ဇိမ်ခံကားများစွာ..
Vol. 1 Ch. 7
ဇွန်လ ၁၆ ရက်၊ ၂၀၁၈ ခုနှစ်၊ ကျန်းလင်မြို့၊ ကျန့်ကန်း၊ အမှတ် ၁ ဗီလာတွင်...
မနက်ခင်းစောစော၌ ပြတင်းပေါက်မှတစ်ဆင့် နေရောင်ခြည်က မြေပြင်ပေါ်သို့ ကျရောက်လာရာ အထူးတလည် တောက်ပနေသည်။
"ဟူး "
ကြီးမားသော အိပ်ရာထက်မှ လင်းဖန် ဖြည်းညှင်းစွာ ထလာပြီး ကိုယ်လက်ဆန့်လိုက်သည်။ ဒါက သူပြီးခဲ့တဲ့ ၁၈ နှစ်တာကာလအတွင်း အကောင်းဆုံး အိပ်ပျော်ခြင်းပင် ဖြစ်သည်။
ကြမ်းပြင်မှ မျက်နှာကြက်အထိ မှန်ပြတင်းပေါက်များမှတစ်ဆင့် အပြင်ဘက်ကို ငုံ့ကြည့်လိုက်ရာ အဝေးရှိ ချင်းဟွိုင်မြစ်က သူ၏ မြင်ကွင်းထဲသို့ ရောက်လာသည်။
သေသေချာချာ နားထောင်ကြည့်ရင် တသွင်သွင် စီးဆင်းနေတဲ့ မြစ်ရေသံကိုပင် သဲ့သဲ့လေး ကြားရပေမည်။
ကျန့်ခန်ဥယျာဉ်၏ ပထဝီဝင်တည်နေရာက အလွန်ကောင်းမွန်လှသည်။ တောင်ဘက်သို့ မျက်နှာမူထားပြီး ကျုံးရှန်ကို မျက်နှာချင်းဆိုင်ထားသည်။ ဆယ်မိုင်အကွာရှိ ချင်းဟွိုင်မြစ်နဲ့ နေနှင့်လကို အလုံးစုံ မြင်တွေ့နိုင်လေသည်။
"ဟူး ဒါ့ကြောင့်မို့လို့ ကမ္ဘာပေါ်က လူတိုင်း ချမ်းသာချင်ကြတာ အံ့ဩစရာ မရှိဘူး.."
ဒီမြင်ကွင်းကို ကြည့်ရင်း လင်းဖန် သက်ပြင်းမချဘဲ မနေနိုင်တော့ပေ။
"ဒင်း ဒေါင်.."
ထိုအချိန်တွင် တံခါးအပြင်ဘက်ရှိ ခေါင်းလောင်းသံ ရုတ်တရက် မြည်လာသည်။ ယူနီဖောင်း သပ်ရပ်စွာ ဝတ်ဆင်ထားသော ရှုကျန့်ရှင်းက တံခါးအပြင်ဘက်တွင် ရပ်နေပြီး ယဥ်ကျေးစွာ ပြောလိုက်သည်။
"သခင် ဒီနေ့ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ရလဒ်တွေ ထွက်တဲ့နေ့ပါ.. ရလဒ်တွေ ကြည့်ဖို့ ကျောင်းကို သွားချင်ပါသလား ခဗျ.."
"အိုး ..ဟုတ်သားပဲ ငါမေ့နေတာ.."
ရှုကျန့်ရှင်းကသာ မပြောရင် လင်းဖန် သတိပင်ရမည်မဟုတ်ပေ။ ဒီနေ့က ရလဒ်များ ထွက်မည့်နေ့ ဖြစ်သည်လေ။
"အင်း သွားတာ ပိုကောင်းမယ်..."
လင်းဖန်က သူ၏ ခန့်မှန်းရလဒ်ကို ကြိုတင်သိထားပြီးဖြစ်သော်လည်း ဒါက သူ့ရဲ့ အထက် တန်းကျောင်းသားဘဝရဲ့ နောက်ဆုံး နေ့ ဖြစ်တာကြောင့် ကိုယ်တိုင်ကိုယ်ကျ မသွားပါက နောင်တရဖွယ်ရှိပေသည်။
ခဏအကြာ....
လင်းဖန် အလျင်စလို မျက်နှာသစ်ပြီးနောက် ပထမထပ်ရှိ စားသောက်ခန်းသို့ တန်းသွားရာ မနက်စာမှာ အသင့်ပြင်ဆင်ပြီးသား ဖြစ်သည်။
ကန်တုံမုန့်မျိုးစုံနဲ့ ပေကျင်းပုံစံ မုန့်များအထိ အစုံအလင် တွေ့ရပေသည်။
သူ ကောင်းကောင်းစားခဲ့ရ၏။
"ဆရာ ပထမအဖွဲ့ အသင့်ရှိနေပါပြီ..အမှတ် ၁ အလယ်တန်းကျောင်းသို့ လိုက်ပါပို့ဆောင်ရန် အသင့်ဖြစ်ပါပြီခဗျ..."
လင်းဖန် မနက်စာစားပြီးနောက် ရှုကျန့်ရှင်းက ညင်သာစွာ မေးလိုက်သည်။
"မလိုဘူး ငါ့ကို အမှောင်ထဲကနေပဲ ကာကွယ်ပေးဖို့ စီစဥ်လိုက်"
လင်းဖန် လက်ဝှေ့ယမ်းကာ ပြောလိုက်သည်။
"ဒါနဲ့ မင်း ယာဉ်မောင်းလိုင်စင် ရပြီလား"
မနေ့က ရှုကျန့်ရှင်းကို ယာဉ်မောင်းလိုင်စင် အမြန်ဆုံး လျှောက်ထားရန် လင်းဖန် ပြောခဲ့သည်။ဘာ့ကြောင့်လဲဆိုတော့ နောင်တွင် သူတစ် ယောက်တည်းသာ ကားမောင်းရလျှင် ပိုအဆင်ပြေမည်ဖြစ်တာကြောင့်ပင်။
" ရပါပြီ..သခင်.."
"အင်း.."
လင်းဖန် ခေါင်းညိတ်ပြလိုက်ပြီး အံ့ဩခြင်း မရှိတော့ပေ။
ဘယ်လိုပဲ ဖြစ်စေ သူက ICBC ၏ အဓိက ဖောက်သည်ဖြစ်ပြီး ယာဉ်မောင်းလိုင်စင်ဆိုတာက သေးငယ်သော ကိစ္စလေးတစ်ခုသာ ဖြစ်သည်။
ထို့နောက် ရှုကျန့်ရှင်းကို မြေအောက်ကားဂိုဒေါင်သို့ လိုက်ပို့ရန် လင်းဖန် တောင်းဆိုလိုက်သည်။
"အာ.."
သူ့ရှေ့မှ ကျယ်ဝန်းသော ကားဂိုဒေါင်ကို ကြည့်ရင်း ဒါက သူ့ရဲ့ ကားဂိုဒေါင်ဖြစ်တာကို လင်းဖန် သတိမထားမိခဲ့ပေ။ သူက နေရာအနည်းငယ်သာ ရှိသည်ဟု ထင်ခဲ့ပေမဲ့ အခု ရှေ့မှာက ဧရာမ မြေအောက်နေရာ တစ်ခု ဖြစ်နေသည်။
ဒါက စတုရန်းမီတာ ရာနှင့်ချီ ကျယ်ဝန်းပြီး ကားရပ်ရန် နေရာ ရာပေါင်းများစွာ ရှိကာ အားလုံးမှာ စနစ်တကျ ရှိနေသည်။
"Koenigsegg One1.."
"Lamborghini Veneno.."
"Silbe Tuatara.."
"Aston Martin One-77..."
" ဘုရားရေ.."
ကမ္ဘာပေါ်ရှိ စျေးအကြီးဆုံး ဇိမ်ခံအားကစားကား ဆယ်စီးထဲမှ တစ်စီးမှ ကျန်မနေခဲ့ပေ။
၎င်းတို့ထဲတွင် စျေးအသက်သာဆုံးမှာ အကန့်အသတ် ထုတ်လုပ်သည့် Ferrari F60 America ဖြစ်ပြီး အစီးရေ ၁၀ စီးသာ ကန့်သတ်ထားကာ စျေးနှုန်းမှာ အမေရိကန်ဒေါ်လာ ၃.၂ သန်းအထိ ရှိပြီး ယွမ်ငွေ ၁၉.၈၄ သန်းခန့် ဖြစ်၏။
ချက်ချင်းဆိုသလို လင်းဖန်ကို ကြည့်ကာ ရူကျန်းရှင်း မေးလိုက်သည်။
"ကျွန်တော် တောင်းပန်ပါတယ် သခင်..သခင်က ဘယ်လိုကားမျိုးကို ကြိုက်လဲဆိုတာ ကျွန်တော်တို့ မသိတာကြောင့် ဒါတွေကိုပဲ ပြင်ဆင်ထားခဲ့တာပါ.."
ရှုကျန့်ရှင်းက တောင်းပန်သည့်ပုံစံဖြင့် သတင်းပို့နေသည်။
"အမှတ် ၁ ဗီလာရဲ့ မြေအောက်ကားဂိုဒေါင်မှာ ကားစီးရေ သုံးဆယ် ရှိပါတယ်၊ အဲဒီထဲမှာ အားကစားကား ဆယ်စီး၊ ဆွီဒင်ကား ဆယ်စီး၊ နဲ့ အော့ဖ်ရုတ်ကား နဲ့ အာဗွီကား (RVs) ဆယ်စီး ပါဝင်ပါတယ်ခဗျာ..."
'ဒါတွေကိုပဲ ပြင်ဆင်ထားတာပေါ့. ငလူး...'
လင်းဖန် မရယ်ဘဲ မနေနိုင်တော့ပေ။
ဧရာမ မြေအောက်ကားဂိုဒေါင်နှင့် နှိုင်းယှဉ်လျှင် ကားစီးရေ သုံးဆယ်က အနည်းငယ် နည်းသည်မှာ မှန်သော်လည်း ဒီနေရာတွင် ထားရှိသော ကားများထဲမှ တစ်စီးမျှ သန်းဆယ်ဂဏန်းထက် စျေးမနည်းပေ။
အားကစားကားများအပြင် ဆွီဒင်ကားများတွင် Rolls-Royce Silver Phantom၊ Bentley Mulsanne Deluxe Edition၊ Maserati Royal Edition တို့တောင် ရှိသည်။
အထူးခြားဆုံးမှာ အော့ဖ်ရုတ်ကားများ ဖြစ်သည်။ George Patton၊ Cavalier Fifteen၊ Kaibaihe Shield၊ Paramount Predator၊ Unimog U5000 တို့အနက် မည်သည်က ဧရာမ ကားကြီး မဟုတ်သနည်း။
"ဒီတစ်ခုအပြင် တခြား ကားဂိုဒေါင်တွေ ရှိသေးလား..."
" ရှိပါတယ် သခင်.."
ဒီစကားကို ကြားတော့ ရှုကျန့်ရှင်းက အလေးအနက် ပြောလိုက်၏။
"သခင် ကျန့်ခန်ဥယျာဉ်မှာ ဗီလာ စုစုပေါင်း အလုံး ၁၂၀ ရှိပါတယ်။ ဗီလာတိုင်းမှာ ကိုယ်ပိုင် မြေအောက်ကားဂိုဒေါင် ရှိပါတယ်.. ဒါ့အပြင် ကားအစီး ၃,၀၀၀ ဆံ့တဲ့ မြေအောက်ကားဂိုဒေါင်ကြီးတစ်ခုလည်း ရှိပါတယ်ခဗျ..."
" ဘုရားရေ.."
လင်းဖန် ခံစားချက်အားလုံးကို ဆုံးရှုံးသွားခဲ့သည်။
"ဒါဆို သွားကြရအောင်.."
သူပြောရင်း Lamborghini Poison တစ်စီးကို ရွေးချယ်ကာ သော့ကိုယူကာ နှိပ်လိုက်သည်။
" ဒီ ဒီ..... "
ပြတ်သားသော ဟွန်းသံနှင့်အတူ Lamborghini Poison ၏ မီးရှူးမီးပန်းများ ပွင့်လာရာ စိန်များကဲ့သို့ တောက်ပနေပြီး ဘေးနှစ်ဖက်ရှိ တံခါးများက တောင်ပံများကဲ့သို့ ပွင့်လာသည်။
လင်းဖန် အထင်ကြီးစရာ ပုံစံနဲ့ ဝင်ထိုင်လိုက်သည်။ ဒါက သန်းပေါင်းများစွာ တန်သော ဇိမ်ခံကား ဖြစ်သည်မှာ အမှန်ပင်။ နည်းပညာပိုင်းဆိုင်ရာ ဒီဇိုင်း၊ ဖော်ပြလို့ပင် မရအောင် ဇိမ်ခံသည့် အတွင်းပိုင်းနှင့် သက်သောင့်သက်သာရှိမှု့ အဆင့်က လုံးဝ စိတ်ကျေနပ်စရာပင် ကောင်းလှသည်။
" ဝှီး...."
ထိုအချိန် အရိပ်တစ်ခုက မြေအောက်ကားဂိုဒေါင်မှ လျှပ်စီးကဲ့သို့ ပြေးထွက်လာသည်။ သူ့နောက်တွင် ကိုယ်ရံတော် ၁၂ ဦးက Audi A8L နှစ်စီးတွင် ထိုင်လျက် လင်းဖန်ကို အကာအကွယ်ပေးရန် လိုက်လာခဲ့သည်။