← Chapters

ကျွန်တော်က အမှတ်အများဆုံးပဲ

Vol. 1 Ch. 3

ကျွန်တော်က အမှတ်အများဆုံးပဲ

Vol. 1 Ch. 3

​ကျင်းလင် နံပါတ်၁ အထက်တန်းကျောင်းရှေ့၌ မိဘတွေဟာ ပြည့်ကျပ်နေအောင် စုဝေးလျက်ရှိသည်။

သူတို့ရဲ့ မျှော်လင့်တကြီးရှိနေတဲ့ မျက်လုံးတွေက ကျောင်းအတွင်းထဲကို စူးစိုက်ကြည့်နေကြပြီး ပုံစံကတော့ သူတို့ သားသမီးတွေက 'နဂါးဂိတ်' တံခါး ကနေ ထွက်လာတာကို စောင့်စားနေကြသလိုပင်။

​ဒီအချိန်မှာပဲ ထူးထူးခြားခြား တည်ငြိမ်အေးဆေးတဲ့ ပုံရိပ်တစ်ခုက လူတိုင်းရဲ့ရှေ့မှာ ပေါ်လာခဲ့သည်။

ဒီပုံရိပ်က ​လင်းဖန်ပါပဲ ။

လင်းဖန်က သူ့ရဲ့လက်တွေကို အိတ်ကပ်ထဲထည့်ထားပြီး နှုတ်ခမ်းထောင့်ကို အနည်းငယ်မြှင့်တင်ထားသည်။

ဒါက ယုံကြည်ချက်အပြည့်ရှိနေတဲ့ ပုံစံပင်။

​နံပါတ်၁ အထက်တန်းကျောင်းရှေ့မှာ စောင့်နေတဲ့ ကျင်းလင်ရုပ်သံလိုင်းမှ သတင်းထောက်မလေးက ခန့်ညားတဲ့လူငယ်လေးကို ချက်ချင်းတွေ့လိုက်တာကြောင့် သူမ ချက်ချင်းရှေ့တိုးသွားပြီး ယဉ်ကျေးစွာ မေးမြန်းလိုက်သည်။

​"ဟဲလို ကျောင်းသား.. ကျွန်မက ကျင်းလင် ရုပ်သံဌာနက သတင်းထောက်ပါ.... မိနစ်အနည်းငယ်လောက် အနှောင့်အယှက်ပေးလို့ ရမလားရှင့် ...."

​"ဟင်..."

​ သတင်းထောက်မလေးကို အံ့အားသင့်စွာ ကြည့်ရင်း လင်းဖန် ခေါင်းညိတ်ပြလိုက်သည်။ဒီကျင်းလင်ရုပ်သံလိုင်းက ကျန်းဆူးပြည်နယ် မှာ နာမည်အကြီးဆုံး ရုပ်သံလိုင်းဖြစ်တာကြောင့် လင်းဖန်အင်တာဗျူး ဖြေဆိုဖို့ကို သဘောတူလိုက်သည်။

​ပညာရှင်ကြီးကျန်းစိုင်နူ ပြောခဲ့သလိုပါပဲ...

"လူငယ်ဘဝ၌ ကျော်ကြားမှုရအောင် လုပ်ရမယ်"

ဆိုသည့် စကားလိုပင်။

​"ကျေးဇူးတင်ပါတယ် ကျောင်းသား ဒီနှစ် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ မေးခွန်းတွေက ခက်တယ်လို့ ထင်ပါသလား... မောင်လေးရဲ့ရလဒ်ကို ဘယ်လိုမျှော်မှန်းထားပါသလဲ....."

​"အင်း..အဆင်ပြေပါတယ်...တကယ်တော့ မေးခွန်းတွေက ခက်သလား မခက်ဘူးလားဆိုတာ ကျွန်တော် မသိဘူး... ဘာလို့လဲဆိုတော့ ကျွန်တော် အကုန်လုံး ပြီးစီးအောင် ဖြေခဲ့လို့ပဲ...ရလဒ်နဲ့ပတ်သက်ပြီးတော့ ကျွန်တော်ဟာ ဒီနှစ် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲရဲ့ အမှတ်အများဆုံးရတဲ့သူ ဖြစ်လောက်မယ်လို့ ထင်တာပဲ...."

​"..ဘုရားရေ .."

​လင်းဖန် ပြောပြီးတာနဲ့ ချက်ချင်းပဲ ပတ်ဝန်းကျင်က တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။

​ကျင်းလင်းရုပ်သံ သတင်းထောက်အပါအဝင် မိဘတိုင်းက ဒီခန့်ညားတဲ့ လူငယ်လေးကို ပါးစပ်အဟောင်းသားနဲ့ စိုက်ကြည့်နေကြသည်။

​ " ..."

"မေးခွန်းက ခက်သလား မခက်ဘူးလား မသိဘူးတဲ့....ငါတော့ ငကြွားလေး တစ်ယောက်ကို မေးမိပြီ ထင်တယ်..."

" ဒီကောင်လေးက ​ဒီနှစ်တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ အမှတ်အများဆုံးရသူ ဖြစ်မှာကတော့ ပြဿနာမရှိဘူးဆိုပဲ..."

​အချိန်အတော်ကြာပြီးမှ သတင်းထောက်အမျိုးသမီးဟာ နောက်ဆုံးတော့ အသက်ရှူနိုင်ပြီး လင်းဖန်ကို စူးစမ်းတဲ့အကြည့်နဲ့ ကြည့်လိုက်ပြီး ထပ်မေးလိုက်သည်။

"ကျောင်းသားရဲ့အမည်က ဘယ်လိုခေါ်ပါသလဲရှင့်.. ကျင်းလင် အထက်တန်းကျောင်း ဘယ်အခန်းကလဲရှင့် ..."

လင်းဖန် အေးအေးဆေးဆေး ပြန်ဖြေ လိုက်သည်။

"ကျွန်တော်က လင်းဖန်...တန်းခွဲ C က ပါ ..."

"ဒီလိုမျိုး မာန်ပါပါ ဟန်ဆောင်ကောင်းတဲ့ သူကို သူမမြင်ဖူးတာ ဒါပထမဆုံးပါပဲ..."

" ဒီကောင်လေးသာ ရုပ်မချောဘူးဆိုရင် မေးနေတဲ့ မိုက်နဲ့ ထုပစ်မိမှာ..."

သတင်းထောက်မလေးမှာ စိတ်ထဲမှ ကျိန်ဆဲနေမိသည်။သူမ လူမှားမေးမိတယ်လို့ ထင်မိလိုက်လို့ပါပဲ။

ဒါပေမဲ့ လင်းဖန်ကတော့ ​ဒီစကားတွေကို အေးအေးဆေးဆေး ပြောပြီးနောက် ဘေးဘက်က အကြည့်တွေကို လုံးဝ ဂရုမစိုက်ဘဲ အေးဆေး တည်ငြိမ်စွာ လျှောက်ထွက်လာခဲ့သည်။

​ဘာလို့လဲဆိုတော့ သူပြောတာတွေဟာ အမှန်တရား ဖြစ်နေသည်။

​မွန်းလွဲပိုင်းမှာ ကျင်းလင်ရုပ်သံဌာနက ဒီနေ့ရဲ့ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ အင်တာဗျူး အကြောင်းအရာတွေကို တည်းဖြတ်ပြီး ထုတ်လွင့်ပြသလိုက်သည်။

ဒါပေမဲ့ ​လူတွေ မမျှော်လင့်ထားတာကတော့ လင်းဖန်ရဲ့ ပြောဆိုချက်တွေကိုတော့ ဖြတ်တောက်ခြင်းမရှိဘဲ တစ်နိုင်ငံလုံးက ပရိသတ်တွေကို တိုက်ရိုက် ပြသခဲ့ပေသည်။

​သတင်းထောက်မလေး- "ကျောင်းသား...ဒီနှစ် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ မေးခွန်းတွေက ခက်တယ်လို့ ထင်ပါသလား..."

လင်းဖန်း "မေးခွန်းတွေက ခက်သလား မခက်ဘူးလားဆိုတာ မသိဘူး...ဘာလို့လဲဆိုတော့ ကျွန်တော် အကုန်လုံး ပြီးစီးအောင် ဖြေခဲ့လို့ပဲ...."

​သတင်းထောက်မလေးက - "ကျောင်းသားရဲ့ ရလဒ်တွေကို ဘယ်လိုမျှော်မှန်းထားပါသလဲ …"

လင်းဖန် - "ရလဒ်နဲ့ပတ်သက်ပြီးတော့ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲမှာ အမှတ်အများဆုံးရသူ ဖြစ်လောက်ပါတယ်...."

​"..ဘုရားရေ...."

ကြည့်ရူ့သူ များစွာ တစ်ယောက်ပြီး တစ်ယောက် ဒေါသထွက်စွာ ပြောနေကြသည်။

​ဒီဗီဒီယို ထုတ်လွှင့်ပြီးနောက် လင်းဖန်က လုံးဝ နာမည်ကြီးသွားခဲ့သည်။

​လင်းဖန်ရဲ့အဖြေက မာနကြီးတယ်လို့ ထင်ရပေမယ့် ဒီကောင်လေးရဲ့ ခန့်ညားပြီးချောမောတဲ့ မျက်နှာကို ပြသလိုက်တဲ့အခါ လူတွေက ဒေါသထွက်ချင်စိတ် မရှိတော့ပေ။

လိုင်းပေါ်၌ ဒီကောင်လေး ဘယ်သူလဲဆိုဟု လူတိုင်း မေးနေကြသည်။

​တစ်ချို့လူတွေက လင်းဖန် ဖြေတာကို ဗားရှင်းအမျိုးမျိုး ပြောင်းလဲပြီး လိုင်းပေါ်၌ ဆက်လက် မျှဝေခဲ့ကြသည်။

ဒီဗားရှင်းကတော့

​'ခင်ဗျားက ချောတယ်လို့ ထင်ပါသလား "

"သူချောလား မချောဘူးလားဆိုတာ ကျွန်တော် မသိဘူး.. ဘာလို့လဲဆိုတော့ ကျွန်တော်က ချောနေလို့ပါပဲ..."

'........'

​လင်းဖန်ကို သိတဲ့လူတိုင်းက သူ့ဆီ စာတွေ ပို့ကြပြီး အများစုကတော့ လှောင်ပြောင်တဲ့ သဘောမျိုးနဲ့ ပို့ကြတာပဲ ဖြစ်သည်။

​ဘာလို့လဲဆိုတော့ ဒါကမလိုအပ်ဘူးလို့ သူတို့ ထင်နေကြ၍ ဖြစ်သည်။

လင်းဖန်ကတော့ ဂရုမစိုက်ပေ။ ​တက္ကသိုလ်ဝင်ခွင့်စာမေးပွဲရလဒ်တွေ ထွက်လာတဲ့အခါကျမှ ဘယ်သူက အစစ်အမှန် အင်အားကြီးလဲဆိုတာ သိလာပါလိမ့်မည်။

ဒါကိုတော့ ရှောင်လွဲလို့မရပေ။

​တက္ကသိုလ်ဝင်ခွင့်စာမေးပွဲပြီး ရက်အနည်းငယ်အကြာ အထက်တန်းကျောင်းသားဘဂကနေ လုံးဝ လွတ်မြောက်သွားကြပါပြီ။

ညစာစားပွဲ၊ ကာရာအိုကေ ဆိုင်တွေကို အဖွဲ့လိုက် လည်ပတ်တာအပြင် .. ဝန်ခံစကားပြောပြီး ချစ်ကြိုက်ကြတဲ့သူတွေလည်း ရှိပေသည်။

​လင်းဖန်ကတော့ သူတို့နဲ့ လည်ပတ်ခြင်းမရှိပေ။ ဘာလို့လဲဆိုတော့ သူက ဘဏ္ဍာရေး၊ အင်တာနက် စက်မှု့လုပ်ငန်း စတဲ့ နယ်ပယ်တွေက အသိပညာတွေကို စနစ်ဆီက စုပ်ယူနေရလို့ပင်။

​မိဘမဲ့တစ်ဦးအနေနဲ့ လင်းဖန်က တခြားသူတွေထက်ပိုပြီး အောင်မြင်ချင်သည်။ သူ့မှာ မိသားစုနောက်ခံမရှိတာကြောင့် အရာအားလုံးကို သူ့ကိုယ်သူပဲ အားကိုးနေခဲ့ရသည်။

​အခုလောလောဆယ် သူမှာပိုက်ဆံ မရှိပေ။ ဒါမှမဟုတ်ရင် အနာဂတ်တွင် ဒီစတော့ရှယ်ရာတွေကစားဖို့ သူကြိုးစားမိမှာ သေချာသည်။

လင်းဖန် စဥ်စားနေရင်း အတန်းထဲမှ သူငယ်ချင်းတစ်ယောက်ဆီက ဖုန်းဝင်လာခဲ့သည်။

​"ဟဲလို.. လင်းဖန်. ထန်ရှားယီရဲ့ မွေးနေ့က နောက် အပါတ်ပဲနော် ....သူမက အိမ်မှာ မွေးနေ့ပွဲလုပ်မို့တဲ့ မင်းကိုငါတို့နဲ့အတူ လိုက် လာဖို့ ဖိတ်ထားတယ် "

​"ထန်ရှားယီလား ထားလိုက်ပါတော့ ငါမသွားတော့ဘူး "

လင်းဖန် ​ခေါင်းကိုခါရင်း ဖုန်းကို မတတ်သာစွာ ချလိုက်သည်။

​ထန်ရှားယီ ဆိုတာက. ကျင်းလင် နံပါတ် ၁ အထက်တန်းကျောင်းရဲ့ ကွင်းဖြစ်ပြီး စာမေးပွဲရလဒ်တွေက အလွန်ကောင်းမွန်လှသည်။ သူမ အဖေက ကျင်းလင်မှာ အချမ်းသာဆုံးပုဂ္ဂိုလ် ဖြစ်၍ သူမကလည်း ပြီးပြည့်စုံတဲ့ နတ်ဘုရားမလေးပဲ ဖြစ်သည်။

" ဒါတွေက ငါနဲ့ ဘာဆိုင်သလဲ..."

" ဟမ့် ငါ့မှာ အခု စနစ်ရှိနေပြီလေ ဘယ်နတ်ဘုရားမ ရှေ့ဖြစ်ဖြစ် ငါ ဖြတ်လျှောက်သွားယုံပဲ... "

" စာမေးပွဲရလဒ်သာ ထွက်ရင် ဘယ်နတ်ဘုရားမဖြစ်ဖြစ် ငါ့အနား လာကပ်ရလိမ့်မယ်...."

​

" ​ဘာလို့ငါက ကိုယ်တိုင်သွားတွေ့ဖို့ လိုနေမှာ လဲ"

လင်းဖန် စိတ်ထဲကနေ မာနကြီးစွာ ရေရွတ်လိုက်သည်။

.......​

Note - တကယ် အားကောင်းတဲ့သူတွေက. ဒီအတိုင်း ထိုင်နေရုံပါပဲ သူတို့ကသာ ကိုယ့်ဘာသာကိုယ် ရွှေ့ပြီး ရောက်လာပါလိမ့်မည်။

All Chapters