← Chapters

ဗီလာကြီးတစ်ခု လက်ခံရရှိခြင်း

Vol. 1 Ch. 5

ဗီလာကြီးတစ်ခု လက်ခံရရှိခြင်း

Vol. 1 Ch. 5

" ဒီး...ဒီး..ဒီး.. "

​စနစ် က ဘာကိုဆိုလိုသလဲဆိုတာကို လင်းဖန် မသိနိုင်ခင်မှာပဲ ရုတ်တရက် ဖုန်းမြည်သံက သူ့အတွေးတွေကို ဖြတ်တောက်လိုက်သည်။

​"ဟယ်လို မစ္စတာ လင်းဖန် ကျွန်တော်က ခင်ဗျားရဲ့ ကိုယ်ရေးကိုယ်တာ ဘဏ္ဍာရေး အကြံပေးပါခဗျ... ခင်ဗျားရဲ့ ပိုင်ဆိုင်မှု့ကိစ္စအားလုံးကို တာဝန်ယူရသူပါ... ခင်ဗျားက အခု ဘယ်မှာလဲဗျ.. ကျွန်တော် ချက်ချင်း လာကြိုပါ့မယ်.."

​ဖုန်းတစ်ဖက်မှ သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး၏ ရိုသေလေးစားတဲ့ အသံက ရုတ်တရက် ပေါ်ထွက်လာသည်။

ဒီအချိန်တွင် လင်းဖန်က သူ့ရင်ထဲ၌ မည်သည့်ကြောင့်မှန်းမသိ ပျော်ရွှင်တဲ့ ခံစားချက်တစ်ခုကို ခံစားလိုက်ရပြီး သူ့လိပ်စာကို တစ်ဖက်လူအား အလျင်အမြန် ပြောပြလိုက်သည်။

​ခဏကြာတော့...

ကားအနက်ရောင် သုံးစီးဟာ ရပ်ကွက်အပြင်ဘက်၌ ပေါ်လာသည်။ ရှေ့နဲ့နောက်တွင် Audi A8L တွေ ဖြစ်ပြီး အလယ်မှာတော့ Rolls-Royce ပဲ ဖြစ်သည်။ လင်းဖန် အနည်းငယ် အံ့အားသင့်သွားခဲ့သည်။

​"မစ္စတာလင်း မင်္ဂလာပါဗျာ.. ကျွန်တော်က ခင်ဗျားရဲ့ ဘဏ္ဍာရေး အကြံပေး ရွှီကျန့်ရှင်းပါ..ခင်ဗျားကို လာကြိုပြီး နေအိမ်ပတ်ဝန်းကျင်ကို ခေါ်သွားဖို့ပါပဲ..."

​ရှေ့ Audi A8L ကားထဲကနေ အသက် သုံးဆယ်ဝန်းကျင် အရွယ် အသက်လတ်ပိုင်း အမျိုးသားတစ်ဦး ပြေးဆင်းလာခဲ့သည်။

ထိုလူက သေသပ်သောဝတ်စုံနဲ့ နက်ကတိုင်ကို ဝတ်ဆင်ထားပြီး ဆံပင်ကိုလည်း သပ်သပ်ရပ်ရပ် ဖီးထားကာ လေးလေးစားစား နှုတ်ဆက်လိုက်သည်။

​"ဟို...ဒီကားက..."

လင်းဖန် သူ့ရဲ့ စပ်စုချင်စိတ်ကို မထိန်းနိုင်ဘဲ မေးလိုက်မိသည်။

​"ဆရာ..ကို တကယ်တောင်းပန်ပါတယ်ခင်ဗျာ...ခင်ဗျား ဘယ်လိုကားမျိုးကို ကြိုက်တယ်ဆိုတာ ကျွန်တော် မသိတဲ့အတွက် ခင်ဗျားရဲ့ ယာယီသုံး ကားအဖြစ် ဒီ Rolls-Royce ကို ရွေးချယ်လိုက်ရတာပါဗျာ.."

ဘေးက ရွှီကျန့်ရှင်းက ခါးနည်းနည်းကိုင်းပြီး ရိုသေစွာ ပြန်ဖြေလိုက်၏။

​လင်းဖန် အသက်ပြင်းပြင်း ရှူသွင်းလိုက်သည်။ တန်ဖိုးသန်းဆယ်ဂဏန်းရှိတဲ့ Rolls-Royce ကားက သူ့ရဲ့ယာယီ ကားသက်သက်တဲ့။

သူ့ရဲ့ ကိုယ်ပိုင်ပစ္စည်း ဘယ်လောက်များမလဲဆိုတာ စဉ်းစားကြည့်လို့ရသည်။

လွန်ခဲ့တဲ့ ကာလအနည်းငယ်အကြာမှာပဲ သူက မိဘနှစ်ပါးဆုံးပါးသွားတဲ့ မိဘမဲ့ ဖြစ်ပြီး ဆင်းရဲတဲ့ ကျောင်းသားတစ်ယောက်သာ ဖြစ်ခဲ့သည်။ တစ်ခဏအတွင်းမှာပဲ သူ့ရဲ့ အခြွေအရံက တန်ဖိုးယွမ်တစ်သန်းကျော်တဲ့ Audi A8L ကို မောင်းလာခဲ့သည်။

"ဘုရားရေ ဒါက တကယ်ကို မယုံနိုင်စရာပဲ.."

​"သွားကြစို့ "

လက်ဝေ့ယမ်းလိုက်ပြီး လင်းဖန်က Rolls-Royce ထဲကို ဝင်ထိုင်လိုက်ကာ ရွှီကျန့်ရှင်း ဦးဆောင်မှု့အောက်၌ စနစ်ကပေးတဲ့ နေအိမ်သို့ ဦးတည်သွားခဲ့သည်။

တကယ်တော့ စနစ်က သူ့ကို ဘယ်လောက်များတဲ့ ပိုင်ဆိုင်မှု့တွေ ယူဆောင်လာပေးမလဲဆိုတာကို လင်းဖန်တွေ့မြင်ရန် စိတ်မရှည်တော့ပေ။

မိနစ်သုံးဆယ်ကြာပြီးနောက် ကားက နေအိမ် အဆောက်အအုံတစ်ခုရှေ့၌ ရပ်သွားခဲ့သည်။

သူ့ရှေ့က သပ်သပ်ရပ်ရပ် ဆောက်ထားတဲ့ ဗီလာဧရိယာကို ကြည့်ရင်း လင်းဖန် ကျေနပ်စွာ ခေါင်းညိတ်လိုက်၏ ။

ကျင်းလင်းမြို့ တစ်မြို့လုံး၌ 'ကျန့်ခမ်းယွမ် ရပ်ကွက်' ဟာ အကောင်းဆုံး ဗီလာ ဧရိယာတွေထဲက တစ်ခုဖြစ်ပြီး ကျုံးရှန်းတောင်ကို နောက်ခံထားပြီး ဆောက်ထားခဲ့သည်။

ဒီထဲက ဈေးအပေါဆုံး ဗီလာကတောင် ယွမ် သန်း ရာဂဏန်း ကုန်ကျလောက်မည်။

​"ဆရာ..ကျေးဇူးပြု၍ ကျွန်တော်နဲ့ လိုက်ခဲ့ပါ.."

ပြောပြီးတာနဲ့ ရွှီကျန့်ရှင်းက ဦးဆောင်လမ်းပြခဲ့သည်။လင်းဖန် လမ်းတစ်လျှောက်လုံး လျှောက်သွားရင်း နေရာတိုင်း ငှက်တွေက တေးဆိုနေပြီး ပန်းတွေ မွှေးကြိုင်နေတဲ့ မြင်ကွင်းကို မြင်လိုက်ရသည်။

ဥယျဥ်က သစ်ပင်စိမ်းလန်းစိုပြည်ရေးကို အကောင်းဆုံး လုပ်ဆောင်ထားပုံ ရသည်။

ခဏအကြာမှာတော့ အမြင့်မီတာ ၂၀ ရှိတဲ့ ဧရာမ ဗီလာ တစ်လုံး သူ့ရှေ့မှာ ပေါ်လာ ခဲ့သည်။ နေရာမှာ ရပ်ကွက်တစ်ခုလုံးရဲ့ အလယ်ဗဟို၌ တည်ရှိပြီး ဗီလာက ရပ်ကွက်ထဲမှ ဗီလာများ၏ ဘုရင်ဖြစ်ပုံရသည်။

​"ဒင် ဒေါင်..."

ထိန်းချုပ်တံခါးက ချက်ချင်းပွင့်သွားပြီး လင်းဖန်ရှေ့မှာ ပေါ်လာတာကတော့ ခမ်းနားထည်ဝါပြီး နန်းတော်တစ်ခုလိုမျိုး အလှဆင်ထားတဲ့ ဧရာမ ဧည့်ခန်းမကြီးပဲ ဖြစ်သည်။

​"ဆရာ.. ဒါက ခင်ဗျားရဲ့ နေအိမ်ပါ..ကျန့်ခမ်း ဗီလာ အမှတ် ၁ ပါပဲ..ဆောက်လုပ်ထားတဲ့ ဧရိယာက ၃၆၆၆ စတုရန်းမီတာရှိပြီး လေးထပ် ရှိပါတယ်..ပထမထပ်က အဓိက အခန်းဖြစ်ပြီး အပေါ်ဆုံးထပ်က ကောင်းကင်ဥယျဥ် အထပ် ဖြစ်ပါတယ်..."

​ရွှီ ကျန့်ရှင်းက လင်းဖန်ကို လေးလေးစားစား မိတ်ဆက်ပေးခဲ့သည်။

"အလှဆင်တာကို ဂျာမနီက အထူးပြုလုပ်ထားတဲ့ သစ်သားကြမ်းခင်းတွေ၊ ဘယ်လ်ဂျီယံ ရဲ့ အကောင်းဆုံး နံရံဆေးသုတ်ဆေး၊ စပိန်တော်ဝင်မိသားစုက သီးသန့်ပေးသွင်းတဲ့ ပရိဘောဂပစ္စည်းတွေကို အသုံးပြုထားပါတယ်...."

ဆက်တိုက်ကြားနေရတဲ့ အချက်အလက်တွေကြောင့် လင်းဖန် နည်းနည်းရှုပ်ထွေးသွားရသည်။ ဂျာမန်ကြမ်းခင်းအကြောင်းကို သူ နည်းနည်းသိပေသည်။

ဒါက ကမ္ဘာ့ထိပ်တန်း ကြမ်းခင်းအမှတ်တံဆိပ် ဆယ်ခုထဲက တစ်ခုဖြစ်ပြီး အသုံးအများဆုံး ကျွန်းသစ်ကြမ်းခင်းတောင် တစ်စတုရန်းမီတာကို ယွမ် ၃၀,၀၀၀ ကျပေသည်။ ဒီအထပ်ရဲ့ ကြမ်းခင်းက ၈၀၀ ကနေ ၉၀၀ စတုရန်းမီတာလောက်ရှိတာကြောင့် ကြမ်းခင်း တစ်ခုတည်းကိုပဲ ယွမ် ၂၇ သန်းအောက် မနည်း ကုန်ကျလောက်မည်။ ထိပ်တန်း အထူးပြုလုပ်ချက်တွေနဲ့ဆိုရင် ဒီအထပ်ရဲ့ ကြမ်းခင်းအလှဆင်မှု့က အနည်းဆုံး ယွမ် သန်း ၅၀ လောက် ကုန်ကျနိုင်သည်။

တဖြည်းဖြည်းနဲ့ လင်းဖန်က အိမ်ထဲကို တစ်လှမ်းချင်း ဝင်လာခဲ့သည်။ အတွင်းက ပရိဘောဂအများစုက ခေတ်မီ တရုတ်စတိုင်လ်ဖြစ်ပြီး ပတ်ပတ်လည်တွင် အလှဆင်ပစ္စည်းတွေ အများကြီးရှိသလို နံရံတွေမှာလည်း တရုတ်ပန်းချီကားတွေ ချိတ်ဆွဲထား၏။ အပေါ်ယံကြည့်ရင် ဇိမ်ခံပုံမပေါ်ပေမယ့် တကယ်တမ်းမှာတော့ ချမ်းသာကြွယ်ဝမှု့ ကို ပြသနေတာက တကယ်ကို အံ့အားသင့်စရာ ကောင်းလှသည်။

​"ဆရာ...အပေါ်ထပ်ကို အရင်ကြည့်ချင်ပါသလား.."

ရွှီ ကျန့်ရှင်းက ခါးညွှတ်ပြီး မေးလိုက်၏။

​"အင်း "

ထိုလူကို ကြည့်ရင်း လင်းဖန် တည်ငြိမ်စွာ မေးလိုက်သည်။

- "ဒုတိယထပ်နဲ့ တတိယထပ်က ဘယ်မှာလဲ"

​ရွှီ ကျန့်ရှင်း မိတ်ဆက်တဲ့အချိန်မှာ ဒုတိယနဲ့ တတိယထပ်ကို ကျော်သွားခဲ့သည်။ ဒီနှစ်ထပ်က ဗီလာတစ်ခုလုံးရဲ့ အဓိက နေရာ ဖြစ်ပုံရ၏။

​"ဆရာ.. ဒုတိယထပ်က စာကြည့်တိုက်ဖြစ်ပြီး ရှေးဟောင်းနဲ့ ခေတ်သစ် လက်ရာတွေ၊ အဖိုးတန် စာပေတွေ၊ လက်ရေးလှပန်းချီကားတွေ စတာတွေကို ထိန်းသိမ်းထားပါတယ်..."

ရွှီကျန့်ရှင်းက လေးလေးစားစား ရှင်းပြလိုက်သည်။

"တတိယထပ်မှာ ဘာတွေရှိတယ်ဆိုတာကိုတော့ ခင်ဗျား တစ်ဦးတည်းသာ ဝင်ခွင့်ရှိတဲ့အတွက် ကျွန်တော်တို့ မသိရပါဘူး..."

​"ဒါဆို ဒုတိယထပ်ကို အရင်သွားမယ်..."

ဘာကိုမှ တွန့်ဆုတ်မနေဘဲ လင်းဖန် ချက်ချင်း အမိန့်ပေးလိုက်သည်။ ဒီအချိန်တွင် ရွှီ ကျန့်ရှင်းက အာရုံခံ ကိရိယာမှတစ်ဆင့် သွားတဲ့ ဓာတ်လှေကားကို ဖွင့်ပေးလိုက်သည်။ လေးထပ်ဗီလာတွင် ကိုယ်ပိုင်ဓာတ်လှေကား တပ်ဆင်ထားခြင်းပဲ ဖြစ်သည်။

စက်သံမြည်လာပြီးနောက် ဓာတ်လှေကားတံခါးပွင့်သွားကာ သူတို့ရှေ့မှာ ပေါ်လာတာက တရုတ်ဂန္ထဝင် လက်ရာစစ်စစ်ဖြစ်ပြီး စင်တွေပေါ်၌ စာအုပ်တွေ အတန်းလိုက် ပြည့်နေခဲ့သည်။ လင်းဖန် ချက်ခြင်းပဲ ဧရာမ စာကြည့်တိုက်ကို လှည့်ပတ်ကြည့်ရှုလိုက်သည်။

စာအုပ်စင်ပေါ်တွင် စာအုပ်အမျိုးမျိုး ပြည့်နေပြီး ရှေးဟောင်းပန်းချီကားများလည်း ရှိသည်။ အဲ့ဒီအထဲက အများစုဟာ သူ တစ်ခါမှ မကြားဖူးတဲ့ အရာတွေပါပဲ။ စာကြည့်တိုက်ထဲက ရှေးဟောင်းစာအုပ်တွေရဲ့ တန်ဖိုးက ဘယ်လောက်ရှိမယ်ဆိုတာကိုတော့ လင်းဖန် မသိပေ။

All Chapters