်။